【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန်ပဋိပက္ခ ဘယ်အထိကျယ်ပြန့်လာမလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန်ပဋိပက္ခ ဘယ်အထိကျယ်ပြန့်လာမလဲ

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲမှာ သတိထားစရာ သတင်းတွေ ရှိခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တဲ့ သတင်းက အီရန်က အမေရိကန်ဒရုန်းကို ပစ်ချခဲ့တဲ့ သတင်းက ကမ္ဘာတစ်ဝန်းမှာ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် အမေရိကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခ အရှိန်မြင့်လာတဲ့ သတင်းတွေ၊ ကုန်သွယ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ အချိန်မှာ တရုတ်သမ္မတ မြောက်ကိုရီးယားကို သွားရောက်တဲ့ သတင်းတွေလည်း နိုင်ငံတကာက သတိထားမိစေခဲ့ပါတယ်။

ဒီလိုသတင်းတွေက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယား ဆန်တန်ချိန် ၅၀ဝဝဝ ခန့် ပံ့ပိုးမယ့် သတင်း၊ ဆီးရီးယားနိုင်ငံကို တရုတ်နိုင်ငံက ဘတ်စ်ကား အစီး ၁၀ဝ ကို လှူဒါန်းခဲ့တဲ့ သတင်း၊ ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေ ၉ ဒသမ ၇ ဘီလျံထိ တိုးလာရာမှာ အိန္ဒိယက တရုတ်ပြည်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာမယ်ဆိုတဲ့ သတင်း၊ ကော်ဗက် စစ်သင်္ဘောနှစ်စင်းနှင့်တကွ အခြား ဆက်စပ်ပစ္စည်းများကို ဝယ်ယူဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး က အတည်ပြုလိုက်တဲ့ သတင်း၊ လူကုန်ကူးခံခဲ့ရတဲ့ အရှေ့တောင်အာရှသူ ၁,၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ သတင်း၊ လျော့နည်းလာသည့် ငါးမန်းအရေအတွက် ပြန်လည်တိုးမြင့်စေရေးအတွက် ကနေဒါနိုင်ငံက ငါးမန်းတောင် ကုန်သွယ်မှုကို တားမြစ်လိုက်တဲ့ သတင်း၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျုဒ် ၆ အဆင့် မြေငလျင်ကြောင့် ၁၂ ဦး သေဆုံးကာ ၁၃၄ ဦး ဒဏ်ရာရခဲ့တဲ့ သတင်း၊ ဒါကာမြို့ တောင်ဘက် ဆောက်လုပ်ဆဲ ဓာတ်အားပေးစက်ရုံ လုပ်ငန်းခွင်မှာ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမား ရာနှင့်ချီပြီး ခိုက်ရန်ဖြစ်ပွားရာမှာ တရုတ်အလုပ်သမားတစ်ဦး သေဆုံးပြီး အခြား တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ကမ္ဘောဒီးယားကမ်းခြေ အပန်းဖြေမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံး ပြိုကျလို့ အနည်းဆုံး လူသုံးဦး သေဆုံးခဲ့တဲ့ သတင်း၊ မျက်မမြင်အဖြစ် ဟန်ဆောင်ကာ ရှစ်နှစ်ကြာနေထိုင်တဲ့ တောင်ကိုရီးယား အမျိုးသားတစ်ဦး အရေးယူခံရတဲ့ သတင်း၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူများအတွက် မက္ကဆီကို လေကြောင်းလိုင်းက တစ်ဒေါ်လာတန် ခရီးစဉ်များ ပြေးဆွဲခဲ့တဲ့ သတင်းတွေထဲ သတိထားမိစရာ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

အီရန်ကနေ စတဲ့ မီး ကမ္ဘာစစ်ဖြစ်ဖို့ နီးလာပြီလား

ပဋိပက္ခတွေနဲ့ ပင်လယ်ကွေ့မှာ ပြင်းထန်လာတဲ့ အချိန်မှာ အမေရိကန် ဒရုန်းတစ်စင်းကို အီရန်က သူ့ပိုင်နက်ထဲကို ရောက်လာလို့ဆိုပြီး ပစ်ချခဲ့ပါတယ်။အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က အီရန်နိုင်ငံ တောင်ပိုင်း ပါရှန်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ပြည်နယ်မှာ ပျံသန်းကာ သူလျှိုလုပ်ငန်းများ လုပ်ဆောင်နေလို့ ဇွန် ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီက အီရန်နိုင်ငံပိုင် လေကြောင်းနယ်နိမိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ပျံသန်းမောင်းနှင်ခဲ့သည့်အတွက် ပစ်ချခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။အမေရိကန် စစ်ဘက်တာဝန်ရှိသူ တစ်ဦးကတော့ အီရန်က အမေရိကန်ဒရုန်းကို မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခဲ့ပြီး ပစ်ချခံခဲ့ရတဲ့အချိန်မှာ အဆိုပါ မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်က အပြည်ပြည်ဆိုင်ရာ ရေကြောင်းပိုင်နက် ဝေဟင်မှာ ပျံသန်းနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ကာကွယ်ရေးဦးစီးချုပ် ဟော့စိန် ဆာလာမီ က ထိုလေယာဉ်မှာ နိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်း ဝင်လာတဲ့အတွက် ပစ်ချရခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ပစ်ချခံရတဲ့ မောင်းသူမဲ့ လေယာဉ်တန်ဖိုးက ဒေါ်လာ သန်း ၁၈ဝ တန်ဖိုးရှိပြီး RQ-4 Global Hawk အမျိုးအစားပါ။ခန့်မှန်းချက်တွေအရ ဒီလေယာဉ်ကိုပစ်ချဖို့ S-300 ဒုံးကျည် ကာကွယ်ရေးစနစ်ကို သုံးခဲ့မယ်လို့ ဆိုပါတယ်။

ဒီလိုပစ်ချတာကို အီရန်ဘက်က သူ့ရဲ့ နယ်နိမိတ်ကို ဘယ်သူ့ကိုမှ ကျူးကျော်ခွင့်မပေးတာကို ဒီလိုဖြစ်စဉ်နဲ့ သက်သေပြတာလို့ဆိုပြီး ကျူးကျော်လာသူတိုင်း ဒီ မောင်းသူမဲ့လေယာဉ်လို ဖြစ်သွားမယ်လို့ အမေရိကန်ကို ရည်ရွယ်ပြီး အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ကာကွယ်ရေးဦးစီးချုပ်က ဆိုခဲ့ပါတယ်။ယခုလို ပစ်ချလိုက်တာဟာ အမေရိကန်ကို နားရွက်တံတွေးဆွတ်တဲ့ လုပ်ရပ်ဖြစ်သလို အီရန်အပေါ် စီးပွားရေးအရ တင်းကျပ်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ်မှု၊ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမည်ပျက် စာရင်းသွင်းမှု၊ ဟော်မုရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့တို့၌ လောင်စာဆီတင်သင်္ဘောများ တိုက်ခိုက်ခံရမှုအား အီရန်လက်ချက်လို့ စွပ်စွဲမှုတွေကြောင့် တင်းမာမှု အမြင့်ဆုံးရောက်နေချိန်မှာ လောင်စာပုံထဲ မီးတုတ်ပစ်ထည့်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ဒါဟာ အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေးပြီး နောက်ပိုင်း နှစ် ၄ဝ အတွင်း အမေရိကန်နှင့် စစ်ပွဲတစ်ပွဲ ဖြစ်ပေါ်လာစေနိုင်သည့် စစ်မီးကို အီရန်ဘက်က စတင်လိုက်တဲ့ သဘောပါဘဲ။

