နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ပြုပြင်ပြောင်းလဲရေး မည်သူဦးဆောင်သည်ဖြစ်စေ ဆက်လက်ဆောင်ရွက်ရမည်

 နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ပြုပြင်ပြောင်းလဲရေး မည်သူဦးဆောင်သည်ဖြစ်စေ ဆက်လက်ဆောင်ရွက်ရမည်

ဥရောပ ဗဟိုဘဏ်အကြီးအကဲရာထူးကို ဆက်ခံမည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) မန်နေဂျင်းဒါရိုက်တာနှင့်ဥက္ကဌဖြစ်သူ ခရစ်စတင်းလာဂါ့ဒ်၏ နုတ်ထွက်စာကို လက်ခံလိုက်ကြောင်းနှင့် သူမကိုဆက်ခံမည့်သူကို စတင်ရှာဖွေနေကြောင်း IMF အမှုဆောင်အဖွဲ့က အင်္ဂါနေ့တွင်ကြေညာသည်။ တရုတ်ရေဒီယို အင်တာနေရှင်နယ်က အောက်ပါအတိုင်းဝေဖန်ပြောကြားခဲ့သည်။

 IMF သည် အဖွဲ့ဝင်အချိုးအစားနှင့်မဲပေးခွင့်နှင့်ပတ်သက်သည့် အရေးပါသော အပြောင်းအလဲကို ဆောင်ရွက်နေချိန်ဖြစ်သည်။ လာဂါ့ဒ်ကို မည်သူဆက်ခံသည့်ဖြစ်စေ IMF အနေဖြင့် ၎င်း၏တရားဝင်မှုနှင့် ထိရောက်မှုကို ပိုမိုတောင့်တင်းစေရန်အတွက် ထွန်းသစ်စ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံကို ဆက်လက်မြှင့်တင်အားပေးရန် အရေးကြီးသည်။

၎င်းတို့၏ လျှင်မြန်သော စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွားရေးသို့အကျိုးဆောင်မှုကြောင့် - ကမ္ဘာ့စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု၏ ထက်ဝက် ကို ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ထုတ်လုပ်နေပြီး ၎င်းတို့သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ ၈၀ ရာခိုင်နှုန်းကို ထည့်ဝင်သည်- IMF အနေဖြင့် ၎င်း၏တာဝန်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရန် ထိုနိုင်ငံများသည် IMF တွင်အဖွဲ့ဝင်အချိုးအစားနှင့် မဲပေးခွင့် ပိုမိုရရှိ သင့်သည်။

