【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘာသာရေးအစွန်းရောက်မှု ကိုင်တွယ်ပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘာသာရေးအစွန်းရောက်မှု ကိုင်တွယ်ပြီလား

ယခုတစ်ပတ် သတင်းတွေထဲမှာ ထိပ်ဆုံးကရှိနေတာ လူပုဂ္ဂိုလ်နဲ့ဆိုင်တဲ့ သတင်းတွေနဲ့ မယ်ခွေကဗျာကို Grade 10 သင်ရိုးမှာ ပြန်သုံးဖို့ သတင်းပါ။လူမှုကွန်ရက်မှာ ပွက်လောရိုက်ခဲ့တဲ့ ဆမ လက်မှတ် ရုတ်သိမ်းခံရတဲ့ နန်းမွေစံ သတင်းက အများစိတ်ဝင်စားစရာဖြစ်ခဲ့သလို ဆရာတော်ဦးဝီရသူ သတင်းတွေ၊ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာအာဏာပိုင်တွေကို ဘင်္ဂါလီကိစ္စမှာ ပူးပေါင်းမှုမရှိဘူးဆိုပြီး ပြောင်းပြန် နိုင်ငံတကာမှာပြောတဲ့ သတင်းတွေက အများပြည်သူကို ယခုတစ်ပတ်မှာ စိတ်ဝင်စားမှုပိုစေခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် သတင်း၊ ပြည်ခိုင်ဖြိုးပါတီ အာဏာရရင် မယ်ခွေကဗျာ ပြန်ထည့်ပေးမယ်လို့ ပါတီဥက္ကဋ္ဌက ပြောလိုက်တဲ့ သတင်း၊ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်မှု ပြုလုပ်ခဲ့တဲ့ သတင်း၊ လွှတ်တော်ရန်ပုံငွေများ အလွဲသုံးစားပြုတဲ့ ပုလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို အရေးယူပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သတင်း၊ နာဂဒေသ နန်းယွန်းမြို့နယ်ထဲက ကျေးရွာ ၂၀ ကျော်မှာ ခြေထောက်ခွင်လို့ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ ကလေးငယ် ၁၃၀ ကျော် တွေ့ရှိခဲ့တဲ့ သတင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပတ်သက်၍ အကြံပြုချက်နှင့် တင်ပြလိုသည့် အချက်များ လက်ခံနိုင်ရန်ဆက်သွယ်နိုင်သော ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်နှင့် အီးမေးလ်လိပ်စာတွေကို  ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းထဲ ထူးထူးခြားခြား ကွဲထွက်နေခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ အလိမ်အညာ ဘင်္ဂလား

ယခုတစ်ပတ် သတင်းတွေထဲ ရခိုင်မြောက်ပိုင်း သတင်းတွေက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ရခိုင်မြောက်ပိုင်းနဲ့ ချင်းဘက်က ပလက်ဝဘက်မှာ ယခုရက်သတ္တပတ်ထဲ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ဇွန် ၇ ရက်က ဒေသတွင်းတိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ် ပိန္နဲတပင်၊ သဲမချောင်းထဲနှင့် သဲမချောင်းဝကျေးရွာနေ ဒေသခံ ၆၀၀ ကျော် ပလက်ဝမြို့ပေါ် ထွက်ပြေးလာရသလို ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာလည်း ဖြစ်ခဲ့တာတွေ ရှိပါတယ်။ဇွန် ၁၃ ရက်က  မြောက်ဦးမြို့နှင့် တစ်မိုင်ခန့်အကွာ မကျားတောင်တန်းပေါ်မှာ တိုက်ပွဲဖြစ်ပွားလို့ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံရှစ်ဦး လက်နက်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ငါးဦးမှာ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။အတည်မပြုနိုင်တဲ့ သတင်းတွေအရ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်နေပြီး AA လက်နက်ကိုင်တွေဘက်က ချောင်းမြောင်းပစ်ခတ်တာတွေကြောင့် တိုက်ပွဲတွေက လူနေရွာတွေအထိ ကျယ်ပြန့်လာကာ စစ်ဘေးရှောင်ဦးရေက ပိုများလာခဲ့ပါတယ်။

ဒီလိုအခြေအနေတွေရှိတဲ့အပြင် ရွာထဲဝင်ပြေးတာတွေကြောင့်  တစ်ဘက်နဲ့တစ်ဘက် မယုံသင်္ကာတွေရှိခဲ့သလို ဖြစ်ခဲ့တာတွေကြောင့်လည်း မေ ၂ ရက်က ရသေ့တောင် မြို့နယ် ကျောက်တန်းရွာ ဖြစ်စဉ်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ပတ်သက်၍ မသင်္ကာသူ ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားခုနစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မေလ ၂၈ ရက်မှ ၃၀ ရက်အတွင်း မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သလို ကွင်းဆင်းစစ်ဆေးချက်ကို လူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတရုံးကို ယခုရက်သတ္တပတ်ထဲ တင်ပြခဲ့တယ် ဆိုပါတယ်။

ဒီလိုဖြစ်စဉ်ဖြစ်ခဲ့တာ မကြာသေးမှာဘဲ ကျောက်တော်ရွာ ဖြစ်စဉ်လိုဘဲ ရွာအနီး တိုက်ပွဲတွေ ဖြစ်တာတွေကြောင့် AA လက်နက်ကိုင်တွေနဲ့ အမာခံတွေ ခိုလှုံနေတယ်ဆိုတဲ့ သတင်းအရ  စစ်ရှောင် ၃၀၀၀ ကျော်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ပေါက်တောပြင်ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က ဇွန် ၁၀ ရက်မှာ ဝင်စစ်ဖို့ ကြိုးစားခဲ့ပါတယ်။စစ်ရှောင်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်စစ်ဖို့ ကြိုးစားရာမှာ ကျောင်းရှိ သံဃာတွေက အရပ်ဝတ်ဖြင့်သာ ဝင်စစ်ခံမယ်ဆိုတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက ကျောင်းကို ပြင်ပကနေဝိုင်းထားရပြီး ဇွန်လ ၁၁ ရက် မွန်းလွဲကျမှာသာ မြို့နယ်သံဃနာယက၊ သာသနာရေးဦးစီးဌာန၊ တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်အချို့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ဒီလိုစစ်ဆေးခွင့်မရခင် ကျောင်းတိုက်ထဲက စစ်ရှောင် တစ်ထောင်ကျော် ဇွန် ၁၀ ရက်ညက ထွက်ခွာခဲ့ပြီးနောက်မှ ကျောင်းတိုက်ထဲ ဝင်ခွင့်ရခဲ့တာပါ။ဒီလို ကျောင်းတိုက်ကို လုံခြုံရေးတပ်ဖွဲ့တွေဝိုင်းတဲ့ သတင်းက ပြည်တွင်းသတင်းမီဒီယာတွေ၊ နိုင်ငံတကာသတင်းတွေမှာ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။စစ်ဆေးစဉ်မှာ ဘာမှ စစ်ရှောင်တွေကို စစ်ဆေးတာမရှိဘဲ ဝင်ကြည့်ပြီး ပြန်ထွက်သွားတယ်လို့ ကျောင်းတိုက်သံဃာတွေက ဆိုပါတယ်။ဒီလို တစ်ဘက်နဲ့တစ်ဘက် မယုံသင်္ကာဖြစ်တာဟာ အတော်လေးအန္တရာယ်ကြီးတဲ့ အနေအထားပါဘဲ။

ဒီလို ရခိုင်မြောက်ပိုင်းမှာ အရပ်ဘက်နဲ့ အာဏာပိုင်တွေကြား မယုံသင်္ကာစိတ် တိုးပွားနေသလို ဆက်စပ် ဒေသတွင်းဖြစ်တဲ့ ချင်းပြည်နယ်ထဲမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ထောက်ခံသူတွေက လူမှုကွန်ရက်ကနေ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် ဝန်ကြီးဟောင်းအချို့ အပါအဝင် ဘာသာရေးခေါင်းဆောင်အချို့ကို အသက်အန္တရာယ် ခြိမ်းခြောက်နေတာတွေ ရှိခဲ့ပါတယ်။ဒီလိုခြိမ်းခြောက်တဲ့အတွက် အမုန်းတရား မကြီးထွားစေရေး ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) က မေတ္တာရပ်ခံခဲ့သလို ဒီလိုမဟုတ်ရင် ချင်းတွေဘက်မှာလည်း တက်ကြွတဲ့လူငယ်တွေ ရှိတဲ့အတွက် မီးစတစ်စတစ်စ ပွားနိုင်တယ်လို့  KACC ဘက်က ပြောခဲ့ပါတယ်။