အမေရိကန်ပြည်ထောင်စု မြို့ပြလေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (အက်ဖ်အေအေ) က အီရန်နိုင်ငံက ထိန်းချုပ်သည့် လေကြောင်းပိုင်နက်များအတွင်း၌ အမေရိကန် ကုန်သွယ်လေကြောင်းလိုင်းတွေက လေယာဉ်တွေ ပျံသန်းခြင်းမပြုကြဖို့ တားမြစ်ချက် ထုတ်ခဲ့ပါတယ်။

အမေရိကန် လေယာဉ်ကို ပစ်ချလိုက်တဲ့အတွက် အမေရိကန်ဘက်က ဘာတွေလုပ်ဆောင်မှု ရှိလာမလဲဆိုတာ ကမ္ဘာတစ်ဝန်းက ရင်တမမနဲ့ စောင့်ကြည့်နေရတဲ့အချိန်မှာ အမေရိကန်ဘက်က လက်တုံ့ပြန်ဖို့ စီစဉ်ပြီး  ပြန်ရုတ်သိမ်းလိုက်တဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။အမေရိကန် စစ်ဘက်နှင့် သံတမန်အရာရှိတွေကတော့ အီရန်ရဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်ဘက်က လက်တုံ့ပြန်မှုဟာ အမေရိကန်ဘက်က ဇွန် ၂၀ ရက် ည ၇ နာရီနောက်ဆုံးထား ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။

အမေရိကန် စစ်ဘက်အရာရှိကြီးတစ်ဦး ထုတ်ဖော်ပြောကြားချက်ကို Times သတင်းစာက ဖော်ပြခဲ့ရာမှာ ဇွန် ၂၀ ရက် ညမှာ  လက်တုံ့ပြန်တိုက်ခိုက်ရန် ကနဦးအဆင့်များအဖြစ် သင်္ဘောများနေရာယူခြင်း၊ လေယာဉ်များ ပျံတက်ထားခြင်းတို့ လုပ်ဆောင်ပြီးဖြစ်ပေမယ့် ဆိုင်းငံ့ထားဖို့ အမိန့်ရောက်ရှိလာလို့ တိုက်ခိုက်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။သမ္မတ ဒေါ်နယ်ထရမ့် က ယင်းအစီအစဉ်ကို ဇွန် ၂၀ ရက်ညကပဲ ရုတ်တရက်ဖျက်သိမ်းတာလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်ဖို့ ကနဦးအစီအစဉ်ထဲမှာ အီရန် ရေဒါနှင့် ဒုံးကျည်ပစ်စင်တွေ ပါပြီး အိမ့်ဖြူတော်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သမ္မတ ထရမ့်၏ ထိပ်တန်းအမျိုးသားလုံခြုံရေးအရာရှိများနှင့် အထက်လွှတ်တော် ခေါင်းဆောင်များအကြား အပြင်းအထန် အငြင်းအခုံဖြစ်ပြီးမှာ တိုက်ခိုက်မယ့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့တာလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။စစ်ဖြစ်လုနီးပါး အခြေအနေကို တဲတဲလေးရောက်ခဲ့တာပါ။

ယခုဖြစ်ရပ်မှာ ဘယ်သူမှားလည်းဆိုတာ မသိရသေးပေမယ့် အီရန်ဘက်ကတော့ နိုင်ငံပိုင် ရုပ်သံလိုင်းကနေ အမေရိကန် မောင်းသူမဲ့လေယာဉ်၏ အပျက်အစီး အပိုင်းအစများကို ခင်းကျင်းပြသခဲ့ပါတယ်။ဒီလိုပဲ အခုလို ရန်လိုတဲ့လုပ်ရပ်တွေ အမေရိကန်ဘက်က ထပ်လုပ်လာခဲ့ရင်လည်း ဒီနည်းအတိုင်း ဆက်လုပ်သွားမယ်လို့ ပြောခဲ့တာပါ။အမေရိကန်ဘက်ကတော့ အီရန်ကို ထပ်မံပိတ်ဆို့ဖို့ စီစဉ်နေတယ်လို့ ထရမ့် က ပြောခဲ့ပါတယ်။ဒီလိုစီစဉ်တာတွေ ဖြစ်လာတဲ့အတွက် ကမ္ဘာ့ရေနံဈေးက ရုတ်ချည်းတက်သွားသလို ပင်လယ်ကွေ့ ဒေသတစ်လျှောက် စစ်ပွဲအသံတွေကြောင့် ယမ်းအုံထားတဲ့ ဒီဒေသအခြေအနေက စိုးရိမ်စရာပါဘဲ။ရှေ့ဆက် ဘာတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဘဲ။

ဒီလို အမေရိကန်နဲ့ အီရန်ကြား တင်းမာမှု အမြင့်ဆုံးရောက်နေချိန်မှာ အမေရိကန်နိုင်ငံ ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန် က ရုတ်တရက်နုတ်ထွက်ခဲ့လို့ အမေရိကန် ကာကွယ်ရေးဌာန စစ်ဘက်ဆိုင်ရာဝန်ကြီး မာ့ခ်အက်စ်ပါ ကို အစားထိုးတာဝန်ပေးခဲ့ဖို့ ပြင်ဆင်ခဲ့ရပါတယ်။ဒီလိုအပြောင်းအလဲတွေ ဖြစ်နေသလို ထရမ့် ကလဲ သူ့ဒုတိယသက်တမ်းအတွက် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ စတင်မဲဆွယ်ခဲ့ပါတယ်။ထရမ့် သာ ဒုတိယသက်တမ်း ရွေးချယ်ခံရရင် ယခုလက်ရှိ ပဋိပက္ခတွေက ပိုပြီးပြင်းထန်လာဖွယ် ရှိနေပါတယ်။အမေရိကန်ရဲ့ နိုင်ငံရေးအင်အား ပြန်တောင့်တင်းလာတာတွေကြောင့်လည်း ဒေသတွင်းမှာလဲ အမေရိကန်နဲ့ ပူးတွဲလုပ်ဆောင်မှုပြုတဲ့ နိုင်ငံတွေအပေါ် စောင့်ကြည့်မှုတွေ ရှိလာပါတယ်။မကြာခင်က သဘာဝသက်ရှိမျိုးစိတ်တွေ ကြွယ်ဝတဲ့ အီကွေဒေါပိုင် ဂါလာဂိုစ့်ကျွန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီကွေဒေါကြား ချုပ်ဆိုတဲ့ စာချုပ်တွေမှာ အမေရိကန် စစ်အခြေစိုက်စခန်းတွေ ထားမှာကို စိုးရိမ်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေရှိတဲ့အထိ ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ဒီအတွက် အမေရိကန်နဲ့ အီရန်ကြား ဆက်စပ်သတင်းတွေက စောင့်ကြည့်စရာရှိနေဦးမှာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးစစ် ဘယ်သူ အသာရမလဲ

