(တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်) အီရန်နဲ့ အမေရိကန်စစ်ဖြစ်တော့မလား

 (တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်) အီရန်နဲ့ အမေရိကန်စစ်ဖြစ်တော့မလား

ယခုရက်သတ္တပတ်ထဲ တကမ္ဘာလုံးအာရုံစိုက်ခဲ့ရတဲ့ သတင်းက အီရန်နဲ့ အမေရိကန်ကြား တင်းမာမှု အ မြင့်ဆုံးအခြေအနေကြောင့် ဘယ်လိုမီးစကနေ စစ်စတင်ဖြစ်မလဲ ဆိုတဲ့ သတင်းတွေပါဘဲ။ ပါရှား ပင်လယ်ကွေ့ ကို အမေရိကန်က စစ်သင်္ဘောတွေ၊ လေယာဉ်တင် သင်္ဘောတွေ၊ဗုံးကြဲလေယာဉ်တွေ လွှတ်ခဲ့သလို အီရန် အားပေး
ထောက်ခံ တဲ့ ယီမင်သူပုန်တွေ ကလည်း ဆော်ဒီရေနံတင် သင်္ဘောတွေ ၊ရေနံပိုက်လိုင်းတွေကို ဒရုန်းနဲ့ တိုက် ခိုက်ခဲ့တဲ့အတွက် ပါရှား ပင်လယ်ကွေ့အခြေအနေကို အဆိုးဆုံးအနေအထားကို ရောက်ခဲ့ပါ တယ်။ ဒီသတင်းကို အားလုံးက ရင်တမမစောင့်ကြည့်ခဲ့ရသလို အမေရိကန် နဲ့ တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲပိုပြင်းထန်လာတဲ့ အခြေအနေ ၊သီရိလင်္ကာဘာသာရေး အဓိကရုဏ်း သတင်းတွေက လည်း ကမ္ဘာ့ပြည်သူတွေ ကို ရင်တမမဖြစ်စေခဲ့ရပါတယ်။

 ဒီသတင်း တွေက ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့တဲ့ မီဒီယာလွတ်လပ် ခွင့်က နိုင်ငံ တစ်နိုင်ငံ၏ အခြေအနေ ကောင်းမွန်ရေး အဓိက ကျသော လက္ခဏာ တစ်ခုဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ပြောကြားလိုက်တဲ့ သတင်း၊သြစတြေးလျနိုင်ငံ ရဲ့ရွေးကောက် ပွဲမှာ အတိုက် အခံလေဘာပါတီ အနိုင်ရတဲ့သတင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဗြိတိန်ခရီးစဉ်မှာဆန္ဒပြဖို့ ရွှေရောင်အိမ်သာ ခွက်ပေါ် ဘောင်းဘီချွတ်ထိုင်နေတဲ့ ထရန့်ပုံစံတူစက်ရုပ်ကို  ဗြိတိန်နိုင်ငံ သို့ ကြိုတင်ပေးပို့ထားတဲ့ သတင်း ၊ပညာရေးအသုံးစရိတ်ဖြတ်တောက်လို့ ဘရာဇီးနိုင်ငံတစ်ဝန်း မှာ လူူထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြ ခဲ့တဲ့ သတင်း၊ဖေ့စ်ဘွတ်ခ်က Live ထုတ်လွှင့်ပြသခြင်းနှင့် သက်ဆိုင် တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်လိုက် တဲ့ သတင်း၊ ဇွန်လအစောပိုင်းမှာ ဥရောပမှ ဗြိတိန်ထွက်ခွာရေး (Brexit)နှင့် ပတ်သက်ပြီး လွှတ်တော်အမတ်တွေကို ထပ်မံမဲခွဲခိုင်း မယ်လို့ ဗြိတိန်ဝန်ကြီး ချုပ်ရုံးကပြောလိုက်တဲ့ သတင်း၊ အမေရိကန်နှင့် ရုရှားကြား ဆီးရီးယားရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုကိစ္စ နဲ့ပတ်သက်ပြီး တင်းမာမှုမြင့်တက်လာတဲ့ သတင်းတွေထဲစိတ်ဝင်စားစောင့်ကြည့်နေရတဲ့ သတင်းဖြစ်ခဲ့ပါ တယ်။

တင်းမာမှု ပိုပြင်းထန်လာတဲ့ ပါရှန်းပင်လယ်ကွေ့

    အီရန်နူကလီးယားသဘောတူညီမှုစာချုပ်ကနေ အမေရိကန် က နုတ်ထွက်လိုက်ပြီးနောက်ပိုင်း တင်းမာ မှုမြင့်တက်လာခဲ့တာဟာ ယခုရက်သတ္တပတ်အတွင်း ချက်ခြင်းစစ်ထဖြစ်တော့မလိုအထိ နှစ်ဘက်လုံးက ရန်စမှုတွေ ရှိခဲ့ပါတယ်။

အီရန် ကျောထောက်နောက်ခံ ပြုထားတဲ့ ဟူသီလက်နက်ကိုင်တွေ က မေ ၁၂ ရက်က ယူအေ အီးနိုင်ငံအနီးမှာဆော်ဒီရေနံတင်သင်္ဘောလေး စီးနဲ့  မေ ၁၄ ရက်မှာ ဆော်ဒီရေနံပို့ ဆောင် ရေးစက်ရုံတွေကို လက်နက် တပ် ဆင်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေအတွက် ဟူသီသူပုန်တွေက ယီမင် ပြည်တွင်း စစ်ထဲ  အစိုးရဘက်ကနေ ဆော်ဒီပါဝင်နေတာကို လက်တုံ့ပြန်တာ လို့ ဝန်ခံထားပေမယ့် ဆော် ဒီအစိုးရကတော့ ဒါဟာအီရန်လက်ချက်လို့ စွပ်စွဲထားခဲ့ပါတယ်။

ရုရှားကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက အီရန်နဲ့ စစ်ဖြစ်ဖို့လုပ်ဆောင် နေ ခြင်းမရှိဘူးလို့ မေ ၁၄ ရက်မှာ ပြောခဲ့ပေမယ့် ဒီလို သူရဲ့ပင်လယ်ကွေ့မဟာမိတ်တွေ တိုက်ခိုက်ခံရ တဲ့ အတွက် ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘောနှစ်စီးဖြစ်တဲ့  USS-McFaul နှင့် USS-Gonzales ကို ပါရှန်းပင်လယ်ကွေ့ထဲ စေလွှတ် ခဲ့ ပါတယ်။ ဒီစစ်သင်္ဘော နှစ်စင်းဟာ မေလ ၁၆ ရက် မွန်းလွဲက ဟော်မုဇ်ရေလက်ကြား မှတစ်ဆင့် ဖြတ် သန်းမောင်းနှင်ခဲ့ပေမယ့် အီရန်တော်လှန်ရေးအစောင့်တပ်ဘက်က ရန်မှုခြင်းမရှိခဲ့ပါဘူး။ ဒီသဘောၤနှစ်စင်းက အီရန်ကို တိုက်ခိုက်ဖို့  ပြင်ထားတဲ့ အိုမန်ကမ်း လွန် ရှိ Abraham လေ ယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်စုထဲ ပူးပေါင်းဖို့ လာတာဖြစ်ပါတယ်။ဒါအပြင် အမေရိကန်က အရှေ့ အလယ်ပိုင်းဒေသကို USS-Arlington ကမ်းတက်ယာဉ် သယ်ယူပို့
ဆောင်ရေး သင်္ဘောတစ်စီးနှင့် ဝေဟင်ပစ် ပက်ထရော့ဒုံးပစ်စင် တစ်ခုရွှေ့ ထားသ လို ပါရှန်းပင်လယ်ကွေ့ဝင်ပေါက်အနီးရှိ ယူအေအီးနိုင်ငံကမ်းလွန်မှာလည်း  USS-Kearsarge လေယာဉ် တင် သင်္ဘောကို ချထားပါတယ်။

