【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့်အလွန် ကမ္ဘာ ဘာတွေဖြစ်လာမလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့်အလွန် ကမ္ဘာ ဘာတွေဖြစ်လာမလဲ

ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းတွေထဲ အများဆုံးဖော်ပြဖြစ်ခဲ့တဲ့ သတင်းတွေကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲ သတင်းတွေဘဲဖြစ်ပါတယ်။ဒီရွေးကောက်ပွဲက နောင်လာမယ့် ၄ နှစ်အတွင်း နိုင်ငံတကာ အရေးတွေမှာ အခရာကျတဲ့ အင်အားကြီးနိုင်ငံတစ်ခုကို ကြိုးကိုင်ချယ်လှယ်မယ့်သူကို ရွေးတာအပြင် ယခုရာစုနှစ်ထဲမှာ အထူးခြားဆုံးနှင့် ခန့်မှန်းရအခက်ဆုံး၊ စိတ်ပေါက်ရင် ပေါက်သလို ထလုပ်တတ်တဲ့ သမ္မတတစ်ဦးဖြစ်တဲ့ ထရမ့် ကို သမ္မတအဖြစ် ဆက်လက်တာဝန်ပေးမလား၊ မပေးမလားဆိုတာကို အမေရိကန်ပြည်သူတွေက ရွေးချယ်တာဝန်ပေးကြတာဖြစ်လို့ တစ်ကမ္ဘာလုံးက ရင်တမမစောင့်ကြည့်ရတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

 
ဒီရွေးကောက်ပွဲက ဘယ်လောက်ထိ နိုင်ငံတကာဇာတ်ခုံ၊ အထူးသဖြင့် အမေရိကန်နဲ့ တင်းမာမှုရှိနေတဲ့ နိုင်ငံတွေအဖို့ နိုင်ငံရဲ့ပေါ်လစီကို ရွေးချယ်ခံရသူအပေါ် မူတည်ပြီး အပြောင်းအလဲတွေလုပ်ရမှာမို့ စောင့်ကြည့်နေရတဲ့အထိ ရိုက်ခတ်မှုရှိတဲ့ ရာစုနှစ်ထဲ အရေးပါတဲ့ရွေးကောက်ပွဲကြီး ဖြစ်ခဲ့ပါတယ်။ကမ္ဘာ့စစ်ရေး၊ သံခင်းတမန်ခင်း၊ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးကအစ သက်ရောက်မှုရှိနေတဲ့အတွက် အမေရိကန်ရွေးကောက်ပွဲသတင်းက ယခုရက်သတ္တပတ်ရဲ့ အရေးကြီးဆုံးသတင်းဖြစ်ခဲ့ပါတယ်။အားလုံးက ထရမ့်အလွန်နဲ့ ထရမ့်ဆက်တာဝန်ယူခွင့်ရတဲ့ ကာလတွေကို တွက်ချက်နေရဆဲပါဘဲ။
 
တခြားတစ်ဘက်မှာတော့ သဘာ၀ဘေးတွေထဲက ရာသီဥတုနဲ့ ကျန်းမာရေးကပ်ဘေးတွေက သတိထားမိလောက်အောင် ပြင်းထန်နေပါတယ်။ဒီလိုသတင်းတွေအပြင် အခြားစိတ်ဝင်တစား သတိထားမိတဲ့ သတင်းတွေလည်း ရှိပါသေးတယ်။ဒီသတင်းတွေထဲကနေ ပထမဆုံး အမေရိကန်ရွေးကောက်ပွဲသတင်းတွေကို တင်ပြချင်ပါတယ်။
 
ထရမ့် အရွေးမခံရရင် ဖြစ်လာနိုင်တဲ့ ပြဿနာများ
 
ယခင်ထက် ပြိုင်ဆိုင်မှုပြင်းထန်မယ်လို့ ယူဆထားခဲ့တဲ့အတိုင်း အမေရိကန်‌သမ္မတရွေးကောက်ပွဲက လက်ရှိသမ္မတဘက်က အရေးနိမ့်လာမယ့် အခြေအနေကို မြင်လာရတဲ့အခါ နိုင်ငံရေးမတည်မငြိမ်ဖြစ်မလားဆိုတဲ့ တွေးထင်ချက်တွေ ထွက်လာခဲ့ပါတယ်။နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်ခင် ပြိုင်ဘက်နှစ်ဦး ပြောစကားတွေ၊ လူထုတွေ့ဆုံပွဲတွေကို ကြည့်မယ်ဆိုရင် ဒီလိုအရိပ်အယောင်တွေကို တွေ့ရမှာဖြစ်ပါတယ်။ 
 
အဆုံးအဖြတ်သဖွယ်ဖြစ်ခဲ့တဲ့ ၀စ္စ်ကွန်ဆင်ပြည်နယ်က ကန်နိုရှာမြို့မှာ ထရမ့် က နိုဝင်ဘာ ၂ ရက် မဲဆွယ်စည်းရုံးမှုမှာ “ကျုပ်ကို ငိုရအောင်တော့ မလုပ်ကြနဲ့နော်” ဆိုပြီး အမေရိကန်လူမည်းအားလုံးကို ပြောခဲ့ပါတယ်။မဲဆွယ်စည်းရုံးပွဲ ၁၄ ခုအထိရှိခဲ့တဲ့ သုံးရက်ကြာ မဲဆွယ်ခရီးစဉ်ကို နိုဝင်ဘာ ၂ ရက်မှာ မီချီဂန်ပြည်နယ်ရဲ့ ဂရန်းရက်ပစ်မြို့မှာ အဆုံးသတ်ခဲ့တဲ့ ထရမ့်အတွက် ဒီရွေးကောက်ပွဲမှာ သူသာပြန်အရွေးခံရမယ်လို့ ကျိန်းသေယူဆထားပြီး တစ်ကယ်လို့ အရွေးမခံရရင်တောင် ဒါဟာ မသမာမှုအဖြစ်ပြောထားခဲ့တာရှိသလို အာဏာာကိုလည်း ပြိုင်ဘက်ကို အလွယ်တကူမလွှဲဘူးလို့ ပြောခဲ့တဲ့အတွက် နောက်ပိုင်းမှာ ရီပတ်ဘလီကင်အမတ်တွေက ထရမ့်အပြောကို ဝင်ထိန်းခဲ့ရတာကိုလည်း တွေ့ရပါတယ်။ 
 
ရွေးကောက်ပွဲရက်မရောက်မီ ထုံးစံအတိုင်း ပေါ်ပြူလာဗုတ်တွေ၊ ခန့်မှန်းတွေ ထွက်လာတဲ့အခါ ထရမ့် က ပေါ်ပြူလာဗုတ်မှာ အနည်းငယ်တက်လာခဲ့ပေမယ့် လူကြိုက်အများဆုံး စစ်တမ်းမှာတော့ ဘိုင်ဒင် က ဦးဆောင်နေခဲ့ပါတယ်။ထရမ့်အနေနဲ့ သူအသာရနိုင်ဖို့ နည်းလမ်းမှန်သမျှ ကျင့်သုံးဖို့အထိ ပြောလာတာကို တွေ့ရပါတယ်။ထူးထူးခြားခြား တချို့ပြည်နယ်များကတင်ပြတဲ့ မဲပေးသည့်နေ့ပြီးနောက် မဲပေးသောရက်စွဲနှင့် စာအိတ်ဖြင့် မဲပေးလာသည့်စနစ်မျိုးအထိ လက်ခံပေးဖို့ ပြောခဲ့တာကိုတွေ့ရပါတယ်။အစောပိုင်းမှာ ထရမ့် က ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲရလဒ်အားလုံးကို ကြေညာဖို့ပြောခဲ့ပေမယ့် ပြိုင်ဘက် ဘိုင်ဒင်ကတော့ မေးလ်မှတစ်ဆင့်ပေးပို့တဲ့ ဆန္ဒမဲလက်မှတ်တွေကိုပါ လက်ခံဖို့အတွက် နောက်ဆုံးသတ်မှတ်ထားတဲ့နေ့ရက်ကို ထပ်မံတိုးမြှင့်သင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။အဲဒီရက်မှာဘဲ ထရမ့် က ရွေးကောက်ပွဲရက်ပြီးမှ မေးလ်ကနေလာတဲ့ ဆန္ဒမဲတွေကို ထည့်ရေတွက်ရင် တရားရုံးမှာ တရားရင်ဆိုင်မယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ 
 
