【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကပ်ဘေးနှင့် ကမ္ဘာကိုကာကွယ်ဖို့ အချိန်မီပါ့မလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကပ်ဘေးနှင့် ကမ္ဘာကိုကာကွယ်ဖို့ အချိန်မီပါ့မလား

ယခုရက်သတ္တပတ်အတွင်း ရာသီဥတုဆိုင်ရာ ပါရီသဘောတူစာချုပ် အတည်ပြုခဲ့သည့် ငါးနှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။ဒီအစည်းအဝေးမှာ စိတ်ဝင်စားဖွယ်ရာ ကတိကဝတ်တွေကို  ကမ္ဘာ့ခေါင်းဆောင်တွေက ပေးခဲ့ပါတယ်။ဒီရက်သတ္တပတ်က အတော်လေးအထင်ကရဖြစ်မယ့် ရက်သတ္တပတ်ပါ။အများမျှော်လင့်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ထွက်ပေါ်လာသလို ထိရောက်မှုလဲရှိခဲ့တဲ့အတွက် ဝမ်းသာစရာ ရက်သတ္တပတ်ပါဘဲ။ကာကွယ်ဆေးတွေ သတင်းကောင်းထွက်လာပေမယ့် တခြားတစ်ဘက်မှာတော့ ကူးစက်ကပ်ရောဂါက ပုံပြောင်းပြီး ဗိုင်းရပ်စ်မျိုးကွဲတွေဖြစ်လာလို့် ပညာရှင်တွေ အပူတပြင်းလုပ်ကိုင်နေရတာတွေလည်း ရှိနေပါတယ်။ကမ္ဘာတစ်ဝန်း ကူးစက်မှုမြင့်နေချိန်မှာ ဒီသတင်းထွက်လာတာ သတင်းကောင်းတော့မဟုတ်ပါဘူး။

ဒီလိုကျန်းမာရေးသတင်းတွေအပြင် ကမ္ဘာ့အရေးသတင်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အငြင်းပွားနေတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရသူ ဘိုင်ဒင် ကို သမ္မတအဖြစ် ရုရှားကအသိအမှတ်ပြုတဲ့သတင်းလို စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေလည်းရှိပါတယ်။ဒါ့အပြင် တူရကီကို အမေရိကန်က ပိတ်ဆို့မှုချမှတ်ခဲ့တဲ့ သတင်းတွေ၊ လကမ္ဘာပေါ်ကို ဒုတိယမြောက်ခြေချခဲ့တဲ့ တရုတ်အာကာသယာဉ်သတင်းတွေ၊ အိန္ဒိယမှာ  လယ်ယာမြေဥပဒေသစ်တွေကြောင့် လယ်သမားတွေဆန္ဒုပြနေကြတဲ့ သတင်းတွေလို သတင်းအချို့လည်းရှိခဲ့ပါတယ်။

အဆိုပါသတင်းတွေထဲကနေ ကိုဗစ်ကာကွယ်ဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ပေါ်ထွက်လာမှု၊ ပြင်းထန်လာတဲ့ ကူးစက်မှုတွေ ဆက်စပ်နေတဲ့အကြောင်းကို အရင်ဖော်ပြချင်ပါတယ်။

ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က ဗြိတိန်မှာ မြို့တော်လန်ဒန်ကိုတင်းကျပ်တဲ့ ကန့်သတ်ချက်ကို အမြင့်ဆုံးအဆင့်အထိ ချမှတ်ခဲ့ပါတယ်။ဒါဟာ ကမ္ဘာမှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Pfizer ထုတ် ကာကွယ်ဆေးကို ထိုးနှံနေချိန်မှာ ဒီလိုအတင်းကျပ်ဆုံး ကန့်သတ်ချက်တွေကိုချတာဖြစ်လို့ နိုင်ငံတကာအတွက် ဒီကိစ္စက စောင့်ကြည့်စရာဖြစ်လာခဲ့ပါတယ်။

ဗြိတိန် ကျန်းမာရေးအတွင်းဝန်ကိုယ်တိုင် ဒီလိုတင်းကျပ်တာကို ထုတ်ပြန်ခဲ့တာပါ။သတင်းတွေအရဆိုရင် ဗြိတိန်တောင်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို စစ်ဆေးရာမှာ လူ ၁၁၀၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်မျိုးကို တွေ့ရှိခဲ့တယ်ဆိုပါတယ်။ဒီဗိုင်းရပ်စ်မျိုးကွဲကြောင့် ကူးစက်မှုကမြန်ဆန်နေလို့ ဗြိတိန်သိပ္ပံပညာရှင်တွေက နိုင်ငံတောင်ပိုင်းမှာ လျင်မြန်စွာကူးစက်နေတဲ့ COVID-19 နဲ့ ဆက်စပ်နေတဲ့ ဗိုင်းရပ်စ်အမျိုးအစားသစ်တစ်မျိုးကို အဖြေရှာနေတယ်ဆိုပြီး ထုတ်ဖော်ပြောခဲ့ပါတယ်။

အစောပိုင်းထုတ်ပြန်ချက်တွေမှာ ဒီမျိုးကွဲဗိုင်းရပ်စ်တွေက လက်ရှိဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ထက် ပိုပြီးကူးစက်နူန်းမြန်တယ် ဆိုပါတယ်။ဒီလိုကူးစက်မှုနူန်းအသစ်ကြောင့် လန်ဒန်မြို့တော်အပါအဝင် နေရာအများအပြားကို COVID-19 ကန့်သတ်ချက် အမြင့်ဆုံးအဆင့်ကို ထပ်မံတိုးမြှင့်လိုက်ရတဲ့အထိပါဘဲ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီလို ဗီဇပြောင်းလဲခြင်းက အဆန်းမဟုတ်ဘူးဆိုတာကို ဗြိတိန်ကိုပြောခဲ့ပါတယ်။

ဒီလိုဗိုင်းရပ်စ်မျိုးကွဲပေါ်နေတာ နိုင်ငံတိုင်းမှာဖြစ်ပြီး ကူးစက်မှုနူန်းက နိုင်ငံအားလုံးနီးပါး တက်နေခဲ့တာပါ။ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးဖြစ်တဲ့ အမေရိကန်ဆိုရင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူပေါင်း ၃၀၀၀၀၀ ကျော်လွန်လာနေသလို ကူးစက်မှုကလည်း တစ်ရက်ကို တစ်သိန်းကျော်၊ တချို့ရက်တွေမှာ နှစ်သိန်းကျော်တဲ့အထိ ကူးစက်ခံခဲ့ရပါတယ်။သေဆုံးမှုကလည်း တစ်ရက်ကို နှစ်ထောင်ဝန်းကျင်အထိ ရှိလာခဲ့ပါတယ်။ဒါကြောင့် အမေရိကန်အစိုးရက ကာကွယ်ဆေးခွင့်ပြုပေးဖို့ နှောင့်နှေးနေရင် တာဝန်ရှိသူကို ထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ရတဲ့အထိအောင် ပြင်းထန်နေပါတယ်။သေဆုံးသူအရေအတွက် ကမ္ဘာ့ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံဆိုရင်လည်း တစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူအရေအတွက် ခုနှစ်သန်းနားကပ်နေပြီး သေဆုံးသူအရေအတွက် စုစုပေါင်း  ၁၈၁၄၀၂ ဦးအထိ ရှိလာနေပါတယ်။တောင်အမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ ကိုလံဘီယာဆိုရင် ကူးစက်ခံရသူ တစ်သန်းခွဲနီးပါး၊ သေဆုံးသူ လေးသောင်းနီးပါးထိ ရှိလာခဲ့ပါတယ်။

