【 ဆောင်းပါး 】 “ခြေဥပြင်ဆင်ရေး လူထုထောက်ခံပွဲတွေ အကျိုးရှိနိုင်မလား”

【 ဆောင်းပါး 】 “ခြေဥပြင်ဆင်ရေး လူထုထောက်ခံပွဲတွေ အကျိုးရှိနိုင်မလား”

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြန်အသက်ဝင်လာခဲ့ပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ အင်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က အရေးကြီးအဆို တင်သွင်းလိုက်ချိန်ကစပြီး ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် ပြန်မြင့်တက်လာတယ်လို့ ပြောရမှာပါ။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်လည်း ပြည်သူတွေ အချိန်နဲ့အမျှ လိုလားနေကြပါတယ်။အမှန်တကယ်တော့ နိုင်ငံတစ်ခုရဲ့ တည်ရှိမှု/တည်မြဲမှုဆိုတာ ပြည်သူတွေအကျိုးကို ရှေးရှုပြီး ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာ မူတည်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၃) ခု ရှိနေခဲ့ပြီးပါပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးခု ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ပြီး ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ဒီ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အိန္ဒိယနဲ့ ဗြိတိသျှ နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို အခြေခံပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ဖက်ဒရယ်ခွဲထွက်ခွင့်မှာ တိုင်းရင်းသားတွေနဲ့ သဘောတူညီမှု လိုအပ်ချက်တွေ ရှိခဲ့ပေမယ့်၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက်ရော၊ ပြည်သူတွေ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ရော ပြည့်စုံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။

၁၉၇၄ မှာ ရေးဆွဲခဲ့တဲ့ ဒုတိယမြောက် ဖွဲ့စည်း ပုံအခြေခံဥပဒေကတော့ ၁၉၆၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ် တည်ထောင်ဖို့အတွက် ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ် ဆင်နွှဲမယ်လို့ ကြွေးကြော်ပြီး ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပါတယ်။၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ တစ်ခုတည်းသော ဦးဆောင်ပါတီအဖြစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါ်ပေါက်ခဲ့ပါတယ်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ဦးဆောင်ခဲ့တဲ့အတွက်ရော၊ နိုင်ငံရေးမှာ စစ်တပ်ပါဝင်လာရင် နိုင်ငံပျက်ပြီဆိုတဲ့ စကားအရရော၊ ဒီဥပဒေအောက်မှာ မြန်မာပြည်သူတွေ စီးပွားရေးချွတ်ခြုံကျခဲ့တဲ့ အခြေအနေတွေကြောင့် ၁၉၈၈ လူထုအရေးတော်ပုံကြီးအတွင်းမှာ ပျက်ဆီးသွားခဲ့ရပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့ စစ်အာဏာရှင်စနစ်မှာ ၁၉၉၀ ရွေးကောက်ပွဲကို အတိုက်အခံ အန်အယ်ဒီပါတီက တစ်ပြည်လုံးမှာ အပြတ်အသတ်အနိုင်ရခဲ့တာကို တိုင်းပြည်အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းမပေးချင်တဲ့အတွက် အာဏာလွှဲပေးဖို့ ကတိပေးထားတဲ့ ဗိုလ်ချုပ်စောမောင် ကို ဖယ်ရှားပြီး၊ ဗိုလ်ချုပ်သန်းရွှေ တက်လာပြီးနောက်မှ ရေးဆွဲခဲ့တဲ့ တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။၁၉၉၃ ခုနှစ်က အမျိုးသားညီလာခံ ခေါ်ယူပြီး ၁၄ နှစ်ကြာအောင် ရေးဆွဲထားခဲ့ပါတယ်။၂၀ဝ၈ ခုနှစ်ကြမှ နာဂစ်မုန်တိုင်းကြောင့် တိုင်းပြည်နဲ့ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အတည်ပြုပြဋ္ဌာန်းလိုက်တာပါ။

