NCA စာချုပ်လက်မှတ်ရေးထိုးတာ (၄)နှစ်ကျော်လာပေမယ့် ရည်မှန်းထားတဲ့အတိုင်း အကောင်အထည် မဖော်နိုင်သေးဘူးလို့ KNU ပြော

NCA စာချုပ်လက်မှတ်ရေးထိုးတာ (၄)နှစ်ကျော်လာပေမယ့် ရည်မှန်းထားတဲ့အတိုင်း အကောင်အထည် မဖော်နိုင်သေးဘူးလို့ KNU ပြော

NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး စာချုပ်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လာတာ လေးနှစ်ကျော် လာပေမယ့် တိုင်းရင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ ရည်မှန်းထားတဲ့အတိုင်း  အကောင်ထည်ဖော်မှုတွေကို မလုပ်ဆောင်နိုင်ဘဲ နှောင်းနှေး ကြန့်ကြာမှု တွေ ဖြစ်ပေါ်နေတယ်လို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ(၃၁)ရက်နေ့မှာ ကျရောက်တဲ့ (၇၁)ကြိမ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောထားတာပါ။ “တိုင်းရင်းသားလူမျိုးများနဲ့ နိုင်ငံသူနိုင်ငံသားများ အမှန်တကယ်ရည်မှန်းထားတဲ့ အတိုင်း အကောင်အထည် ဖော်မှုများ လုပ်ဆောင်နိုင်သည့်အပြင် အပစ်ခတ်ရပ်စဲရေးကိုခိုင်မာစေမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို သဘောတူညီချက်များ အတိုင်း အပြည့်အဝအကောင်အထည်ဖော်ဆောင်မှုများ မရှိခဲ့သည့်အတွက် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပါသည်” လို့လည်း  ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောထားပါတယ်။

ဒါပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိ KNU အပါအဝင် ကရင်တစ်မျိုးသားလုံးဟာ ခုခံတော်လှန်ရေး ကာလအတွင်းမှာသာ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေး ဦးတည်ချက်တွေ ပြီးပြည့်စုံဖို့အတွက် အားဖြည့်လုပ်ဆောင်မှုတွေ ကြိုးပမ်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ကြရမယ်လို့လည်း သဝဏ်လွှာမှာ ရေးသား ထား ပါတယ်။

NCA စာချုပ်အရ ဆွေးနွေးမှုတွေ ငြိမ်ချမ်းရေးညီလာခံတွေ လုပ်ဆောင်မှုတွေရှိနေပေမယ့် ၂၀၁၈ ခုနှစ်က စပြီး တွေ့ဆုံဆွေးနွေးမှုတွေ ရပ်တန့်ခဲ့သလို ၃ လတစ်ကြိမ်ကျင်းပရမယ့် ၈ကြိမ်မြောက် JICM အစည်းဝေးကိုလည်း တစ်နှစ်ကျော်ကြာမှ ပြန်လည်ကျင်းပ နိုင်ခဲ့ပါတယ်။

JICM ကို ကျင်းပပြီးချိန်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ပင်လုံကို ဧပြီလဆန်းပိုင်းထဲကျင်းပဖို့ကိုလည်း အစိုးရ၊ တပ်မတော်နဲ့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေသဘောတူထားပါတယ်။အခုအချိန်မှာ တော့ NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ဟာ ၂၁ ရာစုပင်လုံကို (၃)ကြိမ်ကျင်းပခဲ့ပြီး အဲဒီညီလာခံတွေကနေ ပြည်ထောင်စုသဘောတူစာချုပ်(၁)နဲ့(၂) ပါ အချက်ပေါင်း ၅၁ ချက်ကို သဘောတူညီမှုရရှိထားပါတယ်။

ဇေယျာမော်
ဓါတ်ပုံ - KNU
ရန်ကုန် ၊ ဇန်နဝါရီ ၃၁

(  Zawgyi  )

 NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးၿပီး စာခ်ဳပ္ပါအတိုင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္လာတာ ေလးႏွစ္ေက်ာ္ လာေပမယ့္ တိုင္းရင္းသားေတြနဲ႔ ႏိုင္ငံသူႏိုင္ငံသားေတြ ရည္မွန္းထားတဲ့အတိုင္း  အေကာင္ထည္ေဖာ္မႈေတြကို မလုပ္ေဆာင္ႏိုင္ဘဲ ေႏွာင္းေႏွး ၾကန႔္ၾကာမႈ ေတြ ျဖစ္ေပၚေနတယ္လို႔ KNU ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ေျပာဆိုလိုက္ပါတယ္။