မကြာခင်ကာလအတွင်း G-20 ထိပ်သီး အစည်းအဝေးအတွင်း အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖို့ ရှိပါတယ်။ဒီလိုဖြစ်ရပ်တွေကြောင့် ဂျပန်နိုင်ငံ အိုဆာကာမှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးကို နိုင်ငံတကာက အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ဒီထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် တရုတ်သမ္မတ ရှီကျင့်ဖိန် ဟာ မြောက်ကိုရီးယားကို ၁၄ နှစ်အတွင်း ပထမဆုံး တရုတ်ခေါင်းဆောင်အဖြစ် သွားရောက်ခဲ့ပါတယ်။နိုင်ငံတကာ အကဲခတ်သူတွေကတော့ အမေရိကန် သမ္မတ ထရမ့် နဲ့ မတွေ့ဆုံခင် သွားရောက်ခဲ့တဲ့ တရုတ်ခေါင်းဆောင်ရဲ့ ဒီခရီးစဉ်ဟာ တရုတ်-အမေရိကန် ကုန်သွယ်ရေးပဋိပက္ခမှာ တရုတ်အနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးရာမှာ မြောက်ကိုရီးယားကို အချက်တစ်ခုအနေနဲ့ ကိုင်စွဲဖို့လားဆိုတာ မှန်းဆခဲ့ကြပါတယ်။  

ဒီခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မီဒီယာတွေမှာ အသေးစိတ်ဖော်ပြတာတွေ မရှိခဲ့ပေမယ့် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား လက်နက်များကို စွန့်လွှတ်ရေးအတွက် အမေရိကန်က ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စီစဉ်နေမှုနှင့် တိုက်ဆိုင်နေတာကလည်း ထူးခြားချက်ပါဘဲ။ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖိန် က မြောက်ကိုရီးယား ခေါင်းဆောင်ကို ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာတွေ ရှိတယ်ဆိုပါတယ်။နျူကလီးယား ကင်းစင်ရေးအတွက် မြောက်ကိုရီးယားရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်သမ္မတက ထောက်ခံချီးကျူးခဲ့ပါတယ်။

သတင်းတွေအရ တရုတ်သမ္မတရဲ့ ယခုခရီးစဉ်ရည်ရွယ်ချက်က ကိုရီးယားကျွန်းဆွယ် ဒေသတွင်း တင်းမာမှုပြေလျော့စေဖို့နဲ့ မြောက်ကိုရီးယား၏ နျူကလီးယား ကင်းစင်ပပျောက်ရေး လုပ်ငန်းစဉ် အထမြောက် အောင်မြင်စေရေးအတွက် လုပ်ဆောင်ချက်များကို ကူညီထောက်ပံ့ပေးဖို့လာတာလို့ ဆိုပါတယ်။အမေရိကန်ဘက်ကတော့ တရုတ်သမ္မတနဲ့ မတွေ့ခင်မှာဘဲ တရုတ်နည်းပညာကုမ္ပဏီ ၄ ခုနဲ့ သုတေသနအဖွဲ့အစည်း တစ်ခုကို အမည်ပျက်စာရင်းထဲ ထပ်ထည့်ခဲ့ပါတယ်။ဒီထဲမှာ စူပါကွန်ပျူတာ ထုတ်လုပ်တဲ့ AMD ၊ Higon ၊  Sugon ၊ Chengdu Haiguang Integrated Circuit နဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Chengdu Haiguang Microelectronics Technology တွေ ပါဝင်ပါတယ်။

တစ်ဘက်နဲ့တစ်ဘက် အသေချာပြင်ဆင်နေသလို အပြန်အလှန် အခွန်တွေ တိုးကောက်ဖို့ ပြင်နေခဲ့တဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးပါ ထိခိုက်လာခဲ့ပါတယ်။နှစ်နိုင်ငံကြား ကုန်သွယ်ရေး ညှိနိူင်းဆွေးနွေးပွဲတွေကို ရပ်ထားပေမယ့် ဂျပန်နိုင်ငံမှာ ဇွန် ၂၈-၂၉ မှာ ကျင်းပမည့် G-20 ထိပ်သီး အစည်းအဝေးပွဲ အပြီးမှာ ပြန်စတင်မယ့်ရက်ကို ကြေညာမယ်လို့ ထရမ့်ဘက်က ပြောထားပါတယ်။လက်ရှိမှာ တရုတ်မှ တင်သွင်းသည့် ကုန်ပစ္စည်း ဒေါ်လာ ၂၅၀ ဘီလျံအပေါ် အခွန်ကောက်ယူနေသလို နောက်ထပ် ဘီလျံ ၃၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ယူမယ်လို့ ထရမ့် က ပြောထားတာရှိတဲ့အတွက် မဖြစ်မနေ တွေ့ဆုံညှိနိူင်းမှု လုပ်ဖို့လိုနေပါတယ်။

G-20 မတိုင်မီ တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတ တွေ့ဆုံမှုမတိုင်မီ နှစ်နိုင်ငံခေါင်းဆောင်တွေ ဖုန်းနဲ့ ဆက်သွယ်စကားပြောတာတွေ ရှိခဲ့ပါတယ်။ဒီဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး ထရမ့် က “ဂျပန်နိုင်ငံက ဂျီ- ၂၀ ထိပ်သီး အစည်းအဝေးမှာ ကျွန်တော်တို့ အစည်းအဝေး ခပ်ကြာကြာလုပ်သွားပါမယ်။ကျွန်တော်တို့ မတွေ့ဆုံခင် ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာအဖွဲ့တွေ အရင်တွေ့ပါမယ်” လို့ ပြောခဲ့တာ ရှိပါတယ်။

