【 ဆောင်းပါး 】 “၂၀၂၁ မှာ ငြိမ်းချမ်းရေးချိုးကူသံ နားဆင်ရမှာလား”

【 ဆောင်းပါး 】 “၂၀၂၁ မှာ ငြိမ်းချမ်းရေးချိုးကူသံ နားဆင်ရမှာလား”

အလွန်အမင်း သဘောကွဲလွဲနေတဲ့ လူ့အဖွဲ့အစည်း (deeply divided society) တဲ့။တကယ့်ကို အနုတ်လက္ခဏာဆောင်တဲ့ အသုံးအနှုန်းလို့ ဆိုရမှာပါ။လူ့အဖွဲ့အစည်းအတွင်းမှာ အလွန်အမင်း သဘောကွဲလွဲတယ်ဆိုတာ ကောင်းမှမကောင်းတာ။ဒါပေမဲ့ လူအဖွဲ့အစည်းအတွင်းမှာ တကယ်လည်း သဘောကွဲလွဲမှုတွေ ရှိနေတတ်တာလည်း အမှန်ပါ။ကမ္ဘာပေါ်က နေရာအတော်များများမှာ သဘောကွဲလွဲမှုတွေရှိနေတတ်တာဖြစ်တယ်။အချို့နေရာတွေမှာဆို သဘောကွဲလွဲမှုတွေက ပြင်းထန်တယ်။ဒီလိုပြင်းထန်လာရလောက်အောင်လည်း တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက် စေ့စပ်ညှိနှိုင်းလို့မရအောင် အတိုက်အခံပြုနေကြတာမဟုတ်လား၊ ပြဿနာတွေ၊ ပဋိပက္ခတွေ ပြေငြိမ်းအောင်လုပ်ဖို့၊ အချင်းချင်းပြန်လည်သင့်မြတ်အောင်လုပ်ဖို့ ဆွေးနွေးညှိနှိုင်းလို့မရအောင် အက်ကြောင်းတွေကြီးမားနေကြတာကြောင့်ပဲ မဟုတ်လား။

လူ့အဖွဲ့အစည်းမှာဖြစ်ပေါ်နေတဲ့ သဘောကွဲလွဲမှုတွေကိုကြည့်ရင်း အတွေးအမြင် အယူအဆမတူတဲ့ သဘောကွဲလွဲမှုတွေထက် နိုင်ငံရေးအမြင်မတူတဲ့ သဘောကွဲလွဲမှုတွေက ပိုပြင်းထန်သလိုရှိတယ်။နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ပတ်သက်ရင် ပြိုင်ဆိုင်မှုက အပြင်းထန်ဆုံး၊ သဘောကွဲလွဲမှုတွေက အကြီးမားဆုံးလို့တောင် ဆိုရလောက်တယ်။ကမ္ဘာပေါ်မှာ အာဏာနဲ့ပတ်သက်ရင် သဘောကွဲလွဲမှု၊ ပြိုင်ဆိုင်မှု၊ အတိုက်အခံပြုမှုတွေနဲ့အတူ ပဋိပက္ခဖြစ်ပွားလာခဲ့ကြတာ ရှေးပဝေသကီကနေ မျက်မှောက်ခေတ်ကာလအထိဖြစ်တယ်။

ကျောက်ခေတ်တုန်းကတော့ ရှင်းတယ်။အသန်မာဆုံး ခွန်အားအကြီးမားဆုံးလူက အုပ်စုကိုဦးဆောင်တယ်။နောက်တော့ သက်ဦးဆံပိုင်ဘုရင်တွေပေါ်လာတယ်။သက်ဦးဆံပိုင်ဘုရင်တွေက နောက်လိုက်နောက်ပါတွေကို စည်းရုံးသိမ်းသွင်းတယ်။အလွန်အင်အားတောင့်တင်းတဲ့ စစ်အင်အားကိုထူထောင်ပြီး အာဏာကိုထိန်းချုပ်ထားတယ်။ဆွေစဉ်မျိုးဆက် အုပ်ချုပ်တယ်။နောက်တော့ လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်စုံပြီး ထက်မြက်တဲ့သူတွေ ပေါ်လာတဲ့အခါကျတော့ သက်ဦးဆံပိုင်ဘုရင်တွေ ပလ္လင်ပေါ်က ဆင်းပေးရတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ နိုင်ငံရေးအသိအမြင်တွေ ပိုပြီးကြွယ်ဝတဲ့ခေတ်ရောက်တော့ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တွေကိုဖန်တီးပြီး လူ့အဖွဲ့အစည်းအတွက် သင့်တော်မှန်ကန်တဲ့ စီမံအုပ်ချုပ်မှုနဲ့အတူ အာဏာရှင်စနစ်ကို ထူထောင်လာခဲ့ကြတယ်။