ဒီကြားထဲမှာ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီတွေ ကိစ္စနဲ့ပတ်သက်ပြီး မိုးရာသီမှာ ပြန်ဝင်ရောက်လာဖို့ မြန်မာဘက်က လုပ်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းမှု အတော်လေးအားနည်းခဲ့ပါတယ်။မြန်မာဘက်ကနေ ဖွဲ့ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ကော့ဘဇားကိုသွားပြီး ဒုက္ခသည်ဆိုတဲ့ ဘင်္ဂါလီတွေနဲ့တွေ့ဖို့ ကြိုးစားနေတာကလည်း ဟိုဘက်က အစိုးရတာဝန်ရှိသူတွေနဲ့ ဒါကာမှာ လာတွေ့ခွင့်သာပေးပြီး ကော့ဘဇားကို သွားခွင့်မပေးတဲ့အတွက် ညှိနေရဆဲပါ။ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ က ဇွန် ၁၀ ရက်က Gono Bhaban မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ရှိနေကြတဲ့ ဘင်္ဂါလီဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မလိုလားကြဘူးလို့ ပြောသလို ဒီဒုက္ခသည်တွေ နေရပ်ပြန်ကြရင် သူတို့အလုပ်မရှိတော့မှာကို စိုးရိမ်နေကြလို့ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ကို စီးပွားရေးဖိုရမ် တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဝန်ကြီး ဦးကျော်တင့်ဆွေ က ဇွန်လ ၁၀ ရက်နေ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေး လတ်ဗ်ရော့ဗ် နဲ့ တွေ့ဆုံဆွေးနွေးစဉ် ဘင်္ဂါလီတွေ နေရပ်ပြန်ရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီး လက်တွေ့ပြန်မလာတာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က လွှဲပြောင်းမပေးလို့ ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ပြီးခဲ့တဲ့လများအတွင်းက ထုတ်ပြန်ပြောဆိုထားတာလည်း ရှိခဲ့ပါတယ်။

ဒီလိုပြောဆိုပြီးနောက်မှာ ဇွန်လ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမင် က ဘင်္ဂါလီမွတ်စလင်တွေ နေရပ်ပြန်ရေးမှာ ဘင်္ဂလားဒေ့ရှ်က အသင့်ဖြစ်နေပေမယ့် နှောင့်နှေးမှုကို ဘင်္ဂလားဒေ့ရှ် တာဝန်ဖြစ်အောင် မြန်မာက လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။ဇွန် ၁၃ ရက်မှာ နယူးယောက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ရှာရီယာ အလန်မ် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်ဇ် နဲ့ တွေ့ဆုံရာမှာ ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်ရေးအတွက် နည်းလမ်းအဆင့်ဆင့်ကို ကုလအတွင်းရေးမှူးချုပ်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ဒါဟာ ပြည်တွင်းရေးကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြောင်ပြောင်တင်းတင်း ဝင်စွက်ဖက်ခဲ့တာပါ။

မြန်မာဘက်က အဆင်သင့်ဖြစ်ပေမယ့် ကော့ဘဇားမှာရှိတဲ့ ဘင်္ဂါလီဒုက္ခသည်တွေဆီ မြန်မာနိုင်ငံဘက် ပြန်ဝင်လာဖို့ အသိပေးခြင်းတောင် မရှိသလို မြန်မာဘက်က ပေးပို့တဲ့ ပုံစံတွေ၊ ဟိန္ဒူမိသားစုဝင်တွေ ပြန်ခေါ်ဖို့ ပူးပေါင်းမှုမရှိဘဲ အကြောင်းပြန်ကြားတာ မရှိတာတွေက ဘယ်သူ့ဘက်က အလွန်လဲဆိုတာ နိုင်ငံတကာ သတင်းစာမျက်နှာမှာ သိသာနေတဲ့ကိစ္စ ဖြစ်နေပါတယ်။ဘင်္ဂလားဒေ့ရှ်အနေနဲ့ နိုင်ငံတကာက ရခိုင်အရေးအပေါ် အာရုံစိုက်မှု လျော့ကျလာသလို လုပ်စားနေတာလည်း သိလာတဲ့အတွက် အခက်တွေ့နေပါတယ်။မြန်မာဘက်မှာ SAVE ZONE ထောင်ဖို့ နိုင်ငံတကာပတ်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့ ဟာစီနာ ကြိုးစားနေပေမယ့် နိုင်ငံတကာက ဟာစီနာ နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြံကို ရိပ်မိနေတဲ့အတွက် ထောက်ခံမှုက အရင်လိုမရတော့ပါဘူး။ဒီလိုအချက်တွေကြောင့် ရေရှည်မှာ ထောက်ပံ့မှု လျော့ကျလာနိုင်တဲ့အတွက် ဒုက္ခသည်တွေ လက်ခံထားတာ မနိုင်ဝန်ပိနေသလို သူ့အတွက် ကြာလာရင် အစိုးရပြုတ်ကျမယ့် အန္တရာယ်ကလည်း ရှိနေပါတယ်။ဒါကြောင့် မြန်မာနိုင်ငံဘက်ကို ဒုက္ခသည်အမည်ခံ ရွှေ့ပြောင်းအခြေချသူတွေကို  ပြန်ပို့ရာမှာ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဆိုသလို သူ့နိုင်ငံမှာ ပိုလျှံနေတဲ့ လူဦးရေကို မြန်မာဘက် ချဲ့ထုတ်ဖို့အတွက် လူအရေအတွက်ကို ပိုပြပြီး တစ်သန်းခွဲထိ ပြောထားတာတွေလည်းရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ ကူလီကူမာခြေလှမ်းကို သတိထားစောင့်ကြည့်ဖို့ လိုနေပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဘယ်လိုပို့ပို့ မြန်မာဘက်က သေချာစစ်ဆေးပြီးမှ လက်ခံမှာဖြစ်တဲ့အတွက် ဟာစီနာအနေနဲ့ မြန်မာဘက်ကို သူ့နိုင်ငံသားတွေ ထိုးထည့်မယ့်အကြံ ဖြစ်မြောက်လာနိုင်ချေ နည်းပါတယ်။ဒီအတွက် သူစီစဉ်သလို နိုင်ငံတကာဖိအားက မြန်မာဘက် မရောက်ဘဲ သူ့ဘက်ပြန်လှည်ပြီး ဘာတွေဖြစ်လာမလဲ ဆိုတာကိုလည်း  စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံရေးနောက်ခံ သတင်းတွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ချင်းမိုင်အစည်းအဝေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးက တားမြစ်တဲ့ သတင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်း (Global Peace Index - GPI) မှာ မြန်မာနိုင်ငံ ယမန်နှစ်ကထက် လျော့ကျပြီး အဆင့် (၁၂၃) သို့ ရောက်ရှိလာတဲ့ သတင်း၊ မြစ်ကြီးနားမြို့လယ်မှာ ကချင်စစ်ဘေး (၈) နှစ်ပြည့် အထိမ်းအမှတ် ပြဇာတ်ကို တင်ဆက်ခဲ့တဲ့ သတင်း၊ တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် ဆုတောင်းပွဲကို မြစ်ကြီးနားမြို့ရှိ မနောကွင်းမှာ ပြုလုပ်ခဲ့ရာ ဒေသခံများ တစ်ထောင်ကျော် တက်ရောက်ခဲ့တဲ့ သတင်း၊ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု  ရှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးလှုပ်ရှားသူ လူငယ် ၅၀ ခန့်က ရန်ကုန်မှာ ချီတက်ဆန္ဒပြခဲ့တဲ့ သတင်း၊ ကချင်စစ်ဘေး (၈) နှစ်ပြည့် အထိမ်းအမှတ်ပြဇာတ် တင်ဆက်ပြသရာမှာ ကြိုတင်ခွင့်ပြုချက် မတောင်းခံလို့  ကချင်လူငယ်အဖွဲ့ တာဝန်ခံနှစ်ဦးကို ရဲတပ်ဖွဲ့က  တရားစွဲဆိုခဲ့တဲ့ သတင်းတွေထဲမှာ ထူးထူးခြားခြား တိုင်းပြည်အတွက် သတိထားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဂုဏ်ကျက်သရေရှိ ဝရမ်းပြေးတွေ     