အာရှဘက်မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုက မြင့်တက်နေဆဲပါ။ဂျပန်ဆိုရင် ကူးစက်မှုမြင့်တက်နေတဲ့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေးအတွက် ခရီးသွားများအား ကုန်ကျစရိတ်တချို့ ထောက်ပံ့ပေးသည့် အစီအစဉ်ကို ကန့်သတ်ခဲ့သလို ရပ်ဆိုင်းခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ဒီအစီအစဉ်က နိုင်ငံအတွင်း ဗိုင်းရပ်စ်ပျံ့နှံ့မှု အားကောင်းစေနိုင်တဲ့လုပ်ရပ်ပါ။ဒီအစီအစဉ်ကို ဂျပန်က ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်နဝါရီ ၁၁ ရက်အထိ ရပ်ဆိုင်းခဲ့ရပါတယ်။တောင်ကိုရီးယားဆိုရင်လည်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိရာ မြို့တော် ဆိုးလ်နှင့်အနီးတစ်ဝိုက် ဧရိယာများရှိ စာသင်ကျောင်းများအားလုံးကို ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ပိတ်ထားရန် အမိန့်ထုတ်ခဲ့ရပါတယ်။ကမ္ဘာ့ဒုတိယအများဆုံး ကူးစက်ခံရတဲ့နိုင်ငံဖြစ်တဲ့ အိန္ဒိယဆိုရင်လည်း ယခုချိန်မှာ ကူးစက်မှုနူန်းကျနေပြီဆိုပေမယ့် ကူးစက်ခံရသူ ၁၀ သန်းနီးပါးနဲ့ သေဆုံးသူ တစ်သိန်းခွဲနားရှိနေပါပြီ။

ဒီလိုကူးစက်မှုမြင့်တက်နေတာက အာရှမှာတင်မဟုတ်ပါဘူး။ဥရောပလို နိုင်ငံတွေမှာ ကူးစက်မှုက ပထမလှိုင်းထက်တောင် များပြားနေပါသေးတယ်။ဒီလိုကူးစက်မှုတွေတိုးလာလို့ ဥရောပနိုင်ငံတွေက တင်းကျပ်တဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ကျင့်သုံးနေရတဲ့အခြေအနေ ရောက်နေပါတယ်။ဒါပေမယ့် တစ်ခုခံသာတာက သေဆုံးမှုနူန်းက ပထမလှိုင်းလောက် မများတာပါ။ဒါဟာ ဗိုင်းရပ်စ်က အားပျော့တာမဟုတ်ဘဲ ကုသမှုအချိန်မီတာရယ်၊ ဗိုင်းရပ်စ်ရဲ့ သဘောသဘာ၀ကိုသိလို့ တစ်ကိုယ်ရည်ထိန်းသိမ်းစောင့်ရှောက်မှုတွေကြောင့် သေဆုံးမှုက နည်းနေရတာပါ။အီးယူကို Pfizer ထုတ် ကာကွယ်ဆေးအသုံးပြုခွင့် အမြန်ခွင့်ပြုပေးဖို့ လောဆော်နေတဲ့ ဂျာမနီဆိုရင် ဒီဇင်ဘာ ၁၆ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်က ၂၃၄၂၇ ဦးအထိရှိလာခဲ့ပြီး တစ်ရက်အတွင်း ကူးစက်ခံရသူ ၁၇၇၂၈ ဦး၊သေဆုံးသူ ၉၅၂ ဦးထိ ရှိခဲ့ပါတယ်။ဒီအတွက် ဒီဇင်ဘာ ၁၆ ရက်ကတည်းကစပြီး ဇန်နဝါရီ ၁၀ ရက်အထိ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ထပ်ချခဲ့ပါတယ်။

အာရှ-ဥရောပဘက်မှာသာ ကူးစက်မှုက အားကောင်းနေတာမဟုတ်ပါဘူး။အာဖရိကဘက်မှာလည်း ကူးစက်မှုက ပြင်းထန်နေပါတယ်။တောင်အာဖရိကမှာဆိုရင် ဒီဇင်ဘာလ အစောပိုင်းကတည်းက နေ့စဉ်ကူးစက်မှုနှုန်းတိုးနေလို့ ညဘက်အပြင်မထွက်ရအမိန့်ကိုလည်း သက်တမ်းတိုးထားရသလို စား သောက်ဆိုင်တွေကို  ည ၁၀ နာရီမှာ ပိတ်ခိုင်းထားရပါတယ်။

ဒီလိုကူးစက်မှုတွေက ထိန်းမနိုင်သိမ်းရဖြစ်နိုင်တဲ့အခြေအနေဆီ ကပ်လာခဲ့ပေမယ့် သတင်းကောင်းတစ်ခုက သိုလှောင်ရာမှာ Pfizer လောက် ကရိကထမများတဲ့ Modena ကာကွယ်ဆေးရဲ့ လက်တွေ့စမ်းသပ်ကုသမှုဆိုင်ရာ အသေးစိတ်တွေ့ရှိချက်တွေ ထွက်လာခဲ့တာပါ။အမေရိကန် FDA ထုတ်ပြန်ချက်မှာတော့ Modena ကာကွယ်ဆေးက အစွမ်းထက်ထိရောက်မှုရှိပြီး စိတ်ချရကြောင်း ဖော်ပြထားကာ လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများကို မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

ကာကွယ်ဆေးတွေထွက်လာတဲ့ သတင်းတွေကြောင့် ဝမ်းသာစရာဖြစ်ပေမယ့် ကျန်းမာရေးပညာရှင်တွေဘက်က တညီတညွတ်တည်းပြောနေခဲ့တာကတော့ ကာကွယ်ဆေးက ကပ်ဘေးကိုကျော်လွှားနိုင်တဲ့ နတ်ဆေးမဟုတ်ဘူးဆိုတဲ့ အချက်ပါဘဲ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင်အတည်ပြုပေးလိုက်တာ ကိုဗစ်-၁၉ ကပ်ရောဂါ မကြာမီပြီးဆုံးတော့မယ်ဆိုတဲ့သဘောကို ဆိုလိုတာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။သုတေသီပေါင်း ၄၀၀ ကျော်ဖြင့် ဖွဲ့စည်းထားတဲ့ ဩစတြေးလျ ကျန်းမာရေးနှင့် ဆေးသိပ္ပံအကယ်ဒမီကဆိုရင် ကာကွယ်ဆေးတစ်ခုတည်းနဲ့ လုံခြုံမှုရနိုင်မှာမဟုတ်ဘူးလို့ သတိပေးခဲ့သလို ကိုဗစ်-၁၉ ဆေးစစ်မှုများ၊ နှာခေါင်းစည်းတပ်ဆင်မှုများ၊ ရောဂါကူးစက်မှုခံရသူနှင့် ထိတွေ့မိသူများကို  ခြေရာခံလိုက်မှုတွေ၊ ခရီးသွားများကို  မဖြစ်မနေ သီးခြားခွဲထား စောင့်ကြည့်မှုတွေ ဆက်ပြုလုပ်ဖို့ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။ဒီလိုကာကွယ်ဆေးသတင်းတွေကြောင့် ရွှင်လန်းစရာဖြစ်ခဲ့ပေမယ့် တစ်ဘက်မှာ ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတိုင်းမရရှိတဲ့ ပြဿနာကလည်း ရှိနေပါတယ်။ချမ်းသာတဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ဂျပန် စတဲ့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးဝယ်ထားတာ နိုင်ငံလူဦးရေထက် ပိုနေကြတယ်ဆိုပေမယ့် တချို့ဆင်းရဲတဲ့နိုင်ငံတွေအတွက်ကတော့ ၂၀၂၁ ခုနှစ်အတွင်းတောင် ကာကွယ်ဆေးရဖို့ မရှိဘူးဆိုပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ၂၀၂၁ အထိ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရဖို့ မသေချာသေးဘူးလို့ ဆိုခဲ့တဲ့အတွက် ကိုဗစ်ကာကွယ်ဆေးက နိုင်ငံတိုင်းအတွက် လက်လှမ်းမမီနိုင်ဖို့များနေပါတယ်။ဒါကြောင့်လည်း ကုလအတွင်းရေးမှူးချုပ်က ဆင်းရဲတဲ့နိုင်ငံတွေဆီ ကိုဗစ်ကာကွယ်ဆေး ပေးပို့နိုင်ရေးအတွက် ချမ်းသာတဲ့နိုင်ငံတွေက ဝိုင်းဝန်းကူညီကြဖို့ ထပ်တိုက်တွန်းရတဲ့အထိ ဖြစ်ခဲ့ရတာပါ။

ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကို  အလူးအလဲခံနေရတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အိမ်နီးချင်း ကနေဒါနိုင်ငံက Pfizer ကာကွယ်ဆေးကို တွင်တွင်ကျယ်ကျယ်အသုံးပြုဖို့ ပထမဆုံးအတည်ပြုလိုက်တဲ့ နိုင်ငံတွေပါ။ဗြိတိန်က အစောဆုံးအသုံးပြုခဲ့ပေမယ် အရေးပေါ်သုံးခွင့်ရယူခဲ့တာပါ။အမေရိကန်မှာ ဒီဇင်ဘာ ၁၄ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ဖြန့်ဝေနေပြီး အလက်စကာမှာ ကျန်းမာရေးဝန်ထမ်းတစ်ဦး အရေအပြားဓာတ်မတည့်တာဖြစ်တာကနေလွဲရင် ဘာသတင်းမှ ဆိုးဆိုးရွားရွားမကြားရသေးပါဘူး။ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်ဆိုရင် ဇန်နဝါရီလထဲမှာ ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုနေတာတွေ ကြားနေရပါပြီ။

တစ်ကယ်က ဗိုင်းရပ်စ်ကိုထိန်းချုပ်မှုမှာ ကာကွယ်ဆေးထက် ပိုပြီးလုပ်ဆောင်ရဦးမယ်ဆိုတာကို ကျန်းမာရေးပညာရှင်တွေက ပြည်သူတွေကို အသိပေးပေမယ့် အများပြည်သူကတော့ ကာကွယ်ဆေးရပြီဆိုတာနဲ့ ပုံမှန်နေထိုင်မှုအတိုင်း နေလို့ထိုင်လို့ရပြီလို့ သတ်မှတ်လိုက်တဲ့ သဘောပါဘဲ။စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း ဒီလိုဘဲတွေးကြတာကို တွေ့ရပါတယ်။ပထမလှိုင်းပြီးချိန်မှာ အခိုက်အတန့် ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်သွားချိန်မှာ သွားလာနေထိုင် ကူးသန်းမှုတွေက အရင်လိုနေထိုင်ဖို့ လုပ်ဆောင်ခဲ့ကြတဲ့အတွက် ကူးစက်မှုက ဘယ်လောက်ထိဖြစ်ခဲ့သလဲဆိုတာ ဒုတိယလှိုင်းကာလ သေဆုံးမှုနဲ့ ကူးစက်မှုကိုကြည့်ရင် မြင်သာနေပါတယ်။

ဘယ်လောက်ထိ mask တွေ တပ်ထားရမလဲ။ဘယ်လောက်ထိ လူစုလူဝေးနဲ့နေခွင့် ဝေးနေဦးမလဲဆိုတာ ယခုထိ ဘယ်သူမှ၊ ဘယ်ကျန်းမာရေးပညာရှင်မှ အဖြေမပေးနိုင်တဲ့ကိစ္စပါ။ ဗိုင်းရပ်စ်ကနေ ကာကွယ်တဲ့ဆေးပေါ်ပေမယ့် လူတိုင်းလက်လှမ်းမမီတဲ့အခါ မနက်ဖြန်၊ နောက်ရက်တွေများစွာအထိ ဘယ်လောက်လူတွေကူးစက် သေကြေရဦးမလဲဆိုတာ စိတ်မချမ်းသာစွာနဲ့ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အစိမ်းရောင်ကမ္ဘာပြန်ဖြစ်ဖို့ လိုနေပြီတဲ့လား

ပြီးခဲ့တဲ့ ပါရီသဘောတူစာချုပ် အတည်ပြုခဲ့သည့် ငါးနှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အွန်လိုင်းထိပ်သီးအစည်းအဝေးကို နိုင်ငံတကာက ခေါင်းဆောင်အတော်များများ အွန်လိုင်းကနေတက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ဒီထဲမှာ ကာလအတန်ကြာ မေ့လျော့ထားခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုလို ကိစ္စမျိုးတွေမှာ စက်မှုနိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။

ဒီ အွန်လိုင်းအခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ် က နိုင်ငံတိုင်းကို ဒီနေ့မှာ ရာသီဥတုအရေးပေါ်အခြေအနေ ကြေညာကြဖို့ တိုက်တွန်းခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာ ထူးခြားချက်ကတော့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုများတဲ့ တရုတ်နဲ့ အမေရိကန်ဘက်က ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ရခဲ့တာပါ။မကြာခင်က အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဘိုင်ဒင် က ပါရီသဘောတူညီချက်မှာ ပြန်လည်ပါဝင်ဖို့နဲ့ တရုတ်ဘက်က ရုပ်ကြွင်းလောင်စာမဟုတ်တဲ့ လောင်စာတွေကို ပြောင်း လဲအသုံးချရေး၊ သစ်တောတွေတိုးချဲ့ရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု လျှော့ချရေးတွေကို ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဗြိတိန်ဆိုရင်လည်း နိုင်ငံရပ်ခြား ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာစီမံကိန်းများအား အစိုးရက တိုက်ရိုက်ထောက်ပံ့ ကူညီပေးတော့မည် မဟုတ်တော့ဘူးဆိုပြီး ကတိပေးခဲ့ပါတယ်။

ကမ္ဘာ့ရာသီဥတုအနေအထားက တစ်နှစ်ထက် တစ်နှစ် ပိုဆိုးရွားလာနေပါတယ်။ပါရီ ရာသီဥတုသဘောတူညီမှုနောက်ပိုင်းမှာ ဘရာဇီး အမေဇုန်တောမီးလောင်ကျွမ်းမှု၊ သြစတြေးလျနှင့် ကယ်လီဖိုးနီးယားမှာ ကြီးမားသော တောမီးများလောင်ကျွမ်းပြီး  တခြားဘက်အခြမ်းဖြစ်တဲ့ အန္တာတိကမှာ ကမ္ဘာ့အပူချိန်မြင့်တက်မှုရဲ့ ဆိုးကျိုးသက်ရောက်မှုဖြစ်တဲ့ ရေခဲထုများပြိုကျခြင်းအထိ တွေ့လာရပါတယ်။ဒါဟာ ယခုနှစ်တွေနောက်ပိုင်းမှာ ထူးခြားတဲ့ ရာသီဥတုအပြောင်းအလဲတွေပါဘဲ။သိသာတာက COVID-19 ကပ်ရောဂါဖြစ်ပွားသည့် ယခုနှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒါဟာ ပမာဏအများဆုံးကျဆင်းခဲ့တဲ့ နှစ်တစ်ခုပါဘဲ။အဓိကအားဖြင့် ကပ်ရောဂါအတွင်း ကားများ၊ လေယာဉ်များဖြင့် ခရီးသွားမှုနည်းပါးခြင်းနှင့် လူများစုနေအိမ်မှာသာနေကြခြင်းကြောင့် အဓိကကျဆင်းခြင်းဖြစ်ပါတယ်။

အဆိုပါအွန်လိုင်းထိပ်သီးဆွေးနွေးပွဲမှာ ချမ်းသာတဲ့ စက်မှုနိုင်ငံတွေကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ရာသီဥတုဒဏ်ခံရလာရတာ၊ ကမ္ဘာကြီးပူနွေးလာတဲ့အတွက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ပင်လယ်အောက်ရောက်သွားနိုင်မှု ခြိမ်းခြောက်မှုတွေ ကြုံနေရတာတွေက အဓိကထည့်သွင်းပြောဆိုရတဲ့ အကြောင်းအရာတွေဖြစ်ခဲ့သလို ကိုဗစ်ကြောင့် ရာသီဥတုဂေဟစနစ် ပျက်ယွင်းမှု‌ဟာ သီးခြားကင်းလွတ်ဖွယ်မမြင်တာကိုလည်း နိုင်ငံတိုင်းက သိမြင်လာခဲ့နေတာကို မြင်တွေ့ခဲ့ရပါတယ်။အထူးသဖြင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ အာရှဒေသတစ်ဝန်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးမှု၊ မိုးခေါင်ရေရှားမှုနှင့် အပူလှိုင်းကျရောက်ခြင်းကဲ့သို့ အစွန်းရောက်ရာသီဥတုဖြစ်ရပ်များကို ပြင်းထန်မှုရော အကြိမ်ရေအားဖြင့်ပါ တိုးတက်ခံစားနေရတာကို မြင်တွေ့နေရပါတယ်။  

