【 ဆောင်းပါး 】 “အာဏာရှင်ခေတ် လက်ကျန်ဒေါက်တိုင်နဲ့ ဦးဝီရသူများ”

【 ဆောင်းပါး 】 “အာဏာရှင်ခေတ် လက်ကျန်ဒေါက်တိုင်နဲ့ ဦးဝီရသူများ”

အခုလက်ရှိအချိန်မှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံပွဲတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပွဲတွေ အပြိုင်ကျင်းပပြုလုပ်နေပါတယ်။ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေဟာ ပိုပြီးရှုတ်ထွေးလာခဲ့ပါတယ်။၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးလာလေလေ၊ မြန်မာ့နိုင်ငံရေးဟာ ပိုရှုတ်ထွေးလာလေလေဖြစ်မှာကို စိုးရိမ်နေမိပါတယ်။ဒါပေမယ့်၊ မြန်မာ့နိုင်ငံရေး အခြေအနေကို ပိုရှုတ်ထွေးအောင် ပြုမူကြံစည်ခဲ့တဲ့ ဦးဝီရသူ ကို အစိုးရအနေနဲ့ ဖမ်းဝရမ်းထုတ်လိုက်တာတစ်ခုက ပြောစမှတ်ပြုနိုင်ပါတယ်။

ဦးဝီရသူဟာ မဘသကို စဖွဲ့စည်းစဉ်ကတည်းက မြန်မာ့နိုင်ငံရေးအတွင်းကို အစွန်းရောက်ဝါဒ သွတ်သွင်းလာခဲ့ပြီး၊ အခုအာဏာရ အင်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အစဉ်အမြဲ တိုက်ခိုက်နေခဲ့သူ ဖြစ်ပါတယ်။နောက်ပိုင်း အင်အယ်ဒီ အစိုးရဖြစ်လာတော့ ဦးဝီရသူ အဓိကပါဝင်ဦးဆောင်ခဲ့တဲ့ မဘသအဖွဲ့ကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။မဘသ အမည်သုံးပြီး မည်သည့်ကိစ္စမှ မလုပ်ရန် နိုင်ငံတော်သံဃနာယကအဖွဲ့က ၂၀၁၇ မေလ ၂၃ ရက်နေ့မှာ ညွှန်ကြားချက်ထုတ်ပြီး ဖြစ်ပါတယ်။ဒီသံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်ကို မဘသအဖွဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန ္တတိလောကာဘိဝံ နဲ့ ဒုဥက္ကဋ္ဌ ဘဒ္ဒန ္တသီလက္ခန္ဓာဘိဝံသ ဆရာတော်နှစ်ပါးက လိုက်နာပါ့မယ်လို့ ဝန်ခံကတိရေးထိုးခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ဝမ်းသာအားရသူတွေက လက်ရှိအာဏာရ အရပ်သားအစိုးရကို လိုလားထောက်ခံသူ ပြည်သူအများစုပါ။

မဘသ ဆိုပြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဆရာတော်ကြီးတွေ ပါဝင်ပြီး စတင်ဖွဲ့စည်းစဉ် အချိန်မှာတော့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေအနေနဲ့ ထောက်ခံရမလို တွေဝေနေခဲ့ကြပါသေးတယ်။နောက်ပိုင်းမှ မဘသကို အမှန်တကယ်ဦးဆောင်လာတာတဲ့ ဘုန်းကြီးတွေနဲ့ လူတချို့က အမုန်းတရားတွေကို ဟောပြောလာတဲ့အခါ ပြည်သူအများစုကြီးက ဆန့်ကျင်ခဲ့ပါတယ်။ဒီဦးဆောင်သူတွေရဲ့ နောက်ကွယ်မှာ အရင်စစ်အာဏာရှင်အစိုးရရဲ့ ခေါင်းဆောင်တွေ၊ စစ်အာဏာရှင်အစိုးရရဲ့ ဒေါက်တိုင် ခရိုနီတွေ ပါဝင်ပတ်သက်မှုရှိနေတာကို ပြည်သူတွေ သိလိုက်ကြပါတယ်။စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေဟာ စစ်အာဏာရှင် ပုံပြောင်းအစိုးရ တည်မြဲအောင် မဘသကို အသုံးချနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
စစ်အာဏာရှင်ဟောင်းတွေနဲ့ ခရိုနီကြီးတွေရဲ့ ပါဝါအရရော၊ ငွေကြေးဓနအင်အားအရပါ ထောက်ပံ့ခဲ့တဲ့အတွက် မဘသအဖွဲ့ဟာ ထင်ပေါ်လာခဲ့ပါတယ်။ဒီမဘသအဖွဲ့နောက်မှာ နောက်လိုက်အဖြစ်နဲ့ ပါဝင်လှုပ်ရှားနေသူတွေကို ကြည့်မယ်ဆိုရင် စစ်အာဏာရှင် လက်ထက်မှာ ထင်တိုင်းကြဲခွင့်ရခဲ့တဲ့ စွမ်းအားရှင်တွေ ဖြစ်နေတာလဲ တွေ့နိုင်ပါတယ်။

