သံဃာအပါးသုံးသောင်းဆွမ်းလောင်းပွဲအတွက် လုပ်အားဒါနကုသိုလ်ပြုလိုသူများ ဖိတ်ခေါ်ထား

သံဃာအပါးသုံးသောင်းဆွမ်းလောင်းပွဲအတွက် လုပ်အားဒါနကုသိုလ်ပြုလိုသူများ ဖိတ်ခေါ်ထား

မန္တလေးမြို့မှာကျင်းပမယ့် သံဃာအပါးသုံးသောင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ  လုပ်အားဒါနကုသိုလ်ပြုပါဝင်လိုသူတွေအနေနဲ့ သက်ဆိုင်ရာပွဲ ကျင်းပ ရေးဆပ်ကော်မတီနဲ့ ဆက်သွယ်စာရင်းပေးသွင်းကြဖို့ ကော်မတီကဖိတ်ခေါ်ထားပါတယ်။

"လုပ်အားဒါနပြုခွင့်ကြုံတဲ့အခိုက် အသင်းအဖွဲ့တွေက ပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်တာပါ၊ နှစ်တိုင်းလည်းဒီလိုပဲလုပ်အားဒါနပြုလိုသူတွေကို ဖိတ်ခေါ်ပြီးသင်တန်းပေးခဲ့ပါတယ်၊ အခုနှစ်ကသံဃာအပါး ၃၀၀၀၀ ဆိုတော့ လုပ်အားဒါန ပိုလိုအပ်လာပါတယ် "လို့ ပွဲတော်ကျင်းပရေးကော်မတီ၊ လူငယ်များလေ့ကျင့်ပေးရေး နှင့် လှူဖွယ်ပစ္စည်းများစီစဉ်ရေးဆပ်ကော်မတီဥက္ကဌဦးမျိုးဝင်းနိုင်ကပြောပါတယ်။

မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာအပါး ၃၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ လူမှုရေးအသင်းအဖွဲ့တွေအနေနဲ့ရော လုပ်အားဒါန ကုသိုလ် ပါဝင်နိုင်ဖို့ ကော်မတီကဖိတ်ခေါ်ထားတာပါ။"ဒီနှစ်က သံဃာအပါးရေများလာတော့ လုပ်အားပေးလည်းများမှဖြစ်မယ်၊ လူခြောက်ထောင်လောက် မှန်းထားတယ်၊ စည်းကမ်းတကျနဲ့လက်တွဲဆောင် ရွက်လိုစိတ်ရှိသူတွေကိုဖိတ်ခေါ်ပါတယ်၊ ဒီဇင်ဘာ ၂ ရက်နေ့မှာ သင်တန်းသားဟောင်းတွေ ကိုပြန်လေ့ကျင့်ပေးမယ်၊ နောက်တစ်နေ့ကျတော့ ဒီနှစ်အတွက်လုပ်အားပေးဖို့စာရင်းသွင်းထားသူတွေကိုသင်တန်းပေးမယ်၊ ၄ ရက်နေ့ကျတော့ အားလုံးပေါင်းပြီးအုပ်စုခွဲလေ့ကျင့်ကြမှာပါ "လို့လည်း ၎င်းကပြောပါတယ်။

သင်တန်းမှာ ဓမ္မကာယထိုင်းအဖွဲ့ကဆရာတော်တွေနဲ့နည်းပြတွေကသင်ကြားပေးသွားမှာဖြစ်ပြီး ပို့ချပေးသွားမှာတွေကတော့ ပေါင်းစည်း ပြီးအလုပ် လုပ်တတ်တဲ့အလေ့အကျင့်၊ နေရာထိုင်ခင်းခင်းကျင်းပုံနည်းလမ်းများ၊ သန့်ရှင်းရေးဆောင်ရွက်ပုံနည်းလမ်းများ၊ ထိုင်ခုံချပုံချနည်း၊ လှူဖွယ်ပစ္စည်း လောင်းလှူပုံလောင်းလှူနည်းတို့အပြင် အသေးစိတ်သင်ခန်းစာတွေပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

