【 ဆောင်းပါး 】 “ပြည်သူကို အနိုင်ပေးလိုက်ပါ”

【 ဆောင်းပါး 】 “ပြည်သူကို အနိုင်ပေးလိုက်ပါ”

ရွေးကောက်ပွဲနီးလာသည့်အခါ ကျွန်တော်စိုးရွံထိတ်လန့်မိသည်က ပြည်သူတွ အနိုင်မရမှာကိုပဲ ဖြစ်ပါတယ်။ဘယ်ပါတီ ဘယ်ပါတီတော့ အနိုင်ရပါစေလို့ ကျွန်တော့်စိတ်ထဲမရှိခဲ့။ကျွန်တော်ဘ၀တစ်လျှောက်လုံး  ပြည်သူတွေအနီးနားဖြစ်သည့် အောက်ခြေလူတန်းစားနားမှာ ကပ်နေခဲ့သည့်အတွက် ပြည်သူတွေ ဘယ်လိုခံစားနေရတာကိုသိခဲ့သည်။သို့သော် ပြည်သူတွေ ဘာလိုနေသည်ကိုတော့ ကျွန်တော်မခံစားမိနိုင်ခဲ့။ဒါ ကျွန်တော့် စိတ်ခံစားမှု ညံ့ဖျင်းခဲ့ခြင်းဘဲဖြစ်သည်။

ကျွန်တော်တို့က ကျွန်တော်တို့ရွေးချယ်မှု ညံ့ဖျင်းခဲ့ခြင်း၏ လမ်းကြောင်းပေါ် ကျွန်တော်တို့လျှောက်ခဲ့ရသည်။ဒီအတွက် ကျွန်တော့်ကို ကျွန်တော် အားမရခြင်းမှ ဘယ်သူကိုမှအပြစ်မတင်ခဲ့။အရမ်းကောင်းခဲ့သည့် လမ်းကြောင်းတွေ ကြုံခဲ့ရဘူးသည်။ဆိုးဝါးသည့် လမ်းဆုံတွေကိုလည်း မဖြစ်မနေ ဖြတ်ခဲ့ရဘူးသည်။ကိုယ်မှမလုပ်ရင် လုပ်မည့်သူမရှိသဖြင့် အရဲစွန့်ပြီးလုပ်ခဲ့ရကာ ညဘက် သူများအိမ်မှာ ပြောင်းအိပ်ခဲ့ရသည့်ညတွေလည်း ရှိခဲ့ဘူးသည်။ဒီအတွက် တစ်ညလုံး ငါဘာလို့ ဒီလိုလုပ်ခဲ့ရသလဲဆိုသည် နောင်တတွေနှင့် နေခဲ့ရဘူးသည်။နောင်မှ ငါလူစွမ်းကောင်းဆိုပြီး ဂုဏ်ယူခဲ့ရသည့် အဖြစ်တွေလည်း ရှိခဲ့ဘူးသည်။ညဘက် တချို့သောဖြစ်ရပ်တွေအတွက် ကိုယ်မလုပ်နိုင်ခဲ့တာတွေကိုတွေးပြီး လှိုက်လှိုက်လှဲလှဲငိုခဲ့ရသည့် ဘ၀တွေလည်း ရှိခဲ့ဘူးသည်။ယခု ကျွန်တော့်အသက် ၅၀ နားနီးနေပြီ။ကျွန်တော့်မှာ ကောင်းတာမရှိခဲ့။ငါတိုင်းပြည်အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့တာကိုတွေးပြီး ယခုထိ စိတ်ထဲမသန့်ခဲ့။     

၂၀၀၈ ခုနှစ်မှာ သတင်းလောက ဆောင်းပါးလောကမှာ ဖြတ်သန်းခဲ့သူမှန်သမျှ၊ ထိုထက်စော၊ထိုကာလ ဒီကာလနှစ်လီမှာ ဖြတ်သန်းခဲ့သူမှန်သမျှ ဒီကာလမှာ ဘယ်သူတွေလက်စောင်းထက်ခဲ့သလဲဆိုတာ သိကြမည်ဖြစ်သည်။စာပေစိစစ်ရေးမှာ တရုတ်နှင့်ပတ်သက်လျှင် “မြွေကြီးလျှင် နဂါး” ဆိုတာတောင် ဖြတ်တောက်သည့်ခေတ်ဆိုလျှင် သဘောပေါက်ကြမည်။ထိုကာလမှာ ဆောင်းပါးတစ်ပုဒ်မဆိုနှင့် ဆရာမင်းလူ၊ ဆရာစောဝေ၊ ဆရာမျိုးမြင့်ညိမ်းတို့လို ဆရာကြီးတွေတောင် ကဗျာတစ်ပုဒ်အတွက် ထောင်ထဲဝင်ရသည့် ခေတ်ကာလဖြစ်သည်။