မခိုင်လုံတဲ့ သတင်းတွေအရ အမေရိကန်ဘက်က အရှေ့အလယ် ပိုင်း ကို တပ်ဖွဲ့ဝင် ၁၂၀,၀၀၀ စေ လွှတ်မယ့် အစီအစဉ် တစ်ခုဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကတော့ ငြင်းဆိုထားပါတယ်။

ဒီလို အမေရိကန် ဘက်က စစ်ပြင်သလိုလုပ်လိုက်၊အင်အားပြသလို လုပ်လိုက်နဲ့ ဟန်ရေးပြနေသလို အီရန်ဘက်ကလည်း စစ်ဖြစ်လာရင် ရင်ဆိုင်ဖို့ အတွက် ပြည်သူတွေကို တပ်လှန့်တာတွေ ရှိတဲ့ အတွက် အီရန်နဲ့ အမေရိကန်ကြား တစ်ကယ်စစ်ဖြစ်မလာနိုင်ဘူးလို့သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ရွေး ကောက်ပွဲနီးလာတဲ့ အတွက် အမေရိကန်အနေနဲ့ စစ်တစ်ခုကို ဖန်တီးနိုင်ရင် လက်ရှိ သမ္မတ ဘဲ ဆက်ရွေး ကောက်ခံရလေ့ရှိတဲ့ အတွက် ထရမ့်အနေနဲ့ စစ်ဖြစ်အောင်လုပ်ဆောင်မလားဆိုတာ စိတ်ဝင်စားစရာပါ။မေ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အီရန်ကတိုက်ခိုက်ဖို့ ကြိုးစားလာရင် ပြန်လည်ချေမှုန်း သွားမယ်လို့ ထရမ့်က ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။

အီရန်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ ထရမ့်အနေနဲ့ အောင်မြင်မလား၊ အီရန်ကပဲ စစ်ပွဲကို ရှောင်လွှဲနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ် ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ဒမတ်စကတ်အနောက်ပိုင်းသို့ ဦးတည်လာသော အစ္စရေး ဒုံးကျည်များကို ဆီးရီးယား လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့တဲ့ သတင်း၊အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးအတွက် ဂျပန်နိုင်ငံက အကူအညီပေးသွားရန် အသင့်ရှိ တယ်လို့ ပြောကြားလိုက်တဲ့ သတင်း၊ ဆူဒန်မှာ အရပ်သား အစိုးရ တစ် ရပ်ဆီသို့ အသွင်ကူးပြောင်းရေး သုံးနှစ်ထားရှိဖို့ စစ်တပ်နဲ့ အတိုက်အခံ သဘောတူညီမှုရရှိတဲ့သတင်း၊ ဗင်နီဇွဲလား ထိပ်တန်း တရားရုံးက လွှတ်တော်အမတ်လေးဦးကို နိုင်ငံတော် သစ္စာဖောက် မှုဖြင့် စွဲချက်တင်လိုက်တဲ့ သတင်း၊ ဥရောပမှာ အစွန်းရောက် အမျိုးသားရေး ဝါဒကြီးထွား လာတဲ့ အပေါ် အားလုံးဝိုင်းဝန်း ရင်ဆိုင် တိုက်ထုတ်သွားဖို့ ဂျာမနီဝန်ကြီးချုပ်အိန်ဂျလာမာကဲလ် တိုက်တွန်း ခဲ့တဲ့သတင်း၊ ကင်ဆာကုသနိုင်တဲ့ ဆေးကို သုံး၊ လေးနှစ်အတွင်း ထုတ်လုပ်နိုင်ဖို့ အသင့်ဖြစ်နေပြီလို့နော်ဝေပညာရှင်တွေကထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်း၊ချေချင်းညာဒေသမှာ လိင်တူဆက်ဆံ သူတွေ ကို ဖိနှိပ်တာကို ကန့်ကွက် တဲ့အနေနဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ရုရှားသံရုံးရှေ့မှာ အနမ်းနဲ့ ဆန္ဒပြတဲ့ သတင်း၊ မာလီနိုင်ငံမှာအဆိုးဝါး ဆုံး သော ရေကြီးမှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့ သတင်း၊ ပါပူဝါ နယူးဂီနီ ရဲ့ မြောက်ပိုင်းကမ်းရိုးတန်းအလွန် ကျွန်းစု တန်းတွေမှာ အင်အား ၇ ဒသမ ၅ အဆင့်ငလျင် လှုပ်ခတ် ခဲ့တဲ့ သတင်း၊ လန်ဒန်မြို့ South Western ရထားလိုင်းပြေးဆွဲနေစဉ် ရထားလော်စပီကာမှ ညစ်ညမ်းဇာတ်ကား မှားယွင်းဖွင့်မိလို့ ရထား အာဏာပိုင်တွေက ပြန်တောင်းပန်ရတဲ့သတင်းတွေနဲ့အတူ  သတင်း ဖတ် သူတွေ စောင့်ကြည့်ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ကုန်သွယ်ရေးနဲ့ အာရှအရှေ့ဖျားတရုတ်ပေါ်လစီ

    အမေရိကန်သမ္မတအဖြစ် ထရမ့်တက်လာကတည်းက အမေရိကန်ရဲ့ မူဝါဒဟာ ခန့်မှန်းရခက်လာ ခဲ့ပါ တယ်။အထူးသဖြင့် ပြောချင်သလို ပြော လုပ်ချင်သလို လုပ်နေတဲ့ ထရမ့်ရဲ့မူဝါဒဟာ ကြာလာတဲ့ အခါ သူဘာ ကို ဦးတည်ပြီးလုပ်နေသလဲ ဆိုတာ ယခုအခါ ကမ္ဘာက သိလာပြီဖြစ်ပါတယ်။ အထူးသဖြင့် အာရှအရှေ့ ဖျားက မြောက်ကိုရီးယားနဲ့ ဆက်ဆံရာမှာ ထရမ့်ရဲ့ ပေါ်လစီက အသာရခဲ့ပါတယ်။

    အမေရိကန်အနေနဲ့ အာရှကိုအဓိက အာရုံစိုက်နေတာ ကိုတွေ့ ရ သလို မြောက်ကိုရီးယား၏ နျူလက်နက်များ ဖြုတ်သိမ်းရေး အတွက် ရည်ရွယ်တဲ့ ဟနွိုင်းဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက်မှာ မြောက်ကိုရီးယား ဘက် က ဒုံကျည်ပစ်လွှတ်မှုတွေ ပြုလုပ်ခဲ့သလို အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယား ကျောက်မီး သွေးတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပါတယ်။

    မြောက်ကိုရီးယားအတွက် အစားအစာနဲ့ လောင်စာအတွက် ခက်ခဲနေချိန်မှာ ကျောက်မီးသွေးတင် သင်္ဘောကို ဖမ်းဆီးခဲ့တာက မြောက်ကိုရီးယားအတွက် အကျပ်အတည်းဖြစ်စေခဲ့ပါတယ်။ ဒီအတွက် မြောက်ကိုရီးယားဘက်က  ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ထံ အမေရိ ကန်က တရားမဝင် ဖမ်းဆီးထားတဲ့ မြောက်ကိုရီး
ယား ကုန်တင်သင်္ဘောကိစ္စဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါ တယ်။ ဒီလိုဖမ်းဆီးတာဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန် တို့ကြား ထိပ်သီးတွေ့ဆုံပွဲရဲ့ အနှစ် သာရကို ချိုးဖောက်တဲ့လုပ်ရပ်လို့ဆိုပြီး သင်္ဘောကို ပြန်ပေးဖို့ တောင်းဆိုခဲ့တာပါ။

