【 ဆောင်းပါး 】 “လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ”

【 ဆောင်းပါး 】 “လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ”

မကြာခင် အခု ၂၀၁၉ ဧပြီလအတွင်းမှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တာဝန်က ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကို ပြည်ထောင်စု အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကနေ တင်သွင်းသွားမယ်လို့ သိရပါတယ်။ဒီဥပဒေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဌာန်းထားတဲ့အတိုင်းဆိုရင် ပုဒ်မ ၃၉၆။(ခ) မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းက တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်လို့ ဆိုထားပါတယ်။

ဒီဥပဒေအတိုင်းသာဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအလွန် ကာလမှာ လွှတ်တော်ကိုယ်စားလှယ် အတော်များများ တာဝန်ကနေ ပြန်အရုပ်သိမ်းခံရနိုင်တဲ့ အခြေအနေတွေ များလိမ့်မယ်လို့ ခန့်မှန်းချင်ပါတယ်။ဘာကြောင့်ဒီလို ခန့်မှန်းချင်မိသလဲဆိုရင် အင်အယ်ဒီပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်လောက် မရှိနိုင်ပေမယ့်၊ အင်အယ်ဒီပါတီကသာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အများစုဖြစ်နေဦးမှာပါ။၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း ပြည်သူတွေအနေနဲ့လည်း သူတို့ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်မှုတွေကို အစဉ်သဖြင့် စောင့်ကြည့်နေပါတော့မယ်။အခုအချိန်မှာကတည်းက အင်အယ်ဒီပါတီမှာ လွှတ်တော်ကိုယ်စားလှယ်များအတွက် တိုင်ကြားနိုင်ရန် ဌာနတစ်ရပ်ဖွင့်ထားပြီး ဖြစ်ပါတယ်။အခုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များအတွက် တိုင်ကြားနိုင်ရန် ဌာနမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မလိုလားတဲ့ တိုင်ကြားစာတွေ အများဆုံးဆိုတာလဲ သိလိုက်ရပါတယ်။

နောက်တစ်ချက်က ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရ အင်အယ်ဒီပါတီအနေနဲ့ မဲဆန္ဒနယ် အနိုင်ရတဲ့ အခြေအနေကို ပြန်ကြည့်မယ်ဆိုရင်လည်း ပြည်သူတွေရဲ့ ထောက်ခံမှုအား ကျဆင်းလာတာကို တွေ့နိုင်ပါတယ်။

အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရလဲ အာဏာရ အင်အယ်ဒီပါတီအနေနဲ့ ကဏ္ဍပေါင်းစုံမှာ အလွန်အင်မတန် အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ဒီအရေးကြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ထားပါလိုက်ပါဦး။ဒီအခြေအနေတွေက ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စတွေပါ။ရေတို လတ်တလော ဆောင်ရွက်ရမယ့် ကိစ္စတွေလည်း ရှိနေပါတယ်။ ပြည်သူတွေအတွက် စားဝတ်နေရေး၊ သွားလာရေး၊ လူတစ်ယောက် ဘဝလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးဆိုတဲ့ အနိမ့်ဆုံးကိစ္စတွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်တဲ့အတွက် ဝေဖန်မှုတွေကို ခံနေရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း မြို့နယ်အတော်များများမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေက အန်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တစ်မျက်နှာထဲကြောင့် မဲပေးခဲ့ရပြီး မကြိုက်ခဲ့ကြပါဘူး။ဒီလွှတ်တော်ကိုယ်စားလှယ်တွေကလည်း မဲဆန္ဒရှင်တွေ ကမဲပေးရွေးချယ်ပြီးတဲ့နောက်မှာ မဲဆန္ဒရှင်တွေ ကျေနပ်အောင် ထူးခြားတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ မတွေ့ရပါဘူး။ဒီကိစ္စတွေကို ပြည်သူတွေ သိနေကြသလို မီဒီယာတွေကလည်း ဝေဖန်နေကြပါတယ်။သိနေပြီးသား အကြောင်းအရာတွေကို ထပ်မပြောလိုတော့ပါဘူး။

ဒီလွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေမှာ ရေးဆွဲထားတဲ့ မဲဆန္ဒရှင်များရဲ့ တစ်ရာခိုင်နှုန်းက ရွေးကော်ပွဲကော်မရှင်ကိုတိုင်ပြီး လွှတ်တော်က လက်ခံခဲ့မယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲတွေ မကြာမကြာ ပြန်ကျင်းပရမယ့် အခြေအနေ ဖြစ်နေပါလိမ့်မယ်။

လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကလည်း

၁။ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း။

၂။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း။

၃။ အကျင့်သိက္ခာ ပျက်ပြားခြင်း။

၄။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း။

၅။ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်မဆောင်ရွက်ခြင်း စတဲ့အချက်တွေထဲက တစ်ချက်ချက်ဖောက်ဖျက် ကျူးလွန်မိရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်အရုပ်သိမ်းခံရမယ့် အခြေအနေရှိပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ အာဏာရတဲ့အချိန်မှာ ဒီဥပဒေကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ကိုယ်တိုင်ကို မဲဆန္ဒရှင်ပြည်သူများက လက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ကို တိုင်ခဲ့တာကြောင့် ဆိုင်းငံ့ထားခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ဒီပြဌာန်းထားတဲ့ အချက်တွေထဲက ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းခြင်းနဲ့ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတွေက ကိုယ်စားလှယ် ပြန်ရုပ်သိမ်းနိုင်ဖို့အတွက် အဓိကကျလာပါလိမ့်မယ်။

အခုလို အာဏာရ အန်အယ်ဒီပါတီ ဖြစ်လာဦးမယ်ဆိုရင်တောင်၊ အတိုက်အခံအင်အားစုပါတီတွေနဲ့ ပြည်နယ်တွေက တိုင်းရင်းသားပါတီတွေ မဟာမိတ်အဖြစ် ပေါင်းစပ်နိုင်မယ်ဆိုရင် လွှတ်တော်ထဲမှာ အားကောင်းမောင်းသန် အတိုက်အခံ ဖြစ်လာနိုင်ပါတယ်။ဒါကလည်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို ခန့်မှန်းချက်တစ်ခုသာ ရှိပါတယ်။ဒီဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို ကာကွယ်ဖို့ အာဏာရ အင်အယ်ဒီပါတီအတွက် ပြင်ဆင်ထားနိုင်ရပါလိမ့်မယ်။ဒီလိုပြင်ဆင်ထားနိုင်ဖို့အတွက် အာဏာရ အင်အယ်ဒီပါတီဟာ အနာဂတ်ပါတီမူဝါဒတွေ သေသေချာချာရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။ဥပမာပြောရရင် အင်အယ်ဒီပါတီရဲ့ လိုအပ်နေတဲ့ ပါတီဖွဲ့စည်းပုံကို အရင်ဆုံးပြန်သုံးသပ်ပြီး ပြင်ဆင်ဖွဲ့စည်းရပါလိမ့်မယ်။ပါတီရဲ့ အားနည်းနေတဲ့ စည်းရုံးရေး အခြေအနေကို အသစ်ပြန်ရေးဆွဲပြီး ပြည်သူတွေ ထောက်ခံမှု ဆက်လက်ရယူနိုင်ဖို့ လိုပါတယ်။

မဲဆန္ဒနယ်တွေမှာ မဲဆန္ဒနယ်မှာ နေထိုင်တဲ့ ပြည်သူတွေက ထောက်ခံမယ့် လူပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး မြို့နယ်ပါတီတွေကို ဖြည့်စွက်နိုင်ရမှာပါ။နယ်မြေ ပါတီခေါင်းဆောင်တွေအဖြစ် စည်းရုံးမှုကို အခိုင်အမာ တည်ဆောက်ထားနိုင်ဖို့လည်း အရေးကြီးပါတယ်။ဒါမှ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ အခြေအနေ ပြန်ကောင်းပါလိမ့်မယ်။နောက်တစ်ချက်က အခုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုတင်မယ့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်ရုတ်သိမ်းခြင်း ဥပဒေမှာ ဖွဲ့စည်းပုံအရ ပုဒ်မ ၃၉၇ မှာ ပြဌာန်းထားတဲ့ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်ဆိုတဲ့ အချက်အရ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်အစား ဖြစ်နိုင်ချေရှိတဲ့ အရေအတွက်ကို ပြင်ဆင်ပေးနိုင်ရမှာပါ။ဥပမာ ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) ၅၀ ရာခိုင်နူန်းက တိုင်တန်းလျှင်ဆိုတဲ့ အရေအတွက်ကို ပြန်အစားထိုးပြီး ဥပဒေကိုပြင်ရပါလိမ့်မယ်။