နိုဝင်ဘာ ၃ ရက်မတိုင်မီ နိုဝင်ဘာ ၁ ရက်အထိ ကြိုတင်ဆန္ဒမဲပေးသူ အရေအတွက်က အမေရိကန်နိုင်ငံတစ်ဝန်း၌ ကြိုတင်မဲပေးပြီးသူ ၉၃ သန်းနီးပါးထိ ရှိခဲ့ပါတယ်။ဒီအရေအတွက်က မဲပေးသူအရေအတွက် ကျဆင်းခဲ့တဲ့ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ရဲ့ ၆၇ ရာခိုင်နူန်းထိ ရှိခဲ့ပါတယ်။နိုဝင်ဘာ ၃ ရက် မတိုင်မီအထိ စစ်တမ်းတွေအသီးသီးမှာတော့ ထရမ့်ရဲ့ပြိုင်ဘက် ဒီမိုကရက်တစ်တွေဘက်က ဘိုင်ဒင် က ထရမ့် ကို တောက်လျှောက်ဦးဆောင်နေခဲ့တာကို တွေ့ရပါတယ်။
 
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွေကို ကျင်းပတဲ့အခါ ကိုဗစ်ကူးစက်မှု ပြင်းထန်နေတဲ့ကာလဖြစ်တဲ့အတွက် မဲရုံတွေကို mask တွေ တပ်ပြီး မဲလာပေးကြတာက ထူးဆန်းတဲ့မြင်ကွင်းဘဲဖြစ်ပါတယ်။ပြည်နယ် ၅၀ မှာ မနက်အစောကတည်းက အမေရိကန်ပြည်သူတွေ မဲလာပေးကြသလို နိုင်ငံတကာကလည်း စောင့်ကြည့်စိတ်ဝင်စားမှု ပိုခဲ့ပါတယ်။အီလက်ထရိုဗုတ်လို့ခေါ်တဲ့ သမ္မတရွေးချယ်ခံ ကိုယ်စားလှယ်မဲ တစ်နိုင်ငံလုံးမှာ ၅၃၈ မဲရှိတဲ့အတွက် သမ္မတလောင်းတစ်ဦးမှာ ကိုယ်စားလှယ်မဲ ၂၇၀ ရရှိခဲ့ရင် အနိုင်ရမှာဖြစ်လို့ ပြည်နယ်ရွေးကောက်ပွဲမှာ ဘယ်သူကဦးဆောင်လဲဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ပါတယ်။
 
အစောပိုင်းကတည်းက ထရမ့် က ပြောခဲ့တဲ့စကားနဲ့ ထရမ့်လက်ထက် ရီပတ်ဘလီကင်ပါတီကို ထောက်ခံတဲ့သူတွေ လှုပ်ရှားမှုတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်သာ အနိုင်မရခဲ့ရင် ဆူပူသောင်းကျန်းမှုတွေရှိလာနိုင်တဲ့အတွက် နောက်ဆက်တွဲမတည်မငြိမ်မှုတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အမေရိကန်နိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာ စျေးဆိုင်ပိုင်ရှင်တွေ၊ လက်လီအရောင်းဆိုင်တွေက ဖျက်ဆီးခံရနိုင်တဲ့ အခြေအနေကနေ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။
 
စစ်တမ်းများမှာ ကြိုတင်ပြဆိုထားတဲ့အတိုင်း တစ်ကယ်မဲပေးတဲ့နေ့တွေမှာ ထရမ့် ကို ကျော်လွန်ပြီး ဘိုင်ဒင် က အီလက်ထရိုဗုတ်မှာ ဦးဆောင်ခဲ့ပါတယ်။အထူးသဖြင့် ရီပတ်ဘလီကင်အားကောင်းတဲ့ ပြည်နယ်တွေ၊ ဒီမိိုကရက်တစ်တွေအားကောင်းတဲ့ ပြည်နယ်တွေမှာ ထရမ့်နဲ့ ဘိုင်ဒင်တို့အသီးသီးအနိုင်ရခဲ့ပေမယ့် ပါတီအစွဲမရှိတဲ့ ပြည်နယ်တွေက မဲတွေမှာတော့ ထရမ့်လက်ထက် ကူးစက်ကပ်ရောဂါဘေးနဲ့ တခြားသောစီမံခန့်ခွဲမှု့အလွဲတွေ၊ လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းတွေ ဖြစ်ခဲ့တာတွေကြောင့် ဘိုင်ဒင်ဘက်ကို ယိမ်းခဲ့တဲ့အတွက် သမ္မတရွေးချယ်တင်မြှောက်နိုင်တဲ့ ကိုယ်စားလှယ်မဲ ၂၀၀ ကျော်ချိန်မှာ ထရမ့် က ၂၁၀ ကျော်နဲ့ ရပ်တန့်သွားပြီး ဘိုင်ဒင် က ၂၇၀ နားကို လက်တစ်ကမ်းထိ ကပ်လာခဲ့ပါတယ်။
 
ထရမ့်အတွက် ဒီလို မဲတန့်တော့မယ့် အခြေအနေအဖြစ် ၀စ္စ်ကွန်ဆင်ပြည်နယ်မှာ သူဦးဆောင်နေပြီးမှ ဘိုင်ဒင် က ကျော်တက်ဦးဆောင်လာတဲ့ အချိန်မှာ ဒီမိုကရက်တစ်တွေဘက်က မဲလိမ်မှုတွေရှိတယ်ဆိုပြီး စွပ်စွဲမှုတွေ စလာခဲ့သလို့ မဲပြန်ရေပေးဖို့အထိ တောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။
 
နိုဝင်ဘာ၄ ရက်မှာ မဲရေတွက်မှုတွေ အရှိန်ကောင်းနေစဉ်မှာ ထရမ့် က ထူးထူးခြားခြား အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သူရွေးကောက်ပွဲမှာ အနိုင်ရပြီဖြစ်လို့ မဲတွေကိုရေတွက်တာရပ်ဆိုင်းဖို့ ပြောခဲ့ပါတယ်။သူပြောတဲ့အချိန်မှာ ပင်ဆင်ဗေးနီးယား၊ ၀စ္စ်ကွန်ဆင်၊ မီချီဂန်၊ ဂျော်ဂျီယာ စတဲ့ပြည်နယ်တွေရဲ့ မဲရေတွက်မှုက မပြီးသေးသလို စာတိုက်ကနေလာတဲ့ မဲတွေကို ရေတွက်မှုကလည်း အပြီးမသတ်သေးပါဘူး။ဒါကြောင့် ဘိုင်ဒင် က ဆန္ဒမဲတွေကိုရေတွက်ပြီးမှ အပြီးသတ်မယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ထရမ့်အနေနနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ကိုယ်စားလှယ်မဲအရေအတွက်က မတက်လာပေမယ့် ဘိုင်ဒင်ကတော့ တက်လာပါတယ်။နိုဝင်ဘာ ၆ ရက်အထိဆိုရင် ဘိုင်ဒင်က ၂၆၄ ထိ ရနေပြီး ထရမ့် က ၂၁၄ ထိသာ ရနေသေးပါတယ်။ဒီအချိန်မှာ swing state လို့ ခေါ်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ် ၆ ခုက ကိုယ်စားလှယ်မဲ ၆၀ ကျန်သေးပြီး အဖြေက ကွဲကွဲပြားပြားမထွက်သေးပါဘူး။ဒီ ၆၀ မဲမှာ ဂျော်ဂျီယာ၊ နီဗားဒါးနဲ့ အရီဇိုးနားမှာ ဘိုင်ဒင် က ဦးဆောင်နေပြီး မြောက်ကာရိုလိုင်းနား၊ ပင်ဆယ်ဗေးနီးယား၊ ဖလော်ရီဒါတွေမှာ ထရမ့် က ဦးဆောင်နေခဲ့ပါတယ်။
 
တွက်ကိန်းတွေ ပြင်ဆင်မှုတွေအရဆိုရင် ဘိုင်ဒင်ဘက်က အလေးသာနေသလို အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးတွေက သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒင် အနိုင်ရပြီး အောင်ပွဲခံမိန့်ခွန်း ပြောနိုင်ခြေရှိနေလို့ သောကြာနေ့မှာ ဘိုင်ဒင် အောင်ပွဲခံမည့်နေရာဖြစ်ဖွယ်ရှိတဲ့ ဝယ်မင်တန်ကို အင်အားပိုမိုချထားတဲ့သတင်းတွေ ထွက်လာခဲ့ပါတယ်။
 
ထရမ့်ဘက်ကတော့ လွယ်လွယ်နဲ့အလျှော့မပေးဘဲ ဘိုင်ဒင် အနိုင်ရရင်တောင် ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း အစပျိုးတဲ့အနေနဲ့ ပြည်နယ်သုံးခုဖြစ်တဲ့ ပင်ဆယ်ဗေးနီးယား၊ မီချီဂန်နဲ့ ဂျော်ဂျီယာပြည်နယ်တွေမှာ မဲရေတွက်မှုရလဒ်တွေကို ပြန်ရေတွက်ပေးဖို့ ဥပဒေကြောင်းအရ လျှောက်ထားမှုတွေ စခဲ့ပါတယ်။
 