စွမ်းအားရှင် ဆိုတာတွေကို ပြည်သူတွေအနေနဲ့ မုန်းတီးခဲ့ကြပေမယ့်၊ မဘသအဖွဲ့ရဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးဆိုတဲ့ အမည်ကြောင့် ကျေးလက်နေ လူတချို့ဟာ ထောက်ခံခဲ့တာ တွေ့နိုင်ပါတယ်။ကျေးလက်နဲ့ မြို့ပြမှာ နေကြတဲ့ လူတချို့ဆိုတာကလည်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ စာမတတ် ပေမတတ်၊ အသိဉာဏ်မပြည့်ဝတဲ့ လူတွေက ထောက်ခံနေခဲ့တာပါ။မဘသဟာ အစ္စလာမ်မုန်းတီးရေးကို ရှေ့တန်းတင်ပြီး မသိနားမလည်တဲ့ လူတွေကို ဘာသာရေးမှိုင်းတိုက်ခဲ့ကြပါတယ်။အစ္စလာမ်နိုင်ငံ ဖြစ်သွားတဲ့ တိုင်းပြည်တွေရှိခဲ့ပေမယ့်၊ မြန်မာနိုင်ငံအတွက်ကတော့ မဖြစ်နိုင်တဲ့ အခြေအနေဆိုတာ ပြည်သူတွေ သိနေကြပါတယ်။ကုလား-ဗမာ အထိကရုန်းတွေ ဖြစ်ပေါ်အောင် ဖန်တီးနေကြတာက တိုင်းပြည်မငြိမ်မသက်ဖြစ်စေဖို့ အဓိကပါ။အမှန်တကယ်ဆိုရင် မဘသရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူတွေ ထောက်ခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်အယ်ဒီကို တိုက်ခိုက်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တယ်ဆိုတာ သိသာနိုင်ပါတယ်။

ဒီမဘသအဖွဲ့ကလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်ချိန်နဲ့ တပြိုင်နက်တည်းလို ပေါ်ပေါက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်အယ်ဒီကို အဓိကထားပြီး တိုက်ခိုက်ခဲ့ကြပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပါတီ အနိုင်မရရေး မဲဆွယ်စည်းရုံးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီ အနိုင်ရသွားပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီ အရပ်သားအစိုးရအတွက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကို အဓိကအနှောင့်အယှက်ပေးတဲ့ လုပ်ဆောင်မှုတွေ လုပ်လာပါတယ်။တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကို မတည်ငြိမ်အောင် လုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က မဘသရှိဖို့ မလိုဘူးဆိုပြီး ပြောခဲ့ပါတယ်။အဲဒီနောက်မှာ ပြည်ထောင်စု သာဝန်ဝန်ကြီးဟာ မဟန ဆရာတော်ကြီးတွေကို လျှောက်တင်ခဲ့တဲ့အတွက် မဘသအဖွဲ့ကို တရားဝင်အဖွဲ့အစည်း မဟုတ်ကြောင်းကို မဟနက ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ဒီလို မဟာသံဃနာယက ကြေညာပေမယ့် မဘသက ဂရုမစိုက်ခဲ့ကြပါဘူး။တရားဝင် အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လို့မရနိုင်မှန်း သိသွားတဲ့အချိန်မှာ တိုင်းပြည်မတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် ဖန်တီးမှုကို အဓိကထား လုပ်ဆောင်ပြခဲ့ကြပါတယ်။ဒီလို တိုင်းပြည်မတည်ငြိမ်အောင်၊ တရားဥပဒေ စိုးမိုးမှုမရှိအောင် အဓိကဦးဆောင်သူ ဘယ်သူလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့အစိုးရရော၊ ပြည်သူတွေကပါ သိနေခဲ့ကြပါတယ်။ဒါဆို၊ ဒီဦးဆောင်တဲ့ ပုဂ္ဂိုလ်ကို ဘာဖြစ်လို့ဖမ်းဆီးပြီး အပြစ်မပေးနိုင်သလဲ ဆိုတာကိုလည်း ပြည်သူတွေသိနေကြပါပြီ။ဒီပုဂ္ဂိုလ်ရဲ့ တရားဟောမှုတွေဟာ အကြမ်းဖက်ဝါဒကို ရှေ့တမ်းတင် ဟောပြောနေမှုတွေကြောင့် မဟနက တရားဟောခွင့် ပိတ်ပင်ခဲ့ရပါတယ်။ဒီပိတ်ပင်မှုကို အာခံတဲ့လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ပြနေခဲ့ပါတယ်။ဒီပုဂ္ဂိုလ် ဦးဆောင်နေတဲ့ မဘသဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလို့ အမည်ပေးထားပေမယ့် အဓမ္မဝါဒကို ပြင်းပြင်းထန်ထန် လှုပ်ရှားပြနေတာကို အမြဲတွေ့နေရပါတယ်။

ဒီပုဂ္ဂိုလ်ရဲ့ နောက်ကနေ လှုပ်ရှားဦးဆောင်နေတဲ့ လူအချို့ကို တရားဥပဒေဘောင်ထဲကနေ အရေးယူပြီး မလှုပ်ရှားနိုင်အောင် ဖမ်းဆီးထိမ်းသိမ်းလိုက်ပါသေးတယ်။နောက် ဒီပုဂ္ဂိုလ်ရဲ့ အဓိကပင်မသွေးကြော မဘသအဖွဲ့ကို မဘသအမည်သုံးပြီး မည်သည့်လှုပ်ရှားမှုမျိုးမှ မလုပ်ရန် တားဆီးပိတ်ပင်လိုက်ပါတယ်။ဒါဟာ စစ်အာဏာရှင်စနစ်ရဲ့ လက်ကျန် အနှောက်အယှက် ငုတ်အစွယ်တစ်ခုကို ဖယ်ရှားပြလိုက်တာပါ။တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေမယ့် ငုတ်လေးတစ်ခုပါ။ငုတ်လေးတစ်ခုဆိုပေမယ့် ဂရုမထားပဲနေလိုက်မယ်ဆိုရင် ခလုပ်တိုက်လဲကျပြီး ဒဏ်ရာအနာတရ ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့်၊ မဘသဆိုတာ အမည်နာမတစ်ခုပါ။လူတစ်ယောက်ဟာ နာမည်အမျိုးမျိုးပေးနိုင်ပါပဲ။အဲဒီလူပုဂ္ဂိုလ်ရဲ့ စိတ်က အဓိကကျပါတယ်။ဒီပုဂ္ဂိုလ်ရဲ့ စိတ်နေသဘောထားကတော့ နာမည်တပ်ရုံနဲ့ (သို့မဟုတ်) နာမည်ပြောင်းလိုက်ရုံနဲ့ ပြောင်းမသွားနိုင်ပါဘူး။ဒီပုဂ္ဂိုလ်ရဲ့ စိတ်သဘောထားဟာ အဖျက်ဖက်၊ အဓမ္မဖက်ကို ဦးတည်နေရင် ဘယ်လိုအမည်နာမပဲပေးပေး အဖျက်လုပ်ရပ်ကို ဆက်လုပ်နေမှာပါ။ရှေ့ဆက်ပြီးတော့လည်း ဝံသာနုရက္ခိတအဖွဲ့တို့၊ ဓမ္မဝံသာနုရက္ခိတအဖွဲ့တို့၊ မျိုးချစ်ခေါင်းဆောင်များအဖွဲ့တို့၊ အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့တို့ ဆိုတာတွေလည်း ပေါ်လာခဲ့ပါသေးတယ်။ပေါ်လာဖို့အတွက်လည်း ကြိုးစားနေတာကို တွေ့ရပါတယ်။

