ခြေကျနေတဲ့ ဒေါ့မွန်အသင်း အိမ်ကွင်းမှာ စပါးကို အနိုင်ရပါ့မလား

ခြေကျနေတဲ့ ဒေါ့မွန်အသင်း အိမ်ကွင်းမှာ စပါးကို အနိုင်ရပါ့မလား

ပထမဆုံး ဒေါ့မွန်အသင်း အိမ်ကွင်းရလဒ်တွေကို ပြန်ကြည့်ဖို့ လိုပါမယ်။ အနီးစပ်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ လီဗာကူဆင်ကို ၃-၂ နဲ့ နိုင်၊ ဟော့ဖန်ဟိမ်းနဲ့ ဝါဒါဘရီမင်ကို ၃-၃ သရေကျ ပြီး ဒေါ့မွန်နောက်တန်းပေါက်ထွက်နေတာ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၄ အထိပါဘဲ။ အောစ်ဘတ်အသင်း ကွင်းမှာ ကစားရတဲ့ ပွဲမှာ ၂-၁ နဲ့ ရှုံးရတဲ့ အထိဒေါ့မွန်ခြေ က တော်တော်လေးကို ကျနေတာပါ။

 စပါးကကော။စပါးလည်းမထူးပါဘူး။နောက်ဆုံးကစားခဲ့တဲ့  ၃ ပွဲမှာ ၁ မှတ်ဘဲ ရတဲ့အထိ ရုပ်ပျက်ဆင်း ပျက်နိုင်လွန်းပါတယ်။ ဒီအတွက် ဆင်ခြေဆင်လက်တွေ ပြစရာရှိပေမယ့်  ဘန်လေကို အဝေးကွင်းမှာ ရှုံးရတဲ့ စပါးခြေက နည်းပြကိုယ်တိုင် အသင်းပြောင်းဖို့ စကားခေါ်ရတဲ့ အထိ စပါးခြေက ထကြွလုံလမှုကင်းနေခဲ့တာပါ။

 ယခု အကျဘက်ရောက်နေတဲ့ နှစ်သင်း ပြန်တွေ့ကျတာပါ။ အကျချင်းအတူတူ စပါးက ဒေါ့မွန်ကို အိမ်ကွင်းမှာ သုံးဂိုးပြတ်ကစားထားလို့ ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ ၄ ဂိုးပြတ်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်တဲ့ အတွက် စပါးကို ဒေါ့မွန် လက်ရှိခြေနဲ့ဂိုးပြတ်ဖို့ ဆိုတာ စပါးတစ်သင်း လုံးကြိုးတုပ်ကစားမှ ဖြစ်မှာပါ။

    

ဒေါ့မွန် ယခုရာသီ ချန်ပီယံလိဂ် အိမ်ကွင်းရလဒ်တွေကို ပြန်ကြည့်ရင် ဖြစ်နိုင် မဖြစ်နိုင် အသိသာကြီးပါ။ အခုအိမ်ကွင်းမှာ လက်ခံကစားရမယ့် စပါးအသင်းကို ဒေါ့မွန်အသင်းက ပြီးခဲ့တဲ့နှစ် အုပ်စုပွဲတွေမှာ နှစ်ကျော့စ လုံး ရှုံးခဲ့တဲ့အတွက်  ယခုပွဲမှာ အနိုင်ထက် ဂိုးပြတ်ထပ်မရှုံးအောင်နဲ့ သရေကျအောင် ကစားဖို့က ဒေါ့မွန်အ တွက် ဖြစ်နိုင်တဲ့ ရလဒ်ပါဘဲ။

    စပါးအသင်းမှာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်ပါလာမယ်၊အလယ်တန်းက အဲရစ်ဆင်၊ဆစ်ဆိုကို၊ ဆွန်ဟောင်မင်တို့ ပါမယ်ဆို ဒေါ့မွန်အလယ်တန်းက မာကိုရှုးစ်၊ဆန်ချို၊ ဂူရီယာရိုတို့ ဗျာများဖွယ်ရှိနေပါတယ်။

နှစ်သင်းစလုံးခြေစွမ်းကို ပြန်ကြည့်ရင် စပါးရော ဒေါ့မွန်ပါ နောက်တန်းတွေ ဂိုးပေးနေရပြီး ဒေါ့မွန်က ဆန်ချို၊ဖိလစ်၊ဂူရီယာရိုတို့တိုက်စစ်ကို စပါးနောက်တန်းက အန်ဒါဝီရယ်လ် တို့ ထိန်းနိုင်ပါမလား ဆို တာရယ်၊ စပါးကွင်းလယ်က အဲရစ်ဆင်၊လူးကပ်စ်မော်ရာတို့ ဖန်တီးမှုကို ဒေါ့မွန်ကွင်းလယ်က ထိန်းချုပ်နိုင်ပါ့ မလားဆို တာ ပွဲအဖြေဖြစ်လာဖို့ ရှိနေပါတယ်။

