ရန်ကုန်မြို့ရှိ စေတီပုထိုးများအား COVID သတ်မှတ်ချက်နဲ့အညီ ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက် အသင့်ပြင်ဆင်နေ

ရန်ကုန်မြို့ရှိ စေတီပုထိုးများအား COVID သတ်မှတ်ချက်နဲ့အညီ ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက် အသင့်ပြင်ဆင်နေ 

ကိုဗစ် ၁၉ ကြောင့် ရန်ကုန်မြို့က ဘုရားစေတီတော်တွေမှာ ဘုရားဖူးများဖူးမြော်ခွင့်ကို ၁၀ လကျော်လောက် ပိတ်ထားရတဲ့အခြေအနေမှ သက်ဆိုင်ရာက သတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်ခွင့်ပြုနိုင်သည့်အခါ ကိုဗစ် ၁၉ ကူးစက်မှု ကာကွယ်ရေးအတွက် သတ်မှတ်ချက်နှင့်အညီ ဖူးမြှော်နိုင်ရန်အတွက် အဆင်သင့်ပြင်ဆင်နေကြကြောင်း သိရပါတယ်။
 
“နိုင်ငံတော်အကြီးအကဲကပြောတဲ့ အွန်လိုင်းက Register လုပ်ပြီးဖူးမြော်ခွင့် အဲ့ဒီကိစ္စတွေလည်း ကျွန်တော်တို့ နည်းပညာအဖွဲ့နဲ့ အားလုံးက ကျွန်တော်တို့ Ready ပြင်ထားပြီးပါပြီ။အဲ့ဒါကတော့ နှစ်မျိုးပေါ့နော်၊ အွန်လိုင်း Register လုပ်ပြီးတော့မှ လွယ်လွယ်ကူကူတက်လို့ရအောင် တစ်ခုပေါ့၊ နောက်တစ်ခုက အွန်လိုင်းနဲ့မဟုတ်ပဲနဲ့ Work in ပေါ့။ဘုရားကို တိုက်ရိုက်ရောက်လာတဲ့သူလည်း Register လုပ်ပြီးတော့ တက်ဖူးနိုင်အောင် ကျွန်တော်တို့ အဆင်သင့်တော့လုပ်ပြီးပါပြီ၊ အဲ့ဒီဟာလည်း ကျွန်တော်တို့ rehearsal တွေလုပ်ပြီးတော့ ရိုက်ကူးရေးတွေလည်း လုပ်ထားပြီးပါပြီ၊ ဒါကလည်း ဘုရားတက်ခွင့်ရပြီဆိုတာနဲ့ အများပြည်သူကြိုပြီးတော့သိအောင် တီဗွီကအပြင် သက်ဆိုင်ရာ ရုပ်သံလိုင်းတွေကနေ အကုန်လုံးလွှင့်နိုင်အောင် ကြေညာပေးသွားမှာပါ။အကုန်လုံးတော့ ကျွန်တော်တို့ပြင်ဆင်ထားပြီးပါပြီ” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း က ပြောပါတယ်။
 
အဆိုပါ ဘုရား၊ စေတီတွေမှာ လူစုလူဝေးမဖြစ်ရအောင် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဂေါပကအဖွဲ့တွေအသီးသီးက စီမံချက်ရေးဆွဲတင်ပြပြီး ပုံမှန်လုပ်ဆောင်နေကျဖြစ်တဲ့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေအပြင် ပြန်လည်ဖူးမြော်ခွင့်အတွက် အဆင်သင့်ပြင်ဆင်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
 