ကမ္ဘာ့အပူချိန်မှာ ၁ ဒသမ ၅ နှင့် ၂ ဒီဂရီဆဲလ်ဆီးရပ်စ်ကြား မြင့်တက်လာခဲ့ရင် ကမ္ဘာတစ်ဝန်းဖြစ်နေတဲ့ ဘေးအန္တရာယ်က  နှစ်ဆအထိဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိခဲ့ပါတယ်။ဒီထက် ၃ ဒီဂရီဆဲလ်ဆီးရပ်စ်အထိ ထပ်မံမြင့်တက်လာခဲ့ရင် နောက်ထပ်နှစ်ဆ ဆပွားထိခိုက်နိုင်တဲ့အတွက် ရာသီဥတုဘေးက ကမ္ဘာ့အပူချိန်တက်လာတာနဲ့အမျှ မျှခြေပျက်ပြီး စိုးရိမ်ဖွယ်ရာအနေအထားပါဘဲ။နောက်တစ်ခုက လေထုညစ်ညမ်းမှုပါ။အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ရောဂါတွေကိုဖြစ်စေခဲ့တဲ့ လေထုညစ်ညမ်းမှုက လက်ရှိမှာ အာရှဒေသက ကမ္ဘာ့အမြင့်ဆုံးပါဘဲ။နယူးဒေလီ၊ ဘေကျင်း၊ ဘန်ကောက်၊ ရန်ကုန် စတဲ့မြို့တွေက လေထုညစ်ညမ်းမှုက ထိပ်ဆုံးမှာဖြစ်နေတယ် ဆိုပါတယ်။   

ကမ္ဘာ့ရဲ့ ယိုယွင်းပျက်စီးမှုက ပြောစမှတ်ပြုရလောက်အောင် သိသာနေပါပြီ။ကပ်ဘေးတွေထဲ ပထမဆုံးရောဂါကပ်ဘေးကို ကြုံရပြီးနောက် နောက်ဆက်တွဲလာနိုင်တဲ့ အငတ်ဘေးကိုမကြုံရဖို့ နိုင်ငံများစွာက အားထုတ်နေကြတာကို တွေ့ရပါတယ်။ကပ်ဘေးက ဘာကြောင့်ဖြစ်လာလဲဆိုတာကို အဖြေရှာဖို့ တရုတ်နိုင်ငံ ၀ူဟန်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့ သွားခဲ့တာကို ယခုရက်သတ္တပတ်ထဲမှာ တွေ့ရပါတယ်။

လတ်တလောမှာ ဖျက်ဆီးစွမ်းအားကြီးတဲ့ ဆိုင်ကလုံးမုန်တိုင်း ယာဆာ ဝင်ရောက်မှာမို့လို့ ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီမှာ ဒေသခံတွေကို ဘေးလွတ်ရာအမြန်ရွှေ့နေရပါတယ်။ခန့်မှန်းမှုတွေအရ ဘေးလွတ်ရာမရှိနိုင်ဘူးဆိုတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ လူအသေအပျောက်တွေက ဆိုးရွားနေပါလိမ့်မယ်။ကြာသပတေးနေ့နှောင်းပိုင်းမှာ ဖီဂျီကို မုန်တိုင်းဝင်ခဲ့ပေမယ်‌ ယခုချိန်မှာ အပျက်အစီးသတင်းကို မသိရသေးပါဘူး။ဖီဂျီမှာ ဒီလိုမုန်တိုင်း ယာစာကြောင့် ပျက်စီးဆုံးရှုံးမှုပြင်းထန်နေသလို အမေရိကန်မှာလည်း နှင်းမုန်တိုင်းဝင်ရောက်နေလို့   ပြည်နယ် ၁၄ ခုကို သတိပေးချက်တွေ ထုတ်ထားရပါတယ်။ဂျပန်မှာဆိုရင်လည်း ဆီးနှင်းတွေ သည်းထန်စွာကျရောက်ရာမှာ သုံးရက်အတွင်း နှစ်မီတာ (၆ ဒသမ ၆ ပေအထိ) ကျဆင်းခဲ့လို့ အသွားအလာတွေ ပြတ်တောက်ခက်ခဲခဲ့ပါတယ်။

ဒါဟာ ဒီရက်လေးမှာဖြစ်တဲ့ သဘာ၀ဘေးဘဲ ဖြစ်ပါသေးတယ်။ယခုရက်ထဲ သတင်းတွေအများကြီးရှိခဲ့ပေမယ့် အဓိကအားဖြင့် ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကလက်သည် စက်မှုနိုင်ငံကြီးတွေဘက်က ထူးထူးခြားခြားပေးလာတဲ့ ကတိကဝတ်တွေက ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ဒီရက်ထဲမှာ တခြားစိတ်ဝင်စားစရာ သတင်းတွေရှိပေမယ့် ဒီသတင်းနှစ်ပုဒ်က သတင်းတွေထဲထူးပြီး သတိထားစရာဖြစ်နေတယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ်အတွက် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဒီဇင်ဘာ - ၁၈

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ရာသီဥတုဆိုင္ရာ ပါရီသေဘာတူစာခ်ဳပ္ အတည္ျပဳခဲ့သည့္ ငါးႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ ထိပ္သီးအစည္းအေဝးကို အြန္လိုင္းကေန က်င္းပခဲ့ပါတယ္။ဒီအစည္းအေဝးမွာ စိတ္ဝင္စားဖြယ္ရာ ကတိကဝတ္ေတြကို  ကမာၻ႔ေခါင္းေဆာင္ေတြက ေပးခဲ့ပါတယ္။ဒီရက္သတၱပတ္က အေတာ္ေလးအထင္ကရျဖစ္မယ့္ ရက္သတၱပတ္ပါ။အမ်ားေမွ်ာ္လင့္ေနတဲ့ ကိုဗစ္ကာကြယ္ေဆးေတြ ထြက္ေပၚလာသလို ထိေရာက္မႈလဲရွိခဲ့တဲ့အတြက္ ဝမ္းသာစရာ ရက္သတၱပတ္ပါဘဲ။ကာကြယ္ေဆးေတြ သတင္းေကာင္းထြက္လာေပမယ့္ တျခားတစ္ဘက္မွာေတာ့ ကူးစက္ကပ္ေရာဂါက ပုံေျပာင္းၿပီး ဗိုင္းရပ္စ္မ်ိဳးကြဲေတြျဖစ္လာလို႔္ ပညာရွင္ေတြ အပူတျပင္းလုပ္ကိုင္ေနရတာေတြလည္း ရွိေနပါတယ္။ကမာၻတစ္ဝန္း ကူးစက္မႈျမင့္ေနခ်ိန္မွာ ဒီသတင္းထြက္လာတာ သတင္းေကာင္းေတာ့မဟုတ္ပါဘူး။

ဒီလိုက်န္းမာေရးသတင္းေတြအျပင္ ကမာၻ႔အေရးသတင္းေတြထဲမွာ စိတ္ဝင္စားစရာေကာင္းတဲ့ အျငင္းပြားေနတဲ့ အေမရိကန္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရသူ ဘိုင္ဒင္ ကို သမၼတအျဖစ္ ႐ုရွားကအသိအမွတ္ျပဳတဲ့သတင္းလို စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းေတြလည္းရွိပါတယ္။ဒါ့အျပင္ တူရကီကို အေမရိကန္က ပိတ္ဆို႔မႈခ်မွတ္ခဲ့တဲ့ သတင္းေတြ၊ လကမာၻေပၚကို ဒုတိယေျမာက္ေျခခ်ခဲ့တဲ့ တ႐ုတ္အာကာသယာဥ္သတင္းေတြ၊ အိႏၵိယမွာ  လယ္ယာေျမဥပေဒသစ္ေတြေၾကာင့္ လယ္သမားေတြဆႏၵဳျပေနၾကတဲ့ သတင္းေတြလို သတင္းအခ်ိဳ႕လည္းရွိခဲ့ပါတယ္။

အဆိုပါသတင္းေတြထဲကေန ကိုဗစ္ကာကြယ္ေဆးနဲ႔ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ ေပၚထြက္လာမႈ၊ ျပင္းထန္လာတဲ့ ကူးစက္မႈေတြ ဆက္စပ္ေနတဲ့အေၾကာင္းကို အရင္ေဖာ္ျပခ်င္ပါတယ္။