ဒါဆို၊ ဒီပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာကြောင့်အဖျက်စိတ်တွေဝင်နေရတာလဲ၊ အဓမ္မဖက်ကို ရပ်တည်နေရတာလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့ အဖျက်လုပ်ရပ်တွေ လုပ်နေရသလဲ။ဒီအဖျက်လုပ်ရပ်တွေ လုပ်နေရတဲ့အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရနေတာလဲ။ဒီပုဂ္ဂိုလ်ရဲ့နောက်မှာ ဘယ်လိုကျောထောက်နောက်ခံ အင်အားတွေရှိနေသလဲ။ဒီပုဂ္ဂိုလ်အတွက် အဖျက်လုပ်ရပ်တွေကို လိုက်ပါလုပ်ဆောင်ပေးမယ့် နောက်လိုက်အင်အား ဘယ်လောက်ရှိလဲ။နောက်ဆုံး ဒီပုဂ္ဂိုလ်ရဲ့ တရားဥပဒေပြင်ပက အဖျက်လုပ်ရပ်တွေကို လုပ်နိုင်နေတာကို ဘယ်သူတွေက အကာအကွယ်ပေးထားကြလဲ စတဲ့ အခြေအနေတွေ၊ အချက်အလက်တွေကို သေချာလေ့လာ ဆန်းစစ်ဖို့ လိုနေခဲ့ပါတယ်။ဒီလိုလေ့လာဆန်းစစ်ပြီးမှ ဒီပုဂ္ဂိုလ်ရဲ့ အဖျက်လုပ်ရပ်တွေကို ပြည်သူတွေ ခလုပ်မတိုက်နိုင်အောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ဒီပုဂ္ဂိုလ်ရဲ့ အဖျက်လုပ်ရပ်တွေအတွက် ပင်မသွေးကြောကို ရေသောက်မြစ်အထိ တူးဖော်ပြီး အပြတ်ဖြတ်နိုင်မှ ဒီပုဂ္ဂိုလ်လုပ်ဆောင်နေတဲ့ အဓမ္မအဖျက်လုပ်ရပ်တွေ ရပ်တန့်သွားနိုင်မှာပါ။

စောစောကပြောခဲ့သလို၊ မဘသအဖွဲ့ရဲ့ မည့်သည့်လုပ်ဆောင်မှုမျိုးကိုမှ မပြုလုပ်ရန် မဟနရဲ့ ကြေညာချက်ဟာ မဘသ အမည်နာမတစ်ခုအတွက်သာ ဖြစ်ပါတယ်။ခဏတာ အရှိန်ရပ်တန့်ချင် ရပ်တန့်သွားပါလိမ့်မယ်။ဒါပေမယ့် အဓမ္မအဖျက်လုပ်ရပ်တွေကို ဦးတည်ပြီး အခြားသော အမည်နာမအမျိုးမျိုးနဲ့ ပေါ်ထွက်လာမှာပါ။ဒီပုဂ္ဂိုလ် (သို့မဟုတ်) ဒီလိုပုဂ္ဂိုလ်များ (ဦးဝီရသူများ) လည်း ပေါ်ထွက်လာနိုင်ပါသေးတယ်။ဒီပုဂ္ဂိုလ်ရဲ့ အဖျက်လုပ်ရပ်တွေက အဓမ္မမှန်း အင်မတန်သိသာနေပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံတင်မကပဲ၊ ကမ္ဘာကပါသိနေပါတယ်။ဒါပေမယ့် ဒီပုဂ္ဂိုလ်ရဲ့ ဉာဏ်ရည်အဆင့်အတန်းကို သိနိုင်ပါတယ်။နောက်ကွယ်က ထောက်ပံ့နေတာတွေကြောင့် မိုက်ရဲလို့လုပ်နေ၊ လုပ်ရဲနေတာလို့ သိသာနိုင်ပါတယ်။
ဘယ်လိုဗျူဟာ ဘယ်လိုမာယာမှ မပါပါဘူး။အကယ်၍ ဒီပုဂ္ဂိုလ်ထက် အဖျက်လုပ်ရပ်တွေကို ဗျူဟာကျွမ်းကျင်သူ၊ မာယာများသူတွေ ပေါ်လာနိုင်သေးတာကိုလည်း အမြဲဆင်ခြင် သတိပြုနိုင်ရပါလိမ့်မယ်။နောက်ဆုံးအနေနဲ့ ဒီပုဂ္ဂိုလ်တစ်ယောက်၊ မဘသအဖွဲ့တစ်ဖွဲ့ကို ရပ်ဆိုင်းအောင် လုပ်နိုင်ရုံနဲ့ အဓမ္မလုပ်ရပ်တွေ၊ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အဖျက်လုပ်ရပ်တွေကို နိဂုံးမချုပ်နိုင်သေးပါဘူး။ဒီမိုကရေစီစနစ်အတွက် ရန်သူတွေ၊ စစ်အာဏာရှင်စနစ်ကို ပြန်ရှင်သန်လာအောင် ကြံစည်ကြိုးစားနေတဲ့ အာဏာရှင်လက်ကျန်တွေ၊ အာဏာရှင်လက်ကျန်တွေရဲ့ အစွယ်အပွားတွေကို ရှင်းလင်းနိုင်မှ ဖြစ်မှာပါ။ဒီမိုကရေစီစနစ် ရှင်သန်လာနိုင်ဖို့အတွက် စစ်အာဏာရှင်စနစ်ရဲ့ ရေသောက်မြစ်ကို အဆုံးအထိ တူးဖော်ပြီး အပြတ်ရှင်းလင်းနိုင်ဖို့ လိုပါတယ်။