ပြည်လည်ရွေးကောက်ခံရရေးအတွက် ထရမ့်ရဲ့ ရုန်းကန်မှုတွေကို အမေရိကန်မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။မီဒီယာတွေနဲ့ ပုလဲနံသင့်မရှိခဲ့တဲ့ ထရမ့်အတွက် ဒါဟာ သတိပြုစရာပါ။အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲကျင်းပပြီးနောက် မဲဆန္ဒရှင် လိမ်လည်မှုရှိကြောင်းနှင့် ဒီမိုကရက်တို့သည့် ရွေးကောက်ပွဲကိုခိုးယူကြောင်း ထပ်မံပြောကြားတဲ့ ထရမ့် ကို ပက်လက်လန်နေသည့် အဝလွန်လိပ်တစ်ကောင် နေပူပူတွင် ရုန်းကန်နေတာနဲ့တူကြောင်း နာမည်ကြီးမီဒီယာဖြစ်တဲ့ စီအန်အန်က သတင်းတင်ဆက်သူက ဝေဖန်ခဲ့ပါတယ်။ 
 
ထရမ့်အတွက် သမ္မတပြန်လည်ရွေးကောက်ခံရမှု၊ အနိုင်ရမှုက ထရမ့်အပြင် ရီပတ်ဘလီကင်တွေအတွက်သာမကပါဘူး။တခြားသော ကမ္ဘာနိုင်ငံတွေအတွက်လည်း အရေးပါနေတဲ့အနေအထားရှိနေတာကို ရွေးကောက်ပွဲကာလမှာ ထရမ့် ပြန်အရွေးခံရဖို့ နိုင်ငံအချို့မှာ ထေက်ခံပွဲလုပ်တာတွေကိုကြည့်ရင် သိသာနေတဲ့ အခင်းအကျင်းဘဲ ဖြစ်ပါတယ်။ 
 
ထရမ့်လက်ထက် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၊ နည်းပညာ၊ ကုန်သွယ်ရေး၊လုံခြုံရေးနဲ့ သူလျှိုကိစ္စရပ်တွေကြောင့် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နဲ့ အဆိုးရွားဆုံးဆက်ဆံရေးအခြေအနေကိုရောက်နေတဲ့ တရုတ်ဘက်ကတော့ တက်လာတဲ့ အမေရိကန်အစိုးရအဖွဲ့သစ်ဟာ တရုတ်နိုင်ငံနဲ့ ပဋိပက္ခမဖြစ်ရေး၊ အပြန်အလှန်လေးစားမှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိရေးစတဲ့ ကိစ္စရပ်တွေမှာ အတူတကွပူးပေါင်းလုပ်ကိုင်နိုင်မယ်လို့မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
 
ထရမ့်အလွန် အမေရိကန်နိုင်ငံရဲ့ အခြေအနေက ရီပတ်ဘလီကင်တွေလို နိုင်ငံတကာရေးရာတွေမှာ အစွန်းရောက်နိုင်ငံတွေ၊ ထောင်ထလာတဲ့ နိုင်ငံတွေကို တင်းတင်းမာမာဆက်ဆံတဲ့ပုံစံ၊ ကမ္ဘာ့အဖွဲ့အစည်းတွေကနေ ခပ်ကင်းကင်းနေတဲ့ ပုံစံကနေ ပြန်ကွေ့လာဖို့များနေပါတယ်။ဒါ့အပြင် မဲရလဒ်ဆိုင်ရာ အငြင်းပွားမှုကလည်း အမေရိကန်သမ္မတရွေးကောက်ပွဲသမိုင်းမှာ ထူးထူးခြားခြားမြင်တွေ့ရဖွယ်ရှိပြီး ရီပတ်ဘလီကင်ဖြစ်တဲ့ လူဖြူတွေနဲ့ ပညာတတ်တွေ၊ ရွှေ့ပြောင်းအခြေချတွေ၊ လူမည်းနဲ့ ဒေသခံတွေ မျှတတဲ့ သဘောထားရှိတဲ့ ဒီမိုကရက်တစ်တွေကြားမှာ‌တော့ တင်းမာမှုတွေ ယခင်ကထက် ပိုမြင်တွေ့ရဖို့ရှိပါတယ်။
 
ဗိုင်းရပ်စ်ကြောင့် အထိနာနေတဲ့ အမေရိကန်နဲ့ ကမ္ဘာအတွက် ထရမ့်နဲ့ ဘိုင်ဒင် ဘယ်သူက ပိုစွမ်းဆောင်နိုင်သလဲဆိုတာ မကြာခင်တွေ့ရမယ် ထင်ပါတယ်။
 
ဆိုးရွားသည့်ငလျင်နှင့် ပြင်းထန်သည့်တိုင်ဖွန်း
 
ကျန်းမာရေးဆိုင်ရာ ရောဂါကပ်ဘေးနှင့် ရင်ဆိုင်နေရသော ယနေ့ကမ္ဘာတွင် ယခုရက်သတ္တပတ်အတွင်း ပြင်းထန်သည့်မုန်တိုင်းများ၊ ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုများကို တွေ့ကြုံခဲ့ရတာကို တွေ့ခဲ့ရပါတယ်။
 
ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေတဲ့ အမေရိကန်နိုင်ငံကို အောက်တိုဘာ ၂၈ ရက်က အဆင့်-၂ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းတစ်ခု ဝင်ရောက်ခဲ့ပါတယ်။ဇီတာလို့ အမည်ပေးထားတဲ့ အဆိုပါဟာရီကန်းမုန်တိုင်းဟာ အမေရိကန်တောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက် ဝင်ရောက်တိုက်ခတ်ခဲ့လို့ လူဝီစီးယားနားပြည်နယ်မှာ သစ်ပင်တွေပြိုလဲလို့ လျှပ်စစ်မီးပြတ်တောက်တာတွေ၊ လူသေဆုံးတာတွေဖြစ်ခဲ့ပါတယ်။ 
 
အာရှဘက်မှာတော့ တိုင်ဖွန်းမုန်တိုင်း မိုလေဗ် ဝင်သွားတာ တစ်ပတ်တောင်မကြာသေးတဲ့အချိန်မှာဘဲ ယခုနှစ်ရဲ့ အင်အားအပြင်းဆုံးလို့ သတ်မှတ်ထားတဲ့ စူပါတိုင်ဖုန်းမုန်တိုင်း ဂွန်နီဟာ ဖိလစ်ပိုင်ကို အောက်တိုဘာ ၁ ရက်က ဝင်ရောက်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ မုန်တိုင်း မိုလေဗ်ကြောင့် လူ ၂၂ ဦးသေဆုံးပြီး မြေနိမ့် ပိုင်းကျေးရွာတွေနဲ့ လယ်ယာမြေတွေ ရေလွှမ်းမိုးခံထားရတာပါ။ယခုလို အင်အားပြင်းတဲ့ မုန်တိုင်းဝင်ရောက်ခဲ့လာချိန်မှာတော့ ကြိုတင်ပြီး ရာသီဥတုကပ်ဘေးအဖြစ် အာဏာပိုင်တွေက သတ်မှတ်ထားတဲ့အတွက် လူပေါင်းတစ်သန်းနီးပါးကို ဘေးကင်းရာ ပြောင်းရွှေ့ထားနိုင်ခဲ့ပါတယ်။ 
 
တနင်္ဂနွေနေ့ မနက်အစောပိုင်း ၄ နာရီကျော်မှာတော့ လူဇုန်ကျွန်းမကြီး တောင်ဖက်အစွန်းနဲ့ ကာတန်ဒူယန်နီကျွန်းတွေကို တစ်နာရီ မိုင် ၁၄၀ နူန်းနဲ့ စူပါတိုင်ဖွန်းမုန်တိုင်းက ဝင်ရောက်ခဲ့ပါတယ်။
 
ပြင်းထန်တဲ့ လေတိုက်နူန်းနဲ့ မုန်တိုင်းကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီး လူဦးရေအများဆုံး လူဇုန်ကျွန်းတောင်ပိုင်းက အိမ်အများအပြား မြေပြိုမှုဒဏ်ခံခဲ့ရပါတယ်။နိုဝင်ဘာ ၃ ရက်အထိ သေဆုံးသူအရေအတွက် က ၂၀ ဦးအထိ မြင့်တက်ခဲ့ကာ အိမ်တွေ၊ ကားတွေနဲ့ လမ်းတံတားအဆောက်အအုံများစွာလည်း ပျက်စီးခဲ့ပြီး ဘီကောဒေသက မြို့အများအပြား ရေနစ်မြုပ်ခဲ့ပါတယ်။တချို့ဒေသတွေမှာဆိုရင် အိမ်ခြေ ၉၀ ရာခိုင်နှုန်းအထိ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး မေယွန်မီးတောင်အနီး ရွာနှစ်ရွာက အိမ်ပေါင်းများစွာ မြေပြိုမှုကြောင့် နစ်မြုပ်ခဲ့ရပါတယ်။ 
 