ဇန္နဝါရီ(၃၁)ရက္ေန႔မွာ က်ေရာက္တဲ့ (၇၁)ႀကိမ္ေျမာက္ ကရင့္အမ်ိဳးသားေတာ္လွန္ေရးေန႔အတြက္ ေပးပို႔တဲ့ သဝဏ္လႊာမွာ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ေျပာထားတာပါ။ “တိုင္းရင္းသားလူမ်ိဳးမ်ားနဲ႔ ႏိုင္ငံသူႏိုင္ငံသားမ်ား အမွန္တကယ္ရည္မွန္းထားတဲ့ အတိုင္း အေကာင္အထည္ ေဖာ္မႈမ်ား လုပ္ေဆာင္ႏိုင္သည့္အျပင္ အပစ္ခတ္ရပ္စဲေရးကိုခိုင္မာေစမည့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈမ်ားကို သေဘာတူညီခ်က္မ်ား အတိုင္း အျပည့္အဝအေကာင္အထည္ေဖာ္ေဆာင္မႈမ်ား မရွိခဲ့သည့္အတြက္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈမ်ား ျဖစ္ေပၚခဲ့ပါသည္” လို႔လည္း  ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးက ေျပာထားပါတယ္။

ဒါေပမယ့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတဲ့ ကိစၥေတြကို ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ၾကရမယ္လို႔လည္း သူက ဆိုပါတယ္။ လက္ရွိ KNU အပါအဝင္ ကရင္တစ္မ်ိဳးသားလုံးဟာ ခုခံေတာ္လွန္ေရး ကာလအတြင္းမွာသာ ရွိေနဆဲျဖစ္ၿပီး ႏိုင္ငံေရး ဦးတည္ခ်က္ေတြ ၿပီးျပည့္စုံဖို႔အတြက္ အားျဖည့္လုပ္ေဆာင္မႈေတြ ႀကိဳးပမ္းေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္ၾကရမယ္လို႔လည္း သဝဏ္လႊာမွာ ေရးသား ထား ပါတယ္။

NCA စာခ်ဳပ္အရ ေဆြးေႏြးမႈေတြ ၿငိမ္ခ်မ္းေရးညီလာခံေတြ လုပ္ေဆာင္မႈေတြရွိေနေပမယ့္ ၂၀၁၈ ခုႏွစ္က စၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြ ရပ္တန႔္ခဲ့သလို ၃ လတစ္ႀကိမ္က်င္းပရမယ့္ ၈ႀကိမ္ေျမာက္ JICM အစည္းေဝးကိုလည္း တစ္ႏွစ္ေက်ာ္ၾကာမွ ျပန္လည္က်င္းပ ႏိုင္ခဲ့ပါတယ္။

JICM ကို က်င္းပၿပီးခ်ိန္မွာေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ(၂၁)ပင္လုံကို ဧၿပီလဆန္းပိုင္းထဲက်င္းပဖို႔ကိုလည္း အစိုးရ၊ တပ္မေတာ္နဲ႔ NCA ကို လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြသေဘာတူထားပါတယ္။အခုအခ်ိန္မွာ ေတာ့ NCA ကိုလက္မွတ္ေရးထိုးထားတဲ့အဖြဲ႕ေတြနဲ႔ အစိုးရ၊ တပ္မေတာ္တို႔ဟာ ၂၁ ရာစုပင္လုံကို (၃)ႀကိမ္က်င္းပခဲ့ၿပီး အဲဒီညီလာခံေတြကေန ျပည္ေထာင္စုသေဘာတူစာခ်ဳပ္(၁)နဲ႔(၂) ပါ အခ်က္ေပါင္း ၅၁ ခ်က္ကို သေဘာတူညီမႈရရွိထားပါတယ္။

ေဇယ်ာေမာ္
ဓါတ္ပုံ - KNU
ရန္ကုန္ ၊ ဇန္နဝါရီ ၃၁