【 ဆောင်းပါး 】 “မကြားဖူးတာတွေ ကြားနေရတဲ့ထောင်”

【 ဆောင်းပါး 】 “မကြားဖူးတာတွေ ကြားနေရတဲ့ထောင်”

သြဂုတ်လ နောက်ဆုံးအပတ်အတွင်းကဖြစ်သည်။ 7Day Daily တွင် ဖော်ပြသော သတင်းတစ်ပုဒ်ကို အံ့သြတကြီးဖတ်လိုက်ရသည်။အဆိုပါသတင်းမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့၊ ဘားအံအကျဉ်းထောင်မှ အကျဉ်းသား ၄၂ ဦး ထွက်ပြေးလွတ်မြောက်သွားမှု နောက်ဆက်တွဲဖြစ်စဉ် ဖြစ်သည်။ယင်းအမှုနှင့် ပတ်သက်၍ ထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်မှူးတစ်ဦးနှင့် အရာရှိဝန်ထမ်း ၈ ဦးကို ထောင်အက် ဥပဒေပုဒ်မ ၅၄ (၁) ဖြင့် သြဂုတ်၂၆ ရက်တွင် ဘားအံမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ ်ခုနှစ်ရက်စီ ကျခံစေရန် အမိန့်ချလိုက်ကြောင်း သတင်းဖြစ်သည်။

ပထမအံ့သြမိတာက ခုနှစ်ရက်ဆိုသော ထောင်ဒဏ်ဖြစ်သည်။မနက်ခင်း လင်းလင်းချင်းချင်းအချိန်တွင် အကျဉ်းသား ၄၂ ဦး ထွက်ပြေးလွတ်မြောက်သွားမှု။အကျဉ်းထောင် ရာဇဝင်တွင် ယခုလို အစုလိုက်အပြုံလိုက် ထောင်ဖောက်ပြေး လွတ်မြောက်မှုမှာ အင်မတန်ကြားရခဲသော ဖြစ်စဉ်မျိုးဖြစ်ပြီး ဘားအံတင်မက အနီးဝန်းကျင်မြို့များမှ ပြည်သူများပါ အထိတ်တလန့်ဖြစ်ခဲ့ရသည်။ထို့ပြင် ယနေ့ထိတိုင် ထွက်ပြေးအကျဉ်းသားအချို့ လွတ်မြောက်နေဆဲဖြစ်သည်။ယင်းအမှုနှင့် ပတ်သက်ပြီး တရားစီရင်မှုအပေါ် အငြင်းပွားစရာမရှိသော်လည်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြီးမှု၊ ဂယက်ကြီးမှုနှင့် ထောင်ဒဏ် ၇ ရက်မှာ အံအားသင့်စရာ ဖြစ်ရတော့သည်။

နောက်ထပ်အံသြမိသည်မှာ ဘားအံထောင်ဖောက်ပြေးမှု နောက်ဆက်တွဲသတင်းများမှာ ကာလအတန်ကြာ ပျောက်သွားခဲ့ရာ ယခုစီရင်ချက်ချသည့် အချိန်ကျမှသာ မီဒီယာစာမျက်နှာထက် ပြန်ပေါ်လာခြင်း ဖြစ်သည်။၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့၊ ထောင်ဖောက်ထွက်ပြေးမှု ကနဦးထုတ်ပြန်ချက်သတင်းနှင့် နောက်ဆက်တွဲ အကျဉ်းသားမည်မျှ ပြန်ဖမ်းမိသည်။ယင်းဖြစ်စဉ်အပေါ် သက်ဆိုင်ရာဌာနမှ စုံခုံဖွဲ့စစ်ဆေးမည်ဟူ၍ သတင်းများတက်လာပြီး နောက်ပိုင်းတွင် နောက်ထပ်ရေရေရာရာ သတင်းများ ထပ်တက်မလာတော့ပေ။

ဥပမာ - စုံခုံဖွဲ့စစ်ဆေးပြီးနောက် ထွက်ပေါ်လာသည့် အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာဌာနမှ သတင်းစာရှင်းလင်းခြင်း မရှိသလို ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှလည်း ဘာမှထပ်မသိရသဖြင့် ကနဦးသတင်းထုတ်ပြန်ချက်ထက် ပိုအသေးစိတ်သော ဖြစ်ရပ်အမှန်ကို မသိခဲ့ရပေ။ထို့ပြင်၊ ထောင်ဖောက်ပြေးမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဆိုသော ထောင်အာဏာပိုင်တို့အား တရားစွဲဆိုမှု သတင်းကိုလည်း ရေရေရာရာမသိရဘဲ ယခုမှ ထောင် (၇) ရက် စီရင်ချက်ကျမှသာ သိရခြင်းဖြစ်သည်။