 
ဒါ့အပြင် ရန်ကုန်မြို့မှာ ထိုင်း၊ ကိုရီးယား၊ တရုတ် စတဲ့ ကမ္ဘာလှည့်ဧည့်သည်တွေ အများဆုံးလာလေ့ရှိတဲ့ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မှာလည်း ၂၀၂၀ ဧပြီကတည်းက ယခုအထိ ဘုရားဖူးမြော်ခွင့် ပိတ်ထားပေမယ့် ဘုရားမှာ လိုအပ်တဲလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ရယ်၊ အလှူရှင်တွေအနေနဲ့ အလွယ်တကူဆက်သွယ်နိုင်ဖို့ ဂေါပကအဖွဲ့ရုံးကိုဖွင့်ကာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဘုရားမှာ ကုသိုလ်ပြုလုပ်ကိုင်နေတဲ့ ဘာသာရေးအသင်းအဖွဲ့တွေအနေနဲ့လည်း ယခုလိုပိတ်ထားပေမယ့် အဖွဲ့ဝင်တွေအချင်းချင်း စည်းလုံးမှုရှိစေဖို့ အွန်လိုင်း Group ဖွဲ့ကာ ဆက်သွယ်ဆွေးနွေးနေကြကြောင်း၊ ဘုရားများ ပြန်ဖွင့်ပါက ကုသိုလ်ပြုအလုပ်တွေကို ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
COVID ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့အညီ ဘုရားဖူးတွေကို ပြန်လည်ဖူးမြော်ခွင့်ပြုနိုင်ဖို့အတွက် အဆိုပါစေတီတော်တွေမှာ ပြင်ဆင်မှုတွေအပြင် ဗိုလ်တထောင်စေတီတော်မှာလည်း စေတီတော်ကြံ့ခိုင်ရေးအပြင် ဘုရားဖူးလာတဲ့သူတွေ အံ့ဩလောက်မယ့် မြေယာဒီဇိုင်းဆိုင်ရာ အင်ဂျင်နီယာနည်းပညာနဲ့ ပြင်ဆင်ထားတာတွေ၊ ဆူးလေစေတီတော်၊ မဟာဝိဇယ၊ ရွှေဘုန်းပွင့်စေတီ အစရှိတဲ့ စေတီတော်တွေ၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရား၊ ကြေးသွန်းဘုရား စတဲ့ ဘုရားတွေအပါအဝင် မြန်မာ့ဓလေ့အရ ပူဇော်ဓိဋ္ဌာန်ဝင်ရာ စေတီပုထိုး၊ ဘုရားတွေမှာလည်း လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ဇွဲမာန်
ရန်ကုန်၊ ဇန်နဝါရီ - ၂၁
 
( Zawgyi )
 
ကိုဗစ္ ၁၉ ေၾကာင့္ ရန္ကုန္ၿမိဳ႕က ဘုရားေစတီေတာ္ေတြမွာ ဘုရားဖူးမ်ားဖူးေျမာ္ခြင့္ကို ၁၀ လေက်ာ္ေလာက္ ပိတ္ထားရတဲ့အေျခအေနမွ သက္ဆိုင္ရာက သတ္မွတ္ခ်က္ေတြနဲ႔အညီ ျပန္လည္ခြင့္ျပဳႏိုင္သည့္အခါ ကိုဗစ္ ၁၉ ကူးစက္မႈ ကာကြယ္ေရးအတြက္ သတ္မွတ္ခ်က္ႏွင့္အညီ ဖူးေျမႇာ္ႏိုင္ရန္အတြက္ အဆင္သင့္ျပင္ဆင္ေနၾကေၾကာင္း သိရပါတယ္။
 
“ႏိုင္ငံေတာ္အႀကီးအကဲကေျပာတဲ့ အြန္လိုင္းက Register လုပ္ၿပီးဖူးေျမာ္ခြင့္ အဲ့ဒီကိစၥေတြလည္း ကြၽန္ေတာ္တို႔ နည္းပညာအဖြဲ႕နဲ႔ အားလုံးက ကြၽန္ေတာ္တို႔ Ready ျပင္ထားၿပီးပါၿပီ။အဲ့ဒါကေတာ့ ႏွစ္မ်ိဳးေပါ့ေနာ္၊ အြန္လိုင္း Register လုပ္ၿပီးေတာ့မွ လြယ္လြယ္ကူကူတက္လို႔ရေအာင္ တစ္ခုေပါ့၊ ေနာက္တစ္ခုက အြန္လိုင္းနဲ႔မဟုတ္ပဲနဲ႔ Work in ေပါ့။ဘုရားကို တိုက္႐ိုက္ေရာက္လာတဲ့သူလည္း Register လုပ္ၿပီးေတာ့ တက္ဖူးႏိုင္ေအာင္ ကြၽန္ေတာ္တို႔ အဆင္သင့္ေတာ့လုပ္ၿပီးပါၿပီ၊ အဲ့ဒီဟာလည္း ကြၽန္ေတာ္တို႔ rehearsal ေတြလုပ္ၿပီးေတာ့ ႐ိုက္ကူးေရးေတြလည္း လုပ္ထားၿပီးပါၿပီ၊ ဒါကလည္း ဘုရားတက္ခြင့္ရၿပီဆိုတာနဲ႔ အမ်ားျပည္သူႀကိဳၿပီးေတာ့သိေအာင္ တီဗြီကအျပင္ သက္ဆိုင္ရာ ႐ုပ္သံလိုင္းေတြကေန အကုန္လုံးလႊင့္ႏိုင္ေအာင္ ေၾကညာေပးသြားမွာပါ။အကုန္လုံးေတာ့ ကြၽန္ေတာ္တို႔ျပင္ဆင္ထားၿပီးပါၿပီ” လို႔ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ဝင္ ဦးဘိုးသင္း က ေျပာပါတယ္။
 