ယခုတစ်ပတ် သတင်းတွေထဲမှာ အများပြည်သူကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ဝရမ်းပြေးစာရင်းပါဘဲ။မြို့နယ်တရားသူကြီးငါးဦး၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှစ်ဦး၊ ညွှန်ကြားရေးမှူးသုံးဦး၊ စခန်းမှူးတစ်ဦး၊ ပါမောက္ခချုပ်ဟောင်းတစ်ဦး၊ ဥပဒေအရာရှိတစ်ဦး၊ အထက်တန်းရှေ့နေတစ်ဦးနှင့် တောအုပ်တစ်ဦးတို့ ပါဝင်တဲ့ တရားခံပြေး ၂၀ ဦး၏ ရုပ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုရက်သတ္တပတ်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ရာမှာ အများပြည်သူ ထင်သလို ဝရမ်းပြေးတွေက အခြေအနေမဲ့တွေ မဟုတ်ဘဲ ပညာတတ်တွေဖြစ်နေတာ၊ ရာထူးတာဝန် ကြီးကြီးမားမား တာဝန်ယူထားတဲ့သူတွေ ဖြစ်နေတာက အံသြစရာဖြစ်ခဲ့သလို ထိုလူတွေ တာဝန်ယူထားတဲ့ ကာလအတွင်း အများပြည်သူနဲ့ လက်အောက်က ဝန်ထမ်းတွေအပေါ် မတရား ဘယ်လောက်ထိလုပ်ခဲ့သလဲ ဆိုတာလည်း  မစဉ်းစားမိအောင်ပါဘဲ။
အရပ်သားအစိုးရလက်ထက်မှာ ယခင်အစိုးရလက်ထက်က ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည် ကို ဥက္ကဋ္ဌခန့်အပ်ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရပိုင်းက အားသွန်ခွန်စိုက် လုပ်ခဲ့ရာမှာ ဆက်တိုက်ဆိုသလို အဂတိလိုက်စားမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် အဂတိလိုက်စားမှုတွေထဲက ထွက်ပြေးနေတဲ့သူတွေကို နှစ်တွေချီလာတဲ့အထိ ဖမ်းမမိသေးတာကတော့ အများပြည်သူကြား စိတ်ဘဝင်မကျစရာ ပြောစရာတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ဒီလိုပြေးနေတဲ့သူတွေကို ဖမ်းမမိတဲ့အတွက်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပေါ် ပြည်သူတွေအနေနဲ့ ထင်သလောက် အားကိုးယုံကြည်မှုက မရသေးပါဘူး။

ယခုတစ်ပတ်ထဲမှာဘဲ မကွေးတိုင်း ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း အပါအဝင် လေးဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူခဲ့သလို လားရှိုးက လဝက အရာထမ်း၊ ဝန်ထမ်းနဲ့ ပွဲစားပေါင်း ၈ ဦးကို အဂတိလိုက်စားမှုနဲ့ ထပ်အရေးယူခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။အများပြည်သူတွေအနေနဲ့ရတဲ့ လစာထက်ပိုပြီး ဝင်ငွေကောင်းနေတဲ့ အစိုးရအရာထမ်းဝန်ထမ်းတွေနဲ့  အမြဲတစေ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မြင်နေရတဲ့အတွက် ဒီလိုအရေးယူမှုတွေအပေါ် သိပ်ပြီးစိတ်ဝင်စားမှု နည်းပါတယ်။အများကြီးထဲက တစ်ခုတစ်လေသာ ရွေးကောက်အရေးယူခံရတဲ့ အဂတိလိုက်စားမှုတွေနဲ့ ရာထူးကြီးတွေကို အရေးယူရင် ထွက်ပြေးလွတ်မြောက်နေတဲ့ ဝရမ်းပြေးမျက်နှာကြီးတွေကြောင့် လာမယ့်နှစ်တွေမှာ ပြည်သူတွေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အပေါ် မျှော်မှန်းထားသလို ဖြစ်လာပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းတွေက ယခုတစ်ပတ် သတင်းတွေဖြစ်တဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို အဂတိလိုက်စားမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားထားတဲ့ သတင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီခရိုင်ရှိ သစ်စက်မှာ လုပ်နေတဲ့ မြန်မာလုပ်သား ၁၇၀ ကျော်ကို ထိုင်းအလုပ်ရှင်က စက်ရုံပိတ်ပြီး အလုပ်မှ ထုတ်ပယ်ခဲ့တဲ့ သတင်း၊ ဖြိုးကိုကိုတင့်ဆန်း ရဲ့ အမှုကို နေပြည်တော်မှာ ဆက်လက်စစ်ဆေးခဲ့တဲ့ သတင်း၊ တရားမဝင် သစ်တင်ယာဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးမှု ထောက်ကြန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ သတင်း၊  ဖျာပုံမှာ ကွန်ကရစ်ဓာတ်တိုင်များတင်ပြီး ရပ်ထားတဲ့ကားကို ဝင်တိုက်လို့ ဖျာပုံဆေးရုံက လက်ထောက်ဆရာဝန်သုံးဦး သေဆုံးခဲ့တဲ့ သတင်း၊ သတင်းမီဒီယာကောင်စီဝင် အမျိုးသမီးတစ်ဦး ငွေကြေးမမှန်မကန်ပြုလုပ်ခဲ့လို့ မြန်မာနိုင်ငံ၊ သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးနေတဲ့ သတင်းတွေထဲ စောင့်ကြည့်ရဦးမယ့် သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဆရာတော် ပျောက်ဆုံးခြင်း

နိုင်ငံတော်အကြီးအကဲများအပေါ် မဖွယ်မရာစကားလုံးများ သုံးနှုန်းပြောဆိုတာနဲ့ နိုင်ငံတော် တရားရေး၊ အုပ်ချုပ်ရေး စသည့် ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုတာတွေကြောင့် အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ဆရာတော်ဦးဝီရသူ ကို မေ ၂၈ ရက်က တိုင်တန်းခဲ့ပြီး နောက်မှာ ဆရာတော်ဦးဝီရသူ ဘယ်မှာရှိလဲဆိုတာ ယခုချိန်ထိ ဆရာတော်ရဲ့ အတွင်းစည်းထဲက လူတွေကလွဲပြီး ဘယ်သူမှမသိတော့ပါဘူး။ဒီအတွက် အနောက်ပိုင်းခရိုင်တရားရုံးက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူ (ဘဒ္ဒ န္တ ဝိစိတ္တာဘိဝံသ) ရဲ့အမှုကို မျက်ကွယ်စစ်ဆေးမယ်လို့ ဇွန် ၁၁ ရက်က ကြေညာခဲ့ပါတယ်။

အဆိုပါ တရားရုံးမှာ ရဲတပ်ဖွဲ့က ထွက်ဆိုရာမှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ ပန်းဝါလမ်း၊ အမှတ် ၄၄ ရှိ ဦးကျော်နီ ရဲ့ နေအိမ်ကို ဦးဝီရသူ လာတည်းခိုနေထိုင်တာ ရှိ/မရှိ ရဲတပ်ဖွဲ့အနေနဲ့ ဇွန် ၄ ရက်က နေ ၁၀ ရက်အထိ စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် လာမတည်းခိုဘူးလို့ ဆိုပါတယ်။ဆရာတော်ဦးဝီရသူ ကို တရားခံပြေးလို့ မကြေညာသေးပေမယ့် တရားရုံးကို လာရောက် အမှုမရင်ဆိုင်တဲ့အတွက် မျက်ကွယ်မှာ အမှုစစ်ဆေးခြင်းခံရပါက တရားလိုသက်သေများ၏ ထွက်ဆိုတင်ပြချက်များအား ခုခံချေပပိုင်ခွင့် ဆုံးရှုံးမှာဖြစ်သလို လက်ခံထားသူတွေ၊ ကူညီအားပေးသူတွေအနေနဲ့လည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၂၊ ပုဒ်မ ၁၀၉ တို့နဲ့ အရေးယူခံရမှာပါ။

ဒါပေမယ့် ပြင်ပမှာတော့ ဆရာတော်ဦးဝီရသူ ကို ထောက်ခံတဲ့ မျိုးချစ်ဆိုတဲ့သူတွေက ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမှာ ထောက်ခံပွဲတွေ လုပ်ခဲ့လို့ အာဏာပိုင်တွေက ရန်ကုန်မှာလုပ်တဲ့ လမ်းလျှောက်ဆုတောင်းပွဲ ဦးဆောင်တဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေကို ခွင့်ပြုချက်မတင်တဲ့အတွက် အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။မန္တလေးမှာလည်း မန္တလေးတိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနက လှည့်လည်ဆန္ဒထုတ်ဖော်ပွဲတွေမှာ သံဃာမပါဝင်စေဖို့ ကြပ်မတ်ဆောင်ရွက်သွားရန် ကျောင်းတိုက်တွေကို စာပို့ခဲ့ပါတယ်။