နိုင်ငံတစ်နိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူ့အသည်းနှလုံး ဖြစ်တယ်ဆိုတာကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။အမှန်တကယ်ဆို ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းသူပြည်သားများ မသိနားမလည်ပဲ တွေဝေနေတဲ့အချိန်၊ နောက်ပြည်သူတွေ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို ကြောက်လန့်နေတဲ့အချိန်မှာ ပြည်သူတွေရဲ့ တကယ့်ဆန္ဒမပါပဲ အတည်ပြုခဲ့တဲ့ ဥပဒေပါ။အမျိုးသားညီလာခံမှာ အန်အယ်ဒီပါတီရဲ့ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ကန့်ကွက်ခဲ့ပါတယ်။
တိုင်းသိပြည်သိ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကလည်း စစ်အစိုးရအကြိုက် လုပ်ဆောင်ခဲ့ကြပါတယ်။ပြည်သူတွေကို ကာကွယ်ပေးရမယ့် အခြေခံဥပဒေမဖြစ်ပဲ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေကို ကာကွယ်ပေးဖို့အတွက်ပဲ ဖြစ်ခဲ့ပါတယ်။

၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတတိယဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုလိုက်တဲ့အချိန်ကစပြီးပြည်သူတွေနဲ့မီဒီယာတွေ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊နိုင်ငံရေးလေ့လာဝေဖန်တဲ့သူတွေကန့်ကွက်ခဲ့ကြပါတယ်။ပြည်သူတွေအားလုံးအနေနဲ့ဒီ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ဖို့လိုလားခဲ့ကြပါတယ်။ပြောမယ်ဆိုရင်ရှစ်လေးလုံးနှစ်ဆယ့်ငါးနှစ်ပြည့်ငွေရတုအခန်းအနားကိုတက်ရောက်ခဲ့တဲ့နိုင်ငံရေးပါတီတွေ၊နိုင်ငံရေးအဖွဲ့အစည်းတွေ၊တိုင်းရင်းသားအဖွဲ့တွေအားလုံးကလည်း၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး/ပယ်ဖျက်ရေးကိုအတည်ပြုပြီးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အန်အယ်ဒီပါတီနဲ့၈၈-ငြိမ်း/ပွင့်တို့ပူးတွဲပြီးဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ ပုဒ်မ-၄၃၆ပြင်ဖို့လူထုအစည်းအဝေးပွဲကြီးတွေကို ရန်ကုန်မြို့နဲ့မန္တလေးမြို့မှာကျင်းပခဲ့ကြပါတယ်။ပြည်သူတွေကလည်း လက်မှတ်ထိုးပြီးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးမှာလည်းပြည်သူတွေသမိုင်းပေးတာဝန်ကိုကျေခဲ့ကြပါတယ်။

ဒါကိုဒေါ်အောင်ဆန်းစုကြည်အတိုက်အခံပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ပြောခဲ့တာရှိပါတယ်။”ကျွန်မတို့နိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းကိုပြောင်းရမယ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းမှကျွန်မတို့နိုင်ငံဟာတကယ့်ဒီမိုကရေစီနိုင်ငံဖြစ်နိုင်မယ်၊ဒီမိုကရေစီနိုင်ငံဖြစ်မှကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေကိုကာကွယ်ပေးနိုင်မှာပါ၊ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တရားဥပဒေစိုးမိုးရေးဆိုတာရှိဖို့အင်မတန်မှခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျွန်မတို့ပြည်တွင်းငြိမ်းချမ်းရေးဆိုတာရဖို့လည်းအင်မတန်မှခက်ပါလိမ့်မယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တကယ့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်မြောက်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စပါလို့သေသေချာချာပြောပါရစေ”လို့ပြောခဲ့တာကိုမှတ်မိနေပါလိမ့်မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးလွှတ်တော်လမ်းကြောင်းပေါ်ရပ်တန့်နေခဲ့တာသုံးနှစ်ကြာ၂၀၁၅ခုနှစ်အတိုက်အခံအန်အယ်ဒီပါတီအနေနဲ့ရွေးကောက်ပွဲဝင်မယ့်အချိန်မှာလွှတ်တော်လမ်းကြောင်းကနေဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရမယ်ဆိုတဲ့ကတိစကားကိုပြည်သူတွေကိုပေးခဲ့ပါတယ်။ဒီကတိစကားကိုပြည်သူတွေယုံကြည်တဲ့အတွက်အန်အယ်ဒီပါတီကိုရွေးကောက်ပွဲမှာအနိုင်ရအောင်ပြည်သူတွေရွေးချယ်ခဲ့ပါတယ်။ပြည်သူတွေရဲ့အားနဲ့အန်အယ်ဒီပါတီကိုအာဏာရပါတီဖြစ်အောင်လုပ်ဆောင်ပေးလိုက်ပြီးပြည်သူတွေတာဝန်ကျေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားကိုလဲပြည်သူတွေမမေ့ပါဘူး။ပြည်သူတွေသမိုင်းပေးတာဝန်ကိုကျေခဲ့ပါတယ်။ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အန်အယ်ဒီကိုယ်စားလှယ်တွေကြီးစိုးမှုရခဲ့တဲ့လွှတ်တော်ကဏ္ဍကနေဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားကိုယုံကြည်ခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့အန်အယ်ဒီပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်ဒီပါတီကရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ယုံကြည်အားကိုးမှုရှိခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ/ပြောင်းလဲနိုင်မှပြည်သူတွေကိုကာကွယ်ပေးနိုင်မှာပါဆိုတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကိုလည်းယုံခဲ့ကြပါတယ်။