ဒီပုဒ်မ ၃၉၇ ဟာ ပုဒ်မ ၄၃၆ ထဲမှာ မပါဝင်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နူန်းကျော်က ထောက်ခံဆန္ဒမဲနဲ့ ပြင်ဆင်နိုင်ပါတယ်။ဒီဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက်လည်း ပြည်ထောင်စုလွှတ်တော်မှာ အကျေအလည် ဆွေးနွေးရမှာပါ။ပြင်ဆင်နိုင်ဖို့ အဆိုတင်ကတည်းက မကန့်ကွက်နိုင်လောက်တဲ့ အချက်အလက်တွေ ရှာဖွေပြင်ဆင်ထားနိုင်ဖို့ လိုအပ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်က ၂၅ ရာခိုင်နူန်း ရှိနေပါတယ်။ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲ မှာလည်း အတိုက်အခံ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနည်းငယ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါပေါင်းမှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၇၅ ရာခိုင်နူန်း ဖြစ်မှာပါ။

ဒီတစ်ရာခိုင်နှုန်း တိုင်တန်းရင်ဆိုတဲ့ အချက်ကို မပြင်နိုင်ရင် အားလုံးသော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအတွက် အန္တရာယ်ရှိနေမှာပါ။၂၀၁၅ ရွေးကောက်ပွဲကို ပြန်ကြည့်ရင် အာဏာရ အင်အယ်ဒီပါတီက အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုဟာ မဲအပြတ်အသတ်နဲ့နိုင်ခဲ့တာ မဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်။
တချို့မဲဆန္ဒနယ်တွေမှာ ပွတ်ကာသီကာ အနိုင်ရလာပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတာကို အားလုံးသိခဲ့ကြပါတယ်။

အင်အယ်ဒီပါတီအနေနဲ့လည်း အာဏာရပြီးတဲ့ သုံးနှစ်ကျော်ကာလမှာ အင်အယ်ဒီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေရဲ့ ထောက်ခံမှု ၂၀၁၅ ကလို မဟုတ်တော့ဘူးဆိုတာ ပကတိအခြေအနေအရ မငြင်းနိုင်တော့ပါဘူး။အင်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မျက်နှာတစ်ခုထည်းကိုကြည့်ပြီး ထောက်ခံနေကြတော့မှာ မဟုတ်တော့ပါဘူး။မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ သူတို့အကျိုးကို ရှေးရှုမယ့် လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးချယ်ကြတော့မယ့် အနေအထားကို ရောက်နေပါပြီ။

ဒီ လွှတ်တော်ကိုယ်စားလှယ် တာဝန်က ပြန်ရုပ်သိမ်းတဲ့ ဥပဒေသာ အတည်ဖြစ်သွားခဲ့မယ်ဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေက မတည်မငြိမ်ဖြစ်နိုင်တော့မှာ ကြိုတွေးလို့ရနေပါတယ်။အခုမကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမယ့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်ရုပ်သိမ်းရေး ဥပဒေကို သေသေချာချာ ဆွေးနွေးကြဖို့ လိုအပ်နေပါတယ်။ဒီဥပဒေဟာ တိုင်းပြည်အနာဂတ်အတွက်လည်း အလွန်အရေးကြီးပါတယ်။

မြတ်လှိုင်း
ဧပြီ - ၁၁

( Zawgyi )