အာဏာပိုင်တွေဘက်က ရှာဖွေနေတဲ့ ဆရာတော်ဦးဝီရသူ ဘယ်မှာရှိသလဲဆိုတာ မသိပေမယ့် ကာယကံရှင် ဦးဝီရသူ ကတော့ VK လူမှုကွန်ရက်ကနေ လက်ရှိအစိုးရက အာဏာရှင်လမ်းကြောင်းပေါ် သွားနေတယ်လို့ ပြောခဲ့ပါတယ်။ဆရာတော်ဦးဝီရသူ လိုဘဲ ဝရမ်းပြေးအဖြစ် ကြေညာခံထားရတဲ့ မိုက်ကယ်ကျော်မြင့် နဲ့ သီဟမျိုးနိုင် ဆိုတဲ့သူနှစ်ဦးထဲ သီဟမျိုးနိုင် ဆိုသူက လာအဖမ်းခံပြီးနောက်မှာ  မိုက်ကယ်ကျော်မြင့် ကို ဝမ်းတွင်းမြို့နယ် ဖလန်းကျင်းကျေးရွာက ယောက္ခမနေအိမ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးက တောင်ဒဂုံမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဖြစ်အောင် အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်လ ဝတ်ပြုဆုတောင်းပွဲ တားဆီးပိတ်ပင်ခဲ့လို့ သက်ဆိုင်ရာက ဖမ်းရာမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေပါ။တပ်မတော်က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံထားရတဲ့ ထောင်ထဲကနေ အမှုရင်ဆိုင်နေရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် က  မိုက်ကယ်ကျော်မြင့် ကိုဘဲ နိုင်လွတ်လုံနဲ့ ရုံးချိန်းထွက်ရာမှာ တရားစွဲဆိုခဲ့ပါတယ်။

ဇွန် ၁၀ ရက်က ဦးဝီရသူ ကို လွတ်မြောက်အောင် ဆုတောင်းတဲ့ လမ်းလျှောက်ဆန္ဒပြပွဲမှာ လွန်ခဲ့သည့် ၂ နှစ်က အစိုးရနုတ်ထွက်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြမှုကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော်ဦးပညာဝံသ ကို ဖမ်းမိခဲ့ပါတယ်။ဒါပေမယ့် အဲဒီတုန်းက ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ၁၀ ဦးထဲက ဖမ်းမမိသေးသူရှစ်ဦး ကျန်ရှိနေသေးတယ်။

လူမျိုးရေး ဘာသာရေးတွေနဲ့ ရောထွေးရှက်ယှက်နေတဲ့ ဆရာတော်ဦးဝီရသူ အမှုကိစ္စက ဘယ်လိုတွေဖြစ်လာမလဲ၊ မြန်မာနိုင်ငံထဲမှာဘဲ လွတ်မြောက်နေမလား၊ ဘယ်အချိန် ဘယ်လိုတွေ စီရင်ချက်ချလိမ့်မလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းက အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ကျောင်းသား ၅၂ ဦး ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့ သတင်း၊ မန္တလေး ချမ်းအေးသာစံမြို့နယ်ထဲက ဘုန်းကြီးကျောင်းတိုက်တစ်ခုထဲ  သတင်းအရ ဖဲဝိုင်းဝင်ဖမ်းရာကနေ လောင်းကစားဒိုင်ကိုပါ ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ် လမ်းဖြတ်ကူးရင်း ယာဉ်တိုက်သေဆုံးခဲ့တဲ့ ဒုရဲအုပ်ကို အမှုဖွင့် အရေးယူထားတဲ့ သတင်း၊ ပြည်မြို့နယ် NLD သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးကျော်ကျော်ဉာဏ်ဝင်း ဓားထိုးခံရတဲ့ သတင်း၊ လားရှိုးမြို့ရှိ နမ့်ကျန်ဆည်အတွင်း စောင်ဖြင့်ပတ်ထားကာ ဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိတဲ့ သတင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်ထဲက ကားလမ်းဘေး ရေမြောင်းအတွင်း အနားယူလှဲနေသည့်ပုံစံဖြင့် လူတစ်ဦး သေဆုံးနေတဲ့ သတင်းတွေထက် ပိုစိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇွန် - ၁၄

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ ထိပ္ဆုံးကရွိေနတာ လူပုဂၢိဳလ္နဲ႔ဆိုင္တဲ့ သတင္းေတြနဲ႔ မယ္ေခြကဗ်ာကို Grade 10 သင္႐ိုးမွာ ျပန္သုံးဖို႔ သတင္းပါ။လူမႈကြန္ရက္မွာ ပြက္ေလာ႐ိုက္ခဲ့တဲ့ ဆမ လက္မွတ္ ႐ုတ္သိမ္းခံရတဲ့ နန္းေမြစံ သတင္းက အမ်ားစိတ္ဝင္စားစရာျဖစ္ခဲ့သလို ဆရာေတာ္ဦးဝီရသူ သတင္းေတြ၊ ဘဂၤလားေဒ့ရွ္ဘက္က ျမန္မာအာဏာပိုင္ေတြကို ဘဂၤါလီကိစၥမွာ ပူးေပါင္းမႈမရွိဘူးဆိုၿပီး ေျပာင္းျပန္ ႏိုင္ငံတကာမွာေျပာတဲ့ သတင္းေတြက အမ်ားျပည္သူကို ယခုတစ္ပတ္မွာ စိတ္ဝင္စားမႈပိုေစခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ သတင္း၊ ျပည္ခိုင္ၿဖိဳးပါတီ အာဏာရရင္ မယ္ေခြကဗ်ာ ျပန္ထည့္ေပးမယ္လို႔ ပါတီဥကၠ႒က ေျပာလိုက္တဲ့ သတင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး မိမိကိုယ္ကို ေသနတ္ျဖင့္ပစ္ခတ္ကာ အဆုံးစီရင္မႈ ျပဳလုပ္ခဲ့တဲ့ သတင္း၊ လႊတ္ေတာ္ရန္ပုံေငြမ်ား အလြဲသုံးစားျပဳတဲ့ ပုေလာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ႏွစ္ဦးကို အေရးယူေပးဖို႔ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ သတင္း၊ နာဂေဒသ နန္းယြန္းၿမိဳ႕နယ္ထဲက ေက်း႐ြာ ၂၀ ေက်ာ္မွာ ေျခေထာက္ခြင္လို႔ လမ္းေကာင္းေကာင္းမေလွ်ာက္ႏိုင္တဲ့ ကေလးငယ္ ၁၃၀ ေက်ာ္ ေတြ႕ရွိခဲ့တဲ့ သတင္း၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနႏွင့္ ပတ္သက္၍ အႀကံျပဳခ်က္ႏွင့္ တင္ျပလိုသည့္ အခ်က္မ်ား လက္ခံႏိုင္ရန္ဆက္သြယ္ႏိုင္ေသာ ဖုန္းနံပါတ္၊ ဖက္စ္နံပါတ္ႏွင့္ အီးေမးလ္လိပ္စာေတြကို  ျပည္ေထာင္စုအစိုးရအဖြဲ႕ ႐ုံးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့သတင္းထဲ ထူးထူးျခားျခား ကြဲထြက္ေနခဲ့ပါတယ္။

ရခိုင္ေျမာက္ပိုင္းနဲ႔ အလိမ္အညာ ဘဂၤလား

ယခုတစ္ပတ္ သတင္းေတြထဲ ရခိုင္ေျမာက္ပိုင္း သတင္းေတြက စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းဘက္က ပလက္ဝဘက္မွာ ယခုရက္သတၱပတ္ထဲ တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။ဇြန္ ၇ ရက္က ေဒသတြင္းတိုက္ပြဲေတြေၾကာင့္ ပလက္ဝၿမိဳ႕နယ္ ပိႏၷဲတပင္၊ သဲမေခ်ာင္းထဲႏွင့္ သဲမေခ်ာင္းဝေက်း႐ြာေန ေဒသခံ ၆၀၀ ေက်ာ္ ပလက္ဝၿမိဳ႕ေပၚ ထြက္ေျပးလာရသလို ပုဏၰားကြၽန္းၿမိဳ႕နယ္ထဲမွာလည္း ျဖစ္ခဲ့တာေတြ ရွိပါတယ္။ဇြန္ ၁၃ ရက္က  ေျမာက္ဦးၿမိဳ႕ႏွင့္ တစ္မိုင္ခန႔္အကြာ မက်ားေတာင္တန္းေပၚမွာ တိုက္ပြဲျဖစ္ပြားလို႔ အနီးဝန္းက်င္ ေက်း႐ြာေတြက ေဒသခံရွစ္ဦး လက္နက္ထိမွန္ ဒဏ္ရာရရွိခဲ့ၿပီး ငါးဦးမွာ ဒဏ္ရာျပင္းထန္ခဲ့တယ္လို႔ ဆိုပါတယ္။အတည္မျပဳႏိုင္တဲ့ သတင္းေတြအရ တိုက္ပြဲေတြ ႀကိဳၾကားႀကိဳၾကားျဖစ္ေနၿပီး AA လက္နက္ကိုင္ေတြဘက္က ေခ်ာင္းေျမာင္းပစ္ခတ္တာေတြေၾကာင့္ တိုက္ပြဲေတြက လူေန႐ြာေတြအထိ က်ယ္ျပန႔္လာကာ စစ္ေဘးေရွာင္ဦးေရက ပိုမ်ားလာခဲ့ပါတယ္။

