【 ဆောင်းပါး 】၂၀၂၀အလွန် တိုင်းရင်းသားတွေအတွက်အခွင့်အရေး

【 ဆောင်းပါး 】၂၀၂၀အလွန် တိုင်းရင်းသားတွေအတွက်အခွင့်အရေး

ကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံတော်တိုးတက်ဖွံ့ဖြိုးနိုင်ဖို့ အရေးကြီးသလို၊ ပြည်မနဲ့တိုင်းရင်းသားတွေ နေထိုင်တဲ့တောင်တန်းဒေသတွေအတွက် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ရှိနိုင်ဖို့ ဆောင်ရွက်ဖို့အတွက်လည်း အရေးကြီးပါတယ်။ အခုဆိုနေပြည်တော်မှာ  ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁(ရာစု)ပင်လုံ စတုတ္ထအစည်းအဝေးကိုလည်း ကျင်းပပြီးတာ တွေ့ရပါတယ်။ ဒီညီလာခံကနေ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို သဘောတူညီချက် အချက် (၂၀)နဲ့ ၂၀၂၀ခုနှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုတွေကိုရရှိခဲ့တယ်လို့သိရပါတယ်။

  

အဲဒီသဘောတူညီချက်(၃)ခုထဲမှာ (ဂ)ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် (၅)ချက်ဆိုပြီး တွေ့ရပါတယ်။ ဒီအဆင့်လိုက် အကောင်အထည် ဖော်မှုကို ၂၀၂၀ အလွန်မှ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု)ပင်လုံက အတော်ညှိနှိုင်းဆောင်ရွက်ရ လိမ့်မယ်ထင်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်ပါဝင်ပြီး NCAကို လက်မှတ်ထိုးနိုင်မှာ ဖြစ်ပါလိမ့်မယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ရာစု) ပင်လုံက သဘောတူစာချုပ်ကို ကြည့်ရင်လည်း NCAက အဓိကကျနေပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှုဟာ ကာလအတော်ကြာပါလိမ့်ဦးမယ်။

    

အခု၂၀၂၀ပါတီစုံ အထွေထွေရွေးကောက်ပွဲကတော့ နိုဝင်ဘာလမှာ ကျင်းပမှာပါ။ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်မမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အနိုင်ရဖို့ အရေးကြီးတာထက် တိုင်းရင်းသားပါတီတွေ အနိုင်ရပြီး ပြည်ထောင်စုလွှတ်တော် ထဲရောက်လာနိုင်ဖို့က ပိုအရေးကြီးပါတယ်။၂၀၀ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးဟာ ပြည်ထောင်စုလွှတ်တော်ကအဓိကကျနေပါတယ်။

    

၂၀၁၅ရွေးကောက်ပွဲမတိုင်ခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား ရေးကိုဦးစားပေးဆောင်ရွက်သွားမယ်ဆိုပြီး ကတိတွေပေးခဲ့ပါတယ်။ တောင်တန်း ဒေသမှာနေထိုင်ကြတဲ့တိုင်းရင်းသားတွေကဒေါ်အောင်ဆန်းစုကြည်ရဲ့ ကတိပေးခဲ့တာကိုယုံကြည်ခဲ့ကြပြီး မဲပေးခဲ့ကြပါတယ်။ ဒါပေမယ့်၊ တောင်တန်းဒေသတွေမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ ရဲ့ ယုံကြည် မျှော်လင့်ချက်အတိုင်း မဖြစ်လာခဲ့ကြပါ ဘူး။ တိုင်းရင်းသားပြည်သူတွေထောက်ခံဆန္ဒမဲပေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အာဏာရလာခဲ့ပေမယ့် တိုင်းရင်းသား ပြည်သူတွေလိုလားတဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတွေ တင်မဖော်ဆောင်နိုင်ခဲ့တဲ့အပြင် တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးတွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူမှုဘဝအခြေခံတွေဖြစ်တဲ့ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးတွေက အစ လျစ်လျူ ပြုခံလိုက် ရတယ်လို့ တိုင်းရင်းသားတွေမြင်နေကြပါပြီ။ အနည်းဆုံးပြည်တွင်း စစ်ကြောင့်ကိုယ့်ဇာတိ၊ကိုယ်နေရပ်၊ကိုယ့်မြေကိုယ့်တောင်ယာတွေကို စွန့်ခွာထားခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ကြုံတွေ့နေရတာတွေကို တောင် ပြေလည်အောင် မဆောင်ရွက် ပေးနိုင်ခဲ့ကြတာကို တိုင်းရင်းသားပြည်သူတွေမကျေနပ်ခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပြည်သူတွေကို စကားအဖြစ်ကတိတွေပေးခဲ့ပေမယ့်၊ ဒီကတိတွေလုပ်ဆောင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားမှုတွေ မရှိခဲ့တာကိုလည်း တိုင်းရင်းသားပြည်သူတွေ သိမြင်သွားခဲ့ကြပြီ။

အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသက်တမ်းငါးနှစ်ရှိတော့မယ့် အချိန်မှာတော့တိုင်းရင်းသားပြည်သူတွေအနေနဲ့ ကိုယ့်ကံကြမ္မာကိုကိုယ်ဖန်တီးယူမှရတော့မယ်လို့မှတ်ယူနေကြပါပြီ။ ပြည်မမှာတော့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြတဲ့ ပြည်သူတွေရှိနေပေမယ့်၊တောင်တန်းတွေပေါ်ကတိုင်းရင်းသားပြည်သူတွေကတော့ ထောက်ခံမှုအတော်ကြီးကျဆင်းနေပါပြီ။တိုင်းရင်းသားပြည်နယ်ဒေသတွေမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အများအားဖြင့် တိုင်းရင်းသားအရေးကို ဖော်ဆောင်ပေးနိုင်ဖို့ အရည်အချင်းမရှိကြပါဘူး။အဲဒီလို တိုင်းရင်းသားဒေသတွေမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တိုင်းရင်းသားတွေက မကြိုက်နှစ်သက်ခဲ့ကြပါဘူး။

    

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဟာ ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပြည်နယ်တွေမှာ အနိုင်ရမှု နည်းသွားနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်း ဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတိုင်းရင်းသားပြည်သူတွေအနေနဲ့ ထောက်ခံမှုအားကျဆင်းမှုအပေါ်မှာ မူတည်ပြီး၊၂၀၁၅ခုနှစ်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်းရင်းသားပြည်သူတွေ ပေးလိုက်တဲ့ ဆန္ဒမဲတွေမရနိုင်တော့ပါဘူး။

    ၂၀၁၅ခုနှစ်အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်ပြည်နယ်ဒေသတစ်ခုထဲမှာရှိတဲ့တိုင်းရင်းသားပါတီတွေအကွဲကွဲအပြားပြားဖြစ်နေကြတာကိုလည်းတွေ့ရပါတယ်။အခု၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲကိုကြိုပြင်ဆင်တဲ့အနေနဲ့ပြည်နယ်တစ်ခုချင်းဆီမှာရှိနေတဲ့တိုင်းရင်းသားပါတီတွေအချင်းချင်းပြန်လည်ပူးပေါင်းလိုက်ကြတာတွေကိုတွေ့မြင်နေကြရပါတယ်။တိုင်းရင်းသားလူမျိုးတွေအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထက်၊နိုင်ငံရေးပါတီတွေကိုပိုအားထားလာကြပါတယ်။အမှန်ကတုင်းရင်းသားပြည်သူတွေရဲ့လိုအပ်ချက်တွေကငြိမ်းချမ်းရေးရရှိရုံတင်မကပါဘူး။တုင်းရင်းသားပြည်သူတွေအတွက်လူနေမှုအဆင့်အတန်းမြင့်လာဖို့ကအဓိကပါ။