ယခုမှ ကျွန်တော်ပြောချင်တာ စမည်။ထိုကာလက ကျွန်တော်လေးစားရသည့်သူတွေရှိသည်။ထိုသူတွေက တစ်ချို့က ကျွန်တော်နှင့် သက်တူရွယ်တူ၊ တစ်ချို့က ကျွန်တော့်အတွက် လေးငါးဆယ်နှစ်ကြီးသည်။ထိုသူတွေက ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေကြောင့် ထောင်ကျသွားသည်။သေဆုံးသွားသည်။ထင်ထင်ရှားရှားမှတ်မိတာ ကျွန်တော် ၈ တန်းကျောင်းသားနှစ် သူငယ်ချင်းသိန်းဇော်ဦး၏ အစ်ကို  ၉ တန်းကျောင်းသား မနက်ကျောင်းမသွားခင် ကျွန်‌တော်တို့ကို ညနေဘက် ဘောလုံးကန်ဖို့ လာချိန်းသည်။ထို့နောက် ကျောင်းရောက်တော့ ဆန္ဒပြပွဲပါသွားသည်။ဘယ်တော့မှ သူပြန်မရောက်လာခဲ့။မြေနီကုန်းပစ်ခတ်ခံရမှုမှာ သေဆုံးသွားသည်ဘဲ သိရသည်။အလောင်းလဲပြန်မရ။ယခုထိ သူ့မိသားစုက တစ်ချိန်မှာပြန်လာမည်ဟု ထင်နေဆဲ။ထိုသို့သူတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီးရှိသည်။

ယခုစည်ကားနေသည့် သဘောတောသုဿာန်နေရာမှာ တစ်ချိန်က ဂိုထောင်ဖောက်သည်ဆိုပြီး ပစ်ခတ်ခံရသည့် ဆင်းရဲသားမသေမရှင်တွေ လာပုံထားခဲ့တာရှိသည်။ကျွန်တော်တို့ဆို သဘောတောသုဿာန် ဘေးကပ်ရပ် ရွာမကျောင်းထဲက ကြီးမြင့်မာရ်အောင် စေတီပေါ်ကနေ တက်ခိုးကြည့်ရသည်။အခေါင်းရောင်းသည့် တဲတန်းအမိုးပေါ်ကိုကျော်၍။ထိုစဉ်က သုဿန်စောင့်မှာ ပုပုအိုင်အိုင် ဦးကျော်ခင်ဆိုတာ။ယခု ရွာမကျောင်းလမ်း (ယခင် ကြယ်နီလမ်း) ဘေး သုဿာန်ဇရပ်မှာ ပစ်ခတ်ခံထားရသည့် အလောင်းတွေ၊ ရက်အတန်ကြာအောင် ထိုအနီးနားက လူနေရပ်ကွက်ထဲ အပုပ်နံတွေကမပျောက်။ဒီလိုဆိုးဝါးသည့်ကာလမှာ ကိုယ့်ကိုယ်ကို ဘယ်လိုအသက်ရှင်အောင်နေထိုင်ရမလဲဆိုတာကို  သိခဲ့သည့် ကျွန်တော်အဖို့ ကျွန်တော့်ထက် ပိုစွန့်စားပြီး နိုင်ငံအတွက် ထောင်ထဲရောက်နေသည့်သူတွေ၊ အသက်စွန့်ခဲ့သူတွေကို ကြည်ညိုသည်။ယခုခေတ်စကားနှင့်ဆို “ကြွေ” သည်ပေါ့။

ရပ်ကွက်ထဲ ရပ်မိရပ်ဖ (ယခု လမ်းမှူး) သားက အစ်ကို အဖေကခေါ်ခိုင်းတယ်ဆို ရင်ကတဆတ်ဆတ်တုန်ရသည့်ကာလတွေရှိခဲ့သည်။ညဘက် ဗီဒီယိုကြည့်ရင်း ဗီဒိယိုရုံအပေါက်၀ကို စစ်ကားတီအီးကို ဖင်ထိုးပြီးဖမ်းလို့ ရုံဘေးထရံကို ဖြိုချပြီးထွက်ပြေးရသည့် ကာလတွေရှိခဲ့ဘူးသည်။လမ်းလျှောက်တာ ကြည့်မရလို့ဆိုပြီး ငြိမ်/ပိရုံး မှာ ဆိုင်ကယ်ကို ပုံစံနှင့် ရန်ကုန်မြို့တစ်ပတ် ပါးစပ်ကနေ အင်ဂျင်သံထွက်ပြီး မောင်းပြရတဲ့ကာလတွေရှိခဲ့ဘူးသည်။ဒီလိုတွေအတွက် မကြာသေးသည့် ၂၀၁၂ ကာလမတိုင်ခင်အထိ ကျွန်တော်တို့ ခဲရာခဲဆစ်ဖြတ်ခဲ့ရဘူးသည်။

