လေးကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို သြဂုတ် ၁၈ ရက်တွင် ကျင်းပမည်

 
လေးကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို သြဂုတ် ၁၈ ရက်တွင် ကျင်းပမည်

 မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို လေးကြိမ်မြောက်အဖြစ် လာမယ့် သြဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ထိုးသတ်ကြမယ့်တွဲဆိုင်းတွေကတော့ မြန်မာနိုင်ငံက ထပ်တန်း လက်ဝှေ့ကျော်တွေနဲ့ နိုင်ငံခြားသားတွေ ထိုးသတ်ကြမယ့် တွဲဆိုင်းတွေပဲဖြစ်ပါတယ်။

 ၆၁ ကီလိုတန်းမှာ ရဲသွေးနီ(မြန်မာ)နဲ့ ဘာဘက်ခ်(အီရန်)၊ ၆၇ ကီလိုတန်းမှာ ရန်နိုင်ထွန်း(မြန်မာ)နဲ့ ကေးနီ ကွန်လန်(နယူးဇီလန်)၊ ၆၃ ကီလိုတန်းမှာ ဗျဂ္ဃ(မြန်မာ)နဲ့ ရှူဟီဟီဂါရှီ(ဂျပန်)တို့က မကြေပွဲအနေနဲ့ ထိုး သတ်ကြမှာဖြစ်ပါတယ်။

“ ဒီ ၂ဝ၁၉၊ ၈ လပိုင်း၊ ၁၈ ရက်နေ့မှာ ကျွန်တော်ထိုးဖို့ရှိပါတယ်။ ကမ္ဘာ့ချန်ပီယံခါးပတ်လုမှာပါ။ အီရန်နိုင်ငံသား ကစားသမားနဲ့ ကျွန်တော် ခါးပတ်လုဖို့ရှိပါတယ်”လို့ (၆)ထပ်ကွင်းရွှေခါးပတ်ပိုင်ရှင် ရဲသွေးနီက ပြောပါတယ်။ရဲသွေးနီကတော့ ၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရိုးရာ လက်ဝှေ့ပြန့်နှံ့ရေးအသင်း(ဧရာဝတီ)ကပေးတဲ့ အအောင်မြင် ဆုံးလက်ဝှေ့သမားဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

နောက်ထပ် ၇၅ ကီလိုတန်းမှာတော့ တူးတူး(မြန်မာ)နဲ့  ဖာဘီယိုဖယ်ရာရီ(ဘရာဇီး)၊ ၈ဝ ကီလိုတန်းမှာတော့ ထွန်းထွန်းမင်း(မြန်မာ)နဲ့  မီခေးလ်ဗက်ထရီလာ(ရုရှား)တို့ထိုးသတ်မှာဖြစ်ပြီး ၆ဝ ကီလိုတန်းမှာတော့ ဘရော်နီ ကာ(မြန်မာ)နဲ့ ဆောဆင်း(ထိုင်း)တို့ ထိုးသတ်ကြ မှာဖြစ်ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၁၅
ဓာတ်ပုံ- SPORTS BOX

(  Zawgyi  )

  ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲကို ေလးႀကိမ္ေျမာက္အျဖစ္ လာမယ့္ ၾသဂုတ္လ ၁၈ ရက္ေန႔၊ မြန္းလြဲ ၂ နာရီမွာ ရန္ကုန္ၿမိဳ႕၊ သိမ္ျဖဴျမန္မာ့႐ိုးရာလက္ေဝွ႔အားကစား႐ုံမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ထိုးသတ္ၾကမယ့္တြဲဆိုင္းေတြကေတာ့ ျမန္မာႏိုင္ငံက ထပ္တန္း လက္ေဝွ႔ေက်ာ္ေတြနဲ႔ ႏိုင္ငံျခားသားေတြ ထိုးသတ္ၾကမယ့္ တြဲဆိုင္းေတြပဲျဖစ္ပါတယ္။

 ၆၁ ကီလိုတန္းမွာ ရဲေသြးနီ(ျမန္မာ)နဲ႔ ဘာဘက္ခ္(အီရန္)၊ ၆၇ ကီလိုတန္းမွာ ရန္ႏိုင္ထြန္း(ျမန္မာ)နဲ႔ ေကးနီ ကြန္လန္(နယူးဇီလန္)၊ ၆၃ ကီလိုတန္းမွာ ဗ်ဂၣ(ျမန္မာ)နဲ႔ ရွဴဟီဟီဂါရွီ(ဂ်ပန္)တို႔က မေၾကပြဲအေနနဲ႔ ထိုး သတ္ၾကမွာျဖစ္ပါတယ္။

“ ဒီ ၂ဝ၁၉၊ ၈ လပိုင္း၊ ၁၈ ရက္ေန႔မွာ ကြၽန္ေတာ္ထိုးဖို႔ရွိပါတယ္။ ကမာၻ႔ခ်န္ပီယံခါးပတ္လုမွာပါ။ အီရန္ႏိုင္ငံသား ကစားသမားနဲ႔ ကြၽန္ေတာ္ ခါးပတ္လုဖို႔ရွိပါတယ္”လို႔ (၆)ထပ္ကြင္းေ႐ႊခါးပတ္ပိုင္ရွင္ ရဲေသြးနီက ေျပာပါတယ္။ရဲေသြးနီကေတာ့ ၂ဝ၁၈ ခုႏွစ္အတြက္ ျမန္မာ့႐ိုးရာ လက္ေဝွ႔ျပန႔္ႏွံ႔ေရးအသင္း(ဧရာဝတီ)ကေပးတဲ့ အေအာင္ျမင္ ဆုံးလက္ေဝွ႔သမားဆုကိုလည္း ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

ေနာက္ထပ္ ၇၅ ကီလိုတန္းမွာေတာ့ တူးတူး(ျမန္မာ)နဲ႔  ဖာဘီယိုဖယ္ရာရီ(ဘရာဇီး)၊ ၈ဝ ကီလိုတန္းမွာေတာ့ ထြန္းထြန္းမင္း(ျမန္မာ)နဲ႔  မီေခးလ္ဗက္ထရီလာ(႐ုရွား)တို႔ထိုးသတ္မွာျဖစ္ၿပီး ၆ဝ ကီလိုတန္းမွာေတာ့ ဘေရာ္နီ ကာ(ျမန္မာ)နဲ႔ ေဆာဆင္း(ထိုင္း)တို႔ ထိုးသတ္ၾက မွာျဖစ္ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၁၅
ဓာတ္ပုံ- SPORTS BOX