ပြည်သူတွေကလည်း နိုင်ငံရေးအသိအမြင် ကြွယ်ဝမယ်။ခေါင်းဆောင်တွေကလည်း သဘောထားပြည့်ဝပြီး အမြှော်အမြင်ကြီးမားမယ်ဆိုရင် အဲဒီလိုနိုင်ငံတွေမှာ ပြည်သူလူထုရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေကို တန်ဖိုးထားတဲ့ နိုင်ငံ‌ရေးစနစ်ကို ဖော်ဆောင်လာခဲ့ကြတယ်။ဆိုရရင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်ပဲဖြစ်တယ်။ဒီမိုကရေစီစနစ်မှာ အစိုးရကို ပြည်သူလူထုရွေးချယ်ပေးတယ်။ဒီမိုကရေစီစနစ်မှာ သဘောကွဲလွဲခွင့်ရှိတယ်။ကိုယ့်အမြင် ကိုယ့်အယူအဆကို ထုတ်ဖော်ခွင့်ရှိတယ်။ဒီမိုကရေစီစနစ်မှာ လွတ်လပ်ခွင့်၊ သဘောကွဲလွဲခွင့်ရှိတယ်ဆိုပေမဲ့ စေ့စပ်ညှိနှိုင်းနိုင်တယ်။စေ့စပ်ညှိနှိုင်းလို့မရရင် မဲခွဲဆုံးဖြတ်မယ်။ထွက်ပေါ်လာတဲ့ရလဒ်ကို အားလုံးက လက်ခံကျင့်သုံးတယ်။ဒါက ဒီမိုကရေစီအပြည့်အဝကျင့်သုံးနိုင်တဲ့ နိုင်ငံတွေရဲ့ အနေအထားဖြစ်တယ်။

ဒါပေမဲ့ အစောပိုင်းမှာ ပြောခဲ့သလို deeply  divided society ဆိုတဲ့ အလွန်အမင်း သဘောကွဲလွဲနေတဲ့ လူ့အဖွဲ့အစည်းအခြေအနေတစ်ရပ်ကို ရောက်လာတယ်ဆိုရင်တော့ အဲဒီလိုနိုင်ငံတွေမှာ သဘောကွဲလွဲမှုကြီးမားလာမယ်။  အကြမ်းဖက်တိုက်ခိုက်မှုတွေရှိလာမယ်၊ ကန့်ကွက်ဆန္ဒပြမှုတွေ ထူပြောလာမယ်။နောက်ဆုံး ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ အထူးလက်နက်ကိုင် ပဋိပက္ခဖြစ်လာတဲ့အထိ ကျယ်ပြန့်လာမယ်။ပြည်တွင်းစစ်ဖြစ်ပွားမှု နက်ရှိုင်းလာမယ်ဆိုရင် စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ အလှမ်းဝေးလာမယ်။နယ်မြေပိုင်းခြားကန့်သတ်မှုတွေရှိလာမယ်။သယံဇာတပိုင်ဆိုင်မှုတွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ ရှုပ်ထွေးလာပြီး ဆွေးနွေးပွဲ စားပွဲဆီရောက်လာခဲ့ရင်တောင် ညှိနှိုင်းသဘောတူနိုင်မယ့်အဆင့်ကိုရောက်ဖို့ မလွယ်ကူတဲ့ အနေအထားကို ရောက်သွားလေ့ရှိတယ်။