ဒီအတွက် ကျွန်တော်တို့မှာ သွေးထဲသားထဲကကို လက်နက်ရှိလို့ သတ္တိရှိတဲ့သူတွေကို မုန်းတီးစက်စုပ်သည်။ဒီအတွက် ရသည့်ဘက်က ဆန့်ကျင်သည်။ဒီလို လက်နက်နဲ့ကြီးစိုးသည့် institution ဆက်မဖြစ်ထွန်းဖို့ နိုင်သည့်ဘက်က ဝန်ကိုထမ်းသည်။ဒါ ကျွန်တော်တို့လုပ်နိုင်သည့်အရာ။ဒီအတွက် ငါဘယ်သူဆိုတာထက် ဘာဖြစ်သင့်သည်လဲဆိုတာကိုသာ။ထောင်ထဲက မိတ်ဆွေတွေ၊ အစ်ကိုတွေ၊ လေးစားရသည့်သူတွေ ထွက်လာသည့်အခါ ထောင်ထဲမှာ ခင်ဗျားရေးတဲ့စာတွေကိုဖတ်ပြီး အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သိရတယ်ဆိုသည့်အခါ ကျွန်တော်ကြည်နူးရသည်။ကျွန်တော်လုပ်နိုင်ခဲ့သည့်အရာကို အသိအမှတ်ပြုသူတွေကို ပိုပြီးချစ်ခင်မိသည်။     

ကျွန်တော်‌တို့ တစ်လျှောက်လုံး အာဏာရှင်အစိုးရ၊ မထင်ရင် မထင်သလို ဘ၀ကိုပါမြေလှန်ပြီး ချေမှုန်းတတ်သည့် လက်နက်ရှိမှ‌ အနိုင်ကျင့်တတ်သည့် လူ့အဖွဲ့အစည်းတစ်ခု၊ ကိုယ်ကျိုးရှာမျိုးဆက်သစ်တွေ ထောင်းလမောင်းထအောင် ဖြစ်ထွန်းနေသည့် institution တစ်ခုကို ဘာကြောင့်တွန်းလှန်ခဲ့ရသလဲဆိုတာ မေးလာလျှင် ဖြေစရာရှိသည်။ကျွန်တော်တို့ မရှိသည့်နောက် ကောင်းမွန်သည့်စနစ်တစ်ခု ဖြစ်ထွန်းဖို့ဖြစ်သည်။ကျွန်တော်တို့မျိုးဆက်က ယုတ်မာသည့်လူတွေကြောင့် စတေးလိုက်ရသည်။ကျွန်တော်တို့ နောက်မျိုးဆက်ကို ယုတ်မာသည့်လူတွေကို ဆက်ခံသည့်လူတွေက စဉ်းစားတွေးခေါ်မှုမဲ့ပြီး အတ္တကြီးသည့် ကိုယ်အတွက်သာကြည့်ပြီး အရည်အချင်းမဲ့သည့် ကိုယ်ကျင့်တရားမဲ့သည့် လူတန်းစားဖြစ်အောင် လုပ်ခဲ့သည်။ဒီအတွက် ကျွန်တော်တို့ လူ့အဖွဲ့ အစည်း ကျွန်တော်တို့လွန်သည့် လူ့အဖွဲ့အစည်းကို ကျွန်တော်တို့ခံစားခဲ့ရသည့် ဆိုးဝါးသည့် မျှော်လင့်ချက်မဲ့သည့်နေ့တွေကို မကြုံစေချင်လို့ဖြစ်သည်။ကောင်းမွန်သည့်လူတွေ၊ အရည်အချင်းရှိပြီး နိုင်ငံအတွက် စေတနာထားသည့်လူတွေ အုပ်ချုပ်သည့်နိုင်ငံ ဖြစ်လာစေချင်လို့ဖြစ်သည်။     

ကျွန်တော်တို့က ပြည်သူအတွက် အာဏာရှင်ကို တော်လှန်ခဲ့တာဖြစ်သည်။ကောင်းမွန်သည့် တာဝန်ယူသည့် တာဝန်ခံသည့်၊ ကိုယ့်ထဲကလူတွေ မကောင်းတာလုပ်လျှင် ပြင်တတ် အရေးယူတတ်သည့် institution ကို တည်ဆောက်ချင်လို့ တော်လှန်ခဲ့တာဖြစ်သည်။

