၀င်ငွေခွန်ပြောင်းလဲသတ်မှတ်မှုအပြီး ကားအရောင်းစင်တာအချို့ ရောင်းချမှုခေတ္တဆိုင်းငံ့၍ အခြေအနေစောင့်ကြည့်နေ

၀င်ငွေခွန်ပြောင်းလဲသတ်မှတ်မှုအပြီး ကားအရောင်းစင်တာအချို့ ရောင်းချမှုခေတ္တဆိုင်းငံ့၍ အခြေအနေစောင့်ကြည့်နေ

ဝင်ငွေခွန်နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ နှုန်းထားသစ်တစ်ရပ်ကို လာမယ့် အောက်တိုဘာ ၁ ရက်မှ စတင် ကျင့်သုံးဖို့ စီစဉ်ထားလျက်ရှိရာ လက်ရှိကာလတွင် ကားအရောင်းစင်တာအချို့ ရောင်းချမှုခေတ္တဆိုင်းငံ့ကာ အခြေအနေစောင့်ကြည့်နေကြကြောင်း ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ကားရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်းတွေဆီက သိရပါတယ်။

ထိုသို့ အရောင်းအဝယ်ခေတ္တဆိုင်းငံ့ကာ အခြေအနေစောင့်ကြည့်တာမျိုးရှိပေမယ့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦစီးဌာနမှာ ကနဦးနံပါတ်ထုတ်ယူကာ လုပ်ဆောင်သူတွေတော့ ပုံမှန်အတိုင်းရှိနေကြတယ်လို့ သိရပါတယ်။

“အခုက ၃ ရာခိုင်နှုန်း အတည်ပြုလိုက်တာက အမည်ပေါက်ပြောင်းတာတော့ များလာနိုင်တယ်၊ လောလောဆယ်မှာက ဈေးကွက်ထဲမှာ စောင့်ကြည့်တဲ့သူတွေသာ များပြားပါတယ်၊ အရောင်းအဝယ်အနေနဲ့က စောင့်ကြည့်တဲ့ အနေအထားပေါ့၊ ဒီနေ့ဆိုရင် အရောင်းစင်တာတွေမှာ အော်ဒါမှာတာလည်း ယာယီပိတ်ထားတယ်၊ Brand New အရောင်းအနေနဲ့လည်း ယာယီဆိုင်းငံ့ထားတာ တွေ့ရတယ်၊ ဂျပန်တစ်ပတ်ရစ်တွေလည်း ဈေးကွက်စောင့်ကြည့်တဲ့ အနေအထားပါ” လို့ ဝါရင့်ဝယ်ရောင်းတစ်ဦးဖြစ်တဲ့ ကိုကျော်လင်း က ရှင်းပြပါတယ်။

ထိုဝင်ငွေခွန်သတ်မှတ်ချက်ဟာ အခွန်ရှောင်သူတွေအတွက် အခွင့်အလမ်းပေးတဲ့အနေနဲ့ လုပ်ဆောင်ပေးတယ်လို့လည်း သုံးသပ်ထားကြပြီး ဂျပန်ညာမောင်းသွင်းခွင့် ပိတ်ထားတာကြောင့် ဈေးကျနိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကာ ပွဲစားတွေက ဈေးမချဘဲ ရောင်းနေပေမယ့် Brand New တွေ ကျဆင်းတာနဲ့အတူ လိုက်ပါကာ ဈေးပြောင်းလဲနိုင်မယ့် အခြေအနေတွေရှိတယ်လို့ ကျွမ်းကျင်ဝယ်ရောင်းတွေက သုံးသပ်ထားကြပါတယ်။                                      

ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ - ၂၁

( Zawgyi )

ဝင္ေငြခြန္နဲ႔ပတ္သက္ၿပီး သတ္မွတ္ထားတဲ့ ႏႈန္းထားသစ္တစ္ရပ္ကို လာမယ့္ ေအာက္တိုဘာ ၁ ရက္မွ စတင္ က်င့္သုံးဖို႔ စီစဥ္ထားလ်က္ရွိရာ လက္ရွိကာလတြင္ ကားအေရာင္းစင္တာအခ်ိဳ႕ ေရာင္းခ်မႈေခတၱဆိုင္းငံ့ကာ အေျခအေနေစာင့္ၾကည့္ေနၾကေၾကာင္း ရန္ကုန္ၿမိဳ႕ လႈိင္ၿမိဳ႕နယ္ရွိ ကားေရာင္းဝယ္ေရးစခန္းမွ ဝယ္ေရာင္းေတြဆီက သိရပါတယ္။

ထိုသို႔ အေရာင္းအဝယ္ေခတၱဆိုင္းငံ့ကာ အေျခအေနေစာင့္ၾကည့္တာမ်ိဳးရွိေပမယ့္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦစီးဌာနမွာ ကနဦးနံပါတ္ထုတ္ယူကာ လုပ္ေဆာင္သူေတြေတာ့ ပုံမွန္အတိုင္းရွိေနၾကတယ္လို႔ သိရပါတယ္။

“အခုက ၃ ရာခိုင္ႏႈန္း အတည္ျပဳလိုက္တာက အမည္ေပါက္ေျပာင္းတာေတာ့ မ်ားလာႏိုင္တယ္၊ ေလာေလာဆယ္မွာက ေဈးကြက္ထဲမွာ ေစာင့္ၾကည့္တဲ့သူေတြသာ မ်ားျပားပါတယ္၊ အေရာင္းအဝယ္အေနနဲ႔က ေစာင့္ၾကည့္တဲ့ အေနအထားေပါ့၊ ဒီေန႔ဆိုရင္ အေရာင္းစင္တာေတြမွာ ေအာ္ဒါမွာတာလည္း ယာယီပိတ္ထားတယ္၊ Brand New အေရာင္းအေနနဲ႔လည္း ယာယီဆိုင္းငံ့ထားတာ ေတြ႕ရတယ္၊ ဂ်ပန္တစ္ပတ္ရစ္ေတြလည္း ေဈးကြက္ေစာင့္ၾကည့္တဲ့ အေနအထားပါ” လို႔ ဝါရင့္ဝယ္ေရာင္းတစ္ဦးျဖစ္တဲ့ ကိုေက်ာ္လင္း က ရွင္းျပပါတယ္။

ထိုဝင္ေငြခြန္သတ္မွတ္ခ်က္ဟာ အခြန္ေရွာင္သူေတြအတြက္ အခြင့္အလမ္းေပးတဲ့အေနနဲ႔ လုပ္ေဆာင္ေပးတယ္လို႔လည္း သုံးသပ္ထားၾကၿပီး ဂ်ပန္ညာေမာင္းသြင္းခြင့္ ပိတ္ထားတာေၾကာင့္ ေဈးက်ႏိုင္ဖြယ္မရွိဘူးလို႔ ခန႔္မွန္းကာ ပြဲစားေတြက ေဈးမခ်ဘဲ ေရာင္းေနေပမယ့္ Brand New ေတြ က်ဆင္းတာနဲ႔အတူ လိုက္ပါကာ ေဈးေျပာင္းလဲႏိုင္မယ့္ အေျခအေနေတြရွိတယ္လို႔ ကြၽမ္းက်င္ဝယ္ေရာင္းေတြက သုံးသပ္ထားၾကပါတယ္။                                      

ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ - ၂၁