    ၂၀၂၀ခုနှစ်နိုဝင်ဘာလလောက်မှာကျင်းပပြုလုပ်မယ့်ပါတီစုံအထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်သက်ဆိုင်ရာဒေသပြည်နယ်တွေမှာရှိတဲ့တိုင်းရင်းသားပါတီတွေကြိုတင်ပြင်ဆင်နေကြပါပြီ။ဝင်ရောက်ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်တွေ၊လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုစိစစ်ရွေးချယ်ပြီးနေကြပါပြီ။တိုင်းရင်းသားလူမျိုးစုတွေအတွက်အကျိုးပြုနိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအရည်အချင်းရှိမယ်ဆိုရင်တိုင်းရင်းသားတွေအနေနဲ့ရွေးချယ်ဆန္ဒမဲပေးကြပါလိမ့်မယ်။တိုင်းရင်းသားပါတီခေါင်းဆောင်တွေအနေနဲ့ကိုယ့်လူမျိုးစု၊ကိုယ့်ပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်တိုင်းရင်းသားပြည်သူတွေကိုပေးနိုင်တဲ့ကတိတွေပေးပြီးပေးထားတဲ့ကတိအတိုင်းလုပ်ဆောင်ပေးနိုင်ဖို့လိုပါတယ်။

    အခုအချိန်မှာတိုင်းရင်းသားပြည်သူတွေအနေနဲ့သူတို့မျှော်လင့်မှုတွေကိုသူတို့တိုင်းရင်းသားပါတီခေါင်းဆောင်တွေဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ယုံကြည်နေပါလိမ့်မယ်။အခုလာမယ့်၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးဟာတိုင်းရင်းသားပြည်သူတွေအတွက်မျှော်လင့်ချက်ကြီးတစ်ခုဖြစ်နေပါပြီ။တိုင်းရင်းသားပြည်သူတွေဟာကျွန်တော်တို့မြန်မာပြည်မှာလူနေမှုအဆင့်အတန်းအနိမ့်ကျဆုံးဖြစ်နေပါတယ်။အရင်အုပ်ချုပ်ခဲ့တဲ့အစိုးရအဆက်ဆက်မှာတိုင်းရင်းသားလူမျိုးတွေဟာခွဲခြားခံခဲ့ရသူတွေလို့သူတို့အနေနဲ့မြင်ခဲ့ကြပါတယ်။တိုင်းရင်းသားတွေမျှော်လင့်ခဲ့ကြတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရပါတီကလည်းတိုင်းရင်းသားတွေကိုလျစ်လျူရှုခံနေကြရတယ်လို့ထင်မြင်ယူဆနေကြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခေါ်ယူကျင်းပခဲ့တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးဖြစ်တံဲ့၂၁(ရာစု)ပင်လုံညီလာခံကြီးကလည်းမအောင်မြင်နိုင်သေးပါဘူး။၂၀၂၀ခုနှစ်အလွန်ကာလမှာဆက်လက်ဆောင်ရွက်ရပါလိမ့်ဦးမယ်။တိုင်းရင်းသားတွေရဲ့လိုလားချက်တွေဖြစ်တဲ့တိုင်းရင်းသားတွေရဲ့အခွင့်အရေး၊ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အများစုလွှမ်းမိုးထားတဲ့ပြည်ထောင်စုလွှတ်တော်မှာပယ်ချခံလိုက်ရသလိုဖြစ်သွားခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဘယ်တိုင်းရင်းသားပါတီကိုမှမိတ်ဖက်ပါတီအဖြစ်သဘောမထားဘူးဆိုတဲ့ကြေညာချက်ကိုထုတ်ပြန်လိုက်တာကြောင့်တိုင်းရင်းသားပါတီတွေအနေနဲ့ကိုယ်အားကိုယ်ကိုးပြီးကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ့်အခြေအနေဖြစ်နေပါပြီ။တိုင်းရင်းသားပါတီခေါင်းဆောင်တွေသိနေကြသလိုတိုင်းရင်းသားပြည်သူတွေလည်းသိနေကြပါပြီ။

    အဲဒီလိုနိုင်ငံရေးအခြေအနေမှာ တိုင်းရင်းသားပါတီတွေကိုပဲတိုင်းရင်းသားလူမျိုးစုတွေက အားကိုးယုံကြည်ကြပါလိမ့်မယ်။ မိမိဒေသအတွင်းမှာ တည်ငြိမ်ငြိမ်းချမ်းဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ အတွက်အခုအခြေအနေထက်ပိုပြီးကောင်းမွန်လာဖို့အတွက်၂၀၂၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးဟာတိုင်းရင်းသားပြည်သူတွေရဲ့အဓိကမျှော်လင့်ချက်ဖြစ်နေပါတယ်။

    

၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတိုင်းရင်းသားပါတီတွေအနိုင်ရမှု၂၀၁၅ခုနှစ်ရွေးကောက်ပွဲထက်ပိုများလာနိုင်မှသာ သူတို့တိုင်းရင်းသားဒေသတွေအရေးကို ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါဝင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်၂၀၂၀ပါတီစု အထွေထွေရွေးကောက်ပွဲဟာ တိုင်းရင်းသားပြည်သူတွေရဲ့အဓိကမျှော်လင့်ချက်တစ်ခုဖြစ်နေပါတယ်။

မြတ်လှိုင်း

 

(  Zawgyi  )

 

 ကြၽန္ေတာ္တို႔တိုင္းျပည္မွာႏိုင္ငံေတာ္တိုးတက္ဖြံ႕ၿဖိဳးႏိုင္ဖို႔ အေရးႀကီးသလို၊ ျပည္မနဲ႔တိုင္းရင္းသားေတြ ေနထိုင္တဲ့ေတာင္တန္းေဒသေတြအတြက္ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈ၊ တရားမွ်တမႈတို႔ရွိႏိုင္ဖို႔ ေဆာင္႐ြက္ဖို႔အတြက္လည္း အေရးႀကီးပါတယ္။ အခုဆိုေနျပည္ေတာ္မွာ  က်င္းပတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၂၁(ရာစု)ပင္လုံ စတုတၳအစည္းအေဝးကိုလည္း က်င္းပၿပီးတာ ေတြ႕ရပါတယ္။ ဒီညီလာခံကေန ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၃)ကို သေဘာတူညီခ်က္ အခ်က္ (၂၀)နဲ႔ ၂၀၂၀ခုႏွစ္အလြန္ အဆင့္လိုက္ လုပ္ငန္းစဥ္နဲ႔ အဆင့္လိုက္အေကာင္အထည္ေဖာ္မႈေတြကိုရရွိခဲ့တယ္လို႔သိရပါတယ္။

 

အဲဒီသေဘာတူညီခ်က္(၃)ခုထဲမွာ (ဂ)ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္တို႔ကို အေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးဆိုင္ရာ လမ္းၫႊန္အေျခခံမူ သေဘာတူညီခ်က္ (၅)ခ်က္ဆိုၿပီး ေတြ႕ရပါတယ္။ ဒီအဆင့္လိုက္ အေကာင္အထည္ ေဖာ္မႈကို ၂၀၂၀ အလြန္မွ ျဖစ္ပါတယ္။ ေျပာမယ္ဆိုရင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁ရာစု)ပင္လုံက အေတာ္ညႇိႏႈိင္းေဆာင္႐ြက္ရ လိမ့္မယ္ထင္ပါတယ္။ ဒီလိုေဆာင္႐ြက္ႏိုင္ဖို႔အတြက္လည္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ အကုန္ပါဝင္ၿပီး NCAကို လက္မွတ္ထိုးႏိုင္မွာ ျဖစ္ပါလိမ့္မယ္။ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ(၂၁ရာစု) ပင္လုံက သေဘာတူစာခ်ဳပ္ကို ၾကည့္ရင္လည္း NCAက အဓိကက်ေနပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္႐ြက္မႈဟာ ကာလအေတာ္ၾကာပါလိမ့္ဦးမယ္။

    

အခု၂၀၂၀ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲကေတာ့ ႏိုဝင္ဘာလမွာ က်င္းပမွာပါ။ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္မမွာရွိတဲ့ ႏိုင္ငံေရးပါတီေတြ အႏိုင္ရဖို႔ အေရးႀကီးတာထက္ တိုင္းရင္းသားပါတီေတြ အႏိုင္ရၿပီး ျပည္ေထာင္စုလႊတ္ေတာ္ ထဲေရာက္လာႏိုင္ဖို႔က ပိုအေရးႀကီးပါတယ္။၂၀၀ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးဟာ ျပည္ေထာင္စုလႊတ္ေတာ္ကအဓိကက်ေနပါတယ္။

    