မၾကာခင္ အခု ၂၀၁၉ ဧၿပီလအတြင္းမွာ က်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္က ျပန္လည္႐ုပ္သိမ္းျခင္း ဥပေဒကို ျပည္ေထာင္စု အေထြေထြေ႐ြးေကာက္ပြဲ က်င္းပေရး ေကာ္မရွင္ကေန တင္သြင္းသြားမယ္လို႔ သိရပါတယ္။ဒီဥပေဒမွာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ျပဌာန္းထားတဲ့အတိုင္းဆိုရင္ ပုဒ္မ ၃၉၆။(ခ) မွာ သက္ဆိုင္ရာ မဲဆႏၵနယ္၏ မူလမဲဆႏၵရွင္မ်ားအနက္ အနည္းဆုံး တစ္ရာခိုင္ႏႈန္းက တာဝန္မွျပန္လည္႐ုပ္သိမ္းလိုေသာ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ပတ္သက္သည့္ တိုင္တန္းခ်က္ကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပရမည္လို႔ ဆိုထားပါတယ္။

ဒီဥပေဒအတိုင္းသာဆိုရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္ ကာလမွာ လႊတ္ေတာ္ကိုယ္စားလွယ္ အေတာ္မ်ားမ်ား တာဝန္ကေန ျပန္အ႐ုပ္သိမ္းခံရႏိုင္တဲ့ အေျခအေနေတြ မ်ားလိမ့္မယ္လို႔ ခန႔္မွန္းခ်င္ပါတယ္။ဘာေၾကာင့္ဒီလို ခန႔္မွန္းခ်င္မိသလဲဆိုရင္ အင္အယ္ဒီပါတီအေနနဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲ ရလဒ္ေလာက္ မရွိႏိုင္ေပမယ့္၊ အင္အယ္ဒီပါတီကသာ အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ အမ်ားစုျဖစ္ေနဦးမွာပါ။၂၀၂၀ ေ႐ြးေကာက္ပြဲေနာက္ပိုင္း ျပည္သူေတြအေနနဲ႔လည္း သူတို႔ေ႐ြးခ်ယ္လိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ ေဆာင္႐ြက္မႈေတြကို အစဥ္သျဖင့္ ေစာင့္ၾကည့္ေနပါေတာ့မယ္။အခုအခ်ိန္မွာကတည္းက အင္အယ္ဒီပါတီမွာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအတြက္ တိုင္ၾကားႏိုင္ရန္ ဌာနတစ္ရပ္ဖြင့္ထားၿပီး ျဖစ္ပါတယ္။အခုအခ်ိန္မွာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအတြက္ တိုင္ၾကားႏိုင္ရန္ ဌာနမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို မလိုလားတဲ့ တိုင္ၾကားစာေတြ အမ်ားဆုံးဆိုတာလဲ သိလိုက္ရပါတယ္။

ေနာက္တစ္ခ်က္က ၿပီးခဲ့တဲ့ ၂၀၁၇ ဧၿပီလ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အာဏာရ အင္အယ္ဒီပါတီအေနနဲ႔ မဲဆႏၵနယ္ အႏိုင္ရတဲ့ အေျခအေနကို ျပန္ၾကည့္မယ္ဆိုရင္လည္း ျပည္သူေတြရဲ႕ ေထာက္ခံမႈအား က်ဆင္းလာတာကို ေတြ႕ႏိုင္ပါတယ္။

အခုျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနအရလဲ အာဏာရ အင္အယ္ဒီပါတီအေနနဲ႔ က႑ေပါင္းစုံမွာ အလြန္အင္မတန္ အခက္အခဲေတြကို ရင္ဆိုင္ေနရပါတယ္။ဒီအေရးႀကီးတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးေတြကို ထားပါလိုက္ပါဦး။ဒီအေျခအေနေတြက ေရရွည္ေဆာင္႐ြက္ရမယ့္ ကိစၥေတြပါ။ေရတို လတ္တေလာ ေဆာင္႐ြက္ရမယ့္ ကိစၥေတြလည္း ရွိေနပါတယ္။ ျပည္သူေတြအတြက္ စားဝတ္ေနေရး၊ သြားလာေရး၊ လူတစ္ေယာက္ ဘဝလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး၊ လူ႔အခြင့္အေရးဆိုတဲ့ အနိမ့္ဆုံးကိစၥေတြကို ေျပလည္ေအာင္ မေျဖရွင္းေပးႏိုင္တဲ့အတြက္ ေဝဖန္မႈေတြကို ခံေနရပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကိုလည္း ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ သက္ဆိုင္ရာ မဲဆႏၵရွင္ေတြက အန္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ တစ္မ်က္ႏွာထဲေၾကာင့္ မဲေပးခဲ့ရၿပီး မႀကိဳက္ခဲ့ၾကပါဘူး။ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း မဲဆႏၵရွင္ေတြ ကမဲေပးေ႐ြးခ်ယ္ၿပီးတဲ့ေနာက္မွာ မဲဆႏၵရွင္ေတြ ေက်နပ္ေအာင္ ထူးျခားတဲ့ လုပ္ကိုင္ေဆာင္႐ြက္မႈေတြ မေတြ႕ရပါဘူး။ဒီကိစၥေတြကို ျပည္သူေတြ သိေနၾကသလို မီဒီယာေတြကလည္း ေဝဖန္ေနၾကပါတယ္။သိေနၿပီးသား အေၾကာင္းအရာေတြကို ထပ္မေျပာလိုေတာ့ပါဘူး။

ဒီလႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္မွ ျပန္လည္႐ုပ္သိမ္းျခင္း ဥပေဒမွာ ေရးဆြဲထားတဲ့ မဲဆႏၵရွင္မ်ားရဲ႕ တစ္ရာခိုင္ႏႈန္းက ေ႐ြးေကာ္ပြဲေကာ္မရွင္ကိုတိုင္ၿပီး လႊတ္ေတာ္က လက္ခံခဲ့မယ္ဆိုရင္ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြ မၾကာမၾကာ ျပန္က်င္းပရမယ့္ အေျခအေန ျဖစ္ေနပါလိမ့္မယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ကလည္း

၁။ ႏိုင္ငံေတာ္၏ ေက်းဇူးသစၥာေတာ္ကို ေဖာက္ဖ်က္ျခင္း။

၂။ ဤဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပဌာန္းခ်က္ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ျခင္း။

၃။ အက်င့္သိကၡာ ပ်က္ျပားျခင္း။

၄။ ဤဖြဲ႕စည္းပုံ အေျခခံဥပေဒတြင္ သတ္မွတ္ထားသည့္ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္၏ အရည္အခ်င္း ပ်က္ယြင္းျခင္း။

၅။ ဥပေဒအရ ေပးအပ္ေသာ တာဝန္မ်ားကို ေက်ပြန္မေဆာင္႐ြက္ျခင္း စတဲ့အခ်က္ေတြထဲက တစ္ခ်က္ခ်က္ေဖာက္ဖ်က္ က်ဴးလြန္မိရင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္က ျပန္အ႐ုပ္သိမ္းခံရမယ့္ အေျခအေနရွိပါတယ္။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ ႀကံ့ခိုင္ေရးပါတီ အာဏာရတဲ့အခ်ိန္မွာ ဒီဥပေဒကို ဆိုင္းငံ့ထားခဲ့တာ ျဖစ္ပါတယ္။ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးေ႐ႊမန္း ကိုယ္တိုင္ကို မဲဆႏၵရွင္ျပည္သူမ်ားက လက္မွတ္ထိုးၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တိုင္ခဲ့တာေၾကာင့္ ဆိုင္းငံ့ထားခဲ့တာ အားလုံးအသိပဲ ျဖစ္ပါတယ္။ဒီျပဌာန္းထားတဲ့ အခ်က္ေတြထဲက ကိုယ္စားလွယ္အရည္အခ်င္း ပ်က္ယြင္းျခင္းနဲ႔ ေပးအပ္ထားတဲ့ တာဝန္ေတြကို ေက်ပြန္စြာ မေဆာင္႐ြက္ႏိုင္ျခင္းေတြက ကိုယ္စားလွယ္ ျပန္႐ုပ္သိမ္းႏိုင္ဖို႔အတြက္ အဓိကက်လာပါလိမ့္မယ္။