ဒီစကားကိုပြည်သူတွေယုံခဲ့လို့သုံးနှစ်ကြာတဲ့အထိလွှတ်တော်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့မဆောင်ရွက်နိုင်တော့ပြည်သူတွေသုံးနှစ်ကြာအကာအကွယ်မဲ့နေခဲ့ရပါတယ်။ဒါပေမယ့်၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ဖို့သုံးနှစ်ကြာခဲ့ပေမယ့် အခုအချိန်မှာပြင်ဆင်ဖို့အသံပြန်ထွက်လာတာကိုပြည်သူတွေဝမ်းသာနေကြရပါတယ်။ဘာပဲဖြစ်ဖြစ်အခုသုံးနှစ်ကြာတဲ့အချိန်မှာလွှတ်တော်ကဏ္ဍကနေဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ဖို့အသံစကြားရတော့၊ပြည်သူတွေရဲ့မျှော်လင့်ချက်တွေပြန်နိုးထရှင်သန်လာခဲ့ရပါပြီ။နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ဝေဖန်ထောက်ပြကြတာတွေကိုလည်းအရေးစိုက်စေချင်ပါတယ်။မီဒီယာတွေ၊ဂျာနယ်တွေထဲမှာဝေဖန်အကြံပြုနေကြတာတွေကိုအစဉ်သဖြင့်လေ့လာဖတ်ရှုကြစေချင်ပါတယ်။

ပြည်သူတွေရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးသဘောထားတွေကိုအကြိမ်ကြိမ်ပြသခဲ့ပြီးပါပြီ။ပြည်သူတွေသမိုင်းပေးတာဝန်ကိုအစဉ်အမြဲတာဝန်ကျေခဲ့ပါတယ်။အခုအချိန်မှာပြည်သူတွေအတွက်တာဝန်မကျေမှုကိုပြန်ပေးဆပ်ရမယ့်လွှတ်တော်ကဏ္ဍတာဝန်ဖြစ်နေပါပြီ။ပြောချင်တာကပြည်သူတွေအကျိုးပြုနိုင်မယ့်ဖွဲ့စည်းပုံအခြေခံဥပဒေထဲကပုဒ်မတွေကိုတကယ်ပြင်ဆင်နိုင်ဖို့လိုပါတယ်။နိုင်ငံရေးအရအကြပ်အတည်းတွေထဲကနေထွက်ပေါက်ရှာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ဆိုပြီးကြွေးကြော်တာမျိုးမဖြစ်ဖို့အရေးကြီးပါတယ်။

၂၀၂၀ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အသံပေးလိုက်တာမျိုးလဲမဖြစ်စေချင်ပါဘူး။ခြေဥပြင်ဆင်ရေးလူထုထောက်ခံပွဲတွေအကျိုးရှိမလားအခုအမြို့မြို့အနယ်နယ်တိုင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုပြည်သူလူထုရဲ့ထောက်ခံဆန္ဒထုတ်ဖော်ပွဲတွေလုပ်နေကြတာတွေ့နေရပါတယ်။ပြည်သူတွေအနေနဲ့ကတော့ဘယ်အချိန်ပြင်ပြင်,ပြင်ဆင်တာကိုအမှန်တကယ်လိုလားပြီးထောက်ခံနေကြမှာပါပဲ။ဒီတစ်ခါပြည်သူတွေကထောက်ခံဆန္ဒထုတ်ဖော်ပွဲတွေလုပ်ပေမယ့်လွှတ်တော်ကဏ္ဍလမ်းကြောင်းကနေဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအရာရောက်အောင်မဆောင်ရွက်နိုင်ဘူးဆိုရင်အာဏာရအင်အယ်ဒီပါတီနဲ့အင်အယ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေတရားခံဖြစ်သွားနိုင်ပါတယ်။

