လူငယ်လုပ်ငန်းရှင်များ၏ ဉာဏ်ပညာနှင့် အတွေးအခေါ်များကို အားကိုးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ပြောကြား

လူငယ်လုပ်ငန်းရှင်များ၏ ဉာဏ်ပညာနှင့် အတွေးအခေါ်များကို အားကိုးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ပြောကြား

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်နေသည့်အတွက် ဖွံ့ဖြိုးမှုတိုးတက်မှု မြန်ရန်အတွက် လူငယ်လုပ်ငန်းရှင်များ၏ ဉာဏ်ပညာနှင့် အတွေးအခေါ်များကို အားကိုးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ပြောကြားခဲ့ပါတယ်။

"ကျွန်မတို့ဟာ လူငယ်လုပ်ငန်းရှင်များရဲ့ကဏ္ဍကို အလေးထားပါတယ်၊ ကျွန်မတို့ နိုင်ငံဟာ အာဆီယံဒေသမှာ ဆိုလို့ရှိရင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံထဲမှာ ပါနေပါတယ်။ဒါကြောင့်မလို့ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးမှု၊ တိုးတက်မှု မြန်ဖို့အတွက်ဆိုလို့ရှိရင် လူငယ်လုပ်ငန်းရှင်များကို ကျွန်မတို့ အားကိုးပါတယ်။လူငယ်လုပ်ငန်းရှင်များကို အားကိုးရတယ်ဆိုတဲ့ အကြောင်းကလည်း စီးပွားရေးတင်မက၊ တီထွင်နိုင်တဲ့နေရာမှာ၊ ဆန်းသစ်တီထွင်တဲ့နေရာမှာ လူငယ်တွေရဲ့ ဉာဏ်ပညာ၊ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို ကျွန်မတို့ အားကိုးခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် အခုလိုအချိန်မျိုးမှာဆိုလို့ရှိရင် ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်များ ထီထွင်နိုင်တဲ့ အရည်အသွေးတွေ၊ ဉာဏ်တွေကို ဖွံ့ဖြိုးဖို့အတွက် အားပေးဖို့ နေ့တစ်နေ့လည်း ဖြစ်တယ်လို့ ကျွန်မတို့ ယူဆပါတယ်" ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ပြောကြားခဲ့ပါတယ်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ "အခုချိန်ဆိုရင် စတုတ္ထမြောက် နည်းပညာတော်လှန်ရေး စနေပြီဆိုပြီး ကမ္ဘာက သတ်မှတ်ထားပါတယ်။စတုတ္ထမြောက် နည်းပညာတော်လှန်ရေး၏ အကျိုးဆက်များ၊ အကျိုးကောင်းများကို နိုင်ငံတော်တော်များများက စောင့်ကြည့်နေပြီဖြစ်ပါတယ်။သို့သော်လည်း ဒီနည်းပညာတော်လှန်ရေးရဲ့ ဆိုးကျိုးတွေလည်း ရှိတယ်ဆိုတာကို ကျွန်မတို့ မမေ့သင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကောင်းကျိုး၊ ဆိုးကျိုး အကျိုးနှစ်ခုစလုံးဟာ ဘာပဲလုပ်လုပ် ဖြစ်ပေါ်လာတာပဲ။ဒီအထဲမှာ ကျွန်မတို့ကနေပြီးတော့ ကောင်းကျိုးတွေကိုပဲ ဦးစားပေးပြီး ကြည့်မယ်ဆိုလို့ရှိရင် ဆိုးကျိုးတွေကို ဂရုမစိုက်ဘဲ သူ့ဘာသူ ပျောက်သွားမှာပဲလို့ ထင်လို့ရှိရင် မှားပါတယ်။ဆိုးကျိုးတွေ ပျောက်သွားဖို့ဆိုတာလည်း ကျွန်မတို့ ကြိုးစားရပါမယ်။ကောင်းကျိုးတွေက ပိုပြီးတော့ ရှင်သန်လာဖို့ဆိုတာလည်း ကျွန်မတို့ ကြိုးစားရပါမယ်။ကျွန်မတို့ရဲ့ နည်းပညာတော်လှန်ရေးခေတ်ကြီးထဲမှာ လူသားတွေရဲ့ အရည်အသွေး၊ လူသားတွေရဲ့ အရေးပါမှုတွေကို နည်းနည်းများ ကျွန်မတို့ ဂရုစိုက်တဲ့နေရာမှာ အားနည်းလာသလားလို့ စဉ်းစားစေချင်ပါတယ်" လို့လည်း ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သည့် မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနား အစီအစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုရရှိခဲ့သော လူငယ်များအား ဂုဏ်ပြုများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများက ချီးမြှင့်ခဲ့ပါတယ်။

PTG
နေပြည်တော်၊ သြဂုတ် - ၁၄

( Zawgyi)

မိမိတို႔ႏိုင္ငံသည္ ဖြံ႕ၿဖိဳးမႈအနည္းဆုံး ႏိုင္ငံမ်ားထဲတြင္ ပါဝင္ေနသည့္အတြက္ ဖြံ႕ၿဖိဳးမႈတိုးတက္မႈ ျမန္ရန္အတြက္ လူငယ္လုပ္ငန္းရွင္မ်ား၏ ဉာဏ္ပညာႏွင့္ အေတြးအေခၚမ်ားကို အားကိုးေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မွ ေျပာၾကားခဲ့ပါတယ္။