ဒီလိုအေျခအေနေတြရွိတဲ့အျပင္ ႐ြာထဲဝင္ေျပးတာေတြေၾကာင့္  တစ္ဘက္နဲ႔တစ္ဘက္ မယုံသကၤာေတြရွိခဲ့သလို ျဖစ္ခဲ့တာေတြေၾကာင့္လည္း ေမ ၂ ရက္က ရေသ့ေတာင္ ၿမိဳ႕နယ္ ေက်ာက္တန္း႐ြာ ျဖစ္စဥ္မွာ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ႏွင့္ ပတ္သက္၍ မသကၤာသူ ၂၇၅ ဦးကို တပ္မေတာ္က ဖမ္းဆီးစစ္ေဆးေနစဥ္ ပစ္ခတ္မႈျဖစ္ပြားၿပီး အရပ္သားခုနစ္ဦး ေသဆုံးခဲ့တဲ့ျဖစ္စဥ္ ျဖစ္ခဲ့ပါတယ္။ဒီျဖစ္စဥ္ကို ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ေမလ ၂၈ ရက္မွ ၃၀ ရက္အတြင္း ေျမျပင္ကြင္းဆင္း စစ္ေဆးခဲ့သလို ကြင္းဆင္းစစ္ေဆးခ်က္ကို လူ႔အခြင့္အေရးေကာ္မရွင္က ႏိုင္ငံေတာ္သမၼတ႐ုံးကို ယခုရက္သတၱပတ္ထဲ တင္ျပခဲ့တယ္ ဆိုပါတယ္။

ဒီလိုျဖစ္စဥ္ျဖစ္ခဲ့တာ မၾကာေသးမွာဘဲ ေက်ာက္ေတာ္႐ြာ ျဖစ္စဥ္လိုဘဲ ႐ြာအနီး တိုက္ပြဲေတြ ျဖစ္တာေတြေၾကာင့္ AA လက္နက္ကိုင္ေတြနဲ႔ အမာခံေတြ ခိုလႈံေနတယ္ဆိုတဲ့ သတင္းအရ  စစ္ေရွာင္ ၃၀၀၀ ေက်ာ္ရွိတဲ့ ပုဏၰားကြၽန္းၿမိဳ႕နယ္ထဲက ေပါက္ေတာျပင္ဘုန္းႀကီးေက်ာင္းရွိ စစ္ေရွာင္စခန္းကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ က ဇြန္ ၁၀ ရက္မွာ ဝင္စစ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။စစ္ေရွာင္စခန္းကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဝင္စစ္ဖို႔ ႀကိဳးစားရာမွာ ေက်ာင္းရွိ သံဃာေတြက အရပ္ဝတ္ျဖင့္သာ ဝင္စစ္ခံမယ္ဆိုတဲ့အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ေတြက ေက်ာင္းကို ျပင္ပကေနဝိုင္းထားရၿပီး ဇြန္လ ၁၁ ရက္ မြန္းလြဲက်မွာသာ ၿမိဳ႕နယ္သံဃနာယက၊ သာသနာေရးဦးစီးဌာန၊ တပ္မေတာ္သားမ်ားနဲ႔ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕က ဝင္ေရာက္စစ္ေဆးခဲ့ပါတယ္။ဒီလိုစစ္ေဆးခြင့္မရခင္ ေက်ာင္းတိုက္ထဲက စစ္ေရွာင္ တစ္ေထာင္ေက်ာ္ ဇြန္ ၁၀ ရက္ညက ထြက္ခြာခဲ့ၿပီးေနာက္မွ ေက်ာင္းတိုက္ထဲ ဝင္ခြင့္ရခဲ့တာပါ။ဒီလို ေက်ာင္းတိုက္ကို လုံၿခဳံေရးတပ္ဖြဲ႕ေတြဝိုင္းတဲ့ သတင္းက ျပည္တြင္းသတင္းမီဒီယာေတြ၊ ႏိုင္ငံတကာသတင္းေတြမွာ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။စစ္ေဆးစဥ္မွာ ဘာမွ စစ္ေရွာင္ေတြကို စစ္ေဆးတာမရွိဘဲ ဝင္ၾကည့္ၿပီး ျပန္ထြက္သြားတယ္လို႔ ေက်ာင္းတိုက္သံဃာေတြက ဆိုပါတယ္။ဒီလို တစ္ဘက္နဲ႔တစ္ဘက္ မယုံသကၤာျဖစ္တာဟာ အေတာ္ေလးအႏၲရာယ္ႀကီးတဲ့ အေနအထားပါဘဲ။

ဒီလို ရခိုင္ေျမာက္ပိုင္းမွာ အရပ္ဘက္နဲ႔ အာဏာပိုင္ေတြၾကား မယုံသကၤာစိတ္ တိုးပြားေနသလို ဆက္စပ္ ေဒသတြင္းျဖစ္တဲ့ ခ်င္းျပည္နယ္ထဲမွာ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ေထာက္ခံသူေတြက လူမႈကြန္ရက္ကေန ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးႏွင့္ ဝန္ႀကီးေဟာင္းအခ်ိဳ႕ အပါအဝင္ ဘာသာေရးေခါင္းေဆာင္အခ်ိဳ႕ကို အသက္အႏၲရာယ္ ၿခိမ္းေျခာက္ေနတာေတြ ရွိခဲ့ပါတယ္။ဒီလိုၿခိမ္းေျခာက္တဲ့အတြက္ အမုန္းတရား မႀကီးထြားေစေရး ဝိုင္းဝန္းထိန္းသိမ္းေပးဖို႔ ရခိုင္တိုင္းရင္းသား ေခါင္းေဆာင္ေတြကို ခူမီးခ်င္း မ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရး ေကာင္စီ (KACC) က ေမတၱာရပ္ခံခဲ့သလို ဒီလိုမဟုတ္ရင္ ခ်င္းေတြဘက္မွာလည္း တက္ႂကြတဲ့လူငယ္ေတြ ရွိတဲ့အတြက္ မီးစတစ္စတစ္စ ပြားႏိုင္တယ္လို႔  KACC ဘက္က ေျပာခဲ့ပါတယ္။

ဒီၾကားထဲမွာ ရခိုင္ေျမာက္ပိုင္းက ဘဂၤါလီေတြ ကိစၥနဲ႔ပတ္သက္ၿပီး မိုးရာသီမွာ ျပန္ဝင္ေရာက္လာဖို႔ ျမန္မာဘက္က လုပ္ေနေပမယ့္ ဘဂၤလားေဒ့ရွ္ဘက္က ပူးေပါင္းမႈ အေတာ္ေလးအားနည္းခဲ့ပါတယ္။ျမန္မာဘက္ကေန ဖြဲ႕ခဲ့တဲ့ ရခိုင္ျပည္နယ္ဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္က ဘဂၤလားေဒ့ရွ္ဘက္ျခမ္းက ေကာ့ဘဇားကိုသြားၿပီး ဒုကၡသည္ဆိုတဲ့ ဘဂၤါလီေတြနဲ႔ေတြ႕ဖို႔ ႀကိဳးစားေနတာကလည္း ဟိုဘက္က အစိုးရတာဝန္ရွိသူေတြနဲ႔ ဒါကာမွာ လာေတြ႕ခြင့္သာေပးၿပီး ေကာ့ဘဇားကို သြားခြင့္မေပးတဲ့အတြက္ ညႇိေနရဆဲပါ။ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ဟာစီနာ က ဇြန္ ၁၀ ရက္က Gono Bhaban မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ႏိုင္ငံတကာ အကူအညီေပးေရး ေအဂ်င္စီအဖြဲ႕ေတြက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေရာက္ရွိေနၾကတဲ့ ဘဂၤါလီဒုကၡသည္ေတြ ေနရပ္ျပန္ေရးကို မလိုလားၾကဘူးလို႔ ေျပာသလို ဒီဒုကၡသည္ေတြ ေနရပ္ျပန္ၾကရင္ သူတို႔အလုပ္မရွိေတာ့မွာကို စိုးရိမ္ေနၾကလို႔ ျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။