    ဒီလိုမြောက်ကိုရီးယားဘက်ကို အကျပ်ကိုင်နေသလို  တရုတ်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲမှာလည်း အရှိန်မြင့်တဲ့ အနေနဲ့ တရုတ် အခြေစိုက်ဟွာဝေးကုမ္ပဏီကို ရည်ရွယ်ပြီး အမျိုးသား လုံခြုံရေး အန္တရာယ် ခြိမ်း ခြောက် နိုင်ဖွယ် ရှိတဲ့ ပြည်ပ တယ်လီကွန်း တပ်ဆင် ပစ္စည်းများ အသုံးပြုခြင်းမှ တားဆီးတဲ့ အထူး အမိန့် တစ်ရပ် ကို သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။

    အစောပိုင်းကတည်းက အမေရိကန်အစိုးရက Huawei ထုတ်ကုန်တွေကနေတစ်ဆင့် တရုတ်အစိုးရက စောင့်ကြည့်ခြေရာခံနိုင် တယ်ဆိုပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့တာပါ။ ထရမ့်ဘက်ကနေ ဒီလိုကြေညာခဲ့တဲ့ အမိန့်ကြောင့် တရုတ် နည်း ပညာ ကုမ္ပဏီ ဟွားဝေးဘက်က ဒီလို ကန့်သတ်ခံရမှုပြဋ္ဌာန်း တာက  အမေရိကန် ပြည်တွင်းရှိ ဝယ်ယူသုံးစွဲသူများနှင့် ကုမ္ပဏီများကိုသာ ထိခိုက်စေလိမ့်မယ်လို့ ပြန်တုံပြန်ခဲ့ပါတယ်။ မေ ၁၈ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအိုဆီ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ရာမှာ သာတူညီ မျှ အခြေအနေတစ်ခုတွင် ညှိနှိုင်းဆွေးနွေးမှု များမှတစ်ဆင့် ကုန်သွယ်ရေး ကိစ္စရပ်များကို ဖြေရှင်းသင့်တယ်လို ပြောခဲ့ပြီး အမေရိကန် အနေဖြင့် တင်းမာမှုများမြင့်တက် လာစေမည့် အပြုအမူ များ ကို ရှောင်ရှားရန် တိုက်တွန်းခဲ့တယ်ဆိုပါတယ်။

    အမေရိကန်ရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် Google ရဲ့ ပင်မ ကုမ္ပဏီဖြစ်တဲ့ Alphabet က ဟွာဝေးကုမ္ပဏီထုတ် Android ဖုန်းတွေမှာ Android operating system တွေကို အဆင့်မြင့်တင် တာတွေ လုပ်လို့မရအောင် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ပါ တယ်။ ဒီလိုကြေညာလိုက်တဲ့အတွက် အခုနှစ်ကုန်ပိုင်းမှာ google ရဲ့ Android operating system ဗားရှင်းအသစ်ထပ်ထွက်လာရင် ဟွာဝေးအနေနဲ့ အသုံးပြုခွင့် မရတော့မယ့် သဘောဖြစ်သလို ဟွာဝေးဖုန်းတွေမှာ YouTube နဲ့ Maps ကဲ့သို့ application တွေကို အသုံးပြုလို့မရတော့မယ့် အခြေအနေဖြစ်ပါတယ်။

    တရုတ်အနေနဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို ဘယ်လိုလက်တုံပြန် မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

    တူရကီနဲ့ဖြစ်နေတဲ့ လက်နက်အရောင်းအဝယ်ကိစ္စမှာတော့ တူရကီဘက်က အလျော့မပေးဘဲ အမေရိကန်ဆီက F-35 တွေ ဝယ်မယ့် အစီအစဉ်တွေကို ပယ်ဖျက်ပြီး ရုရှားဆီကနေ S-400 ဒုံးကျည် ကာကွယ်ရေးစနစ်ဝယ်ယူမယ့်ဘက်ကိုသာ အလေးပေးခဲ့ပါ တယ်။အစ္စတန်ဘူလ်မြို့ ရှိ တက္ကသိုလ် ကျောင်းသားများနှင့် တွေ့ဆုံ
မေးမြန်းခန်း အစီအစဉ်မှာ တူရကီသမ္မတ အာဒိုဂန်က တူရကီအစိုးရ အနေဖြင့် S-500 ဒုံးကျည်ကာကွယ်ရေး စနစ်များကို ရုရှားနှင့် ဖက်စပ် ထုတ်လုပ်မည်လို့ ထရမ့်ကို မထေမဲ့မြင်ပြုခဲ့ပါတယ်။ ဒီအတွက် အမေရိကန်ဘက်က တူရကီကို ဘယ်လို တုံပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

    ဒီသတင်းတွေက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ အသက် ၇၀ ကျော်အရွယ်ရှိ ဂျပန်နိုင်ငံသားတစ်ဦးကို တရုတ် တရားရုံးတစ်ရုံးက နိုင်ငံတော်၏လျှို့ဝှက်ချက်များ ခိုးယူမှုစွဲချက်ဖြင့် ထောင်ဒဏ် ငါးနှစ် နှင့်ခြောက်လ ကျခံ စေရန် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ သတင်း၊ တရုတ်
ကျောင်းသားများကို ကျောင်းသားဗီဇာ (သို့မဟုတ်) သုတေသန ဗီဇာထုတ်ပေးခြင်းမှ တားမြစ်ဖို့ အမေရိကန်ဗီဇာထုတ်ပေးဖို့ တားမြစ်ဖို့ ရီပက်ဘလေကန်အမတ်အချို့က လွှတ်တော်သို့ တင်ပြလိုက်တဲ့ သတင်း၊ ခွေးများကို တရားမဝင်သောအမည်များပေး လို့ တရုတ်နိုင်ငံ အရှေ့ ပိုင်းရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးခံလိုက်ရ တဲ့ သတင်း၊တရုတ်နိုင်ငံမှာ ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီး ထားတာ ဟာ လက်သင့်ခံစရာ မရှိဘူးလို့ ကနေဒါဝန်ကြီးချုပ် ပြောလိုက် တဲ့ သတင်း၊ ရှန်ဟိုင်းမှာ Mercedes-Benz ကား အရောင်းပြ ခန်း အဆောက်အအုံပြိုကျလို့ လူ ငါးဦး သေဆုံးခဲ့တဲ့ သတင်း၊လိင်တူထိမ်းမြားခြင်း ကိုတိုင်ပေလွှတ်တော်က မဲခွဲကာ တရား ဝင်ခွင့်ပြုလိုက်တဲ့ သတင်း၊ထိုင်းနိုင်ငံမြောက် ပိုင်းမှာ အရှင် လတ် လတ်မြေ မြှုပ်ခြင်းခံရသော မွေးကင်းစ ကလေး ငယ်ကို ခွေးတစ်ကောင် က ကယ်တင်နိုင်ခဲ့တဲ့ သတင်းတွေ လိုဘဲ အများပြည်သူ အတွက် စိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့ပါတယ်။