တရုတ်အနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းဖို့ အရေးကြီးနေသလို တက်နေတဲ့ စီးပွားရေးနဲ့ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာအောင် လုပ်ဆောင်နေမှုကို ယခုအခွန်ကောက်မှုတွေ၊ နည်းပညာကုမ္ပဏီတွေကို အမည်ပျက်စာရင်း တင်သွင်းမှုတွေက အဓိကတားဆီးမှုတွေ ဖြစ်လာဖွယ်ရှိနေပါတယ်။လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထရမ့်ဘဲ ပြန်ရွေးကောက်ခံရဖို့ များနေတဲ့အတွက်  တရုတ်အနေနဲ့ ဒီပြဿနာကို မဖြစ်မနေ ထရမ့် နဲ့ ဆွေးနွေးမှဖြစ်မယ့် အနေအထားပါ။အမေရိကန်အနေနဲ့လည်း  အင်အားကြီးလာတဲ့ တရုတ်ကို ဖြတ်တောက်ဟန့်တားဖို့ဆိုရင် တရုတ်ကို ဆက်လက် ဖိအားပေးတာတွေ၊ စီးပွားရေးအရ ကန့်သတ်ရတာတွေ မဖြစ်မနေ ဆက်လုပ်ရမှာ ဖြစ်တဲ့အတွက် ဒီဆွေးနွေးပွဲက ယခင်အတိုင်းဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ ဆက်ဖြစ်မှာ သေချာသလောက်ပါဘဲ။စီးပွားရေးသမား ထရမ့် နဲ့ မွေးရာပါ စီးပွားရေးသမား တရုတ်ကြား ကုန်သွယ်ရေးအတွက် အလျှော့အတင်းဆွဲရာမှာ ဘယ်သူက ပိုသာသလဲ၊ ပိုပြီး အတွက်အချက်ကောင်းသလဲဆိုတာ မကြာခင်တွေ့ရတော့မှာပါ။တရုတ်အနေနဲ့ အာရှနဲ့ အာဖရိကမှာ သူ့ထုတ်ကုန်တွေကိုဖြုန်းဖို့ ဖောက်သည်တွေ တက်သုတ်ရိုက်ရှာနေတဲ့အတွက် ဒီဆွေးနွေးမှုမတိုင်ခင် ကြိုတင်ပြင်ဆင်မှု အားကောင်းတဲ့ တရုတ်ဘက်က အမေရိကန် ဆင်တဲ့ ထောင်ချောက်ကို လွတ်မြောက်အောင် ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီသတင်းက ယခုတစ်ပတ်ထဲမှာဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ဘက် ဘီဟာပြည်နယ်မှာ ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ကလေး ၁၆၁  ဦး သေဆုံးခဲ့တဲ့ သတင်း၊ အင်ဒိုနီးရှားနိုင်ငံမှာ မီးခြစ်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းခဲ့ရာမှာ ကလေးငယ်အချို့ အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးခဲ့တဲ့ သတင်း၊ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆော်ဒီ သတင်းစာဆရာ ခါရှော့ဂီ သေဆုံးမှုထဲ ဆော်ဒီမင်းသား ပါဝင်ပတ်သက်တဲ့ အထောက်အထား တွေ့ရှိရတဲ့ သတင်း၊ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်းထဲ နယူးဇီလန်နိုင်ငံကို ဒုတိယနေရာ သတ်မှတ်ခံရတဲ့ သတင်း၊ အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ ရုတ်တရက်သေဆုံးတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်းခဲ့တဲ့ သတင်း၊၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၇၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ သတင်း၊ ဂျပန်ကမ်းရိုးတန်း ကမ်းလွန်မှာ ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ သတင်း၊ မလေးရှား လေကြောင်းလိုင်း  MH17 လေယာဉ်ကို ဒုံးကျည်ဖြင့် ပစ်ချခဲ့သည်ဟု သံသယရှိသူ လေးဦးကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က သေဒဏ်ချမှတ်ရန်  စွဲချက်တင်ခဲ့တဲ့ သတင်း၊ သီရိလင်္ကာနိုင်ငံရဲ့ ပထမဦးဆုံးဂြိုဟ်တု ရာဝဏ-၁ ကို နိုင်ငံတကာ အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့တဲ့ သတင်း၊ မအောင်မြင်သည့် အာဏာသိမ်းမှုနှင့် ဆက်စပ်နေသည်ဟု သံသယရှိသူ   ၂၂၀ ကို တူရကီ တရားရုံးတစ်ရုံးက  ကြီးမားသော ပြစ်ဒဏ်တွေ ချမှတ်ခဲ့တဲ့သတင်း၊ နိုင်ငံတော်ရန်ပုံငွေ 1MDB အရှုပ်တော်ပုံမှ ၆၅ သန်း အခိုးခံရမှုကို စုံစမ်းဖော်ထုတ်နိုင်ရန် အရေးယူဆောင်ရွက်တော့မယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်စရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇွန် - ၂၄

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြထဲမွာ သတိထားစရာ သတင္းေတြ ရွိခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တဲ့ သတင္းက အီရန္က အေမရိကန္ဒ႐ုန္းကို ပစ္ခ်ခဲ့တဲ့ သတင္းက ကမာၻတစ္ဝန္းမွာ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးပဋိပကၡ အရွိန္ျမင့္လာတဲ့ သတင္းေတြ၊ ကုန္သြယ္ေရးပဋိပကၡ ျပင္းထန္ေနတဲ့ အခ်ိန္မွာ တ႐ုတ္သမၼတ ေျမာက္ကိုရီးယားကို သြားေရာက္တဲ့ သတင္းေတြလည္း ႏိုင္ငံတကာက သတိထားမိေစခဲ့ပါတယ္။

ဒီလိုသတင္းေတြက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) မွတစ္ဆင့္ ေျမာက္ကိုရီးယားႏိုင္ငံကို ေတာင္ကိုရီးယား ဆန္တန္ခ်ိန္ ၅၀ဝဝဝ ခန႔္ ပံ့ပိုးမယ့္ သတင္း၊ ဆီးရီးယားႏိုင္ငံကို တ႐ုတ္ႏိုင္ငံက ဘတ္စ္ကား အစီး ၁၀ဝ ကို လႉဒါန္းခဲ့တဲ့ သတင္း၊ ၂၀၅၀ ျပည့္ႏွစ္မွာ ကမာၻ႔လူဦးေရ ၉ ဒသမ ၇ ဘီလ်ံထိ တိုးလာရာမွာ အိႏၵိယက တ႐ုတ္ျပည္ကိုေက်ာ္ၿပီး ကမာၻ႔လူဦးေရ အမ်ားဆုံးႏိုင္ငံ ျဖစ္လာမယ္ဆိုတဲ့ သတင္း၊ ေကာ္ဗက္ စစ္သေဘၤာႏွစ္စင္းႏွင့္တကြ အျခား ဆက္စပ္ပစၥည္းမ်ားကို ဝယ္ယူဖို႔ ဖိလစ္ပိုင္သမၼတ ဒူတာေတး က အတည္ျပဳလိုက္တဲ့ သတင္း၊ လူကုန္ကူးခံခဲ့ရတဲ့ အေရွ႕ေတာင္အာရွသူ ၁,၁၀၀ ေက်ာ္ကို ကယ္တင္ႏိုင္ခဲ့တယ္လို႔ တ႐ုတ္ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တဲ့ သတင္း၊ ေလ်ာ့နည္းလာသည့္ ငါးမန္းအေရအတြက္ ျပန္လည္တိုးျမင့္ေစေရးအတြက္ ကေနဒါႏိုင္ငံက ငါးမန္းေတာင္ ကုန္သြယ္မႈကို တားျမစ္လိုက္တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ မဂၢနီက်ဳဒ္ ၆ အဆင့္ ေျမငလ်င္ေၾကာင့္ ၁၂ ဦး ေသဆုံးကာ ၁၃၄ ဦး ဒဏ္ရာရခဲ့တဲ့ သတင္း၊ ဒါကာၿမိဳ႕ ေတာင္ဘက္ ေဆာက္လုပ္ဆဲ ဓာတ္အားေပးစက္႐ုံ လုပ္ငန္းခြင္မွာ တ႐ုတ္ႏွင့္ ဘဂၤလားေဒ့ရွ္ အလုပ္သမား ရာႏွင့္ခ်ီၿပီး ခိုက္ရန္ျဖစ္ပြားရာမွာ တ႐ုတ္အလုပ္သမားတစ္ဦး ေသဆုံးၿပီး အျခား တစ္ဒါဇင္ေက်ာ္ ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ကေမာၻဒီးယားကမ္းေျခ အပန္းေျဖၿမိဳ႕မွာ ေဆာက္လုပ္ဆဲ အေဆာက္အအုံတစ္လုံး ၿပိဳက်လို႔ အနည္းဆုံး လူသုံးဦး ေသဆုံးခဲ့တဲ့ သတင္း၊ မ်က္မျမင္အျဖစ္ ဟန္ေဆာင္ကာ ရွစ္ႏွစ္ၾကာေနထိုင္တဲ့ ေတာင္ကိုရီးယား အမ်ိဳးသားတစ္ဦး အေရးယူခံရတဲ့ သတင္း၊ အေထာက္အထားမဲ့ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားအတြက္ မကၠဆီကို ေလေၾကာင္းလိုင္းက တစ္ေဒၚလာတန္ ခရီးစဥ္မ်ား ေျပးဆြဲခဲ့တဲ့ သတင္းေတြထဲ သတိထားမိစရာ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