ဒီလိုအေျခအေနမွာ ႐ုရွားႏိုင္ငံ၊ စိန႔္ပီတာစဘာ့ဂ္ၿမိဳ႕ကို စီးပြားေရးဖိုရမ္ တက္ေရာက္ဖို႔ ေရာက္ရွိေနတဲ့ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ က ဇြန္လ ၁၀ ရက္ေန႔ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဆာေဂး လတ္ဗ္ေရာ့ဗ္ နဲ႔ ေတြ႕ဆုံေဆြးေႏြးစဥ္ ဘဂၤါလီေတြ ေနရပ္ျပန္ေရးကိစၥမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္မႈ မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ဒုကၡသည္ေတြကို ျပန္လက္ခံဖို႔ အဆင္သင့္ျဖစ္ေနၿပီး လက္ေတြ႕ျပန္မလာတာဟာ ဘဂၤလားေဒ့ရွ္ဘက္က လႊဲေျပာင္းမေပးလို႔ ျဖစ္တယ္လို႔ ျမန္မာအာဏာပိုင္ေတြဘက္က ၿပီးခဲ့တဲ့လမ်ားအတြင္းက ထုတ္ျပန္ေျပာဆိုထားတာလည္း ရွိခဲ့ပါတယ္။

ဒီလိုေျပာဆိုၿပီးေနာက္မွာ ဇြန္လ ၁၂ ရက္ေန႔က သတင္းစာရွင္းလင္းပြဲမွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ေအေကအဗၺဒူမိုမင္ က ဘဂၤါလီမြတ္စလင္ေတြ ေနရပ္ျပန္ေရးမွာ ဘဂၤလားေဒ့ရွ္က အသင့္ျဖစ္ေနေပမယ့္ ေႏွာင့္ေႏွးမႈကို ဘဂၤလားေဒ့ရွ္ တာဝန္ျဖစ္ေအာင္ ျမန္မာက လုပ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ဇြန္ ၁၃ ရက္မွာ နယူးေယာက္မွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတြင္းဝန္ ရွာရီယာ အလန္မ္ က ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတားရက္ဇ္ နဲ႔ ေတြ႕ဆုံရာမွာ ႐ိုဟင္ဂ်ာေတြ ျပန္ပို႔ေရးကိစၥမွာ ျမန္မာအစိုးရအေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိဘူးလို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ျမန္မာႏိုင္ငံက တာဝန္ရွိသူေတြကို ICC ႏိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံးတင္ေရးအတြက္ နည္းလမ္းအဆင့္ဆင့္ကို ကုလအတြင္းေရးမႉးခ်ဳပ္ကို တင္ျပခဲ့တယ္လို႔ ဆိုပါတယ္။ဒါဟာ ျပည္တြင္းေရးကို ဘဂၤလားေဒ့ရွ္ဘက္က ေျပာင္ေျပာင္တင္းတင္း ဝင္စြက္ဖက္ခဲ့တာပါ။

ျမန္မာဘက္က အဆင္သင့္ျဖစ္ေပမယ့္ ေကာ့ဘဇားမွာရွိတဲ့ ဘဂၤါလီဒုကၡသည္ေတြဆီ ျမန္မာႏိုင္ငံဘက္ ျပန္ဝင္လာဖို႔ အသိေပးျခင္းေတာင္ မရွိသလို ျမန္မာဘက္က ေပးပို႔တဲ့ ပုံစံေတြ၊ ဟိႏၵဴမိသားစုဝင္ေတြ ျပန္ေခၚဖို႔ ပူးေပါင္းမႈမရွိဘဲ အေၾကာင္းျပန္ၾကားတာ မရွိတာေတြက ဘယ္သူ႔ဘက္က အလြန္လဲဆိုတာ ႏိုင္ငံတကာ သတင္းစာမ်က္ႏွာမွာ သိသာေနတဲ့ကိစၥ ျဖစ္ေနပါတယ္။ဘဂၤလားေဒ့ရွ္အေနနဲ႔ ႏိုင္ငံတကာက ရခိုင္အေရးအေပၚ အာ႐ုံစိုက္မႈ ေလ်ာ့က်လာသလို လုပ္စားေနတာလည္း သိလာတဲ့အတြက္ အခက္ေတြ႕ေနပါတယ္။ျမန္မာဘက္မွာ SAVE ZONE ေထာင္ဖို႔ ႏိုင္ငံတကာပတ္ၿပီး ျမန္မာအစိုးရကို ဖိအားေပးဖို႔ ဟာစီနာ ႀကိဳးစားေနေပမယ့္ ႏိုင္ငံတကာက ဟာစီနာ နဲ႔ ဘဂၤလားေဒ့ရွ္ရဲ႕ အႀကံကို ရိပ္မိေနတဲ့အတြက္ ေထာက္ခံမႈက အရင္လိုမရေတာ့ပါဘူး။ဒီလိုအခ်က္ေတြေၾကာင့္ ေရရွည္မွာ ေထာက္ပံ့မႈ ေလ်ာ့က်လာႏိုင္တဲ့အတြက္ ဒုကၡသည္ေတြ လက္ခံထားတာ မႏိုင္ဝန္ပိေနသလို သူ႔အတြက္ ၾကာလာရင္ အစိုးရျပဳတ္က်မယ့္ အႏၲရာယ္ကလည္း ရွိေနပါတယ္။ဒါေၾကာင့္ ျမန္မာႏိုင္ငံဘက္ကို ဒုကၡသည္အမည္ခံ ေ႐ႊ႕ေျပာင္းအေျခခ်သူေတြကို  ျပန္ပို႔ရာမွာ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ ဆိုသလို သူ႔ႏိုင္ငံမွာ ပိုလွ်ံေနတဲ့ လူဦးေရကို ျမန္မာဘက္ ခ်ဲ႕ထုတ္ဖို႔အတြက္ လူအေရအတြက္ကို ပိုျပၿပီး တစ္သန္းခြဲထိ ေျပာထားတာေတြလည္းရွိတဲ့အတြက္ ဘဂၤလားေဒ့ရွ္ရဲ႕ ကူလီကူမာေျခလွမ္းကို သတိထားေစာင့္ၾကည့္ဖို႔ လိုေနပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္က ဘယ္လိုပို႔ပို႔ ျမန္မာဘက္က ေသခ်ာစစ္ေဆးၿပီးမွ လက္ခံမွာျဖစ္တဲ့အတြက္ ဟာစီနာအေနနဲ႔ ျမန္မာဘက္ကို သူ႔ႏိုင္ငံသားေတြ ထိုးထည့္မယ့္အႀကံ ျဖစ္ေျမာက္လာႏိုင္ေခ် နည္းပါတယ္။ဒီအတြက္ သူစီစဥ္သလို ႏိုင္ငံတကာဖိအားက ျမန္မာဘက္ မေရာက္ဘဲ သူ႔ဘက္ျပန္လွည္ၿပီး ဘာေတြျဖစ္လာမလဲ ဆိုတာကိုလည္း  ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ႏိုင္ငံေရးေနာက္ခံ သတင္းေတြျဖစ္တဲ့ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕ရဲ႕ ခ်င္းမိုင္အစည္းအေဝးကို ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာစစ္သံမႉးက တားျမစ္တဲ့ သတင္း၊ ကမာၻ႔ၿငိမ္းခ်မ္းေရးၫႊန္းကိန္း (Global Peace Index - GPI) မွာ ျမန္မာႏိုင္ငံ ယမန္ႏွစ္ကထက္ ေလ်ာ့က်ၿပီး အဆင့္ (၁၂၃) သို႔ ေရာက္ရွိလာတဲ့ သတင္း၊ ျမစ္ႀကီးနားၿမိဳ႕လယ္မွာ ကခ်င္စစ္ေဘး (၈) ႏွစ္ျပည့္ အထိမ္းအမွတ္ ျပဇာတ္ကို တင္ဆက္ခဲ့တဲ့ သတင္း၊ တစ္ေက်ာ့ျပန္စစ္ပြဲ ရွစ္ႏွစ္ျပည့္ ဆုေတာင္းပြဲကို ျမစ္ႀကီးနားၿမိဳ႕ရွိ မေနာကြင္းမွာ ျပဳလုပ္ခဲ့ရာ ေဒသခံမ်ား တစ္ေထာင္ေက်ာ္ တက္ေရာက္ခဲ့တဲ့ သတင္း၊ တစ္ေက်ာ့ျပန္တိုက္ပြဲျဖစ္ပြားမႈ  ရွစ္ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ၿငိမ္းခ်မ္းေရးလႈပ္ရွားသူ လူငယ္ ၅၀ ခန႔္က ရန္ကုန္မွာ ခ်ီတက္ဆႏၵျပခဲ့တဲ့ သတင္း၊ ကခ်င္စစ္ေဘး (၈) ႏွစ္ျပည့္ အထိမ္းအမွတ္ျပဇာတ္ တင္ဆက္ျပသရာမွာ ႀကိဳတင္ခြင့္ျပဳခ်က္ မေတာင္းခံလို႔  ကခ်င္လူငယ္အဖြဲ႕ တာဝန္ခံႏွစ္ဦးကို ရဲတပ္ဖြဲ႕က  တရားစြဲဆိုခဲ့တဲ့ သတင္းေတြထဲမွာ ထူးထူးျခားျခား တိုင္းျပည္အတြက္ သတိထားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဂုဏ္က်က္သေရရွိ ဝရမ္းေျပးေတြ     