ကူးစက္မႈျမန္တဲ့ ဗိုင္းရပ္စ္မ်ိဳးကြဲ

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၄ ရက္က ၿဗိတိန္မွာ ၿမိဳ႕ေတာ္လန္ဒန္ကိုတင္းက်ပ္တဲ့ ကန႔္သတ္ခ်က္ကို အျမင့္ဆုံးအဆင့္အထိ ခ်မွတ္ခဲ့ပါတယ္။ဒါဟာ ကမာၻမွာ ပထမဆုံး ကိုဗစ္ကာကြယ္ေဆးျဖစ္တဲ့ Pfizer ထုတ္ ကာကြယ္ေဆးကို ထိုးႏွံေနခ်ိန္မွာ ဒီလိုအတင္းက်ပ္ဆုံး ကန႔္သတ္ခ်က္ေတြကိုခ်တာျဖစ္လို႔ ႏိုင္ငံတကာအတြက္ ဒီကိစၥက ေစာင့္ၾကည့္စရာျဖစ္လာခဲ့ပါတယ္။

ၿဗိတိန္ က်န္းမာေရးအတြင္းဝန္ကိုယ္တိုင္ ဒီလိုတင္းက်ပ္တာကို ထုတ္ျပန္ခဲ့တာပါ။သတင္းေတြအရဆိုရင္ ၿဗိတိန္ေတာင္ပိုင္းမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူေတြကို စစ္ေဆးရာမွာ လူ ၁၁၀၈ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲတစ္မ်ိဳးကို ေတြ႕ရွိခဲ့တယ္ဆိုပါတယ္။ဒီဗိုင္းရပ္စ္မ်ိဳးကြဲေၾကာင့္ ကူးစက္မႈကျမန္ဆန္ေနလို႔ ၿဗိတိန္သိပၸံပညာရွင္ေတြက ႏိုင္ငံေတာင္ပိုင္းမွာ လ်င္ျမန္စြာကူးစက္ေနတဲ့ COVID-19 နဲ႔ ဆက္စပ္ေနတဲ့ ဗိုင္းရပ္စ္အမ်ိဳးအစားသစ္တစ္မ်ိဳးကို အေျဖရွာေနတယ္ဆိုၿပီး ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

အေစာပိုင္းထုတ္ျပန္ခ်က္ေတြမွာ ဒီမ်ိဳးကြဲဗိုင္းရပ္စ္ေတြက လက္ရွိျဖစ္ပြားေနတဲ့ ဗိုင္းရပ္စ္ထက္ ပိုၿပီးကူးစက္ႏူန္းျမန္တယ္ ဆိုပါတယ္။ဒီလိုကူးစက္မႈႏူန္းအသစ္ေၾကာင့္ လန္ဒန္ၿမိဳ႕ေတာ္အပါအဝင္ ေနရာအမ်ားအျပားကို COVID-19 ကန႔္သတ္ခ်က္ အျမင့္ဆုံးအဆင့္ကို ထပ္မံတိုးျမႇင့္လိုက္ရတဲ့အထိပါဘဲ။ကမာၻ႔က်န္းမာေရးအဖြဲ႕က ဒီလို ဗီဇေျပာင္းလဲျခင္းက အဆန္းမဟုတ္ဘူးဆိုတာကို ၿဗိတိန္ကိုေျပာခဲ့ပါတယ္။

ဒီလိုဗိုင္းရပ္စ္မ်ိဳးကြဲေပၚေနတာ ႏိုင္ငံတိုင္းမွာျဖစ္ၿပီး ကူးစက္မႈႏူန္းက ႏိုင္ငံအားလုံးနီးပါး တက္ေနခဲ့တာပါ။ကမာၻ႔ကူးစက္မႈအျမင့္ဆုံးျဖစ္တဲ့ အေမရိကန္ဆိုရင္ ကိုဗစ္- ၁၉ ေၾကာင့္ ေသဆုံးသူေပါင္း ၃၀၀၀၀၀ ေက်ာ္လြန္လာေနသလို ကူးစက္မႈကလည္း တစ္ရက္ကို တစ္သိန္းေက်ာ္၊ တခ်ိဳ႕ရက္ေတြမွာ ႏွစ္သိန္းေက်ာ္တဲ့အထိ ကူးစက္ခံခဲ့ရပါတယ္။ေသဆုံးမႈကလည္း တစ္ရက္ကို ႏွစ္ေထာင္ဝန္းက်င္အထိ ရွိလာခဲ့ပါတယ္။ဒါေၾကာင့္ အေမရိကန္အစိုးရက ကာကြယ္ေဆးခြင့္ျပဳေပးဖို႔ ေႏွာင့္ေႏွးေနရင္ တာဝန္ရွိသူကို ထုတ္ပစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ရတဲ့အထိေအာင္ ျပင္းထန္ေနပါတယ္။ေသဆုံးသူအေရအတြက္ ကမာၻ႔ဒုတိယအမ်ားဆုံးျဖစ္တဲ့ ဘရာဇီးႏိုင္ငံဆိုရင္လည္း တစ္ႏိုင္ငံလုံး ေရာဂါကူးစက္ခံရသူအေရအတြက္ ခုႏွစ္သန္းနားကပ္ေနၿပီး ေသဆုံးသူအေရအတြက္ စုစုေပါင္း  ၁၈၁၄၀၂ ဦးအထိ ရွိလာေနပါတယ္။ေတာင္အေမရိကႏိုင္ငံတစ္ခုျဖစ္တဲ့ ကိုလံဘီယာဆိုရင္ ကူးစက္ခံရသူ တစ္သန္းခြဲနီးပါး၊ ေသဆုံးသူ ေလးေသာင္းနီးပါးထိ ရွိလာခဲ့ပါတယ္။

အာရွဘက္မွာလည္း ဗိုင္းရပ္စ္ကူးစက္မႈက ျမင့္တက္ေနဆဲပါ။ဂ်ပန္ဆိုရင္ ကူးစက္မႈျမင့္တက္ေနတဲ့အတြက္ ျပည္တြင္းခရီးသြားလုပ္ငန္း ျပန္လည္ရွင္သန္ေရးအတြက္ ခရီးသြားမ်ားအား ကုန္က်စရိတ္တခ်ိဳ႕ ေထာက္ပံ့ေပးသည့္ အစီအစဥ္ကို ကန႔္သတ္ခဲ့သလို ရပ္ဆိုင္းခဲ့ရတာေတြလည္း ရွိခဲ့ပါတယ္။ဒီအစီအစဥ္က ႏိုင္ငံအတြင္း ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ အားေကာင္းေစႏိုင္တဲ့လုပ္ရပ္ပါ။ဒီအစီအစဥ္ကို ဂ်ပန္က ဒီဇင္ဘာ ၂၈ ရက္ကေန ဇန္နဝါရီ ၁၁ ရက္အထိ ရပ္ဆိုင္းခဲ့ရပါတယ္။ေတာင္ကိုရီးယားဆိုရင္လည္း ကိုဗစ္-၁၉  ကူးစက္ျဖစ္ပြားမႈ အဆိုးဆုံးအေျခအေနႏွင့္ ရင္ဆိုင္ရလ်က္ရွိရာ ၿမိဳ႕ေတာ္ ဆိုးလ္ႏွင့္အနီးတစ္ဝိုက္ ဧရိယာမ်ားရွိ စာသင္ေက်ာင္းမ်ားအားလုံးကို ဒီဇင္ဘာ ၁၅ ရက္မွ စတင္ကာ ပိတ္ထားရန္ အမိန႔္ထုတ္ခဲ့ရပါတယ္။ကမာၻ႔ဒုတိယအမ်ားဆုံး ကူးစက္ခံရတဲ့ႏိုင္ငံျဖစ္တဲ့ အိႏၵိယဆိုရင္လည္း ယခုခ်ိန္မွာ ကူးစက္မႈႏူန္းက်ေနၿပီဆိုေပမယ့္ ကူးစက္ခံရသူ ၁၀ သန္းနီးပါးနဲ႔ ေသဆုံးသူ တစ္သိန္းခြဲနားရွိေနပါၿပီ။

