အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်မည့် စနစ်အား စမ်းသပ်ကျင့်သုံးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်မည့် စနစ်အား စမ်းသပ်ကျင့်သုံးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်  ပြောကြား

အဆောက်အအုံများ ဆောက်လုပ်ခွင့်ကိုအွန်လိုင်းမှလျှောက်ထားနိုင်မည့်စနစ်အား စမ်းသပ်ကျင့်သုံးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ သြဂုတ် ၉ ရက်၊နံနက်ပိုင်းအချိန်က မြို့တော်ခန်းမမှာပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ အဆောက်အအုံများဆောက်လုပ်ခွင့် ကို အွန်လိုင်းမှလျှောက်ထားနိုင်သည့် စနစ်စမ်းသပ်ကျင့်သုံးမည့် အစီအစဉ်မိတ်ဆက်ခြင်း အခမ်းအနားမှာတိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့တာပါ။

ယင်းစနစ်ကို အဆောက်အဦးဆောက်လုပ်ခွင့် ပါမစ်များလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ ပထမဦးဆုံးစမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆောက်အဦးဆောက်လုပ်ခွင့် ပါမစ်ရပြီးသည့် နောက်ပိုင်းတွင်လည်း အဆောက်အဦးများ၏ ဆောက်လုပ်နေမှု၊ အဆောက်အဦပြီးစီးမှု၊လူနေထိုင်ခွင့်ရသည် အထိ ဆက်လက်လုပ်ဆောင်နိုင်ရန်  ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒါ့အပြင် ယင်းအခြေအနေများ အောင်မြင်ထမြောက်ရန် အတွက် ရန်ကုန်မြို့၏ အဆောက်အဦး ဆောက်လုပ်ခွင့်ပါမစ် စနစ်တစ်ခုအား ယခုကဲ့သို့ ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်း၊ ယင်းစနစ်ကို pilot project တစ်ခုလို စမ်းသပ်ကျင့်သုံးမှာဖြစ်ပြီး စမ်းသပ်ကျင့်သုံးမှု အောင်မြင်ခဲ့ ပါက ဆောင်ရွက်၍ရသော ပြောင်းလဲသင့်သော အနေအထားများကို စမ်းသပ်ကာလ အတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် သွားမှာဖြစ် တယ်လို့လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကဆက်လက်ပြောကြားခဲ့ပါတယ်။

“အဆောက်အဦးတွေ ဆောက်လုပ်ရေးဟာ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ အဆောက် အဦးဆောက်လုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်။ အဆောက်အဦတွေကို ဆောက်လုပ်ဖို့ အတွက် ရုန်းကန်ကြိုးပမ်း ဆောင်ရွက်တဲ့ နေရာတွေမှာအချိန်တွေ ကြန့်ကြာနေတယ်ဆိုတဲ့အနေအထားတွေ၊ အမျိုးမျိုးတင်ပြနေတဲ့အသံတွေကို ကြားရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် မြို့တော်စည်ပင်သာယာရေး ကော်မတီဘက်ကနေ ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တွေကို ကြည့်မယ် ဆိုရင် အလွန်အင်မတန် ရိုးရှင်းပါတယ်။ အလွန်အင်မတန်လွန်ကူပါတယ်။ ဒါတွေအားလုံးကို စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက် သွားမယ် ဆိုရင် ဘာမှ ခက်ခဲနိုင်စရာ မရှိပါဘူး။”လို့  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် က “ဒါဆိုရင် ကျွန်တော်တို့ ဘာကြောင့် ခက်ခဲနေတာလဲဆိုရင်တော့ ကျွန်တော်တို့ ရထားတဲ့နေရာတွေ၊ ဝယ်ယူထားတဲ့ မြေနေရာတွေမှာ အဆောက်အဦတွေ ဆောက်လုပ်တဲ့ နေရာတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ ပုံသဏ္ဍာန်တွေ၊ ကိုယ်လုပ်ချင်တဲ့ ပုံသဏ္ဍာန်တွေကို ဖြစ်နိုင်ဖို့အတွက် မြို့တော်စည်ပင် သာယာရဲ့ ဥပဒေတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြင်လွယ်ပြောင်းလွယ် ဖြစ်အောင် လာရောက် ညှိနှိုင်း ဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ အဆိုးဆုံး ဖြစ်ပါတယ်။ ဒါဟာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုမိန့်တွေကို လျှောက်ထားတဲ့ နေရာမှာ အခက်အခဲဆုံး ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးမျိုး ဝေဖန်မှုတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ လူတွေနဲ့ ဆောင်ရွက်ရတဲ့ ကိစ္စရပ် ဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ ဆက်ဆံမှု၊ ဝန်ထမ်းတွေနဲ့ အခြေအနေ အကြောင်းကြောင်း တွေကြောင့် မပြေလည်မှု ကိစ္စရပ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