အီရန္ကေန စတဲ့ မီး ကမာၻစစ္ျဖစ္ဖို႔ နီးလာၿပီလား

ပဋိပကၡေတြနဲ႔ ပင္လယ္ေကြ႕မွာ ျပင္းထန္လာတဲ့ အခ်ိန္မွာ အေမရိကန္ ဒ႐ုန္းတစ္စင္းကို အီရန္က သူ႔ပိုင္နက္ထဲကို ေရာက္လာလို႔ဆိုၿပီး ပစ္ခ်ခဲ့ပါတယ္။အီရန္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕က အီရန္ႏိုင္ငံ ေတာင္ပိုင္း ပါရွန္ပင္လယ္ေကြ႕နဲ႔ ေဟာ္မုဇ္ျပည္နယ္မွာ ပ်ံသန္းကာ သူလွ်ိဳလုပ္ငန္းမ်ား လုပ္ေဆာင္ေနလို႔ ဇြန္ ၂၀ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၄ နာရီက အီရန္ႏိုင္ငံပိုင္ ေလေၾကာင္းနယ္နိမိတ္အတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္ကာ ပ်ံသန္းေမာင္းႏွင္ခဲ့သည့္အတြက္ ပစ္ခ်ခဲ့ျခင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။အေမရိကန္ စစ္ဘက္တာဝန္ရွိသူ တစ္ဦးကေတာ့ အီရန္က အေမရိကန္ဒ႐ုန္းကို ေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္နဲ႔ ပစ္ခ်ခဲ့ၿပီး ပစ္ခ်ခံခဲ့ရတဲ့အခ်ိန္မွာ အဆိုပါ ေမာင္းသူမဲ့ ေထာက္လွမ္းေရးေလယာဥ္က အျပည္ျပည္ဆိုင္ရာ ေရေၾကာင္းပိုင္နက္ ေဝဟင္မွာ ပ်ံသန္းေနျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။အီရန္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္ ေဟာ့စိန္ ဆာလာမီ က ထိုေလယာဥ္မွာ ႏိုင္ငံ၏ ေဝဟင္ပိုင္နက္အတြင္း ဝင္လာတဲ့အတြက္ ပစ္ခ်ရျခင္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ပစ္ခ်ခံရတဲ့ ေမာင္းသူမဲ့ ေလယာဥ္တန္ဖိုးက ေဒၚလာ သန္း ၁၈ဝ တန္ဖိုးရွိၿပီး RQ-4 Global Hawk အမ်ိဳးအစားပါ။ခန႔္မွန္းခ်က္ေတြအရ ဒီေလယာဥ္ကိုပစ္ခ်ဖို႔ S-300 ဒုံးက်ည္ ကာကြယ္ေရးစနစ္ကို သုံးခဲ့မယ္လို႔ ဆိုပါတယ္။

ဒီလိုပစ္ခ်တာကို အီရန္ဘက္က သူ႔ရဲ႕ နယ္နိမိတ္ကို ဘယ္သူ႔ကိုမွ က်ဴးေက်ာ္ခြင့္မေပးတာကို ဒီလိုျဖစ္စဥ္နဲ႔ သက္ေသျပတာလို႔ဆိုၿပီး က်ဴးေက်ာ္လာသူတိုင္း ဒီ ေမာင္းသူမဲ့ေလယာဥ္လို ျဖစ္သြားမယ္လို႔ အေမရိကန္ကို ရည္႐ြယ္ၿပီး အီရန္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္က ဆိုခဲ့ပါတယ္။ယခုလို ပစ္ခ်လိုက္တာဟာ အေမရိကန္ကို နား႐ြက္တံေတြးဆြတ္တဲ့ လုပ္ရပ္ျဖစ္သလို အီရန္အေပၚ စီးပြားေရးအရ တင္းက်ပ္သည့္ အေရးယူပိတ္ဆို႔မႈမ်ား ခ်မွတ္မႈ၊ အီရန္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ အမည္ပ်က္ စာရင္းသြင္းမႈ၊ ေဟာ္မုေရလက္ၾကားႏွင့္ အိုမန္ပင္လယ္ေကြ႕တို႔၌ ေလာင္စာဆီတင္သေဘၤာမ်ား တိုက္ခိုက္ခံရမႈအား အီရန္လက္ခ်က္လို႔ စြပ္စြဲမႈေတြေၾကာင့္ တင္းမာမႈ အျမင့္ဆုံးေရာက္ေနခ်ိန္မွာ ေလာင္စာပုံထဲ မီးတုတ္ပစ္ထည့္လိုက္သလို ျဖစ္သြားခဲ့ပါတယ္။ဒါဟာ အီရန္၏ အစၥလာမ္မစ္ ေတာ္လွန္ေရးၿပီး ေနာက္ပိုင္း ႏွစ္ ၄ဝ အတြင္း အေမရိကန္ႏွင့္ စစ္ပြဲတစ္ပြဲ ျဖစ္ေပၚလာေစႏိုင္သည့္ စစ္မီးကို အီရန္ဘက္က စတင္လိုက္တဲ့ သေဘာပါဘဲ။

အေမရိကန္ျပည္ေထာင္စု ၿမိဳ႕ျပေလေၾကာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ (အက္ဖ္ေအေအ) က အီရန္ႏိုင္ငံက ထိန္းခ်ဳပ္သည့္ ေလေၾကာင္းပိုင္နက္မ်ားအတြင္း၌ အေမရိကန္ ကုန္သြယ္ေလေၾကာင္းလိုင္းေတြက ေလယာဥ္ေတြ ပ်ံသန္းျခင္းမျပဳၾကဖို႔ တားျမစ္ခ်က္ ထုတ္ခဲ့ပါတယ္။

အေမရိကန္ ေလယာဥ္ကို ပစ္ခ်လိုက္တဲ့အတြက္ အေမရိကန္ဘက္က ဘာေတြလုပ္ေဆာင္မႈ ရွိလာမလဲဆိုတာ ကမာၻတစ္ဝန္းက ရင္တမမနဲ႔ ေစာင့္ၾကည့္ေနရတဲ့အခ်ိန္မွာ အေမရိကန္ဘက္က လက္တုံ႔ျပန္ဖို႔ စီစဥ္ၿပီး  ျပန္႐ုတ္သိမ္းလိုက္တဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။အေမရိကန္ စစ္ဘက္ႏွင့္ သံတမန္အရာရွိေတြကေတာ့ အီရန္ရဲ႕ တိုက္ခိုက္မႈအေပၚ အေမရိကန္ဘက္က လက္တုံ႔ျပန္မႈဟာ အေမရိကန္ဘက္က ဇြန္ ၂၀ ရက္ ည ၇ နာရီေနာက္ဆုံးထား ျဖစ္ပြားႏိုင္တယ္လို႔ ခန႔္မွန္းထားခဲ့ၾကပါတယ္။