မပြီးတဲ့ အမုန်းတရား

    သီရိလင်္ကာမှာ အီစတာဗုံးခွဲမှုနောက်ပိုင်း နိုင်ငံအတွင်း အခြေ အနေ က ယမ်းမီးအိုးလိုဖြစ်နေတာပါ။ ဘယ်အချိန်ထပေါက်မလဲ ဆိုတာကို ကျီးလန့်စာစားဖြစ်နေရသလို လူသုံးရာနီးပါသေဆုံးခဲ့ရတဲ့ ခရစ်ယာန် ဘာသာဝင်တွေ၊လူများစုဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြား မယုံကြည်မှုနဲ့ သံသယစိတ်က မြင့်တက်လာခဲ့ပါတယ်။

    မေ ၁၂ ရက်မှာတော့ မငြိမ်မသက်မှုတွေစဖြစ်လာခဲ့ပြီး မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ ရာမှာ မွတ်စလင် အမျိုးသား တစ်ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံး ကာ မွတ်စလင်ပိုင်ဆိုင် မှုများ လည်း မီးရှို့ခံရ ပါတယ်။မေ ၁၃ မှာ ဆက်လက်ဖြစ်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့က လူ ၆၀ ကို ဖမ်း ဆီးပြီး ည မထွက်ရအမိန့်ကို သီရိလင်္ကာ အာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။အနောက်မြောက်
ပြည် နယ်တွေမှာ အကြမ်းဖက်မှု အဆိုး ဆုံးဖြစ်ပွားခဲ့ပြီး  ရဲတပ်ဖွဲ့ သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရပါတယ်။ နိုင်ငံရဲ့ ဒေသအချို့မှာ လည်း အချိန်အကန့် အသတ်မရှိ ကာဖျူးမိန့်ကို မေ ၁၄ ရက်မှာ ဆက်လက်ထုတ်ပြန်ထားသလို လူမှုမီဒီယာတွေကို ပိတ်ထား ခဲ့ရပါတယ်။ဟတ်တီပိုလာမြို့မှာဆိုရင် မွတ်စလင်ဆန့်ကျင်တဲ့ လူအုပ်တွေဟာ မွတ်စလင်တွေပိုင် ဆိုင်ခန်း တွေကို ကျောက်တုံး
ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ မီးရှို့ဖျက်ဆီးကျူးလွန်ခဲ့သလို ဗလီတစ်ခုကို လူ ၂၀ဝ၀ နီးပါး ဝင်ရောက်ဖျက်ဆီးခဲ့တယ်ဆိုပါတယ်။

    ဒီအတွက် ကုလသမဂ္ဂက အခြေအနေတွေကိုထိန်းဖို့ အာဏပိုင်တွေ ကို တိုက်တွန်းခဲ့ပါတယ်။ သီရိ လင်္ကာလို့ ကျွန်းနိုင်ငံ
လေး မှာ ဒီလိုဘာသာရေးနောက်ခံ ပဋိပက္ခတွေ ဖြစ်ရတာဟာ တိုင်းပြည်အတွက် ခက်ခဲ တဲ့အခြေအနေပါဘဲ။ သမ္မတနဲ့ ဝန်ကြီးချုပ် ကြား အာဏာလွန်ဆွဲပွဲနောက်ပိုင်းမှာ ကမ္ဘာကို ထိတ်လန့်စေတဲ့ အီစ တာဗုံးပေါက်ကွဲမှုကြောင့် ပုံမှန်အနေအထားမရနိုင်သေးခင် ဒီလို ဘာသာရေး အဓိကရုဏ်း ဖြစ်လာခဲ့တဲ့အတွက် ပုံမှန်အနေအထား
ရောက်ဖို့အတွက် ဆက်ပြီး ရုန်းကန်ရမယ့် အနေအထားရှိနေပါ တယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ အကြမ်းဖက်သတင်းတွေဖြစ်တဲ့ နိုင်ဂျီးရီးယား နိုင်ငံမှ ဘိုကိုဟာရမ်အစွန်းရောက်တွေကြောင့် ထောင် ပေါင်းများစွာဟာ ရွာလုံးကျွတ် ထွက်ပြေးလာတဲ့ သတင်း၊ ပါကစ္စတန် ကီတာမြို့မှာ စစ်သွေးကြွတွေက ဆိုင် ကယ်ဗုံးကို ဖောက်ခွဲမှုကြောင့် ရဲလေးဦးသေဆုံးပြီး လူကိုးဦး ဒဏ်ရာရခဲ့တဲ့ သတင်း၊ အိန္ဒိယထိန်းချုပ်ထားတဲ့  ကက်ရှ်မီးယားဒေသမှာ သုံးနှစ် အရွယ် ကလေးငယ် တစ်ဦးအဓမ္မ ပြုကျင့်ခံရလို့ ဆန္ဒပြမှုတွေ နေရာ အနှံ ဖြစ်ပွားခဲ့တဲ့သတင်း၊ အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲရလဒ် မကြေညာမီ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေတဲ့ မသင်္ကာသူ အနည်းဆုံး လူ ၁၀ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်နေရတဲ့ သတင်းတွေ ဆိုတာ တင်ပြရင်း ယခုတစ်ပတ်နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ရပ်နားလိုက်ချင်ပါတယ်။

မင်းထက်

(   Zawgyi   )

 ယခုရက္သတၱပတ္ထဲ တကမာၻလုံးအာ႐ုံစိုက္ခဲ့ရတဲ့ သတင္းက အီရန္နဲ႔ အေမရိကန္ၾကား တင္းမာမႈ အ ျမင့္ဆုံးအေျခအေနေၾကာင့္ ဘယ္လိုမီးစကေန စစ္စတင္ျဖစ္မလဲ ဆိုတဲ့ သတင္းေတြပါဘဲ။ ပါရွား ပင္လယ္ေကြ႕ ကို အေမရိကန္က စစ္သေဘၤာေတြ၊ ေလယာဥ္တင္ သေဘၤာေတြ၊ဗုံးႀကဲေလယာဥ္ေတြ လႊတ္ခဲ့သလို အီရန္ အားေပး
ေထာက္ခံ တဲ့ ယီမင္သူပုန္ေတြ ကလည္း ေဆာ္ဒီေရနံတင္ သေဘၤာေတြ ၊ေရနံပိုက္လိုင္းေတြကို ဒ႐ုန္းနဲ႔ တိုက္ ခိုက္ခဲ့တဲ့အတြက္ ပါရွား ပင္လယ္ေကြ႕အေျခအေနကို အဆိုးဆုံးအေနအထားကို ေရာက္ခဲ့ပါ တယ္။ ဒီသတင္းကို အားလုံးက ရင္တမမေစာင့္ၾကည့္ခဲ့ရသလို အေမရိကန္ နဲ႔ တ႐ုတ္ၾကားကုန္သြယ္ေရးစစ္ပြဲပိုျပင္းထန္လာတဲ့ အေျခအေန ၊သီရိလကၤာဘာသာေရး အဓိက႐ုဏ္း သတင္းေတြက လည္း ကမာၻ႔ျပည္သူေတြ ကို ရင္တမမျဖစ္ေစခဲ့ရပါတယ္။

