ဦးမျိုးရန်နောင်သိမ်းအား ပါတီတာဝန်မှ ရပ်ဆိုင်းမည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဆို

ဦးမျိုးရန်နောင်သိမ်းအား ပါတီတာဝန်မှ ရပ်ဆိုင်းမည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဆို

NLDဗဟိုအလုပ်အမှုဆောင်ဗဟိုသုတေသနအတွင်းရေးမှူး ဦးမျိုးရန် နောင်သိမ်းအားပါတီ တာဝန် များမှ ရပ်ဆိုင်းသည့်ပစ်ဒဏ်ချမှတ်ရန်ဆုံးဖြတ်ကြောင်းNLDဗဟိုအလုပ်အမှုဆောင် ပြော ရေးဆိုခွင့် ရှိသူဒေါက်တာမျိုးညွှန့်က ယနေ့ ပြောကြားခဲ့ပါတယ်။

ယနေ့ညနေပိုင်းနေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)အတွင်းရှိအစည်းအဝေးဆောင်တွင်ပြုလုပ်သည် NLDဗဟိုအလုပ်အမှုဆောင်(CEC)အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။“ဗဟိုသုတေသန အတွင်းရေးမှူး ဦးမျိုးရန်နောင် သိမ်း အပေါ်စစ်ဆေးထားတာအတွက် အစီ ရင်ခံစာ တက်ပါတယ်။ ဒီအစီရင်ခံစာကို ဗဟိုအလုပ်အမှု ဆောင် အဖွဲ့က လက်ခံလိုက်အတည်ပြုလိုက် တဲ့အတွက် ဦးမျိုးရန်နောင်သိမ်းကို မိမိအားပေးအပ် ထားခြင်း မရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်ခြင်း အတွက် ပါတီစည်း ကမ်းအရအရေးယူပြီး ပါတီတာဝန်များကရပ်ဆိုင်း တဲ့ပြစ် ဒဏ်ချမှတ်ဖို့ဆုံးဖြတ် လိုက် ပါတယ်။

ဒါပါတီတွင်းကိစ္စတွေကိုတော့ အကျယ်မပြောတော့ပါဘူး။ ပါတီကပေးအပ်ထားခြင်း မရှိတဲ့ လုပ်ငန်း များကိုသွားရောက်ဆောင်ရွက်တဲ့ အတွက်ဒါလုပ်ပိုင်ခွင့်ကိုကျော်လွန် ဆောင်ရွက်တယ်ဆိုပြီး အရေးယူလိုက်တာ ဖြစ်ပါတယ်”ဟု NLD ဗဟိုအလုပ်အမှုဆောင် ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်မှသတင်းထောက်များအားပြောပါတယ်။

ယင်းအပြင် NLDဗဟိုအလုပ်အမှုဆောင်ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်မှ “နောက်ဆုံးဖြတ်ချက် တစ်ခု ကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးအောင်စိုးရဲ့ ပါတီမှနုတ်ထွက်လွှာတင်သွင်း ထားခြင်း ကို အခုအစည်း အဝေးကနေပြီးတော့ လက်ခံအတည်ပြုလိုက်ခြင်းဖြစ်ပါတယ်” လို့လည်းပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊သြဂုတ်-၁၈

(  Zawgyi  )





PTG
နေပြည်တော်၊သြဂုတ်-၁၈