တကယ်တော့ ဘားအံထောင်ဖောက်ပြေးမှုနှင့် ပတ်သက်၍ အံ့အားသင့်ရမှုမှာ ထောင်ဖောက်ပြေးမှု ကနဦးသတင်း စတင်သိရှိစဉ်ကတည်းကဖြစ်သည်။အထူးသဖြင့် ထောင်အကြောင်း သိနေသော နိုင်ငံရေးထောင်ထွက်များကြားတွင် ထူးဆန်းထွေလာ။ဥပမာ - ယင်းထောင်ဖောက်ပြေးမှုကို ဦးဆောင်သူ တစ်ကျွန်းပြစ်ဒဏ်ကျ အကျဉ်းသားမှာ ထောင်ထဲ သွားချင်သလို သွားလို့ရနေခြင်း ဖြစ်သည်။အကျဉ်းထောင်လက်စွဲ ဥပဒေတွင် တစ်ကျွန်းပြစ်ဒဏ်ကဲ့သို့သော နှစ်ကြီးသမားများကို နေရာအကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုသော်လည်း ထောင်ဖောက်ဦးဆောင် ကျော်မိန်လ သူရောက်ချင်သည့် နေရာသို့ ရောက်ရှိနေခြင်းမှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်ရသည်။

ထို့ပြင် ဒီလောက်မာကျောလှသော ထောင်တံခါးလေးဆင့်ကို အမှိုက်သိမ်းကားစုတ်ဖြင့် တိုက်ဖွင့်နိုင်ခြင်းဖြစ်သည်။ထောင်ဗူးတံခါးများ၏သံထည် မည်မျှထူသလဲနှင့် မည်မျှမာကျောသည်ကို ထောင်ကျဖူးသူတိုင်း သိကြသည်။ထို့ပြင် ပထမဆုံးတံခါးကို ကားအား လီဗာကုန်နင်းကာ အရှိန်ဖြင့်တိုက်ဖွင့်နိုင်သော်လည်း ထောင်ဗူးတံခါး တစ်ခုနှင့် တစ်ခုကြားမှာမူ နောက်ထပ်အရှိန်ယူစရာ နေရာမရှိ။အရှိန်မရှိတော့သည့်ကားက နောက်ထပ်တံခါး ၃ ချပ်ကို မည်သို့မည်ပုံ တိုက်ဖွင့်နိုင်သနည်း။ပြီးတော့၊ ဒုတိယတံခါးနှင့် တတိယတံခါးကြား နေရာမှာ ထောင်အာဏာပိုင်တို့၏ ရုံးခန်း။ယင်းရုံးခန်း၏ အပေါ်ထပ်တွင် လက်နက်ကိုင် တာဝန်ကျဝန်ထမ်းများလည်း ရှိသည်။ယင်းသို့သော အနေအထားတွင် ကံကောင်းထောက်မစွာဖြင့် ထောင်တံခါးလေးဆင့် ပွင့်သည်ထားဦးတော့။ခလုတ်မထိ ဆူးမငြိစွာဖြင့် အကျဉ်းသား ၄၂ ဦး ထောင်ပြင်ရောက်သွားခြင်းမှာ ထောင်အာဏာပိုင်တို့၏ လုံခြုံရေးအစီအမံများကို အကြီးအကျယ် မေးခွန်းထုတ်ချင်စရာပင်ဖြစ်သည်။

ဘားအံထောင်ပြီးတော့ ပြည်သူများကြား နောက်ထပ်အံ့အားသင့်စေသောကိစ္စမှာ ထောင်တွင်းဆူပူမှုများ ဖြစ်သည်။အားလုံးသိကြသည့်အတိုင်း ယခုနှစ် ဧပြီ ၁ ရက်နေ့မှ စတင်ကာ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။ယခုအကြိမ် လွတ်ငြိမ်းမှာ ထောင်တွင်း လူကြပ်တည်းပြဿနာကို အထောက်အကူဖြစ်စေရန် ရည်ရွယ်သော လူရွေးချယ်စေလွှတ်ခြင်းဟု နားလည်ရသည်။ယင်းသို့လွှတ်ခြင်းကို မျှတမှုမရှိဟုဆိုကာ ဧပြီ ၂၀ ရက်နေ့မှ စတင်၍ စစ်တွေထောင်တွင် စဆူသည်။ထို့နောက် ဆက်တိုက်ဆိုသလို ရွှေဘိုထောင်၊ မုပ္ပလင်ကုန်ထုတ်စခန်း။မေ ၈ ရက်နေ့တွင် ကလေးထောင်၊ ဘားအံထောင်၊ ရွှေဘိုထောင်။မေ ၉ ရက်တွင် ရွှေဘိုထောင်၊ မြစ်ကြီးနားထောင်၊ သာယာဝတီထောင်၊ ပုသိမ်ထောင်နှင့် ထားဝယ်ထောင်။

ထောင်ရာဇဝင်တွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော စီးရီးလိုက်ေ ထာင်ဆူပူမှု။တစ်ထောင်နှင့် တစ်ထောင်ကြား ချိတ်ဆက်ကာ ဆူပူကြခြင်းလားဟု မေးခွန်းထုတ်ရလောက်အောင်ပင် တိုက်ဆိုင်မှုကြီးလွန်းလှသည်။ထပ်ပြီးတိုက်ဆိုင်လွန်းတာက တစ်ထောင်နှင့် တစ်ထောင် တောင်းဆိုချက်များသည် သိပ်မကွာ။ယင်းသို့ သံသယဖြစ်ဖွယ် အချက်အလက်များစွာ တွေ့ရသည်ကိုထား။