လက်ရှိ မိမိတို့နိုင်ငံမှာ တွေ့ကြုံနေရတဲ့ အနေအထားဟာ အဲဒီအတိုင်းပဲဖြစ်တယ်။ကိုလိုနီလက်အောက်ခံဘဝ၊ စစ်အာဏာရှင်တွေရဲ့ စိုးမိုးအုပ်ချုပ်မှုအောက်မှာ နိုင်ငံအတွင်း သဘောကွဲလွဲမှုတွေ ထူပြောလာခဲ့ပြီး လက်နက်ဆွဲကိုင်ဆန့်ကျင်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အများအပြားရှိလာခဲ့တယ်။
အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၅၀ နီးပါးအထိရှိနေပြီဖြစ်တယ်။နှစ်ပေါင်း ၇၀ ကျော်လောက် အချိန်ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ပွဲအတွင်းမှာ သဘောကွဲလွဲမှုတွေကို ရင်ကြားမစေ့နိုင်သေးတဲ့အပြင် နောက်ထပ်လက်နက်ကိုင်အဖွဲ့တွေ ထပ်တိုးရင်း အခုလို ပြည်တွင်းစစ်မီးက အရှိန်မသေနိုင်လောက်အောင် ကာလရှည်ကြာ တောက်လောင်နေတာလည်းဖြစ်တယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြတယ်ဆိုပေမဲ့ ဒီနေ့အချိန်အထိတော့ ပြတ်သားတဲ့ရလဒ်ရရှိဖို့ ခက်ခဲနေဆဲရှိပါတယ်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ အာဏာသိမ်း စစ်အစိုးရလက်ထက်၊ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရတစ်ဝက် လက်ထက်ကနေ၊ အင်န်အယ်လ်ဒီအစိုးရလက်ထက်အထိ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရင်ကြားစေ့နိုင်ဖို့ လုံးပန်းနေရဆဲရှိပါတယ်။အဲဒီလိုရင်ကြားစေ့နိုင်ဖို့ ကြိုးပမ်းရင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးဆွဲပြီး ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ လက်ရှိအချိန်အထိ NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  (၁၀) ဖွဲ့ကသာ လက်မှတ်ထိုးရပါသေးတယ်။

တကယ်တော့ ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေရှိနေတဲ့ နိုင်ငံတွေကိုကြည့်လိုက်ရင် အဲဒီနိုင်ငံတွေဟာ ဆယ်စုနှစ်နဲ့ချီပြီးဖြစ်နေတဲ့ ပဋိပက္ခတွေအတွင်း ပိတ်မိနေတာကို တွေ့ရလိမ့်မယ်။ဒီနေ့အချိန်အခါမှာတွေ့ရတဲ့ အနေအထားတွေက ပိုဆိုးတယ်။ပိုဆိုးတယ်ဆိုရတဲ့အကြောင်းက အင်အားကြီးကြီးနိုင်ငံတွေက အဲဒီနိုင်ငံတွေမှာ ဝင်ရောက်စွက်ဖက်ပြီး သူတို့အကျိုးစီးပွားကို ကာကွယ်နေကြတဲ့အတွက်ကြောင့်ဖြစ်တယ်။

ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေကြားထဲက နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ ဗျာများနေရတဲ့ နိုင်ငံတွေကတော့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်း ပြဿနာတွေကနေ ရုန်းထွက်နိုင်မယ့်နည်းလမ်းကို တွေးတောကြံဆလာကြတယ်။ဒီလိုတွေးတောကြံဆတဲ့အခါမျိုးမှာ အပြိုင်အဆိုင်ပြုနေကြတဲ့ အင်အားကြီးနိုင်ငံတွေဆီကနေ ကူညီပံ့ပိုးမှုယူပြီး နိုင်ငံရဲ့အကျပ်အတည်းကနေ လွတ်မြောက်နိုင်မယ့် လမ်းကြောင်းပေါ်ကိုရောက်လာတာ တွေ့ရှိသလို အချို့ကျတော့လည်း သောင်မတင်ရေမကျ အခြေအနေအတွင်းမှာ တဝဲလည်လည်ဖြစ်ရင်း ပြဿနာအကျပ်အတည်းကလွတ်မြောက်ဖို့ လမ်းစရှာမတွေ့ဖြစ်နေတတ်တာကို အရှေ့အလယ်ပိုင်းဒေသမှာက ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို သာဓကအဖြစ် တွေ့ကြရမှာဖြစ်တယ်။

