ရွှေ့ပြောင်းသွားလာခြင်း ဖြစ်စဉ်အား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် မဟာဗျူဟာများကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် ထည့်သွင်းစဉ်းစား ရေးဆွဲရန် ဒု-သမ္မတ တိုက်တွန်း

ရွှေ့ပြောင်းသွားလာခြင်း ဖြစ်စဉ်အား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် မဟာဗျူဟာများကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် ထည့်သွင်းစဉ်းစား ရေးဆွဲရန် ဒု-သမ္မတ တိုက်တွန်း

ရွှေ့ပြောင်းသွားလာခြင်းဟာ သီးသန့်ဖြစ်တည်နေတာမဟုတ်ဘဲ Cross-Cutting Issue ဖြစ်နေတဲ့အတွက် အဖွဲ့အစည်းတစ်ခု၊ ဝန်ကြီးဌာနတစ်ခုနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပါဝင်နေတာ ဖြစ်ပါတယ်။ဒါကြောင့် သက်ဆိုင်တဲ့ ဝန်ကြီးဌာနများအနေနဲ့လည်း မိမိတို့ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ မဟာဗျူဟာများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် မဟာဗျူဟာများကို ရေးဆွဲအကောင်အထည်ဖော်ရာမှာ ရွှေ့ပြောင်းသွားလာခြင်း ဖြစ်စဉ်ကို ထည့်သွင်းစဉ်းစား ချိတ်ဆက်ရေးဆွဲ အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုပါတယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားမှာ  ဒု-သမ္မတ ဦးမြင့်ဆွေ က ပြောကြားခဲ့ပါတယ်။

ယင်းအပြင် ရွှေ့ပြောင်းလုပ်သားများ ဘေးမသီရန်မခ ရည်မှန်းချက်ပန်းတိုင် ရောက်စေဖို့နဲ့ ရွှေ့ပြောင်းသွားလာခြင်း ဖြစ်စဉ်မှ ဆိုးကျိုးများ နည်းနိုင်သမျှနည်းပြီး၊ ကောင်းကျိုး များနိုင်သမျှများအောင် လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာနေထိုင်မှု (Safe Migration) ဖြစ်စေဖို့ ရွှေ့ပြောင်းသွားလာခြင်း ဖြစ်စဉ်အဆင့်ဆင့်မှာ ကူညီဆောင်ရွက်ပေးခြင်းဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်တယ်ဆိုတာ မိမိအနေနဲ့ အကြွင်းမဲ့ လက်ခံထားပါကြောင်း၊ ရွှေ့ပြောင်းသွားလာရတဲ့ လုပ်ငန်းစဉ်ဟာ ကြမ်းတမ်းနိုင်သော်လည်း၊ ပါဝင်ပတ်သက်ကြတဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများအားလုံး လူသားချင်းစာနာစွာနဲ့ စနစ်တကျ စီမံခန့်ခွဲပါက ရွှေ့ပြောင်းသွားလာသူများ အပါအဝင် လူမှုအသိုင်းအဝန်းတစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး ဆင်းရဲမှုကို လျော့ကျစေနိုင်ခြင်း၊ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း၊ လွှဲပို့ငွေများဖြင့် မိသားစုဝင်ငွေနှင့် တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေ တိုးတက်စေနိုင်ခြင်း၊ ကျွမ်းကျင်မှုနဲ့ အရင်းအနှီး စုဆောင်းမိနိုင်ခြင်း၊ တီထွင်ဖန်တီးမှုနဲ့ စွန့်စားလုပ်ကိုင်တတ်တဲ့ အလေ့အထနဲ့ ကြိုးစားအားထုတ်တတ်တဲ့ လူမှုအသိုက်အဝန်း ဖြစ်လာစေရေးကို အထောက်အကူဖြစ်စေခြင်း စတဲ့ ကောင်းကျိုးများကို ဖြစ်ထွန်းစေပါတယ်ဟုလည်း ဒု-သမ္မတ ဦးမြင့်ဆွေ က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ လူ (၇) ဦးလျှင် (၁) ဦးမှာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများ ဖြစ်တယ်လို့ သိရပါတယ်။တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ သန်းပေါင်း (၇) ထောင်မှာ သန်း (၁) တစ်ထောင်ကျော်ဟာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများဖြစ်တယ်လို့ ဆိုနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံကောင်းများဖြစ်တဲ့ သဘာ၀ သယံဇာတ၊ ရာသီဥတုနဲ့ ပထဝီအနေအထား မျှတကောင်းမွန်မှုရှိနေပေမဲ့ ကာလရှည် ပြည်တွင်းပဋိပက္ခများ ရှိနေမှုနဲ့ သဟဇာတ မရှိမှုတွေကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်ဘဲ တိုးတက်မှုနှေးကွေးကာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုများ မလုံလောက်ခြင်း၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် လုပ်သားလိုအပ်ချက် များပြားခြင်းနဲ့ လုပ်အားခ ပိုမိုများပြားခြင်းတို့ကြောင့် မြန်မာနိုင်ငံသား (၂) သန်းကျော်ဟာ ပြည်ပနိုင်ငံများမှာ သွားရောက်ရွှေ့ပြောင်း နေထိုင်လျက်ရှိသည်ကို ၂၀၁၄ သန်းခေါင်စာရင်းအရ သိရှိရပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွဲှပို့ငွေဟာ ၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၃၉၅) သန်းခန့်ရှိပြီး ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း (၇၀၀) ခန့် ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါကြောင်းလည်း ဒု-သမ္မတ ဦးမြင့်ဆွေ က ပြောကြားခဲ့ပါတယ်။

