【 ဆောင်းပါး 】 "စစ်ဘက်ဟောင်းတွေမကြီးစိုးတဲ့ အရပ်သားဒီမိုကရေစီစစ်စစ်အစိုးရ ဖြစ်ပေါ်နိုင်ရေး"

【 ဆောင်းပါး 】 "စစ်ဘက်ဟောင်းတွေမကြီးစိုးတဲ့ အရပ်သားဒီမိုကရေစီစစ်စစ်အစိုးရ ဖြစ်ပေါ်နိုင်ရေး"

ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်နိုင်ဖို့ ဒီမိုကရေစီ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။အရင် ပါတီစုံအထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်မှာ အနိုင်ရနိုင်ငံရေးပါတီကြီးနှစ်ခုက တိုင်းပြည်အာဏာရကို ရယူနိုင်ခဲ့ပြီး အစိုးရနှစ်ဖွဲ့ကို ဖွဲ့စည်းအုပ်ချုပ်ခဲ့ကြတယ်။ပထမအကြိမ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တိုင်းပြည်အာဏာရခဲ့တဲ့ စစ်တစ်ပိုင်းအစိုးရကို ဖွဲ့စည်းခဲ့တာပါ။ဒုတိယအကြိမ် တိုင်းပြည်အာဏာကို ရယူနိုင်ခဲ့တာက ဒီမိုကရေစီစနစ်စစ်စစ်ကို ဖော်ဆောင်မယ်လို့ ပြည်သူတွေကို ကတိပေးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို အတိုက်အခံလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်အာဏာရပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။          

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို စစ်အာဏာရှင်ဆန့်ကျင်ပြီး ဒီမိုကရေစီစစ်စစ်ကိုကိုင်တွယ်ပြီး ပြည်သူတွေဘက်ကရပ်တည်ခဲ့တဲ့အတွက် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုကိုလည်းရရှိခဲ့ပါတယ်။ဒါ့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒီမိုကရေစီဘက်တော်သား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်အာဏာရတော့ ဒီမိုကရေစီစစ်စစ်ကို ဖော်ဆောင်နိုင်မယ်ဆိုပြီး မြန်မာပြည်သူတွေပါမက၊ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေကပါ မျှော်လင့်ခဲ့ကြပါတယ်။

အရပ်သားဒီမိုကရေစီစစ်စစ်အစိုးရတစ်ခု ပေါ်ပေါက်လာတော့မယ်ဆိုပြီး မြန်မာပြည်သူတွေလည်း ပျော်ရွှင်ခဲ့ကြတယ်။ဒါပေမယ့် ပြည်သူတွေမျှော်လင့်ခဲ့တဲ့ အရပ်သားဒီမိုကရေစီအစိုးရ မဖြစ်ပေါ်ခဲ့ပါဘူး။ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ လိုလားထောက်ခံပေးမှုအပေါ်မှာ အဓိကမူတည်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်မှာ ပြည်သူတွေထောက်ခံမှုကို ရယူနိုင်လို့ ဒီမိုကရေစီစစ်စစ်အစိုးရကို ဖွဲ့စည်းနိုင်ဖို့ ကန့်သတ်ချက်တွေ ရှိသေးပါတယ်။

ပြောမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် အရပ်သားဒီမိုကရေစီအစိုးရမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးဝန်ကြီးတွေ ပါဝင်နေပါတယ်။ဒီဝန်ကြီးဌာနသုံးခုကို စစ်ဘက်က ကိုင်တွယ်ထားပါတယ်။နိုင်ငံတော် ဒု-သမ္မတ သုံးဦးမှာလည်း စစ်ဘက်ကတစ်ယောက်လည်း ပါဝင်နေပါတယ်။
အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေထောက်ခံမှုကိုရယူနိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ဒုသမ္မတနှစ်ဦးအနက် တစ်ဦးကတော့ နိုင်ငံတော်သမ္မတဖြစ်ပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ သမ္မတအနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးရမှာပါ။ ၂၀၀၈ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း "နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။

