လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းက တည်ငြိမ်အေးချမ်းမှု၏ ပြယုဂ်ဖြစ်ပြီး အရေးပါသည့် နေ့ကြီးများတွင် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သင့်ဟု ဆို

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းက တည်ငြိမ်အေးချမ်းမှု၏ ပြယုဂ်ဖြစ်ပြီး အရေးပါသည့် နေ့ကြီးများတွင် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သင့်ဟု ဆို

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းတို့သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၏ ပြယုဂ်ဖြစ်သလို နိုင်ငံတော်အတွက် အရေးပါတဲ့ နေ့ကြီးများနှင့် ကုသိုလ်ကောင်းမှုပြုရတဲ့ နေ့ကြီးများတွင် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်လည်းဖြစ်ပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ဆိုပါတယ်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းတို့သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၏ ပြယုဂ်ဖြစ်သလို နိုင်ငံတော်အတွက် အရေးပါတဲ့ နေ့ကြီးများနှင့် ကုသိုလ်ကောင်းမှုပြုရတဲ့ နေ့ကြီးများတွင် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒဖြင့် ပေးနိုင်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ (ခ) အရ လွတ်ငြိမ်းချမ်းသာခွင့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်သမ္မတက ပေးနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလနှင့် မေလတို့တွင် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၃၀၁၉ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပါကြောင်း၊ ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အသက် ၈၀ နှစ်နှင့် အထက် အသက် ၇၅ နှစ်မှ ၈၂ နှစ်အောက် အကျဉ်းသား၊ အကျဉ်းသူများ၊ နာတာရှည် ကျန်းမာရေးမကောင်းသည့် အကျဉ်းသား၊ အကျဉ်းသူများ၊ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ် အကျဉ်းသား၊ အကျဉ်းသူများ၊ မတရားအသင်း ၁၇ (၁)၊ ၁၇ (၂) နှင့် အခြား မူးယစ်မှုများ၊ တပ်မတော်ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စိစစ်ရွေးချယ်သူများ၊ ရဲစည်းကမ်းပုဒ်မဖြင့် ပြစ်ဒါဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအတွင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စိစစ်ရွေးချယ်သူများနှင့် စပ်လျှဉ်းသော မူဝါဒ အသေးစိပ်အချက်အလက်များသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် လျှို့ဝှက်ချက်အဖြစ် ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က) တွင် ပါရှိသည့် လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်ကို ကျင့်သုံး၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) နှင့်အညီ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်နေ့မြောက် အစီအစဉ်တွင် ဇီးကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ထွန်း မှ နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (PARDON) (သို့မဟုတ်) လွတ်ငြိမ်းချမ်းသာခွင့် (AMNESTY) ဖြစ်သည်ကို ကွဲပြားစွာသိလိုခြင်းနှင့် (၉-၅-၂၀၁၉) ရက်စွဲပါ သတင်းထုတ်ပြန်ချက်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သက်သာခွင့် ပေးရေးအတွက် အကျဉ်းသား၊ အကျဉ်းသူများ လွှတ်ပေးရန် စနစ်တကျစိစစ်ခဲ့သည့် မူဝါဒများကို ကွဲပြားရှင်းလင်းစွာ သိလိုကြောင်း မေးမြန်းခဲ့မှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ သြဂုတ် - ၂၀

( Zawgyi )

ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ႏွင့္ လြတ္ၿငိမ္းသက္သာခြင့္၊ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳျခင္းတို႔သည့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈ၏ ျပယုဂ္ျဖစ္သလို ႏိုင္ငံေတာ္အတြက္ အေရးပါတဲ့ ေန႔ႀကီးမ်ားႏွင့္ ကုသိုလ္ေကာင္းမႈျပဳရတဲ့ ေန႔ႀကီးမ်ားတြင္ အထိမ္းအမွတ္အျဖစ္ ေဆာင္႐ြက္သင့္သည့္ လုပ္ငန္းတစ္ရပ္လည္းျဖစ္ပါေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူ က ဆိုပါတယ္။

ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူ က “ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ႏွင့္ လြတ္ၿငိမ္းသက္သာခြင့္၊ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳျခင္းတို႔သည့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈ၏ ျပယုဂ္ျဖစ္သလို ႏိုင္ငံေတာ္အတြက္ အေရးပါတဲ့ ေန႔ႀကီးမ်ားႏွင့္ ကုသိုလ္ေကာင္းမႈျပဳရတဲ့ ေန႔ႀကီးမ်ားတြင္ အထိမ္းအမွတ္အျဖစ္ ေဆာင္႐ြက္သင့္သည့္ လုပ္ငန္းတစ္ရပ္လည္း ျဖစ္ပါေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၂၀၄ (က) အရ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ကို ႏိုင္ငံေတာ္သမၼတ၏ သေဘာဆႏၵျဖင့္ ေပးႏိုင္ပါေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၂၀၄ (ခ) အရ လြတ္ၿငိမ္းခ်မ္းသာခြင့္ကို အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ ေထာက္ခံခ်က္ျဖင့္ ႏိုင္ငံေတာ္သမၼတက ေပးႏိုင္ပါေၾကာင္း၊ သို႔ျဖစ္ပါ၍ ႏိုင္ငံေတာ္မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလႏွင့္ ေမလတို႔တြင္ အက်ဥ္းေထာင္အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနေသာ အက်ဥ္းသား၊ အက်ဥ္းသူ စုစုေပါင္း ၂၃၀၁၉ ဦးကို စည္းကမ္းသတ္မွတ္ခ်က္မထားဘဲ လြတ္ၿငိမ္းသက္သာခြင့္ ျပဳခဲ့ပါေၾကာင္း၊ ထိုသို႔ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳခဲ့သည့္ အသက္ ၈၀ ႏွစ္ႏွင့္ အထက္ အသက္ ၇၅ ႏွစ္မွ ၈၂ ႏွစ္ေအာက္ အက်ဥ္းသား၊ အက်ဥ္းသူမ်ား၊ နာတာရွည္ က်န္းမာေရးမေကာင္းသည့္ အက်ဥ္းသား၊ အက်ဥ္းသူမ်ား၊ ႏိုင္ငံျခားသား အက်ဥ္းသား၊ အက်ဥ္းသူမ်ား၊ လူငယ္ အက်ဥ္းသား၊ အက်ဥ္းသူမ်ား၊ မတရားအသင္း ၁၇ (၁)၊ ၁၇ (၂) ႏွင့္ အျခား မူးယစ္မႈမ်ား၊ တပ္မေတာ္ပုဒ္မျဖင့္ ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသားမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ စိစစ္ေ႐ြးခ်ယ္သူမ်ား၊ ရဲစည္းကမ္းပုဒ္မျဖင့္ ျပစ္ဒါဏ္က်ခံေနရသည့္ အက်ဥ္းသား၊ အက်ဥ္းသူမ်ားအတြင္းမွ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ စိစစ္ေ႐ြးခ်ယ္သူမ်ားႏွင့္ စပ္လွ်ဥ္းေသာ မူဝါဒ အေသးစိပ္အခ်က္အလက္မ်ားသည္ ႏိုင္ငံေတာ္တည္ၿငိမ္ေရးႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးအတြက္ လွ်ိဳ႕ဝွက္ခ်က္အျဖစ္ ထားရွိၿပီး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္သမၼတက ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒပုဒ္မ ၂၀၄ (က) တြင္ ပါရွိသည့္ လြတ္ၿငိမ္းခြင့္ ေပးပိုင္ခြင့္ရွိသည္ကို က်င့္သုံး၍ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁ ပုဒ္မခြဲ (၁) ႏွင့္အညီ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ ေပးခဲ့ျခင္းျဖစ္တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၂) ရက္ေန႔ေျမာက္ အစီအစဥ္တြင္ ဇီးကုန္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဉာဏ္ထြန္း မွ ႏိုင္ငံေတာ္သမၼတ႐ုံး၏ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ားတြင္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ (PARDON) (သို႔မဟုတ္) လြတ္ၿငိမ္းခ်မ္းသာခြင့္ (AMNESTY) ျဖစ္သည္ကို ကြဲျပားစြာသိလိုျခင္းႏွင့္ (၉-၅-၂၀၁၉) ရက္စြဲပါ သတင္းထုတ္ျပန္ခ်က္မွ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ သက္သာခြင့္ ေပးေရးအတြက္ အက်ဥ္းသား၊ အက်ဥ္းသူမ်ား လႊတ္ေပးရန္ စနစ္တက်စိစစ္ခဲ့သည့္ မူဝါဒမ်ားကို ကြဲျပားရွင္းလင္းစြာ သိလိုေၾကာင္း ေမးျမန္းခဲ့မႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ၾသဂုတ္ - ၂၀