ဒီမိုကရေစီ အရပ်သားဘက်အစိုးရရဲ့၊ ပြည်ထောင်စု သာသနာရေးဝန်ကြီးကို ဖြုတ်ချဖို့ ဆန္ဒပြနေခဲ့တဲ့ လုပ်ရပ်ကိုပြန်ကြည့်ရင်၊ ပြည်ထောင်စုအဆင့် အစိုးရဝန်ကြီး၊ ဗိုလ်ချုပ်ဟောင်း တစ်ယောက်ကိုတောင် ဖြုတ်ချနိုင်ဖို့ ကြိုးစားတဲ့ အဆင့်ထိ ရောက်ခဲ့ပါသေးတယ်။ဒီလုပ်ရပ်ကိုလည်း ပြည်ထောင်စုအဆင့် ဒီမိုကရေစီ အရပ်သားအစိုးရ၊ သာသနာရေးဝန်ကြီးရဲ့ တုန့်ပြန်နိုင်မှုကို စောင့်ကြည့်နေခဲ့ရပါတယ်။ဒီတုန့်ပြန်မှုရဲ့ ထိရောက်မှု ရှိခြင်း၊ မရှိခြင်းဟာ တိုင်းပြည်အနာဂါတ်အတွက် အလွန်အရေးပါနေပါတယ်။

ဒီအဓမ္မဝါဒီကို ကိုင်စွဲထားတဲ့ ပုဂ္ဂိုလ်ရဲ့ နောက်ကွယ်က အင်အားကို ထိရောက် နိုင်၊ မနိုင်ကို သိသာလာပါလိမ့်မယ်။တကယ်ဆိုရင် အခု ဦးဝီရသူ ကို ဖမ်းဆီးမိန့်ထုတ်ပြီး ဖမ်းဆီးဖို့လုပ်တဲ့အချိန်မှာ၊ အဖမ်းမခံပဲ ရှောင်တိမ်းသွားခဲ့ပါတယ်။နောက်ဆုံးပြောချင်တာကတော့၊ အာဏာရှင်ခေတ် ဒေါက်တိုင်တွေကို ပြတ်ပြတ်သားသား ထိရောက်အောင် မရှင်းလင်းနိုင်ခဲ့ရင် ဦးဝီရသူ လို အဓမ္မဝါဒီတွေ၊ ဒီမိုကရေစီစနစ်အတွက် အန္တရာယ်ပေးနိုင်တဲ့သူတွေ ထပ်ပေါ်ထွက်လာနိုင်ပါတယ်။

မြတ်လှိုင်း
ဇွန် - ၅

( Zawgyi )

အခုလက္ရွိအခ်ိန္မွာ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ေထာက္ခံပြဲေတြနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးကို ေထာက္ခံပြဲေတြ အၿပိဳင္က်င္းပျပဳလုပ္ေနပါတယ္။ဒီလိုအေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံ ႏိုင္ငံေရးအေျခအေနဟာ ပိုၿပီးရႈတ္ေထြးလာခဲ့ပါတယ္။၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ နီးလာေလေလ၊ ျမန္မာ့ႏိုင္ငံေရးဟာ ပိုရႈတ္ေထြးလာေလေလျဖစ္မွာကို စိုးရိမ္ေနမိပါတယ္။ဒါေပမယ့္၊ ျမန္မာ့ႏိုင္ငံေရး အေျခအေနကို ပိုရႈတ္ေထြးေအာင္ ျပဳမူႀကံစည္ခဲ့တဲ့ ဦးဝီရသူ ကို အစိုးရအေနနဲ႔ ဖမ္းဝရမ္းထုတ္လိုက္တာတစ္ခုက ေျပာစမွတ္ျပဳႏိုင္ပါတယ္။