အရင်ကလည်းပြည်သူတွေပါဝင်ခဲ့ပြီး၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးထောက်ခံပွဲတွေ၊လက်မှတ်ရေးထိုးပွဲတွေလုပ်ခဲ့ကြတာကိုဘာမှမလုပ်ဆောင်နိုင်ပဲအသံတိတ်နေခဲ့တာတွေကိုထောက်ပြဝေဖန်နေခဲ့ကြတာတွေရှိနေပါတယ်။နောက်တစ်ခါပြည်သူတွေရဲ့အမြင်မှာထပ်အလိမ်ခံလိုက်ရပြန်ပြီလို့မြင်သွားကြရင်အင်အယ်ဒီပါတီအတွက်ပုံရိပ်ကျဆင်းသွားပါလိမ့်မယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ထောက်ခံဆန္ဒပြပွဲတွေလုပ်ရင်ပြည်သူတွေကတော့အမြဲတက်ကြွစွာပါဝင်နေကြမှာပါ။ဒီထောက်ခံဆန္ဒထုတ်ဖော်ပွဲတွေရဲ့လုပ်ရပ်အပေါ်ရရှိလာမယ့်အကောင်းအဆိုးကိုဆန္ဒထုတ်ဖော်ပွဲတွေကိုဦးဆောင်ကျင်းပနေကြတဲ့ လူတွေအနေနဲ့ချင့်ချိန်စဉ်းစားဖို့တော့လိုနေပြီဆိုတဲ့အကြောင်းကိုသတိပေးလိုက်ချင်ပါတယ်။

မြတ်လှိုင်း
မတ် - ၉

( Zawgyi )

ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ႏိုင္ငံေရးအေျခအေနဟာ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ျပန္အသက္ဝင္လာခဲ့ပါတယ္။ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရး ပူးေပါင္းေကာ္မတီ ဖြဲ႕စည္းဖို႔ အင္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫႊန႔္ က အေရးႀကီးအဆို တင္သြင္းလိုက္ခ်ိန္ကစၿပီး ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ ျပန္ျမင့္တက္လာတယ္လို႔ ေျပာရမွာပါ။

၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ဖို႔အတြက္လည္း ျပည္သူေတြ အခ်ိန္နဲ႔အမွ် လိုလားေနၾကပါတယ္။အမွန္တကယ္ေတာ့ ႏိုင္ငံတစ္ခုရဲ႕ တည္ရွိမႈ/တည္ၿမဲမႈဆိုတာ ျပည္သူေတြအက်ိဳးကို ေရွးရႈၿပီး ျပ႒ာန္းထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒအေပၚမွာ မူတည္ပါတယ္။ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒ (၃) ခု ရွိေနခဲ့ၿပီးပါၿပီ။

ဖြဲ႕စည္းပုံ အေျခခံဥပေဒသုံးခု ၁၉၄၇ ဖြဲ႕စည္းပုံ အေျခခံဥပေဒက တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္ေခၚၿပီး ေရးဆြဲျပ႒ာန္းခဲ့တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျဖစ္ပါတယ္။ဒီ ၁၉၄၇ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို အိႏၵိယနဲ႔ ၿဗိတိသွ် ႏိုင္ငံေတြရဲ႕ ဖြဲ႕စည္းပုံ အေျခခံဥပေဒေတြကို အေျခခံၿပီး ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ဖက္ဒရယ္ခြဲထြက္ခြင့္မွာ တိုင္းရင္းသားေတြနဲ႔ သေဘာတူညီမႈ လိုအပ္ခ်က္ေတြ ရွိခဲ့ေပမယ့္၊ ဒီမိုကေရစီႏိုင္ငံ တည္ေဆာက္ေရးအတြက္ေရာ၊ ျပည္သူေတြ အက်ိဳးစီးပြားကို ကာကြယ္ဖို႔အတြက္ေရာ ျပည့္စုံတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျဖစ္ပါတယ္။

