သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းသား ရုပ်အလောင်းတွေ့ရှိ

သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းသား ရုပ်အလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊  နရေဉ္ဇရာ(ဖောင်ကူး)မြစ်နဲ့ မြစ်သာမြစ်ဆုံမှာ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းမှ ကျောင်းသား တစ်ဦး ရေဆင်းကူးရာကနေ ရေနစ်ပျောက်ဆုံးနေပြီး ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က အောက်တိုဘာလ ၃၁ ရက်နေ့၊ ညနေ ၅ နာရီအချိန်လောက်မှာ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းမှ ကျောင်းသား ၇ ဦးက နေရဉ်္ဇရာ(ဖောင်ကူး)မြစ်နဲ့ မြစ်သာမြစ်ဆုံမှာ ရေဆင်းကူးခဲ့ရာကနေ ကျောင်းသားတစ်ဦး ရေနစ်ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းရရချင်းမှာပဲ ကလေးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးရေယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆)ဦးတို့မှ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အဲ့ဒီ ညပိုင်းကတည်းက ရေနစ်ပျောက်ဆုံးနေတဲ့ ကျောင်းသားကို ကူညီရှာဖွေခဲ့ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာတော့ ပျောက်ဆုံးနေတဲ့ ကျောင်းသားရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို ကလေးမြို့၊ ပုညကုသလနာရေးကူညီမှုယာဉ်နဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ နိုဝင်ဘာ ၁

ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့

(  Zawgyi  )

 စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္၊  နေရၪၨရာ(ေဖာင္ကူး)ျမစ္နဲ႔ ျမစ္သာျမစ္ဆုံမွာ သူနာျပဳႏွင့္ သားဖြား သင္တန္းေက်ာင္းမွ ေက်ာင္းသား တစ္ဦး ေရဆင္းကူးရာကေန ေရနစ္ေပ်ာက္ဆုံးေနၿပီး ဒီကေန႔ ႏိုဝင္ဘာလ ၁ ရက္ေန႔မွာ ႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္က ေအာက္တိုဘာလ ၃၁ ရက္ေန႔၊ ညေန ၅ နာရီအခ်ိန္ေလာက္မွာ သူနာျပဳႏွင့္ သားဖြားသင္တန္း ေက်ာင္းမွ ေက်ာင္းသား ၇ ဦးက ေနရဥ္ၨရာ(ေဖာင္ကူး)ျမစ္နဲ႔ ျမစ္သာျမစ္ဆုံမွာ ေရဆင္းကူးခဲ့ရာကေန ေက်ာင္းသားတစ္ဦး ေရနစ္ေပ်ာက္ဆုံးခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သတင္းရရခ်င္းမွာပဲ ကေလးၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးေရယာဥ္(၂)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္(၆)ဦးတို႔မွ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္းၿပီး အဲ့ဒီ ညပိုင္းကတည္းက ေရနစ္ေပ်ာက္ဆုံးေနတဲ့ ေက်ာင္းသားကို ကူညီရွာေဖြခဲ့ၾကတာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

ဒီကေန႔ မနက္ပိုင္း ၉ နာရီေလာက္မွာေတာ့ ေပ်ာက္ဆုံးေနတဲ့ ေက်ာင္းသားရဲ႕ ႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ႐ုပ္အေလာင္းကို ကေလးၿမိဳ႕၊ ပုညကုသလနာေရးကူညီမႈယာဥ္နဲ႔ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ႏိုဝင္ဘာ ၁

ဓာတ္ပုံ- မီးသတ္တပ္ဖြဲ႕