အင်းတော်မြို့နယ်တွင် မော်တော်ယာဉ် စပယ်ယာဘီးအတွင်း သိုဝှက်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းမိ

အင်းတော်မြို့နယ်တွင် မော်တော်ယာဉ် စပယ်ယာဘီးအတွင်း သိုဝှက်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းမိ

အင်းတော်မြို့နယ်တွင် နိုဝင်ဘာလ ၂၁ ရက်နေ့က မော်တော်ယာဉ် စပယ်ယာဘီးအတွင်း သိုဝှက်သယ်ဆောင် လာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၆) ကသာ မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ စင့်ဟောင့်ကျေးရွာအနီး၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းတွင် အင်းတော်မြို့ဘက်မှ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာနေသူများ ဖြစ်သည့် ရှီကျုံဝှမ် (ခ)အားကျုံး ၂၇ နှစ်မောင်းနှင်ပြီး ဟန်ဝင်းအောင်(ခ)ဖန့်သီး ၂၇ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်စပယ်ယာဘီးအတွင်း သိုဝှက်သယ်ဆောင်လာ သော ဘိန်းဆီခဲ ၇.၅ ကီလို၊ ICE ၂.၇ ကီလို နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများကို အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါး များ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ဆက်စပ်ပတ်သက်သူများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိတယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
အင်းတော်၊ နိုဝင်ဘာ ၂၂

(  Zawgyi  )

 အင္းေတာ္ၿမိဳ႕နယ္တြင္ ႏိုဝင္ဘာလ ၂၁ ရက္ေန႔က ေမာ္ေတာ္ယာဥ္ စပယ္ယာဘီးအတြင္း သိုဝွက္သယ္ေဆာင္ လာသည့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့တယ္လို႔ မူးယစ္ ေဆးဝါးတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕မွ သတင္း ထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၂၁ ရက္ မြန္းလြဲ ၃ နာရီ အခ်ိန္ခန႔္တြင္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု (၆) ကသာ မွ တပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ အင္းေတာ္ၿမိဳ႕နယ္၊ စင့္ေဟာင့္ေက်း႐ြာအနီး၊ ေ႐ႊဘို-ျမစ္ႀကီးနားသြားကားလမ္းတြင္ အင္းေတာ္ၿမိဳ႕ဘက္မွ လားရႈိးၿမိဳ႕နယ္၊ မိုင္းေယာ္ေက်း႐ြာေနသူမ်ား ျဖစ္သည့္ ရွီက်ဳံဝွမ္ (ခ)အားက်ဳံး ၂၇ ႏွစ္ေမာင္းႏွင္ၿပီး ဟန္ဝင္းေအာင္(ခ)ဖန႔္သီး ၂၇ ႏွစ္ စီးနင္းလိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြရာ ေမာ္ေတာ္ယာဥ္စပယ္ယာဘီးအတြင္း သိုဝွက္သယ္ေဆာင္လာ ေသာ ဘိန္းဆီခဲ ၇.၅ ကီလို၊ ICE ၂.၇ ကီလို ႏွင့္ လက္ကိုင္ဖုန္း ၁ လုံးတို႔အား သိမ္းဆည္းရမိခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖမ္းဆီးရမိသူမ်ားကို အင္းေတာ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာေဆးဝါး မ်ား ဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူခဲ့ၿပီး ဆက္စပ္ပတ္သက္သူမ်ား ဖမ္းဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးလွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
အင္းေတာ္၊ ႏိုဝင္ဘာ ၂၂