လင်းပိုင်ထိန်းသိမ်းရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနသို့ ဧရာဝတီလင်းပိုင်- ၀၀၂ ရေယာဉ်လွှဲအပ်

  လင်းပိုင်ထိန်းသိမ်းရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနသို့ ဧရာဝတီလင်းပိုင်- ၀၀၂ ရေယာဉ်လွှဲအပ်

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာ ၂ (ထီးချိုင့်-ကသာ-ရွှေကူမြစ်ပိုင်း) အတွက် ဧရာဝတီလင်းပိုင်-၀၀၂ ရေယာဉ်ကို ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ က သာမြို့တွင် ၂၀၁၉ခုနှစ်၊ ဇွန်လ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ WCS Myanmar က ယနေ့ထုတ်ပြန်ခဲ့ပါတယ်။

ယခုလွှဲပြောင်းပေးခဲ့သည့် ဧရာဝတီလင်းပိုင်-၀၀၂ ရေယာဉ်ဖြင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၂ အဖြစ် ပြီးခဲ့သည့် ၂၀၁၈ခုနှစ် သြဂုတ်လ ၂၈ ရက်က သတ်မှတ်ခဲ့သည့် (ထီးချိုင့်-ကသာ-ရွှေကူမြစ်ပိုင်း) အတွင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် သုတေသန ၊ ကင်းလှည့် လုပ်ငန်းများ အတွက် အသုံးပြုသွား မည်ဖြစ်ပြီး အဆိုပါ ကင်းလှည့်အစီအစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ ဧရာဝတီလင်းပိုင်နှင့် ငါးသယံဇာတ ထိန်းသိမ်းရေးပညာပေး ကင်းလှည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

KZ
ကသာ၊ဇွန် ၂၆

(  Zawgyi  )

 ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရး ဧရိယာ ၂ (ထီးခ်ိဳင့္-ကသာ-ေ႐ႊကူျမစ္ပိုင္း) အတြက္ ဧရာဝတီလင္းပိုင္-၀၀၂ ေရယာဥ္ကို ငါးလုပ္ငန္းဦးစီးဌာနသို႔ လႊဲေျပာင္းေပးအပ္ျခင္းကို စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္၊ က သာၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္၊ ဇြန္လ ၂၆ ရက္က က်င္းပျပဳလုပ္ခဲ့တယ္လို႔ WCS Myanmar က ယေန႔ထုတ္ျပန္ခဲ့ပါတယ္။

ယခုလႊဲေျပာင္းေပးခဲ့သည့္ ဧရာဝတီလင္းပိုင္-၀၀၂ ေရယာဥ္ျဖင့္ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးဧရိယာ ၂ အျဖစ္ ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ ၂၈ ရက္က သတ္မွတ္ခဲ့သည့္ (ထီးခ်ိဳင့္-ကသာ-ေ႐ႊကူျမစ္ပိုင္း) အတြင္း ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရးႏွင့္ သုေတသန ၊ ကင္းလွည့္ လုပ္ငန္းမ်ား အတြက္ အသုံးျပဳသြား မည္ျဖစ္ၿပီး အဆိုပါ ကင္းလွည့္အစီအစဥ္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးဌာန၊ ကခ်င္ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာန ႏွင့္ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (ျမန္မာႏိုင္ငံအစီအစဥ္) တို႔ ပူးေပါင္း၍ ဧရာဝတီလင္းပိုင္ႏွင့္ ငါးသယံဇာတ ထိန္းသိမ္းေရးပညာေပး ကင္းလွည့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါသည္။

KZ
ကသာ၊ဇြန္ ၂၆