သပိတ်ကျင်း ငလျင်လှုပ်ခတ်ခဲ့သည့် နေရာတွင် ငလျင်တိုင်းတာ စစ်ဆေးမည်
သပိတ်ကျင်း ငလျင်လှုပ်ခတ်ခဲ့သည့် နေရာတွင် ငလျင်တိုင်းတာ စစ်ဆေးမည်
သပိတ်ကျင်း ငလျင်လှုပ်ခတ်ခဲ့သည့် နေရာတွင် ၂၀၁၉ ခုနှစ် မတ်လမှ စတင်ပြီး ငလျင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ တိုင်းတာစစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဌ ဦးမျိုးသန့် က Opinion Leaders Media ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
“မတ်လထဲမှာတော့ ၂၀၁၂ သပိတ်ကျင်း ငလျင်လှုပ်သွားတဲ့ အပိုင်းပေါ့ အဲ့ဒီအပိုင်းတော့ ၂၀၁၉ မတ်လထဲမှာ စတင်လေ့လာမယ်။GPS တွေ တိုင်းတာမယ်။နောက်ပြီးတော့ ပြတ်ရွေ့ရဲ့ မြေမျက်နှာသွင်ပြင်တွေ ဘာတွေ ကြည့်ဖို့ရာအတွက် ကောင်းကင်ဓာတ်ပုံ ရိုက်ဖို့ရှိတယ်။ကျင်းတွေတူးပြီး လေ့လာဖို့ရှိတယ်” လို့ ဆိုပါတယ်။
မှတ်တမ်းများအရ စစ်ကိုင်းပြတ်ရွေ့ တကောင်းအပိုင်းမှ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရစ်ချ်စတာစကေး ၇ ဒဿမ ၃ ဖြင့် တစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်အကြာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အင်အား ၆ ဒဿမ ၈ အဆင့် ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင် ငလျင်နှင့် ပတ်သက်သည့် လေ့လာမှုများအား နေပြည်တော် ဝမ်းတွင်းမြို့အနီးတွင် ပြုလုပ်ခဲ့ပြီး တိုင်းထွာစမ်းသပ်မှုများအရ အင်အား ရစ်ချ်စတာစကေး ၇ နှင့် အထက် ငလျင်ကြီးများ ၃ ကြိမ်ခန့် လှုပ်ခတ်ခဲ့ဖူးကြောင်း၊ အဆိုပါ ဒေသရှိ အပေါ်ယံမြေလွှာများအား နိုင်ငံခြားသို့ တင်ပို့စစ်ဆေးနေပြီး စစ်ဆေးမှုရလဒ်များ ရရှိပါက မည်သည့်အချိန်ကာလက လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရမှာ ဖြစ်တယ်လို့ ဦးမျိုးသန့် က ဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကပြတ်ရွေ့ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ပူတာအိုမှ မုတ္တမပင်လယ်ထဲအထိ မိုင်ပေါင်း ၆၀၀ ကျော် ရှည်လျားပြီး ငလျင်သမိုင်းတစ်လျှောက် အင်အားပြင်းငလျင်များ အကြိမ်ကြိမ်လှှုပ်ခတ်ခဲ့ပါတယ်။
၁၈၉၃ ခုနှစ်တွင် ရစ်ချ်စတာစကေး ၉ ရှိ အင်းဝ ငလျင်၊ ၁၉၅၆ ခုနှစ် အင်အား ၇.၁ အဆင့်ရှိ စစ်ကိုင်းငလျင်၊ ၁၉၉၁ ခုနှစ်က အင်အား ၇ အဆင့်ရှိတဲ့ တကောင်းငလျင်၊ ၁၉၉၄ ခုနှစ်က အင်အား ၆ အဆင့်ရှိ မြစ်ကြီးနားငလျင်၊ ၂၀၀၃ ခုနှစ် အင်အား ၆.၇ အဆင့်ရှိတဲ့ တောင်တွင်းကြီးငလျင်၊ ၂၀၁၂ ခုနှစ်က အင်အား ၆.၈ အဆင့်ရှိ သပိတ်ကျင်းငလျင်တို့သည် စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၂
( Zawgyi )
မှတ်တမ်းများအရ စစ်ကိုင်းပြတ်ရွေ့ တကောင်းအပိုင်းမှ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရစ်ခ်ျစတာစကေး ၇ ဒဿမ ၃ ဖြင့် တစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်အကြာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အင်အား ၆ ဒဿမ ၈ အဆင့် ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင် ငလျင်နှင့် ပတ်သက်သည့် လေ့လာမှုများအား နေပြည်တော် ဝမ်းတွင်းမြို့အနီးတွင် ပြုလုပ်ခဲ့ပြီး တိုင်းထွာစမ်းသပ်မှုများအရ အင်အား ရစ်ခ်ျစတာစကေး ၇ နှင့် အထက် ငလျင်ကြီးများ ၃ ကြိမ်ခန့် လှုပ်ခတ်ခဲ့ဖူးကြောင်း၊ အဆိုပါ ဒေသရှိ အပေါ်ယံမြေလွှာများအား နိုင်ငံခြားသို့ တင်ပို့စစ်ဆေးနေပြီး စစ်ဆေးမှုရလဒ်များ ရရှိပါက မည်သည့်အချိန်ကာလက လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရမှာ ဖြစ်တယ်လို့ ဦးမျိုးသန့် က ဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကပြတ်ရွေ့ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ပူတာအိုမှ မုတ္တမပင်လယ်ထဲအထိ မိုင်ပေါင်း ၆၀၀ ကျော် ရှည်လျားပြီး ငလျင်သမိုင်းတစ်လျှောက် အင်အားပြင်းငလျင်များ အကြိမ်ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။
၁၈၉၃ ခုနှစ်တွင် ရစ်ခ်ျစတာစကေး ၉ ရှိ အင်းဝ ငလျင်၊ ၁၉၅၆ ခုနှစ် အင်အား ၇.၁ အဆင့်ရှိ စစ်ကိုင်းငလျင်၊ ၁၉၉၁ ခုနှစ်က အင်အား ၇ အဆင့်ရှိတဲ့ တကောင်းငလျင်၊ ၁၉၉၄ ခုနှစ်က အင်အား ၆ အဆင့်ရှိ မြစ်ကြီးနားငလျင်၊ ၂၀၀၃ ခုနှစ် အင်အား ၆.၇ အဆင့်ရှိတဲ့ တောင်တွင်းကြီးငလျင်၊ ၂၀၁၂ ခုနှစ်က အင်အား ၆.၈ အဆင့်ရှိ သပိတ်ကျင်းငလျင်တို့သည် စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၂