တစ်ထောင် စဆူခြင်းကို အငိုက်မိသွားလို့ပါဟု ဆိုဦးတော့။ထုံးစံအရဆိုလျှင် လွတ်ငြိမ်းကဲ့သို့ ထူးခြားဖြစ်စဉ်ရှိနေခြင်းနှင့် ထောင်တစ်ထောင် စဆူခြင်းအရ ကျန်ထောင်များကို သတိဝိရိယရှိရန် အကျဉ်းဦးစီး (ဗဟို) မှ တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားမည်မှာ သေချာသည်။ထို့ကြောင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ရှိ၊ မရှိ စိတ်ဝင်စားစရာကောင်းလှသည်။

ထို့ပြင်၊ ထောင်အာဏာပိုင်တို့၏ ထောင်တွင်းအုပ်ချုပ်ရေးတွင် အသက်တမျှ အရေးပါလှသော ကြိုတင်သတင်းရရှိမှုမှာ သုညအဆင့်သို့ပင် ရောက်ရှိသွားခဲ့ပြီလားဟု စီးရီးလိုက် ထောင်ဆူပူမှုများက မေးခွန်းထုတ်နေပေသည်။

စီးရီးလိုက် ထောင်ဆူပူမှုများပြီးတော့ သိပ်မကြာ။ဇွန် ၃ ရက်နေ့တွင် မန္တလေး အိုးဘိုထောင်ထဲရောက်ပြီး ဇွန် ၅ ရက်နေ့တွင် သေဆုံးသွားသော ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်း ပြဿနာက ထောင်အာဏာပိုင်တို့၏ အုပ်ချုပ်မှုစွမ်းရည်ကို ထပ်မံမေးခွန်းထုတ်ပြန်သည်။

ဇွန် ၅ ရက်နေ့ ရဲမှတ်တမ်းတွင် ကိုထွန်းမြင့်ဝင်း သည် အရက်ကြောင်ရောဂါနှင့် အဖျားကြီးပြီး သေဆုံးသွားခြင်းဟု ဖော်ပြထားသည်။မိသားစုဝင်များက ကိုထွန်းမြင့်ဝင်း၏ ခန္ဓာကိုယ်ပေါ် ဒဏ်ရာများတွေ့ရကြောင်း ပြောကြားခဲ့ပြီးနောက် မှုခင်းဆရာဝန်က စစ်ဆေးခဲ့ရာ လည်ပင်းတွင်ရရှိသော ဒဏ်ရာကြောင့် ဦးနှောက်အမြှေးပါးအောက် သွေးလွန်ပြီး ဦးနှောက်ပိညှပ်သေဆုံးဟူ၍ ရဲမှတ်တမ်းနှင့် အလွဲကြီး လွဲနေသောအဖြေ ထွက်ပေါ်လာခဲ့သည်။ယင်းသို့ တစ်စုံတစ်ဦး၏ ပယောဂကြောင့် သေဆုံးခြင်းကို အရက်ကြောင်ရောဂါနှင့် အဖျားကြီးခြင်းဟု ရဲမှတ်တမ်းက ဆိုသဖြင့် အာဏာပိုင်များအပေါ် မိသားစုဝင်များကရော စိတ်ဝင်စားသူ ပြည်သူများကပါ အယုံအကြည်ကင်းမဲ့ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး သြဂုတ် ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းခဲ့ကာ ကိုထွန်းမြင့်ဝင်း သည် ထောင်သားချင်း ခိုက်ရန်ဖြစ်ပွားပြီး ရရှိသောဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်ပြီး ကိုထွန်းမြင့်ဝင်း ကို ရိုက်နှက်ခဲ့သူမှာ မူးယစ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား မြတ်ကိုဦး ဟု ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ကိုထွန်းမြင့်ဝင်း သည် ဇွန်  ၃ရက် ညနေပိုင်း ထောင်ထဲသို့ရောက်ရှိစဉ် စိတ်ကစဉ့်ကလျားဖြစ်နေပြီး အိပ်ဆောင် (၃) အခန်း (၄) တွင် နေရာချထားပေးခဲ့ကြောင်း ဇွန် ၄ ရက် မွန်းလွဲပိုင်းတွင် ကိုထွန်းမြင့်ဝင်း ကို ထောင်ကျအကျဉ်းသား မြတ်ကိုဦး ဆိုသူက အရူးဟု စနောက်ခဲ့ကြောင်း၊ ထို့နောက် မြတ်ကိုဦး ခေါင်းကို ကိုထွန်းမြင့်ဝင်း က နောက်မှနေ၍ လိုက်ထိုးခဲ့ကြောင်း၊ ယင်းနောက် မြတ်ကိုဦး က ကိုထွန်းမြင့်ဝင်း၏ လက်နှင့် လည်ပင်းကို ချုပ်ကိုင်ပြီး ထိုးကြိတ်ခြင်း၊ အိပ်ရာဘေးတွင် အဆင်သင့်ရှိနေသည့် သစ်သားပြားဖြင့် ရိုက်နှက်ခြင်းနှင့် သစ်သားပြားကျိုးသွားသဖြင့် အနီးရှိ ပိုက်လုံးပျော့ဖြင့် ထပ်မံရိုက်နှက်ခဲ့ကြောင်း ထိုသို့ဖြစ်ပွားပြီးနောက် ထောင်တွင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လာရောက်ထိန်းသိမ်းခဲ့ကြောင်း ထို့နောက် ကိုထွန်းမြင့်ဝင်း ကို အပြင်သို့ခေါ်ထုတ်ကာ သံတိုင်တွင် အဝတ်ကြိုးဖြင့် ချည်ထားခဲ့ကြောင်း ညနေပိုင်းတွင် ထောင်ဆေးရုံသို့တင်ပို့ခဲ့ရာ ဇွန် ၅ ရက်နံနက်တွင် သေဆုံးသွားခဲ့ကြောင်း ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ထောင်ဝန်ထမ်းတို့ကို ထိရောက်စွာအရေးယူရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်ဟု သတင်းများအရ သိရသည်။

