【 ပြည်တွင်း 】တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုက နှာခေါင်းစည်းများ လှူဒါန်း

【 ပြည်တွင်း 】တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုက နှာခေါင်းစည်းများလှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Yunnan Bright Prospect Industrial Co., Ltd မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန် နှာခေါင်းစည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Yunnan Bright Prospect Industrial Co., Ltd မှ ယွမ်တစ်သိန်း  (ကျပ် ၃၀,၈၀၀,၀၀၀) တန်ဖိုးရှိ နှာခေါင်းစည်း (Mask) အရေအတွက် (၁၀၀,၀၀၀) ကို ဖေဖော်ဝါရီ ၃ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွေကို လှူဒါန်းခဲ့တာလို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှုမှာ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်ပြီး လှူဒါန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

005

ရန်ကုန်၊ ဖေဖော်ဝါရီ  ၈