ယခုက ပြည်သူတွေအတွက် အနည်းငယ်သက်သာသည့် ၅ နှစ်တာကိုသာ ရသေးသည်။ပြည်သူကိုနှိပ်စက်ပြီး ကုပ်သွေးစုပ်ခဲ့သူတွေအဖို့ အဆိုပါ ၅ နှစ်မှာ အတော်လေးကို အထိနာနေပြီ။ဒီအတွက် ယခုလာမည့် ၅ နှစ်မှာ  လက်ရှိအာဏာရပါတီသာ ဆက်အနိုင်ရမည်ဆို အာဏာရှင်နှင့် လက်ကျန်အသိုင်းအ၀ိုင်းအဖို့ နောက်နောင် ပြည်သူကိုအနိုင်ကျင့်ရနိုင်ဖို့ အခွင့်အလမ်းကနည်းသွားပြီ။ဒါကို ပြည်သူတွေ အထူးသဖြင့် မြေသိမ်းယာသိမ်းခံရသည့် အခြေခံလူတန်းစားတွေ၊ နိုင်ငံခြားထွက်လုပ်နေရတဲ့ သားသမီးတွေ လစာကို စောင့်စားနေရသည်‌ လူတန်းစားတွေသိသည်။

ယခုလည်း နိုဝင်ဘာ ၈ ရက်မှာ ပြည်သူတွေက ဘယ်ပါတီကိုပေးမည်ဆိုတာ အားလုံးသိသည်။နှစ်များစွာ လူတစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကြောင့် ဂျုံးဂျုံးကျခဲ့ရသည့် ပြည်သူတွေဘ၀ကို စာနာဖို့လိုသည်။ ၂၀၁၅ တုန်းကလို ပြည်သူ့ဆန္ဒကို လေးစားဖို့လိုသည်။ကိုယ်နေရာမရတာနဲ့၊ ကိုယ်ဘေးဖယ်ခံရတာနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုမလား၊ ပြည်သူကိုဝေဝါးအောင် လုပ်ကြမလားဆိုတာ၊ ထမင်းတစ်လုပ်အတွက် ပြည်သူ့ဆန္ဒကို ကျောခိုင်းသင့်သလားဆိုတာ ပြန်စဉ်းစားသင့်ပြီဖြစ်သည်။

ရာစုဝက်ကြာ အာဏာရှင်တွေအောက် ပြားပြားဝပ်ခဲ့ရသည့် ပြည်သူတွေရဲ့အနိုင်ကို ကိုယ့်ရဲ့အတ္တအတွက် လျစ်လျူသင့်သလားဆိုတာ အာဏာရှင်ကိုတော်လှန်ခဲ့သည့်ဆိုသောသူတွေ သိသင့်သည်။ယခုနိုင်ပွဲက ဘယ်ပါတီ။ဘယ်လူပုဂ္ဂိုလ်အတွက်မှ မဟုတ်။စနစ်တစ်ခုအတွက် ပြည်သူတွေလိုအပ်နေသည့် အနိုင်ဖြစ်သည်။ကလပ်တက်တက် ကလေးကလား စကားပြောရလျှင် “သင်္ကြန်မိုး” ဇာတ်ကားထဲမှာ  ခင်သန်းနုက နေအောင် ကို ပြောသလို။

“ပြည်သူတွေကို နိုင်ခွင့်ပေးလိုက်ပါ” ဟု။

မောင်ဦးလွင်
နိုဝင်ဘာ - ၈

( Zawgyi )

ေ႐ြးေကာက္ပြဲနီးလာသည့္အခါ ကြၽန္ေတာ္စိုး႐ြံထိတ္လန႔္မိသည္က ျပည္သူတြ အႏိုင္မရမွာကိုပဲ ျဖစ္ပါတယ္။ဘယ္ပါတီ ဘယ္ပါတီေတာ့ အႏိုင္ရပါေစလို႔ ကြၽန္ေတာ့္စိတ္ထဲမရွိခဲ့။ကြၽန္ေတာ္ဘ၀တစ္ေလွ်ာက္လုံး  ျပည္သူေတြအနီးနားျဖစ္သည့္ ေအာက္ေျခလူတန္းစားနားမွာ ကပ္ေနခဲ့သည့္အတြက္ ျပည္သူေတြ ဘယ္လိုခံစားေနရတာကိုသိခဲ့သည္။သို႔ေသာ္ ျပည္သူေတြ ဘာလိုေနသည္ကိုေတာ့ ကြၽန္ေတာ္မခံစားမိႏိုင္ခဲ့။ဒါ ကြၽန္ေတာ့္ စိတ္ခံစားမႈ ညံ့ဖ်င္းခဲ့ျခင္းဘဲျဖစ္သည္။

ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ေ႐ြးခ်ယ္မႈ ညံ့ဖ်င္းခဲ့ျခင္း၏ လမ္းေၾကာင္းေပၚ ကြၽန္ေတာ္တို႔ေလွ်ာက္ခဲ့ရသည္။ဒီအတြက္ ကြၽန္ေတာ့္ကို ကြၽန္ေတာ္ အားမရျခင္းမွ ဘယ္သူကိုမွအျပစ္မတင္ခဲ့။အရမ္းေကာင္းခဲ့သည့္ လမ္းေၾကာင္းေတြ ႀကဳံခဲ့ရဘူးသည္။ဆိုးဝါးသည့္ လမ္းဆုံေတြကိုလည္း မျဖစ္မေန ျဖတ္ခဲ့ရဘူးသည္။ကိုယ္မွမလုပ္ရင္ လုပ္မည့္သူမရွိသျဖင့္ အရဲစြန္႔ၿပီးလုပ္ခဲ့ရကာ ညဘက္ သူမ်ားအိမ္မွာ ေျပာင္းအိပ္ခဲ့ရသည့္ညေတြလည္း ရွိခဲ့ဘူးသည္။ဒီအတြက္ တစ္ညလုံး ငါဘာလို႔ ဒီလိုလုပ္ခဲ့ရသလဲဆိုသည္ ေနာင္တေတြႏွင့္ ေနခဲ့ရဘူးသည္။ေနာင္မွ ငါလူစြမ္းေကာင္းဆိုၿပီး ဂုဏ္ယူခဲ့ရသည့္ အျဖစ္ေတြလည္း ရွိခဲ့ဘူးသည္။ညဘက္ တခ်ိဳ႕ေသာျဖစ္ရပ္ေတြအတြက္ ကိုယ္မလုပ္ႏိုင္ခဲ့တာေတြကိုေတြးၿပီး လႈိက္လႈိက္လွဲလွဲငိုခဲ့ရသည့္ ဘ၀ေတြလည္း ရွိခဲ့ဘူးသည္။ယခု ကြၽန္ေတာ့္အသက္ ၅၀ နားနီးေနၿပီ။ကြၽန္ေတာ့္မွာ ေကာင္းတာမရွိခဲ့။ငါတိုင္းျပည္အတြက္ ဘာမွမလုပ္ေပးႏိုင္ခဲ့တာကိုေတြးၿပီး ယခုထိ စိတ္ထဲမသန႔္ခဲ့။     

၂၀၀၈ ခုႏွစ္မွာ သတင္းေလာက ေဆာင္းပါးေလာကမွာ ျဖတ္သန္းခဲ့သူမွန္သမွ်၊ ထိုထက္ေစာ၊ထိုကာလ ဒီကာလႏွစ္လီမွာ ျဖတ္သန္းခဲ့သူမွန္သမွ် ဒီကာလမွာ ဘယ္သူေတြလက္ေစာင္းထက္ခဲ့သလဲဆိုတာ သိၾကမည္ျဖစ္သည္။စာေပစိစစ္ေရးမွာ တ႐ုတ္ႏွင့္ပတ္သက္လွ်င္ “ေႁမြႀကီးလွ်င္ နဂါး” ဆိုတာေတာင္ ျဖတ္ေတာက္သည့္ေခတ္ဆိုလွ်င္ သေဘာေပါက္ၾကမည္။ထိုကာလမွာ ေဆာင္းပါးတစ္ပုဒ္မဆိုႏွင့္ ဆရာမင္းလူ၊ ဆရာေစာေဝ၊ ဆရာမ်ိဳးျမင့္ညိမ္းတို႔လို ဆရာႀကီးေတြေတာင္ ကဗ်ာတစ္ပုဒ္အတြက္ ေထာင္ထဲဝင္ရသည့္ ေခတ္ကာလျဖစ္သည္။