မြို့ပြကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဂွန်နီမုန်တိုင်း ဖြတ်သန်းရာလမ်းတစ်လျှောက်က လယ်မြေတွေအပါအဝင် အိမ်ပေါင်း ၂၀၀၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး အိမ်အလုံးရေ ၅၈၀၀၀ လောက်က တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
 
အာရှအရှေ့တောင်ဘက်မှာ မုန်တိုင်းတွေနဲ့ ထွေးလုံးရစ်ပတ်နေတဲ့အချိန်မှာဘဲ တူရကီနဲ့ ဂရီကျွန်းကို ဗဟိုပြုပြီး အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခဲ့လို့ လူပေါင်း ၁၀၀ ဦး သေဆုံးပြီး ၉၀၀ နီးပါး ဒဏ်ရာရပါတယ်။ဒါဇင်ကျော်တဲ့ ပြင်းအား ရစ်ချ်တာစကေး ၄ အဆင့်ကျော်တဲ့ ငလျင်တွေအပါအဝင် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၆၀၀ နီးပါး လှုပ်ခဲ့ပါတယ်။ငလျင်က တူရကီနှင့် ဂရိနိုင်ငံအကြား အေဂျင်းပင်လယ်ထဲကို ဗဟိုပြုလှုပ်ရှားခဲ့လို့ ဆူနာမီလှိုင်းဖြစ်ပွားမှုရှိခဲ့လို့ ဂရိပိုင် ဆာမို့စ်ကျွန်းမှာ ဆူနာမီအသေးစား ဖြစ်ပေါ်ခဲ့သလို ပင်လယ်ရေမြင့်တက်တာကြောင့် တူရကီကမ်းရိုးတန်းမြို့တစ်မြို့မှာ မြစ်ရေလျှံတက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။တူရကီ ကမ်းရိုးတန်းမြို့ အစ်ဇ်မားနားက ဘေရတ်လီအရပ်ဟာ ငလျင်ဘေးကို အပြင်းထန်ဆုံးခံစားခဲ့ရပြီး ကွန်ဂရစ်ပုံတွေ၊ အုတ်ကျိုးအုတ်ပျက်ပုံတွေနဲ့ အပျက်အစီးတွေအောက်ကနေ လူရာကျော်ကို ကယ်ဆယ်ထားနိုင်ခဲ့ပါတယ်။ကယ်ဆယ်ရေးသမားတွေရဲ့ အားထုတ်မှု‌ကြောင့် ငလျင်လှုပ်ပြီး ၉၁ နာရီအကြာမှာ တွေ့ရတဲ့ ၃ နှစ်အရွယ်ကလေးငယ်ကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ 
 
ငလျင်ကြောင့် အထိနာခဲ့တဲ့ တူရကီဟာ အင်အားပြင်းငလျင်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးမှုများ အကြိမ်ကြိမ်ခံစားခဲ့ရပြီး ၁၉၉၉ ခုနှစ်က နိုင်ငံအနောက်ဘက်ပိုင်းမှာလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူ ၁၇၀၀၀ ကျော် သေဆုံးခဲ့ရသလို ၂၀၁၁ ခုနှစ်က နိုင်ငံအရှေ့ပိုင်းမှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၆၀၀ ခန့် သေဆုံးခဲ့ရတဲ့အတွက် ယခုငလျင်လှုပ်ခတ်တဲ့အခါမှာ ကယ်ဆယ်ရေးကို တူရကီအာဏာပိုင်တွေက အားကြိုးမာန်တက် လုပ်ခဲ့တာကို တွေ့ရပါတယ်။ယခုလာမယ့်ရက်တွေထဲမှာ ပစိဖိတ်သမုဒ္ဒရာထဲ အားကောင်းနေတဲ့ တိုင်ဖွန်းအတ်ဆာနီက လာမယ့်ရက်သတ္တပတ်ထဲ ဖိလစ်ပိုင်ကိုဝင်နိုင်လို့ တိုင်ဖွန်းဂွန်နီကြောင့် အပျက်အစီးတွေကို မရှင်းရသေးခင် နောက်လာမယ့် မုန်တိုင်းအတွက် ပြင်ဆင်နေရပါပြီ။ 
 
အမေရိကဘက်က နီကာရာဂွာနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတွေ အပါအဝင် ဗဟိုအမေရိကကိုလည်း ယခုရက်ထဲ ဟာရီကိန်း အဆင့် ၃ ရှိတဲ့ အီတာ ဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေတဲ့အတွက် ပြင်ဆင်နေရသလို တူရကီမှာလည်း ငလျင်အပြိုအပျက်တွေအောက်က လူတွေကို ကယ်ထုတ်နေတာကလည်း မပြီးပြတ်သေးပါဘူး။ 
 
ဒီလိုသဘာ၀ဘေးနဲ့ ရာသီဥတုကပ်ဘေးကို ရင်ဆိုင်နေရချိန်မှာ ရင်ဆိုင်နေရဆဲ ကိုဗစ် ၁၉ ကျန်းမာရေးကပ်ဘေးကလည်း ဥရောပနဲ့ ကမ္ဘာတစ်ဝန်းမှာ ပြန်အားကောင်းနေလို့ ကမ္ဘာအတွက် ယခုရက်သတ္တပတ်တွေက စိတ်ပျက်စရာသတင်းတွေနဲ့ ပြည့်ခဲ့တဲ့ ရက်သတ္တပတ်လို့ဆိုရင်း သတင်းသုံးသပ်မှုကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။
 
မင်းထက်
နိုဝင်ဘာ - ၇
 
( Zawgyi )
 
ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းေတြထဲ အမ်ားဆုံးေဖာ္ျပျဖစ္ခဲ့တဲ့ သတင္းေတြကေတာ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ သတင္းေတြဘဲျဖစ္ပါတယ္။ဒီေ႐ြးေကာက္ပြဲက ေနာင္လာမယ့္ ၄ ႏွစ္အတြင္း ႏိုင္ငံတကာ အေရးေတြမွာ အခရာက်တဲ့ အင္အားႀကီးႏိုင္ငံတစ္ခုကို ႀကိဳးကိုင္ခ်ယ္လွယ္မယ့္သူကို ေ႐ြးတာအျပင္ ယခုရာစုႏွစ္ထဲမွာ အထူးျခားဆုံးႏွင့္ ခန႔္မွန္းရအခက္ဆုံး၊ စိတ္ေပါက္ရင္ ေပါက္သလို ထလုပ္တတ္တဲ့ သမၼတတစ္ဦးျဖစ္တဲ့ ထရမ့္ ကို သမၼတအျဖစ္ ဆက္လက္တာဝန္ေပးမလား၊ မေပးမလားဆိုတာကို အေမရိကန္ျပည္သူေတြက ေ႐ြးခ်ယ္တာဝန္ေပးၾကတာျဖစ္လို႔ တစ္ကမာၻလုံးက ရင္တမမေစာင့္ၾကည့္ရတဲ့ ေ႐ြးေကာက္ပြဲတစ္ခုျဖစ္ခဲ့ပါတယ္။
 
ဒီေ႐ြးေကာက္ပြဲက ဘယ္ေလာက္ထိ ႏိုင္ငံတကာဇာတ္ခုံ၊ အထူးသျဖင့္ အေမရိကန္နဲ႔ တင္းမာမႈရွိေနတဲ့ ႏိုင္ငံေတြအဖို႔ ႏိုင္ငံရဲ႕ေပၚလစီကို ေ႐ြးခ်ယ္ခံရသူအေပၚ မူတည္ၿပီး အေျပာင္းအလဲေတြလုပ္ရမွာမို႔ ေစာင့္ၾကည့္ေနရတဲ့အထိ ႐ိုက္ခတ္မႈရွိတဲ့ ရာစုႏွစ္ထဲ အေရးပါတဲ့ေ႐ြးေကာက္ပြဲႀကီး ျဖစ္ခဲ့ပါတယ္။ကမာၻ႔စစ္ေရး၊ သံခင္းတမန္ခင္း၊ စီးပြားေရး၊ လူမႈေရးနဲ႔ က်န္းမာေရးကအစ သက္ေရာက္မႈရွိေနတဲ့အတြက္ အေမရိကန္ေ႐ြးေကာက္ပြဲသတင္းက ယခုရက္သတၱပတ္ရဲ႕ အေရးႀကီးဆုံးသတင္းျဖစ္ခဲ့ပါတယ္။အားလုံးက ထရမ့္အလြန္နဲ႔ ထရမ့္ဆက္တာဝန္ယူခြင့္ရတဲ့ ကာလေတြကို တြက္ခ်က္ေနရဆဲပါဘဲ။
 