အဆိုပါ ဘုရား၊ ေစတီေတြမွာ လူစုလူေဝးမျဖစ္ရေအာင္ သက္ဆိုင္ရာတာဝန္ရွိသူေတြရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း ေဂါပကအဖြဲ႕ေတြအသီးသီးက စီမံခ်က္ေရးဆြဲတင္ျပၿပီး ပုံမွန္လုပ္ေဆာင္ေနက်ျဖစ္တဲ့ ျပဳျပင္ထိန္းသိမ္းမႈလုပ္ငန္းေတြအျပင္ ျပန္လည္ဖူးေျမာ္ခြင့္အတြက္ အဆင္သင့္ျပင္ဆင္တာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။
 
ဒါ့အျပင္ ရန္ကုန္ၿမိဳ႕မွာ ထိုင္း၊ ကိုရီးယား၊ တ႐ုတ္ စတဲ့ ကမာၻလွည့္ဧည့္သည္ေတြ အမ်ားဆုံးလာေလ့ရွိတဲ့ သီရိမဂၤလာ ကမာၻေအးေစတီေတာ္မွာလည္း ၂၀၂၀ ဧၿပီကတည္းက ယခုအထိ ဘုရားဖူးေျမာ္ခြင့္ ပိတ္ထားေပမယ့္ ဘုရားမွာ လိုအပ္တဲလုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔ရယ္၊ အလႉရွင္ေတြအေနနဲ႔ အလြယ္တကူဆက္သြယ္ႏိုင္ဖို႔ ေဂါပကအဖြဲ႕႐ုံးကိုဖြင့္ကာ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
 
ဒါ့အျပင္ ဘုရားမွာ ကုသိုလ္ျပဳလုပ္ကိုင္ေနတဲ့ ဘာသာေရးအသင္းအဖြဲ႕ေတြအေနနဲ႔လည္း ယခုလိုပိတ္ထားေပမယ့္ အဖြဲ႕ဝင္ေတြအခ်င္းခ်င္း စည္းလုံးမႈရွိေစဖို႔ အြန္လိုင္း Group ဖြဲ႕ကာ ဆက္သြယ္ေဆြးေႏြးေနၾကေၾကာင္း၊ ဘုရားမ်ား ျပန္ဖြင့္ပါက ကုသိုလ္ျပဳအလုပ္ေတြကို က်န္းမာေရးလမ္းၫႊန္ခ်က္နဲ႔အညီ လုပ္ေဆာင္သြားႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
 
COVID ဆိုင္ရာ သတ္မွတ္ခ်က္ေတြနဲ႔အညီ ဘုရားဖူးေတြကို ျပန္လည္ဖူးေျမာ္ခြင့္ျပဳႏိုင္ဖို႔အတြက္ အဆိုပါေစတီေတာ္ေတြမွာ ျပင္ဆင္မႈေတြအျပင္ ဗိုလ္တေထာင္ေစတီေတာ္မွာလည္း ေစတီေတာ္ႀကံ့ခိုင္ေရးအျပင္ ဘုရားဖူးလာတဲ့သူေတြ အံ့ဩေလာက္မယ့္ ေျမယာဒီဇိုင္းဆိုင္ရာ အင္ဂ်င္နီယာနည္းပညာနဲ႔ ျပင္ဆင္ထားတာေတြ၊ ဆူးေလေစတီေတာ္၊ မဟာဝိဇယ၊ ေ႐ႊဘုန္းပြင့္ေစတီ အစရွိတဲ့ ေစတီေတာ္ေတြ၊ ငါးထပ္ႀကီးဘုရား၊ ေျခာက္ထပ္ႀကီးဘုရား၊ ကိုးထပ္ႀကီးဘုရား၊ ေၾကးသြန္းဘုရား စတဲ့ ဘုရားေတြအပါအဝင္ ျမန္မာ့ဓေလ့အရ ပူေဇာ္ဓိ႒ာန္ဝင္ရာ ေစတီပုထိုး၊ ဘုရားေတြမွာလည္း လိုအပ္တဲ့ႀကိဳတင္ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
 
ဇြဲမာန္
ရန္ကုန္၊ ဇန္နဝါရီ - ၂၁