 ဒါပေမယ့် အဓိကဖြစ်ပေါ်နေတဲ့ ကိစ္စရပ်က မြို့တော်စည်ပင် သာယာရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောက်လုပ်ခွင့် ပါမစ်တွေကို ဝင်လျှောက်မယ်ဆိုရင် ဘာမှ ခက်ခဲမှုမရှိနိုင်ပါဘူး။ အခုတော့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ဆောင်ရွက်ဖို့ အတွက် ကမ္ဘာ့ဘဏ်တွေရဲ့ အကူအညီ၊ (IFC) ရဲ့ အကူအညီ၊ မိတ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အွန်လိုင်း စနစ်ကနေ ဆောက်လုပ်ခွင့်ကို ဆောင်ရွက်မယ်ဆိုတာ ဒါ အလွန်ဝမ်းသာစရာ ကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။”လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရခိုင်လူမျိုး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ စည်ပင်သာယာရေး ကော်မတီဝင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၉
ဓါတ်ပုံ - ရန်ကုန်တိုင်းအစိုးရအဖွဲ့

(  Zawgyi  )

 အေဆာက္အအုံမ်ား ေဆာက္လုပ္ခြင့္ကိုအြန္လိုင္းမွေလွ်ာက္ထားႏိုင္မည့္စနစ္အား စမ္းသပ္က်င့္သုံးသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ၾသဂုတ္ ၉ ရက္၊နံနက္ပိုင္းအခ်ိန္က ၿမိဳ႕ေတာ္ခန္းမမွာျပဳလုပ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ အေဆာက္အအုံမ်ားေဆာက္လုပ္ခြင့္ ကို အြန္လိုင္းမွေလွ်ာက္ထားႏိုင္သည့္ စနစ္စမ္းသပ္က်င့္သုံးမည့္ အစီအစဥ္မိတ္ဆက္ျခင္း အခမ္းအနားမွာတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က အထက္ပါအတိုင္းေျပာၾကားခဲ့တာပါ။

ယင္းစနစ္ကို အေဆာက္အဦးေဆာက္လုပ္ခြင့္ ပါမစ္မ်ားလြယ္ကူစြာ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ မွ ပထမဦးဆုံးစမ္းသပ္ေဆာင္႐ြက္ျခင္းျဖစ္ၿပီး အေဆာက္အဦးေဆာက္လုပ္ခြင့္ ပါမစ္ရၿပီးသည့္ ေနာက္ပိုင္းတြင္လည္း အေဆာက္အဦးမ်ား၏ ေဆာက္လုပ္ေနမႈ၊ အေဆာက္အဦၿပီးစီးမႈ၊လူေနထိုင္ခြင့္ရသည္ အထိ ဆက္လက္လုပ္ေဆာင္ႏိုင္ရန္  ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။

ဒါ့အျပင္ ယင္းအေျခအေနမ်ား ေအာင္ျမင္ထေျမာက္ရန္ အတြက္ ရန္ကုန္ၿမိဳ႕၏ အေဆာက္အဦး ေဆာက္လုပ္ခြင့္ပါမစ္ စနစ္တစ္ခုအား ယခုကဲ့သို႔ ထုတ္ျပန္ ေၾကညာျခင္းျဖစ္ေၾကာင္း၊ ယင္းစနစ္ကို pilot project တစ္ခုလို စမ္းသပ္က်င့္သုံးမွာျဖစ္ၿပီး စမ္းသပ္က်င့္သုံးမႈ ေအာင္ျမင္ခဲ့ ပါက ေဆာင္႐ြက္၍ရေသာ ေျပာင္းလဲသင့္ေသာ အေနအထားမ်ားကို စမ္းသပ္ကာလ အတြင္း ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္ သြားမွာျဖစ္ တယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကဆက္လက္ေျပာၾကားခဲ့ပါတယ္။