ဒီလိုကူးစက္မႈျမင့္တက္ေနတာက အာရွမွာတင္မဟုတ္ပါဘူး။ဥေရာပလို ႏိုင္ငံေတြမွာ ကူးစက္မႈက ပထမလႈိင္းထက္ေတာင္ မ်ားျပားေနပါေသးတယ္။ဒီလိုကူးစက္မႈေတြတိုးလာလို႔ ဥေရာပႏိုင္ငံေတြက တင္းက်ပ္တဲ့ ကန႔္သတ္ပိတ္ဆို႔မႈေတြကို က်င့္သုံးေနရတဲ့အေျခအေန ေရာက္ေနပါတယ္။ဒါေပမယ့္ တစ္ခုခံသာတာက ေသဆုံးမႈႏူန္းက ပထမလႈိင္းေလာက္ မမ်ားတာပါ။ဒါဟာ ဗိုင္းရပ္စ္က အားေပ်ာ့တာမဟုတ္ဘဲ ကုသမႈအခ်ိန္မီတာရယ္၊ ဗိုင္းရပ္စ္ရဲ႕ သေဘာသဘာ၀ကိုသိလို႔ တစ္ကိုယ္ရည္ထိန္းသိမ္းေစာင့္ေရွာက္မႈေတြေၾကာင့္ ေသဆုံးမႈက နည္းေနရတာပါ။အီးယူကို Pfizer ထုတ္ ကာကြယ္ေဆးအသုံးျပဳခြင့္ အျမန္ခြင့္ျပဳေပးဖို႔ ေလာေဆာ္ေနတဲ့ ဂ်ာမနီဆိုရင္ ဒီဇင္ဘာ ၁၆ ရက္အထိ ကိုဗစ္ေၾကာင့္ ေသဆုံးသူအေရအတြက္က ၂၃၄၂၇ ဦးအထိရွိလာခဲ့ၿပီး တစ္ရက္အတြင္း ကူးစက္ခံရသူ ၁၇၇၂၈ ဦး၊ေသဆုံးသူ ၉၅၂ ဦးထိ ရွိခဲ့ပါတယ္။ဒီအတြက္ ဒီဇင္ဘာ ၁၆ ရက္ကတည္းကစၿပီး ဇန္နဝါရီ ၁၀ ရက္အထိ တင္းက်ပ္တဲ့ ကန႔္သတ္ခ်က္ေတြ ထပ္ခ်ခဲ့ပါတယ္။

အာရွ-ဥေရာပဘက္မွာသာ ကူးစက္မႈက အားေကာင္းေနတာမဟုတ္ပါဘူး။အာဖရိကဘက္မွာလည္း ကူးစက္မႈက ျပင္းထန္ေနပါတယ္။ေတာင္အာဖရိကမွာဆိုရင္ ဒီဇင္ဘာလ အေစာပိုင္းကတည္းက ေန႔စဥ္ကူးစက္မႈႏႈန္းတိုးေနလို႔ ညဘက္အျပင္မထြက္ရအမိန႔္ကိုလည္း သက္တမ္းတိုးထားရသလို စား ေသာက္ဆိုင္ေတြကို  ည ၁၀ နာရီမွာ ပိတ္ခိုင္းထားရပါတယ္။

ဒီလိုကူးစက္မႈေတြက ထိန္းမႏိုင္သိမ္းရျဖစ္ႏိုင္တဲ့အေျခအေနဆီ ကပ္လာခဲ့ေပမယ့္ သတင္းေကာင္းတစ္ခုက သိုေလွာင္ရာမွာ Pfizer ေလာက္ ကရိကထမမ်ားတဲ့ Modena ကာကြယ္ေဆးရဲ႕ လက္ေတြ႕စမ္းသပ္ကုသမႈဆိုင္ရာ အေသးစိတ္ေတြ႕ရွိခ်က္ေတြ ထြက္လာခဲ့တာပါ။အေမရိကန္ FDA ထုတ္ျပန္ခ်က္မွာေတာ့ Modena ကာကြယ္ေဆးက အစြမ္းထက္ထိေရာက္မႈရွိၿပီး စိတ္ခ်ရေၾကာင္း ေဖာ္ျပထားကာ လုံၿခဳံေရးဆိုင္ရာ စိုးရိမ္စရာမ်ားကို မေတြ႕ရွိရဘူးလို႔ ဆိုပါတယ္။

ကာကြယ္ေဆးေတြထြက္လာတဲ့ သတင္းေတြေၾကာင့္ ဝမ္းသာစရာျဖစ္ေပမယ့္ က်န္းမာေရးပညာရွင္ေတြဘက္က တညီတၫြတ္တည္းေျပာေနခဲ့တာကေတာ့ ကာကြယ္ေဆးက ကပ္ေဘးကိုေက်ာ္လႊားႏိုင္တဲ့ နတ္ေဆးမဟုတ္ဘူးဆိုတဲ့ အခ်က္ပါဘဲ။ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေတာ့ ကိုဗစ္-၁၉ ကာကြယ္ေဆးကို စတင္အတည္ျပဳေပးလိုက္တာ ကိုဗစ္-၁၉ ကပ္ေရာဂါ မၾကာမီၿပီးဆုံးေတာ့မယ္ဆိုတဲ့သေဘာကို ဆိုလိုတာမဟုတ္ဘူးလို႔ သတိေပးခဲ့ပါတယ္။သုေတသီေပါင္း ၄၀၀ ေက်ာ္ျဖင့္ ဖြဲ႕စည္းထားတဲ့ ဩစေၾတးလ် က်န္းမာေရးႏွင့္ ေဆးသိပၸံအကယ္ဒမီကဆိုရင္ ကာကြယ္ေဆးတစ္ခုတည္းနဲ႔ လုံၿခဳံမႈရႏိုင္မွာမဟုတ္ဘူးလို႔ သတိေပးခဲ့သလို ကိုဗစ္-၁၉ ေဆးစစ္မႈမ်ား၊ ႏွာေခါင္းစည္းတပ္ဆင္မႈမ်ား၊ ေရာဂါကူးစက္မႈခံရသူႏွင့္ ထိေတြ႕မိသူမ်ားကို  ေျခရာခံလိုက္မႈေတြ၊ ခရီးသြားမ်ားကို  မျဖစ္မေန သီးျခားခြဲထား ေစာင့္ၾကည့္မႈေတြ ဆက္ျပဳလုပ္ဖို႔ ေတာင္းဆိုခဲ့တာကို ေတြ႕ရပါတယ္။ဒီလိုကာကြယ္ေဆးသတင္းေတြေၾကာင့္ ႐ႊင္လန္းစရာျဖစ္ခဲ့ေပမယ့္ တစ္ဘက္မွာ ကိုဗစ္ကာကြယ္ေဆးကို ႏိုင္ငံတိုင္းမရရွိတဲ့ ျပႆနာကလည္း ရွိေနပါတယ္။ခ်မ္းသာတဲ့ႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္၊ ၿဗိတိန္၊ ဂ်ပန္ စတဲ့ႏိုင္ငံေတြမွာ ကိုဗစ္ကာကြယ္ေဆးဝယ္ထားတာ ႏိုင္ငံလူဦးေရထက္ ပိုေနၾကတယ္ဆိုေပမယ့္ တခ်ိဳ႕ဆင္းရဲတဲ့ႏိုင္ငံေတြအတြက္ကေတာ့ ၂၀၂၁ ခုႏွစ္အတြင္းေတာင္ ကာကြယ္ေဆးရဖို႔ မရွိဘူးဆိုပါတယ္။ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကလည္း ၂၀၂၁ အထိ အာရွ-ပစိဖိတ္ေဒသတြင္း ႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးရဖို႔ မေသခ်ာေသးဘူးလို႔ ဆိုခဲ့တဲ့အတြက္ ကိုဗစ္ကာကြယ္ေဆးက ႏိုင္ငံတိုင္းအတြက္ လက္လွမ္းမမီႏိုင္ဖို႔မ်ားေနပါတယ္။ဒါေၾကာင့္လည္း ကုလအတြင္းေရးမႉးခ်ဳပ္က ဆင္းရဲတဲ့ႏိုင္ငံေတြဆီ ကိုဗစ္ကာကြယ္ေဆး ေပးပို႔ႏိုင္ေရးအတြက္ ခ်မ္းသာတဲ့ႏိုင္ငံေတြက ဝိုင္းဝန္းကူညီၾကဖို႔ ထပ္တိုက္တြန္းရတဲ့အထိ ျဖစ္ခဲ့ရတာပါ။