ဦးဝီရသူဟာ မဘသကို စဖြဲ႕စည္းစဥ္ကတည္းက ျမန္မာ့ႏိုင္ငံေရးအတြင္းကို အစြန္းေရာက္ဝါဒ သြတ္သြင္းလာခဲ့ၿပီး၊ အခုအာဏာရ အင္အယ္ဒီပါတီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ကို အစဥ္အၿမဲ တိုက္ခိုက္ေနခဲ့သူ ျဖစ္ပါတယ္။ေနာက္ပိုင္း အင္အယ္ဒီ အစိုးရျဖစ္လာေတာ့ ဦးဝီရသူ အဓိကပါဝင္ဦးေဆာင္ခဲ့တဲ့ မဘသအဖြဲ႕ကို ဖ်က္သိမ္းဖို႔ အမိန႔္ထုတ္ခဲ့ပါတယ္။မဘသ အမည္သုံးၿပီး မည္သည့္ကိစၥမွ မလုပ္ရန္ ႏိုင္ငံေတာ္သံဃနာယကအဖြဲ႕က ၂၀၁၇ ေမလ ၂၃ ရက္ေန႔မွာ ၫႊန္ၾကားခ်က္ထုတ္ၿပီး ျဖစ္ပါတယ္။ဒီသံဃနာယကအဖြဲ႕ရဲ႕ ၫႊန္ၾကားခ်က္ကို မဘသအဖြဲ႕ ဥကၠ႒ အင္းစိန္႐ြာမ ပရိယတၱိစာသင္တိုက္ ဆရာေတာ္ ဘဒၵန ၱတိေလာကာဘိဝံ နဲ႔ ဒုဥကၠ႒ ဘဒၵန ၱသီလကၡႏၶာဘိဝံသ ဆရာေတာ္ႏွစ္ပါးက လိုက္နာပါ့မယ္လို႔ ဝန္ခံကတိေရးထိုးခဲ့ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး ဝမ္းသာအားရသူေတြက လက္ရွိအာဏာရ အရပ္သားအစိုးရကို လိုလားေထာက္ခံသူ ျပည္သူအမ်ားစုပါ။

မဘသ ဆိုၿပီး အမ်ိဳးဘာသာသာသနာ ေစာင့္ေရွာက္ေရးအဖြဲ႕ကို ဆရာေတာ္ႀကီးေတြ ပါဝင္ၿပီး စတင္ဖြဲ႕စည္းစဥ္ အခ်ိန္မွာေတာ့ ဗုဒၶဘာသာကို သက္ဝင္ယုံၾကည္သူေတြအေနနဲ႔ ေထာက္ခံရမလို ေတြေဝေနခဲ့ၾကပါေသးတယ္။ေနာက္ပိုင္းမွ မဘသကို အမွန္တကယ္ဦးေဆာင္လာတာတဲ့ ဘုန္းႀကီးေတြနဲ႔ လူတခ်ိဳ႕က အမုန္းတရားေတြကို ေဟာေျပာလာတဲ့အခါ ျပည္သူအမ်ားစုႀကီးက ဆန႔္က်င္ခဲ့ပါတယ္။ဒီဦးေဆာင္သူေတြရဲ႕ ေနာက္ကြယ္မွာ အရင္စစ္အာဏာရွင္အစိုးရရဲ႕ ေခါင္းေဆာင္ေတြ၊ စစ္အာဏာရွင္အစိုးရရဲ႕ ေဒါက္တိုင္ ခ႐ိုနီေတြ ပါဝင္ပတ္သက္မႈရွိေနတာကို ျပည္သူေတြ သိလိုက္ၾကပါတယ္။စစ္အာဏာရွင္ေတြနဲ႔ ခ႐ိုနီေတြဟာ စစ္အာဏာရွင္ ပုံေျပာင္းအစိုးရ တည္ၿမဲေအာင္ မဘသကို အသုံးခ်ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
စစ္အာဏာရွင္ေဟာင္းေတြနဲ႔ ခ႐ိုနီႀကီးေတြရဲ႕ ပါဝါအရေရာ၊ ေငြေၾကးဓနအင္အားအရပါ ေထာက္ပံ့ခဲ့တဲ့အတြက္ မဘသအဖြဲ႕ဟာ ထင္ေပၚလာခဲ့ပါတယ္။ဒီမဘသအဖြဲ႕ေနာက္မွာ ေနာက္လိုက္အျဖစ္နဲ႔ ပါဝင္လႈပ္ရွားေနသူေတြကို ၾကည့္မယ္ဆိုရင္ စစ္အာဏာရွင္ လက္ထက္မွာ ထင္တိုင္းႀကဲခြင့္ရခဲ့တဲ့ စြမ္းအားရွင္ေတြ ျဖစ္ေနတာလဲ ေတြ႕ႏိုင္ပါတယ္။

စြမ္းအားရွင္ ဆိုတာေတြကို ျပည္သူေတြအေနနဲ႔ မုန္းတီးခဲ့ၾကေပမယ့္၊ မဘသအဖြဲ႕ရဲ႕ အမ်ိဳးဘာသာသာသနာ ေစာင့္ေရွာက္ေရးဆိုတဲ့ အမည္ေၾကာင့္ ေက်းလက္ေန လူတခ်ိဳ႕ဟာ ေထာက္ခံခဲ့တာ ေတြ႕ႏိုင္ပါတယ္။ေက်းလက္နဲ႔ ၿမိဳ႕ျပမွာ ေနၾကတဲ့ လူတခ်ိဳ႕ဆိုတာကလည္း အမ်ိဳးဘာသာ သာသနာကို ေစာင့္ေရွာက္ဖို႔ တာဝန္ရွိတယ္လို႔ စာမတတ္ ေပမတတ္၊ အသိဉာဏ္မျပည့္ဝတဲ့ လူေတြက ေထာက္ခံေနခဲ့တာပါ။မဘသဟာ အစၥလာမ္မုန္းတီးေရးကို ေရွ႕တန္းတင္ၿပီး မသိနားမလည္တဲ့ လူေတြကို ဘာသာေရးမႈိင္းတိုက္ခဲ့ၾကပါတယ္။အစၥလာမ္ႏိုင္ငံ ျဖစ္သြားတဲ့ တိုင္းျပည္ေတြရွိခဲ့ေပမယ့္၊ ျမန္မာႏိုင္ငံအတြက္ကေတာ့ မျဖစ္ႏိုင္တဲ့ အေျခအေနဆိုတာ ျပည္သူေတြ သိေနၾကပါတယ္။ကုလား-ဗမာ အထိက႐ုန္းေတြ ျဖစ္ေပၚေအာင္ ဖန္တီးေနၾကတာက တိုင္းျပည္မၿငိမ္မသက္ျဖစ္ေစဖို႔ အဓိကပါ။အမွန္တကယ္ဆိုရင္ မဘသရဲ႕ အဓိကရည္႐ြယ္ခ်က္က ျပည္သူေတြ ေထာက္ခံေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္အယ္ဒီကို တိုက္ခိုက္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ခဲ့တယ္ဆိုတာ သိသာႏိုင္ပါတယ္။