၂၀၁၅ေ႐ြးေကာက္ပြဲမတိုင္ခင္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္က တိုင္းရင္းသားေတြကို ၿငိမ္းခ်မ္းေရးနဲ႔ တိုင္းရင္းသား ေရးကိုဦးစားေပးေဆာင္႐ြက္သြားမယ္ဆိုၿပီး ကတိေတြေပးခဲ့ပါတယ္။ ေတာင္တန္း ေဒသမွာေနထိုင္ၾကတဲ့တိုင္းရင္းသားေတြကေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကတိေပးခဲ့တာကိုယုံၾကည္ခဲ့ၾကၿပီး မဲေပးခဲ့ၾကပါတယ္။ ဒါေပမယ့္၊ ေတာင္တန္းေဒသေတြမွာရွိတဲ့ တိုင္းရင္းသားျပည္သူေတြ ရဲ႕ ယုံၾကည္ ေမွ်ာ္လင့္ခ်က္အတိုင္း မျဖစ္လာခဲ့ၾကပါ ဘူး။ တိုင္းရင္းသားျပည္သူေတြေထာက္ခံဆႏၵမဲေပးလိုက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက အာဏာရလာခဲ့ေပမယ့္ တိုင္းရင္းသား ျပည္သူေတြလိုလားတဲ့ ျပည္တြင္းစစ္ရပ္စဲေရး၊ ျပည္တြင္း ၿငိမ္းခ်မ္းေရးေတြ တင္မေဖာ္ေဆာင္ႏိုင္ခဲ့တဲ့အျပင္ တိုင္းရင္းသားလူမ်ိဳးေတြရဲ႕အခြင့္အေရးေတြ၊ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္၊ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ လူမႈဘဝအေျခခံေတြျဖစ္တဲ့ စီးပြားေရး၊ပညာေရး၊ က်န္းမာေရး၊လမ္းပန္းဆက္သြယ္ေရးေတြက အစ လ်စ္လ်ဴ ျပဳခံလိုက္ ရတယ္လို႔ တိုင္းရင္းသားေတြျမင္ေနၾကပါၿပီ။ အနည္းဆုံးျပည္တြင္း စစ္ေၾကာင့္ကိုယ့္ဇာတိ၊ကိုယ္ေနရပ္၊ကိုယ့္ေျမကိုယ့္ေတာင္ယာေတြကို စြန႔္ခြာထားခဲ့ရၿပီး စစ္ေဘးေရွာင္စခန္းေတြမွာ ႀကဳံေတြ႕ေနရတာေတြကို ေတာင္ ေျပလည္ေအာင္ မေဆာင္႐ြက္ ေပးႏိုင္ခဲ့ၾကတာကို တိုင္းရင္းသားျပည္သူေတြမေက်နပ္ခဲ့ၾကပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ဟာ တိုင္းရင္းသားျပည္သူေတြကို စကားအျဖစ္ကတိေတြေပးခဲ့ေပမယ့္၊ ဒီကတိေတြလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားမႈေတြ မရွိခဲ့တာကိုလည္း တိုင္းရင္းသားျပည္သူေတြ သိျမင္သြားခဲ့ၾကၿပီ။

အခုေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အစိုးရသက္တမ္းငါးႏွစ္ရွိေတာ့မယ့္ အခ်ိန္မွာေတာ့တိုင္းရင္းသားျပည္သူေတြအေနနဲ႔ ကိုယ့္ကံၾကမၼာကိုကိုယ္ဖန္တီးယူမွရေတာ့မယ္လို႔မွတ္ယူေနၾကပါၿပီ။ ျပည္မမွာေတာ့ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံေနၾကတဲ့ ျပည္သူေတြရွိေနေပမယ့္၊ေတာင္တန္းေတြေပၚကတိုင္းရင္းသားျပည္သူေတြကေတာ့ ေထာက္ခံမႈအေတာ္ႀကီးက်ဆင္းေနပါၿပီ။တိုင္းရင္းသားျပည္နယ္ေဒသေတြမွာရွိတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း အမ်ားအားျဖင့္ တိုင္းရင္းသားအေရးကို ေဖာ္ေဆာင္ေပးႏိုင္ဖို႔ အရည္အခ်င္းမရွိၾကပါဘူး။အဲဒီလို တိုင္းရင္းသားေဒသေတြမွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း တိုင္းရင္းသားေတြက မႀကိဳက္ႏွစ္သက္ခဲ့ၾကပါဘူး။

    