စိတ်ကစဉ့်ကလျားဖြစ်နေသူတစ်ဦး ထောင်ထဲရောက်လာလျှင် အားလုံး၏လုံခြုံရေးအတွက် သီးခြားခွဲထားရမည် (သို့မဟုတ်) ဆေးရုံတိုက်သို့ တန်းပို့ခြင်းမှာ ထောင်ဝန်ထမ်း မဟုတ်သူပင် သိနိုင်သောကြောင့် အများနေထိုင်ရာ အဆောင်သို့ပို့ခြင်းမှာ အံ့အားသင့်ဖွယ်ရာဖြစ်သည်။

နောက်တစ်ချက်၊ ကိုထွန်းမြင့်ဝင်း ကို ရိုက်နှက်ခဲ့သည်ဆိုသော မြတ်ကိုဦး ဆိုသူမှာ ထောင်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် အကျဉ်းသားလား၊ သာမန်အကျဉ်းသားလား ဆိုသည်ကိုမူ သတင်းစာရှင်းလင်းပွဲတွင်မပြော။ထိုးကြိတ်ရုံတင်မက အိပ်ယာဘေး အဆင်သင့်ရှိနေသော သစ်သားပြားကျိုးသည်အထိ ဆက်ရိုက်သည့်အပြင် ပိုက်လုံးပျော့ဖြင့်လည်း ဆက်ရိုက်ခဲ့ကြောင်း သိရသည်။

ထောင်ထဲတွင်မရှိရမည့် သစ်သားပြားနှင့် ပိုက် မည်သို့မည်ပုံ ခြေထောက်ပေါက် ရောက်ရှိနေသနည်း။ဒီလောက် သေလောက်သည့်ဒဏ်ရာ ရသည်အထိ ရိုက်နှက်ခွင့်ပြုနေရသနည်း။စိတ်ကစဉ့်ကလျားလည်းဖြစ်နေ၊ သေလောက်သည့် ဒဏ်ရာလည်း ရနေသူကို မြန်မြန်ဆန်ဆန် ထောင်ဆေးရုံသို့ တန်းမပို့ဘဲ သံတိုင်တွင် အဝတ်ကြိုးဖြင့် ချည်ထားရခြင်း၏ အဓိပ္ပါယ်ကို မည်သို့ဖွင့်ဆိုရမည်နည်း။

အထက်ပါဖြစ်စဉ်များအရ ရေပက်မဝင်အောင် ရေးဆွဲထားသည်ဆိုသော အကျဉ်းထောင်လက်စွဲဥပဒေ ဘုန်းဘုန်းလဲနေပြီလားဟုမေးလျှင် စာဖတ်သူများကရော မည်သို့ပြန်ဖြေလိုပါသနည်း။

လင်းဆက်ငြိမ်းချမ်း
စက်တင်ဘာ - ၁၄

( Zawgyi )

ၾသဂုတ္လ ေနာက္ဆုံးအပတ္အတြင္းကျဖစ္သည္။ 7Day Daily တြင္ ေဖာ္ျပေသာ သတင္းတစ္ပုဒ္ကို အံ့ၾသတႀကီးဖတ္လိုက္ရသည္။အဆိုပါသတင္းမွာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာ ၁၆ ရက္ေန႔၊ ဘားအံအက်ဥ္းေထာင္မွ အက်ဥ္းသား ၄၂ ဦး ထြက္ေျပးလြတ္ေျမာက္သြားမႈ ေနာက္ဆက္တြဲျဖစ္စဥ္ ျဖစ္သည္။ယင္းအမႈႏွင့္ ပတ္သက္၍ ေထာင္တာဝန္ခံအရာရွိ လက္ေထာက္ၫႊန္မႉးတစ္ဦးႏွင့္ အရာရွိဝန္ထမ္း ၈ ဦးကို ေထာင္အက္ ဥပေဒပုဒ္မ ၅၄ (၁) ျဖင့္ ၾသဂုတ္၂၆ ရက္တြင္ ဘားအံၿမိဳ႕နယ္တရား႐ုံးက အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ ္ခုႏွစ္ရက္စီ က်ခံေစရန္ အမိန႔္ခ်လိုက္ေၾကာင္း သတင္းျဖစ္သည္။