(က) နိုင်ငံတော်သမ္မတ၊
(ခ) ဒု-သမ္မတများ၊
(ဂ) ပြည်ထောင်စုဝန်ကြီးများ၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်ဆိုပြီး ပြဋ္ဌာန်းထားခဲ့ပါတယ်။

ဒါပေမယ့် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးဝန်ကြီးဌာနတွေကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးရပါတယ်။

ဘာပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးချယ်တဲ့ ခေါင်းဆောင်တစ်ဦးက နိုင်ငံတော်သမ္မတတာဝန် ယူရတော့မှာပါ။ဖွဲ့ စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ပြည်ထောင်စုလွှတ်တော်မှာပါဝင်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူတွေရွေးချယ်တင်မြှောက်ထားခဲ့တာဖြစ်ပါတယ်။တစ်နည်းပြောရရင် နိုင်ငံတော်သမ္မတဟာ ပြည်သူတွေကို တာဝန်ခံရမှာပါ။

အခုရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေက သမ္မတလောင်း နှစ်ဦးထဲက တစ်ဦးဟာ နိုင်ငံတော်သမ္မတဖြစ်လာမှာပါ။ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတက နိုင်ငံအတွက် ပြည်ထောင်စုအဆင့် အစိုးရဝန်ကြီးတွေကို ရွေးချယ်တာဝန်ပေးရပါတော့မယ်။ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေ ပါဝင်နေတဲ့အတွက် အရပ်သားဒီမိုကရေစီစစ်စစ်အစိုးရ မဖြစ်နိုင်သေးဘူးဆိုတာထက် ပိုပြီးလိုအပ်ချက်တွေပြင်နိုင်ဖို့ လိုအပ်နေပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေအနေနဲ့လည်း နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဆိုရင်လည်း မမှားနိုင်ပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအုပ်ချုပ်ခွင့်ရခဲ့တဲ့သက်တမ်း ငါးနှစ်ပြည့်ပါတော့မယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း ငါးနှစ်ကာလအတွင်းမှာ ပြည်သူတွေမျှော်လင့်ခဲ့သလောက် မလုပ်ဆောင်နိုင်ခဲ့ပါဘူးလို့ ပြောရမှာပါ။အစိုးရသမ္မတနဲ့ အစိုးရဝန်ကြီးတွေဟာ ပြည်သူလူထုကို တာဝန်မခံနိုင်ခဲ့ပါဘူး။

ပြောမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ပြည်သူလူထုကိုပေးခဲ့တဲ့ ကတိတွေ တစ်ခုမှမကျေနိုင်ခဲ့သေးပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဝန်ကြီးတွေကို အရည်အချင်းပြည့်ဝတဲ့လူတွေကို မရွေးချယ်နိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။နောက်ပိုပြီး လိုအပ်ချက်တစ်ခုက စစ်အာဏာရှင်အုပ်ချုပ်ခဲ့တဲ့အချိန်က စစ်ဘက်အကြီးအကဲတွေကို ပြည်ထောင်စုဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေ ခန့်အပ်ခဲ့ကြတာပါ။အများအားဖြင့် စစ်ဘက်အကြီးအကဲဟောင်းတွေကို ခန့်အပ်ထားခဲ့တာပါ။

စစ်အာဏာရှင်အုပ်ချုပ်ရေးလက်ထက်က စစ်အာဏာရှင်အစိုးရအဖွဲ့ဟာ ပြည်သူတွေကိုဖိနှိပ်ခဲ့တဲ့ အစိုးရဖြစ်ပါတယ်။ပြည်သူတွေအကျိုးထက် သူတို့ကိုယ်ကျိုးကိုသာကြည့်ခဲ့တဲ့ အစိုးရဖြစ်ပါတယ်။အစိုးရဝန်ကြီးတွေ၊ အမြဲတန်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ အဆင့်ဆင့်ညွှန်ကြားရေးမှူးတွေအကုန်လုံး ကိုယ်ကျိုးကြည့်ပြီး ချမ်းသာသွားခဲ့ကြတာ ပြည်သူတွေအသိပါပဲ။