ဆိုရရင် နှစ်ပေါင်း ၅၀ လောက် ရှည်ကြာနေတဲ့ ကိုလံဘီယာနိုင်ငံရဲ့ ပြည်တွင်းစစ်ကိုကြည့်ရင် အစိုးရကို လက်နက်ကိုင် ဆန့်ကျင်ပုန်ကန်နေတဲ့အဖွဲ့က FARC ဆိုတဲ့ ကွန်မြူနစ်ဝါဒီ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့သာ လောက်လောက်လားလားရှိတာဖြစ်တယ်။ဒါကြောင့်လည်း ၂၀၁၆ ခုနှစ်က ကိုလံဘီယာအစိုးရက FARC အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းမှုယူပြီး အပစ်အခတ်သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ကိုလံဘီယာ ပြည်တွင်းစစ်အဆုံးသတ်ရေးကို ဦးတည်စေခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။

မြန်မာနိုင်ငံကျတော့ လက်နက်ကိုင်အဖွဲ့ပေါင်း များစွာရှိနေတာဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့အားလုံး  အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့ဆိုတာ အတော်ခက်ခဲတဲ့အနေအထားမှာ ရှိနေတာဖြစ်တယ်။ဒါတင်မကသေးပဲ မြန်မာ့ငြိမ်းချမ်းရေးအနေအထားဟာ အစိုးရနဲ့ တပ်မတော်တို့ရဲ့ ထိရောက်တဲ့ ပူးပေါင်းပါဝင်မှုကလည်း အချက်အချာကျနေတယ်လို့ ဆိုရမှာပါ။နောက်ထပ်အရေးပါနေတာကတော့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကိုယ်တိုင်က နိုင်ငံရဲ့ပြည်တွင်းစစ် အဆုံးသတ်ရေး၊ ဒီမိုကနေစီဖက်ဒရယ်ပြည်ထောင်စုဆီ အရောက်လှမ်းရေးမှာ တကယ့်စိတ်ရင်းစေတနာနဲ့ တက်ကြွထက်သန်စွာ ပူးပေါင်းပါဝင်လာမှသာ မိမိတို့အားလုံး လိုလားနေတဲ့ ငြိမ်းချမ်းရေးချိုးဖြူဌက်ရဲ့ .. တကူကူကူ အသံကို အမှန်နားဆင်ကြရမှာဖြစ်ပါတယ်။

မြင့်နောင်မိုး
ဒီဇင်ဘာ - ၁၀

( Zawgyi )

အလြန္အမင္း သေဘာကြဲလြဲေနတဲ့ လူ႔အဖြဲ႕အစည္း (deeply divided society) တဲ့။တကယ့္ကို အႏုတ္လကၡဏာေဆာင္တဲ့ အသုံးအႏႈန္းလို႔ ဆိုရမွာပါ။လူ႔အဖြဲ႕အစည္းအတြင္းမွာ အလြန္အမင္း သေဘာကြဲလြဲတယ္ဆိုတာ ေကာင္းမွမေကာင္းတာ။ဒါေပမဲ့ လူအဖြဲ႕အစည္းအတြင္းမွာ တကယ္လည္း သေဘာကြဲလြဲမႈေတြ ရွိေနတတ္တာလည္း အမွန္ပါ။ကမာၻေပၚက ေနရာအေတာ္မ်ားမ်ားမွာ သေဘာကြဲလြဲမႈေတြရွိေနတတ္တာျဖစ္တယ္။အခ်ိဳ႕ေနရာေတြမွာဆို သေဘာကြဲလြဲမႈေတြက ျပင္းထန္တယ္။ဒီလိုျပင္းထန္လာရေလာက္ေအာင္လည္း တစ္ဦးနဲ႔ တစ္ဦး၊ တစ္ဖက္နဲ႔ တစ္ဖက္ ေစ့စပ္ညႇိႏႈိင္းလို႔မရေအာင္ အတိုက္အခံျပဳေနၾကတာမဟုတ္လား၊ ျပႆနာေတြ၊ ပဋိပကၡေတြ ေျပၿငိမ္းေအာင္လုပ္ဖို႔၊ အခ်င္းခ်င္းျပန္လည္သင့္ျမတ္ေအာင္လုပ္ဖို႔ ေဆြးေႏြးညႇိႏႈိင္းလို႔မရေအာင္ အက္ေၾကာင္းေတြႀကီးမားေနၾကတာေၾကာင့္ပဲ မဟုတ္လား။