ပထမအံ့ၾသမိတာက ခုႏွစ္ရက္ဆိုေသာ ေထာင္ဒဏ္ျဖစ္သည္။မနက္ခင္း လင္းလင္းခ်င္းခ်င္းအခ်ိန္တြင္ အက်ဥ္းသား ၄၂ ဦး ထြက္ေျပးလြတ္ေျမာက္သြားမႈ။အက်ဥ္းေထာင္ ရာဇဝင္တြင္ ယခုလို အစုလိုက္အၿပဳံလိုက္ ေထာင္ေဖာက္ေျပး လြတ္ေျမာက္မႈမွာ အင္မတန္ၾကားရခဲေသာ ျဖစ္စဥ္မ်ိဳးျဖစ္ၿပီး ဘားအံတင္မက အနီးဝန္းက်င္ၿမိဳ႕မ်ားမွ ျပည္သူမ်ားပါ အထိတ္တလန႔္ျဖစ္ခဲ့ရသည္။ထို႔ျပင္ ယေန႔ထိတိုင္ ထြက္ေျပးအက်ဥ္းသားအခ်ိဳ႕ လြတ္ေျမာက္ေနဆဲျဖစ္သည္။ယင္းအမႈႏွင့္ ပတ္သက္ၿပီး တရားစီရင္မႈအေပၚ အျငင္းပြားစရာမရွိေသာ္လည္း ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္ႀကီးမႈ၊ ဂယက္ႀကီးမႈႏွင့္ ေထာင္ဒဏ္ ၇ ရက္မွာ အံအားသင့္စရာ ျဖစ္ရေတာ့သည္။

ေနာက္ထပ္အံၾသမိသည္မွာ ဘားအံေထာင္ေဖာက္ေျပးမႈ ေနာက္ဆက္တြဲသတင္းမ်ားမွာ ကာလအတန္ၾကာ ေပ်ာက္သြားခဲ့ရာ ယခုစီရင္ခ်က္ခ်သည့္ အခ်ိန္က်မွသာ မီဒီယာစာမ်က္ႏွာထက္ ျပန္ေပၚလာျခင္း ျဖစ္သည္။၂၀၁၈ ခုႏွစ္ စက္တင္ဘာ ၁၆ ရက္ေန႔၊ ေထာင္ေဖာက္ထြက္ေျပးမႈ ကနဦးထုတ္ျပန္ခ်က္သတင္းႏွင့္ ေနာက္ဆက္တြဲ အက်ဥ္းသားမည္မွ် ျပန္ဖမ္းမိသည္။ယင္းျဖစ္စဥ္အေပၚ သက္ဆိုင္ရာဌာနမွ စုံခုံဖြဲ႕စစ္ေဆးမည္ဟူ၍ သတင္းမ်ားတက္လာၿပီး ေနာက္ပိုင္းတြင္ ေနာက္ထပ္ေရေရရာရာ သတင္းမ်ား ထပ္တက္မလာေတာ့ေပ။

ဥပမာ - စုံခုံဖြဲ႕စစ္ေဆးၿပီးေနာက္ ထြက္ေပၚလာသည့္ အေသးစိတ္အခ်က္အလက္မ်ားကို သက္ဆိုင္ရာဌာနမွ သတင္းစာရွင္းလင္းျခင္း မရွိသလို ကရင္ျပည္နယ္အစိုးရအဖြဲ႕ထံမွလည္း ဘာမွထပ္မသိရသျဖင့္ ကနဦးသတင္းထုတ္ျပန္ခ်က္ထက္ ပိုအေသးစိတ္ေသာ ျဖစ္ရပ္အမွန္ကို မသိခဲ့ရေပ။ထို႔ျပင္၊ ေထာင္ေဖာက္ေျပးမႈႏွင့္ ပတ္သက္ၿပီး တာဝန္ရွိသည္ဆိုေသာ ေထာင္အာဏာပိုင္တို႔အား တရားစြဲဆိုမႈ သတင္းကိုလည္း ေရေရရာရာမသိရဘဲ ယခုမွ ေထာင္ (၇) ရက္ စီရင္ခ်က္က်မွသာ သိရျခင္းျဖစ္သည္။

တကယ္ေတာ့ ဘားအံေထာင္ေဖာက္ေျပးမႈႏွင့္ ပတ္သက္၍ အံ့အားသင့္ရမႈမွာ ေထာင္ေဖာက္ေျပးမႈ ကနဦးသတင္း စတင္သိရွိစဥ္ကတည္းကျဖစ္သည္။အထူးသျဖင့္ ေထာင္အေၾကာင္း သိေနေသာ ႏိုင္ငံေရးေထာင္ထြက္မ်ားၾကားတြင္ ထူးဆန္းေထြလာ။ဥပမာ - ယင္းေထာင္ေဖာက္ေျပးမႈကို ဦးေဆာင္သူ တစ္ကြၽန္းျပစ္ဒဏ္က် အက်ဥ္းသားမွာ ေထာင္ထဲ သြားခ်င္သလို သြားလို႔ရေနျခင္း ျဖစ္သည္။အက်ဥ္းေထာင္လက္စြဲ ဥပေဒတြင္ တစ္ကြၽန္းျပစ္ဒဏ္ကဲ့သို႔ေသာ ႏွစ္ႀကီးသမားမ်ားကို ေနရာအကန႔္အသတ္ျဖင့္သာ သြားလာခြင့္ျပဳေသာ္လည္း ေထာင္ေဖာက္ဦးေဆာင္ ေက်ာ္မိန္လ သူေရာက္ခ်င္သည့္ ေနရာသို႔ ေရာက္ရွိေနျခင္းမွာ ေမးခြန္းထုတ္စရာတစ္ခု ျဖစ္ရသည္။