အခုလို အာဏာရ အန္အယ္ဒီပါတီ ျဖစ္လာဦးမယ္ဆိုရင္ေတာင္၊ အတိုက္အခံအင္အားစုပါတီေတြနဲ႔ ျပည္နယ္ေတြက တိုင္းရင္းသားပါတီေတြ မဟာမိတ္အျဖစ္ ေပါင္းစပ္ႏိုင္မယ္ဆိုရင္ လႊတ္ေတာ္ထဲမွာ အားေကာင္းေမာင္းသန္ အတိုက္အခံ ျဖစ္လာႏိုင္ပါတယ္။ဒါကလည္း ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနကို ခန႔္မွန္းခ်က္တစ္ခုသာ ရွိပါတယ္။ဒီျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနကို ကာကြယ္ဖို႔ အာဏာရ အင္အယ္ဒီပါတီအတြက္ ျပင္ဆင္ထားႏိုင္ရပါလိမ့္မယ္။ဒီလိုျပင္ဆင္ထားႏိုင္ဖို႔အတြက္ အာဏာရ အင္အယ္ဒီပါတီဟာ အနာဂတ္ပါတီမူဝါဒေတြ ေသေသခ်ာခ်ာေရးဆြဲၿပီး အေကာင္အထည္ေဖာ္ႏိုင္ဖို႔ လိုပါတယ္။ဥပမာေျပာရရင္ အင္အယ္ဒီပါတီရဲ႕ လိုအပ္ေနတဲ့ ပါတီဖြဲ႕စည္းပုံကို အရင္ဆုံးျပန္သုံးသပ္ၿပီး ျပင္ဆင္ဖြဲ႕စည္းရပါလိမ့္မယ္။ပါတီရဲ႕ အားနည္းေနတဲ့ စည္း႐ုံးေရး အေျခအေနကို အသစ္ျပန္ေရးဆြဲၿပီး ျပည္သူေတြ ေထာက္ခံမႈ ဆက္လက္ရယူႏိုင္ဖို႔ လိုပါတယ္။

မဲဆႏၵနယ္ေတြမွာ မဲဆႏၵနယ္မွာ ေနထိုင္တဲ့ ျပည္သူေတြက ေထာက္ခံမယ့္ လူပုဂၢိဳလ္ေတြကို ေခၚယူၿပီး ၿမိဳ႕နယ္ပါတီေတြကို ျဖည့္စြက္ႏိုင္ရမွာပါ။နယ္ေျမ ပါတီေခါင္းေဆာင္ေတြအျဖစ္ စည္း႐ုံးမႈကို အခိုင္အမာ တည္ေဆာက္ထားႏိုင္ဖို႔လည္း အေရးႀကီးပါတယ္။ဒါမွ ၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပတဲ့အခါ အေျခအေန ျပန္ေကာင္းပါလိမ့္မယ္။ေနာက္တစ္ခ်က္က အခုေ႐ြးေကာက္ပြဲေကာ္မရွင္က လႊတ္ေတာ္ကိုတင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္မွ ျပန္႐ုတ္သိမ္းျခင္း ဥပေဒမွာ ဖြဲ႕စည္းပုံအရ ပုဒ္မ ၃၉၇ မွာ ျပဌာန္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္သည္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာ ကိစၥမ်ားႏွင့္ စပ္လ်ဥ္း၍ လည္းေကာင္း၊ တာဝန္မွ ျပန္လည္႐ုပ္သိမ္းျခင္း ဆိုင္ရာကိစၥမ်ားႏွင့္ စပ္လ်ဥ္း၍ လည္းေကာင္း လိုအပ္ေသာ ဥပေဒမ်ားကို ျပဌာန္းရမည္ဆိုတဲ့ အခ်က္အရ သက္ဆိုင္ရာ မဲဆႏၵနယ္၏ မူလမဲဆႏၵရွင္မ်ားအနက္ အနည္းဆုံး တစ္ရာခိုင္ႏႈန္းတို႔က တာဝန္မွ႐ုပ္သိမ္းလိုေသာ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ပတ္သက္သည့္ တိုင္တန္းခ်က္အစား ျဖစ္ႏိုင္ေခ်ရွိတဲ့ အေရအတြက္ကို ျပင္ဆင္ေပးႏိုင္ရမွာပါ။ဥပမာ ၂၅ ရာခိုင္ႏႈန္း (သို႔မဟုတ္) ၅၀ ရာခိုင္ႏူန္းက တိုင္တန္းလွ်င္ဆိုတဲ့ အေရအတြက္ကို ျပန္အစားထိုးၿပီး ဥပေဒကိုျပင္ရပါလိမ့္မယ္။

