သစ်ပင်ကြီးများအား မခုတ်မလှဲဘဲ ရွှေ့ပြောင်းစိုက်၍ရသော သစ်ပင်ရွှေ့ပြောင်းစက် မန်းစည်ပင်တွင် ရှိနေပြီဖြစ်ကြောင်း မန်းမြို့တော်ဝန်ပြော

သစ်ပင်ကြီးများအား မခုတ်မလှဲဘဲ ရွှေ့ပြောင်းစိုက်၍ရသော သစ်ပင်ရွှေ့ပြောင်းစက် မန်းစည်ပင်တွင် ရှိနေပြီဖြစ်ကြောင်း မန်းမြို့တော်ဝန်ပြော

သစ်ပင်တွေကိုမခုတ်မလှဲဘဲ အလွယ်တကူရွှေ့ပြောင်းစိုက်လို့ရတဲ့စက်သစ်ကြီးတစ်ခု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှာရှိလာပြီဖြစ်တာ ကြောင့် နောင်အခါမှာ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အဆိုပါစက်သစ်ကြီးနဲ့အသုံးပြုသွားတော့မှာဖြစ်တယ်လို့ မန္တလေး မြို့တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။

အဆိုပါစက်သစ်ကြီးက Tree Spade လို့အမည်ရပြီး အမြင့် ၁၀ ပေကနေ ၁၅ ပေအထိသစ်ပင်တွေကို အချိန်တိုအတွင်းရွှေ့ပြောင်းပေးနိုင်မယ့် သစ်ပင်ရွှေ့ပြောင်းစက်တစ်ခုဖြစ်တယ်လို့သိရပါတယ်။

မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ မလွတ်ကင်းတဲ့သစ်ပင်တွေကို တတ်နိုင်သရွေ့မခုတ်လှဲဘဲ ရွှေ့ပြောင်းစိုက်ပျိုးခဲ့ပေမယ့် လူအင်အားနဲ့လုပ် ရတော့ လုပ်ငန်းသိပ်မတွင်ကျယ်ပါဘူး၊ အခုလှူဒါန်းတဲ့ Tree Spade က အနည်းငယ်သေးပေမယ့် ၁၀ ပေကနေ ၁၅ ပေအထိသစ်ပင်တွေကို အချိန်တို အတွင်း ရွှေ့ပြောင်းနိုင်ပါတယ်၊ လက်တွေ့စမ်းသပ်ပြီးပါပြီ လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။

အဆိုပါစက်သစ်ကြီးကို မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဆီ ယမန်နေ့ဇန်နဝါ ရီလ ၁၃ ရက်နေ့က လာရောက်လှူဒါန်းခဲ့တာဖြစ်ပြီး မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်တဲ့နေရာမှာ အသုံးပြုသွားနိုင်ဖို့ လှူဒါန်းတာ ဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုစက်သစ်ကြီးက အမြင့် ၁၀ ပေကနေ ၁၅ ပေအထိသစ်ပင်တွေကိုသာ ရွှေ့ပြောင်းပေးနိုင်မှာဖြစ်တဲ့အတွက် သစ်ပင်ကြီးတွေရွှေ့ပြောင်းနိုင်မယ့်စက် တွေလည်း လာမယ့်နှစ်မှာဝယ်ယူသွားဖို့ရှိတယ်လို့ သိရပါတယ်။

အရွယ်ပိုကြီးတဲ့သစ်ပင်ကြီးတွေကိုရွှေ့နိုင်တဲ့ Tree Spade အကြီးကို လာမယ့်ဘတ်ဂျက်မှာဝယ်ယူဖို့လျာထားပါတယ်၊ Tree Spade အကြီးက အပင် သေးတွေအတွက် မသင့်လျော်လို့ နှစ်မျိုးစလုံးလိုအပ်ပါတယ် လို့ မန္တလေးမြို့တော်ဝန်ကဆိုပါတယ်။

ရန်ကုန်မြို့မှာလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့အစီအစဉ်နဲ့ သစ်ပင်တွေကို အမြစ်ကနေတူးပြီးရွှေ့ပြောင်းစိုက်လို့ရနေပြီလို့ ရန် ကုန်မြို့တော်ဦးမောင်မောင်စိုးကထုတ်ဖော်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့နေရာမှာ လမ်းနဲ့မလွတ်ကင်းတဲ့သစ်ပင်တွေကို ခုတ်လှဲပစ်တာမျိုးနဲ့ပဲအစဉ်အ ဆက်လုပ်ဆောင်လာခဲ့တာမှာ နောက်ပိုင်းမှာတော့ သစ်ပင်ရွှေ့ပြောင်းစက်တွေနဲ့လုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။

KT
မန္တလေး၊ ဇန်နဝါရီ - ၁၄

( Zawgyi )