ဒီမဘသအဖြဲ႕ကလည္း ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ လႊတ္ေတာ္ထဲဝင္ခ်ိန္နဲ႔ တၿပိဳင္နက္တည္းလို ေပၚေပါက္လာခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ အင္အယ္ဒီကို အဓိကထားၿပီး တိုက္ခိုက္ခဲ့ၾကပါတယ္။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ပါတီ အႏိုင္မရေရး မဲဆြယ္စည္း႐ုံးမႈေတြကို လုပ္ေဆာင္ခဲ့ပါတယ္။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အင္အယ္ဒီ အႏိုင္ရသြားၿပီးေနာက္မွာ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ဒီမိုကေရစီ အရပ္သားအစိုးရအတြက္ တိုင္းျပည္ျပန္လည္တည္ေဆာက္ေရးကို အဓိကအေႏွာင့္အယွက္ေပးတဲ့ လုပ္ေဆာင္မႈေတြ လုပ္လာပါတယ္။တိုင္းျပည္ရဲ႕ ႏိုင္ငံေရးအေျခအေနကို မတည္ၿငိမ္ေအာင္ လုပ္ခဲ့ၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ဒီမိုကေရစီ အရပ္သားအစိုးရ၊ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္က မဘသရွိဖို႔ မလိုဘူးဆိုၿပီး ေျပာခဲ့ပါတယ္။အဲဒီေနာက္မွာ ျပည္ေထာင္စု သာဝန္ဝန္ႀကီးဟာ မဟန ဆရာေတာ္ႀကီးေတြကို ေလွ်ာက္တင္ခဲ့တဲ့အတြက္ မဘသအဖြဲ႕ကို တရားဝင္အဖြဲ႕အစည္း မဟုတ္ေၾကာင္းကို မဟနက ဆုံးျဖတ္ေၾကညာခဲ့ပါတယ္။ဒီလို မဟာသံဃနာယက ေၾကညာေပမယ့္ မဘသက ဂ႐ုမစိုက္ခဲ့ၾကပါဘူး။တရားဝင္ အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ဆက္လက္လုပ္ေဆာင္ေနပါတယ္။သူတို႔အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ကို ပုဂၢိဳလ္ေရးအရ တိုက္ခိုက္လို႔မရႏိုင္မွန္း သိသြားတဲ့အခ်ိန္မွာ တိုင္းျပည္မတည္ၿငိမ္ေရးနဲ႔ တရားဥပေဒစိုးမိုးမႈမရွိတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေအာင္ ဖန္တီးမႈကို အဓိကထား လုပ္ေဆာင္ျပခဲ့ၾကပါတယ္။ဒီလို တိုင္းျပည္မတည္ၿငိမ္ေအာင္၊ တရားဥပေဒ စိုးမိုးမႈမရွိေအာင္ အဓိကဦးေဆာင္သူ ဘယ္သူလဲဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ သူ႔ရဲ႕အစိုးရေရာ၊ ျပည္သူေတြကပါ သိေနခဲ့ၾကပါတယ္။ဒါဆို၊ ဒီဦးေဆာင္တဲ့ ပုဂၢိဳလ္ကို ဘာျဖစ္လို႔ဖမ္းဆီးၿပီး အျပစ္မေပးႏိုင္သလဲ ဆိုတာကိုလည္း ျပည္သူေတြသိေနၾကပါၿပီ။ဒီပုဂၢိဳလ္ရဲ႕ တရားေဟာမႈေတြဟာ အၾကမ္းဖက္ဝါဒကို ေရွ႕တမ္းတင္ ေဟာေျပာေနမႈေတြေၾကာင့္ မဟနက တရားေဟာခြင့္ ပိတ္ပင္ခဲ့ရပါတယ္။ဒီပိတ္ပင္မႈကို အာခံတဲ့လုပ္ရပ္ေတြကိုလည္း လုပ္ေဆာင္ျပေနခဲ့ပါတယ္။ဒီပုဂၢိဳလ္ ဦးေဆာင္ေနတဲ့ မဘသဟာ အမ်ိဳးဘာသာ သာသနာေစာင့္ေရွာက္ေရးလို႔ အမည္ေပးထားေပမယ့္ အဓမၼဝါဒကို ျပင္းျပင္းထန္ထန္ လႈပ္ရွားျပေနတာကို အၿမဲေတြ႕ေနရပါတယ္။

ဒီပုဂၢိဳလ္ရဲ႕ ေနာက္ကေန လႈပ္ရွားဦးေဆာင္ေနတဲ့ လူအခ်ိဳ႕ကို တရားဥပေဒေဘာင္ထဲကေန အေရးယူၿပီး မလႈပ္ရွားႏိုင္ေအာင္ ဖမ္းဆီးထိမ္းသိမ္းလိုက္ပါေသးတယ္။ေနာက္ ဒီပုဂၢိဳလ္ရဲ႕ အဓိကပင္မေသြးေၾကာ မဘသအဖြဲ႕ကို မဘသအမည္သုံးၿပီး မည္သည့္လႈပ္ရွားမႈမ်ိဳးမွ မလုပ္ရန္ တားဆီးပိတ္ပင္လိုက္ပါတယ္။ဒါဟာ စစ္အာဏာရွင္စနစ္ရဲ႕ လက္က်န္ အေႏွာက္အယွက္ ငုတ္အစြယ္တစ္ခုကို ဖယ္ရွားျပလိုက္တာပါ။တိုင္းျပည္အတြက္ အႏၲရာယ္ျဖစ္ေစမယ့္ ငုတ္ေလးတစ္ခုပါ။ငုတ္ေလးတစ္ခုဆိုေပမယ့္ ဂ႐ုမထားပဲေနလိုက္မယ္ဆိုရင္ ခလုပ္တိုက္လဲက်ၿပီး ဒဏ္ရာအနာတရ ျဖစ္သြားႏိုင္ပါတယ္။