ကိုဗစ္-၁၉ ႐ိုက္ခတ္မႈဒဏ္ကို  အလူးအလဲခံေနရတဲ့ အေမရိကန္ျပည္ေထာင္စုနဲ႔ အိမ္နီးခ်င္း ကေနဒါႏိုင္ငံက Pfizer ကာကြယ္ေဆးကို တြင္တြင္က်ယ္က်ယ္အသုံးျပဳဖို႔ ပထမဆုံးအတည္ျပဳလိုက္တဲ့ ႏိုင္ငံေတြပါ။ၿဗိတိန္က အေစာဆုံးအသုံးျပဳခဲ့ေပမယ္ အေရးေပၚသုံးခြင့္ရယူခဲ့တာပါ။အေမရိကန္မွာ ဒီဇင္ဘာ ၁၄ ရက္တြင္ ကိုဗစ္-၁၉ ကာကြယ္ေဆး စတင္ျဖန႔္ေဝေနၿပီး အလက္စကာမွာ က်န္းမာေရးဝန္ထမ္းတစ္ဦး အေရအျပားဓာတ္မတည့္တာျဖစ္တာကေနလြဲရင္ ဘာသတင္းမွ ဆိုးဆိုး႐ြား႐ြားမၾကားရေသးပါဘူး။ဥေရာပႏိုင္ငံေတြျဖစ္တဲ့ ျပင္သစ္ဆိုရင္ ဇန္နဝါရီလထဲမွာ ကာကြယ္ေဆးထိုးဖို႔ ခြင့္ျပဳေနတာေတြ ၾကားေနရပါၿပီ။

တစ္ကယ္က ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္မႈမွာ ကာကြယ္ေဆးထက္ ပိုၿပီးလုပ္ေဆာင္ရဦးမယ္ဆိုတာကို က်န္းမာေရးပညာရွင္ေတြက ျပည္သူေတြကို အသိေပးေပမယ့္ အမ်ားျပည္သူကေတာ့ ကာကြယ္ေဆးရၿပီဆိုတာနဲ႔ ပုံမွန္ေနထိုင္မႈအတိုင္း ေနလို႔ထိုင္လို႔ရၿပီလို႔ သတ္မွတ္လိုက္တဲ့ သေဘာပါဘဲ။စီးပြားေရးလုပ္ငန္းရွင္ေတြဘက္ကလည္း ဒီလိုဘဲေတြးၾကတာကို ေတြ႕ရပါတယ္။ပထမလႈိင္းၿပီးခ်ိန္မွာ အခိုက္အတန႔္ ဗိုင္းရပ္စ္ကူးစက္မႈ ရပ္တန႔္သြားခ်ိန္မွာ သြားလာေနထိုင္ ကူးသန္းမႈေတြက အရင္လိုေနထိုင္ဖို႔ လုပ္ေဆာင္ခဲ့ၾကတဲ့အတြက္ ကူးစက္မႈက ဘယ္ေလာက္ထိျဖစ္ခဲ့သလဲဆိုတာ ဒုတိယလႈိင္းကာလ ေသဆုံးမႈနဲ႔ ကူးစက္မႈကိုၾကည့္ရင္ ျမင္သာေနပါတယ္။

ဘယ္ေလာက္ထိ mask ေတြ တပ္ထားရမလဲ။ဘယ္ေလာက္ထိ လူစုလူေဝးနဲ႔ေနခြင့္ ေဝးေနဦးမလဲဆိုတာ ယခုထိ ဘယ္သူမွ၊ ဘယ္က်န္းမာေရးပညာရွင္မွ အေျဖမေပးႏိုင္တဲ့ကိစၥပါ။ ဗိုင္းရပ္စ္ကေန ကာကြယ္တဲ့ေဆးေပၚေပမယ့္ လူတိုင္းလက္လွမ္းမမီတဲ့အခါ မနက္ျဖန္၊ ေနာက္ရက္ေတြမ်ားစြာအထိ ဘယ္ေလာက္လူေတြကူးစက္ ေသေၾကရဦးမလဲဆိုတာ စိတ္မခ်မ္းသာစြာနဲ႔ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အစိမ္းေရာင္ကမာၻျပန္ျဖစ္ဖို႔ လိုေနၿပီတဲ့လား

ၿပီးခဲ့တဲ့ ပါရီသေဘာတူစာခ်ဳပ္ အတည္ျပဳခဲ့သည့္ ငါးႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ အြန္လိုင္းထိပ္သီးအစည္းအေဝးကို ႏိုင္ငံတကာက ေခါင္းေဆာင္အေတာ္မ်ားမ်ား အြန္လိုင္းကေနတက္ေရာက္ မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။ဒီထဲမွာ ကာလအတန္ၾကာ ေမ့ေလ်ာ့ထားခဲ့တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္လႊင့္မႈလို ကိစၥမ်ိဳးေတြမွာ စက္မႈႏိုင္ငံႀကီးေတြရဲ႕ ေခါင္းေဆာင္ေတြကိုယ္တိုင္ ေဆြးေႏြးခဲ့တာကို ေတြ႕ရပါတယ္။

ဒီ အြန္လိုင္းအခမ္းအနားမွာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္ဇ္ က ႏိုင္ငံတိုင္းကို ဒီေန႔မွာ ရာသီဥတုအေရးေပၚအေျခအေန ေၾကညာၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ဒီေဆြးေႏြးပြဲမွာ ထူးျခားခ်က္ကေတာ့ ႐ုပ္ႂကြင္းေလာင္စာအသုံးျပဳမႈမ်ားတဲ့ တ႐ုတ္နဲ႔ အေမရိကန္ဘက္က ေကာင္းမြန္တဲ့တုံ႔ျပန္မႈေတြ ရခဲ့တာပါ။မၾကာခင္က အေမရိကန္သမၼတအျဖစ္ ေ႐ြးေကာက္ခံရတဲ့ ဘိုင္ဒင္ က ပါရီသေဘာတူညီခ်က္မွာ ျပန္လည္ပါဝင္ဖို႔နဲ႔ တ႐ုတ္ဘက္က ႐ုပ္ႂကြင္းေလာင္စာမဟုတ္တဲ့ ေလာင္စာေတြကို ေျပာင္း လဲအသုံးခ်ေရး၊ သစ္ေတာေတြတိုးခ်ဲ႕ေရးႏွင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ထုတ္လႊင့္မႈ ေလွ်ာ့ခ်ေရးေတြကို ေဆြးေႏြးခဲ့တာကို ေတြ႕ရပါတယ္။အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ၿဗိတိန္ဆိုရင္လည္း ႏိုင္ငံရပ္ျခား ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာစီမံကိန္းမ်ားအား အစိုးရက တိုက္႐ိုက္ေထာက္ပံ့ ကူညီေပးေတာ့မည္ မဟုတ္ေတာ့ဘူးဆိုၿပီး ကတိေပးခဲ့ပါတယ္။

ကမာၻ႔ရာသီဥတုအေနအထားက တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုဆိုး႐ြားလာေနပါတယ္။ပါရီ ရာသီဥတုသေဘာတူညီမႈေနာက္ပိုင္းမွာ ဘရာဇီး အေမဇုန္ေတာမီးေလာင္ကြၽမ္းမႈ၊ ၾသစေၾတးလ်ႏွင့္ ကယ္လီဖိုးနီးယားမွာ ႀကီးမားေသာ ေတာမီးမ်ားေလာင္ကြၽမ္းၿပီး  တျခားဘက္အျခမ္းျဖစ္တဲ့ အႏၲာတိကမွာ ကမာၻ႔အပူခ်ိန္ျမင့္တက္မႈရဲ႕ ဆိုးက်ိဳးသက္ေရာက္မႈျဖစ္တဲ့ ေရခဲထုမ်ားၿပိဳက်ျခင္းအထိ ေတြ႕လာရပါတယ္။ဒါဟာ ယခုႏွစ္ေတြေနာက္ပိုင္းမွာ ထူးျခားတဲ့ ရာသီဥတုအေျပာင္းအလဲေတြပါဘဲ။သိသာတာက COVID-19 ကပ္ေရာဂါျဖစ္ပြားသည့္ ယခုႏွစ္အတြင္း ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္လႊတ္မႈ ၇ ရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီး ဒါဟာ ပမာဏအမ်ားဆုံးက်ဆင္းခဲ့တဲ့ ႏွစ္တစ္ခုပါဘဲ။အဓိကအားျဖင့္ ကပ္ေရာဂါအတြင္း ကားမ်ား၊ ေလယာဥ္မ်ားျဖင့္ ခရီးသြားမႈနည္းပါးျခင္းႏွင့္ လူမ်ားစုေနအိမ္မွာသာေနၾကျခင္းေၾကာင့္ အဓိကက်ဆင္းျခင္းျဖစ္ပါတယ္။