    ထွက်လာတဲ့ ပွဲကြိုစာရင်းအရ အိမ်ရှင်ဒေါ့မွန်အသင်းမှာဂိုး-ဘာရှုကီ ၊နောက်တန်း- ဇာဂါဒူး၊ ဒိုင်အိုလို၊ မန်နူရယ်အကင်ဂျိ၊ မာရှုးစ်ဝုလ်ဖ်၊ ၊ ကွင်းလယ်-  ဒီလေနီ၊ ဂူရီယာရို၊ မာကူိုရူးစ်၊ ဆန်ချို ၊ဝှစ်စတယ်လ် ၊ ရှေ့တန်း- ဂေါ့ဇီတို့နဲ့ ပွဲထွက်လာစရာရှိပြီး စပါးအသင်းကတော့ ဂိုး- ဟူဂိုလိုရစ်စ်၊ နောက်တန်း- အန်ဒါဝီ ရယ်လ်၊ ဒေဗင်ဆန် ဆန်းချက်ဇ်၊ ဗန်တွန်ဂန်၊ အလယ်တန်း- ဒန်နီရို့စ်၊ ဝမ်ယာမာ၊ ဆစ်ဆိုကို၊ဆာဂျီအော်ရီရာ၊  ရှေ့တန်း- ဆွန်ဟောင်မင်၊ဟယ်ရီကိန်း၊အဲရစ်ဆင် တို့ပွဲထွက်လာဖို့ ရှိနေပါတယ်။

    ဒီပွဲမှာတိုက်စစ်ခြင်း၊ကွင်းလယ်ခြင်း၊ခံစစ်ခြင်းစတဲ့နေရာစုံမှာသိပ်မကွာကြပါဘူး။ဒီပွဲကိုဘွတ်ကီဒိုင်တွေက ဒေါ့မွန်အသင်းဘက်ကနေ သရေကျရင် အရှုံး အကျောပေး ထားပြီး ဂိုး ပေါင်းကိုတော့ နှစ်သင်းပေါင်းသုံးလုံး၀၅ ပြားအနိုင်ကြေးပေါက်နေတဲ့ အတွက်  စပါးနဲ့ ဂိုးအပေါ်ကိုသာ ပို အကြိုက်တွေ့မိပါကြောင်း။

KON(SPORT)

(  Zawgyi  )

 ပထမဆုံး ေဒါ့မြန္အသင္း အိမ္ကြင္းရလဒ္ေတြကို ျပန္ၾကည့္ဖို႔ လိုပါမယ္။ အနီးစပ္ဆုံးကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ေတြမွာ လီဗာကူဆင္ကို ၃-၂ နဲ႔ ႏိုင္၊ ေဟာ့ဖန္ဟိမ္းနဲ႔ ဝါဒါဘရီမင္ကို ၃-၃ သေရက် ၿပီး ေဒါ့မြန္ေနာက္တန္းေပါက္ထြက္ေနတာ ၿပီးခဲ့တဲ့ ဘြန္ဒက္စ္လီဂါ ပြဲစဥ္ ၂၄ အထိပါဘဲ။ ေအာစ္ဘတ္အသင္း ကြင္းမွာ ကစားရတဲ့ ပြဲမွာ ၂-၁ နဲ႔ ရႈံးရတဲ့ အထိေဒါ့မြန္ေျခ က ေတာ္ေတာ္ေလးကို က်ေနတာပါ။

 စပါးကေကာ။စပါးလည္းမထူးပါဘူး။ေနာက္ဆုံးကစားခဲ့တဲ့  ၃ ပြဲမွာ ၁ မွတ္ဘဲ ရတဲ့အထိ ႐ုပ္ပ်က္ဆင္း ပ်က္ႏိုင္လြန္းပါတယ္။ ဒီအတြက္ ဆင္ေျခဆင္လက္ေတြ ျပစရာရွိေပမယ့္  ဘန္ေလကို အေဝးကြင္းမွာ ရႈံးရတဲ့ စပါးေျခက နည္းျပကိုယ္တိုင္ အသင္းေျပာင္းဖို႔ စကားေခၚရတဲ့ အထိ စပါးေျခက ထႂကြလုံလမႈကင္းေနခဲ့တာပါ။

 ယခု အက်ဘက္ေရာက္ေနတဲ့ ႏွစ္သင္း ျပန္ေတြ႕က်တာပါ။ အက်ခ်င္းအတူတူ စပါးက ေဒါ့မြန္ကို အိမ္ကြင္းမွာ သုံးဂိုးျပတ္ကစားထားလို႔ ေဒါ့မြန္အသင္းက အိမ္ကြင္းမွာ ၄ ဂိုးျပတ္မွ ေနာက္တစ္ဆင့္တက္မွာ ျဖစ္တဲ့ အတြက္ စပါးကို ေဒါ့မြန္ လက္ရွိေျခနဲ႔ဂိုးျပတ္ဖို႔ ဆိုတာ စပါးတစ္သင္း လုံးႀကိဳးတုပ္ကစားမွ ျဖစ္မွာပါ။

