လူမှုကွန်ရက်ပေါ် အမုန်းတရားများ ဖယ်ရှားနိုင်ရန် အစိုးရမှ ကြားဝင်၍ Social Harmony လုပ်ရန် လိုအပ်ဟု ဆို

လူမှုကွန်ရက်ပေါ် အမုန်းတရားများ ဖယ်ရှားနိုင်ရန် အစိုးရမှ ကြားဝင်၍ Social Harmony လုပ်ရန် လိုအပ်ဟု ဆို

လူမှုကွန်ရက်တွေပေါ်မှာ ကြုံနေရတဲ့ အမုန်းတရားတွေကို ဖယ်ရှားနိုင်ဖို့ အစိုးရအနေနဲ့လည်း ကြားဝင်ပြီး Social Harmony လုပ်ဖို့ လိုအပ်တယ်လို့ “သတင်းအချက်အလက်ရပိုင်ခွင့်၊ မီဒီယာမှ သတင်းအချက်အလက်ပိုင်းဆိုင်ရာ ရယူခြင်း၊ သဘောသဘာဝအခြေအနေ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှ သိရပါတယ်။

“တစ်ချို့ဟာတွေကျတော့ ဖေ့ဘွတ်ကနေ ဖယ်ရှားဖို့မသိလိုက်ပဲ လွတ်သွားတာမျိုးတွေရှိတယ်၊ နိုင်ငံတကာ သတင်းဌာနတွေမှာ First Checking ဆိုတာရှိတယ်၊ ဒီမှာတော်တော်များများက မရှိကြဘူး၊ သတင်းတစ်ခုဟာ လူကြိုက်တဲ့ဟာမျိုးဖြစ်ပေမယ့် တင်သင့် မတင်သင့် ဆိုတာကလည်း အရေးကြီးတယ်” လို့ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းက စီးတီးဟိုတယ်မှာ ပြုလုပ်တဲ့ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာ သတင်းမီဒီယာကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော် က ပြောပါတယ်။

လူမှုကွန်ရက်တွေမှာ ကြုံနေတဲ့ အမုန်းစကားတွေ၊ အမုန်းတရားတွေဖယ်ရှားနိုင်ဖို့ CSO တွေရဲ့ ကဏ္ဍဟာလည်း အရေးကြီးတယ်လို့ သိရပါတယ်။

“တစ်ချို့ကျတော့ လှည့်စားတဲ့သတင်းမျိုးပေါ့၊ လူတွေရဲ့အားနည်းချက်ကိုသိတယ်၊ လူတွေဖတ်ချင်တဲ့သတင်းမျိုးပေါ့ (ဥပမာပြောရရင် ရန်ကုန်မှာ ဒီနှစ်ဘယ်တော့မှ မီးမပျက်တော့ဘူး ဆိုတာမျိုး၊ ကျွန်တော်တောင် အမှတ်တမဲ့ပျော်သွားတယ်၊ ဒါပေမဲ့ ပြန်ကြည့်လိုက်တော့ အဲ့ဒီသတင်းက ၂၀၁၆ လောက်က သတင်းဖြစ်နေတယ်၊ လူတွေရဲ့သဘာဝကလည်း Fake သတင်းတွေကို လူမှုကွန်ရက်မှာ Share လာကြတယ်၊ ဒါက တော်တော်လေး သတိထားရမယ့်ကိစ္စမျိုးဖြစ်လာတယ်” လို့ ဘာသာပြန်အယ်ဒီတာတစ်ဦးအဖြစ် လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

ထိုလူမှုကွန်ရက်တွေမှာ သာမန်အားဖြင့် သတင်းဌာနတွေရဲ့ စာမျက်နှာ တွေထက် ဆင်တူရိုးမှားလုပ်ထားလာသော Fake စာမျက်နှာတွေက ပိုပြီးလူကြိုက်များကာ Like လုပ်သူ၊ Share လုပ်သူအများအပြားဖြင့် စာမျက်နှာအစစ်ထက်ပင် ပိုများနေတယ်လို့ သိရပါတယ်။ထို့ကြောင့် Social Harmony လုပ်ဖို့လိုအပ်တဲ့အပြင် Network တစ်ခု ထူထောင်သင့်တယ်လို့ ယင်းအလုပ်ရုံဆွေးနွေးပွဲမှာ အကြံပြုသူတွေရှိပါတယ်။ ကနေဒါနိုင်ငံမှာတောင်မှ ရွေးကောက်ပွဲနီးတဲ့အခါမှာ Auto Network ဖြစ်အောင် အစိုးရပိုင်းဆိုင်ရာတွေ၊ သတင်းမီဒီယာတွေ၊ CSO တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာတွေကလည်း နမူနာယူစရာ အခြေအနေမျိုး ဖြစ်တယ်လို့ တက်ရောက်သူတွေက ဆွေးနွေးခဲ့ကြပါတယ်။

