လက်ရှိနိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ကျဉ်းဟောင်းများအတွက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေပေးအပ်

လက်ရှိနိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ကျဉ်းဟောင်းများအတွက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေပေးအပ်

ဒေါင်းတို့မျိုးဆက် အပါအဝင် လက်ရှိနိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ကျဉ်းဟောင်းများအတွက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ (၃၉)ကြိမ်မြောက် အဖြစ်ထောက်ပံ့ငွေပေးအပ်ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ (ငြိမ်းချမ်း ခန်းမ)မှာပြုလုပ်ခဲ့ပါတယ်။

“ဒီကနေ့က ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကနေ  ထောင်ထဲမှာအကျဉ်းကျခံနေရတဲ့ ရဲဘော်ရဲဘက်တွေ ရဲမေတွေ ကျောင်းသား သမဂ္ဂ အသီးသီးက  ကျနော်တို့ရဲ့မျိုးဆက်သစ်ကျောင်းသားတွေ နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့မိသားစုတွေအတွက်  ထောက်ပံ့ငွေပေးအပ် တဲ့ပွဲပါ။ဒီနေ့မှာတော့ ဒေါင်းတို့မျိုးဆက်ကိုပေါ့လေ  မြို့နယ်တွေကိုလိုက်ပြီးတော့ စစ်တပ်ကနေ ၅၀၅(က)နဲ့ ၆၆(ဃ)နဲ့  မြို့နယ်တစ်မြို့ချင်း စီအလိုက် အမှုစွဲခံရတဲ့ တကသ  ကျောင်းသားခေါင်းဆောင်တွေ  ၆ ယောက်ကိုပေးပါတယ်။နောက်နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုပေး တယ်။အဓိကကတော့ ဘဘရဲ့မွေးနေ့မတ်လ  ၁၂ ရက်နေ့ကို အကြောင်းပြုပြီးတော့ ဘဘသက်ရှိထင်ရှားရှိနေခဲ့တဲ့  ၂၀၁၂  ခုနှစ်၊မတ်လ  ၁၂ ရက်နေ့ကစလိုက်တာဟာ အခုလက်ရှိ မတ်လ ၁၂ ရက်နေ့အထိဆိုရင်(၃၉)ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

ဘဘ ကရည်ရွယ်ချက်ကြီးကြီးမားမားနဲ့တည်ဆောက်ခဲ့တဲ့ တည်ထောင်ခဲ့တဲ့  ဒီဖောင်ဒေးရှင်း အပါအဝင် ဒီခေါင်းစဉ်အာက်မှာရှိနေတဲ့  စေတနာဆေးကုခန်းရေရှည်တည်တံ့ခိုင်မြဲရေး ကိုလည်းလုပ်ဆောင်နေရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ သူတို့အခွင့်အရေးအတွက် နိုင်ငံရေးလုပ်ခဲ့တာမဟုတ်ပါဘူး။ နိုင်ငံတော်  နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီးတော့ အလုပ်လုပ်ခဲ့ကြ တယ်၊ထောင် ကျခဲ့ကြတယ်။ ဒါကြောင့်မို့လည်းအစိုးရကနိုင်ငံရေး အကျဉ်းသားတွေကို အသိအမှတ်ပြုရပါလိမ့်မယ်။”လို့ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ရဲ့ ပြောရေးဆိုခွင့်ရှိသူဦးထွန်းကြည်က ပြောပါတယ်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့်၎င်းတို့ရဲ့မိသားစုဝင်များ၊အခြားအကူအညီလိုအပ်သော ဘဝတူစာနယ်ဇင်းသမားများအတွက်  ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ သုံးလတစ်ကြိမ်ပုံမှန်ထောက်ပံ့ငွေ ပေးအပ်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ယခု(၃၉)ကြိမ်မြောက်အထိ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းအနေဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား(၁)ဦး၊ နိုင်ငံရေးအကျဉ်းသား(၁၇၆)ဦး၊နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဘဝတူစာနယ်ဇင်းသမားများ(၇၂၁)ဦး စုပေါင်း(၈၉၈)ဦးတို့ အတွက်ထောက်ပံ့ငွေ (၂၁၃၉) သိန်း အား ထောက်ပံံ့ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဒီဇင်ဘာ ၁၂

(  Zawgyi  )

ေဒါင္းတို႔မ်ိဳးဆက္ အပါအဝင္ လက္ရွိႏိုင္ငံေရးအက်ဥ္းသားမ်ားႏွင့္ ႏိုင္က်ဥ္းေဟာင္းမ်ားအတြက္ ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းမွ (၃၉)ႀကိမ္ေျမာက္ အျဖစ္ေထာက္ပံ့ေငြေပးအပ္ပြဲကို ဒီကေန႔ ဒီဇင္ဘာ ၁၂ ရက္၊နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕၊ေ႐ႊဂုံတိုင္ရွိ ေတာ္ဝင္ႏွင္းဆီ (ၿငိမ္းခ်မ္း ခန္းမ)မွာျပဳလုပ္ခဲ့ပါတယ္။