ထို႔ျပင္ ဒီေလာက္မာေက်ာလွေသာ ေထာင္တံခါးေလးဆင့္ကို အမႈိက္သိမ္းကားစုတ္ျဖင့္ တိုက္ဖြင့္ႏိုင္ျခင္းျဖစ္သည္။ေထာင္ဗူးတံခါးမ်ား၏သံထည္ မည္မွ်ထူသလဲႏွင့္ မည္မွ်မာေက်ာသည္ကို ေထာင္က်ဖူးသူတိုင္း သိၾကသည္။ထို႔ျပင္ ပထမဆုံးတံခါးကို ကားအား လီဗာကုန္နင္းကာ အရွိန္ျဖင့္တိုက္ဖြင့္ႏိုင္ေသာ္လည္း ေထာင္ဗူးတံခါး တစ္ခုႏွင့္ တစ္ခုၾကားမွာမူ ေနာက္ထပ္အရွိန္ယူစရာ ေနရာမရွိ။အရွိန္မရွိေတာ့သည့္ကားက ေနာက္ထပ္တံခါး ၃ ခ်ပ္ကို မည္သို႔မည္ပုံ တိုက္ဖြင့္ႏိုင္သနည္း။ၿပီးေတာ့၊ ဒုတိယတံခါးႏွင့္ တတိယတံခါးၾကား ေနရာမွာ ေထာင္အာဏာပိုင္တို႔၏ ႐ုံးခန္း။ယင္း႐ုံးခန္း၏ အေပၚထပ္တြင္ လက္နက္ကိုင္ တာဝန္က်ဝန္ထမ္းမ်ားလည္း ရွိသည္။ယင္းသို႔ေသာ အေနအထားတြင္ ကံေကာင္းေထာက္မစြာျဖင့္ ေထာင္တံခါးေလးဆင့္ ပြင့္သည္ထားဦးေတာ့။ခလုတ္မထိ ဆူးမၿငိစြာျဖင့္ အက်ဥ္းသား ၄၂ ဦး ေထာင္ျပင္ေရာက္သြားျခင္းမွာ ေထာင္အာဏာပိုင္တို႔၏ လုံၿခဳံေရးအစီအမံမ်ားကို အႀကီးအက်ယ္ ေမးခြန္းထုတ္ခ်င္စရာပင္ျဖစ္သည္။

ဘားအံေထာင္ၿပီးေတာ့ ျပည္သူမ်ားၾကား ေနာက္ထပ္အံ့အားသင့္ေစေသာကိစၥမွာ ေထာင္တြင္းဆူပူမႈမ်ား ျဖစ္သည္။အားလုံးသိၾကသည့္အတိုင္း ယခုႏွစ္ ဧၿပီ ၁ ရက္ေန႔မွ စတင္ကာ လြတ္ၿငိမ္းသက္သာခြင့္ ျပဳခဲ့သည္။ယခုအႀကိမ္ လြတ္ၿငိမ္းမွာ ေထာင္တြင္း လူၾကပ္တည္းျပႆနာကို အေထာက္အကူျဖစ္ေစရန္ ရည္႐ြယ္ေသာ လူေ႐ြးခ်ယ္ေစလႊတ္ျခင္းဟု နားလည္ရသည္။ယင္းသို႔လႊတ္ျခင္းကို မွ်တမႈမရွိဟုဆိုကာ ဧၿပီ ၂၀ ရက္ေန႔မွ စတင္၍ စစ္ေတြေထာင္တြင္ စဆူသည္။ထို႔ေနာက္ ဆက္တိုက္ဆိုသလို ေ႐ႊဘိုေထာင္၊ မုပၸလင္ကုန္ထုတ္စခန္း။ေမ ၈ ရက္ေန႔တြင္ ကေလးေထာင္၊ ဘားအံေထာင္၊ ေ႐ႊဘိုေထာင္။ေမ ၉ ရက္တြင္ ေ႐ႊဘိုေထာင္၊ ျမစ္ႀကီးနားေထာင္၊ သာယာဝတီေထာင္၊ ပုသိမ္ေထာင္ႏွင့္ ထားဝယ္ေထာင္။

ေထာင္ရာဇဝင္တြင္ တစ္ႀကိမ္တစ္ခါမွ် မရွိခဲ့ဖူးေသာ စီးရီးလိုက္ေ ထာင္ဆူပူမႈ။တစ္ေထာင္ႏွင့္ တစ္ေထာင္ၾကား ခ်ိတ္ဆက္ကာ ဆူပူၾကျခင္းလားဟု ေမးခြန္းထုတ္ရေလာက္ေအာင္ပင္ တိုက္ဆိုင္မႈႀကီးလြန္းလွသည္။ထပ္ၿပီးတိုက္ဆိုင္လြန္းတာက တစ္ေထာင္ႏွင့္ တစ္ေထာင္ ေတာင္းဆိုခ်က္မ်ားသည္ သိပ္မကြာ။ယင္းသို႔ သံသယျဖစ္ဖြယ္ အခ်က္အလက္မ်ားစြာ ေတြ႕ရသည္ကိုထား။