ယခုတစ္ပတ္ သတင္းေတြထဲမွာ အမ်ားျပည္သူၾကား လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တဲ့ သတင္းက ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္တဲ့ ဝရမ္းေျပးစာရင္းပါဘဲ။ၿမိဳ႕နယ္တရားသူႀကီးငါးဦး၊ ဒု-ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးႏွစ္ဦး၊ ၫႊန္ၾကားေရးမႉးသုံးဦး၊ စခန္းမႉးတစ္ဦး၊ ပါေမာကၡခ်ဳပ္ေဟာင္းတစ္ဦး၊ ဥပေဒအရာရွိတစ္ဦး၊ အထက္တန္းေရွ႕ေနတစ္ဦးႏွင့္ ေတာအုပ္တစ္ဦးတို႔ ပါဝင္တဲ့ တရားခံေျပး ၂၀ ဦး၏ ႐ုပ္ပုံေတြနဲ႔ ကိုယ္ေရးအခ်က္အလက္ေတြကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ယခုရက္သတၱပတ္ထဲမွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုထုတ္ျပန္ရာမွာ အမ်ားျပည္သူ ထင္သလို ဝရမ္းေျပးေတြက အေျခအေနမဲ့ေတြ မဟုတ္ဘဲ ပညာတတ္ေတြျဖစ္ေနတာ၊ ရာထူးတာဝန္ ႀကီးႀကီးမားမား တာဝန္ယူထားတဲ့သူေတြ ျဖစ္ေနတာက အံၾသစရာျဖစ္ခဲ့သလို ထိုလူေတြ တာဝန္ယူထားတဲ့ ကာလအတြင္း အမ်ားျပည္သူနဲ႔ လက္ေအာက္က ဝန္ထမ္းေတြအေပၚ မတရား ဘယ္ေလာက္ထိလုပ္ခဲ့သလဲ ဆိုတာလည္း  မစဥ္းစားမိေအာင္ပါဘဲ။
အရပ္သားအစိုးရလက္ထက္မွာ ယခင္အစိုးရလက္ထက္က ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့တဲ့ ဦးေအာင္ၾကည္ ကို ဥကၠ႒ခန႔္အပ္ၿပီးေနာက္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို အစိုးရပိုင္းက အားသြန္ခြန္စိုက္ လုပ္ခဲ့ရာမွာ ဆက္တိုက္ဆိုသလို အဂတိလိုက္စားမႈေတြကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ အဂတိလိုက္စားမႈေတြထဲက ထြက္ေျပးေနတဲ့သူေတြကို ႏွစ္ေတြခ်ီလာတဲ့အထိ ဖမ္းမမိေသးတာကေတာ့ အမ်ားျပည္သူၾကား စိတ္ဘဝင္မက်စရာ ေျပာစရာတစ္ခုေတာ့ ျဖစ္ခဲ့ပါတယ္။ဒီလိုေျပးေနတဲ့သူေတြကို ဖမ္းမမိတဲ့အတြက္လည္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအေပၚ ျပည္သူေတြအေနနဲ႔ ထင္သေလာက္ အားကိုးယုံၾကည္မႈက မရေသးပါဘူး။

ယခုတစ္ပတ္ထဲမွာဘဲ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စြာအုန္း အပါအဝင္ ေလးဦးကို အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္အေရးယူခဲ့သလို လားရႈိးက လဝက အရာထမ္း၊ ဝန္ထမ္းနဲ႔ ပြဲစားေပါင္း ၈ ဦးကို အဂတိလိုက္စားမႈနဲ႔ ထပ္အေရးယူခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။အမ်ားျပည္သူေတြအေနနဲ႔ရတဲ့ လစာထက္ပိုၿပီး ဝင္ေငြေကာင္းေနတဲ့ အစိုးရအရာထမ္းဝန္ထမ္းေတြနဲ႔  အၿမဲတေစ ကိုယ့္ေဘးပတ္ဝန္းက်င္မွာ ျမင္ေနရတဲ့အတြက္ ဒီလိုအေရးယူမႈေတြအေပၚ သိပ္ၿပီးစိတ္ဝင္စားမႈ နည္းပါတယ္။အမ်ားႀကီးထဲက တစ္ခုတစ္ေလသာ ေ႐ြးေကာက္အေရးယူခံရတဲ့ အဂတိလိုက္စားမႈေတြနဲ႔ ရာထူးႀကီးေတြကို အေရးယူရင္ ထြက္ေျပးလြတ္ေျမာက္ေနတဲ့ ဝရမ္းေျပးမ်က္ႏွာႀကီးေတြေၾကာင့္ လာမယ့္ႏွစ္ေတြမွာ ျပည္သူေတြ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္အေပၚ ေမွ်ာ္မွန္းထားသလို ျဖစ္လာပါ့မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းေတြက ယခုတစ္ပတ္ သတင္းေတြျဖစ္တဲ့ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ကို အဂတိလိုက္စားမႈ ရွိ၊ မရွိ စုံစမ္းစစ္ေဆးေပးရန္ တိုင္ၾကားထားတဲ့ သတင္း၊ ထိုင္းႏိုင္ငံ ေတာင္ပိုင္း ဆူရတ္ဌာနီခ႐ိုင္ရွိ သစ္စက္မွာ လုပ္ေနတဲ့ ျမန္မာလုပ္သား ၁၇၀ ေက်ာ္ကို ထိုင္းအလုပ္ရွင္က စက္႐ုံပိတ္ၿပီး အလုပ္မွ ထုတ္ပယ္ခဲ့တဲ့ သတင္း၊ ၿဖိဳးကိုကိုတင့္ဆန္း ရဲ႕ အမႈကို ေနျပည္ေတာ္မွာ ဆက္လက္စစ္ေဆးခဲ့တဲ့ သတင္း၊ တရားမဝင္ သစ္တင္ယာဥ္ ေမာင္းႏွင္ထြက္ေျပးသျဖင့္ ပစ္ခတ္ဖမ္းဆီးမႈ ေထာက္ၾကန႔္ၿမိဳ႕နယ္မွာ ျဖစ္ခဲ့တဲ့ သတင္း၊  ဖ်ာပုံမွာ ကြန္ကရစ္ဓာတ္တိုင္မ်ားတင္ၿပီး ရပ္ထားတဲ့ကားကို ဝင္တိုက္လို႔ ဖ်ာပုံေဆး႐ုံက လက္ေထာက္ဆရာဝန္သုံးဦး ေသဆုံးခဲ့တဲ့ သတင္း၊ သတင္းမီဒီယာေကာင္စီဝင္ အမ်ိဳးသမီးတစ္ဦး ေငြေၾကးမမွန္မကန္ျပဳလုပ္ခဲ့လို႔ ျမန္မာႏိုင္ငံ၊ သတင္းမီဒီယာေကာင္စီက စုံစမ္းစစ္ေဆးေနတဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရဦးမယ့္ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ဆရာေတာ္ ေပ်ာက္ဆုံးျခင္း

ႏိုင္ငံေတာ္အႀကီးအကဲမ်ားအေပၚ မဖြယ္မရာစကားလုံးမ်ား သုံးႏႈန္းေျပာဆိုတာနဲ႔ ႏိုင္ငံေတာ္ တရားေရး၊ အုပ္ခ်ဳပ္ေရး စသည့္ က႑မ်ားမွ တာဝန္ရွိသူမ်ားအေပၚ အၾကည္ညိဳပ်က္ေအာင္ ေျပာဆိုတာေတြေၾကာင့္ အေနာက္ပိုင္းခ႐ိုင္ ဒုအေထြေထြအုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္ၿပီး ဆရာေတာ္ဦးဝီရသူ ကို ေမ ၂၈ ရက္က တိုင္တန္းခဲ့ၿပီး ေနာက္မွာ ဆရာေတာ္ဦးဝီရသူ ဘယ္မွာရွိလဲဆိုတာ ယခုခ်ိန္ထိ ဆရာေတာ္ရဲ႕ အတြင္းစည္းထဲက လူေတြကလြဲၿပီး ဘယ္သူမွမသိေတာ့ပါဘူး။ဒီအတြက္ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ဦးဝီရသူ (ဘဒၵ ႏၲ ဝိစိတၱာဘိဝံသ) ရဲ႕အမႈကို မ်က္ကြယ္စစ္ေဆးမယ္လို႔ ဇြန္ ၁၁ ရက္က ေၾကညာခဲ့ပါတယ္။