“ဒီကေန႔က ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းကေန  ေထာင္ထဲမွာအက်ဥ္းက်ခံေနရတဲ့ ရဲေဘာ္ရဲဘက္ေတြ ရဲေမေတြ ေက်ာင္းသား သမဂၢ အသီးသီးက  က်ေနာ္တို႔ရဲ႕မ်ိဳးဆက္သစ္ေက်ာင္းသားေတြ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားရဲ႕မိသားစုေတြအတြက္  ေထာက္ပံ့ေငြေပးအပ္ တဲ့ပြဲပါ။ဒီေန႔မွာေတာ့ ေဒါင္းတို႔မ်ိဳးဆက္ကိုေပါ့ေလ  ၿမိဳ႕နယ္ေတြကိုလိုက္ၿပီးေတာ့ စစ္တပ္ကေန ၅၀၅(က)နဲ႔ ၆၆(ဃ)နဲ႔  ၿမိဳ႕နယ္တစ္ၿမိဳ႕ခ်င္း စီအလိုက္ အမႈစြဲခံရတဲ့ တကသ  ေက်ာင္းသားေခါင္းေဆာင္ေတြ  ၆ ေယာက္ကိုေပးပါတယ္။ေနာက္ႏိုင္ငံေရး အက်ဥ္းသားေဟာင္းေတြကိုေပး တယ္။အဓိကကေတာ့ ဘဘရဲ႕ေမြးေန႔မတ္လ  ၁၂ ရက္ေန႔ကို အေၾကာင္းျပဳၿပီးေတာ့ ဘဘသက္ရွိထင္ရွားရွိေနခဲ့တဲ့  ၂၀၁၂  ခုႏွစ္၊မတ္လ  ၁၂ ရက္ေန႔ကစလိုက္တာဟာ အခုလက္ရွိ မတ္လ ၁၂ ရက္ေန႔အထိဆိုရင္(၃၉)ႀကိမ္ရွိသြားၿပီျဖစ္ပါတယ္။

ဘဘ ကရည္႐ြယ္ခ်က္ႀကီးႀကီးမားမားနဲ႔တည္ေဆာက္ခဲ့တဲ့ တည္ေထာင္ခဲ့တဲ့  ဒီေဖာင္ေဒးရွင္း အပါအဝင္ ဒီေခါင္းစဥ္အာက္မွာရွိေနတဲ့  ေစတနာေဆးကုခန္းေရရွည္တည္တံ့ခိုင္ၿမဲေရး ကိုလည္းလုပ္ေဆာင္ေနရပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားေတြဆိုတာ သူတို႔အခြင့္အေရးအတြက္ ႏိုင္ငံေရးလုပ္ခဲ့တာမဟုတ္ပါဘူး။ ႏိုင္ငံေတာ္  ႏိုင္ငံသူ၊ႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြားကို ဦးထိပ္ပန္ဆင္ၿပီးေတာ့ အလုပ္လုပ္ခဲ့ၾက တယ္၊ေထာင္ က်ခဲ့ၾကတယ္။ ဒါေၾကာင့္မို႔လည္းအစိုးရကႏိုင္ငံေရး အက်ဥ္းသားေတြကို အသိအမွတ္ျပဳရပါလိမ့္မယ္။”လို႔ ဟံသာဝတီ ဦးဝင္းတင္ေဖာင္ေဒးရွင္း ရဲ႕ ေျပာေရးဆိုခြင့္ရွိသူဦးထြန္းၾကည္က ေျပာပါတယ္။

ျမန္မာႏိုင္ငံအက်ဥ္းေထာင္မ်ားအတြင္း ဖမ္းဆီးထိန္းသိမ္းခံရဆဲ ႏိုင္ငံေရးအက်ဥ္းသားမ်ား အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ား ႏွင့္၎တို႔ရဲ႕မိသားစုဝင္မ်ား၊အျခားအကူအညီလိုအပ္ေသာ ဘဝတူစာနယ္ဇင္းသမားမ်ားအတြက္  ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းမွ သုံးလတစ္ႀကိမ္ပုံမွန္ေထာက္ပံ့ေငြ ေပးအပ္ေနတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ယခု(၃၉)ႀကိမ္ေျမာက္အထိ ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းအေနျဖင့္ ဖမ္းဆီးသတ္ျဖတ္ခံရတဲ့ ႏိုင္ငံေရးအက်ဥ္းသား(၁)ဦး၊ ႏိုင္ငံေရးအက်ဥ္းသား(၁၇၆)ဦး၊ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားႏွင့္ ဘဝတူစာနယ္ဇင္းသမားမ်ား(၇၂၁)ဦး စုေပါင္း(၈၉၈)ဦးတို႔ အတြက္ေထာက္ပံ့ေငြ (၂၁၃၉) သိန္း အား ေထာက္ပံံ့ေပးအပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဒီဇင္ဘာ ၁၂