ပထမအကြိမ် သံဃာအပါး ၁၀၀၀၀ ဆွမ်းလောင်းပွဲတုန်းက လုပ်အားဒါနကုသိုလ်ပြုကြသူတစ်ထောင်ခန့်၊ ဒုတိယအကြိမ် သံဃာအပါး ၂၀၀၀၀ ဆွမ်း လောင်းလှူပွဲတုန်းက သုံးထောင်ခန့်ပူးပေါင်းပါဝင်ခဲ့ကြပြီး အခုတတိယအကြိမ်အတွက် လုပ်အားဒါနကုသိုလ်ပြုလိုသူတွေအနေနဲ့  လုပ်အားဒါနနဲ့ကုသိုလ်ပြုပါဝင်လိုရင်တော့  မန္တလေး ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားက မြို့လယ်ဓမ္မာရုံ(ဖုန်းနံပါတ် ၀၉၇၆၇၂၀၆၆၈၈၊  ၀၉၇၆၇၂၀၆၆၉၉)နဲ့ ဦးမျိုးဝင်းနိုင်(ဖုန်းနံပါတ်  ၀၉၆၆၂၀၀၉၅၅)၊ ဦးအောင်ထွေး(၀၉၇၆၇၂၀၆၆၆၇)၊ ဦးလှဖုန်း(ဖုန်းနံပါတ် ၀၉၇၆၇၂၀၆၆၆၆၉) တို့ဆီဆက်သွယ်ရမှာဖြစ်တယ်လို့လည်း ၎င်းကပြောပါတယ်။

မြန်မာနဲ့ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး၊ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက်ရည်ရွယ်တဲ့ သံဃာအပါး သုံးသောင်းဆွမ်း ဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားကို လာမယ့်ဒီဇင်ဘာလ ၈ ရက်နေ့မှာ မန္တလေး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းအတွင်း ကျင်းပပြုလုပ် သွား မှာဖြစ်ပြီး ဒီအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းတို့ပူးပေါင်းစီစဉ်ကြ တာပါ။

KT                                          
မန္တလေး နိုဝင်ဘာ ၁၉

(  Zawgyi  )

 မႏၲေလးၿမိဳ႕မွာက်င္းပမယ့္ သံဃာအပါးသုံးေသာင္းဆြမ္းဆန္စိမ္းေလာင္းလႉပြဲမွာ  လုပ္အားဒါနကုသိုလ္ျပဳပါဝင္လိုသူေတြအေနနဲ႔ သက္ဆိုင္ရာပြဲ က်င္းပ ေရးဆပ္ေကာ္မတီနဲ႔ ဆက္သြယ္စာရင္းေပးသြင္းၾကဖို႔ ေကာ္မတီကဖိတ္ေခၚထားပါတယ္။

"လုပ္အားဒါနျပဳခြင့္ႀကဳံတဲ့အခိုက္ အသင္းအဖြဲ႕ေတြက ပူးေပါင္းပါဝင္ၾကဖို႔ဖိတ္ေခၚတာပါ၊ ႏွစ္တိုင္းလည္းဒီလိုပဲလုပ္အားဒါနျပဳလိုသူေတြကို ဖိတ္ေခၚၿပီးသင္တန္းေပးခဲ့ပါတယ္၊ အခုႏွစ္ကသံဃာအပါး ၃၀၀၀၀ ဆိုေတာ့ လုပ္အားဒါန ပိုလိုအပ္လာပါတယ္ "လို႔ ပြဲေတာ္က်င္းပေရးေကာ္မတီ၊ လူငယ္မ်ားေလ့က်င့္ေပးေရး ႏွင့္ လႉဖြယ္ပစၥည္း မ်ား စီစဥ္ေရး ဆပ္ေကာ္မတီဥကၠဌဦးမ်ိဳးဝင္းႏိုင္ကေျပာပါတယ္။

ျမန္မာ-ထိုင္းခ်စ္ၾကည္ေရး သံဃာအပါး ၃၀၀၀၀ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲမွာ လူမႈေရးအသင္းအဖြဲ႕ေတြအေနနဲ႔ေရာ လုပ္အားဒါန ကုသိုလ္ ပါဝင္ႏိုင္ဖို႔ ေကာ္မတီကဖိတ္ေခၚထားတာပါ။"ဒီႏွစ္က သံဃာအပါးေရမ်ားလာေတာ့ လုပ္အားေပးလည္းမ်ားမွျဖစ္မယ္၊ လူေျခာက္ေထာင္ေလာက္ မွန္းထားတယ္၊ စည္းကမ္းတက်နဲ႔လက္တြဲေဆာင္ ႐ြက္လိုစိတ္ရွိသူေတြကိုဖိတ္ေခၚပါတယ္၊ ဒီဇင္ဘာ ၂ ရက္ေန႔မွာ သင္တန္းသားေဟာင္းေတြ ကိုျပန္ေလ့က်င့္ေပးမယ္၊ ေနာက္တစ္ေန႔က်ေတာ့ ဒီႏွစ္အတြက္လုပ္အားေပးဖို႔စာရင္းသြင္းထားသူေတြကိုသင္တန္းေပးမယ္၊ ၄ ရက္ေန႔က်ေတာ့ အားလုံးေပါင္းၿပီးအုပ္စုခြဲေလ့က်င့္ၾကမွာပါ "လို႔လည္း ၎ကေျပာပါတယ္။