တစ္ေထာင္ စဆူျခင္းကို အငိုက္မိသြားလို႔ပါဟု ဆိုဦးေတာ့။ထုံးစံအရဆိုလွ်င္ လြတ္ၿငိမ္းကဲ့သို႔ ထူးျခားျဖစ္စဥ္ရွိေနျခင္းႏွင့္ ေထာင္တစ္ေထာင္ စဆူျခင္းအရ က်န္ေထာင္မ်ားကို သတိဝိရိယရွိရန္ အက်ဥ္းဦးစီး (ဗဟို) မွ တပ္လွန႔္သတိေပးခ်က္ ထုတ္ျပန္ထားမည္မွာ ေသခ်ာသည္။ထို႔ေၾကာင့္ သတိေပးခ်က္ ထုတ္ျပန္ခဲ့ျခင္း ရွိ၊ မရွိ စိတ္ဝင္စားစရာေကာင္းလွသည္။

ထို႔ျပင္၊ ေထာင္အာဏာပိုင္တို႔၏ ေထာင္တြင္းအုပ္ခ်ဳပ္ေရးတြင္ အသက္တမွ် အေရးပါလွေသာ ႀကိဳတင္သတင္းရရွိမႈမွာ သုညအဆင့္သို႔ပင္ ေရာက္ရွိသြားခဲ့ၿပီလားဟု စီးရီးလိုက္ ေထာင္ဆူပူမႈမ်ားက ေမးခြန္းထုတ္ေနေပသည္။

စီးရီးလိုက္ ေထာင္ဆူပူမႈမ်ားၿပီးေတာ့ သိပ္မၾကာ။ဇြန္ ၃ ရက္ေန႔တြင္ မႏၲေလး အိုးဘိုေထာင္ထဲေရာက္ၿပီး ဇြန္ ၅ ရက္ေန႔တြင္ ေသဆုံးသြားေသာ ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပေက်း႐ြာသား ကိုထြန္းျမင့္ဝင္း ျပႆနာက ေထာင္အာဏာပိုင္တို႔၏ အုပ္ခ်ဳပ္မႈစြမ္းရည္ကို ထပ္မံေမးခြန္းထုတ္ျပန္သည္။

ဇြန္ ၅ ရက္ေန႔ ရဲမွတ္တမ္းတြင္ ကိုထြန္းျမင့္ဝင္း သည္ အရက္ေၾကာင္ေရာဂါႏွင့္ အဖ်ားႀကီးၿပီး ေသဆုံးသြားျခင္းဟု ေဖာ္ျပထားသည္။မိသားစုဝင္မ်ားက ကိုထြန္းျမင့္ဝင္း၏ ခႏၶာကိုယ္ေပၚ ဒဏ္ရာမ်ားေတြ႕ရေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ မႈခင္းဆရာဝန္က စစ္ေဆးခဲ့ရာ လည္ပင္းတြင္ရရွိေသာ ဒဏ္ရာေၾကာင့္ ဦးေႏွာက္အေျမႇးပါးေအာက္ ေသြးလြန္ၿပီး ဦးေႏွာက္ပိညႇပ္ေသဆုံးဟူ၍ ရဲမွတ္တမ္းႏွင့္ အလြဲႀကီး လြဲေနေသာအေျဖ ထြက္ေပၚလာခဲ့သည္။ယင္းသို႔ တစ္စုံတစ္ဦး၏ ပေယာဂေၾကာင့္ ေသဆုံးျခင္းကို အရက္ေၾကာင္ေရာဂါႏွင့္ အဖ်ားႀကီးျခင္းဟု ရဲမွတ္တမ္းက ဆိုသျဖင့္ အာဏာပိုင္မ်ားအေပၚ မိသားစုဝင္မ်ားကေရာ စိတ္ဝင္စားသူ ျပည္သူမ်ားကပါ အယုံအၾကည္ကင္းမဲ့ခဲ့သည္။

ယင္းႏွင့္ပတ္သက္ၿပီး ၾသဂုတ္ ၂၄ ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သတင္းစာရွင္းလင္းခဲ့ကာ ကိုထြန္းျမင့္ဝင္း သည္ ေထာင္သားခ်င္း ခိုက္ရန္ျဖစ္ပြားၿပီး ရရွိေသာဒဏ္ရာေၾကာင့္ ေသဆုံးျခင္းျဖစ္ၿပီး ကိုထြန္းျမင့္ဝင္း ကို ႐ိုက္ႏွက္ခဲ့သူမွာ မူးယစ္မႈျဖင့္ ေထာင္ဒဏ္ ၁၅ ႏွစ္ ျပစ္ဒဏ္က်ခံေနရသူ အက်ဥ္းသား ျမတ္ကိုဦး ဟု ဆိုသည္။