ယခုမွ ကြၽန္ေတာ္ေျပာခ်င္တာ စမည္။ထိုကာလက ကြၽန္ေတာ္ေလးစားရသည့္သူေတြရွိသည္။ထိုသူေတြက တစ္ခ်ိဳ႕က ကြၽန္ေတာ္ႏွင့္ သက္တူ႐ြယ္တူ၊ တစ္ခ်ိဳ႕က ကြၽန္ေတာ့္အတြက္ ေလးငါးဆယ္ႏွစ္ႀကီးသည္။ထိုသူေတြက ဆႏၵျပပြဲေတြ၊ လႈပ္ရွားမႈေတြေၾကာင့္ ေထာင္က်သြားသည္။ေသဆုံးသြားသည္။ထင္ထင္ရွားရွားမွတ္မိတာ ကြၽန္ေတာ္ ၈ တန္းေက်ာင္းသားႏွစ္ သူငယ္ခ်င္းသိန္းေဇာ္ဦး၏ အစ္ကို  ၉ တန္းေက်ာင္းသား မနက္ေက်ာင္းမသြားခင္ ကြၽန္‌ေတာ္တို႔ကို ညေနဘက္ ေဘာလုံးကန္ဖို႔ လာခ်ိန္းသည္။ထို႔ေနာက္ ေက်ာင္းေရာက္ေတာ့ ဆႏၵျပပြဲပါသြားသည္။ဘယ္ေတာ့မွ သူျပန္မေရာက္လာခဲ့။ေျမနီကုန္းပစ္ခတ္ခံရမႈမွာ ေသဆုံးသြားသည္ဘဲ သိရသည္။အေလာင္းလဲျပန္မရ။ယခုထိ သူ႔မိသားစုက တစ္ခ်ိန္မွာျပန္လာမည္ဟု ထင္ေနဆဲ။ထိုသို႔သူေတြ ကြၽန္ေတာ့္ပတ္ဝန္းက်င္မွာ အမ်ားႀကီးရွိသည္။

ယခုစည္ကားေနသည့္ သေဘာေတာသုႆာန္ေနရာမွာ တစ္ခ်ိန္က ဂိုေထာင္ေဖာက္သည္ဆိုၿပီး ပစ္ခတ္ခံရသည့္ ဆင္းရဲသားမေသမရွင္ေတြ လာပုံထားခဲ့တာရွိသည္။ကြၽန္ေတာ္တို႔ဆို သေဘာေတာသုႆာန္ ေဘးကပ္ရပ္ ႐ြာမေက်ာင္းထဲက ႀကီးျမင့္မာရ္ေအာင္ ေစတီေပၚကေန တက္ခိုးၾကည့္ရသည္။အေခါင္းေရာင္းသည့္ တဲတန္းအမိုးေပၚကိုေက်ာ္၍။ထိုစဥ္က သုႆန္ေစာင့္မွာ ပုပုအိုင္အိုင္ ဦးေက်ာ္ခင္ဆိုတာ။ယခု ႐ြာမေက်ာင္းလမ္း (ယခင္ ၾကယ္နီလမ္း) ေဘး သုႆာန္ဇရပ္မွာ ပစ္ခတ္ခံထားရသည့္ အေလာင္းေတြ၊ ရက္အတန္ၾကာေအာင္ ထိုအနီးနားက လူေနရပ္ကြက္ထဲ အပုပ္နံေတြကမေပ်ာက္။ဒီလိုဆိုးဝါးသည့္ကာလမွာ ကိုယ့္ကိုယ္ကို ဘယ္လိုအသက္ရွင္ေအာင္ေနထိုင္ရမလဲဆိုတာကို  သိခဲ့သည့္ ကြၽန္ေတာ္အဖို႔ ကြၽန္ေတာ့္ထက္ ပိုစြန႔္စားၿပီး ႏိုင္ငံအတြက္ ေထာင္ထဲေရာက္ေနသည့္သူေတြ၊ အသက္စြန႔္ခဲ့သူေတြကို ၾကည္ညိဳသည္။ယခုေခတ္စကားႏွင့္ဆို “ေႂကြ” သည္ေပါ့။

ရပ္ကြက္ထဲ ရပ္မိရပ္ဖ (ယခု လမ္းမႉး) သားက အစ္ကို အေဖကေခၚခိုင္းတယ္ဆို ရင္ကတဆတ္ဆတ္တုန္ရသည့္ကာလေတြရွိခဲ့သည္။ညဘက္ ဗီဒီယိုၾကည့္ရင္း ဗီဒိယို႐ုံအေပါက္၀ကို စစ္ကားတီအီးကို ဖင္ထိုးၿပီးဖမ္းလို႔ ႐ုံေဘးထရံကို ၿဖိဳခ်ၿပီးထြက္ေျပးရသည့္ ကာလေတြရွိခဲ့ဘူးသည္။လမ္းေလွ်ာက္တာ ၾကည့္မရလို႔ဆိုၿပီး ၿငိမ္/ပိ႐ုံး မွာ ဆိုင္ကယ္ကို ပုံစံႏွင့္ ရန္ကုန္ၿမိဳ႕တစ္ပတ္ ပါးစပ္ကေန အင္ဂ်င္သံထြက္ၿပီး ေမာင္းျပရတဲ့ကာလေတြရွိခဲ့ဘူးသည္။ဒီလိုေတြအတြက္ မၾကာေသးသည့္ ၂၀၁၂ ကာလမတိုင္ခင္အထိ ကြၽန္ေတာ္တို႔ ခဲရာခဲဆစ္ျဖတ္ခဲ့ရဘူးသည္။