အဆိုပါ တရား႐ုံးမွာ ရဲတပ္ဖြဲ႕က ထြက္ဆိုရာမွာ ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္၊ ၁၁ ရပ္ကြက္၊ ပန္းဝါလမ္း၊ အမွတ္ ၄၄ ရွိ ဦးေက်ာ္နီ ရဲ႕ ေနအိမ္ကို ဦးဝီရသူ လာတည္းခိုေနထိုင္တာ ရွိ/မရွိ ရဲတပ္ဖြဲ႕အေနနဲ႔ ဇြန္ ၄ ရက္က ေန ၁၀ ရက္အထိ ေစာင့္ၾကည့္ခဲ့တယ္လို႔ ဆိုပါတယ္။ဒါေပမယ့္ လာမတည္းခိုဘူးလို႔ ဆိုပါတယ္။ဆရာေတာ္ဦးဝီရသူ ကို တရားခံေျပးလို႔ မေၾကညာေသးေပမယ့္ တရား႐ုံးကို လာေရာက္ အမႈမရင္ဆိုင္တဲ့အတြက္ မ်က္ကြယ္မွာ အမႈစစ္ေဆးျခင္းခံရပါက တရားလိုသက္ေသမ်ား၏ ထြက္ဆိုတင္ျပခ်က္မ်ားအား ခုခံေခ်ပပိုင္ခြင့္ ဆုံးရႈံးမွာျဖစ္သလို လက္ခံထားသူေတြ၊ ကူညီအားေပးသူေတြအေနနဲ႔လည္း ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၁၂၊ ပုဒ္မ ၁၀၉ တို႔နဲ႔ အေရးယူခံရမွာပါ။

ဒါေပမယ့္ ျပင္ပမွာေတာ့ ဆရာေတာ္ဦးဝီရသူ ကို ေထာက္ခံတဲ့ မ်ိဳးခ်စ္ဆိုတဲ့သူေတြက ရန္ကုန္၊ မႏၲေလးနဲ႔ ေတာင္ႀကီးမွာ ေထာက္ခံပြဲေတြ လုပ္ခဲ့လို႔ အာဏာပိုင္ေတြက ရန္ကုန္မွာလုပ္တဲ့ လမ္းေလွ်ာက္ဆုေတာင္းပြဲ ဦးေဆာင္တဲ့ သံဃာေတြနဲ႔ လူပုဂၢိဳလ္ေတြကို ခြင့္ျပဳခ်က္မတင္တဲ့အတြက္ အမႈဖြင့္ တရားစြဲဆိုခဲ့ပါတယ္။မႏၲေလးမွာလည္း မႏၲေလးတိုင္းေဒသႀကီး သာသနာေရး ဦးစီးဌာနက လွည့္လည္ဆႏၵထုတ္ေဖာ္ပြဲေတြမွာ သံဃာမပါဝင္ေစဖို႔ ၾကပ္မတ္ေဆာင္႐ြက္သြားရန္ ေက်ာင္းတိုက္ေတြကို စာပို႔ခဲ့ပါတယ္။

အာဏာပိုင္ေတြဘက္က ရွာေဖြေနတဲ့ ဆရာေတာ္ဦးဝီရသူ ဘယ္မွာရွိသလဲဆိုတာ မသိေပမယ့္ ကာယကံရွင္ ဦးဝီရသူ ကေတာ့ VK လူမႈကြန္ရက္ကေန လက္ရွိအစိုးရက အာဏာရွင္လမ္းေၾကာင္းေပၚ သြားေနတယ္လို႔ ေျပာခဲ့ပါတယ္။ဆရာေတာ္ဦးဝီရသူ လိုဘဲ ဝရမ္းေျပးအျဖစ္ ေၾကညာခံထားရတဲ့ မိုက္ကယ္ေက်ာ္ျမင့္ နဲ႔ သီဟမ်ိဳးႏိုင္ ဆိုတဲ့သူႏွစ္ဦးထဲ သီဟမ်ိဳးႏိုင္ ဆိုသူက လာအဖမ္းခံၿပီးေနာက္မွာ  မိုက္ကယ္ေက်ာ္ျမင့္ ကို ဝမ္းတြင္းၿမိဳ႕နယ္ ဖလန္းက်င္းေက်း႐ြာက ေယာကၡမေနအိမ္မွာ ဖမ္းဆီးရမိခဲ့ပါတယ္။သူတို႔ႏွစ္ေယာက္လုံးက ေတာင္ဒဂုံမွာ လူမ်ိဳးေရး ဘာသာေရး အဓိက႐ုဏ္းျဖစ္ေအာင္ အစၥလာမ္ဘာသာဝင္ေတြ ဥပုသ္လ ဝတ္ျပဳဆုေတာင္းပြဲ တားဆီးပိတ္ပင္ခဲ့လို႔ သက္ဆိုင္ရာက ဖမ္းရာမွာ ထြက္ေျပးတိမ္းေရွာင္ေနတဲ့သူေတြပါ။တပ္မေတာ္က ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲခံထားရတဲ့ ေထာင္ထဲကေန အမႈရင္ဆိုင္ေနရသည့္ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ က  မိုက္ကယ္ေက်ာ္ျမင့္ ကိုဘဲ ႏိုင္လြတ္လုံနဲ႔ ႐ုံးခ်ိန္းထြက္ရာမွာ တရားစြဲဆိုခဲ့ပါတယ္။

ဇြန္ ၁၀ ရက္က ဦးဝီရသူ ကို လြတ္ေျမာက္ေအာင္ ဆုေတာင္းတဲ့ လမ္းေလွ်ာက္ဆႏၵျပပြဲမွာ လြန္ခဲ့သည့္ ၂ ႏွစ္က အစိုးရႏုတ္ထြက္ေပးေရး သပိတ္စခန္းဖြင့္ ဆႏၵျပမႈေၾကာင့္ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ဆရာေတာ္ဦးပညာဝံသ ကို ဖမ္းမိခဲ့ပါတယ္။ဒါေပမယ့္ အဲဒီတုန္းက ဖမ္းဝရမ္းထုတ္ခဲ့တဲ့ ၁၀ ဦးထဲက ဖမ္းမမိေသးသူရွစ္ဦး က်န္ရွိေနေသးတယ္။

လူမ်ိဳးေရး ဘာသာေရးေတြနဲ႔ ေရာေထြးရွက္ယွက္ေနတဲ့ ဆရာေတာ္ဦးဝီရသူ အမႈကိစၥက ဘယ္လိုေတြျဖစ္လာမလဲ၊ ျမန္မာႏိုင္ငံထဲမွာဘဲ လြတ္ေျမာက္ေနမလား၊ ဘယ္အခ်ိန္ ဘယ္လိုေတြ စီရင္ခ်က္ခ်လိမ့္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းက အင္းစိန္ဗဟိုအက်ဥ္းေထာင္မွ အက်ဥ္းသား ေက်ာင္းသား ၅၂ ဦး ၂၀၁၉ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့တဲ့ သတင္း၊ မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ထဲက ဘုန္းႀကီးေက်ာင္းတိုက္တစ္ခုထဲ  သတင္းအရ ဖဲဝိုင္းဝင္ဖမ္းရာကေန ေလာင္းကစားဒိုင္ကိုပါ ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းေပၚ လမ္းျဖတ္ကူးရင္း ယာဥ္တိုက္ေသဆုံးခဲ့တဲ့ ဒုရဲအုပ္ကို အမႈဖြင့္ အေရးယူထားတဲ့ သတင္း၊ ျပည္ၿမိဳ႕နယ္ NLD သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဦးေက်ာ္ေက်ာ္ဉာဏ္ဝင္း ဓားထိုးခံရတဲ့ သတင္း၊ လားရႈိးၿမိဳ႕ရွိ နမ့္က်န္ဆည္အတြင္း ေစာင္ျဖင့္ပတ္ထားကာ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ ႐ုပ္အေလာင္းတစ္ခု ေတြ႕ရွိတဲ့ သတင္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ထဲက ကားလမ္းေဘး ေရေျမာင္းအတြင္း အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနတဲ့ သတင္းေတြထက္ ပိုစိတ္ဝင္စားစရာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇြန္ - ၁၄