“ဖေ့ဘွတ်က အခုနောက်ပိုင်း ကိုယ်ဘာကြိုက်သလဲဆိုတာ နှစ်ရက်လောက် ဆက်တိုက်ဝင်ကြည့်လိုက်ရင် နောက်ပိုင်း အဲ့ဒါတွေပဲလာပြနေတယ်၊ တစ်ချို့ဟာတွေဆိုရင် Like မလုပ်ဘူးလား ဆိုပြီးတောင်မှ လာပြတာတွေ ရှိတယ်၊ အဲ့ဒီလိုအခြေအနေတွေကို အသုံးချပြီး Fake သတင်းတွေကို ဖန်တီးတာတွေကလည်း သတိပြုရမှာဖြစ်ပါတယ်”လို့ Internews မှ ဒေါ်သဉ္ဇာအောင်က ပြောပါတယ်။

ထိုသို့သော အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအတွက် လူငယ်တွေကို ပညာပေးဖို့ကိုလည်း စီစဉ်သွားမှာဖြစ်သလို အစီအစဉ် အသေးစိတ်တွေကို ဆွေးနွေးမှုများပြုလုပ်ကာ အကောင်အထည်ဖော်သွားဖို့လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇွန် - ၂၆

( Zawgyi )

လူမႈကြန္ရက္ေတြေပၚမွာ ႀကဳံေနရတဲ့ အမုန္းတရားေတြကို ဖယ္ရွားႏိုင္ဖို႔ အစိုးရအေနနဲ႔လည္း ၾကားဝင္ၿပီး Social Harmony လုပ္ဖို႔ လိုအပ္တယ္လို႔ “သတင္းအခ်က္အလက္ရပိုင္ခြင့္၊ မီဒီယာမွ သတင္းအခ်က္အလက္ပိုင္းဆိုင္ရာ ရယူျခင္း၊ သေဘာသဘာဝအေျခအေန” ေခါင္းစဥ္ျဖင့္ ျပဳလုပ္ခဲ့တဲ့ အလုပ္႐ုံေဆြးေႏြးပြဲမွ သိရပါတယ္။

“တစ္ခ်ိဳ႕ဟာေတြက်ေတာ့ ေဖ့ဘြတ္ကေန ဖယ္ရွားဖို႔မသိလိုက္ပဲ လြတ္သြားတာမ်ိဳးေတြရွိတယ္၊ ႏိုင္ငံတကာ သတင္းဌာနေတြမွာ First Checking ဆိုတာရွိတယ္၊ ဒီမွာေတာ္ေတာ္မ်ားမ်ားက မရွိၾကဘူး၊ သတင္းတစ္ခုဟာ လူႀကိဳက္တဲ့ဟာမ်ိဳးျဖစ္ေပမယ့္ တင္သင့္ မတင္သင့္ ဆိုတာကလည္း အေရးႀကီးတယ္” လို႔ ရန္ကုန္ၿမိဳ႕၊ ဗိုလ္ေအာင္ေက်ာ္လမ္းက စီးတီးဟိုတယ္မွာ ျပဳလုပ္တဲ့ အဆိုပါအလုပ္႐ုံ ေဆြးေႏြးပြဲမွာ ျမန္မာ သတင္းမီဒီယာေကာင္စီရဲ႕ တြဲဖက္အတြင္းေရးမႉး (၁) ဦးျမင့္ေက်ာ္ က ေျပာပါတယ္။

လူမႈကြန္ရက္ေတြမွာ ႀကဳံေနတဲ့ အမုန္းစကားေတြ၊ အမုန္းတရားေတြဖယ္ရွားႏိုင္ဖို႔ CSO ေတြရဲ႕ က႑ဟာလည္း အေရးႀကီးတယ္လို႔ သိရပါတယ္။