အေမရိကန္ စစ္ဘက္အရာရွိႀကီးတစ္ဦး ထုတ္ေဖာ္ေျပာၾကားခ်က္ကို Times သတင္းစာက ေဖာ္ျပခဲ့ရာမွာ ဇြန္ ၂၀ ရက္ ညမွာ  လက္တုံ႔ျပန္တိုက္ခိုက္ရန္ ကနဦးအဆင့္မ်ားအျဖစ္ သေဘၤာမ်ားေနရာယူျခင္း၊ ေလယာဥ္မ်ား ပ်ံတက္ထားျခင္းတို႔ လုပ္ေဆာင္ၿပီးျဖစ္ေပမယ့္ ဆိုင္းငံ့ထားဖို႔ အမိန႔္ေရာက္ရွိလာလို႔ တိုက္ခိုက္မႈကို ရပ္ဆိုင္းခဲ့ပါတယ္။သမၼတ ေဒၚနယ္ထရမ့္ က ယင္းအစီအစဥ္ကို ဇြန္ ၂၀ ရက္ညကပဲ ႐ုတ္တရက္ဖ်က္သိမ္းတာလို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္ရဲ႕ လက္တုံ႔ျပန္တိုက္ခိုက္ဖို႔ ကနဦးအစီအစဥ္ထဲမွာ အီရန္ ေရဒါႏွင့္ ဒုံးက်ည္ပစ္စင္ေတြ ပါၿပီး အိမ့္ျဖဴေတာ္မွာ ျပဳလုပ္တဲ့ ေဆြးေႏြးပြဲမွာ သမၼတ ထရမ့္၏ ထိပ္တန္းအမ်ိဳးသားလုံၿခဳံေရးအရာရွိမ်ားႏွင့္ အထက္လႊတ္ေတာ္ ေခါင္းေဆာင္မ်ားအၾကား အျပင္းအထန္ အျငင္းအခုံျဖစ္ၿပီးမွာ တိုက္ခိုက္မယ့္ အစီအစဥ္ကို ရပ္ဆိုင္းခဲ့တာလို႔ သတင္းေတြ ထြက္လာခဲ့ပါတယ္။စစ္ျဖစ္လုနီးပါး အေျခအေနကို တဲတဲေလးေရာက္ခဲ့တာပါ။

ယခုျဖစ္ရပ္မွာ ဘယ္သူမွားလည္းဆိုတာ မသိရေသးေပမယ့္ အီရန္ဘက္ကေတာ့ ႏိုင္ငံပိုင္ ႐ုပ္သံလိုင္းကေန အေမရိကန္ ေမာင္းသူမဲ့ေလယာဥ္၏ အပ်က္အစီး အပိုင္းအစမ်ားကို ခင္းက်င္းျပသခဲ့ပါတယ္။ဒီလိုပဲ အခုလို ရန္လိုတဲ့လုပ္ရပ္ေတြ အေမရိကန္ဘက္က ထပ္လုပ္လာခဲ့ရင္လည္း ဒီနည္းအတိုင္း ဆက္လုပ္သြားမယ္လို႔ ေျပာခဲ့တာပါ။အေမရိကန္ဘက္ကေတာ့ အီရန္ကို ထပ္မံပိတ္ဆို႔ဖို႔ စီစဥ္ေနတယ္လို႔ ထရမ့္ က ေျပာခဲ့ပါတယ္။ဒီလိုစီစဥ္တာေတြ ျဖစ္လာတဲ့အတြက္ ကမာၻ႔ေရနံေဈးက ႐ုတ္ခ်ည္းတက္သြားသလို ပင္လယ္ေကြ႕ ေဒသတစ္ေလွ်ာက္ စစ္ပြဲအသံေတြေၾကာင့္ ယမ္းအုံထားတဲ့ ဒီေဒသအေျခအေနက စိုးရိမ္စရာပါဘဲ။ေရွ႕ဆက္ ဘာေတြျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာဘဲ။

ဒီလို အေမရိကန္နဲ႔ အီရန္ၾကား တင္းမာမႈ အျမင့္ဆုံးေရာက္ေနခ်ိန္မွာ အေမရိကန္ႏိုင္ငံ ယာယီကာကြယ္ေရးဝန္ႀကီး ပက္ထရစ္ရွာနာဟန္ က ႐ုတ္တရက္ႏုတ္ထြက္ခဲ့လို႔ အေမရိကန္ ကာကြယ္ေရးဌာန စစ္ဘက္ဆိုင္ရာဝန္ႀကီး မာ့ခ္အက္စ္ပါ ကို အစားထိုးတာဝန္ေပးခဲ့ဖို႔ ျပင္ဆင္ခဲ့ရပါတယ္။ဒီလိုအေျပာင္းအလဲေတြ ျဖစ္ေနသလို ထရမ့္ ကလဲ သူ႔ဒုတိယသက္တမ္းအတြက္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ ေအာ္လန္ဒိုၿမိဳ႕မွာ စတင္မဲဆြယ္ခဲ့ပါတယ္။ထရမ့္ သာ ဒုတိယသက္တမ္း ေ႐ြးခ်ယ္ခံရရင္ ယခုလက္ရွိ ပဋိပကၡေတြက ပိုၿပီးျပင္းထန္လာဖြယ္ ရွိေနပါတယ္။အေမရိကန္ရဲ႕ ႏိုင္ငံေရးအင္အား ျပန္ေတာင့္တင္းလာတာေတြေၾကာင့္လည္း ေဒသတြင္းမွာလဲ အေမရိကန္နဲ႔ ပူးတြဲလုပ္ေဆာင္မႈျပဳတဲ့ ႏိုင္ငံေတြအေပၚ ေစာင့္ၾကည့္မႈေတြ ရွိလာပါတယ္။မၾကာခင္က သဘာဝသက္ရွိမ်ိဳးစိတ္ေတြ ႂကြယ္ဝတဲ့ အီေကြေဒါပိုင္ ဂါလာဂိုစ့္ကြၽန္းေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ အီေကြေဒါၾကား ခ်ဳပ္ဆိုတဲ့ စာခ်ဳပ္ေတြမွာ အေမရိကန္ စစ္အေျခစိုက္စခန္းေတြ ထားမွာကို စိုးရိမ္ၿပီး ႏိုင္ငံတကာက ေဝဖန္မႈေတြရွိတဲ့အထိ ျဖစ္ခဲ့တာေတြလည္း ရွိခဲ့ပါတယ္။ဒီအတြက္ အေမရိကန္နဲ႔ အီရန္ၾကား ဆက္စပ္သတင္းေတြက ေစာင့္ၾကည့္စရာရွိေနဦးမွာ ျဖစ္ပါတယ္။