လူ႔အဖြဲ႕အစည္းမွာျဖစ္ေပၚေနတဲ့ သေဘာကြဲလြဲမႈေတြကိုၾကည့္ရင္း အေတြးအျမင္ အယူအဆမတူတဲ့ သေဘာကြဲလြဲမႈေတြထက္ ႏိုင္ငံေရးအျမင္မတူတဲ့ သေဘာကြဲလြဲမႈေတြက ပိုျပင္းထန္သလိုရွိတယ္။ႏိုင္ငံတစ္ႏိုင္ငံရဲ႕ လုပ္ပိုင္ခြင့္အာဏာနဲ႔ပတ္သက္ရင္ ၿပိဳင္ဆိုင္မႈက အျပင္းထန္ဆုံး၊ သေဘာကြဲလြဲမႈေတြက အႀကီးမားဆုံးလို႔ေတာင္ ဆိုရေလာက္တယ္။ကမာၻေပၚမွာ အာဏာနဲ႔ပတ္သက္ရင္ သေဘာကြဲလြဲမႈ၊ ၿပိဳင္ဆိုင္မႈ၊ အတိုက္အခံျပဳမႈေတြနဲ႔အတူ ပဋိပကၡျဖစ္ပြားလာခဲ့ၾကတာ ေရွးပေဝသကီကေန မ်က္ေမွာက္ေခတ္ကာလအထိျဖစ္တယ္။

ေက်ာက္ေခတ္တုန္းကေတာ့ ရွင္းတယ္။အသန္မာဆုံး ခြန္အားအႀကီးမားဆုံးလူက အုပ္စုကိုဦးေဆာင္တယ္။ေနာက္ေတာ့ သက္ဦးဆံပိုင္ဘုရင္ေတြေပၚလာတယ္။သက္ဦးဆံပိုင္ဘုရင္ေတြက ေနာက္လိုက္ေနာက္ပါေတြကို စည္း႐ုံးသိမ္းသြင္းတယ္။အလြန္အင္အားေတာင့္တင္းတဲ့ စစ္အင္အားကိုထူေထာင္ၿပီး အာဏာကိုထိန္းခ်ဳပ္ထားတယ္။ေဆြစဥ္မ်ိဳးဆက္ အုပ္ခ်ဳပ္တယ္။ေနာက္ေတာ့ လက္႐ုံးရည္၊ ႏွလုံးရည္နဲ႔ျပည့္စုံၿပီး ထက္ျမက္တဲ့သူေတြ ေပၚလာတဲ့အခါက်ေတာ့ သက္ဦးဆံပိုင္ဘုရင္ေတြ ပလႅင္ေပၚက ဆင္းေပးရတယ္။

လူ႔အဖြဲ႕အစည္းအတြင္းမွာ ႏိုင္ငံေရးအသိအျမင္ေတြ ပိုၿပီးႂကြယ္ဝတဲ့ေခတ္ေရာက္ေတာ့ ပိုမိုေကာင္းမြန္တဲ့ ႏိုင္ငံေရးစနစ္ေတြကိုဖန္တီးၿပီး လူ႔အဖြဲ႕အစည္းအတြက္ သင့္ေတာ္မွန္ကန္တဲ့ စီမံအုပ္ခ်ဳပ္မႈနဲ႔အတူ အာဏာရွင္စနစ္ကို ထူေထာင္လာခဲ့ၾကတယ္။