ဒီပုဒ္မ ၃၉၇ ဟာ ပုဒ္မ ၄၃၆ ထဲမွာ မပါဝင္တဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလုံးရဲ႕ ၇၅ ရာခိုင္ႏူန္းေက်ာ္က ေထာက္ခံဆႏၵမဲနဲ႔ ျပင္ဆင္ႏိုင္ပါတယ္။ဒီဥပေဒကို ျပင္ဆင္ႏိုင္ဖို႔အတြက္လည္း ျပည္ေထာင္စုလႊတ္ေတာ္မွာ အေက်အလည္ ေဆြးေႏြးရမွာပါ။ျပင္ဆင္ႏိုင္ဖို႔ အဆိုတင္ကတည္းက မကန႔္ကြက္ႏိုင္ေလာက္တဲ့ အခ်က္အလက္ေတြ ရွာေဖြျပင္ဆင္ထားႏိုင္ဖို႔ လိုအပ္ပါတယ္။
ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ တပ္မေတာ္သား ကိုယ္စားလွယ္က ၂၅ ရာခိုင္ႏူန္း ရွိေနပါတယ္။ေ႐ြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ထဲ မွာလည္း အတိုက္အခံ ႀကံ့ခိုင္ေရးပါတီ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အနည္းငယ္နဲ႔ တိုင္းရင္းသား ကိုယ္စားလွယ္ေတြပါေပါင္းမွ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၇၅ ရာခိုင္ႏူန္း ျဖစ္မွာပါ။

ဒီတစ္ရာခိုင္ႏႈန္း တိုင္တန္းရင္ဆိုတဲ့ အခ်က္ကို မျပင္ႏိုင္ရင္ အားလုံးေသာ ေ႐ြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေတြအတြက္ အႏၲရာယ္ရွိေနမွာပါ။၂၀၁၅ ေ႐ြးေကာက္ပြဲကို ျပန္ၾကည့္ရင္ အာဏာရ အင္အယ္ဒီပါတီက အႏိုင္ရခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမ်ားစုဟာ မဲအျပတ္အသတ္နဲ႔ႏိုင္ခဲ့တာ မဟုတ္ဘူးဆိုတာ ေတြ႕ႏိုင္ပါတယ္။
တခ်ိဳ႕မဲဆႏၵနယ္ေတြမွာ ပြတ္ကာသီကာ အႏိုင္ရလာၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္လာတာကို အားလုံးသိခဲ့ၾကပါတယ္။

အင္အယ္ဒီပါတီအေနနဲ႔လည္း အာဏာရၿပီးတဲ့ သုံးႏွစ္ေက်ာ္ကာလမွာ အင္အယ္ဒီပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပည္သူေတြရဲ႕ ေထာက္ခံမႈ ၂၀၁၅ ကလို မဟုတ္ေတာ့ဘူးဆိုတာ ပကတိအေျခအေနအရ မျငင္းႏိုင္ေတာ့ပါဘူး။အင္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ မ်က္ႏွာတစ္ခုထည္းကိုၾကည့္ၿပီး ေထာက္ခံေနၾကေတာ့မွာ မဟုတ္ေတာ့ပါဘူး။မဲဆႏၵရွင္ ျပည္သူေတြအေနနဲ႔ သူတို႔အက်ိဳးကို ေရွးရႈမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကိုသာ ေ႐ြးခ်ယ္ၾကေတာ့မယ့္ အေနအထားကို ေရာက္ေနပါၿပီ။

ဒီ လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္က ျပန္႐ုပ္သိမ္းတဲ့ ဥပေဒသာ အတည္ျဖစ္သြားခဲ့မယ္ဆိုရင္ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရးအေျခအေနက မတည္မၿငိမ္ျဖစ္ႏိုင္ေတာ့မွာ ႀကိဳေတြးလို႔ရေနပါတယ္။အခုမၾကာခင္မွာ ျပည္ေထာင္စုလႊတ္ေတာ္ကို တင္သြင္းမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္မွ ျပန္႐ုပ္သိမ္းေရး ဥပေဒကို ေသေသခ်ာခ်ာ ေဆြးေႏြးၾကဖို႔ လိုအပ္ေနပါတယ္။ဒီဥပေဒဟာ တိုင္းျပည္အနာဂတ္အတြက္လည္း အလြန္အေရးႀကီးပါတယ္။

ျမတ္လႈိင္း
ဧၿပီ - ၁၁