အဲဒီစစ်အစိုးရလက်ထက်က ဝန်ကြီးတွေ၊ အမြဲတန်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ အဆင့်ဆင့်ညွှန်ကြားရေးမှူးတွေကို ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရမယ့် ဒီမိုကရေစီအစိုးရအနေနဲ့ ဖယ်ရှားပစ်ရမှာပါ။ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားဒီမိုကရေစီအစိုးရက အဲဒီစစ်အစိုးရလက်ထက် ဝန်ကြီးတွေ၊ အမြဲတန်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန် ကြားရေးမှူးနဲ့ အဆင့်ဆင့်ညွှန်ကြားရေးမှူးတွေကို ပြန်ရွေးချယ်ခန့်ထားခဲ့တာ များလာပါတယ်။

ဒီလိုစစ်အာဏာရှင်အစိုးရလက်ထက်က ဝန်ကြီးတွေ၊ အမြဲတန်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ အဆင့်ဆင့်ညွှန်ကြားရေးမှူးတွေထဲက ဒီမိုကရေစီအစိုးရထဲမှာ ပါဝင်နေတာကို ရင်ကြားစေ့ရေးအတွက်ဆိုရင် လွဲမှားနေပါတယ်။ပြည်သူတွေအနေနဲ့လည်း စစ်အစိုးရလက်ထက် ဝန်ကြီးတွေ၊ အမြဲတန်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ အဆင့်ဆင့်ညွှန်ကြားရေးမှူးတွေ အရပ်သားဒီမိုကရေစီအစိုးရဝန်ကြီးတွေ ဖြစ်နေကြတာ မကျေနပ်ကြပါဘူး။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့အကျိုးကို ဖြည့်ဆည်းဆောင်ရွက်နိုင်မယ့် အစိုးရဝန်ကြီးတွေကို အချိန်ပေးပြီး မရှာဖွေနိုင်လို့လည်းဖြစ်နိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့ ပြောရရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရင် စစ်အစိုးရလက်ထက် စစ်ခေါင်းဆောင်ဟောင်းကြီးတွေနဲ့ တိုင်းပြည်အာဏာ လွှဲပြောင်းရယူနိုင်ဖို့အတွက် အပေးအယူလုပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။စစ်အစိုးရခေါင်းဆောင်ဟောင်းတွေရဲ့ ချုပ်ကိုင်မှုကို ခံခဲ့ရတယ်လို့ ထင်ပါတယ်။

အခု ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ထပ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရပ်သားဒီမိုကရေစီအစိုးရသစ်ကို ဖွဲ့စည်းရတော့မှာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတကိုလည်း လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရနေပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံတော်သမ္မတ မဖြစ်နိုင်ပါဘူး။

ပြောမယ်ဆိုရင် အခု မကြာမီဖွဲ့မယ့် ဒီမိုကရေစီအစိုးရမှာပါဝင်မယ့် နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတနဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးတွေကို ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အရည်အချင်းပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကို ရွေးချယ်တာဝန်ပေးအပ်ဖို့ အရေးကြီးနေပါပြီ။

ပြီးခဲ့တဲ့ အရပ်သားဒီမိုကရေစီအစိုးရသက်တမ်း ငါးနှစ်ကာလရဲ့ လိုအပ်ချက်တွေကို ပြန်သုံးသပ်ပြီး ပြုပြင်ဖို့လိုအပ်နေပါတယ်။အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်မယ့် သမ္မတအနေနဲ့ ဖွဲ့စည်းတာဝန်ပေးခွင့်ရထားတဲ့ အစိုးရအဖွဲ့မှာ စစ်ဘက်ဟောင်းတွေမပါပဲ အရပ်သားဒီမိုကရေစီစစ်စစ်အစိုးရဖြစ်ဖို့ လိုအပ်နေပြီဆိုတာ အဓိကဆိုလိုချင်တာပါ။