ဒါေပမယ့္၊ မဘသဆိုတာ အမည္နာမတစ္ခုပါ။လူတစ္ေယာက္ဟာ နာမည္အမ်ိဳးမ်ိဳးေပးႏိုင္ပါပဲ။အဲဒီလူပုဂၢိဳလ္ရဲ႕ စိတ္က အဓိကက်ပါတယ္။ဒီပုဂၢိဳလ္ရဲ႕ စိတ္ေနသေဘာထားကေတာ့ နာမည္တပ္႐ုံနဲ႔ (သို႔မဟုတ္) နာမည္ေျပာင္းလိုက္႐ုံနဲ႔ ေျပာင္းမသြားႏိုင္ပါဘူး။ဒီပုဂၢိဳလ္ရဲ႕ စိတ္သေဘာထားဟာ အဖ်က္ဖက္၊ အဓမၼဖက္ကို ဦးတည္ေနရင္ ဘယ္လိုအမည္နာမပဲေပးေပး အဖ်က္လုပ္ရပ္ကို ဆက္လုပ္ေနမွာပါ။ေရွ႕ဆက္ၿပီးေတာ့လည္း ဝံသာႏုရကၡိတအဖြဲ႕တို႔၊ ဓမၼဝံသာႏုရကၡိတအဖြဲ႕တို႔၊ မ်ိဳးခ်စ္ေခါင္းေဆာင္မ်ားအဖြဲ႕တို႔၊ အမ်ိဳးသားေရး လႈပ္ရွားမႈအဖြဲ႕တို႔ ဆိုတာေတြလည္း ေပၚလာခဲ့ပါေသးတယ္။ေပၚလာဖို႔အတြက္လည္း ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။

ဒါဆို၊ ဒီပုဂၢိဳလ္တစ္ေယာက္ဟာ ဘာေၾကာင့္အဖ်က္စိတ္ေတြဝင္ေနရတာလဲ၊ အဓမၼဖက္ကို ရပ္တည္ေနရတာလဲ။ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ အဖ်က္လုပ္ရပ္ေတြ လုပ္ေနရသလဲ။ဒီအဖ်က္လုပ္ရပ္ေတြ လုပ္ေနရတဲ့အတြက္ ဘယ္လိုအက်ိဳးအျမတ္ေတြ ရေနတာလဲ။ဒီပုဂၢိဳလ္ရဲ႕ေနာက္မွာ ဘယ္လိုေက်ာေထာက္ေနာက္ခံ အင္အားေတြရွိေနသလဲ။ဒီပုဂၢိဳလ္အတြက္ အဖ်က္လုပ္ရပ္ေတြကို လိုက္ပါလုပ္ေဆာင္ေပးမယ့္ ေနာက္လိုက္အင္အား ဘယ္ေလာက္ရွိလဲ။ေနာက္ဆုံး ဒီပုဂၢိဳလ္ရဲ႕ တရားဥပေဒျပင္ပက အဖ်က္လုပ္ရပ္ေတြကို လုပ္ႏိုင္ေနတာကို ဘယ္သူေတြက အကာအကြယ္ေပးထားၾကလဲ စတဲ့ အေျခအေနေတြ၊ အခ်က္အလက္ေတြကို ေသခ်ာေလ့လာ ဆန္းစစ္ဖို႔ လိုေနခဲ့ပါတယ္။ဒီလိုေလ့လာဆန္းစစ္ၿပီးမွ ဒီပုဂၢိဳလ္ရဲ႕ အဖ်က္လုပ္ရပ္ေတြကို ျပည္သူေတြ ခလုပ္မတိုက္ႏိုင္ေအာင္ ကာကြယ္ေပးႏိုင္ပါလိမ့္မယ္။ဒီပုဂၢိဳလ္ရဲ႕ အဖ်က္လုပ္ရပ္ေတြအတြက္ ပင္မေသြးေၾကာကို ေရေသာက္ျမစ္အထိ တူးေဖာ္ၿပီး အျပတ္ျဖတ္ႏိုင္မွ ဒီပုဂၢိဳလ္လုပ္ေဆာင္ေနတဲ့ အဓမၼအဖ်က္လုပ္ရပ္ေတြ ရပ္တန႔္သြားႏိုင္မွာပါ။