“တစ္ခ်ိဳ႕က်ေတာ့ လွည့္စားတဲ့သတင္းမ်ိဳးေပါ့၊ လူေတြရဲ႕အားနည္းခ်က္ကိုသိတယ္၊ လူေတြဖတ္ခ်င္တဲ့သတင္းမ်ိဳးေပါ့ (ဥပမာေျပာရရင္ ရန္ကုန္မွာ ဒီႏွစ္ဘယ္ေတာ့မွ မီးမပ်က္ေတာ့ဘူး ဆိုတာမ်ိဳး၊ ကြၽန္ေတာ္ေတာင္ အမွတ္တမဲ့ေပ်ာ္သြားတယ္၊ ဒါေပမဲ့ ျပန္ၾကည့္လိုက္ေတာ့ အဲ့ဒီသတင္းက ၂၀၁၆ ေလာက္က သတင္းျဖစ္ေနတယ္၊ လူေတြရဲ႕သဘာဝကလည္း Fake သတင္းေတြကို လူမႈကြန္ရက္မွာ Share လာၾကတယ္၊ ဒါက ေတာ္ေတာ္ေလး သတိထားရမယ့္ကိစၥမ်ိဳးျဖစ္လာတယ္” လို႔ ဘာသာျပန္အယ္ဒီတာတစ္ဦးအျဖစ္ လုပ္ကိုင္သူ တစ္ဦးက ေျပာပါတယ္။

ထိုလူမႈကြန္ရက္ေတြမွာ သာမန္အားျဖင့္ သတင္းဌာနေတြရဲ႕ စာမ်က္ႏွာ ေတြထက္ ဆင္တူ႐ိုးမွားလုပ္ထားလာေသာ Fake စာမ်က္ႏွာေတြက ပိုၿပီးလူႀကိဳက္မ်ားကာ Like လုပ္သူ၊ Share လုပ္သူအမ်ားအျပားျဖင့္ စာမ်က္ႏွာအစစ္ထက္ပင္ ပိုမ်ားေနတယ္လို႔ သိရပါတယ္။ထို႔ေၾကာင့္ Social Harmony လုပ္ဖို႔လိုအပ္တဲ့အျပင္ Network တစ္ခု ထူေထာင္သင့္တယ္လို႔ ယင္းအလုပ္႐ုံေဆြးေႏြးပြဲမွာ အႀကံျပဳသူေတြရွိပါတယ္။ ကေနဒါႏိုင္ငံမွာေတာင္မွ ေ႐ြးေကာက္ပြဲနီးတဲ့အခါမွာ Auto Network ျဖစ္ေအာင္ အစိုးရပိုင္းဆိုင္ရာေတြ၊ သတင္းမီဒီယာေတြ၊ CSO ေတြ ပူးေပါင္း လုပ္ေဆာင္ခဲ့တာေတြကလည္း နမူနာယူစရာ အေျခအေနမ်ိဳး ျဖစ္တယ္လို႔ တက္ေရာက္သူေတြက ေဆြးေႏြးခဲ့ၾကပါတယ္။

“ေဖ့ဘြတ္က အခုေနာက္ပိုင္း ကိုယ္ဘာႀကိဳက္သလဲဆိုတာ ႏွစ္ရက္ေလာက္ ဆက္တိုက္ဝင္ၾကည့္လိုက္ရင္ ေနာက္ပိုင္း အဲ့ဒါေတြပဲလာျပေနတယ္၊ တစ္ခ်ိဳ႕ဟာေတြဆိုရင္ Like မလုပ္ဘူးလား ဆိုၿပီးေတာင္မွ လာျပတာေတြ ရွိတယ္၊ အဲ့ဒီလိုအေျခအေနေတြကို အသုံးခ်ၿပီး Fake သတင္းေတြကို ဖန္တီးတာေတြကလည္း သတိျပဳရမွာျဖစ္ပါတယ္”လို႔ Internews မွ ေဒၚသၪၨာေအာင္က ေျပာပါတယ္။

ထိုသို႔ေသာ အေျခအေနေတြကို ေက်ာ္လႊားႏိုင္ဖို႔ အနာဂတ္လူ႔ေဘာင္အဖြဲ႕အစည္းအတြက္ လူငယ္ေတြကို ပညာေပးဖို႔ကိုလည္း စီစဥ္သြားမွာျဖစ္သလို အစီအစဥ္ အေသးစိတ္ေတြကို ေဆြးေႏြးမႈမ်ားျပဳလုပ္ကာ အေကာင္အထည္ေဖာ္သြားဖို႔လည္း ရွိေနေသးတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇြန္ - ၂၆