အွန်လိုင်းရောင်းဝယ်မှုတွင် ဒေသထွက်ကုန်ထက် သွင်းကုန်များသာ အများဆုံးရောင်းဝယ်နေကြ

အွန်လိုင်းရောင်းဝယ်မှုတွင် ဒေသထွက်ကုန်ထက် သွင်းကုန်များသာ အများဆုံးရောင်းဝယ်နေကြ

ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ အွန်လိုင်းရောင်းဝယ်မှုတွေထဲ နယ်ဒေသအများစုက ရောင်းချသူတွေဟာ မိမိတို့ ဒေသထွက်ကုန်ထက် ပြည်ပသွင်းကုန်တွေကိုသာ အများဆုံးရောင်းချလေ့ရှိတယ်လို့ ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) မှာ ဒီကနေ့ (ဒီဇင်ဘာ ၁၈ ရက်) က ကျင်းပတဲ့ "ကျေးလက်ဒေသ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး" ဆွေးနွေးပွဲကနေ သိရပါတယ်။

"ကျွန်တော်တို့ မထင်ထားတဲ့ မြို့နယ်အသေးလေးတွေတောင်မှ တွင်တွင်ကျယ်ကျယ် ရောင်းလာတာ တွေ့ရတယ်၊ အများစုဟာ သူတို့နဲ့ နီးစပ်တဲ့ ဖေ့ဘွတ်ပေါ်ကနေ အများဆုံး ရောင်းကြတယ်၊ ရောင်းမယ့်ကုန်ကို border Trade ကနေ သွင်းလာတယ်၊ ပြီးတော့ ဓာတ်ပုံရိုက်တင်ပြီး ရောင်းတယ်၊ သူတို့ရဲ့ ပို့ဆောင်ခ တစ်ခါတစ်ခါရှင်းရင် သိန်းကို ဆယ်ဂဏန်းရှိတယ်၊ ရောင်းအားက မနည်းလှဘူး" လို့ မြန်မာ့စာတိုက်လုပ်ငန်းရဲ့ ကုန်စည်ပို့ဆောင်ရေးကိစ္စကို တာဝန်ယူဆွေးနွေးတဲ့ ဦးဖြိုးမြင့် က ပြောပါတယ်။

အဲ့ဒီလို ရောင်းချနေတဲ့သူတွေဟာ မိမိတို့ဒေသထွက်ကုန်တွေကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ်တင်ပြီး ရောင်းချကြပေမယ့် တွက်ခြေမကိုက်တာကြောင့် ပိုမိုအမြတ်အစွန်းရတဲ့ ပြည်ပသွင်းကုန်တွေကိုသာ အားထားရောင်းချတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

"Culture ကိုကလည်း အဲ့ဒီလိုဖြစ်နေတာလည်း ပါသလို သူတို့ ဒေသထွက်ကုန်တွေကို စိတ်ဝင်စားစရာဖြစ်အောင် ဓာတ်ပုံမရိုက်တတ်တာတွေလည်း ပါ ပါတယ်၊ အွန်လိုင်းကနေရောင်းမယ် မှာတဲ့ကုန်ကို စာတိုက်ကနေပို့မယ်၊ တကယ့်ကယ်တမ်း လုပ်နိုင်ရင် ဒေသထွက်ကုန်တွေအနေနဲ့ နိုင်ငံတကာဈေးကွက်ထဲအထိ ထိုးဖောက်နိုင်မယ့်အပြင် အများကြီးလည်း အကျိုးရှိပါတယ်" လို့ သူက ရှင်းပြပါတယ်။