ေစာေစာကေျပာခဲ့သလို၊ မဘသအဖြဲ႕ရဲ႕ မည့္သည့္လုပ္ေဆာင္မႈမ်ိဳးကိုမွ မျပဳလုပ္ရန္ မဟနရဲ႕ ေၾကညာခ်က္ဟာ မဘသ အမည္နာမတစ္ခုအတြက္သာ ျဖစ္ပါတယ္။ခဏတာ အရွိန္ရပ္တန႔္ခ်င္ ရပ္တန႔္သြားပါလိမ့္မယ္။ဒါေပမယ့္ အဓမၼအဖ်က္လုပ္ရပ္ေတြကို ဦးတည္ၿပီး အျခားေသာ အမည္နာမအမ်ိဳးမ်ိဳးနဲ႔ ေပၚထြက္လာမွာပါ။ဒီပုဂၢိဳလ္ (သို႔မဟုတ္) ဒီလိုပုဂၢိဳလ္မ်ား (ဦးဝီရသူမ်ား) လည္း ေပၚထြက္လာႏိုင္ပါေသးတယ္။ဒီပုဂၢိဳလ္ရဲ႕ အဖ်က္လုပ္ရပ္ေတြက အဓမၼမွန္း အင္မတန္သိသာေနပါတယ္။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံတင္မကပဲ၊ ကမာၻကပါသိေနပါတယ္။ဒါေပမယ့္ ဒီပုဂၢိဳလ္ရဲ႕ ဉာဏ္ရည္အဆင့္အတန္းကို သိႏိုင္ပါတယ္။ေနာက္ကြယ္က ေထာက္ပံ့ေနတာေတြေၾကာင့္ မိုက္ရဲလို႔လုပ္ေန၊ လုပ္ရဲေနတာလို႔ သိသာႏိုင္ပါတယ္။
ဘယ္လိုဗ်ဴဟာ ဘယ္လိုမာယာမွ မပါပါဘူး။အကယ္၍ ဒီပုဂၢိဳလ္ထက္ အဖ်က္လုပ္ရပ္ေတြကို ဗ်ဴဟာကြၽမ္းက်င္သူ၊ မာယာမ်ားသူေတြ ေပၚလာႏိုင္ေသးတာကိုလည္း အၿမဲဆင္ျခင္ သတိျပဳႏိုင္ရပါလိမ့္မယ္။ေနာက္ဆုံးအေနနဲ႔ ဒီပုဂၢိဳလ္တစ္ေယာက္၊ မဘသအဖြဲ႕တစ္ဖြဲ႕ကို ရပ္ဆိုင္းေအာင္ လုပ္ႏိုင္႐ုံနဲ႔ အဓမၼလုပ္ရပ္ေတြ၊ တိုင္းျပည္အတြက္၊ ျပည္သူေတြအတြက္ အဖ်က္လုပ္ရပ္ေတြကို နိဂုံးမခ်ဳပ္ႏိုင္ေသးပါဘူး။ဒီမိုကေရစီစနစ္အတြက္ ရန္သူေတြ၊ စစ္အာဏာရွင္စနစ္ကို ျပန္ရွင္သန္လာေအာင္ ႀကံစည္ႀကိဳးစားေနတဲ့ အာဏာရွင္လက္က်န္ေတြ၊ အာဏာရွင္လက္က်န္ေတြရဲ႕ အစြယ္အပြားေတြကို ရွင္းလင္းႏိုင္မွ ျဖစ္မွာပါ။ဒီမိုကေရစီစနစ္ ရွင္သန္လာႏိုင္ဖို႔အတြက္ စစ္အာဏာရွင္စနစ္ရဲ႕ ေရေသာက္ျမစ္ကို အဆုံးအထိ တူးေဖာ္ၿပီး အျပတ္ရွင္းလင္းႏိုင္ဖို႔ လိုပါတယ္။

ဒီမိုကေရစီ အရပ္သားဘက္အစိုးရရဲ႕၊ ျပည္ေထာင္စု သာသနာေရးဝန္ႀကီးကို ျဖဳတ္ခ်ဖို႔ ဆႏၵျပေနခဲ့တဲ့ လုပ္ရပ္ကိုျပန္ၾကည့္ရင္၊ ျပည္ေထာင္စုအဆင့္ အစိုးရဝန္ႀကီး၊ ဗိုလ္ခ်ဳပ္ေဟာင္း တစ္ေယာက္ကိုေတာင္ ျဖဳတ္ခ်ႏိုင္ဖို႔ ႀကိဳးစားတဲ့ အဆင့္ထိ ေရာက္ခဲ့ပါေသးတယ္။ဒီလုပ္ရပ္ကိုလည္း ျပည္ေထာင္စုအဆင့္ ဒီမိုကေရစီ အရပ္သားအစိုးရ၊ သာသနာေရးဝန္ႀကီးရဲ႕ တုန႔္ျပန္ႏိုင္မႈကို ေစာင့္ၾကည့္ေနခဲ့ရပါတယ္။ဒီတုန႔္ျပန္မႈရဲ႕ ထိေရာက္မႈ ရွိျခင္း၊ မရွိျခင္းဟာ တိုင္းျပည္အနာဂါတ္အတြက္ အလြန္အေရးပါေနပါတယ္။

ဒီအဓမၼဝါဒီကို ကိုင္စြဲထားတဲ့ ပုဂၢိဳလ္ရဲ႕ ေနာက္ကြယ္က အင္အားကို ထိေရာက္ ႏိုင္၊ မႏိုင္ကို သိသာလာပါလိမ့္မယ္။တကယ္ဆိုရင္ အခု ဦးဝီရသူ ကို ဖမ္းဆီးမိန႔္ထုတ္ၿပီး ဖမ္းဆီးဖို႔လုပ္တဲ့အခ်ိန္မွာ၊ အဖမ္းမခံပဲ ေရွာင္တိမ္းသြားခဲ့ပါတယ္။ေနာက္ဆုံးေျပာခ်င္တာကေတာ့၊ အာဏာရွင္ေခတ္ ေဒါက္တိုင္ေတြကို ျပတ္ျပတ္သားသား ထိေရာက္ေအာင္ မရွင္းလင္းႏိုင္ခဲ့ရင္ ဦးဝီရသူ လို အဓမၼဝါဒီေတြ၊ ဒီမိုကေရစီစနစ္အတြက္ အႏၲရာယ္ေပးႏိုင္တဲ့သူေတြ ထပ္ေပၚထြက္လာႏိုင္ပါတယ္။

ျမတ္လႈိင္း
ဇြန္ - ၅