 ဒီသတင္း ေတြက ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့တဲ့ မီဒီယာလြတ္လပ္ ခြင့္က ႏိုင္ငံ တစ္ႏိုင္ငံ၏ အေျခအေန ေကာင္းမြန္ေရး အဓိက က်ေသာ လကၡဏာ တစ္ခုျဖစ္တယ္လို႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ က ေျပာၾကားလိုက္တဲ့ သတင္း၊ၾသစေၾတးလ်ႏိုင္ငံ ရဲ႕ေ႐ြးေကာက္ ပြဲမွာ အတိုက္ အခံေလဘာပါတီ အႏိုင္ရတဲ့သတင္း၊ အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္ရဲ႕ ၿဗိတိန္ခရီးစဥ္မွာဆႏၵျပဖို႔ ေ႐ႊေရာင္အိမ္သာ ခြက္ေပၚ ေဘာင္းဘီခြၽတ္ထိုင္ေနတဲ့ ထရန႔္ပုံစံတူစက္႐ုပ္ကို  ၿဗိတိန္ႏိုင္ငံ သို႔ ႀကိဳတင္ေပးပို႔ထားတဲ့ သတင္း ၊ပညာေရးအသုံးစရိတ္ျဖတ္ေတာက္လို႔ ဘရာဇီးႏိုင္ငံတစ္ဝန္း မွာ လူူေထာင္ေပါင္းမ်ားစြာ ခ်ီတက္ ဆႏၵျပ ခဲ့တဲ့ သတင္း၊ေဖ့စ္ဘြတ္ခ္က Live ထုတ္လႊင့္ျပသျခင္းႏွင့္ သက္ဆိုင္ တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို တင္းက်ပ္လိုက္ တဲ့ သတင္း၊ ဇြန္လအေစာပိုင္းမွာ ဥေရာပမွ ၿဗိတိန္ထြက္ခြာေရး (Brexit)ႏွင့္ ပတ္သက္ၿပီး လႊတ္ေတာ္အမတ္ေတြကို ထပ္မံမဲခြဲခိုင္း မယ္လို႔ ၿဗိတိန္ဝန္ႀကီး ခ်ဳပ္႐ုံးကေျပာလိုက္တဲ့ သတင္း၊ အေမရိကန္ႏွင့္ ႐ုရွားၾကား ဆီးရီးယားေ႐ြးေကာက္ပြဲ ဝင္ေရာက္စြက္ဖက္မႈကိစၥ နဲ႔ပတ္သက္ၿပီး တင္းမာမႈျမင့္တက္လာတဲ့ သတင္းေတြထဲစိတ္ဝင္စားေစာင့္ၾကည့္ေနရတဲ့ သတင္းျဖစ္ခဲ့ပါ တယ္။

တင္းမာမႈ ပိုျပင္းထန္လာတဲ့ ပါရွန္းပင္လယ္ေကြ႕

    အီရန္ႏူကလီးယားသေဘာတူညီမႈစာခ်ဳပ္ကေန အေမရိကန္ က ႏုတ္ထြက္လိုက္ၿပီးေနာက္ပိုင္း တင္းမာ မႈျမင့္တက္လာခဲ့တာဟာ ယခုရက္သတၱပတ္အတြင္း ခ်က္ျခင္းစစ္ထျဖစ္ေတာ့မလိုအထိ ႏွစ္ဘက္လုံးက ရန္စမႈေတြ ရွိခဲ့ပါတယ္။

အီရန္ ေက်ာေထာက္ေနာက္ခံ ျပဳထားတဲ့ ဟူသီလက္နက္ကိုင္ေတြ က ေမ ၁၂ ရက္က ယူေအ အီးႏိုင္ငံအနီးမွာေဆာ္ဒီေရနံတင္သေဘၤာေလး စီးနဲ႔  ေမ ၁၄ ရက္မွာ ေဆာ္ဒီေရနံပို႔ ေဆာင္ ေရးစက္႐ုံေတြကို လက္နက္ တပ္ ဆင္ထားတဲ့ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ခဲ့ပါတယ္။ ဒီလိုတိုက္ခိုက္မႈေတြအတြက္ ဟူသီသူပုန္ေတြက ယီမင္ ျပည္တြင္း စစ္ထဲ  အစိုးရဘက္ကေန ေဆာ္ဒီပါဝင္ေနတာကို လက္တုံ႔ျပန္တာ လို႔ ဝန္ခံထားေပမယ့္ ေဆာ္ ဒီအစိုးရကေတာ့ ဒါဟာအီရန္လက္ခ်က္လို႔ စြပ္စြဲထားခဲ့ပါတယ္။

႐ုရွားကို ေရာက္ေနတဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ပြန္ပီယိုက အီရန္နဲ႔ စစ္ျဖစ္ဖို႔လုပ္ေဆာင္ ေန ျခင္းမရွိဘူးလို႔ ေမ ၁၄ ရက္မွာ ေျပာခဲ့ေပမယ့္ ဒီလို သူရဲ႕ပင္လယ္ေကြ႕မဟာမိတ္ေတြ တိုက္ခိုက္ခံရ တဲ့ အတြက္ ပဲ့ထိန္းဒုံးက်ည္ ဖ်က္သေဘၤာႏွစ္စီးျဖစ္တဲ့  USS-McFaul ႏွင့္ USS-Gonzales ကို ပါရွန္းပင္လယ္ေကြ႕ထဲ ေစလႊတ္ ခဲ့ ပါတယ္။ ဒီစစ္သေဘၤာ ႏွစ္စင္းဟာ ေမလ ၁၆ ရက္ မြန္းလြဲက ေဟာ္မုဇ္ေရလက္ၾကား မွတစ္ဆင့္ ျဖတ္ သန္းေမာင္းႏွင္ခဲ့ေပမယ့္ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဘက္က ရန္မႈျခင္းမရွိခဲ့ပါဘူး။ ဒီသေဘာၤႏွစ္စင္းက အီရန္ကို တိုက္ခိုက္ဖို႔  ျပင္ထားတဲ့ အိုမန္ကမ္း လြန္ ရွိ Abraham ေလ ယာဥ္တင္ သေဘၤာတိုက္ခိုက္ေရးအုပ္စုထဲ ပူးေပါင္းဖို႔ လာတာျဖစ္ပါတယ္။ဒါအျပင္ အေမရိကန္က အေရွ႕ အလယ္ပိုင္းေဒသကို USS-Arlington ကမ္းတက္ယာဥ္ သယ္ယူပို႔
ေဆာင္ေရး သေဘၤာတစ္စီးႏွင့္ ေဝဟင္ပစ္ ပက္ထေရာ့ဒုံးပစ္စင္ တစ္ခုေ႐ႊ႕ ထားသ လို ပါရွန္းပင္လယ္ေကြ႕ဝင္ေပါက္အနီးရွိ ယူေအအီးႏိုင္ငံကမ္းလြန္မွာလည္း  USS-Kearsarge ေလယာဥ္ တင္ သေဘၤာကို ခ်ထားပါတယ္။

မခိုင္လုံတဲ့ သတင္းေတြအရ အေမရိကန္ဘက္က အေရွ႕အလယ္ ပိုင္း ကို တပ္ဖြဲ႕ဝင္ ၁၂၀,၀၀၀ ေစ လႊတ္မယ့္ အစီအစဥ္ တစ္ခုေဆြးေႏြးေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ခဲ့ေပမယ့္ အေမရိကန္ သမၼတ ေဒၚနယ္ ထရန႔္ကေတာ့ ျငင္းဆိုထားပါတယ္။

ဒီလို အေမရိကန္ ဘက္က စစ္ျပင္သလိုလုပ္လိုက္၊အင္အားျပသလို လုပ္လိုက္နဲ႔ ဟန္ေရးျပေနသလို အီရန္ဘက္ကလည္း စစ္ျဖစ္လာရင္ ရင္ဆိုင္ဖို႔ အတြက္ ျပည္သူေတြကို တပ္လွန႔္တာေတြ ရွိတဲ့ အတြက္ အီရန္နဲ႔ အေမရိကန္ၾကား တစ္ကယ္စစ္ျဖစ္မလာႏိုင္ဘူးလို႔သုံးသပ္မႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္ေ႐ြး ေကာက္ပြဲနီးလာတဲ့ အတြက္ အေမရိကန္အေနနဲ႔ စစ္တစ္ခုကို ဖန္တီးႏိုင္ရင္ လက္ရွိ သမၼတ ဘဲ ဆက္ေ႐ြး ေကာက္ခံရေလ့ရွိတဲ့ အတြက္ ထရမ့္အေနနဲ႔ စစ္ျဖစ္ေအာင္လုပ္ေဆာင္မလားဆိုတာ စိတ္ဝင္စားစရာပါ။ေမ ၁၉ ရက္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ အီရန္ကတိုက္ခိုက္ဖို႔ ႀကိဳးစားလာရင္ ျပန္လည္ေခ်မႈန္း သြားမယ္လို႔ ထရမ့္က ၿခိမ္းေျခာက္ သတိေပးခဲ့ပါတယ္။