တျခားတစ္ဘက္မွာေတာ့ သဘာ၀ေဘးေတြထဲက ရာသီဥတုနဲ႔ က်န္းမာေရးကပ္ေဘးေတြက သတိထားမိေလာက္ေအာင္ ျပင္းထန္ေနပါတယ္။ဒီလိုသတင္းေတြအျပင္ အျခားစိတ္ဝင္တစား သတိထားမိတဲ့ သတင္းေတြလည္း ရွိပါေသးတယ္။ဒီသတင္းေတြထဲကေန ပထမဆုံး အေမရိကန္ေ႐ြးေကာက္ပြဲသတင္းေတြကို တင္ျပခ်င္ပါတယ္။
 
ထရမ့္ အေ႐ြးမခံရရင္ ျဖစ္လာႏိုင္တဲ့ ျပႆနာမ်ား
 
ယခင္ထက္ ၿပိဳင္ဆိုင္မႈျပင္းထန္မယ္လို႔ ယူဆထားခဲ့တဲ့အတိုင္း အေမရိကန္‌သမၼတေ႐ြးေကာက္ပြဲက လက္ရွိသမၼတဘက္က အေရးနိမ့္လာမယ့္ အေျခအေနကို ျမင္လာရတဲ့အခါ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္မလားဆိုတဲ့ ေတြးထင္ခ်က္ေတြ ထြက္လာခဲ့ပါတယ္။ႏိုဝင္ဘာ ၃ ရက္ ေ႐ြးေကာက္ပြဲမတိုင္ခင္ ၿပိဳင္ဘက္ႏွစ္ဦး ေျပာစကားေတြ၊ လူထုေတြ႕ဆုံပြဲေတြကို ၾကည့္မယ္ဆိုရင္ ဒီလိုအရိပ္အေယာင္ေတြကို ေတြ႕ရမွာျဖစ္ပါတယ္။ 
 
အဆုံးအျဖတ္သဖြယ္ျဖစ္ခဲ့တဲ့ ၀စၥ္ကြန္ဆင္ျပည္နယ္က ကန္ႏိုရွာၿမိဳ႕မွာ ထရမ့္ က ႏိုဝင္ဘာ ၂ ရက္ မဲဆြယ္စည္း႐ုံးမႈမွာ “က်ဳပ္ကို ငိုရေအာင္ေတာ့ မလုပ္ၾကနဲ႔ေနာ္” ဆိုၿပီး အေမရိကန္လူမည္းအားလုံးကို ေျပာခဲ့ပါတယ္။မဲဆြယ္စည္း႐ုံးပြဲ ၁၄ ခုအထိရွိခဲ့တဲ့ သုံးရက္ၾကာ မဲဆြယ္ခရီးစဥ္ကို ႏိုဝင္ဘာ ၂ ရက္မွာ မီခ်ီဂန္ျပည္နယ္ရဲ႕ ဂရန္းရက္ပစ္ၿမိဳ႕မွာ အဆုံးသတ္ခဲ့တဲ့ ထရမ့္အတြက္ ဒီေ႐ြးေကာက္ပြဲမွာ သူသာျပန္အေ႐ြးခံရမယ္လို႔ က်ိန္းေသယူဆထားၿပီး တစ္ကယ္လို႔ အေ႐ြးမခံရရင္ေတာင္ ဒါဟာ မသမာမႈအျဖစ္ေျပာထားခဲ့တာရွိသလို အာဏာာကိုလည္း ၿပိဳင္ဘက္ကို အလြယ္တကူမလႊဲဘူးလို႔ ေျပာခဲ့တဲ့အတြက္ ေနာက္ပိုင္းမွာ ရီပတ္ဘလီကင္အမတ္ေတြက ထရမ့္အေျပာကို ဝင္ထိန္းခဲ့ရတာကိုလည္း ေတြ႕ရပါတယ္။ 
 
ေ႐ြးေကာက္ပြဲရက္မေရာက္မီ ထုံးစံအတိုင္း ေပၚျပဴလာဗုတ္ေတြ၊ ခန႔္မွန္းေတြ ထြက္လာတဲ့အခါ ထရမ့္ က ေပၚျပဴလာဗုတ္မွာ အနည္းငယ္တက္လာခဲ့ေပမယ့္ လူႀကိဳက္အမ်ားဆုံး စစ္တမ္းမွာေတာ့ ဘိုင္ဒင္ က ဦးေဆာင္ေနခဲ့ပါတယ္။ထရမ့္အေနနဲ႔ သူအသာရႏိုင္ဖို႔ နည္းလမ္းမွန္သမွ် က်င့္သုံးဖို႔အထိ ေျပာလာတာကို ေတြ႕ရပါတယ္။ထူးထူးျခားျခား တခ်ိဳ႕ျပည္နယ္မ်ားကတင္ျပတဲ့ မဲေပးသည့္ေန႔ၿပီးေနာက္ မဲေပးေသာရက္စြဲႏွင့္ စာအိတ္ျဖင့္ မဲေပးလာသည့္စနစ္မ်ိဳးအထိ လက္ခံေပးဖို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။အေစာပိုင္းမွာ ထရမ့္ က ေ႐ြးေကာက္ပြဲေန႔မွာ ဆႏၵမဲရလဒ္အားလုံးကို ေၾကညာဖို႔ေျပာခဲ့ေပမယ့္ ၿပိဳင္ဘက္ ဘိုင္ဒင္ကေတာ့ ေမးလ္မွတစ္ဆင့္ေပးပို႔တဲ့ ဆႏၵမဲလက္မွတ္ေတြကိုပါ လက္ခံဖို႔အတြက္ ေနာက္ဆုံးသတ္မွတ္ထားတဲ့ေန႔ရက္ကို ထပ္မံတိုးျမႇင့္သင့္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။အဲဒီရက္မွာဘဲ ထရမ့္ က ေ႐ြးေကာက္ပြဲရက္ၿပီးမွ ေမးလ္ကေနလာတဲ့ ဆႏၵမဲေတြကို ထည့္ေရတြက္ရင္ တရား႐ုံးမွာ တရားရင္ဆိုင္မယ္ဆိုၿပီး သတိေပးခဲ့ပါတယ္။ 
 
ႏိုဝင္ဘာ ၃ ရက္မတိုင္မီ ႏိုဝင္ဘာ ၁ ရက္အထိ ႀကိဳတင္ဆႏၵမဲေပးသူ အေရအတြက္က အေမရိကန္ႏိုင္ငံတစ္ဝန္း၌ ႀကိဳတင္မဲေပးၿပီးသူ ၉၃ သန္းနီးပါးထိ ရွိခဲ့ပါတယ္။ဒီအေရအတြက္က မဲေပးသူအေရအတြက္ က်ဆင္းခဲ့တဲ့ ၂၀၁၆ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ မဲေပးသူအေရအတြက္ရဲ႕ ၆၇ ရာခိုင္ႏူန္းထိ ရွိခဲ့ပါတယ္။ႏိုဝင္ဘာ ၃ ရက္ မတိုင္မီအထိ စစ္တမ္းေတြအသီးသီးမွာေတာ့ ထရမ့္ရဲ႕ၿပိဳင္ဘက္ ဒီမိုကရက္တစ္ေတြဘက္က ဘိုင္ဒင္ က ထရမ့္ ကို ေတာက္ေလွ်ာက္ဦးေဆာင္ေနခဲ့တာကို ေတြ႕ရပါတယ္။
 
ႏိုဝင္ဘာ ၃ ရက္ ေ႐ြးေကာက္ပြဲေတြကို က်င္းပတဲ့အခါ ကိုဗစ္ကူးစက္မႈ ျပင္းထန္ေနတဲ့ကာလျဖစ္တဲ့အတြက္ မဲ႐ုံေတြကို mask ေတြ တပ္ၿပီး မဲလာေပးၾကတာက ထူးဆန္းတဲ့ျမင္ကြင္းဘဲျဖစ္ပါတယ္။ျပည္နယ္ ၅၀ မွာ မနက္အေစာကတည္းက အေမရိကန္ျပည္သူေတြ မဲလာေပးၾကသလို ႏိုင္ငံတကာကလည္း ေစာင့္ၾကည့္စိတ္ဝင္စားမႈ ပိုခဲ့ပါတယ္။အီလက္ထ႐ိုဗုတ္လို႔ေခၚတဲ့ သမၼတေ႐ြးခ်ယ္ခံ ကိုယ္စားလွယ္မဲ တစ္ႏိုင္ငံလုံးမွာ ၅၃၈ မဲရွိတဲ့အတြက္ သမၼတေလာင္းတစ္ဦးမွာ ကိုယ္စားလွယ္မဲ ၂၇၀ ရရွိခဲ့ရင္ အႏိုင္ရမွာျဖစ္လို႔ ျပည္နယ္ေ႐ြးေကာက္ပြဲမွာ ဘယ္သူကဦးေဆာင္လဲဆိုတာကို တစ္ကမာၻလုံးက ေစာင့္ၾကည့္ခဲ့ပါတယ္။
 