မြတ်လှိုင်း
ဒီဇင်ဘာ - ၂၄

( Zawgyi )

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို ေဆာင္႐ြက္ႏိုင္ဖို႔ ဒီမိုကေရစီ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ျပဳလုပ္ခဲ့တာ သုံးႀကိမ္ရွိခဲ့ပါၿပီ။အရင္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္မွာ အႏိုင္ရႏိုင္ငံေရးပါတီႀကီးႏွစ္ခုက တိုင္းျပည္အာဏာရကို ရယူႏိုင္ခဲ့ၿပီး အစိုးရႏွစ္ဖြဲ႕ကို ဖြဲ႕စည္းအုပ္ခ်ဳပ္ခဲ့ၾကတယ္။ပထမအႀကိမ္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးအတြက္ တိုင္းျပည္အာဏာရခဲ့တဲ့ စစ္တစ္ပိုင္းအစိုးရကို ဖြဲ႕စည္းခဲ့တာပါ။ဒုတိယအႀကိမ္ တိုင္းျပည္အာဏာကို ရယူႏိုင္ခဲ့တာက ဒီမိုကေရစီစနစ္စစ္စစ္ကို ေဖာ္ေဆာင္မယ္လို႔ ျပည္သူေတြကို ကတိေပးခဲ့တဲ့ စစ္အာဏာရွင္စနစ္ကို အတိုက္အခံလုပ္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တိုင္းျပည္အာဏာရၿပီး အစိုးရဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။          

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို စစ္အာဏာရွင္ဆန႔္က်င္ၿပီး ဒီမိုကေရစီစစ္စစ္ကိုကိုင္တြယ္ၿပီး ျပည္သူေတြဘက္ကရပ္တည္ခဲ့တဲ့အတြက္ ဒီမိုကေရစီစနစ္ကို က်င့္သုံးေနၾကတဲ့ ႏိုင္ငံေတြရဲ႕ ေထာက္ခံမႈကိုလည္းရရွိခဲ့ပါတယ္။ဒါ့အျပင္ ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုကိုလည္း ရရွိခဲ့ပါတယ္။

ဒီမိုကေရစီဘက္ေတာ္သား ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တိုင္းျပည္အာဏာရေတာ့ ဒီမိုကေရစီစစ္စစ္ကို ေဖာ္ေဆာင္ႏိုင္မယ္ဆိုၿပီး ျမန္မာျပည္သူေတြပါမက၊ ဒီမိုကေရစီစနစ္ က်င့္သုံးေနတဲ့ ႏိုင္ငံေတြကပါ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။

အရပ္သားဒီမိုကေရစီစစ္စစ္အစိုးရတစ္ခု ေပၚေပါက္လာေတာ့မယ္ဆိုၿပီး ျမန္မာျပည္သူေတြလည္း ေပ်ာ္႐ႊင္ခဲ့ၾကတယ္။ဒါေပမယ့္ ျပည္သူေတြေမွ်ာ္လင့္ခဲ့တဲ့ အရပ္သားဒီမိုကေရစီအစိုးရ မျဖစ္ေပၚခဲ့ပါဘူး။ဒီမိုကေရစီစနစ္မွာ ျပည္သူေတြရဲ႕ လိုလားေထာက္ခံေပးမႈအေပၚမွာ အဓိကမူတည္ပါတယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာ ျပည္သူေတြေထာက္ခံမႈကို ရယူႏိုင္လို႔ ဒီမိုကေရစီစစ္စစ္အစိုးရကို ဖြဲ႕စည္းႏိုင္ဖို႔ ကန႔္သတ္ခ်က္ေတြ ရွိေသးပါတယ္။

ေျပာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ အရပ္သားဒီမိုကေရစီအစိုးရမွာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ျပည္ထဲေရး၊ ကာကြယ္ေရး၊ နယ္စပ္ေရးဝန္ႀကီးေတြ ပါဝင္ေနပါတယ္။ဒီဝန္ႀကီးဌာနသုံးခုကို စစ္ဘက္က ကိုင္တြယ္ထားပါတယ္။ႏိုင္ငံေတာ္ ဒု-သမၼတ သုံးဦးမွာလည္း စစ္ဘက္ကတစ္ေယာက္လည္း ပါဝင္ေနပါတယ္။
အေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္သူေတြေထာက္ခံမႈကိုရယူႏိုင္ခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေ႐ြးခ်ယ္ထားတဲ့ ဒုသမၼတႏွစ္ဦးအနက္ တစ္ဦးကေတာ့ ႏိုင္ငံေတာ္သမၼတျဖစ္ပါလိမ့္မယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရရဲ႕ သမၼတအေနနဲ႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ကို ဖြဲ႕စည္းတာဝန္ေပးရမွာပါ။ ၂၀၀၈ ခုႏွစ္က ေရးဆြဲျပ႒ာန္းထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒအရလည္း "ႏိုင္ငံေတာ္တြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕ကို ေအာက္ေဖာ္ျပပါပုဂၢိဳလ္မ်ားျဖင့္ ဖြဲ႕စည္းသည္။

(က) ႏိုင္ငံေတာ္သမၼတ၊
(ခ) ဒု-သမၼတမ်ား၊
(ဂ) ျပည္ေထာင္စုဝန္ႀကီးမ်ား၊
(ဃ) ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ဆိုၿပီး ျပ႒ာန္းထားခဲ့ပါတယ္။

ဒါေပမယ့္ ျပည္ထဲေရး၊ ကာကြယ္ေရး၊ နယ္စပ္ေရးဝန္ႀကီးဌာနေတြကိုေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခန႔္အပ္တာဝန္ေပးရပါတယ္။

ဘာပဲျဖစ္ျဖစ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ေ႐ြးခ်ယ္တဲ့ ေခါင္းေဆာင္တစ္ဦးက ႏိုင္ငံေတာ္သမၼတတာဝန္ ယူရေတာ့မွာပါ။ဖြဲ႕ စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတသည္ ျပည္ေထာင္စုလႊတ္ေတာ္အား တာဝန္ခံရမည္ဆိုၿပီး ျပ႒ာန္းထားပါတယ္။ျပည္ေထာင္စုလႊတ္ေတာ္မွာပါဝင္တဲ့ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ျပည္သူေတြေ႐ြးခ်ယ္တင္ေျမႇာက္ထားခဲ့တာျဖစ္ပါတယ္။တစ္နည္းေျပာရရင္ ႏိုင္ငံေတာ္သမၼတဟာ ျပည္သူေတြကို တာဝန္ခံရမွာပါ။

အခုေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုေခါင္းေဆာင္ေတြက သမၼတေလာင္း ႏွစ္ဦးထဲက တစ္ဦးဟာ ႏိုင္ငံေတာ္သမၼတျဖစ္လာမွာပါ။ျပည္ေထာင္စုလႊတ္ေတာ္က ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ ႏိုင္ငံေတာ္သမၼတက ႏိုင္ငံအတြက္ ျပည္ေထာင္စုအဆင့္ အစိုးရဝန္ႀကီးေတြကို ေ႐ြးခ်ယ္တာဝန္ေပးရပါေတာ့မယ္။ျပည္ထဲေရး၊ ကာကြယ္ေရး၊ နယ္စပ္ေရးရာ ဝန္ႀကီးဌာနေတြ ပါဝင္ေနတဲ့အတြက္ အရပ္သားဒီမိုကေရစီစစ္စစ္အစိုးရ မျဖစ္ႏိုင္ေသးဘူးဆိုတာထက္ ပိုၿပီးလိုအပ္ခ်က္ေတြျပင္ႏိုင္ဖို႔ လိုအပ္ေနပါတယ္။

၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ေခါင္းေဆာင္ေတြအေနနဲ႔လည္း ႏိုင္ငံေတာ္သမၼတနဲ႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ကို ဖြဲ႕စည္းတာဝန္ေပးခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရဆိုရင္လည္း မမွားႏိုင္ပါဘူး။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရအုပ္ခ်ဳပ္ခြင့္ရခဲ့တဲ့သက္တမ္း ငါးႏွစ္ျပည့္ပါေတာ့မယ္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရသက္တမ္း ငါးႏွစ္ကာလအတြင္းမွာ ျပည္သူေတြေမွ်ာ္လင့္ခဲ့သေလာက္ မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူးလို႔ ေျပာရမွာပါ။အစိုးရသမၼတနဲ႔ အစိုးရဝန္ႀကီးေတြဟာ ျပည္သူလူထုကို တာဝန္မခံႏိုင္ခဲ့ပါဘူး။

ေျပာမယ္ဆိုရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရအေနနဲ႔ ျပည္သူလူထုကိုေပးခဲ့တဲ့ ကတိေတြ တစ္ခုမွမေက်ႏိုင္ခဲ့ေသးပါဘူး။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရဝန္ႀကီးေတြကို အရည္အခ်င္းျပည့္ဝတဲ့လူေတြကို မေ႐ြးခ်ယ္ႏိုင္ခဲ့ဘူးလို႔ ဆိုရမွာပါ။ေနာက္ပိုၿပီး လိုအပ္ခ်က္တစ္ခုက စစ္အာဏာရွင္အုပ္ခ်ဳပ္ခဲ့တဲ့အခ်ိန္က စစ္ဘက္အႀကီးအကဲေတြကို ျပည္ေထာင္စုဝန္ႀကီးေတြ၊ အၿမဲတမ္းအတြင္းဝန္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးေတြ ခန႔္အပ္ခဲ့ၾကတာပါ။အမ်ားအားျဖင့္ စစ္ဘက္အႀကီးအကဲေဟာင္းေတြကို ခန႔္အပ္ထားခဲ့တာပါ။

စစ္အာဏာရွင္အုပ္ခ်ဳပ္ေရးလက္ထက္က စစ္အာဏာရွင္အစိုးရအဖြဲ႕ဟာ ျပည္သူေတြကိုဖိႏွိပ္ခဲ့တဲ့ အစိုးရျဖစ္ပါတယ္။ျပည္သူေတြအက်ိဳးထက္ သူတို႔ကိုယ္က်ိဳးကိုသာၾကည့္ခဲ့တဲ့ အစိုးရျဖစ္ပါတယ္။အစိုးရဝန္ႀကီးေတြ၊ အၿမဲတန္းအတြင္းဝန္ေတြ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးနဲ႔ အဆင့္ဆင့္ၫႊန္ၾကားေရးမႉးေတြအကုန္လုံး ကိုယ္က်ိဳးၾကည့္ၿပီး ခ်မ္းသာသြားခဲ့ၾကတာ ျပည္သူေတြအသိပါပဲ။

အဲဒီစစ္အစိုးရလက္ထက္က ဝန္ႀကီးေတြ၊ အၿမဲတန္းအတြင္းဝန္ေတြ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးနဲ႔ အဆင့္ဆင့္ၫႊန္ၾကားေရးမႉးေတြကို ဒီမိုကေရစီစနစ္ကိုေဖာ္ေဆာင္ရမယ့္ ဒီမိုကေရစီအစိုးရအေနနဲ႔ ဖယ္ရွားပစ္ရမွာပါ။ၿပီးခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အရပ္သားဒီမိုကေရစီအစိုးရက အဲဒီစစ္အစိုးရလက္ထက္ ဝန္ႀကီးေတြ၊ အၿမဲတန္းအတြင္းဝန္ေတြ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေဆာင္ၫႊန္ ၾကားေရးမႉးနဲ႔ အဆင့္ဆင့္ၫႊန္ၾကားေရးမႉးေတြကို ျပန္ေ႐ြးခ်ယ္ခန႔္ထားခဲ့တာ မ်ားလာပါတယ္။

