ရေတပ် နှစ်ပတ်လည်အခမ်းအနားအတွက် သီလဝါအနီး ရန်ကုန်မြစ်တွင် ရေယာဉ်များသွားလာမှု အချိန်ပိုင်းကန့်သတ်မည်

ရေတပ် နှစ်ပတ်လည်အခမ်းအနားအတွက် သီလဝါအနီး ရန်ကုန်မြစ်တွင် ရေယာဉ်များသွားလာမှု အချိန်ပိုင်းကန့်သတ်မည်

လာမယ့် ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်မယ့် တပ်မတော် (ရေ) ရဲ့ (၇၂) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား အစမ်းလေ့ကျင့်နေစဉ် ကာလအတွင်း သံလျက်စွန်း၊ မြစ်သုံးခွဆုံနေရာမှ သီလဝါ MITT တံတားအထိ ရန်ကုန်မြစ်ကြောင်းအတွင်းတွင် ရေယာဉ်များသွားလာမှုမရှိစေရန် အချိန်ပိုင်းကန့်သတ်ထားကြောင်း မြန်မာနိုင်ငံ ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များအသင်းမှ သိရပါတယ်။

အခမ်းအနားကျင်းပမယ့် ဒီဇင်ဘာ ၂၄ ရက် အပါအဝင် ဒီဇင်ဘာ ၁၉ ရက်ကတည်းက အစမ်းလေ့ကျင့်တာတွေ လုပ်ဆောင်မှာဖြစ်တာကြောင့် ရေယာဉ်များသွားလာမှု ကန့်သတ်ဖို့ အသင်းကို အကြောင်းကြားလာချက်အရ ယခုလို အချိန်ပိုင်းကန့်သတ်တာတွေကို ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ အသင်းကနေ စာဖြင့် အသင်းဝင်ရေယာဉ်တွေ သိရှိဖို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။

ထိုကန့်သတ်လုပ်ဆောင်တာကို ဒီဇင်ဘာ ၁၉ ရက်တွင် နံနက် ၅ နာရီမှ ၁၁ နာရီအတွင်း၊ ဒီဇင်ဘာ ၂၀ ရက် တွင် နံနက် ၆ နာရီမှ ၁၂ နာရီအတွင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီ အတွင်း၊ အခမ်းအနားကျင်းပရာ ဒီဇင်ဘာ ၂၄ ရက်တွင် နံနက် ၁၁ နာရီမှ ည ၆ နာရီအတွင်း စတဲ့အချိန်တွေမှာ ရေယာဉ်ကြီး/ငယ်များအားလုံး လှုပ်ရှားသွားလာမှုမရှိစေဖို့ အသင်းရုံးအဖွဲ့မှူး ဦးရန်အောင် က လက်မှတ်ရေးထိုးကာ စာဖြင့် အသင်းဝင်ရေယာဉ်များအားလုံးကို ကြိုတင်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။    

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

လာမယ့္ ဒီဇင္ဘာ ၂၄ ရက္မွာ ျပဳလုပ္မယ့္ တပ္မေတာ္ (ေရ) ရဲ႕ (၇၂) ႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနား အစမ္းေလ့က်င့္ေနစဥ္ ကာလအတြင္း သံလ်က္စြန္း၊ ျမစ္သုံးခြဆုံေနရာမွ သီလဝါ MITT တံတားအထိ ရန္ကုန္ျမစ္ေၾကာင္းအတြင္းတြင္ ေရယာဥ္မ်ားသြားလာမႈမရွိေစရန္ အခ်ိန္ပိုင္းကန႔္သတ္ထားေၾကာင္း ျမန္မာႏိုင္ငံ ကမ္း႐ိုးတန္းသြား ကုန္တင္ေရယာဥ္မ်ားအသင္းမွ သိရပါတယ္။

အခမ္းအနားက်င္းပမယ့္ ဒီဇင္ဘာ ၂၄ ရက္ အပါအဝင္ ဒီဇင္ဘာ ၁၉ ရက္ကတည္းက အစမ္းေလ့က်င့္တာေတြ လုပ္ေဆာင္မွာျဖစ္တာေၾကာင့္ ေရယာဥ္မ်ားသြားလာမႈ ကန႔္သတ္ဖို႔ အသင္းကို အေၾကာင္းၾကားလာခ်က္အရ ယခုလို အခ်ိန္ပိုင္းကန႔္သတ္တာေတြကို ဒီဇင္ဘာ ၁၂ ရက္မွ စတင္ကာ အသင္းကေန စာျဖင့္ အသင္းဝင္ေရယာဥ္ေတြ သိရွိဖို႔ အေၾကာင္းၾကားထားတာ ျဖစ္ပါတယ္။

ထိုကန႔္သတ္လုပ္ေဆာင္တာကို ဒီဇင္ဘာ ၁၉ ရက္တြင္ နံနက္ ၅ နာရီမွ ၁၁ နာရီအတြင္း၊ ဒီဇင္ဘာ ၂၀ ရက္ တြင္ နံနက္ ၆ နာရီမွ ၁၂ နာရီအတြင္း၊ ဒီဇင္ဘာ ၂၁ ရက္တြင္ နံနက္ ၈ နာရီမွ မြန္းလြဲ ၁ နာရီအတြင္း၊ ဒီဇင္ဘာ ၂၂ ရက္တြင္ နံနက္ ၉ နာရီမွ မြန္းလြဲ ၂ နာရီ အတြင္း၊ အခမ္းအနားက်င္းပရာ ဒီဇင္ဘာ ၂၄ ရက္တြင္ နံနက္ ၁၁ နာရီမွ ည ၆ နာရီအတြင္း စတဲ့အခ်ိန္ေတြမွာ ေရယာဥ္ႀကီး/ငယ္မ်ားအားလုံး လႈပ္ရွားသြားလာမႈမရွိေစဖို႔ အသင္း႐ုံးအဖြဲ႕မႉး ဦးရန္ေအာင္ က လက္မွတ္ေရးထိုးကာ စာျဖင့္ အသင္းဝင္ေရယာဥ္မ်ားအားလုံးကို ႀကိဳတင္အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။    

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၄