သုံးလအတွင်း တရုတ်နှင့် မြန်မာ ကန်ဒေါ်လာ သုံးဘီလျံကျော်ဖိုး ကုန်သွယ်

သုံးလအတွင်း တရုတ်နှင့် မြန်မာ ကန်ဒေါ်လာ သုံးဘီလျံကျော်ဖိုး ကုန်သွယ်

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဘက် နိုင်ငံဖြစ်သည့် တရုတ်နှင့် ကုန်သွယ်မှုပမာဏမှာ သုံးလ အတွင်း အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ရှိခဲ့ပြီး မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ သန်း၆၀ကျော် ဖြစ်ပေါ်ခဲ့ ကြောင်း ဖေဖေါ်ဝါရီ ပထမအပတ်က ထုတ်ပြန် ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာန၏စာရင်းအချက်အလက် များအရ သိရပါတယ်။

“ ကုန်တင်ပို့မှုက ပုံမှန်ဆို မြန်မာဘက်က ထွက်သမျှ တရုတ်ကဆွဲနေတာ။ ပြီးခဲ့တဲ့နှစ်က နယ်စပ် ပြဿနာ တွေ ၊ လက်နက်ကိုင်တွေ တိုက်ခိုက်မှုတွေကြောင့် ကုန်သွယ်ရေးကျတယ်။ ရှေ့လတွေ က ပြန်ကောင်းလာပေမယ့် နောက်လတွေမှာ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ပြန်ကျမှာ။ အခုထိ ဂိတ်တွေက သေသေချာချာ မလုပ်ရသေးဘူး။ ဒီဘက်မှာက ကုန်တွေ ပုံနေပြီ။ ဟိုဘက်က ပေးတဲ့ ဈေးနဲ့ ရောင်းရမယ့် အခြေအနေဘဲ”လို့ သစ်သီးတင်ပို့သူတစ်ဦးက ဆိုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန် သွင်းကုန် ကုန်သွယ်မှု စာရင်း အချက်အလက်များအရ ဒီဇင်ဘာလကုန်အထိ  မြန်မာမှ တရုတ်ဘက်သို့ ကုန်ပမာဏ ကန်ဒေါ်လာ ၁၆၉၃ ဒသမ ၉၀၅ သန်း တင်ပို့နိုင်ခဲ့ပြီး တရုတ်ဘက်မှ မြန်မာဘက်သို့ ကန်ဒေါ်လာ ၁၆၃၂ ဒသမ ၃၈၈  သန်းပြန်လည် တင်ပို့ခဲ့သဖြင့် သုံးလတာကာလအတွင်း ကန်ဒေါ်လာ ၃၃၂၆ ဒသမ ၂၉၃ သန်းကုန်သွယ်နိုင်ခဲ့ပါတယ်။

၅ နှစ်တာကာလအတွင်း မြန်မာ- တရုတ်ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၇၀၃၃ ဒသမ ၁၂၅ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၉၇၁၂ ဒသမ ဝ၈၈ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀၉၉၂ ဒသမ ၄၄၀ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀၈၀၄ ဒသမ ၇၇၃ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁၇၈၆  ဒသမ ၁၂၈သန်းနှင့် ကာလတိုဘတ်ဂျက်ကာလတွင် ကန်ဒေါ်လာ ၆၀ဝ၆ ဒသမ ၄၇၄ ကုန်သွယ်ခဲ့ ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း  တရုတ်ဘက်သို့ အမေရိကန်ဒေါ်လာ၅၀၃၅ ဒသမ ၃၅၉ သန်းတင်ပို့ခဲ့ကာ၊ တရုတ်မှ အမေရိကန်ဒေါ်လာ ၆၃၇၂ ဒသမ ၂၂၈ သန်းဖိုးပြန်လည်တင်သွင်းခဲ့ရာ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ (၁၁၃၆၃ဒသမ၅၈၇  သန်း) စုစုပေါင်း ကုန်သွယ်ခဲ့ပြီး ကုန် သွယ်ရေး လိုငွေ တစ်ဘီလျံ ကျော် ( ၁၃၃၇ သန်း) ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။
    
PWA
Photo Credit:facebook
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆ 

(  Zawgyi  )