အဆိုပါအြန္လိုင္းထိပ္သီးေဆြးေႏြးပြဲမွာ ခ်မ္းသာတဲ့ စက္မႈႏိုင္ငံေတြေၾကာင့္ ဆင္းရဲတဲ့ႏိုင္ငံေတြမွာ ရာသီဥတုဒဏ္ခံရလာရတာ၊ ကမာၻႀကီးပူေႏြးလာတဲ့အတြက္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာၿပီး ပင္လယ္ေအာက္ေရာက္သြားႏိုင္မႈ ၿခိမ္းေျခာက္မႈေတြ ႀကဳံေနရတာေတြက အဓိကထည့္သြင္းေျပာဆိုရတဲ့ အေၾကာင္းအရာေတြျဖစ္ခဲ့သလို ကိုဗစ္ေၾကာင့္ ရာသီဥတုေဂဟစနစ္ ပ်က္ယြင္းမႈ‌ဟာ သီးျခားကင္းလြတ္ဖြယ္မျမင္တာကိုလည္း ႏိုင္ငံတိုင္းက သိျမင္လာခဲ့ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။အထူးသျဖင့္ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာ အာရွေဒသတစ္ဝန္း အပူပိုင္းဆိုင္ကလုန္းမုန္တိုင္းမ်ား၊ ေရႀကီးမႈ၊ မိုးေခါင္ေရရွားမႈႏွင့္ အပူလႈိင္းက်ေရာက္ျခင္းကဲ့သို႔ အစြန္းေရာက္ရာသီဥတုျဖစ္ရပ္မ်ားကို ျပင္းထန္မႈေရာ အႀကိမ္ေရအားျဖင့္ပါ တိုးတက္ခံစားေနရတာကို ျမင္ေတြ႕ေနရပါတယ္။  

ကမာၻ႔အပူခ်ိန္မွာ ၁ ဒသမ ၅ ႏွင့္ ၂ ဒီဂရီဆဲလ္ဆီးရပ္စ္ၾကား ျမင့္တက္လာခဲ့ရင္ ကမာၻတစ္ဝန္းျဖစ္ေနတဲ့ ေဘးအႏၲရာယ္က  ႏွစ္ဆအထိျဖစ္လာႏိုင္တယ္ဆိုတဲ့ စိုးရိမ္မႈေတြလည္းရွိခဲ့ပါတယ္။ဒီထက္ ၃ ဒီဂရီဆဲလ္ဆီးရပ္စ္အထိ ထပ္မံျမင့္တက္လာခဲ့ရင္ ေနာက္ထပ္ႏွစ္ဆ ဆပြားထိခိုက္ႏိုင္တဲ့အတြက္ ရာသီဥတုေဘးက ကမာၻ႔အပူခ်ိန္တက္လာတာနဲ႔အမွ် မွ်ေျခပ်က္ၿပီး စိုးရိမ္ဖြယ္ရာအေနအထားပါဘဲ။ေနာက္တစ္ခုက ေလထုညစ္ညမ္းမႈပါ။အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြ ေရာဂါေတြကိုျဖစ္ေစခဲ့တဲ့ ေလထုညစ္ညမ္းမႈက လက္ရွိမွာ အာရွေဒသက ကမာၻ႔အျမင့္ဆုံးပါဘဲ။နယူးေဒလီ၊ ေဘက်င္း၊ ဘန္ေကာက္၊ ရန္ကုန္ စတဲ့ၿမိဳ႕ေတြက ေလထုညစ္ညမ္းမႈက ထိပ္ဆုံးမွာျဖစ္ေနတယ္ ဆိုပါတယ္။   

ကမာၻ႔ရဲ႕ ယိုယြင္းပ်က္စီးမႈက ေျပာစမွတ္ျပဳရေလာက္ေအာင္ သိသာေနပါၿပီ။ကပ္ေဘးေတြထဲ ပထမဆုံးေရာဂါကပ္ေဘးကို ႀကဳံရၿပီးေနာက္ ေနာက္ဆက္တြဲလာႏိုင္တဲ့ အငတ္ေဘးကိုမႀကဳံရဖို႔ ႏိုင္ငံမ်ားစြာက အားထုတ္ေနၾကတာကို ေတြ႕ရပါတယ္။ကပ္ေဘးက ဘာေၾကာင့္ျဖစ္လာလဲဆိုတာကို အေျဖရွာဖို႔ တ႐ုတ္ႏိုင္ငံ ၀ူဟန္ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ ဦးေဆာင္တဲ့ စစ္ေဆးေရးအဖြဲ႕ သြားခဲ့တာကို ယခုရက္သတၱပတ္ထဲမွာ ေတြ႕ရပါတယ္။

လတ္တေလာမွာ ဖ်က္ဆီးစြမ္းအားႀကီးတဲ့ ဆိုင္ကလုံးမုန္တိုင္း ယာဆာ ဝင္ေရာက္မွာမို႔လို႔ ကြၽန္းႏိုင္ငံျဖစ္တဲ့ ဖီဂ်ီမွာ ေဒသခံေတြကို ေဘးလြတ္ရာအျမန္ေ႐ႊ႕ေနရပါတယ္။ခန႔္မွန္းမႈေတြအရ ေဘးလြတ္ရာမရွိႏိုင္ဘူးဆိုတဲ့အတြက္ ပ်က္စီးဆုံးရႈံးမႈေတြ လူအေသအေပ်ာက္ေတြက ဆိုး႐ြားေနပါလိမ့္မယ္။ၾကာသပေတးေန႔ေႏွာင္းပိုင္းမွာ ဖီဂ်ီကို မုန္တိုင္းဝင္ခဲ့ေပမယ္‌ ယခုခ်ိန္မွာ အပ်က္အစီးသတင္းကို မသိရေသးပါဘူး။ဖီဂ်ီမွာ ဒီလိုမုန္တိုင္း ယာစာေၾကာင့္ ပ်က္စီးဆုံးရႈံးမႈျပင္းထန္ေနသလို အေမရိကန္မွာလည္း ႏွင္းမုန္တိုင္းဝင္ေရာက္ေနလို႔   ျပည္နယ္ ၁၄ ခုကို သတိေပးခ်က္ေတြ ထုတ္ထားရပါတယ္။ဂ်ပန္မွာဆိုရင္လည္း ဆီးႏွင္းေတြ သည္းထန္စြာက်ေရာက္ရာမွာ သုံးရက္အတြင္း ႏွစ္မီတာ (၆ ဒသမ ၆ ေပအထိ) က်ဆင္းခဲ့လို႔ အသြားအလာေတြ ျပတ္ေတာက္ခက္ခဲခဲ့ပါတယ္။

ဒါဟာ ဒီရက္ေလးမွာျဖစ္တဲ့ သဘာ၀ေဘးဘဲ ျဖစ္ပါေသးတယ္။ယခုရက္ထဲ သတင္းေတြအမ်ားႀကီးရွိခဲ့ေပမယ့္ အဓိကအားျဖင့္ ဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ သတင္းေတြ၊ ကမာၻႀကီးပူေႏြးလာမႈရဲ႕ အဓိကလက္သည္ စက္မႈႏိုင္ငံႀကီးေတြဘက္က ထူးထူးျခားျခားေပးလာတဲ့ ကတိကဝတ္ေတြက ပိုၿပီးစိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။ဒီရက္ထဲမွာ တျခားစိတ္ဝင္စားစရာ သတင္းေတြရွိေပမယ့္ ဒီသတင္းႏွစ္ပုဒ္က သတင္းေတြထဲထူးၿပီး သတိထားစရာျဖစ္ေနတယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္အတြက္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဒီဇင္ဘာ - ၁၈