ျပည္သူေတြကလည္း ႏိုင္ငံေရးအသိအျမင္ ႂကြယ္ဝမယ္။ေခါင္းေဆာင္ေတြကလည္း သေဘာထားျပည့္ဝၿပီး အေျမႇာ္အျမင္ႀကီးမားမယ္ဆိုရင္ အဲဒီလိုႏိုင္ငံေတြမွာ ျပည္သူလူထုရဲ႕ အခြင့္အေရးေတြ၊ ရပိုင္ခြင့္ေတြ၊ လြတ္လပ္ခြင့္ေတြကို တန္ဖိုးထားတဲ့ ႏိုင္ငံ‌ေရးစနစ္ကို ေဖာ္ေဆာင္လာခဲ့ၾကတယ္။ဆိုရရင္ ဒီမိုကေရစီနည္းက် အုပ္ခ်ဳပ္ေရးစနစ္ပဲျဖစ္တယ္။ဒီမိုကေရစီစနစ္မွာ အစိုးရကို ျပည္သူလူထုေ႐ြးခ်ယ္ေပးတယ္။ဒီမိုကေရစီစနစ္မွာ သေဘာကြဲလြဲခြင့္ရွိတယ္။ကိုယ့္အျမင္ ကိုယ့္အယူအဆကို ထုတ္ေဖာ္ခြင့္ရွိတယ္။ဒီမိုကေရစီစနစ္မွာ လြတ္လပ္ခြင့္၊ သေဘာကြဲလြဲခြင့္ရွိတယ္ဆိုေပမဲ့ ေစ့စပ္ညႇိႏႈိင္းႏိုင္တယ္။ေစ့စပ္ညႇိႏႈိင္းလို႔မရရင္ မဲခြဲဆုံးျဖတ္မယ္။ထြက္ေပၚလာတဲ့ရလဒ္ကို အားလုံးက လက္ခံက်င့္သုံးတယ္။ဒါက ဒီမိုကေရစီအျပည့္အဝက်င့္သုံးႏိုင္တဲ့ ႏိုင္ငံေတြရဲ႕ အေနအထားျဖစ္တယ္။

ဒါေပမဲ့ အေစာပိုင္းမွာ ေျပာခဲ့သလို deeply  divided society ဆိုတဲ့ အလြန္အမင္း သေဘာကြဲလြဲေနတဲ့ လူ႔အဖြဲ႕အစည္းအေျခအေနတစ္ရပ္ကို ေရာက္လာတယ္ဆိုရင္ေတာ့ အဲဒီလိုႏိုင္ငံေတြမွာ သေဘာကြဲလြဲမႈႀကီးမားလာမယ္။  အၾကမ္းဖက္တိုက္ခိုက္မႈေတြရွိလာမယ္၊ ကန႔္ကြက္ဆႏၵျပမႈေတြ ထူေျပာလာမယ္။ေနာက္ဆုံး ထိပ္တိုက္ရင္ဆိုင္မႈေတြနဲ႔ အထူးလက္နက္ကိုင္ ပဋိပကၡျဖစ္လာတဲ့အထိ က်ယ္ျပန႔္လာမယ္။ျပည္တြင္းစစ္ျဖစ္ပြားမႈ နက္ရႈိင္းလာမယ္ဆိုရင္ ေစ့စပ္ညႇိႏႈိင္းေဆြးေႏြးဖို႔ အလွမ္းေဝးလာမယ္။နယ္ေျမပိုင္းျခားကန႔္သတ္မႈေတြရွိလာမယ္။သယံဇာတပိုင္ဆိုင္မႈေတြ၊ လုပ္ပိုင္ခြင့္ေတြနဲ႔ ရႈပ္ေထြးလာၿပီး ေဆြးေႏြးပြဲ စားပြဲဆီေရာက္လာခဲ့ရင္ေတာင္ ညႇိႏႈိင္းသေဘာတူႏိုင္မယ့္အဆင့္ကိုေရာက္ဖို႔ မလြယ္ကူတဲ့ အေနအထားကို ေရာက္သြားေလ့ရွိတယ္။