သစ္ပင္ေတြကိုမခုတ္မလွဲဘဲ အလြယ္တကူေ႐ႊ႕ေျပာင္းစိုက္လို႔ရတဲ့စက္သစ္ႀကီးတစ္ခု မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွာရွိလာၿပီျဖစ္တာ ေၾကာင့္ ေနာင္အခါမွာ ၿမိဳ႕ေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြေဆာင္႐ြက္တဲ့အခါမွာ အဆိုပါစက္သစ္ႀကီးနဲ႔အသုံးျပဳသြားေတာ့မွာျဖစ္တယ္လို႔ မႏၲေလး ၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ကဆိုပါတယ္။

အဆိုပါစက္သစ္ႀကီးက Tree Spade လို႔အမည္ရၿပီး အျမင့္ ၁၀ ေပကေန ၁၅ ေပအထိသစ္ပင္ေတြကို အခ်ိန္တိုအတြင္းေ႐ႊ႕ေျပာင္းေပးႏိုင္မယ့္ သစ္ပင္ေ႐ႊ႕ေျပာင္းစက္တစ္ခုျဖစ္တယ္လို႔သိရပါတယ္။

ၿမိဳ႕ေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ရာမွာ မလြတ္ကင္းတဲ့သစ္ပင္ေတြကို တတ္ႏိုင္သေ႐ြ႕မခုတ္လွဲဘဲ ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးခဲ့ေပမယ့္ လူအင္အားနဲ႔လုပ္ ရေတာ့ လုပ္ငန္းသိပ္မတြင္က်ယ္ပါဘူး၊ အခုလႉဒါန္းတဲ့ Tree Spade က အနည္းငယ္ေသးေပမယ့္ ၁၀ ေပကေန ၁၅ ေပအထိသစ္ပင္ေတြကို အခ်ိန္တို အတြင္း ေ႐ႊ႕ေျပာင္းႏိုင္ပါတယ္၊ လက္ေတြ႕စမ္းသပ္ၿပီးပါၿပီ လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ကဆိုပါတယ္။

အဆိုပါစက္သစ္ႀကီးကို ျမန္မာ့စြမ္းအင္က႑ဖြံ႕ၿဖိဳးတိုးတက္ေရးအမ်ားပိုင္ကုမၸဏီက မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဆီ ယမန္ေန႔ဇန္နဝါ ရီလ ၁၃ ရက္ေန႔က လာေရာက္လႉဒါန္းခဲ့တာျဖစ္ၿပီး မႏၲေလးၿမိဳ႕ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္တဲ့ေနရာမွာ အသုံးျပဳသြားႏိုင္ဖို႔ လႉဒါန္းတာ ျဖစ္တယ္လို႔ ကုမၸဏီတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

အခုစက္သစ္ႀကီးက အျမင့္ ၁၀ ေပကေန ၁၅ ေပအထိသစ္ပင္ေတြကိုသာ ေ႐ႊ႕ေျပာင္းေပးႏိုင္မွာျဖစ္တဲ့အတြက္ သစ္ပင္ႀကီးေတြေ႐ႊ႕ေျပာင္းႏိုင္မယ့္စက္ ေတြလည္း လာမယ့္ႏွစ္မွာဝယ္ယူသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

အ႐ြယ္ပိုႀကီးတဲ့သစ္ပင္ႀကီးေတြကိုေ႐ႊ႕ႏိုင္တဲ့ Tree Spade အႀကီးကို လာမယ့္ဘတ္ဂ်က္မွာဝယ္ယူဖို႔လ်ာထားပါတယ္၊ Tree Spade အႀကီးက အပင္ ေသးေတြအတြက္ မသင့္ေလ်ာ္လို႔ ႏွစ္မ်ိဳးစလုံးလိုအပ္ပါတယ္ လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ကဆိုပါတယ္။

ရန္ကုန္ၿမိဳ႕မွာလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕အစီအစဥ္နဲ႔ သစ္ပင္ေတြကို အျမစ္ကေနတူးၿပီးေ႐ႊ႕ေျပာင္းစိုက္လို႔ရေနၿပီလို႔ ရန္ ကုန္ၿမိဳ႕ေတာ္ဦးေမာင္ေမာင္စိုးကထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၿမိဳ႕ေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြလုပ္ေဆာင္တဲ့ေနရာမွာ လမ္းနဲ႔မလြတ္ကင္းတဲ့သစ္ပင္ေတြကို ခုတ္လွဲပစ္တာမ်ိဳးနဲ႔ပဲအစဥ္အ ဆက္လုပ္ေဆာင္လာခဲ့တာမွာ ေနာက္ပိုင္းမွာေတာ့ သစ္ပင္ေ႐ႊ႕ေျပာင္းစက္ေတြနဲ႔လုပ္ေဆာင္သြားဖို႔ရွိတယ္လို႔သိရပါတယ္။

KT
မႏၲေလး၊ ဇန္နဝါရီ - ၁၄