"ကြၽန္မတို႔ဟာ လူငယ္လုပ္ငန္းရွင္မ်ားရဲ႕က႑ကို အေလးထားပါတယ္၊ ကြၽန္မတို႔ ႏိုင္ငံဟာ အာဆီယံေဒသမွာ ဆိုလို႔ရွိရင္ ဖြံ႕ၿဖိဳးမႈအနည္းဆုံး ႏိုင္ငံထဲမွာ ပါေနပါတယ္။ဒါေၾကာင့္မလို႔ ကြၽန္မတို႔ရဲ႕ ဖြံ႕ၿဖိဳးမႈ၊ တိုးတက္မႈ ျမန္ဖို႔အတြက္ဆိုလို႔ရွိရင္ လူငယ္လုပ္ငန္းရွင္မ်ားကို ကြၽန္မတို႔ အားကိုးပါတယ္။လူငယ္လုပ္ငန္းရွင္မ်ားကို အားကိုးရတယ္ဆိုတဲ့ အေၾကာင္းကလည္း စီးပြားေရးတင္မက၊ တီထြင္ႏိုင္တဲ့ေနရာမွာ၊ ဆန္းသစ္တီထြင္တဲ့ေနရာမွာ လူငယ္ေတြရဲ႕ ဉာဏ္ပညာ၊ လူငယ္ေတြရဲ႕ အေတြးအေခၚေတြကို ကြၽန္မတို႔ အားကိုးျခင္းပဲ ျဖစ္ပါတယ္။ဒါေၾကာင့္ အခုလိုအခ်ိန္မ်ိဳးမွာဆိုလို႔ရွိရင္ ကြၽန္မတို႔ရဲ႕ လူငယ္လုပ္ငန္းရွင္မ်ား ထီထြင္ႏိုင္တဲ့ အရည္အေသြးေတြ၊ ဉာဏ္ေတြကို ဖြံ႕ၿဖိဳးဖို႔အတြက္ အားေပးဖို႔ ေန႔တစ္ေန႔လည္း ျဖစ္တယ္လို႔ ကြၽန္မတို႔ ယူဆပါတယ္" ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မွ ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္မွ "အခုခ်ိန္ဆိုရင္ စတုတၳေျမာက္ နည္းပညာေတာ္လွန္ေရး စေနၿပီဆိုၿပီး ကမာၻက သတ္မွတ္ထားပါတယ္။စတုတၳေျမာက္ နည္းပညာေတာ္လွန္ေရး၏ အက်ိဳးဆက္မ်ား၊ အက်ိဳးေကာင္းမ်ားကို ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ေစာင့္ၾကည့္ေနၿပီျဖစ္ပါတယ္။သို႔ေသာ္လည္း ဒီနည္းပညာေတာ္လွန္ေရးရဲ႕ ဆိုးက်ိဳးေတြလည္း ရွိတယ္ဆိုတာကို ကြၽန္မတို႔ မေမ့သင့္ပါဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ ေကာင္းက်ိဳး၊ ဆိုးက်ိဳး အက်ိဳးႏွစ္ခုစလုံးဟာ ဘာပဲလုပ္လုပ္ ျဖစ္ေပၚလာတာပဲ။ဒီအထဲမွာ ကြၽန္မတို႔ကေနၿပီးေတာ့ ေကာင္းက်ိဳးေတြကိုပဲ ဦးစားေပးၿပီး ၾကည့္မယ္ဆိုလို႔ရွိရင္ ဆိုးက်ိဳးေတြကို ဂ႐ုမစိုက္ဘဲ သူ႔ဘာသူ ေပ်ာက္သြားမွာပဲလို႔ ထင္လို႔ရွိရင္ မွားပါတယ္။ဆိုးက်ိဳးေတြ ေပ်ာက္သြားဖို႔ဆိုတာလည္း ကြၽန္မတို႔ ႀကိဳးစားရပါမယ္။ေကာင္းက်ိဳးေတြက ပိုၿပီးေတာ့ ရွင္သန္လာဖို႔ဆိုတာလည္း ကြၽန္မတို႔ ႀကိဳးစားရပါမယ္။ကြၽန္မတို႔ရဲ႕ နည္းပညာေတာ္လွန္ေရးေခတ္ႀကီးထဲမွာ လူသားေတြရဲ႕ အရည္အေသြး၊ လူသားေတြရဲ႕ အေရးပါမႈေတြကို နည္းနည္းမ်ား ကြၽန္မတို႔ ဂ႐ုစိုက္တဲ့ေနရာမွာ အားနည္းလာသလားလို႔ စဥ္းစားေစခ်င္ပါတယ္" လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္၌ က်င္းပျပဳလုပ္သည့္ မဲေခါင္-ဂ်ပန္ ခ်စ္ၾကည္ေရးႏွစ္ ၂၀၁၉ အခမ္းအနား အစီအစဥ္တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္၍ အဖြင့္အမွာစကား ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

အဆိုပါအခမ္းအနားတြင္ ႏိုင္ငံတကာၿပိဳင္ပြဲမ်ားတြင္ ဆုရရွိခဲ့ေသာ လူငယ္မ်ားအား ဂုဏ္ျပဳမ်ားကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ တာဝန္ရွိသူမ်ားက ခ်ီးျမႇင့္ခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ ၾသဂုတ္ - ၁၄