၁၉၇၄ မွာ ေရးဆြဲခဲ့တဲ့ ဒုတိယေျမာက္ ဖြဲ႕စည္း ပုံအေျခခံဥပေဒကေတာ့ ၁၉၆၂ ခုႏွစ္မွာ ျမန္မာႏိုင္ငံကို ဗိုလ္ခ်ဳပ္ေနဝင္း အာဏာသိမ္းၿပီး ဆိုရွယ္လစ္စနစ္ တည္ေထာင္ဖို႔အတြက္ ေခတ္ေျပာင္းေတာ္လွန္ေရးတစ္ရပ္ ဆင္ႏႊဲမယ္လို႔ ေႂကြးေၾကာ္ၿပီး ေရးဆြဲအတည္ျပဳခဲ့တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒျဖစ္ပါတယ္။၁၉၇၄ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ျမန္မာႏိုင္ငံမွာ တစ္ခုတည္းေသာ ဦးေဆာင္ပါတီအျဖစ္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ ေပၚေပါက္ခဲ့ပါတယ္။ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီကို အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြ ဦးေဆာင္ခဲ့တဲ့အတြက္ေရာ၊ ႏိုင္ငံေရးမွာ စစ္တပ္ပါဝင္လာရင္ ႏိုင္ငံပ်က္ၿပီဆိုတဲ့ စကားအရေရာ၊ ဒီဥပေဒေအာက္မွာ ျမန္မာျပည္သူေတြ စီးပြားေရးခြၽတ္ၿခဳံက်ခဲ့တဲ့ အေျခအေနေတြေၾကာင့္ ၁၉၈၈ လူထုအေရးေတာ္ပုံႀကီးအတြင္းမွာ ပ်က္ဆီးသြားခဲ့ရပါတယ္။

၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကိုေတာ့ စစ္အာဏာရွင္စနစ္မွာ ၁၉၉၀ ေ႐ြးေကာက္ပြဲကို အတိုက္အခံ အန္အယ္ဒီပါတီက တစ္ျပည္လုံးမွာ အျပတ္အသတ္အႏိုင္ရခဲ့တာကို တိုင္းျပည္အုပ္ခ်ဳပ္ေရးအာဏာ လႊဲေျပာင္းမေပးခ်င္တဲ့အတြက္ အာဏာလႊဲေပးဖို႔ ကတိေပးထားတဲ့ ဗိုလ္ခ်ဳပ္ေစာေမာင္ ကို ဖယ္ရွားၿပီး၊ ဗိုလ္ခ်ဳပ္သန္းေ႐ႊ တက္လာၿပီးေနာက္မွ ေရးဆြဲခဲ့တဲ့ တတိယေျမာက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျဖစ္ပါတယ္။၁၉၉၃ ခုႏွစ္က အမ်ိဳးသားညီလာခံ ေခၚယူၿပီး ၁၄ ႏွစ္ၾကာေအာင္ ေရးဆြဲထားခဲ့ပါတယ္။၂၀ဝ၈ ခုႏွစ္ၾကမွ နာဂစ္မုန္တိုင္းေၾကာင့္ တိုင္းျပည္နဲ႔ ျပည္သူေတြ ဒုကၡေရာက္ေနတဲ့အခ်ိန္ကို အခြင့္ေကာင္းယူၿပီး အတည္ျပဳျပ႒ာန္းလိုက္တာပါ။

ႏိုင္ငံတစ္ႏိုင္ငံအတြက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒဟာ ျပည္သူ႔အသည္းႏွလုံး ျဖစ္တယ္ဆိုတာကို ေျပာင္းျပန္လွန္ပစ္လိုက္ပါတယ္။အမွန္တကယ္ဆို ဒီ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒဟာ တိုင္းသူျပည္သားမ်ား မသိနားမလည္ပဲ ေတြေဝေနတဲ့အခ်ိန္၊ ေနာက္ျပည္သူေတြ စစ္အာဏာရွင္ေတြရဲ႕ ဖိႏွိပ္မႈကို ေၾကာက္လန႔္ေနတဲ့အခ်ိန္မွာ ျပည္သူေတြရဲ႕ တကယ့္ဆႏၵမပါပဲ အတည္ျပဳခဲ့တဲ့ ဥပေဒပါ။အမ်ိဳးသားညီလာခံမွာ အန္အယ္ဒီပါတီရဲ႕ ၁၉၉၀ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကပဲ ကန႔္ကြက္ခဲ့ပါတယ္။
တိုင္းသိျပည္သိ အသိပညာရွင္ေတြ၊ အတတ္ပညာရွင္ေတြကလည္း စစ္အစိုးရအႀကိဳက္ လုပ္ေဆာင္ခဲ့ၾကပါတယ္။ျပည္သူေတြကို ကာကြယ္ေပးရမယ့္ အေျခခံဥပေဒမျဖစ္ပဲ စစ္အာဏာရွင္ေတြ က်ဴးလြန္ခဲ့ၾကတဲ့ ျပစ္မႈေတြကို ကာကြယ္ေပးဖို႔အတြက္ပဲ ျဖစ္ခဲ့ပါတယ္။