ဒီအခ်က္ေတြကိုၾကည့္ျခင္းအားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဟာ ၂၀၂၀ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားျပည္နယ္ေတြမွာ အႏိုင္ရမႈ နည္းသြားႏိုင္ပါတယ္။ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ေခါင္း ေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုတိုင္းရင္းသားျပည္သူေတြအေနနဲ႔ ေထာက္ခံမႈအားက်ဆင္းမႈအေပၚမွာ မူတည္ၿပီး၊၂၀၁၅ခုႏွစ္ကအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တိုင္းရင္းသားျပည္သူေတြ ေပးလိုက္တဲ့ ဆႏၵမဲေတြမရႏိုင္ေတာ့ပါဘူး။

    ၂၀၁၅ခုႏွစ္အေျခအေနကိုျပန္ၾကည့္မယ္ဆိုရင္ျပည္နယ္ေဒသတစ္ခုထဲမွာရွိတဲ့တိုင္းရင္းသားပါတီေတြအကြဲကြဲအျပားျပားျဖစ္ေနၾကတာကိုလည္းေတြ႕ရပါတယ္။အခု၂၀၂၀ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကိုႀကိဳျပင္ဆင္တဲ့အေနနဲ႔ျပည္နယ္တစ္ခုခ်င္းဆီမွာရွိေနတဲ့တိုင္းရင္းသားပါတီေတြအခ်င္းခ်င္းျပန္လည္ပူးေပါင္းလိုက္ၾကတာေတြကိုေတြ႕ျမင္ေနၾကရပါတယ္။တိုင္းရင္းသားလူမ်ိဳးေတြအေနနဲ႔တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြထက္၊ႏိုင္ငံေရးပါတီေတြကိုပိုအားထားလာၾကပါတယ္။အမွန္ကတုင္းရင္းသားျပည္သူေတြရဲ႕လိုအပ္ခ်က္ေတြကၿငိမ္းခ်မ္းေရးရရွိ႐ုံတင္မကပါဘူး။တုင္းရင္းသားျပည္သူေတြအတြက္လူေနမႈအဆင့္အတန္းျမင့္လာဖို႔ကအဓိကပါ။

    ၂၀၂၀ခုႏွစ္ႏိုဝင္ဘာလေလာက္မွာက်င္းပျပဳလုပ္မယ့္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကိုဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္သက္ဆိုင္ရာေဒသျပည္နယ္ေတြမွာရွိတဲ့တိုင္းရင္းသားပါတီေတြႀကိဳတင္ျပင္ဆင္ေနၾကပါၿပီ။ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္မဲဆႏၵနယ္ေတြ၊လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကိုစိစစ္ေ႐ြးခ်ယ္ၿပီးေနၾကပါၿပီ။တိုင္းရင္းသားလူမ်ိဳးစုေတြအတြက္အက်ိဳးျပဳႏိုင္မယ့္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြအရည္အခ်င္းရွိမယ္ဆိုရင္တိုင္းရင္းသားေတြအေနနဲ႔ေ႐ြးခ်ယ္ဆႏၵမဲေပးၾကပါလိမ့္မယ္။တိုင္းရင္းသားပါတီေခါင္းေဆာင္ေတြအေနနဲ႔ကိုယ့္လူမ်ိဳးစု၊ကိုယ့္ျပည္နယ္ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္တိုင္းရင္းသားျပည္သူေတြကိုေပးႏိုင္တဲ့ကတိေတြေပးၿပီးေပးထားတဲ့ကတိအတိုင္းလုပ္ေဆာင္ေပးႏိုင္ဖို႔လိုပါတယ္။