IMF သည် ရန်ပုံငွေနှင့်အကူအညီများပေးကာ နိုင်ငံတကာဘာဏ္ဍာရေးတည်ငြိမ်မှုကို ထိန်းသိမ်းပေးပြီး ကမ္ဘာ့ငွေကြေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကတိကဝတ်ပြုသည့် ဘရက်တွန်ဝုဒ် စနစ်၏ အဓိကအမွေအနှစ်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် သူမသည် IMF ၏ခေါင်းဆောင်ဖြစ်လာ ချိန်မှ စတင်ပြီး လာဂါ့ဒ်သည် လွန်စွာလိုအပ်နေသောပြုပြင်ပြောင်းလဲရေး အကန့်အသတ်များကို ကျော်လွှားရန်အရေးပါသော အားထုတ်မှုများကို ပြုလုပ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ကနဦးကပင်ဆန့်ကျင်နေသည့် ၂၀၁၀ IMF တွင်ပါဝင်ခွင့် ခွဲတမ်းနှင့် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး ကို ၂၀၁၆ ခုနှစ်တွင် အကောင်အထည်ဖေါ်ခဲ့ပြီး ထွန်းသစ်စ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် စုစုပေါင်း ပါဝင်ခွင့် ခွဲတမ်းနှင့် မဲပေးခွင့် ၆ ရာခိုင်နှုန်းနှင့် အမှုဆောင်နှစ်ဦးပါဝင်ခွင့်ရရှိပြီး အမှုဆောင်ဒါရိုက်တာများကိုလည်း ရွေးချယ်တင်မြှောက်ခြင်းပြုအောင်လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် ဖွံ့ဖြိုးပြီး နိုင်ငံများသည် IMF ကို သြဇာလွှမ်းမိုနေပြီး အမေရိကန်ပြည်ထောင်စုသည် အရေးပါသောဆုံးဖြတ်ချက်များတွင် တချက် လွှတ်အာဏာကျင့်သုံးခွင့်ရှိနေဆဲဖြစ်သောကြောင့် ဆက်လက်လုပ်ဆောင်ရန်များစွာကျန်ရှိနေသေးပြီး အနာဂါတ်တွင် မည်သူ IMF အကြီး အကဲဖြစ်သည်ဖြစ်စေ ကမ္ဘာ့စီးပွားရေးတွင် ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ပိုမိုကြီးမားသော အချိုးအစားဖြင့် ပါဝင် လာခြင်းမှာ တားဆီးမရသောလမ်းကြောင်းဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ထို့ကြောင့် IMF တွင် ထိုနိုင်ငံများ၏  အသံကို ဆက်လက်တောင့်တင်း ကြံ့ခိုင် အောင်လုပ်ရန် လိုအပ်မည်ဖြစ်သည်။

(  Zawgyi  )

 ဥေရာပ ဗဟိုဘဏ္အႀကီးအကဲရာထူးကို ဆက္ခံမည့္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ ( IMF) မန္ေနဂ်င္းဒါ႐ိုက္တာႏွင့္ဥကၠဌျဖစ္သူ ခရစ္စတင္းလာဂါ့ဒ္၏ ႏုတ္ထြက္စာကို လက္ခံလိုက္ေၾကာင္းႏွင့္ သူမကိုဆက္ခံမည့္သူကို စတင္ရွာေဖြေနေၾကာင္း IMF အမႈေဆာင္အဖြဲ႕က အဂၤါေန႔တြင္ေၾကညာသည္။ တ႐ုတ္ေရဒီယို အင္တာေနရွင္နယ္က ေအာက္ပါအတိုင္းေဝဖန္ေျပာၾကားခဲ့သည္။

 IMF သည္ အဖြဲ႕ဝင္အခ်ိဳးအစားႏွင့္မဲေပးခြင့္ႏွင့္ပတ္သက္သည့္ အေရးပါေသာ အေျပာင္းအလဲကို ေဆာင္႐ြက္ေနခ်ိန္ျဖစ္သည္။ လာဂါ့ဒ္ကို မည္သူဆက္ခံသည့္ျဖစ္ေစ IMF အေနျဖင့္ ၎၏တရားဝင္မႈႏွင့္ ထိေရာက္မႈကို ပိုမိုေတာင့္တင္းေစရန္အတြက္ ထြန္းသစ္စ ေဈးကြက္မ်ားႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ အသံကို ဆက္လက္ျမႇင့္တင္အားေပးရန္ အေရးႀကီးသည္။

၎တို႔၏ လွ်င္ျမန္ေသာ စီးပြားေရးတိုးတက္မႈႏွင့္ ကမာၻ႔စီးပြားေရးသို႔အက်ိဳးေဆာင္မႈေၾကာင့္ - ကမာၻ႔စုစုေပါင္း ျပည္တြင္းထုတ္လုပ္မႈ၏ ထက္ဝက္ ကို ထြန္းသစ္စႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားက ထုတ္လုပ္ေနၿပီး ၎တို႔သည္ ကမာၻ႔စီးပြားေရးတိုးတက္မႈ၏ ၈၀ ရာခိုင္ႏႈန္းကို ထည့္ဝင္သည္- IMF အေနျဖင့္ ၎၏တာဝန္မ်ားကို ပိုမိုေကာင္းမြန္စြာ ျဖည့္ဆည္းႏိုင္ရန္ ထိုႏိုင္ငံမ်ားသည္ IMF တြင္အဖြဲ႕ဝင္အခ်ိဳးအစားႏွင့္ မဲေပးခြင့္ ပိုမိုရရွိ သင့္သည္။