သတင္းစာရွင္းလင္းပြဲတြင္ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က ကိုထြန္းျမင့္ဝင္း သည္ ဇြန္  ၃ရက္ ညေနပိုင္း ေထာင္ထဲသို႔ေရာက္ရွိစဥ္ စိတ္ကစဥ့္ကလ်ားျဖစ္ေနၿပီး အိပ္ေဆာင္ (၃) အခန္း (၄) တြင္ ေနရာခ်ထားေပးခဲ့ေၾကာင္း ဇြန္ ၄ ရက္ မြန္းလြဲပိုင္းတြင္ ကိုထြန္းျမင့္ဝင္း ကို ေထာင္က်အက်ဥ္းသား ျမတ္ကိုဦး ဆိုသူက အ႐ူးဟု စေနာက္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ျမတ္ကိုဦး ေခါင္းကို ကိုထြန္းျမင့္ဝင္း က ေနာက္မွေန၍ လိုက္ထိုးခဲ့ေၾကာင္း၊ ယင္းေနာက္ ျမတ္ကိုဦး က ကိုထြန္းျမင့္ဝင္း၏ လက္ႏွင့္ လည္ပင္းကို ခ်ဳပ္ကိုင္ၿပီး ထိုးႀကိတ္ျခင္း၊ အိပ္ရာေဘးတြင္ အဆင္သင့္ရွိေနသည့္ သစ္သားျပားျဖင့္ ႐ိုက္ႏွက္ျခင္းႏွင့္ သစ္သားျပားက်ိဳးသြားသျဖင့္ အနီးရွိ ပိုက္လုံးေပ်ာ့ျဖင့္ ထပ္မံ႐ိုက္ႏွက္ခဲ့ေၾကာင္း ထိုသို႔ျဖစ္ပြားၿပီးေနာက္ ေထာင္တြင္း စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕မွ လာေရာက္ထိန္းသိမ္းခဲ့ေၾကာင္း ထို႔ေနာက္ ကိုထြန္းျမင့္ဝင္း ကို အျပင္သို႔ေခၚထုတ္ကာ သံတိုင္တြင္ အဝတ္ႀကိဳးျဖင့္ ခ်ည္ထားခဲ့ေၾကာင္း ညေနပိုင္းတြင္ ေထာင္ေဆး႐ုံသို႔တင္ပို႔ခဲ့ရာ ဇြန္ ၅ ရက္နံနက္တြင္ ေသဆုံးသြားခဲ့ေၾကာင္း ယင္းႏွင့္ပတ္သက္၍ သက္ဆိုင္ရာ ေထာင္ဝန္ထမ္းတို႔ကို ထိေရာက္စြာအေရးယူရန္ စီစဥ္ေနေၾကာင္း ေျပာၾကားခဲ့သည္ဟု သတင္းမ်ားအရ သိရသည္။

စိတ္ကစဥ့္ကလ်ားျဖစ္ေနသူတစ္ဦး ေထာင္ထဲေရာက္လာလွ်င္ အားလုံး၏လုံၿခဳံေရးအတြက္ သီးျခားခြဲထားရမည္ (သို႔မဟုတ္) ေဆး႐ုံတိုက္သို႔ တန္းပို႔ျခင္းမွာ ေထာင္ဝန္ထမ္း မဟုတ္သူပင္ သိႏိုင္ေသာေၾကာင့္ အမ်ားေနထိုင္ရာ အေဆာင္သို႔ပို႔ျခင္းမွာ အံ့အားသင့္ဖြယ္ရာျဖစ္သည္။

ေနာက္တစ္ခ်က္၊ ကိုထြန္းျမင့္ဝင္း ကို ႐ိုက္ႏွက္ခဲ့သည္ဆိုေသာ ျမတ္ကိုဦး ဆိုသူမွာ ေထာင္စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ဝင္ အက်ဥ္းသားလား၊ သာမန္အက်ဥ္းသားလား ဆိုသည္ကိုမူ သတင္းစာရွင္းလင္းပြဲတြင္မေျပာ။ထိုးႀကိတ္႐ုံတင္မက အိပ္ယာေဘး အဆင္သင့္ရွိေနေသာ သစ္သားျပားက်ိဳးသည္အထိ ဆက္႐ိုက္သည့္အျပင္ ပိုက္လုံးေပ်ာ့ျဖင့္လည္း ဆက္႐ိုက္ခဲ့ေၾကာင္း သိရသည္။

ေထာင္ထဲတြင္မရွိရမည့္ သစ္သားျပားႏွင့္ ပိုက္ မည္သို႔မည္ပုံ ေျခေထာက္ေပါက္ ေရာက္ရွိေနသနည္း။ဒီေလာက္ ေသေလာက္သည့္ဒဏ္ရာ ရသည္အထိ ႐ိုက္ႏွက္ခြင့္ျပဳေနရသနည္း။စိတ္ကစဥ့္ကလ်ားလည္းျဖစ္ေန၊ ေသေလာက္သည့္ ဒဏ္ရာလည္း ရေနသူကို ျမန္ျမန္ဆန္ဆန္ ေထာင္ေဆး႐ုံသို႔ တန္းမပို႔ဘဲ သံတိုင္တြင္ အဝတ္ႀကိဳးျဖင့္ ခ်ည္ထားရျခင္း၏ အဓိပၸါယ္ကို မည္သို႔ဖြင့္ဆိုရမည္နည္း။

အထက္ပါျဖစ္စဥ္မ်ားအရ ေရပက္မဝင္ေအာင္ ေရးဆြဲထားသည္ဆိုေသာ အက်ဥ္းေထာင္လက္စြဲဥပေဒ ဘုန္းဘုန္းလဲေနၿပီလားဟုေမးလွ်င္ စာဖတ္သူမ်ားကေရာ မည္သို႔ျပန္ေျဖလိုပါသနည္း။

လင္းဆက္ၿငိမ္းခ်မ္း
စက္တင္ဘာ - ၁၄