လမ်းပြတ်တောက်ခဲ့သည့် မလွဲတောင်တွင် ဘေလီတံတား တပ်ဆင်ပြီးစီး

လမ်းပြတ်တောက်ခဲ့သည့် မလွဲတောင်တွင် ဘေလီတံတား တပ်ဆင်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ မလွဲတောင်ပေါ်တွင် လမ်းသားပြတ်ကျခဲ့သော နေရာအား ဘေလီတံတား တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ သြဂုတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် အရှည် (၁၂၀) ပေ နှစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး တံတားချဉ်းကပ်လမ်းကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်း၊ ထားဝယ်မြို့မှ မိုင်တိုင် (၈၀/၄) အကွာတွင် လမ်းသားပြတ်ကျခဲ့ခြင်းပြီး မကြာမီအချိန်အတွင်း မော်တော်ယဉ်များ ဖြတ်သန်းသွားလာနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လမ်းပြတ်ကျခဲ့သည့် နေရာအား လမ်းအထူးအဖွဲ့ (၂၃) မှ အင်ဂျင်နီယာများက စက်ယန္တရားကြီးများဖြင့် တောင်ပြိုမြေများအား နေ့/ည မပြတ် ဖယ်ရှားခြင်း၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၄) မှ တံတားအင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများက ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိပြီး လုပ်ငန်းခွင်သို့ တနသာၤရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်များနှင့် တာဝန်ရှိသူများက တံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
တနင်္သာရီ၊ သြဂုတ် - ၁၆

( Zawgyi )




လမ်းပြတ်ကျခဲ့သည့် နေရာအား လမ်းအထူးအဖွဲ့ (၂၃) မှ အင်ဂျင်နီယာများက စက်ယန္တရားကြီးများဖြင့် တောင်ပြိုမြေများအား နေ့/ည မပြတ် ဖယ်ရှားခြင်း၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၄) မှ တံတားအင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများက ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိပြီး လုပ်ငန်းခွင်သို့ တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်များနှင့် တာဝန်ရှိသူများက တံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
တနင်္သာရီ၊ သြဂုတ် - ၁၆