ဒီလိုစစ္အာဏာရွင္အစိုးရလက္ထက္က ဝန္ႀကီးေတြ၊ အၿမဲတန္းအတြင္းဝန္ေတြ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးနဲ႔ အဆင့္ဆင့္ၫႊန္ၾကားေရးမႉးေတြထဲက ဒီမိုကေရစီအစိုးရထဲမွာ ပါဝင္ေနတာကို ရင္ၾကားေစ့ေရးအတြက္ဆိုရင္ လြဲမွားေနပါတယ္။ျပည္သူေတြအေနနဲ႔လည္း စစ္အစိုးရလက္ထက္ ဝန္ႀကီးေတြ၊ အၿမဲတန္းအတြင္းဝန္ေတြ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးနဲ႔ အဆင့္ဆင့္ၫႊန္ၾကားေရးမႉးေတြ အရပ္သားဒီမိုကေရစီအစိုးရဝန္ႀကီးေတြ ျဖစ္ေနၾကတာ မေက်နပ္ၾကပါဘူး။

၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ေတြအေနနဲ႔ ျပည္သူေတြရဲ႕အက်ိဳးကို ျဖည့္ဆည္းေဆာင္႐ြက္ႏိုင္မယ့္ အစိုးရဝန္ႀကီးေတြကို အခ်ိန္ေပးၿပီး မရွာေဖြႏိုင္လို႔လည္းျဖစ္ႏိုင္ပါတယ္။ေနာက္တစ္ခ်က္အေနနဲ႔ ေျပာရရင္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ အရင္ စစ္အစိုးရလက္ထက္ စစ္ေခါင္းေဆာင္ေဟာင္းႀကီးေတြနဲ႔ တိုင္းျပည္အာဏာ လႊဲေျပာင္းရယူႏိုင္ဖို႔အတြက္ အေပးအယူလုပ္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။စစ္အစိုးရေခါင္းေဆာင္ေဟာင္းေတြရဲ႕ ခ်ဳပ္ကိုင္မႈကို ခံခဲ့ရတယ္လို႔ ထင္ပါတယ္။

အခု ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ထပ္အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ အရပ္သားဒီမိုကေရစီအစိုးရသစ္ကို ဖြဲ႕စည္းရေတာ့မွာျဖစ္ပါတယ္။ႏိုင္ငံေတာ္သမၼတကိုလည္း လြတ္လြတ္လပ္လပ္ ေ႐ြးခ်ယ္ခြင့္ရေနပါၿပီ။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္လည္း ႏိုင္ငံေတာ္သမၼတ မျဖစ္ႏိုင္ပါဘူး။

ေျပာမယ္ဆိုရင္ အခု မၾကာမီဖြဲ႕မယ့္ ဒီမိုကေရစီအစိုးရမွာပါဝင္မယ့္ ႏိုင္ငံေတာ္သမၼတ၊ ဒု-သမၼတနဲ႔ ျပည္ေထာင္စုအစိုးရဝန္ႀကီးေတြကို ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္၊ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္မယ့္ အရည္အခ်င္းျပည့္ဝတဲ့ပုဂၢိဳလ္ေတြကို ေ႐ြးခ်ယ္တာဝန္ေပးအပ္ဖို႔ အေရးႀကီးေနပါၿပီ။

ၿပီးခဲ့တဲ့ အရပ္သားဒီမိုကေရစီအစိုးရသက္တမ္း ငါးႏွစ္ကာလရဲ႕ လိုအပ္ခ်က္ေတြကို ျပန္သုံးသပ္ၿပီး ျပဳျပင္ဖို႔လိုအပ္ေနပါတယ္။အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေ႐ြးခ်ယ္မယ့္ သမၼတအေနနဲ႔ ဖြဲ႕စည္းတာဝန္ေပးခြင့္ရထားတဲ့ အစိုးရအဖြဲ႕မွာ စစ္ဘက္ေဟာင္းေတြမပါပဲ အရပ္သားဒီမိုကေရစီစစ္စစ္အစိုးရျဖစ္ဖို႔ လိုအပ္ေနၿပီဆိုတာ အဓိကဆိုလိုခ်င္တာပါ။

ျမတ္လႈိင္း
ဒီဇင္ဘာ - ၂၄