အေစာပိုင္းကတည္းက ထရမ့္ က ေျပာခဲ့တဲ့စကားနဲ႔ ထရမ့္လက္ထက္ ရီပတ္ဘလီကင္ပါတီကို ေထာက္ခံတဲ့သူေတြ လႈပ္ရွားမႈေတြေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ထရမ့္သာ အႏိုင္မရခဲ့ရင္ ဆူပူေသာင္းက်န္းမႈေတြရွိလာႏိုင္တဲ့အတြက္ ေနာက္ဆက္တြဲမတည္မၿငိမ္မႈေတြကို ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ အေမရိကန္ႏိုင္ငံတစ္ဝန္း ၿမိဳ႕ႀကီးေတြမွာ ေစ်းဆိုင္ပိုင္ရွင္ေတြ၊ လက္လီအေရာင္းဆိုင္ေတြက ဖ်က္ဆီးခံရႏိုင္တဲ့ အေျခအေနကေန ႀကိဳတင္ျပင္ဆင္ခဲ့ၾကပါတယ္။
 
စစ္တမ္းမ်ားမွာ ႀကိဳတင္ျပဆိုထားတဲ့အတိုင္း တစ္ကယ္မဲေပးတဲ့ေန႔ေတြမွာ ထရမ့္ ကို ေက်ာ္လြန္ၿပီး ဘိုင္ဒင္ က အီလက္ထ႐ိုဗုတ္မွာ ဦးေဆာင္ခဲ့ပါတယ္။အထူးသျဖင့္ ရီပတ္ဘလီကင္အားေကာင္းတဲ့ ျပည္နယ္ေတြ၊ ဒီမိိုကရက္တစ္ေတြအားေကာင္းတဲ့ ျပည္နယ္ေတြမွာ ထရမ့္နဲ႔ ဘိုင္ဒင္တို႔အသီးသီးအႏိုင္ရခဲ့ေပမယ့္ ပါတီအစြဲမရွိတဲ့ ျပည္နယ္ေတြက မဲေတြမွာေတာ့ ထရမ့္လက္ထက္ ကူးစက္ကပ္ေရာဂါေဘးနဲ႔ တျခားေသာစီမံခန႔္ခြဲမႈ႕အလြဲေတြ၊ လူမ်ိဳးေရးဆိုင္ရာ အဓိက႐ုဏ္းေတြ ျဖစ္ခဲ့တာေတြေၾကာင့္ ဘိုင္ဒင္ဘက္ကို ယိမ္းခဲ့တဲ့အတြက္ သမၼတေ႐ြးခ်ယ္တင္ေျမႇာက္ႏိုင္တဲ့ ကိုယ္စားလွယ္မဲ ၂၀၀ ေက်ာ္ခ်ိန္မွာ ထရမ့္ က ၂၁၀ ေက်ာ္နဲ႔ ရပ္တန႔္သြားၿပီး ဘိုင္ဒင္ က ၂၇၀ နားကို လက္တစ္ကမ္းထိ ကပ္လာခဲ့ပါတယ္။
 
ထရမ့္အတြက္ ဒီလို မဲတန႔္ေတာ့မယ့္ အေျခအေနအျဖစ္ ၀စၥ္ကြန္ဆင္ျပည္နယ္မွာ သူဦးေဆာင္ေနၿပီးမွ ဘိုင္ဒင္ က ေက်ာ္တက္ဦးေဆာင္လာတဲ့ အခ်ိန္မွာ ဒီမိုကရက္တစ္ေတြဘက္က မဲလိမ္မႈေတြရွိတယ္ဆိုၿပီး စြပ္စြဲမႈေတြ စလာခဲ့သလို႔ မဲျပန္ေရေပးဖို႔အထိ ေတာင္းဆိုတာေတြ လုပ္ခဲ့ပါတယ္။
 
ႏိုဝင္ဘာ၄ ရက္မွာ မဲေရတြက္မႈေတြ အရွိန္ေကာင္းေနစဥ္မွာ ထရမ့္ က ထူးထူးျခားျခား အိမ္ျဖဴေတာ္မွာ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး သူေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီျဖစ္လို႔ မဲေတြကိုေရတြက္တာရပ္ဆိုင္းဖို႔ ေျပာခဲ့ပါတယ္။သူေျပာတဲ့အခ်ိန္မွာ ပင္ဆင္ေဗးနီးယား၊ ၀စၥ္ကြန္ဆင္၊ မီခ်ီဂန္၊ ေဂ်ာ္ဂ်ီယာ စတဲ့ျပည္နယ္ေတြရဲ႕ မဲေရတြက္မႈက မၿပီးေသးသလို စာတိုက္ကေနလာတဲ့ မဲေတြကို ေရတြက္မႈကလည္း အၿပီးမသတ္ေသးပါဘူး။ဒါေၾကာင့္ ဘိုင္ဒင္ က ဆႏၵမဲေတြကိုေရတြက္ၿပီးမွ အၿပီးသတ္မယ္ဆိုၿပီး တုံ႔ျပန္ခဲ့ပါတယ္။ထရမ့္အေနနနဲ႔ အဆုံးအျဖတ္ေပးႏိုင္တဲ့ ကိုယ္စားလွယ္မဲအေရအတြက္က မတက္လာေပမယ့္ ဘိုင္ဒင္ကေတာ့ တက္လာပါတယ္။ႏိုဝင္ဘာ ၆ ရက္အထိဆိုရင္ ဘိုင္ဒင္က ၂၆၄ ထိ ရေနၿပီး ထရမ့္ က ၂၁၄ ထိသာ ရေနေသးပါတယ္။ဒီအခ်ိန္မွာ swing state လို႔ ေခၚတဲ့ အဆုံးအျဖတ္ေပးႏိုင္တဲ့ ျပည္နယ္ ၆ ခုက ကိုယ္စားလွယ္မဲ ၆၀ က်န္ေသးၿပီး အေျဖက ကြဲကြဲျပားျပားမထြက္ေသးပါဘူး။ဒီ ၆၀ မဲမွာ ေဂ်ာ္ဂ်ီယာ၊ နီဗားဒါးနဲ႔ အရီဇိုးနားမွာ ဘိုင္ဒင္ က ဦးေဆာင္ေနၿပီး ေျမာက္ကာ႐ိုလိုင္းနား၊ ပင္ဆယ္ေဗးနီးယား၊ ဖေလာ္ရီဒါေတြမွာ ထရမ့္ က ဦးေဆာင္ေနခဲ့ပါတယ္။
 
တြက္ကိန္းေတြ ျပင္ဆင္မႈေတြအရဆိုရင္ ဘိုင္ဒင္ဘက္က အေလးသာေနသလို အေမရိကန္လွ်ိဳ႕ဝွက္ေထာက္လွမ္းေရးေတြက သမၼတေ႐ြးေကာက္ပြဲမွာ ဘိုင္ဒင္ အႏိုင္ရၿပီး ေအာင္ပြဲခံမိန႔္ခြန္း ေျပာႏိုင္ေျခရွိေနလို႔ ေသာၾကာေန႔မွာ ဘိုင္ဒင္ ေအာင္ပြဲခံမည့္ေနရာျဖစ္ဖြယ္ရွိတဲ့ ဝယ္မင္တန္ကို အင္အားပိုမိုခ်ထားတဲ့သတင္းေတြ ထြက္လာခဲ့ပါတယ္။
 
ထရမ့္ဘက္ကေတာ့ လြယ္လြယ္နဲ႔အေလွ်ာ့မေပးဘဲ ဘိုင္ဒင္ အႏိုင္ရရင္ေတာင္ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံေၾကာင္း အစပ်ိဳးတဲ့အေနနဲ႔ ျပည္နယ္သုံးခုျဖစ္တဲ့ ပင္ဆယ္ေဗးနီးယား၊ မီခ်ီဂန္နဲ႔ ေဂ်ာ္ဂ်ီယာျပည္နယ္ေတြမွာ မဲေရတြက္မႈရလဒ္ေတြကို ျပန္ေရတြက္ေပးဖို႔ ဥပေဒေၾကာင္းအရ ေလွ်ာက္ထားမႈေတြ စခဲ့ပါတယ္။
 