သင္တန္းမွာ ဓမၼကာယထိုင္းအဖြဲ႕ကဆရာေတာ္ေတြနဲ႔နည္းျပေတြကသင္ၾကားေပးသြားမွာျဖစ္ၿပီး ပို႔ခ်ေပးသြားမွာေတြကေတာ့ ေပါင္းစည္း ၿပီးအလုပ္ လုပ္တတ္တဲ့အေလ့အက်င့္၊ ေနရာထိုင္ခင္းခင္းက်င္းပုံနည္းလမ္းမ်ား၊ သန႔္ရွင္းေရးေဆာင္႐ြက္ပုံနည္းလမ္းမ်ား၊ ထိုင္ခုံခ်ပုံခ်နည္း၊ လႉဖြယ္ပစၥည္း ေလာင္းလႉပုံေလာင္းလႉနည္းတို႔အျပင္ အေသးစိတ္သင္ခန္းစာေတြပါဝင္မွာျဖစ္တယ္လို႔သိရပါတယ္။

ပထမအႀကိမ္ သံဃာအပါး ၁၀၀၀၀ ဆြမ္းေလာင္းပြဲတုန္းက လုပ္အားဒါနကုသိုလ္ျပဳၾကသူတစ္ေထာင္ခန႔္၊ ဒုတိယအႀကိမ္ သံဃာအပါး ၂၀၀၀၀ ဆြမ္း ေလာင္းလႉပြဲတုန္းက သုံးေထာင္ခန႔္ပူးေပါင္းပါဝင္ခဲ့ၾကၿပီး အခုတတိယအႀကိမ္အတြက္ လုပ္အားဒါနကုသိုလ္ျပဳလိုသူေတြအေနနဲ႔  လုပ္အားဒါနနဲ႔ကုသိုလ္ျပဳပါဝင္လိုရင္ေတာ့  မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ၈၄ လမ္း၊ ၃၁ လမ္းနဲ႔ ၃၂ လမ္းၾကားက ၿမိဳ႕လယ္ဓမၼာ႐ုံ(ဖုန္းနံပါတ္ ၀၉၇၆၇၂၀၆၆၈၈၊  ၀၉၇၆၇၂၀၆၆၉၉)နဲ႔ ဦးမ်ိဳးဝင္းႏိုင္(ဖုန္းနံပါတ္  ၀၉၆၆၂၀၀၉၅၅)၊ ဦးေအာင္ေထြး(၀၉၇၆၇၂၀၆၆၆၇)၊ ဦးလွဖုန္း(ဖုန္းနံပါတ္ ၀၉၇၆၇၂၀၆၆၆၆၉) တို႔ဆီဆက္သြယ္ရမွာျဖစ္တယ္လို႔လည္း ၎ကေျပာပါတယ္။

ျမန္မာနဲ႔ထိုင္း ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး၊ ဗုဒၶသာသနာထြန္းကားျပန႔္ပြားေရးအတြက္ရည္႐ြယ္တဲ့ သံဃာအပါး သုံးေသာင္းဆြမ္း ဆန္စိမ္းေလာင္းလႉပြဲ အခမ္း အနားကို လာမယ့္ဒီဇင္ဘာလ ၈ ရက္ေန႔မွာ မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ခ်မ္းျမသာစည္ေလယာဥ္ကြင္းေဟာင္းအတြင္း က်င္းပျပဳလုပ္ သြား မွာျဖစ္ၿပီး ဒီအခမ္းအနားကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ မႏၲေလးတိုင္း ေဒသႀကီး အစိုးရအဖြဲ႕နဲ႔ ထိုင္းႏိုင္ငံ ဓမၼကာယေဖာင္ေဒးရွင္းတို႔ပူးေပါင္းစီစဥ္ၾက တာပါ။

KT                                          
မႏၲေလး ႏိုဝင္ဘာ ၁၉