၂၀ဝ၈ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးလႈပ္ရွားမႈတတိယဖြဲ႕စည္းပုံအေျခခံဥပေဒကိုအတည္ျပဳလိုက္တဲ့အခ်ိန္ကစၿပီးျပည္သူေတြနဲ႔မီဒီယာေတြ၊ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ၊ႏိုင္ငံေရးေလ့လာေဝဖန္တဲ့သူေတြကန႔္ကြက္ခဲ့ၾကပါတယ္။ျပည္သူေတြအားလုံးအေနနဲ႔ဒီ၂၀ဝ၈ဖြဲ႕စည္းပုံအေျခခံဥပေဒကိုျပင္ဆင္ႏိုင္ဖို႔လိုလားခဲ့ၾကပါတယ္။ေျပာမယ္ဆိုရင္ရွစ္ေလးလုံးႏွစ္ဆယ့္ငါးႏွစ္ျပည့္ေငြရတုအခန္းအနားကိုတက္ေရာက္ခဲ့တဲ့ႏိုင္ငံေရးပါတီေတြ၊ႏိုင္ငံေရးအဖြဲ႕အစည္းေတြ၊တိုင္းရင္းသားအဖြဲ႕ေတြအားလုံးကလည္း၂၀ဝ၈ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ေရး/ပယ္ဖ်က္ေရးကိုအတည္ျပဳၿပီးေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ေနာက္ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့အန္အယ္ဒီပါတီနဲ႔၈၈-ၿငိမ္း/ပြင့္တို႔ပူးတြဲၿပီးဖြဲ႕စည္းပုံထဲမွာပါဝင္တဲ့ ပုဒ္မ-၄၃၆ျပင္ဖို႔လူထုအစည္းအေဝးပြဲႀကီးေတြကို ရန္ကုန္ၿမိဳ႕နဲ႔မႏၲေလးၿမိဳ႕မွာက်င္းပခဲ့ၾကပါတယ္။ျပည္သူေတြကလည္း လက္မွတ္ထိုးၿပီးဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ဖို႔ေတာင္းဆိုခဲ့ၾကပါတယ္။ဒီဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ေရးမွာလည္းျပည္သူေတြသမိုင္းေပးတာဝန္ကိုေက်ခဲ့ၾကပါတယ္။