လက္ရွိ မိမိတို႔ႏိုင္ငံမွာ ေတြ႕ႀကဳံေနရတဲ့ အေနအထားဟာ အဲဒီအတိုင္းပဲျဖစ္တယ္။ကိုလိုနီလက္ေအာက္ခံဘဝ၊ စစ္အာဏာရွင္ေတြရဲ႕ စိုးမိုးအုပ္ခ်ဳပ္မႈေအာက္မွာ ႏိုင္ငံအတြင္း သေဘာကြဲလြဲမႈေတြ ထူေျပာလာခဲ့ၿပီး လက္နက္ဆြဲကိုင္ဆန႔္က်င္လာၾကတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ အမ်ားအျပားရွိလာခဲ့တယ္။
အဲဒီတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေပါင္း ၅၀ နီးပါးအထိရွိေနၿပီျဖစ္တယ္။ႏွစ္ေပါင္း ၇၀ ေက်ာ္ေလာက္ အခ်ိန္ၾကာျမင့္ေနတဲ့ ျပည္တြင္းစစ္ပြဲအတြင္းမွာ သေဘာကြဲလြဲမႈေတြကို ရင္ၾကားမေစ့ႏိုင္ေသးတဲ့အျပင္ ေနာက္ထပ္လက္နက္ကိုင္အဖြဲ႕ေတြ ထပ္တိုးရင္း အခုလို ျပည္တြင္းစစ္မီးက အရွိန္မေသႏိုင္ေလာက္ေအာင္ ကာလရွည္ၾကာ ေတာက္ေလာင္ေနတာလည္းျဖစ္တယ္။

တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ရင္ၾကားေစ့ေရး၊ ၿငိမ္းခ်မ္းေရးအေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ႀကိဳးပမ္းခဲ့ၾကတယ္ဆိုေပမဲ့ ဒီေန႔အခ်ိန္အထိေတာ့ ျပတ္သားတဲ့ရလဒ္ရရွိဖို႔ ခက္ခဲေနဆဲရွိပါတယ္။ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္၊ အာဏာသိမ္း စစ္အစိုးရလက္ထက္၊ ၂၀၁၁ ခုႏွစ္ အရပ္သားအစိုးရတစ္ဝက္ လက္ထက္ကေန၊ အင္န္အယ္လ္ဒီအစိုးရလက္ထက္အထိ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ရင္ၾကားေစ့ႏိုင္ဖို႔ လုံးပန္းေနရဆဲရွိပါတယ္။အဲဒီလိုရင္ၾကားေစ့ႏိုင္ဖို႔ ႀကိဳးပမ္းရင္း တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို ေရးဆြဲၿပီး ၿငိမ္းခ်မ္းေရးအေကာင္အထည္ေဖာ္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမဲ့ လက္ရွိအခ်ိန္အထိ NCA မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕  (၁၀) ဖြဲ႕ကသာ လက္မွတ္ထိုးရပါေသးတယ္။

တကယ္ေတာ့ ပဋိပကၡေတြ၊ ျပည္တြင္းစစ္ေတြရွိေနတဲ့ ႏိုင္ငံေတြကိုၾကည့္လိုက္ရင္ အဲဒီႏိုင္ငံေတြဟာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီးျဖစ္ေနတဲ့ ပဋိပကၡေတြအတြင္း ပိတ္မိေနတာကို ေတြ႕ရလိမ့္မယ္။ဒီေန႔အခ်ိန္အခါမွာေတြ႕ရတဲ့ အေနအထားေတြက ပိုဆိုးတယ္။ပိုဆိုးတယ္ဆိုရတဲ့အေၾကာင္းက အင္အားႀကီးႀကီးႏိုင္ငံေတြက အဲဒီႏိုင္ငံေတြမွာ ဝင္ေရာက္စြက္ဖက္ၿပီး သူတို႔အက်ိဳးစီးပြားကို ကာကြယ္ေနၾကတဲ့အတြက္ေၾကာင့္ျဖစ္တယ္။