 ျမန္မာႏိုင္ငံႏွင့္ အဓိကကုန္သြယ္ဘက္ ႏိုင္ငံျဖစ္သည့္ တ႐ုတ္ႏွင့္ ကုန္သြယ္မႈပမာဏမွာ သုံးလ အတြင္း အေမရိကန္ေဒၚလာ သုံးဘီလ်ံေက်ာ္ရွိခဲ့ၿပီး ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ အေမရိကန္ေဒၚလာ သန္း၆၀ေက်ာ္ ျဖစ္ေပၚခဲ့ ေၾကာင္း ေဖေဖၚဝါရီ ပထမအပတ္က ထုတ္ျပန္ ခဲ့သည့္ ကုန္သြယ္ေရးဦးစီးဌာန၏စာရင္းအခ်က္အလက္ မ်ားအရ သိရပါတယ္။

“ ကုန္တင္ပို႔မႈက ပုံမွန္ဆို ျမန္မာဘက္က ထြက္သမွ် တ႐ုတ္ကဆြဲေနတာ။ ၿပီးခဲ့တဲ့ႏွစ္က နယ္စပ္ ျပႆနာ ေတြ ၊ လက္နက္ကိုင္ေတြ တိုက္ခိုက္မႈေတြေၾကာင့္ ကုန္သြယ္ေရးက်တယ္။ ေရွ႕လေတြ က ျပန္ေကာင္းလာေပမယ့္ ေနာက္လေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာေၾကာင့္ ျပန္က်မွာ။ အခုထိ ဂိတ္ေတြက ေသေသခ်ာခ်ာ မလုပ္ရေသးဘူး။ ဒီဘက္မွာက ကုန္ေတြ ပုံေနၿပီ။ ဟိုဘက္က ေပးတဲ့ ေဈးနဲ႔ ေရာင္းရမယ့္ အေျခအေနဘဲ”လို႔ သစ္သီးတင္ပို႔သူတစ္ဦးက ဆိုပါတယ္။

ကုန္သြယ္ေရးဦးစီးဌာန၏ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္ သြင္းကုန္ ကုန္သြယ္မႈ စာရင္း အခ်က္အလက္မ်ားအရ ဒီဇင္ဘာလကုန္အထိ  ျမန္မာမွ တ႐ုတ္ဘက္သို႔ ကုန္ပမာဏ ကန္ေဒၚလာ ၁၆၉၃ ဒသမ ၉၀၅ သန္း တင္ပို႔ႏိုင္ခဲ့ၿပီး တ႐ုတ္ဘက္မွ ျမန္မာဘက္သို႔ ကန္ေဒၚလာ ၁၆၃၂ ဒသမ ၃၈၈  သန္းျပန္လည္ တင္ပို႔ခဲ့သျဖင့္ သုံးလတာကာလအတြင္း ကန္ေဒၚလာ ၃၃၂၆ ဒသမ ၂၉၃ သန္းကုန္သြယ္ႏိုင္ခဲ့ပါတယ္။

၅ ႏွစ္တာကာလအတြင္း ျမန္မာ- တ႐ုတ္ကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၇၀၃၃ ဒသမ ၁၂၅ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၉၇၁၂ ဒသမ ဝ၈၈ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၀၉၉၂ ဒသမ ၄၄၀ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၀၈၀၄ ဒသမ ၇၇၃ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၁၇၈၆  ဒသမ ၁၂၈သန္းႏွင့္ ကာလတိုဘတ္ဂ်က္ကာလတြင္ ကန္ေဒၚလာ ၆၀ဝ၆ ဒသမ ၄၇၄ ကုန္သြယ္ခဲ့ ၿပီး ၿပီးခဲ့သည့္ဘ႑ာႏွစ္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ အတြင္း  တ႐ုတ္ဘက္သို႔ အေမရိကန္ေဒၚလာ၅၀၃၅ ဒသမ ၃၅၉ သန္းတင္ပို႔ခဲ့ကာ၊ တ႐ုတ္မွ အေမရိကန္ေဒၚလာ ၆၃၇၂ ဒသမ ၂၂၈ သန္းဖိုးျပန္လည္တင္သြင္းခဲ့ရာ အေမရိကန္ ေဒၚလာ ၁၁ ဘီလ်ံ (၁၁၃၆၃ဒသမ၅၈၇  သန္း) စုစုေပါင္း ကုန္သြယ္ခဲ့ၿပီး ကုန္ သြယ္ေရး လိုေငြ တစ္ဘီလ်ံ ေက်ာ္ ( ၁၃၃၇ သန္း) ျဖစ္ေပၚခဲ့ေၾကာင္းသိရပါတယ္။
    
PWA
Photo Credit:facebook
ရန္ကုန္၊ ေဖေဖၚဝါရီ ၁၆