ဒီအတြက္ ကြၽန္ေတာ္တို႔မွာ ေသြးထဲသားထဲကကို လက္နက္ရွိလို႔ သတၱိရွိတဲ့သူေတြကို မုန္းတီးစက္စုပ္သည္။ဒီအတြက္ ရသည့္ဘက္က ဆန႔္က်င္သည္။ဒီလို လက္နက္နဲ႔ႀကီးစိုးသည့္ institution ဆက္မျဖစ္ထြန္းဖို႔ ႏိုင္သည့္ဘက္က ဝန္ကိုထမ္းသည္။ဒါ ကြၽန္ေတာ္တို႔လုပ္ႏိုင္သည့္အရာ။ဒီအတြက္ ငါဘယ္သူဆိုတာထက္ ဘာျဖစ္သင့္သည္လဲဆိုတာကိုသာ။ေထာင္ထဲက မိတ္ေဆြေတြ၊ အစ္ကိုေတြ၊ ေလးစားရသည့္သူေတြ ထြက္လာသည့္အခါ ေထာင္ထဲမွာ ခင္ဗ်ားေရးတဲ့စာေတြကိုဖတ္ၿပီး အျပင္မွာ ဘာေတြျဖစ္ေနလဲဆိုတာကို သိရတယ္ဆိုသည့္အခါ ကြၽန္ေတာ္ၾကည္ႏူးရသည္။ကြၽန္ေတာ္လုပ္ႏိုင္ခဲ့သည့္အရာကို အသိအမွတ္ျပဳသူေတြကို ပိုၿပီးခ်စ္ခင္မိသည္။     

ကြၽန္ေတာ္‌တို႔ တစ္ေလွ်ာက္လုံး အာဏာရွင္အစိုးရ၊ မထင္ရင္ မထင္သလို ဘ၀ကိုပါေျမလွန္ၿပီး ေခ်မႈန္းတတ္သည့္ လက္နက္ရွိမွ‌ အႏိုင္က်င့္တတ္သည့္ လူ႔အဖြဲ႕အစည္းတစ္ခု၊ ကိုယ္က်ိဳးရွာမ်ိဳးဆက္သစ္ေတြ ေထာင္းလေမာင္းထေအာင္ ျဖစ္ထြန္းေနသည့္ institution တစ္ခုကို ဘာေၾကာင့္တြန္းလွန္ခဲ့ရသလဲဆိုတာ ေမးလာလွ်င္ ေျဖစရာရွိသည္။ကြၽန္ေတာ္တို႔ မရွိသည့္ေနာက္ ေကာင္းမြန္သည့္စနစ္တစ္ခု ျဖစ္ထြန္းဖို႔ျဖစ္သည္။ကြၽန္ေတာ္တို႔မ်ိဳးဆက္က ယုတ္မာသည့္လူေတြေၾကာင့္ စေတးလိုက္ရသည္။ကြၽန္ေတာ္တို႔ ေနာက္မ်ိဳးဆက္ကို ယုတ္မာသည့္လူေတြကို ဆက္ခံသည့္လူေတြက စဥ္းစားေတြးေခၚမႈမဲ့ၿပီး အတၱႀကီးသည့္ ကိုယ္အတြက္သာၾကည့္ၿပီး အရည္အခ်င္းမဲ့သည့္ ကိုယ္က်င့္တရားမဲ့သည့္ လူတန္းစားျဖစ္ေအာင္ လုပ္ခဲ့သည္။ဒီအတြက္ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕ အစည္း ကြၽန္ေတာ္တို႔လြန္သည့္ လူ႔အဖြဲ႕အစည္းကို ကြၽန္ေတာ္တို႔ခံစားခဲ့ရသည့္ ဆိုးဝါးသည့္ ေမွ်ာ္လင့္ခ်က္မဲ့သည့္ေန႔ေတြကို မႀကဳံေစခ်င္လို႔ျဖစ္သည္။ေကာင္းမြန္သည့္လူေတြ၊ အရည္အခ်င္းရွိၿပီး ႏိုင္ငံအတြက္ ေစတနာထားသည့္လူေတြ အုပ္ခ်ဳပ္သည့္ႏိုင္ငံ ျဖစ္လာေစခ်င္လို႔ျဖစ္သည္။     