IMF သည္ ရန္ပုံေငြႏွင့္အကူအညီမ်ားေပးကာ ႏိုင္ငံတကာဘာ႑ာေရးတည္ၿငိမ္မႈကို ထိန္းသိမ္းေပးၿပီး ကမာၻ႔ေငြေၾကးပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ရန္ ကတိကဝတ္ျပဳသည့္ ဘရက္တြန္ဝုဒ္ စနစ္၏ အဓိကအေမြအႏွစ္ျဖစ္သည္။ ၂၀၁၁ ခုႏွစ္တြင္ သူမသည္ IMF ၏ေခါင္းေဆာင္ျဖစ္လာ ခ်ိန္မွ စတင္ၿပီး လာဂါ့ဒ္သည္ လြန္စြာလိုအပ္ေနေသာျပဳျပင္ေျပာင္းလဲေရး အကန႔္အသတ္မ်ားကို ေက်ာ္လႊားရန္အေရးပါေသာ အားထုတ္မႈမ်ားကို ျပဳလုပ္ခဲ့သည္။ အေမရိကန္ျပည္ေထာင္စုက ကနဦးကပင္ဆန႔္က်င္ေနသည့္ ၂၀၁၀ IMF တြင္ပါဝင္ခြင့္ ခြဲတမ္းႏွင့္ အုပ္ခ်ဳပ္မႈ ျပဳျပင္ေျပာင္းလဲေရး ကို ၂၀၁၆ ခုႏွစ္တြင္ အေကာင္အထည္ေဖၚခဲ့ၿပီး ထြန္းသစ္စ ေဈးကြက္မ်ားႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသည္ စုစုေပါင္း ပါဝင္ခြင့္ ခြဲတမ္းႏွင့္ မဲေပးခြင့္ ၆ ရာခိုင္ႏႈန္းႏွင့္ အမႈေဆာင္ႏွစ္ဦးပါဝင္ခြင့္ရရွိၿပီး အမႈေဆာင္ဒါ႐ိုက္တာမ်ားကိုလည္း ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းျပဳေအာင္လုပ္ေဆာင္ႏိုင္ခဲ့သည္။

သို႔ေသာ္ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားသည္ IMF ကို ၾသဇာလႊမ္းမိုေနၿပီး အေမရိကန္ျပည္ေထာင္စုသည္ အေရးပါေသာဆုံးျဖတ္ခ်က္မ်ားတြင္ တခ်က္ လႊတ္အာဏာက်င့္သုံးခြင့္ရွိေနဆဲျဖစ္ေသာေၾကာင့္ ဆက္လက္လုပ္ေဆာင္ရန္မ်ားစြာက်န္ရွိေနေသးၿပီး အနာဂါတ္တြင္ မည္သူ IMF အႀကီး အကဲျဖစ္သည္ျဖစ္ေစ ကမာၻ႔စီးပြားေရးတြင္ ထြန္းသစ္စေဈးကြက္ႏိုင္ငံမ်ားႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသည္ ပိုမိုႀကီးမားေသာ အခ်ိဳးအစားျဖင့္ ပါဝင္ လာျခင္းမွာ တားဆီးမရေသာလမ္းေၾကာင္းျဖစ္ေၾကာင္း ေတြ႕ျမင္ရမည္ျဖစ္သည္။ထို႔ေၾကာင့္ IMF တြင္ ထိုႏိုင္ငံမ်ား၏  အသံကို ဆက္လက္ေတာင့္တင္း ႀကံ့ခိုင္ ေအာင္လုပ္ရန္ လိုအပ္မည္ျဖစ္သည္။