ပဋိပကၡေတြ၊ ျပည္တြင္းစစ္ေတြၾကားထဲက ႏိုင္ငံေရးမတည္မၿငိမ္မႈေတြနဲ႔ ဗ်ာမ်ားေနရတဲ့ ႏိုင္ငံေတြကေတာ့ လက္ရွိႀကဳံေတြ႕ေနရတဲ့ အက်ပ္အတည္း ျပႆနာေတြကေန ႐ုန္းထြက္ႏိုင္မယ့္နည္းလမ္းကို ေတြးေတာႀကံဆလာၾကတယ္။ဒီလိုေတြးေတာႀကံဆတဲ့အခါမ်ိဳးမွာ အၿပိဳင္အဆိုင္ျပဳေနၾကတဲ့ အင္အားႀကီးႏိုင္ငံေတြဆီကေန ကူညီပံ့ပိုးမႈယူၿပီး ႏိုင္ငံရဲ႕အက်ပ္အတည္းကေန လြတ္ေျမာက္ႏိုင္မယ့္ လမ္းေၾကာင္းေပၚကိုေရာက္လာတာ ေတြ႕ရွိသလို အခ်ိဳ႕က်ေတာ့လည္း ေသာင္မတင္ေရမက် အေျခအေနအတြင္းမွာ တဝဲလည္လည္ျဖစ္ရင္း ျပႆနာအက်ပ္အတည္းကလြတ္ေျမာက္ဖို႔ လမ္းစရွာမေတြ႕ျဖစ္ေနတတ္တာကို အေရွ႕အလယ္ပိုင္းေဒသမွာက ျပည္တြင္းစစ္ျဖစ္ပြားေနတဲ့ ႏိုင္ငံေတြကို သာဓကအျဖစ္ ေတြ႕ၾကရမွာျဖစ္တယ္။

ဆိုရရင္ ႏွစ္ေပါင္း ၅၀ ေလာက္ ရွည္ၾကာေနတဲ့ ကိုလံဘီယာႏိုင္ငံရဲ႕ ျပည္တြင္းစစ္ကိုၾကည့္ရင္ အစိုးရကို လက္နက္ကိုင္ ဆန႔္က်င္ပုန္ကန္ေနတဲ့အဖြဲ႕က FARC ဆိုတဲ့ ကြန္ျမဴနစ္ဝါဒီ စစ္ေသြးႂကြအဖြဲ႕တစ္ဖြဲ႕သာ ေလာက္ေလာက္လားလားရွိတာျဖစ္တယ္။ဒါေၾကာင့္လည္း ၂၀၁၆ ခုႏွစ္က ကိုလံဘီယာအစိုးရက FARC အဖြဲ႕နဲ႔ ေစ့စပ္ညႇိႏႈိင္းမႈယူၿပီး အပစ္အခတ္သေဘာတူညီမႈကို လက္မွတ္ေရးထိုးႏိုင္ခဲ့တာဟာ ကိုလံဘီယာ ျပည္တြင္းစစ္အဆုံးသတ္ေရးကို ဦးတည္ေစခဲ့တယ္လို႔ ဆိုရမွာျဖစ္တယ္။

ျမန္မာႏိုင္ငံက်ေတာ့ လက္နက္ကိုင္အဖြဲ႕ေပါင္း မ်ားစြာရွိေနတာျဖစ္တဲ့အတြက္ လက္နက္ကိုင္အဖြဲ႕အားလုံး  အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ လက္မွတ္ေရးထိုးႏိုင္ဖို႔ဆိုတာ အေတာ္ခက္ခဲတဲ့အေနအထားမွာ ရွိေနတာျဖစ္တယ္။ဒါတင္မကေသးပဲ ျမန္မာ့ၿငိမ္းခ်မ္းေရးအေနအထားဟာ အစိုးရနဲ႔ တပ္မေတာ္တို႔ရဲ႕ ထိေရာက္တဲ့ ပူးေပါင္းပါဝင္မႈကလည္း အခ်က္အခ်ာက်ေနတယ္လို႔ ဆိုရမွာပါ။ေနာက္ထပ္အေရးပါေနတာကေတာ့ တိုင္းရင္းသားလက္နက္အဖြဲ႕ေတြကိုယ္တိုင္က ႏိုင္ငံရဲ႕ျပည္တြင္းစစ္ အဆုံးသတ္ေရး၊ ဒီမိုကေနစီဖက္ဒရယ္ျပည္ေထာင္စုဆီ အေရာက္လွမ္းေရးမွာ တကယ့္စိတ္ရင္းေစတနာနဲ႔ တက္ႂကြထက္သန္စြာ ပူးေပါင္းပါဝင္လာမွသာ မိမိတို႔အားလုံး လိုလားေနတဲ့ ၿငိမ္းခ်မ္းေရးခ်ိဳးျဖဴဌက္ရဲ႕ .. တကူကူကူ အသံကို အမွန္နားဆင္ၾကရမွာျဖစ္ပါတယ္။

ျမင့္ေနာင္မိုး
ဒီဇင္ဘာ - ၁၀