ကြၽန္ေတာ္တို႔က ျပည္သူအတြက္ အာဏာရွင္ကို ေတာ္လွန္ခဲ့တာျဖစ္သည္။ေကာင္းမြန္သည့္ တာဝန္ယူသည့္ တာဝန္ခံသည့္၊ ကိုယ့္ထဲကလူေတြ မေကာင္းတာလုပ္လွ်င္ ျပင္တတ္ အေရးယူတတ္သည့္ institution ကို တည္ေဆာက္ခ်င္လို႔ ေတာ္လွန္ခဲ့တာျဖစ္သည္။

ယခုက ျပည္သူေတြအတြက္ အနည္းငယ္သက္သာသည့္ ၅ ႏွစ္တာကိုသာ ရေသးသည္။ျပည္သူကိုႏွိပ္စက္ၿပီး ကုပ္ေသြးစုပ္ခဲ့သူေတြအဖို႔ အဆိုပါ ၅ ႏွစ္မွာ အေတာ္ေလးကို အထိနာေနၿပီ။ဒီအတြက္ ယခုလာမည့္ ၅ ႏွစ္မွာ  လက္ရွိအာဏာရပါတီသာ ဆက္အႏိုင္ရမည္ဆို အာဏာရွင္ႏွင့္ လက္က်န္အသိုင္းအ၀ိုင္းအဖို႔ ေနာက္ေနာင္ ျပည္သူကိုအႏိုင္က်င့္ရႏိုင္ဖို႔ အခြင့္အလမ္းကနည္းသြားၿပီ။ဒါကို ျပည္သူေတြ အထူးသျဖင့္ ေျမသိမ္းယာသိမ္းခံရသည့္ အေျခခံလူတန္းစားေတြ၊ ႏိုင္ငံျခားထြက္လုပ္ေနရတဲ့ သားသမီးေတြ လစာကို ေစာင့္စားေနရသည္‌ လူတန္းစားေတြသိသည္။

ယခုလည္း ႏိုဝင္ဘာ ၈ ရက္မွာ ျပည္သူေတြက ဘယ္ပါတီကိုေပးမည္ဆိုတာ အားလုံးသိသည္။ႏွစ္မ်ားစြာ လူတစ္ဦးတစ္ေယာက္ တစ္စုတစ္ဖြဲ႕ေၾကာင့္ ဂ်ဳံးဂ်ဳံးက်ခဲ့ရသည့္ ျပည္သူေတြဘ၀ကို စာနာဖို႔လိုသည္။ ၂၀၁၅ တုန္းကလို ျပည္သူ႔ဆႏၵကို ေလးစားဖို႔လိုသည္။ကိုယ္ေနရာမရတာနဲ႔၊ ကိုယ္ေဘးဖယ္ခံရတာနဲ႔ ျပည္သူ႔ဆႏၵကို လ်စ္လ်ဴရႈမလား၊ ျပည္သူကိုေဝဝါးေအာင္ လုပ္ၾကမလားဆိုတာ၊ ထမင္းတစ္လုပ္အတြက္ ျပည္သူ႔ဆႏၵကို ေက်ာခိုင္းသင့္သလားဆိုတာ ျပန္စဥ္းစားသင့္ၿပီျဖစ္သည္။

ရာစုဝက္ၾကာ အာဏာရွင္ေတြေအာက္ ျပားျပားဝပ္ခဲ့ရသည့္ ျပည္သူေတြရဲ႕အႏိုင္ကို ကိုယ့္ရဲ႕အတၱအတြက္ လ်စ္လ်ဴသင့္သလားဆိုတာ အာဏာရွင္ကိုေတာ္လွန္ခဲ့သည့္ဆိုေသာသူေတြ သိသင့္သည္။ယခုႏိုင္ပြဲက ဘယ္ပါတီ။ဘယ္လူပုဂၢိဳလ္အတြက္မွ မဟုတ္။စနစ္တစ္ခုအတြက္ ျပည္သူေတြလိုအပ္ေနသည့္ အႏိုင္ျဖစ္သည္။ကလပ္တက္တက္ ကေလးကလား စကားေျပာရလွ်င္ “သၾကၤန္မိုး” ဇာတ္ကားထဲမွာ  ခင္သန္းႏုက ေနေအာင္ ကို ေျပာသလို။

“ျပည္သူေတြကို ႏိုင္ခြင့္ေပးလိုက္ပါ” ဟု။

ေမာင္ဦးလြင္
ႏိုဝင္ဘာ - ၈