အီရန္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတဲ့ ထရမ့္အေနနဲ႔ ေအာင္ျမင္မလား၊ အီရန္ကပဲ စစ္ပြဲကို ေရွာင္လႊဲႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ဒမတ္စကတ္အေနာက္ပိုင္းသို႔ ဦးတည္လာေသာ အစၥေရး ဒုံးက်ည္မ်ားကို ဆီးရီးယား ေလေၾကာင္း ရန္ကာကြယ္ေရးတပ္ဖြဲ႕က ပစ္ခ်ခဲ့တဲ့ သတင္း၊အာဖဂန္နစၥတန္ ၿငိမ္းခ်မ္းေရးအတြက္ ဂ်ပန္ႏိုင္ငံက အကူအညီေပးသြားရန္ အသင့္ရွိ တယ္လို႔ ေျပာၾကားလိုက္တဲ့ သတင္း၊ ဆူဒန္မွာ အရပ္သား အစိုးရ တစ္ ရပ္ဆီသို႔ အသြင္ကူးေျပာင္းေရး သုံးႏွစ္ထားရွိဖို႔ စစ္တပ္နဲ႔ အတိုက္အခံ သေဘာတူညီမႈရရွိတဲ့သတင္း၊ ဗင္နီဇြဲလား ထိပ္တန္း တရား႐ုံးက လႊတ္ေတာ္အမတ္ေလးဦးကို ႏိုင္ငံေတာ္ သစၥာေဖာက္ မႈျဖင့္ စြဲခ်က္တင္လိုက္တဲ့ သတင္း၊ ဥေရာပမွာ အစြန္းေရာက္ အမ်ိဳးသားေရး ဝါဒႀကီးထြား လာတဲ့ အေပၚ အားလုံးဝိုင္းဝန္း ရင္ဆိုင္ တိုက္ထုတ္သြားဖို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္အိန္ဂ်လာမာကဲလ္ တိုက္တြန္း ခဲ့တဲ့သတင္း၊ ကင္ဆာကုသႏိုင္တဲ့ ေဆးကို သုံး၊ ေလးႏွစ္အတြင္း ထုတ္လုပ္ႏိုင္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ေနာ္ေဝပညာရွင္ေတြကထုတ္ေဖာ္ေျပာဆိုလိုက္တဲ့ သတင္း၊ေခ်ခ်င္းညာေဒသမွာ လိင္တူဆက္ဆံ သူေတြ ကို ဖိႏွိပ္တာကို ကန႔္ကြက္ တဲ့အေနနဲ႔ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ရွိ ႐ုရွားသံ႐ုံးေရွ႕မွာ အနမ္းနဲ႔ ဆႏၵျပတဲ့ သတင္း၊ မာလီႏိုင္ငံမွာအဆိုးဝါး ဆုံး ေသာ ေရႀကီးမႈေၾကာင့္ လူ ၁၅ ဦးထက္မနည္း ေသဆုံးခဲ့တဲ့ သတင္း၊ ပါပူဝါ နယူးဂီနီ ရဲ႕ ေျမာက္ပိုင္းကမ္း႐ိုးတန္းအလြန္ ကြၽန္းစု တန္းေတြမွာ အင္အား ၇ ဒသမ ၅ အဆင့္ငလ်င္ လႈပ္ခတ္ ခဲ့တဲ့ သတင္း၊ လန္ဒန္ၿမိဳ႕ South Western ရထားလိုင္းေျပးဆြဲေနစဥ္ ရထားေလာ္စပီကာမွ ညစ္ညမ္းဇာတ္ကား မွားယြင္းဖြင့္မိလို႔ ရထား အာဏာပိုင္ေတြက ျပန္ေတာင္းပန္ရတဲ့သတင္းေတြနဲ႔အတူ  သတင္း ဖတ္ သူေတြ ေစာင့္ၾကည့္ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

ကုန္သြယ္ေရးနဲ႔ အာရွအေရွ႕ဖ်ားတ႐ုတ္ေပၚလစီ

    အေမရိကန္သမၼတအျဖစ္ ထရမ့္တက္လာကတည္းက အေမရိကန္ရဲ႕ မူဝါဒဟာ ခန႔္မွန္းရခက္လာ ခဲ့ပါ တယ္။အထူးသျဖင့္ ေျပာခ်င္သလို ေျပာ လုပ္ခ်င္သလို လုပ္ေနတဲ့ ထရမ့္ရဲ႕မူဝါဒဟာ ၾကာလာတဲ့ အခါ သူဘာ ကို ဦးတည္ၿပီးလုပ္ေနသလဲ ဆိုတာ ယခုအခါ ကမာၻက သိလာၿပီျဖစ္ပါတယ္။ အထူးသျဖင့္ အာရွအေရွ႕ ဖ်ားက ေျမာက္ကိုရီးယားနဲ႔ ဆက္ဆံရာမွာ ထရမ့္ရဲ႕ ေပၚလစီက အသာရခဲ့ပါတယ္။

    အေမရိကန္အေနနဲ႔ အာရွကိုအဓိက အာ႐ုံစိုက္ေနတာ ကိုေတြ႕ ရ သလို ေျမာက္ကိုရီးယား၏ န်ဴလက္နက္မ်ား ျဖဳတ္သိမ္းေရး အတြက္ ရည္႐ြယ္တဲ့ ဟႏြိဳင္းေဆြးေႏြးပြဲ ပ်က္ျပားခဲ့ၿပီးေနာက္မွာ ေျမာက္ကိုရီးယား ဘက္ က ဒုံက်ည္ပစ္လႊတ္မႈေတြ ျပဳလုပ္ခဲ့သလို အေမရိကန္ဘက္ကလည္း ေျမာက္ကိုရီးယား ေက်ာက္မီး ေသြးတင္ သေဘၤာတစ္စင္းကို ဖမ္းဆီးခဲ့ပါတယ္။

    ေျမာက္ကိုရီးယားအတြက္ အစားအစာနဲ႔ ေလာင္စာအတြက္ ခက္ခဲေနခ်ိန္မွာ ေက်ာက္မီးေသြးတင္ သေဘၤာကို ဖမ္းဆီးခဲ့တာက ေျမာက္ကိုရီးယားအတြက္ အက်ပ္အတည္းျဖစ္ေစခဲ့ပါတယ္။ ဒီအတြက္ ေျမာက္ကိုရီးယားဘက္က  ကုလသမဂၢ အတြင္းေရးမႉး ခ်ဳပ္ ထံ အေမရိ ကန္က တရားမဝင္ ဖမ္းဆီးထားတဲ့ ေျမာက္ကိုရီး
ယား ကုန္တင္သေဘၤာကိစၥေျဖရွင္းေပးဖို႔ ေတာင္းဆိုခဲ့ပါ တယ္။ ဒီလိုဖမ္းဆီးတာဟာ အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္ႏွင့္ ေျမာက္ ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံ အန္ တို႔ၾကား ထိပ္သီးေတြ႕ဆုံပြဲရဲ႕ အႏွစ္ သာရကို ခ်ိဳးေဖာက္တဲ့လုပ္ရပ္လို႔ဆိုၿပီး သေဘၤာကို ျပန္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။