 

ယနေ့နံနက်ပိုင်း၊ နေပြည်တော် MICC-2 တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ေ႐ႊ႕ေျပာင္းသြားလာျခင္းဟာ သီးသန႔္ျဖစ္တည္ေနတာမဟုတ္ဘဲ Cross-Cutting Issue ျဖစ္ေနတဲ့အတြက္ အဖြဲ႕အစည္းတစ္ခု၊ ဝန္ႀကီးဌာနတစ္ခုနဲ႔သာ သက္ဆိုင္တာ မဟုတ္ဘဲ အျခားသက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႔ ခ်ိတ္ဆက္ပါဝင္ေနတာ ျဖစ္ပါတယ္။ဒါေၾကာင့္ သက္ဆိုင္တဲ့ ဝန္ႀကီးဌာနမ်ားအေနနဲ႔လည္း မိမိတို႔ဝန္ႀကီးဌာနနဲ႔ သက္ဆိုင္တဲ့ မဟာဗ်ဴဟာမ်ား၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈ ရည္မွန္းခ်က္ မဟာဗ်ဴဟာမ်ားကို ေရးဆြဲအေကာင္အထည္ေဖာ္ရာမွာ ေ႐ႊ႕ေျပာင္းသြားလာျခင္း ျဖစ္စဥ္ကို ထည့္သြင္းစဥ္းစား ခ်ိတ္ဆက္ေရးဆြဲ အေကာင္အထည္ေဖာ္ဖို႔ တိုက္တြန္းလိုပါတယ္လို႔ အျပည္ျပည္ဆိုင္ရာ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားေန႔ အခမ္းအနားမွာ  ဒု-သမၼတ ဦးျမင့္ေဆြ က ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား ေဘးမသီရန္မခ ရည္မွန္းခ်က္ပန္းတိုင္ ေရာက္ေစဖို႔နဲ႔ ေ႐ႊ႕ေျပာင္းသြားလာျခင္း ျဖစ္စဥ္မွ ဆိုးက်ိဳးမ်ား နည္းႏိုင္သမွ်နည္းၿပီး၊ ေကာင္းက်ိဳး မ်ားႏိုင္သမွ်မ်ားေအာင္ လုံၿခဳံစိတ္ခ်ရသည့္ ေ႐ႊ႕ေျပာင္းသြားလာေနထိုင္မႈ (Safe Migration) ျဖစ္ေစဖို႔ ေ႐ႊ႕ေျပာင္းသြားလာျခင္း ျဖစ္စဥ္အဆင့္ဆင့္မွာ ကူညီေဆာင္႐ြက္ေပးျခင္းဟာ ႏိုင္ငံေတာ္အစိုးရရဲ႕ တာဝန္ျဖစ္တယ္ဆိုတာ မိမိအေနနဲ႔ အႂကြင္းမဲ့ လက္ခံထားပါေၾကာင္း၊ ေ႐ႊ႕ေျပာင္းသြားလာရတဲ့ လုပ္ငန္းစဥ္ဟာ ၾကမ္းတမ္းႏိုင္ေသာ္လည္း၊ ပါဝင္ပတ္သက္ၾကတဲ့ သက္ဆိုင္တဲ့ အဖြဲ႕အစည္းမ်ားအားလုံး လူသားခ်င္းစာနာစြာနဲ႔ စနစ္တက် စီမံခန႔္ခြဲပါက ေ႐ႊ႕ေျပာင္းသြားလာသူမ်ား အပါအဝင္ လူမႈအသိုင္းအဝန္းတစ္ခုလုံးကို အက်ိဳးျဖစ္ထြန္းေစမွာျဖစ္ၿပီး ဆင္းရဲမႈကို ေလ်ာ့က်ေစႏိုင္ျခင္း၊ အလုပ္လက္မဲ့ ျပႆနာကို ေျဖရွင္းေပးႏိုင္ျခင္း၊ လႊဲပို႔ေငြမ်ားျဖင့္ မိသားစုဝင္ေငြႏွင့္ တိုင္းျပည္ရဲ႕ ႏိုင္ငံျခားဝင္ေငြ တိုးတက္ေစႏိုင္ျခင္း၊ ကြၽမ္းက်င္မႈနဲ႔ အရင္းအႏွီး စုေဆာင္းမိႏိုင္ျခင္း၊ တီထြင္ဖန္တီးမႈနဲ႔ စြန႔္စားလုပ္ကိုင္တတ္တဲ့ အေလ့အထနဲ႔ ႀကိဳးစားအားထုတ္တတ္တဲ့ လူမႈအသိုက္အဝန္း ျဖစ္လာေစေရးကို အေထာက္အကူျဖစ္ေစျခင္း စတဲ့ ေကာင္းက်ိဳးမ်ားကို ျဖစ္ထြန္းေစပါတယ္ဟုလည္း ဒု-သမၼတ ဦးျမင့္ေဆြ က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ကမာၻ႔ကုလသမဂၢရဲ႕ ခန႔္မွန္းခ်က္အရ လူ (၇) ဦးလွ်င္ (၁) ဦးမွာ ေ႐ႊ႕ေျပာင္းသြားလာ ေနထိုင္သူမ်ား ျဖစ္တယ္လို႔ သိရပါတယ္။တစ္နည္းအားျဖင့္ ကမာၻ႔လူဦးေရ သန္းေပါင္း (၇) ေထာင္မွာ သန္း (၁) တစ္ေထာင္ေက်ာ္ဟာ ေ႐ႊ႕ေျပာင္းသြားလာ ေနထိုင္သူမ်ားျဖစ္တယ္လို႔ ဆိုႏိုင္ပါေၾကာင္း၊ ျမန္မာႏိုင္ငံအေနနဲ႔ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔ အေျခခံေကာင္းမ်ားျဖစ္တဲ့ သဘာ၀ သယံဇာတ၊ ရာသီဥတုနဲ႔ ပထဝီအေနအထား မွ်တေကာင္းမြန္မႈရွိေနေပမဲ့ ကာလရွည္ ျပည္တြင္းပဋိပကၡမ်ား ရွိေနမႈနဲ႔ သဟဇာတ မရွိမႈေတြေၾကာင့္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္သင့္သေလာက္ မတိုးတက္ဘဲ တိုးတက္မႈေႏွးေကြးကာ အလုပ္အကိုင္ အခြင့္အလမ္း ဖန္တီးမႈမ်ား မလုံေလာက္ျခင္း၊ ေဒသတြင္း အိမ္နီးခ်င္းႏိုင္ငံမ်ားမွာ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေၾကာင့္ လုပ္သားလိုအပ္ခ်က္ မ်ားျပားျခင္းနဲ႔ လုပ္အားခ ပိုမိုမ်ားျပားျခင္းတို႔ေၾကာင့္ ျမန္မာႏိုင္ငံသား (၂) သန္းေက်ာ္ဟာ ျပည္ပႏိုင္ငံမ်ားမွာ သြားေရာက္ေ႐ႊ႕ေျပာင္း ေနထိုင္လ်က္ရွိသည္ကို ၂၀၁၄ သန္းေခါင္စာရင္းအရ သိရွိရပါေၾကာင္း၊ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား၏ မိသားစုလြဲွပို႔ေငြဟာ ၂၀၁၆ ခုႏွစ္မွာ အေမရိကန္ေဒၚလာ (၃၉၅) သန္းခန႔္ရွိၿပီး ၂၀၁၇ ခုႏွစ္မွာ အေမရိကန္ေဒၚလာ သန္း (၇၀၀) ခန႔္ ရွိေၾကာင္း ကမာၻ႔ဘဏ္ရဲ႕ ၂၀၁၇ ခုႏွစ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါေၾကာင္းလည္း ဒု-သမၼတ ဦးျမင့္ေဆြ က ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္း၊ ေနျပည္ေတာ္ MICC-2 တြင္ က်င္းပျပဳလုပ္သည့္ အျပည္ျပည္ဆိုင္ရာ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားေန႔ အခမ္းအနားသို႔ ႏိုင္ငံေတာ္ ဒုတိယသမၼတ ဦးျမင့္ေဆြ ႏွင့္အတူ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ဧည္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၈