“အေဆာက္အဦးေတြ ေဆာက္လုပ္ေရးဟာ ရန္ကုန္ၿမိဳ႕ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အေရးႀကီးတဲ့ က႑တစ္ခုျဖစ္ပါတယ္။ အေဆာက္ အဦးေဆာက္လုပ္တဲ့ေနရာမွာ အခက္အခဲေတြ ရွိတယ္။ အေဆာက္အဦေတြကို ေဆာက္လုပ္ဖို႔ အတြက္ ႐ုန္းကန္ႀကိဳးပမ္း ေဆာင္႐ြက္တဲ့ ေနရာေတြမွာအခ်ိန္ေတြ ၾကန႔္ၾကာေနတယ္ဆိုတဲ့အေနအထားေတြ၊ အမ်ိဳးမ်ိဳးတင္ျပေနတဲ့အသံေတြကို ၾကားရမွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီဘက္ကေန ေရးဆြဲျပဌာန္းထားတဲ့ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ထုံးလုပ္နည္း ေတြကို ၾကည့္မယ္ ဆိုရင္ အလြန္အင္မတန္ ႐ိုးရွင္းပါတယ္။ အလြန္အင္မတန္လြန္ကူပါတယ္။ ဒါေတြအားလုံးကို စနစ္တက် လိုက္နာက်င့္သုံး ေဆာင္႐ြက္ သြားမယ္ ဆိုရင္ ဘာမွ ခက္ခဲႏိုင္စရာ မရွိပါဘူး။”လို႔  ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ က “ဒါဆိုရင္ ကြၽန္ေတာ္တို႔ ဘာေၾကာင့္ ခက္ခဲေနတာလဲဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ရထားတဲ့ေနရာေတြ၊ ဝယ္ယူထားတဲ့ ေျမေနရာေတြမွာ အေဆာက္အဦေတြ ေဆာက္လုပ္တဲ့ ေနရာတိုင္းမွာ ကိုယ္ျဖစ္ခ်င္တဲ့ ပုံသ႑ာန္ေတြ၊ ကိုယ္လုပ္ခ်င္တဲ့ ပုံသ႑ာန္ေတြကို ျဖစ္ႏိုင္ဖို႔အတြက္ ၿမိဳ႕ေတာ္စည္ပင္ သာယာရဲ႕ ဥပေဒေတြကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ျပင္လြယ္ေျပာင္းလြယ္ ျဖစ္ေအာင္ လာေရာက္ ညႇိႏႈိင္း ေဆာင္႐ြက္ေနတဲ့ ကိစၥေတြဟာ အဆိုးဆုံး ျဖစ္ပါတယ္။ ဒါဟာ ၿမိဳ႕ေတာ္စည္ပင္သာယာရဲ႕ ခြင့္ျပဳမိန႔္ေတြကို ေလွ်ာက္ထားတဲ့ ေနရာမွာ အခက္အခဲဆုံး ကိစၥတစ္ခု ျဖစ္ပါတယ္။ ဒီေနရာမွာ အမ်ိဳးမ်ိဳး ေဝဖန္မႈေတြ ရွိပါတယ္။ ဒါေတြနဲ႔ ပတ္သက္ရင္ ကြၽန္ေတာ္တို႔ လူေတြနဲ႔ ေဆာင္႐ြက္ရတဲ့ ကိစၥရပ္ ျဖစ္တဲ့အတြက္ ဝန္ထမ္းေတြရဲ႕ ဆက္ဆံမႈ၊ ဝန္ထမ္းေတြနဲ႔ အေျခအေန အေၾကာင္းေၾကာင္း ေတြေၾကာင့္ မေျပလည္မႈ ကိစၥရပ္ေတြလည္း ရွိေကာင္းရွိႏိုင္ပါတယ္။

 ဒါေပမယ့္ အဓိကျဖစ္ေပၚေနတဲ့ ကိစၥရပ္က ၿမိဳ႕ေတာ္စည္ပင္ သာယာေရး ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းေတြနဲ႔ အညီ ေဆာက္လုပ္ခြင့္ ပါမစ္ေတြကို ဝင္ေလွ်ာက္မယ္ဆိုရင္ ဘာမွ ခက္ခဲမႈမရွိႏိုင္ပါဘူး။ အခုေတာ့ ကြၽန္ေတာ္တို႔ ျပဳျပင္ေျပာင္းလဲမႈ တစ္ရပ္ကို ေဆာင္႐ြက္ဖို႔ အတြက္ ကမာၻ႔ဘဏ္ေတြရဲ႕ အကူအညီ၊ (IFC) ရဲ႕ အကူအညီ၊ မိတ္ဘက္အဖြဲ႕အစည္းေတြရဲ႕ အကူအညီနဲ႔ အြန္လိုင္း စနစ္ကေန ေဆာက္လုပ္ခြင့္ကို ေဆာင္႐ြက္မယ္ဆိုတာ ဒါ အလြန္ဝမ္းသာစရာ ေကာင္းတဲ့ အေျခအေနတစ္ခု ျဖစ္ပါတယ္။”လို႔လည္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးလင္းႏိုင္ျမင့္၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ ရခိုင္လူမ်ိဳး တိုင္းရင္းသား ေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္၊ စည္ပင္သာယာေရး ေကာ္မတီဝင္မ်ားႏွင့္ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၉
ဓါတ္ပုံ - ရန္ကုန္တိုင္းအစိုးရအဖြဲ႕