ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နောက်ဆုံးခရိီး မန်းမြို့ အေးရိပ်ငြိမ်သုဿန်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့

ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နောက်ဆုံးခရိီး မန်းမြို့ အေးရိပ်ငြိမ်သုဿန်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့

ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်အနိစ္စရောက်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အောင်ဇော် ရဲ့ စျာပနကို ဒီကနေ့မွန်းလွဲပိုင်းက မန္တလေးမြို့က သူ့နေအိမ်ကနေ အေးရိပ်ငြိမ် (ကြာနီကန်) သုဿာန်မှာ သွားရောက်ပြုလုပ်ခဲ့ပါတယ်။

သရုပ်ဆောင် အနုပညာရှင် ဝေဠုကျော် ကိုယ်တိုင် စျာပနအခမ်းအနားကို တက်ရောက်ကူညီပေးခဲ့ပြီး သရုပ်ဆောင် အောင်ဇော် ရဲ့ ရုပ်ကလာပ်ကို မီးရှို့ပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့တာပါ။

ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ကျရာဇာတ်ရုပ် ပီပြင်စွာ သရုပ်ဆောင်တတ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အောင်ဇော် ဟာ ဇူလိုင် ၂၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ၆၂ လမ်းနဲ့ မင်္ဂလာလမ်းထောင့်က သူ့နေအိမ်မှာပဲ ကွယ်လွန်အနိစ္စရောက်ခဲ့တာဖြစ်ပြီး အပြင်ကပြန်လာပြီးနောက် နေအိမ်ထဲ အရောက်မှာပဲ ရုတ်တရက် ဦးနှောက်သွေးကြောပြတ် ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့သားဖြစ်သူ သရုပ်ဆောင် စူးရှ က Opinion Leaders Media ကို ပြောပါတယ်။

နှလုံးသွေးတိုးရောဂါနဲ့ ပန်းနာရင်ကြပ်ဝေဒနာ အခံရှိတဲ့ သူ့အနေနဲ့ သရုပ်ဆောင်အလုပ်ကိုလည်း မကွယ်လွန်မီအထိ လုပ်နေရင်း ရုတ်တရက် ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်(ခ)ဦးမြင့်မော်ဉ်ီး ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်သာ ရှိသေးပြီး ဇနီးနဲ့ သားတစ်ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အောင်ဇော် ဟာ မြန်မာ့ရုပ်ရှင်နဲ ့ဗီဒီယိုလောကမှာ ဇာတ်ပို့ ဇာတ်ရန် သရုပ်ဆောင်အဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကျရာဇာတ်ရုပ် ပီပြင်စွာ သရုပ်ဆောင်တတ်တာကြောင့်လည်း အနုပညာရှင် သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ပရိသတ်က လက်ခံအားပေးခဲ့ပါတယ်။

KT
မန္တလေး၊ ဇူလိုင် - ၂၃

( Zawgyi )

႐ုတ္တရက္ ဦးေႏွာက္ေသြးေၾကာျပတ္ၿပီး ကြယ္လြန္အနိစၥေရာက္ခဲ့တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအာင္ေဇာ္ ရဲ့ စ်ာပနကို ဒီကေန႔မြန္းလြဲပိုင္းက မႏၲေလးၿမိဳ႕က သူ႔ေနအိမ္ကေန ေအးရိပ္ၿငိမ္ (ၾကာနီကန္) သုႆာန္မွာ သြားေရာက္ျပဳလုပ္ခဲ့ပါတယ္။

သ႐ုပ္ေဆာင္ အႏုပညာရွင္ ေဝဠဳေက်ာ္ ကိုယ္တိုင္ စ်ာပနအခမ္းအနားကို တက္ေရာက္ကူညီေပးခဲ့ၿပီး သ႐ုပ္ေဆာင္ ေအာင္ေဇာ္ ရဲ့ ႐ုပ္ကလာပ္ကို မီးရွို႔ၿပီး ဂူသြင္းသၿဂႋဳလ္ခဲ့တာပါ။

႐ုပ္ရွင္နဲ႔ ဗီဒီယိုေလာကမွာ က်ရာဇာတ္႐ုပ္ ပီျပင္စြာ သ႐ုပ္ေဆာင္တတ္တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအာင္ေဇာ္ ဟာ ဇူလိုင္ ၂၁ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန႔္က မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈ (၁) ၆၂ လမ္းနဲ႔ မဂၤလာလမ္းေထာင့္က သူ႔ေနအိမ္မွာပဲ ကြယ္လြန္အနိစၥေရာက္ခဲ့တာျဖစ္ၿပီး အျပင္ကျပန္လာၿပီးေနာက္ ေနအိမ္ထဲ အေရာက္မွာပဲ ႐ုတ္တရက္ ဦးေႏွာက္ေသြးေၾကာျပတ္ ကြယ္လြန္ခဲ့တာ ျဖစ္တယ္လို႔ သူ႔ရဲ့သားျဖစ္သူ သ႐ုပ္ေဆာင္ စူးရွ က Opinion Leaders Media ကို ေျပာပါတယ္။

ႏွလုံးေသြးတိုးေရာဂါနဲ႔ ပန္းနာရင္ၾကပ္ေဝဒနာ အခံရွိတဲ့ သူ႔အေနနဲ႔ သ႐ုပ္ေဆာင္အလုပ္ကိုလည္း မကြယ္လြန္မီအထိ လုပ္ေနရင္း ႐ုတ္တရက္ ကြယ္လြန္ခဲ့တာလည္း ျဖစ္ပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအာင္ေဇာ္(ခ)ဦးျမင့္ေမာ္ဥ္ီး ဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၄၉ ႏွစ္သာ ရွိေသးၿပီး ဇနီးနဲ႔ သားတစ္ေယာက္ က်န္ရစ္ခဲ့တယ္လို႔ သိရပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအာင္ေဇာ္ ဟာ ျမန္မာ့႐ုပ္ရွင္နဲ ့ဗီဒီယိုေလာကမွာ ဇာတ္ပို႔ ဇာတ္ရန္ သ႐ုပ္ေဆာင္အျဖစ္နဲ႔ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ရိုက္ကူးခဲ့ၿပီး က်ရာဇာတ္႐ုပ္ ပီျပင္စြာ သ႐ုပ္ေဆာင္တတ္တာေၾကာင့္လည္း အႏုပညာရွင္ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္အျဖစ္ ပရိသတ္က လက္ခံအားေပးခဲ့ပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ - ၂၃