ဒါကိုေဒၚေအာင္ဆန္းစုၾကည္အတိုက္အခံပါတီေခါင္းေဆာင္တစ္ဦးအေနနဲ႔ေျပာခဲ့တာရွိပါတယ္။”ကြၽန္မတို႔ႏိုင္ငံမွာဖြဲ႕စည္းပုံအေျခခံဥပေဒေျပာင္းကိုေျပာင္းရမယ္၊ဖြဲ႕စည္းပုံအေျခခံဥပေဒေျပာင္းမွကြၽန္မတို႔ႏိုင္ငံဟာတကယ့္ဒီမိုကေရစီႏိုင္ငံျဖစ္ႏိုင္မယ္၊ဒီမိုကေရစီႏိုင္ငံျဖစ္မွကြၽန္မတို႔ႏိုင္ငံသူႏိုင္ငံသားေတြကိုကာကြယ္ေပးႏိုင္မွာပါ၊ဒီဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔တရားဥပေဒစိုးမိုးေရးဆိုတာရွိဖို႔အင္မတန္မွခက္ပါလိမ့္မယ္။ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ကြၽန္မတို႔ျပည္တြင္းၿငိမ္းခ်မ္းေရးဆိုတာရဖို႔လည္းအင္မတန္မွခက္ပါလိမ့္မယ္။ဒီဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔တကယ့္ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးျဖစ္ေျမာက္ဖို႔ဆိုတာမျဖစ္ႏိုင္တဲ့ကိစၥပါလို႔ေသေသခ်ာခ်ာေျပာပါရေစ”လို႔ေျပာခဲ့တာကိုမွတ္မိေနပါလိမ့္မယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ေရးလႊတ္ေတာ္လမ္းေၾကာင္းေပၚရပ္တန႔္ေနခဲ့တာသုံးႏွစ္ၾကာ၂၀၁၅ခုႏွစ္အတိုက္အခံအန္အယ္ဒီပါတီအေနနဲ႔ေ႐ြးေကာက္ပြဲဝင္မယ့္အခ်ိန္မွာလႊတ္ေတာ္လမ္းေၾကာင္းကေနဖြဲ႕စည္းပုံအေျခခံဥပေဒကိုျပင္ရမယ္ဆိုတဲ့ကတိစကားကိုျပည္သူေတြကိုေပးခဲ့ပါတယ္။ဒီကတိစကားကိုျပည္သူေတြယုံၾကည္တဲ့အတြက္အန္အယ္ဒီပါတီကိုေ႐ြးေကာက္ပြဲမွာအႏိုင္ရေအာင္ျပည္သူေတြေ႐ြးခ်ယ္ခဲ့ပါတယ္။ျပည္သူေတြရဲ႕အားနဲ႔အန္အယ္ဒီပါတီကိုအာဏာရပါတီျဖစ္ေအာင္လုပ္ေဆာင္ေပးလိုက္ၿပီးျပည္သူေတြတာဝန္ေက်ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ေျပာခဲ့တဲ့စကားကိုလဲျပည္သူေတြမေမ့ပါဘူး။ျပည္သူေတြသမိုင္းေပးတာဝန္ကိုေက်ခဲ့ပါတယ္။ဒါေပမယ့္ေဒၚေအာင္ဆန္းစုၾကည္ေခါင္းေဆာင္တဲ့အန္အယ္ဒီကိုယ္စားလွယ္ေတြႀကီးစိုးမႈရခဲ့တဲ့လႊတ္ေတာ္က႑ကေနဖြဲ႕စည္းပုံအေျခခံဥပေဒကိုျပင္ဖို႔အတြက္ေဒၚေအာင္ဆန္းစုၾကည္ေျပာခဲ့တဲ့စကားကိုယုံၾကည္ခဲ့ပါတယ္။

ျပည္သူေတြအေနနဲ႔အန္အယ္ဒီပါတီေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကိုယုံၾကည္တယ္ဆိုေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အန္အယ္ဒီပါတီကေ႐ြးေကာက္ပြဲ အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း ယုံၾကည္အားကိုးမႈရွိခဲ့ပါတယ္။ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္မွ/ေျပာင္းလဲႏိုင္မွျပည္သူေတြကိုကာကြယ္ေပးႏိုင္မွာပါဆိုတဲ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕စကားကိုလည္းယုံခဲ့ၾကပါတယ္။

ဒီစကားကိုျပည္သူေတြယုံခဲ့လို႔သုံးႏွစ္ၾကာတဲ့အထိလႊတ္ေတာ္အေနနဲ႔ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဖို႔မေဆာင္႐ြက္ႏိုင္ေတာ့ျပည္သူေတြသုံးႏွစ္ၾကာအကာအကြယ္မဲ့ေနခဲ့ရပါတယ္။ဒါေပမယ့္၊ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ႏိုင္ဖို႔သုံးႏွစ္ၾကာခဲ့ေပမယ့္ အခုအခ်ိန္မွာျပင္ဆင္ဖို႔အသံျပန္ထြက္လာတာကိုျပည္သူေတြဝမ္းသာေနၾကရပါတယ္။ဘာပဲျဖစ္ျဖစ္အခုသုံးႏွစ္ၾကာတဲ့အခ်ိန္မွာလႊတ္ေတာ္က႑ကေနဖြဲ႕စည္းပုံအေျခခံဥပေဒကိုျပင္ဆင္ႏိုင္ဖို႔အသံစၾကားရေတာ့၊ျပည္သူေတြရဲ႕ေမွ်ာ္လင့္ခ်က္ေတြျပန္ႏိုးထရွင္သန္လာခဲ့ရပါၿပီ။ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြရဲ႕ေဝဖန္ေထာက္ျပၾကတာေတြကိုလည္းအေရးစိုက္ေစခ်င္ပါတယ္။မီဒီယာေတြ၊ဂ်ာနယ္ေတြထဲမွာေဝဖန္အႀကံျပဳေနၾကတာေတြကိုအစဥ္သျဖင့္ေလ့လာဖတ္ရႈၾကေစခ်င္ပါတယ္။

