ဝေဘာဂီမြို့သစ်မှ နှစ်လုံးထီ ဒိုင်ကိုင်သူ အပါအဝင် လောင်းကစားသူများကို ဖမ်းဆီးရမိ

ဝေဘာဂီမြို့သစ်မှ နှစ်လုံးထီ ဒိုင်ကိုင်သူ အပါအဝင် လောင်းကစားသူများကို  ဖမ်းဆီးရမိ

မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်တွင် တရားမဝင် နှစ်လုံးထီ ဒိုင်ကိုင်သူနှင့် လောင်းကစားသူများကို သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဒိုင်ကိုင်သူ သွေးဆက် အပါအဝင် လောင်းကစားသူ ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁၁ နာရီ မိနစ် ၄၀ အချိန်က တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ လောင်းကစား ဖမ်းဆီးမိန့်နှင့်အတူ သက်သေများ လိုက်ပါလျက် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ဆဒ္ဒန်လမ်းနေ သွေးဆက် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်တွင် နှစ်လုံးထီ လောင်းကစားလုပ်ကိုင်နေသည့် မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်သော ဆဒ္ဒန်လမ်းနေ သွေးဆက် (၄၅) နှစ်၊ (ည) ရပ်ကွက်နေ ကျော်ဖြိုးေ၀ (၃၀) နှစ်၊ သန်းသန်းဌေး (၅၂) နှစ်၊ ဝင်းလွင်ဦး (၅၂) နှစ်၊ (ဌ) ရပ်ကွက်နေ ကျော်သူ (၃၁) နှစ်၊ ဌေးဌေးဝင်း (၂၅) နှစ်တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။

ထိုသို့ ဖမ်းဆီးရမိသဖြင့် ဖမ်းဆီးရမိသူများအား စစ်ဆေးရာ သွေးဆက် သည် လွန်ခဲ့သောနှစ်များက နှစ်လုံးထီ သုံးလုံးထီ လောင်းကစားဒိုင်အလုပ်ကို ဖုန်းဖြင့်သာ လက်ခံ၍ လျှို့ဝှက်ရောင်းချ လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော (၈) လခန့်မှစ၍ နေအိမ်တွင် ဘောင်ချာဖွင့်လှစ် ရောင်းချခဲ့ကြောင်း၊ ကျော်ဖြိုးေ၀ နှင့် သန်းသန်းဌေး တို့အား (၁) ရက်လျှင် ငွေကျပ် (၇၀၀၀) စီ ပေး၍ ငှားရမ်းလုပ်ကိုင်ခဲ့ကြောင်း၊ ကျော်သူ၊ ဝင်းလွင်ဦး နှင့် ဌေးဌေးဝင်း တို့မှာ နှစ်လုံးထီ လာရောက်လောင်းကစားသည့် ထိုးသားများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ထိုဖမ်းဆီးရမိသူများထံမှ တရားမဝင် နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ် (၅၄၂၁၅၀) ကျပ်တို့အား သိမ်းဆည်းရမိခဲ့ပြီး နှစ်လုံးထီ လောင်းကစားသူ သွေးဆက် ပါ (၆) ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

KZ
ရန်ကုန်၊ ဒီဇင်ဘာ - ၁၄

( Zawgyi )


ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁၁ နာရီ မိနစ် ၄၀ အချိန်က တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ လောင်းကစား ဖမ်းဆီးမိန့်နှင့်အတူ သက်သေများ လိုက်ပါလျက် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ဆဒ္ဒန်လမ်းနေ သွေးဆက် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်တွင် နှစ်လုံးထီ လောင်းကစားလုပ်ကိုင်နေသည့် မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်သော ဆဒ္ဒန်လမ်းနေ သွေးဆက် (၄၅) နှစ်၊ (ည) ရပ်ကွက်နေ ကျော်ဖြိုးဝေ (၃၀) နှစ်၊ သန်းသန်းဌေး (၅၂) နှစ်၊ ဝင်းလွင်ဦး (၅၂) နှစ်၊ (ဌ) ရပ်ကွက်နေ ကျော်သူ (၃၁) နှစ်၊ ဌေးဌေးဝင်း (၂၅) နှစ်တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။

ထိုသို့ ဖမ်းဆီးရမိသဖြင့် ဖမ်းဆီးရမိသူများအား စစ်ဆေးရာ သွေးဆက် သည် လွန်ခဲ့သောနှစ်များက နှစ်လုံးထီ သုံးလုံးထီ လောင်းကစားဒိုင်အလုပ်ကို ဖုန်းဖြင့်သာ လက်ခံ၍ လျှို့ဝှက်ရောင်းချ လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော (၈) လခန့်မှစ၍ နေအိမ်တွင် ဘောင်ချာဖွင့်လှစ် ရောင်းချခဲ့ကြောင်း၊ ကျော်ဖြိုးဝေ နှင့် သန်းသန်းဌေး တို့အား (၁) ရက်လျှင် ငွေကျပ် (၇၀၀၀) စီ ပေး၍ ငှားရမ်းလုပ်ကိုင်ခဲ့ကြောင်း၊ ကျော်သူ၊ ဝင်းလွင်ဦး နှင့် ဌေးဌေးဝင်း တို့မှာ နှစ်လုံးထီ လာရောက်လောင်းကစားသည့် ထိုးသားများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။


KZ
ရန်ကုန်၊ ဒီဇင်ဘာ - ၁၄