    ဒီလိုေျမာက္ကိုရီးယားဘက္ကို အက်ပ္ကိုင္ေနသလို  တ႐ုတ္နဲ႔ ျဖစ္ေနတဲ့ ကုန္သြယ္ေရးစစ္ပြဲမွာလည္း အရွိန္ျမင့္တဲ့ အေနနဲ႔ တ႐ုတ္ အေျခစိုက္ဟြာေဝးကုမၸဏီကို ရည္႐ြယ္ၿပီး အမ်ိဳးသား လုံၿခဳံေရး အႏၲရာယ္ ၿခိမ္း ေျခာက္ ႏိုင္ဖြယ္ ရွိတဲ့ ျပည္ပ တယ္လီကြန္း တပ္ဆင္ ပစၥည္းမ်ား အသုံးျပဳျခင္းမွ တားဆီးတဲ့ အထူး အမိန႔္ တစ္ရပ္ ကို သမၼတ ေဒၚနယ္ထရမ့္က ေမလ ၁၅ ရက္မွာ ေၾကညာခဲ့ပါတယ္။

    အေစာပိုင္းကတည္းက အေမရိကန္အစိုးရက Huawei ထုတ္ကုန္ေတြကေနတစ္ဆင့္ တ႐ုတ္အစိုးရက ေစာင့္ၾကည့္ေျခရာခံႏိုင္ တယ္ဆိုၿပီး စိုးရိမ္ပူပန္ေၾကာင္း ထုတ္ျပန္ခဲ့တာပါ။ ထရမ့္ဘက္ကေန ဒီလိုေၾကညာခဲ့တဲ့ အမိန႔္ေၾကာင့္ တ႐ုတ္ နည္း ပညာ ကုမၸဏီ ဟြားေဝးဘက္က ဒီလို ကန႔္သတ္ခံရမႈျပ႒ာန္း တာက  အေမရိကန္ ျပည္တြင္းရွိ ဝယ္ယူသုံးစြဲသူမ်ားႏွင့္ ကုမၸဏီမ်ားကိုသာ ထိခိုက္ေစလိမ့္မယ္လို႔ ျပန္တုံျပန္ခဲ့ပါတယ္။ ေမ ၁၈ ရက္မွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ပြန္ပီအိုဆီ ဖုန္းျဖင့္ ဆက္သြယ္ေျပာဆိုခဲ့ရာမွာ သာတူညီ မွ် အေျခအေနတစ္ခုတြင္ ညႇိႏႈိင္းေဆြးေႏြးမႈ မ်ားမွတစ္ဆင့္ ကုန္သြယ္ေရး ကိစၥရပ္မ်ားကို ေျဖရွင္းသင့္တယ္လို ေျပာခဲ့ၿပီး အေမရိကန္ အေနျဖင့္ တင္းမာမႈမ်ားျမင့္တက္ လာေစမည့္ အျပဳအမူ မ်ား ကို ေရွာင္ရွားရန္ တိုက္တြန္းခဲ့တယ္ဆိုပါတယ္။

    အေမရိကန္ရဲ႕ ကန႔္သတ္ပိတ္ပင္မႈေၾကာင့္ Google ရဲ႕ ပင္မ ကုမၸဏီျဖစ္တဲ့ Alphabet က ဟြာေဝးကုမၸဏီထုတ္ Android ဖုန္းေတြမွာ Android operating system ေတြကို အဆင့္ျမင့္တင္ တာေတြ လုပ္လို႔မရေအာင္ ပိတ္ပင္လိုက္ေၾကာင္း ေၾကညာခဲ့ပါ တယ္။ ဒီလိုေၾကညာလိုက္တဲ့အတြက္ အခုႏွစ္ကုန္ပိုင္းမွာ google ရဲ႕ Android operating system ဗားရွင္းအသစ္ထပ္ထြက္လာရင္ ဟြာေဝးအေနနဲ႔ အသုံးျပဳခြင့္ မရေတာ့မယ့္ သေဘာျဖစ္သလို ဟြာေဝးဖုန္းေတြမွာ YouTube နဲ႔ Maps ကဲ့သို႔ application ေတြကို အသုံးျပဳလို႔မရေတာ့မယ့္ အေျခအေနျဖစ္ပါတယ္။

    တ႐ုတ္အေနနဲ႔ အေမရိကန္ရဲ႕ လုပ္ရပ္ကို ဘယ္လိုလက္တုံျပန္ မလဲ ဆိုတာ စိတ္ဝင္စားစရာပါ။

    တူရကီနဲ႔ျဖစ္ေနတဲ့ လက္နက္အေရာင္းအဝယ္ကိစၥမွာေတာ့ တူရကီဘက္က အေလ်ာ့မေပးဘဲ အေမရိကန္ဆီက F-35 ေတြ ဝယ္မယ့္ အစီအစဥ္ေတြကို ပယ္ဖ်က္ၿပီး ႐ုရွားဆီကေန S-400 ဒုံးက်ည္ ကာကြယ္ေရးစနစ္ဝယ္ယူမယ့္ဘက္ကိုသာ အေလးေပးခဲ့ပါ တယ္။အစၥတန္ဘူလ္ၿမိဳ႕ ရွိ တကၠသိုလ္ ေက်ာင္းသားမ်ားႏွင့္ ေတြ႕ဆုံ
ေမးျမန္းခန္း အစီအစဥ္မွာ တူရကီသမၼတ အာဒိုဂန္က တူရကီအစိုးရ အေနျဖင့္ S-500 ဒုံးက်ည္ကာကြယ္ေရး စနစ္မ်ားကို ႐ုရွားႏွင့္ ဖက္စပ္ ထုတ္လုပ္မည္လို႔ ထရမ့္ကို မေထမဲ့ျမင္ျပဳခဲ့ပါတယ္။ ဒီအတြက္ အေမရိကန္ဘက္က တူရကီကို ဘယ္လို တုံျပန္မလဲ ဆိုတာ ေစာင့္ၾကည့္ရမွာပါ။

    ဒီသတင္းေတြက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ အသက္ ၇၀ ေက်ာ္အ႐ြယ္ရွိ ဂ်ပန္ႏိုင္ငံသားတစ္ဦးကို တ႐ုတ္ တရား႐ုံးတစ္႐ုံးက ႏိုင္ငံေတာ္၏လွ်ိဳ႕ဝွက္ခ်က္မ်ား ခိုးယူမႈစြဲခ်က္ျဖင့္ ေထာင္ဒဏ္ ငါးႏွစ္ ႏွင့္ေျခာက္လ က်ခံ ေစရန္ ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့ သတင္း၊ တ႐ုတ္
ေက်ာင္းသားမ်ားကို ေက်ာင္းသားဗီဇာ (သို႔မဟုတ္) သုေတသန ဗီဇာထုတ္ေပးျခင္းမွ တားျမစ္ဖို႔ အေမရိကန္ဗီဇာထုတ္ေပးဖို႔ တားျမစ္ဖို႔ ရီပက္ဘေလကန္အမတ္အခ်ိဳ႕က လႊတ္ေတာ္သို႔ တင္ျပလိုက္တဲ့ သတင္း၊ ေခြးမ်ားကို တရားမဝင္ေသာအမည္မ်ားေပး လို႔ တ႐ုတ္ႏိုင္ငံ အေရွ႕ ပိုင္းရွိ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးခံလိုက္ရ တဲ့ သတင္း၊တ႐ုတ္ႏိုင္ငံမွာ ကေနဒါႏိုင္ငံသားႏွစ္ဦးကို ဖမ္းဆီး ထားတာ ဟာ လက္သင့္ခံစရာ မရွိဘူးလို႔ ကေနဒါဝန္ႀကီးခ်ဳပ္ ေျပာလိုက္ တဲ့ သတင္း၊ ရွန္ဟိုင္းမွာ Mercedes-Benz ကား အေရာင္းျပ ခန္း အေဆာက္အအုံၿပိဳက်လို႔ လူ ငါးဦး ေသဆုံးခဲ့တဲ့ သတင္း၊လိင္တူထိမ္းျမားျခင္း ကိုတိုင္ေပလႊတ္ေတာ္က မဲခြဲကာ တရား ဝင္ခြင့္ျပဳလိုက္တဲ့ သတင္း၊ထိုင္းႏိုင္ငံေျမာက္ ပိုင္းမွာ အရွင္ လတ္ လတ္ေျမ ျမႇဳပ္ျခင္းခံရေသာ ေမြးကင္းစ ကေလး ငယ္ကို ေခြးတစ္ေကာင္ က ကယ္တင္ႏိုင္ခဲ့တဲ့ သတင္းေတြ လိုဘဲ အမ်ားျပည္သူ အတြက္ စိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့ပါတယ္။