ျပည္သူေတြရဲ႕ဖြဲ႕စည္းပုံျပင္ဆင္ေရးသေဘာထားေတြကိုအႀကိမ္ႀကိမ္ျပသခဲ့ၿပီးပါၿပီ။ျပည္သူေတြသမိုင္းေပးတာဝန္ကိုအစဥ္အၿမဲတာဝန္ေက်ခဲ့ပါတယ္။အခုအခ်ိန္မွာျပည္သူေတြအတြက္တာဝန္မေက်မႈကိုျပန္ေပးဆပ္ရမယ့္လႊတ္ေတာ္က႑တာဝန္ျဖစ္ေနပါၿပီ။ေျပာခ်င္တာကျပည္သူေတြအက်ိဳးျပဳႏိုင္မယ့္ဖြဲ႕စည္းပုံအေျခခံဥပေဒထဲကပုဒ္မေတြကိုတကယ္ျပင္ဆင္ႏိုင္ဖို႔လိုပါတယ္။ႏိုင္ငံေရးအရအၾကပ္အတည္းေတြထဲကေနထြက္ေပါက္ရွာတဲ့ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဖို႔ဆိုၿပီးေႂကြးေၾကာ္တာမ်ိဳးမျဖစ္ဖို႔အေရးႀကီးပါတယ္။

၂၀၂၀ေ႐ြးေကာက္ပြဲနီးကပ္လာၿပီျဖစ္တဲ့အတြက္ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဖို႔အသံေပးလိုက္တာမ်ိဳးလဲမျဖစ္ေစခ်င္ပါဘူး။ေျခဥျပင္ဆင္ေရးလူထုေထာက္ခံပြဲေတြအက်ိဳးရွိမလားအခုအၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းမွာဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကိုျပည္သူလူထုရဲ႕ေထာက္ခံဆႏၵထုတ္ေဖာ္ပြဲေတြလုပ္ေနၾကတာေတြ႕ေနရပါတယ္။ျပည္သူေတြအေနနဲ႔ကေတာ့ဘယ္အခ်ိန္ျပင္ျပင္,ျပင္ဆင္တာကိုအမွန္တကယ္လိုလားၿပီးေထာက္ခံေနၾကမွာပါပဲ။ဒီတစ္ခါျပည္သူေတြကေထာက္ခံဆႏၵထုတ္ေဖာ္ပြဲေတြလုပ္ေပမယ့္လႊတ္ေတာ္က႑လမ္းေၾကာင္းကေနဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအရာေရာက္ေအာင္မေဆာင္႐ြက္ႏိုင္ဘူးဆိုရင္အာဏာရအင္အယ္ဒီပါတီနဲ႔အင္အယ္ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေတြတရားခံျဖစ္သြားႏိုင္ပါတယ္။

အရင္ကလည္းျပည္သူေတြပါဝင္ခဲ့ၿပီး၂၀ဝ၈ဖြဲ႕စည္းပုံအေျခခံဥပေဒကိုျပင္ဆင္ေရးေထာက္ခံပြဲေတြ၊လက္မွတ္ေရးထိုးပြဲေတြလုပ္ခဲ့ၾကတာကိုဘာမွမလုပ္ေဆာင္ႏိုင္ပဲအသံတိတ္ေနခဲ့တာေတြကိုေထာက္ျပေဝဖန္ေနခဲ့ၾကတာေတြရွိေနပါတယ္။ေနာက္တစ္ခါျပည္သူေတြရဲ႕အျမင္မွာထပ္အလိမ္ခံလိုက္ရျပန္ၿပီလို႔ျမင္သြားၾကရင္အင္အယ္ဒီပါတီအတြက္ပုံရိပ္က်ဆင္းသြားပါလိမ့္မယ္။ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ေထာက္ခံဆႏၵျပပြဲေတြလုပ္ရင္ျပည္သူေတြကေတာ့အၿမဲတက္ႂကြစြာပါဝင္ေနၾကမွာပါ။ဒီေထာက္ခံဆႏၵထုတ္ေဖာ္ပြဲေတြရဲ႕လုပ္ရပ္အေပၚရရွိလာမယ့္အေကာင္းအဆိုးကိုဆႏၵထုတ္ေဖာ္ပြဲေတြကိုဦးေဆာင္က်င္းပေနၾကတဲ့ လူေတြအေနနဲ႔ခ်င့္ခ်ိန္စဥ္းစားဖို႔ေတာ့လိုေနၿပီဆိုတဲ့အေၾကာင္းကိုသတိေပးလိုက္ခ်င္ပါတယ္။

ျမတ္လႈိင္း
မတ္ - ၉