“ပရဟိတ လူမှုကူညီရေးအသင်း” စာတန်းပါ ယာဉ်တစ်စီး ဘယ်ရီယာတုံးအား တိုက်မိပြီး ယာဉ်မောင်းထွက်ပြေးနေ

“ပရဟိတ လူမှုကူညီရေးအသင်း” စာတန်းပါ ယာဉ်တစ်စီး ဘယ်ရီယာတုံးအား တိုက်မိပြီး ယာဉ်မောင်းထွက်ပြေးနေ

နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး၊ လမ်းမိုင်တိုင်အမှတ် (330/1-330/2) အကြားမှာ "ပရဟိတ လူမှုကူညီရေးအသင်း AMBULANCE " စာတန်းပါ ယာဉ်တစ်စီးက ဘယ်ရီယာတုံးတွေကို တိုက်မိပြီးနောက် လမ်းပိတ်ဆို့နေပြီး ယာဉ်မောင်းဖြစ်သူက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရပါတယ်။

ယာဉ်တိုက်မှုက ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်၊ မနက် ၅ နာရီလောက်အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

“ပရဟိတ လူမှုကူညီရေးအသင်း” စာတန်းတပ်ဆင်ထားတဲ့ အဲ့ဒီ LIGHT TRUCK ယာဉ်က လမ်းလယ်ကျွန်းပေါ်ကို တက်ပြီး ဘယ်ရီယာတုံး ၂ တုံးကို တိုက်မိပြီးနောက် ရပ်တန့်ကာ လမ်းတစ်ခြမ်းပိတ်ဆို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လမ်းပိတ်ဆို့နေမှုကိုတော့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ စကားအင်းစခန်းမှ တပ်ဖွဲ့ဝင်များနဲ့ အထောက်အကူပြုအဖွဲ့များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ယာဉ်ကို ကနဦးစိစစ်ချက်အရ တရားမဝင်ယာဉ် ဖြစ်တယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ အောက်တိုဘာ - ၂၆
ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

( Zawgyi )

ေနျပည္ေတာ္ - မႏၲေလး အျမန္လမ္းမႀကီး၊ လမ္းမိုင္တိုင္အမွတ္ (330/1-330/2) အၾကားမွာ "ပရဟိတ လူမႈကူညီေရးအသင္း AMBULANCE " စာတန္းပါ ယာဥ္တစ္စီးက ဘယ္ရီယာတုံးေတြကို တိုက္မိၿပီးေနာက္ လမ္းပိတ္ဆို႔ေနၿပီး ယာဥ္ေမာင္းျဖစ္သူက ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ သိရပါတယ္။

ယာဥ္တိုက္မႈက ဒီကေန႔ ေအာက္တိုဘာလ ၂၆ ရက္၊ မနက္ ၅ နာရီေလာက္အခ်ိန္မွာ ျဖစ္ပြားခဲ့တာပါ။

“ပရဟိတ လူမႈကူညီေရးအသင္း” စာတန္းတပ္ဆင္ထားတဲ့ အဲ့ဒီ LIGHT TRUCK ယာဥ္က လမ္းလယ္ကြၽန္းေပၚကို တက္ၿပီး ဘယ္ရီယာတုံး ၂ တုံးကို တိုက္မိၿပီးေနာက္ ရပ္တန႔္ကာ လမ္းတစ္ျခမ္းပိတ္ဆို႔ေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

လမ္းပိတ္ဆို႔ေနမႈကိုေတာ့ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕၊ စကားအင္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားနဲ႔ အေထာက္အကူျပဳအဖြဲ႕မ်ားက သြားေရာက္ကူညီ ေဆာင္႐ြက္ေပးခဲ့တာ ျဖစ္ပါတယ္။

ယာဥ္ေမာင္းျဖစ္သူကေတာ့ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိၿပီး ယာဥ္ကို ကနဦးစိစစ္ခ်က္အရ တရားမဝင္ယာဥ္ ျဖစ္တယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ေအာက္တိုဘာ - ၂၆
ဓာတ္ပုံ - အျမန္လမ္းရဲတပ္ဖြဲ႕