    အခုအခ်ိန္မွာတိုင္းရင္းသားျပည္သူေတြအေနနဲ႔သူတို႔ေမွ်ာ္လင့္မႈေတြကိုသူတို႔တိုင္းရင္းသားပါတီေခါင္းေဆာင္ေတြျဖည့္ဆည္းေပးႏိုင္လိမ့္မယ္လို႔ယုံၾကည္ေနပါလိမ့္မယ္။အခုလာမယ့္၂၀၂၀ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲႀကီးဟာတိုင္းရင္းသားျပည္သူေတြအတြက္ေမွ်ာ္လင့္ခ်က္ႀကီးတစ္ခုျဖစ္ေနပါၿပီ။တိုင္းရင္းသားျပည္သူေတြဟာကြၽန္ေတာ္တို႔ျမန္မာျပည္မွာလူေနမႈအဆင့္အတန္းအနိမ့္က်ဆုံးျဖစ္ေနပါတယ္။အရင္အုပ္ခ်ဳပ္ခဲ့တဲ့အစိုးရအဆက္ဆက္မွာတိုင္းရင္းသားလူမ်ိဳးေတြဟာခြဲျခားခံခဲ့ရသူေတြလို႔သူတို႔အေနနဲ႔ျမင္ခဲ့ၾကပါတယ္။တိုင္းရင္းသားေတြေမွ်ာ္လင့္ခဲ့ၾကတဲ့ေဒၚေအာင္ဆန္းစုၾကည္နဲ႔အမ်ိဳးသားသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အာဏာရပါတီကလည္းတိုင္းရင္းသားေတြကိုလ်စ္လ်ဴရႈခံေနၾကရတယ္လို႔ထင္ျမင္ယူဆေနၾကပါတယ္။

    ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ေခၚယူက်င္းပခဲ့တဲ့ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံႀကီးျဖစ္တံဲ့၂၁(ရာစု)ပင္လုံညီလာခံႀကီးကလည္းမေအာင္ျမင္ႏိုင္ေသးပါဘူး။၂၀၂၀ခုႏွစ္အလြန္ကာလမွာဆက္လက္ေဆာင္႐ြက္ရပါလိမ့္ဦးမယ္။တိုင္းရင္းသားေတြရဲ႕လိုလားခ်က္ေတြျဖစ္တဲ့တိုင္းရင္းသားေတြရဲ႕အခြင့္အေရး၊ကိုယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္ခြင့္၊ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြကိုလည္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အမ်ားစုလႊမ္းမိုးထားတဲ့ျပည္ေထာင္စုလႊတ္ေတာ္မွာပယ္ခ်ခံလိုက္ရသလိုျဖစ္သြားခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ဘယ္တိုင္းရင္းသားပါတီကိုမွမိတ္ဖက္ပါတီအျဖစ္သေဘာမထားဘူးဆိုတဲ့ေၾကညာခ်က္ကိုထုတ္ျပန္လိုက္တာေၾကာင့္တိုင္းရင္းသားပါတီေတြအေနနဲ႔ကိုယ္အားကိုယ္ကိုးၿပီးကိုယ့္ၾကမၼာကိုယ္ဖန္တီးရေတာ့မယ့္အေျခအေနျဖစ္ေနပါၿပီ။တိုင္းရင္းသားပါတီေခါင္းေဆာင္ေတြသိေနၾကသလိုတိုင္းရင္းသားျပည္သူေတြလည္းသိေနၾကပါၿပီ။

    အဲဒီလိုႏိုင္ငံေရးအေျခအေနမွာ တိုင္းရင္းသားပါတီေတြကိုပဲတိုင္းရင္းသားလူမ်ိဳးစုေတြက အားကိုးယုံၾကည္ၾကပါလိမ့္မယ္။ မိမိေဒသအတြင္းမွာ တည္ၿငိမ္ၿငိမ္းခ်မ္းဖို႔၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ စီးပြားေရး၊ပညာေရး၊ က်န္းမာေရးနဲ႔ လမ္းပန္းဆက္သြယ္ေရးေတြ အတြက္အခုအေျခအေနထက္ပိုၿပီးေကာင္းမြန္လာဖို႔အတြက္၂၀၂၀ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲႀကီးဟာတိုင္းရင္းသားျပည္သူေတြရဲ႕အဓိကေမွ်ာ္လင့္ခ်က္ျဖစ္ေနပါတယ္။

    

၂၀၂၀ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာတိုင္းရင္းသားပါတီေတြအႏိုင္ရမႈ၂၀၁၅ခုႏွစ္ေ႐ြးေကာက္ပြဲထက္ပိုမ်ားလာႏိုင္မွသာ သူတို႔တိုင္းရင္းသားေဒသေတြအေရးကို ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ ပါဝင္ေဆြးေႏြးႏိုင္မွာ ျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္၂၀၂၀ပါတီစု အေထြေထြေ႐ြးေကာက္ပြဲဟာ တိုင္းရင္းသားျပည္သူေတြရဲ႕အဓိကေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္ေနပါတယ္။

ျမတ္လႈိင္း