ထိုကဲ့သို့သော အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်မှုတွေဟာ ရောင်းချသူနဲ့ ဝယ်ယူသူ တိုက်ရိုက်ဆက်သွယ်နိုင်တာကြောင့် ကြားခံပွဲစားတွေလည်း မလိုတဲ့အတွက် ကုန်ကျစရိတ်လည်း သက်သာကာ ဝယ်ယူသူဘက်ကလည်း သက်သာတဲ့နှုန်းမျိုးနဲ့ ခံစားနိုင်မယ့် အခြေအနေမျိုး ဖြစ်ကြောင်း၊ သို့သော်လည်း ရောင်းသူနဲ့ ဝယ်သူကြားမှာ ယုံကြည်မှုရစေဖို့ လိုအပ်သလို ဝယ်ယူသူဘက်က မှာယူထားစဉ် ရှိသင့်တဲ့ ကုန်ပစ္စည်းအရည်အသွေးမျိုးလည်းဖြစ်ဖို့ အရေးကြီးကြောင်း Pearl Nadi Group မှ ဦးသန်းဝင်းအောင် က အကြံပြုဆွေးနွေးပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပေါင်း ၃၂၅ မြို့နယ်မှာ Technology သုံးစွဲနိုင်တဲ့ စာတိုက်စခန်းပေါင်း ၇၈၄ ခု ရှိနေတာကြောင့် အွန်လိုင်းစနစ် အသုံးပြုကာ ရောင်းဝယ်တဲ့ စနစ်တွေအတွက် လုံလောက်သော လွှမ်းခြုံပို့ဆောင်နိုင်တဲ့ အခြေအနေကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ထိုဒေသထွက်ကုန်များကို အရည်အသွေးမြင့်မားအောင် ဖန်တီးထုတ်လုပ်ကာ အွန်လိုင်းမှ စနစ်တကျ ရောင်းချနိုင်တဲ့အခါ အကျိုးဒေသခံတွေအတွက် ထိရောက်တဲ့ အကျိုးကျေးဇူးတွေ ခံစားစေနိုင်မှာ ဖြစ်တာကြောင့် ပြည်တွင်း SME လုပ်ငန်း လုပ်ကိုင်သူတွေ အပါအဝင် အွန်လိုင်း ရောင်းဝယ်မှုတွေအတွက် ပါဝင်ပတ်သက် လုပ်ကိုင်သူတွေ အားလုံးကို ပညာပေးသွားဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

ထို "ကျေးလက်ဒေသ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ" ကိုတော့ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ နှစ်ရက်တိုင်အောင် ကျင်းပနေတာ ဖြစ်ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ျပည္တြင္းမွာ လုပ္ေဆာင္ေနတဲ့ အြန္လိုင္းေရာင္းဝယ္မႈေတြထဲ နယ္ေဒသအမ်ားစုက ေရာင္းခ်သူေတြဟာ မိမိတို႔ ေဒသထြက္ကုန္ထက္ ျပည္ပသြင္းကုန္ေတြကိုသာ အမ်ားဆုံးေရာင္းခ်ေလ့ရွိတယ္လို႔ ပို႔ကုန္သြင္းကုန္႐ုံး (ရန္ကုန္) မွာ ဒီကေန႔ (ဒီဇင္ဘာ ၁၈ ရက္) က က်င္းပတဲ့ "ေက်းလက္ေဒသ အီလက္ထေရာနစ္ ကူးသန္းေရာင္းဝယ္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရး" ေဆြးေႏြးပြဲကေန သိရပါတယ္။

"ကြၽန္ေတာ္တို႔ မထင္ထားတဲ့ ၿမိဳ႕နယ္အေသးေလးေတြေတာင္မွ တြင္တြင္က်ယ္က်ယ္ ေရာင္းလာတာ ေတြ႕ရတယ္၊ အမ်ားစုဟာ သူတို႔နဲ႔ နီးစပ္တဲ့ ေဖ့ဘြတ္ေပၚကေန အမ်ားဆုံး ေရာင္းၾကတယ္၊ ေရာင္းမယ့္ကုန္ကို border Trade ကေန သြင္းလာတယ္၊ ၿပီးေတာ့ ဓာတ္ပုံ႐ိုက္တင္ၿပီး ေရာင္းတယ္၊ သူတို႔ရဲ႕ ပို႔ေဆာင္ခ တစ္ခါတစ္ခါရွင္းရင္ သိန္းကို ဆယ္ဂဏန္းရွိတယ္၊ ေရာင္းအားက မနည္းလွဘူး" လို႔ ျမန္မာ့စာတိုက္လုပ္ငန္းရဲ႕ ကုန္စည္ပို႔ေဆာင္ေရးကိစၥကို တာဝန္ယူေဆြးေႏြးတဲ့ ဦးၿဖိဳးျမင့္ က ေျပာပါတယ္။

အဲ့ဒီလို ေရာင္းခ်ေနတဲ့သူေတြဟာ မိမိတို႔ေဒသထြက္ကုန္ေတြကို ဓာတ္ပုံ႐ိုက္ကာ အြန္လိုင္းေပၚတင္ၿပီး ေရာင္းခ်ၾကေပမယ့္ တြက္ေျခမကိုက္တာေၾကာင့္ ပိုမိုအျမတ္အစြန္းရတဲ့ ျပည္ပသြင္းကုန္ေတြကိုသာ အားထားေရာင္းခ်တဲ့ အေျခအေနမ်ိဳး ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