ကုန္သြယ္ေရးစစ္ ဘယ္သူ အသာရမလဲ

မၾကာခင္ကာလအတြင္း G-20 ထိပ္သီး အစည္းအေဝးအတြင္း အေမရိကန္နဲ႔ တ႐ုတ္ ေခါင္းေဆာင္ႏွစ္ဦး ေတြ႕ဆုံဖို႔ ရွိပါတယ္။ဒီလိုျဖစ္ရပ္ေတြေၾကာင့္ ဂ်ပန္ႏိုင္ငံ အိုဆာကာမွာ ျပဳလုပ္မယ့္ ထိပ္သီးအစည္းအေဝးကို ႏိုင္ငံတကာက အာ႐ုံစိုက္စရာ ျဖစ္လာခဲ့ပါတယ္။ဒီထိပ္သီးေဆြးေႏြးပြဲ မတိုင္ခင္ တ႐ုတ္သမၼတ ရွီက်င့္ဖိန္ ဟာ ေျမာက္ကိုရီးယားကို ၁၄ ႏွစ္အတြင္း ပထမဆုံး တ႐ုတ္ေခါင္းေဆာင္အျဖစ္ သြားေရာက္ခဲ့ပါတယ္။ႏိုင္ငံတကာ အကဲခတ္သူေတြကေတာ့ အေမရိကန္ သမၼတ ထရမ့္ နဲ႔ မေတြ႕ဆုံခင္ သြားေရာက္ခဲ့တဲ့ တ႐ုတ္ေခါင္းေဆာင္ရဲ႕ ဒီခရီးစဥ္ဟာ တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးပဋိပကၡမွာ တ႐ုတ္အေနနဲ႔ အေမရိကန္နဲ႔ ေဆြးေႏြးရာမွာ ေျမာက္ကိုရီးယားကို အခ်က္တစ္ခုအေနနဲ႔ ကိုင္စြဲဖို႔လားဆိုတာ မွန္းဆခဲ့ၾကပါတယ္။  

ဒီေခါင္းေဆာင္ႏွစ္ဦး ေတြ႕ဆုံမႈနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ မီဒီယာေတြမွာ အေသးစိတ္ေဖာ္ျပတာေတြ မရွိခဲ့ေပမယ့္ ေျမာက္ကိုရီးယားအေနျဖင့္ န်ဴကလီးယား လက္နက္မ်ားကို စြန႔္လႊတ္ေရးအတြက္ အေမရိကန္က ပိတ္ဆို႔မႈမ်ား ထပ္မံခ်မွတ္ရန္ စီစဥ္ေနမႈႏွင့္ တိုက္ဆိုင္ေနတာကလည္း ထူးျခားခ်က္ပါဘဲ။ခရီးစဥ္အတြင္း တ႐ုတ္သမၼတ ရွီက်င့္ဖိန္ က ေျမာက္ကိုရီးယား ေခါင္းေဆာင္ကို ကိုရီးယားကြၽန္းဆြယ္မွာ န်ဴကလီးယားလက္နက္ ကင္းစင္ေရး ဆက္လက္လုပ္ေဆာင္ဖို႔ တိုက္တြန္းခဲ့တာေတြ ရွိတယ္ဆိုပါတယ္။န်ဴကလီးယား ကင္းစင္ေရးအတြက္ ေျမာက္ကိုရီးယားရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို တ႐ုတ္သမၼတက ေထာက္ခံခ်ီးက်ဴးခဲ့ပါတယ္။

သတင္းေတြအရ တ႐ုတ္သမၼတရဲ႕ ယခုခရီးစဥ္ရည္႐ြယ္ခ်က္က ကိုရီးယားကြၽန္းဆြယ္ ေဒသတြင္း တင္းမာမႈေျပေလ်ာ့ေစဖို႔နဲ႔ ေျမာက္ကိုရီးယား၏ န်ဴကလီးယား ကင္းစင္ပေပ်ာက္ေရး လုပ္ငန္းစဥ္ အထေျမာက္ ေအာင္ျမင္ေစေရးအတြက္ လုပ္ေဆာင္ခ်က္မ်ားကို ကူညီေထာက္ပံ့ေပးဖို႔လာတာလို႔ ဆိုပါတယ္။အေမရိကန္ဘက္ကေတာ့ တ႐ုတ္သမၼတနဲ႔ မေတြ႕ခင္မွာဘဲ တ႐ုတ္နည္းပညာကုမၸဏီ ၄ ခုနဲ႔ သုေတသနအဖြဲ႕အစည္း တစ္ခုကို အမည္ပ်က္စာရင္းထဲ ထပ္ထည့္ခဲ့ပါတယ္။ဒီထဲမွာ စူပါကြန္ပ်ဴတာ ထုတ္လုပ္တဲ့ AMD ၊ Higon ၊  Sugon ၊ Chengdu Haiguang Integrated Circuit နဲ႔ သုေတသနအဖြဲ႕အစည္းျဖစ္တဲ့ Chengdu Haiguang Microelectronics Technology ေတြ ပါဝင္ပါတယ္။

တစ္ဘက္နဲ႔တစ္ဘက္ အေသခ်ာျပင္ဆင္ေနသလို အျပန္အလွန္ အခြန္ေတြ တိုးေကာက္ဖို႔ ျပင္ေနခဲ့တဲ့အတြက္ ကမာၻ႔ကုန္သြယ္ေရးပါ ထိခိုက္လာခဲ့ပါတယ္။ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရး ညႇိႏိူင္းေဆြးေႏြးပြဲေတြကို ရပ္ထားေပမယ့္ ဂ်ပန္ႏိုင္ငံမွာ ဇြန္ ၂၈-၂၉ မွာ က်င္းပမည့္ G-20 ထိပ္သီး အစည္းအေဝးပြဲ အၿပီးမွာ ျပန္စတင္မယ့္ရက္ကို ေၾကညာမယ္လို႔ ထရမ့္ဘက္က ေျပာထားပါတယ္။လက္ရွိမွာ တ႐ုတ္မွ တင္သြင္းသည့္ ကုန္ပစၥည္း ေဒၚလာ ၂၅၀ ဘီလ်ံအေပၚ အခြန္ေကာက္ယူေနသလို ေနာက္ထပ္ ဘီလ်ံ ၃၀၀ တန္ဖိုးရွိ ကုန္ပစၥည္းေတြအေပၚ အခြန္ ၂၅ ရာခိုင္ႏႈန္း ေကာက္ယူမယ္လို႔ ထရမ့္ က ေျပာထားတာရွိတဲ့အတြက္ မျဖစ္မေန ေတြ႕ဆုံညႇိႏိူင္းမႈ လုပ္ဖို႔လိုေနပါတယ္။

G-20 မတိုင္မီ တ႐ုတ္သမၼတနဲ႔ အေမရိကန္သမၼတ ေတြ႕ဆုံမႈမတိုင္မီ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ ဖုန္းနဲ႔ ဆက္သြယ္စကားေျပာတာေတြ ရွိခဲ့ပါတယ္။ဒီဖုန္းေခၚဆိုမႈနဲ႔ ပတ္သက္ၿပီး ထရမ့္ က “ဂ်ပန္ႏိုင္ငံက ဂ်ီ- ၂၀ ထိပ္သီး အစည္းအေဝးမွာ ကြၽန္ေတာ္တို႔ အစည္းအေဝး ခပ္ၾကာၾကာလုပ္သြားပါမယ္။ကြၽန္ေတာ္တို႔ မေတြ႕ဆုံခင္ ကြၽန္ေတာ္တို႔ရဲ႕ သက္ဆိုင္ရာအဖြဲ႕ေတြ အရင္ေတြ႕ပါမယ္” လို႔ ေျပာခဲ့တာ ရွိပါတယ္။