ျပည္လည္ေ႐ြးေကာက္ခံရေရးအတြက္ ထရမ့္ရဲ႕ ႐ုန္းကန္မႈေတြကို အေမရိကန္မီဒီယာေတြက ေဝဖန္ခဲ့ၾကပါတယ္။မီဒီယာေတြနဲ႔ ပုလဲနံသင့္မရွိခဲ့တဲ့ ထရမ့္အတြက္ ဒါဟာ သတိျပဳစရာပါ။အိမ္ျဖဴေတာ္တြင္ သတင္းစာရွင္းလင္းပြဲက်င္းပၿပီးေနာက္ မဲဆႏၵရွင္ လိမ္လည္မႈရွိေၾကာင္းႏွင့္ ဒီမိုကရက္တို႔သည့္ ေ႐ြးေကာက္ပြဲကိုခိုးယူေၾကာင္း ထပ္မံေျပာၾကားတဲ့ ထရမ့္ ကို ပက္လက္လန္ေနသည့္ အဝလြန္လိပ္တစ္ေကာင္ ေနပူပူတြင္ ႐ုန္းကန္ေနတာနဲ႔တူေၾကာင္း နာမည္ႀကီးမီဒီယာျဖစ္တဲ့ စီအန္အန္က သတင္းတင္ဆက္သူက ေဝဖန္ခဲ့ပါတယ္။ 
 
ထရမ့္အတြက္ သမၼတျပန္လည္ေ႐ြးေကာက္ခံရမႈ၊ အႏိုင္ရမႈက ထရမ့္အျပင္ ရီပတ္ဘလီကင္ေတြအတြက္သာမကပါဘူး။တျခားေသာ ကမာၻႏိုင္ငံေတြအတြက္လည္း အေရးပါေနတဲ့အေနအထားရွိေနတာကို ေ႐ြးေကာက္ပြဲကာလမွာ ထရမ့္ ျပန္အေ႐ြးခံရဖို႔ ႏိုင္ငံအခ်ိဳ႕မွာ ေထက္ခံပြဲလုပ္တာေတြကိုၾကည့္ရင္ သိသာေနတဲ့ အခင္းအက်င္းဘဲ ျဖစ္ပါတယ္။ 
 
ထရမ့္လက္ထက္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘး၊ နည္းပညာ၊ ကုန္သြယ္ေရး၊လုံၿခဳံေရးနဲ႔ သူလွ်ိဳကိစၥရပ္ေတြေၾကာင့္ ဆယ္စုႏွစ္မ်ားစြာအတြင္း အေမရိကန္နဲ႔ အဆိုး႐ြားဆုံးဆက္ဆံေရးအေျခအေနကိုေရာက္ေနတဲ့ တ႐ုတ္ဘက္ကေတာ့ တက္လာတဲ့ အေမရိကန္အစိုးရအဖြဲ႕သစ္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ ပဋိပကၡမျဖစ္ေရး၊ အျပန္အလွန္ေလးစားမႈနဲ႔ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးအျမတ္ရွိေရးစတဲ့ ကိစၥရပ္ေတြမွာ အတူတကြပူးေပါင္းလုပ္ကိုင္ႏိုင္မယ္လို႔ေမွ်ာ္လင့္တယ္လို႔ ေျပာခဲ့ပါတယ္။
 
ထရမ့္အလြန္ အေမရိကန္ႏိုင္ငံရဲ႕ အေျခအေနက ရီပတ္ဘလီကင္ေတြလို ႏိုင္ငံတကာေရးရာေတြမွာ အစြန္းေရာက္ႏိုင္ငံေတြ၊ ေထာင္ထလာတဲ့ ႏိုင္ငံေတြကို တင္းတင္းမာမာဆက္ဆံတဲ့ပုံစံ၊ ကမာၻ႔အဖြဲ႕အစည္းေတြကေန ခပ္ကင္းကင္းေနတဲ့ ပုံစံကေန ျပန္ေကြ႕လာဖို႔မ်ားေနပါတယ္။ဒါ့အျပင္ မဲရလဒ္ဆိုင္ရာ အျငင္းပြားမႈကလည္း အေမရိကန္သမၼတေ႐ြးေကာက္ပြဲသမိုင္းမွာ ထူးထူးျခားျခားျမင္ေတြ႕ရဖြယ္ရွိၿပီး ရီပတ္ဘလီကင္ျဖစ္တဲ့ လူျဖဴေတြနဲ႔ ပညာတတ္ေတြ၊ ေ႐ႊ႕ေျပာင္းအေျခခ်ေတြ၊ လူမည္းနဲ႔ ေဒသခံေတြ မွ်တတဲ့ သေဘာထားရွိတဲ့ ဒီမိုကရက္တစ္ေတြၾကားမွာ‌ေတာ့ တင္းမာမႈေတြ ယခင္ကထက္ ပိုျမင္ေတြ႕ရဖို႔ရွိပါတယ္။
 
ဗိုင္းရပ္စ္ေၾကာင့္ အထိနာေနတဲ့ အေမရိကန္နဲ႔ ကမာၻအတြက္ ထရမ့္နဲ႔ ဘိုင္ဒင္ ဘယ္သူက ပိုစြမ္းေဆာင္ႏိုင္သလဲဆိုတာ မၾကာခင္ေတြ႕ရမယ္ ထင္ပါတယ္။
 
ဆိုး႐ြားသည့္ငလ်င္ႏွင့္ ျပင္းထန္သည့္တိုင္ဖြန္း
 
က်န္းမာေရးဆိုင္ရာ ေရာဂါကပ္ေဘးႏွင့္ ရင္ဆိုင္ေနရေသာ ယေန႔ကမာၻတြင္ ယခုရက္သတၱပတ္အတြင္း ျပင္းထန္သည့္မုန္တိုင္းမ်ား၊ ျပင္းထန္သည့္ငလ်င္လႈပ္ခတ္မႈမ်ားကို ေတြ႕ႀကဳံခဲ့ရတာကို ေတြ႕ခဲ့ရပါတယ္။
 
ေ႐ြးေကာက္ပြဲအတြက္ အလုပ္ရႈပ္ေနတဲ့ အေမရိကန္ႏိုင္ငံကို ေအာက္တိုဘာ ၂၈ ရက္က အဆင့္-၂ ရွိတဲ့ ဟာရီကိန္းမုန္တိုင္းတစ္ခု ဝင္ေရာက္ခဲ့ပါတယ္။ဇီတာလို႔ အမည္ေပးထားတဲ့ အဆိုပါဟာရီကန္းမုန္တိုင္းဟာ အေမရိကန္ေတာင္ပိုင္း ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ဝင္ေရာက္တိုက္ခတ္ခဲ့လို႔ လူဝီစီးယားနားျပည္နယ္မွာ သစ္ပင္ေတြၿပိဳလဲလို႔ လွ်ပ္စစ္မီးျပတ္ေတာက္တာေတြ၊ လူေသဆုံးတာေတြျဖစ္ခဲ့ပါတယ္။ 
 
အာရွဘက္မွာေတာ့ တိုင္ဖြန္းမုန္တိုင္း မိုေလဗ္ ဝင္သြားတာ တစ္ပတ္ေတာင္မၾကာေသးတဲ့အခ်ိန္မွာဘဲ ယခုႏွစ္ရဲ႕ အင္အားအျပင္းဆုံးလို႔ သတ္မွတ္ထားတဲ့ စူပါတိုင္ဖုန္းမုန္တိုင္း ဂြန္နီဟာ ဖိလစ္ပိုင္ကို ေအာက္တိုဘာ ၁ ရက္က ဝင္ေရာက္ခဲ့ပါတယ္။ဖိလစ္ပိုင္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းကဘဲ မုန္တိုင္း မိုေလဗ္ေၾကာင့္ လူ ၂၂ ဦးေသဆုံးၿပီး ေျမနိမ့္ ပိုင္းေက်း႐ြာေတြနဲ႔ လယ္ယာေျမေတြ ေရလႊမ္းမိုးခံထားရတာပါ။ယခုလို အင္အားျပင္းတဲ့ မုန္တိုင္းဝင္ေရာက္ခဲ့လာခ်ိန္မွာေတာ့ ႀကိဳတင္ၿပီး ရာသီဥတုကပ္ေဘးအျဖစ္ အာဏာပိုင္ေတြက သတ္မွတ္ထားတဲ့အတြက္ လူေပါင္းတစ္သန္းနီးပါးကို ေဘးကင္းရာ ေျပာင္းေ႐ႊ႕ထားႏိုင္ခဲ့ပါတယ္။ 
 