"Culture ကိုကလည္း အဲ့ဒီလိုျဖစ္ေနတာလည္း ပါသလို သူတို႔ ေဒသထြက္ကုန္ေတြကို စိတ္ဝင္စားစရာျဖစ္ေအာင္ ဓာတ္ပုံမ႐ိုက္တတ္တာေတြလည္း ပါ ပါတယ္၊ အြန္လိုင္းကေနေရာင္းမယ္ မွာတဲ့ကုန္ကို စာတိုက္ကေနပို႔မယ္၊ တကယ့္ကယ္တမ္း လုပ္ႏိုင္ရင္ ေဒသထြက္ကုန္ေတြအေနနဲ႔ ႏိုင္ငံတကာေဈးကြက္ထဲအထိ ထိုးေဖာက္ႏိုင္မယ့္အျပင္ အမ်ားႀကီးလည္း အက်ိဳးရွိပါတယ္" လို႔ သူက ရွင္းျပပါတယ္။

ထိုကဲ့သို႔ေသာ အြန္လိုင္းစနစ္ျဖင့္ ေရာင္းဝယ္မႈေတြဟာ ေရာင္းခ်သူနဲ႔ ဝယ္ယူသူ တိုက္႐ိုက္ဆက္သြယ္ႏိုင္တာေၾကာင့္ ၾကားခံပြဲစားေတြလည္း မလိုတဲ့အတြက္ ကုန္က်စရိတ္လည္း သက္သာကာ ဝယ္ယူသူဘက္ကလည္း သက္သာတဲ့ႏႈန္းမ်ိဳးနဲ႔ ခံစားႏိုင္မယ့္ အေျခအေနမ်ိဳး ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း ေရာင္းသူနဲ႔ ဝယ္သူၾကားမွာ ယုံၾကည္မႈရေစဖို႔ လိုအပ္သလို ဝယ္ယူသူဘက္က မွာယူထားစဥ္ ရွိသင့္တဲ့ ကုန္ပစၥည္းအရည္အေသြးမ်ိဳးလည္းျဖစ္ဖို႔ အေရးႀကီးေၾကာင္း Pearl Nadi Group မွ ဦးသန္းဝင္းေအာင္ က အႀကံျပဳေဆြးေႏြးပါတယ္။

ျမန္မာႏိုင္ငံမွာ ၿမိဳ႕ေပါင္း ၃၂၅ ၿမိဳ႕နယ္မွာ Technology သုံးစြဲႏိုင္တဲ့ စာတိုက္စခန္းေပါင္း ၇၈၄ ခု ရွိေနတာေၾကာင့္ အြန္လိုင္းစနစ္ အသုံးျပဳကာ ေရာင္းဝယ္တဲ့ စနစ္ေတြအတြက္ လုံေလာက္ေသာ လႊမ္းၿခဳံပို႔ေဆာင္ႏိုင္တဲ့ အေျခအေနေကာင္းေတြလည္း ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။

ထိုေဒသထြက္ကုန္မ်ားကို အရည္အေသြးျမင့္မားေအာင္ ဖန္တီးထုတ္လုပ္ကာ အြန္လိုင္းမွ စနစ္တက် ေရာင္းခ်ႏိုင္တဲ့အခါ အက်ိဳးေဒသခံေတြအတြက္ ထိေရာက္တဲ့ အက်ိဳးေက်းဇူးေတြ ခံစားေစႏိုင္မွာ ျဖစ္တာေၾကာင့္ ျပည္တြင္း SME လုပ္ငန္း လုပ္ကိုင္သူေတြ အပါအဝင္ အြန္လိုင္း ေရာင္းဝယ္မႈေတြအတြက္ ပါဝင္ပတ္သက္ လုပ္ကိုင္သူေတြ အားလုံးကို ပညာေပးသြားဖို႔လည္း လိုအပ္တယ္လို႔ သိရပါတယ္။

ထို "ေက်းလက္ေဒသ အီလက္ထေရာနစ္ ကူးသန္းေရာင္းဝယ္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆြးေႏြးပြဲ" ကိုေတာ့ ဒီဇင္ဘာ ၁၈ ရက္နဲ႔ ၁၉ ရက္တို႔မွာ ႏွစ္ရက္တိုင္ေအာင္ က်င္းပေနတာ ျဖစ္ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၈