    ေဒါ့မြန္ ယခုရာသီ ခ်န္ပီယံလိဂ္ အိမ္ကြင္းရလဒ္ေတြကို ျပန္ၾကည့္ရင္ ျဖစ္ႏိုင္ မျဖစ္ႏိုင္ အသိသာႀကီးပါ။ အခုအိမ္ကြင္းမွာ လက္ခံကစားရမယ့္ စပါးအသင္းကို ေဒါ့မြန္အသင္းက ၿပီးခဲ့တဲ့ႏွစ္ အုပ္စုပြဲေတြမွာ ႏွစ္ေက်ာ့စ လုံး ရႈံးခဲ့တဲ့အတြက္  ယခုပြဲမွာ အႏိုင္ထက္ ဂိုးျပတ္ထပ္မရႈံးေအာင္နဲ႔ သေရက်ေအာင္ ကစားဖို႔က ေဒါ့မြန္အ တြက္ ျဖစ္ႏိုင္တဲ့ ရလဒ္ပါဘဲ။

    စပါးအသင္းမွာ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္း ျပန္ပါလာမယ္၊အလယ္တန္းက အဲရစ္ဆင္၊ဆစ္ဆိုကို၊ ဆြန္ေဟာင္မင္တို႔ ပါမယ္ဆို ေဒါ့မြန္အလယ္တန္းက မာကိုရႈးစ္၊ဆန္ခ်ိဳ၊ ဂူရီယာ႐ိုတို႔ ဗ်ာမ်ားဖြယ္ရွိေနပါတယ္။

ႏွစ္သင္းစလုံးေျခစြမ္းကို ျပန္ၾကည့္ရင္ စပါးေရာ ေဒါ့မြန္ပါ ေနာက္တန္းေတြ ဂိုးေပးေနရၿပီး ေဒါ့မြန္က ဆန္ခ်ိဳ၊ဖိလစ္၊ဂူရီယာ႐ိုတို႔တိုက္စစ္ကို စပါးေနာက္တန္းက အန္ဒါဝီရယ္လ္ တို႔ ထိန္းႏိုင္ပါမလား ဆို တာရယ္၊ စပါးကြင္းလယ္က အဲရစ္ဆင္၊လူးကပ္စ္ေမာ္ရာတို႔ ဖန္တီးမႈကို ေဒါ့မြန္ကြင္းလယ္က ထိန္းခ်ဳပ္ႏိုင္ပါ့ မလားဆို တာ ပြဲအေျဖျဖစ္လာဖို႔ ရွိေနပါတယ္။

    ထြက္လာတဲ့ ပြဲႀကိဳစာရင္းအရ အိမ္ရွင္ေဒါ့မြန္အသင္းမွာဂိုး-ဘာရႈကီ ၊ေနာက္တန္း- ဇာဂါဒူး၊ ဒိုင္အိုလို၊ မန္ႏူရယ္အကင္ဂ်ိ၊ မာရႈးစ္ဝုလ္ဖ္၊ ၊ ကြင္းလယ္-  ဒီေလနီ၊ ဂူရီယာ႐ို၊ မာကူို႐ူးစ္၊ ဆန္ခ်ိဳ ၊ဝွစ္စတယ္လ္ ၊ ေရွ႕တန္း- ေဂါ့ဇီတို႔နဲ႔ ပြဲထြက္လာစရာရွိၿပီး စပါးအသင္းကေတာ့ ဂိုး- ဟူဂိုလိုရစ္စ္၊ ေနာက္တန္း- အန္ဒါဝီ ရယ္လ္၊ ေဒဗင္ဆန္ ဆန္းခ်က္ဇ္၊ ဗန္တြန္ဂန္၊ အလယ္တန္း- ဒန္နီ႐ို႕စ္၊ ဝမ္ယာမာ၊ ဆစ္ဆိုကို၊ဆာဂ်ီေအာ္ရီရာ၊  ေရွ႕တန္း- ဆြန္ေဟာင္မင္၊ဟယ္ရီကိန္း၊အဲရစ္ဆင္ တို႔ပြဲထြက္လာဖို႔ ရွိေနပါတယ္။

    ဒီပြဲမွာတိုက္စစ္ျခင္း၊ကြင္းလယ္ျခင္း၊ခံစစ္ျခင္းစတဲ့ေနရာစုံမွာသိပ္မကြာၾကပါဘူး။ဒီပြဲကိုဘြတ္ကီဒိုင္ေတြက ေဒါ့မြန္အသင္းဘက္ကေန သေရက်ရင္ အရႈံး အေက်ာေပး ထားၿပီး ဂိုး ေပါင္းကိုေတာ့ ႏွစ္သင္းေပါင္းသုံးလုံး၀၅ ျပားအႏိုင္ေၾကးေပါက္ေနတဲ့ အတြက္  စပါးနဲ႔ ဂိုးအေပၚကိုသာ ပို အႀကိဳက္ေတြ႕မိပါေၾကာင္း။

KON(SPORT)