တနဂၤေႏြေန႔ မနက္အေစာပိုင္း ၄ နာရီေက်ာ္မွာေတာ့ လူဇုန္ကြၽန္းမႀကီး ေတာင္ဖက္အစြန္းနဲ႔ ကာတန္ဒူယန္နီကြၽန္းေတြကို တစ္နာရီ မိုင္ ၁၄၀ ႏူန္းနဲ႔ စူပါတိုင္ဖြန္းမုန္တိုင္းက ဝင္ေရာက္ခဲ့ပါတယ္။
 
ျပင္းထန္တဲ့ ေလတိုက္ႏူန္းနဲ႔ မုန္တိုင္းေၾကာင့္ ေရႀကီးမႈ၊ ေျမၿပိဳမႈေတြျဖစ္ခဲ့ၿပီး လူဦးေရအမ်ားဆုံး လူဇုန္ကြၽန္းေတာင္ပိုင္းက အိမ္အမ်ားအျပား ေျမၿပိဳမႈဒဏ္ခံခဲ့ရပါတယ္။ႏိုဝင္ဘာ ၃ ရက္အထိ ေသဆုံးသူအေရအတြက္ က ၂၀ ဦးအထိ ျမင့္တက္ခဲ့ကာ အိမ္ေတြ၊ ကားေတြနဲ႔ လမ္းတံတားအေဆာက္အအုံမ်ားစြာလည္း ပ်က္စီးခဲ့ၿပီး ဘီေကာေဒသက ၿမိဳ႕အမ်ားအျပား ေရနစ္ျမဳပ္ခဲ့ပါတယ္။တခ်ိဳ႕ေဒသေတြမွာဆိုရင္ အိမ္ေျခ ၉၀ ရာခိုင္ႏႈန္းအထိ ဆိုးဆိုး႐ြား႐ြားပ်က္စီးခဲ့ၿပီး ေမယြန္မီးေတာင္အနီး ႐ြာႏွစ္႐ြာက အိမ္ေပါင္းမ်ားစြာ ေျမၿပိဳမႈေၾကာင့္ နစ္ျမဳပ္ခဲ့ရပါတယ္။ 
 
ၿမိဳ႕ျပကာကြယ္ေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ဂြန္နီမုန္တိုင္း ျဖတ္သန္းရာလမ္းတစ္ေလွ်ာက္က လယ္ေျမေတြအပါအဝင္ အိမ္ေပါင္း ၂၀၀၀၀ ထက္မနည္း ပ်က္စီးခဲ့ၿပီး အိမ္အလုံးေရ ၅၈၀၀၀ ေလာက္က တစ္စိတ္ တစ္ပိုင္းပ်က္စီးခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။
 
အာရွအေရွ႕ေတာင္ဘက္မွာ မုန္တိုင္းေတြနဲ႔ ေထြးလုံးရစ္ပတ္ေနတဲ့အခ်ိန္မွာဘဲ တူရကီနဲ႔ ဂရီကြၽန္းကို ဗဟိုျပဳၿပီး ေအာက္တိုဘာ ၃၀ ရက္ ေန႔လယ္ပိုင္းက ျပင္းအား ရစ္ခ်္တာစေကး ၇ အဆင့္ရွိ ငလ်င္ႀကီးလႈပ္ခဲ့လို႔ လူေပါင္း ၁၀၀ ဦး ေသဆုံးၿပီး ၉၀၀ နီးပါး ဒဏ္ရာရပါတယ္။ဒါဇင္ေက်ာ္တဲ့ ျပင္းအား ရစ္ခ်္တာစေကး ၄ အဆင့္ေက်ာ္တဲ့ ငလ်င္ေတြအပါအဝင္ ေနာက္ဆက္တြဲ ငလ်င္ငယ္ေပါင္း ၆၀၀ နီးပါး လႈပ္ခဲ့ပါတယ္။ငလ်င္က တူရကီႏွင့္ ဂရိႏိုင္ငံအၾကား ေအဂ်င္းပင္လယ္ထဲကို ဗဟိုျပဳလႈပ္ရွားခဲ့လို႔ ဆူနာမီလႈိင္းျဖစ္ပြားမႈရွိခဲ့လို႔ ဂရိပိုင္ ဆာမို႔စ္ကြၽန္းမွာ ဆူနာမီအေသးစား ျဖစ္ေပၚခဲ့သလို ပင္လယ္ေရျမင့္တက္တာေၾကာင့္ တူရကီကမ္း႐ိုးတန္းၿမိဳ႕တစ္ၿမိဳ႕မွာ ျမစ္ေရလွ်ံတက္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။တူရကီ ကမ္း႐ိုးတန္းၿမိဳ႕ အစ္ဇ္မားနားက ေဘရတ္လီအရပ္ဟာ ငလ်င္ေဘးကို အျပင္းထန္ဆုံးခံစားခဲ့ရၿပီး ကြန္ဂရစ္ပုံေတြ၊ အုတ္က်ိဳးအုတ္ပ်က္ပုံေတြနဲ႔ အပ်က္အစီးေတြေအာက္ကေန လူရာေက်ာ္ကို ကယ္ဆယ္ထားႏိုင္ခဲ့ပါတယ္။ကယ္ဆယ္ေရးသမားေတြရဲ႕ အားထုတ္မႈ‌ေၾကာင့္ ငလ်င္လႈပ္ၿပီး ၉၁ နာရီအၾကာမွာ ေတြ႕ရတဲ့ ၃ ႏွစ္အ႐ြယ္ကေလးငယ္ကို အသက္ရွင္လွ်က္ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ 
 
ငလ်င္ေၾကာင့္ အထိနာခဲ့တဲ့ တူရကီဟာ အင္အားျပင္းငလ်င္ေၾကာင့္ ျပင္းျပင္းထန္ထန္ ထိခိုက္ပ်က္စီးမႈမ်ား အႀကိမ္ႀကိမ္ခံစားခဲ့ရၿပီး ၁၉၉၉ ခုႏွစ္က ႏိုင္ငံအေနာက္ဘက္ပိုင္းမွာလႈပ္ခဲ့တဲ့ အင္အားျပင္းငလ်င္ေၾကာင့္ လူ ၁၇၀၀၀ ေက်ာ္ ေသဆုံးခဲ့ရသလို ၂၀၁၁ ခုႏွစ္က ႏိုင္ငံအေရွ႕ပိုင္းမွာ လႈပ္ခဲ့တဲ့ ငလ်င္ေၾကာင့္ လူ ၆၀၀ ခန႔္ ေသဆုံးခဲ့ရတဲ့အတြက္ ယခုငလ်င္လႈပ္ခတ္တဲ့အခါမွာ ကယ္ဆယ္ေရးကို တူရကီအာဏာပိုင္ေတြက အားႀကိဳးမာန္တက္ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ယခုလာမယ့္ရက္ေတြထဲမွာ ပစိဖိတ္သမုဒၵရာထဲ အားေကာင္းေနတဲ့ တိုင္ဖြန္းအတ္ဆာနီက လာမယ့္ရက္သတၱပတ္ထဲ ဖိလစ္ပိုင္ကိုဝင္ႏိုင္လို႔ တိုင္ဖြန္းဂြန္နီေၾကာင့္ အပ်က္အစီးေတြကို မရွင္းရေသးခင္ ေနာက္လာမယ့္ မုန္တိုင္းအတြက္ ျပင္ဆင္ေနရပါၿပီ။ 
 
အေမရိကဘက္က နီကာရာဂြာနဲ႔ ဟြန္ဒူးရပ္စ္ႏိုင္ငံေတြ အပါအဝင္ ဗဟိုအေမရိကကိုလည္း ယခုရက္ထဲ ဟာရီကိန္း အဆင့္ ၃ ရွိတဲ့ အီတာ ဝင္ေရာက္တိုက္ခတ္ဖြယ္ရွိေနတဲ့အတြက္ ျပင္ဆင္ေနရသလို တူရကီမွာလည္း ငလ်င္အၿပိဳအပ်က္ေတြေအာက္က လူေတြကို ကယ္ထုတ္ေနတာကလည္း မၿပီးျပတ္ေသးပါဘူး။ 
 
ဒီလိုသဘာ၀ေဘးနဲ႔ ရာသီဥတုကပ္ေဘးကို ရင္ဆိုင္ေနရခ်ိန္မွာ ရင္ဆိုင္ေနရဆဲ ကိုဗစ္ ၁၉ က်န္းမာေရးကပ္ေဘးကလည္း ဥေရာပနဲ႔ ကမာၻတစ္ဝန္းမွာ ျပန္အားေကာင္းေနလို႔ ကမာၻအတြက္ ယခုရက္သတၱပတ္ေတြက စိတ္ပ်က္စရာသတင္းေတြနဲ႔ ျပည့္ခဲ့တဲ့ ရက္သတၱပတ္လို႔ဆိုရင္း သတင္းသုံးသပ္မႈကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။
 
မင္းထက္
ႏိုဝင္ဘာ - ၇