မၿပီးတဲ့ အမုန္းတရား

    သီရိလကၤာမွာ အီစတာဗုံးခြဲမႈေနာက္ပိုင္း ႏိုင္ငံအတြင္း အေျခ အေန က ယမ္းမီးအိုးလိုျဖစ္ေနတာပါ။ ဘယ္အခ်ိန္ထေပါက္မလဲ ဆိုတာကို က်ီးလန႔္စာစားျဖစ္ေနရသလို လူသုံးရာနီးပါေသဆုံးခဲ့ရတဲ့ ခရစ္ယာန္ ဘာသာဝင္ေတြ၊လူမ်ားစုဗုဒၶဘာသာဝင္ေတြနဲ႔ အစၥလာမ္ဘာသာဝင္ေတြၾကား မယုံၾကည္မႈနဲ႔ သံသယစိတ္က ျမင့္တက္လာခဲ့ပါတယ္။

    ေမ ၁၂ ရက္မွာေတာ့ မၿငိမ္မသက္မႈေတြစျဖစ္လာခဲ့ၿပီး မြတ္စလင္ဆန႔္က်င္ေရး အဓိက႐ုဏ္းမ်ား ျဖစ္ပြားခဲ့ ရာမွာ မြတ္စလင္ အမ်ိဳးသား တစ္ဦး ဓားျဖင့္ထိုးခံရၿပီး ေသဆုံး ကာ မြတ္စလင္ပိုင္ဆိုင္ မႈမ်ား လည္း မီးရႈိ႕ခံရ ပါတယ္။ေမ ၁၃ မွာ ဆက္လက္ျဖစ္ခဲ့တဲ့ အတြက္ ရဲတပ္ဖြဲ႕က လူ ၆၀ ကို ဖမ္း ဆီးၿပီး ည မထြက္ရအမိန႔္ကို သီရိလကၤာ အာဏာပိုင္ေတြကထုတ္ျပန္ခဲ့ပါတယ္။အေနာက္ေျမာက္
ျပည္ နယ္ေတြမွာ အၾကမ္းဖက္မႈ အဆိုး ဆုံးျဖစ္ပြားခဲ့ၿပီး  ရဲတပ္ဖြဲ႕ ေသနတ္ပစ္ေဖာက္ထိန္းသိမ္းခဲ့ရပါတယ္။ ႏိုင္ငံရဲ႕ ေဒသအခ်ိဳ႕မွာ လည္း အခ်ိန္အကန႔္ အသတ္မရွိ ကာဖ်ဴးမိန႔္ကို ေမ ၁၄ ရက္မွာ ဆက္လက္ထုတ္ျပန္ထားသလို လူမႈမီဒီယာေတြကို ပိတ္ထား ခဲ့ရပါတယ္။ဟတ္တီပိုလာၿမိဳ႕မွာဆိုရင္ မြတ္စလင္ဆန႔္က်င္တဲ့ လူအုပ္ေတြဟာ မြတ္စလင္ေတြပိုင္ ဆိုင္ခန္း ေတြကို ေက်ာက္တုံး
ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္တာ၊ မီးရႈိ႕ဖ်က္ဆီးက်ဴးလြန္ခဲ့သလို ဗလီတစ္ခုကို လူ ၂၀ဝ၀ နီးပါး ဝင္ေရာက္ဖ်က္ဆီးခဲ့တယ္ဆိုပါတယ္။

    ဒီအတြက္ ကုလသမဂၢက အေျခအေနေတြကိုထိန္းဖို႔ အာဏပိုင္ေတြ ကို တိုက္တြန္းခဲ့ပါတယ္။ သီရိ လကၤာလို႔ ကြၽန္းႏိုင္ငံ
ေလး မွာ ဒီလိုဘာသာေရးေနာက္ခံ ပဋိပကၡေတြ ျဖစ္ရတာဟာ တိုင္းျပည္အတြက္ ခက္ခဲ တဲ့အေျခအေနပါဘဲ။ သမၼတနဲ႔ ဝန္ႀကီးခ်ဳပ္ ၾကား အာဏာလြန္ဆြဲပြဲေနာက္ပိုင္းမွာ ကမာၻကို ထိတ္လန႔္ေစတဲ့ အီစ တာဗုံးေပါက္ကြဲမႈေၾကာင့္ ပုံမွန္အေနအထားမရႏိုင္ေသးခင္ ဒီလို ဘာသာေရး အဓိက႐ုဏ္း ျဖစ္လာခဲ့တဲ့အတြက္ ပုံမွန္အေနအထား
ေရာက္ဖို႔အတြက္ ဆက္ၿပီး ႐ုန္းကန္ရမယ့္ အေနအထားရွိေနပါ တယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ အၾကမ္းဖက္သတင္းေတြျဖစ္တဲ့ ႏိုင္ဂ်ီးရီးယား ႏိုင္ငံမွ ဘိုကိုဟာရမ္အစြန္းေရာက္ေတြေၾကာင့္ ေထာင္ ေပါင္းမ်ားစြာဟာ ႐ြာလုံးကြၽတ္ ထြက္ေျပးလာတဲ့ သတင္း၊ ပါကစၥတန္ ကီတာၿမိဳ႕မွာ စစ္ေသြးႂကြေတြက ဆိုင္ ကယ္ဗုံးကို ေဖာက္ခြဲမႈေၾကာင့္ ရဲေလးဦးေသဆုံးၿပီး လူကိုးဦး ဒဏ္ရာရခဲ့တဲ့ သတင္း၊ အိႏၵိယထိန္းခ်ဳပ္ထားတဲ့  ကက္ရွ္မီးယားေဒသမွာ သုံးႏွစ္ အ႐ြယ္ ကေလးငယ္ တစ္ဦးအဓမၼ ျပဳက်င့္ခံရလို႔ ဆႏၵျပမႈေတြ ေနရာ အႏွံ ျဖစ္ပြားခဲ့တဲ့သတင္း၊ အင္ဒိုနီးရွားသမၼတ ေ႐ြးေကာက္ပြဲရလဒ္ မေၾကညာမီ အၾကမ္းဖက္တိုက္ခိုက္ရန္ စီစဥ္ေနတဲ့ မသကၤာသူ အနည္းဆုံး လူ ၁၀ ဦးကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ေနရတဲ့ သတင္းေတြ ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ရပ္နားလိုက္ခ်င္ပါတယ္။

မင္းထက္