တ႐ုတ္အေနနဲ႔ အေမရိကန္နဲ႔ ကုန္သြယ္ေရးျပႆနာကို ေျပလည္ေအာင္ေျဖရွင္းဖို႔ အေရးႀကီးေနသလို တက္ေနတဲ့ စီးပြားေရးနဲ႔ အင္အားႀကီးႏိုင္ငံတစ္ခု ျဖစ္လာေအာင္ လုပ္ေဆာင္ေနမႈကို ယခုအခြန္ေကာက္မႈေတြ၊ နည္းပညာကုမၸဏီေတြကို အမည္ပ်က္စာရင္း တင္သြင္းမႈေတြက အဓိကတားဆီးမႈေတြ ျဖစ္လာဖြယ္ရွိေနပါတယ္။လာမယ့္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ ထရမ့္ဘဲ ျပန္ေ႐ြးေကာက္ခံရဖို႔ မ်ားေနတဲ့အတြက္  တ႐ုတ္အေနနဲ႔ ဒီျပႆနာကို မျဖစ္မေန ထရမ့္ နဲ႔ ေဆြးေႏြးမွျဖစ္မယ့္ အေနအထားပါ။အေမရိကန္အေနနဲ႔လည္း  အင္အားႀကီးလာတဲ့ တ႐ုတ္ကို ျဖတ္ေတာက္ဟန႔္တားဖို႔ဆိုရင္ တ႐ုတ္ကို ဆက္လက္ ဖိအားေပးတာေတြ၊ စီးပြားေရးအရ ကန႔္သတ္ရတာေတြ မျဖစ္မေန ဆက္လုပ္ရမွာ ျဖစ္တဲ့အတြက္ ဒီေဆြးေႏြးပြဲက ယခင္အတိုင္းဘဲ ေရွ႕မတိုးသာ ေနာက္မဆုတ္သာ ဆက္ျဖစ္မွာ ေသခ်ာသေလာက္ပါဘဲ။စီးပြားေရးသမား ထရမ့္ နဲ႔ ေမြးရာပါ စီးပြားေရးသမား တ႐ုတ္ၾကား ကုန္သြယ္ေရးအတြက္ အေလွ်ာ့အတင္းဆြဲရာမွာ ဘယ္သူက ပိုသာသလဲ၊ ပိုၿပီး အတြက္အခ်က္ေကာင္းသလဲဆိုတာ မၾကာခင္ေတြ႕ရေတာ့မွာပါ။တ႐ုတ္အေနနဲ႔ အာရွနဲ႔ အာဖရိကမွာ သူ႔ထုတ္ကုန္ေတြကိုျဖဳန္းဖို႔ ေဖာက္သည္ေတြ တက္သုတ္႐ိုက္ရွာေနတဲ့အတြက္ ဒီေဆြးေႏြးမႈမတိုင္ခင္ ႀကိဳတင္ျပင္ဆင္မႈ အားေကာင္းတဲ့ တ႐ုတ္ဘက္က အေမရိကန္ ဆင္တဲ့ ေထာင္ေခ်ာက္ကို လြတ္ေျမာက္ေအာင္ ႐ုန္းထြက္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ဒီသတင္းက ယခုတစ္ပတ္ထဲမွာျဖစ္ခဲ့တဲ့ အိႏၵိယႏိုင္ငံ အေရွ႕ဘက္ ဘီဟာျပည္နယ္မွာ ဦးေႏွာက္အေျမႇးေရာင္ေရာဂါေၾကာင့္ ကေလး ၁၆၁  ဦး ေသဆုံးခဲ့တဲ့ သတင္း၊ အင္ဒိုနီးရွားႏိုင္ငံမွာ မီးျခစ္စက္႐ုံတစ္႐ုံ မီးေလာင္ကြၽမ္းခဲ့ရာမွာ ကေလးငယ္အခ်ိဳ႕ အပါအဝင္ လူ ၃၀ ထက္မနည္း ေသဆုံးခဲ့တဲ့ သတင္း၊ ကုလသမဂၢက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဆာ္ဒီ သတင္းစာဆရာ ခါေရွာ့ဂီ ေသဆုံးမႈထဲ ေဆာ္ဒီမင္းသား ပါဝင္ပတ္သက္တဲ့ အေထာက္အထား ေတြ႕ရွိရတဲ့ သတင္း၊ ကမာၻလုံးဆိုင္ရာ ၿငိမ္းခ်မ္းမႈ အၫႊန္းကိန္းထဲ နယူးဇီလန္ႏိုင္ငံကို ဒုတိယေနရာ သတ္မွတ္ခံရတဲ့ သတင္း၊ အီဂ်စ္သမၼတေဟာင္း မိုဟာမက္ေမာ္စီ ႐ုတ္တရက္ေသဆုံးတဲ့အေပၚ စုံစမ္းစစ္ေဆးဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံးက တိုက္တြန္းခဲ့တဲ့ သတင္း၊၂၀၁၈ ခုႏွစ္အတြင္း ကမာၻေပၚမွာ လူေပါင္း သန္း ၇၀ ေက်ာ္ ေနအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရတဲ့ သတင္း၊ ဂ်ပန္ကမ္း႐ိုးတန္း ကမ္းလြန္မွာ ျပင္းအား ၆ ဒသမ ၇ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့တဲ့ သတင္း၊ မေလးရွား ေလေၾကာင္းလိုင္း  MH17 ေလယာဥ္ကို ဒုံးက်ည္ျဖင့္ ပစ္ခ်ခဲ့သည္ဟု သံသယရွိသူ ေလးဦးကို ႏိုင္ငံတကာ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ေသဒဏ္ခ်မွတ္ရန္  စြဲခ်က္တင္ခဲ့တဲ့ သတင္း၊ သီရိလကၤာႏိုင္ငံရဲ႕ ပထမဦးဆုံးၿဂိဳဟ္တု ရာဝဏ-၁ ကို ႏိုင္ငံတကာ အာကာသယာဥ္ လႊတ္တင္ေရးစခန္းမွ လႊတ္တင္ခဲ့တဲ့ သတင္း၊ မေအာင္ျမင္သည့္ အာဏာသိမ္းမႈႏွင့္ ဆက္စပ္ေနသည္ဟု သံသယရွိသူ   ၂၂၀ ကို တူရကီ တရား႐ုံးတစ္႐ုံးက  ႀကီးမားေသာ ျပစ္ဒဏ္ေတြ ခ်မွတ္ခဲ့တဲ့သတင္း၊ ႏိုင္ငံေတာ္ရန္ပုံေငြ 1MDB အရႈပ္ေတာ္ပုံမွ ၆၅ သန္း အခိုးခံရမႈကို စုံစမ္းေဖာ္ထုတ္ႏိုင္ရန္ အေရးယူေဆာင္႐ြက္ေတာ့မယ္လို႔ မေလးရွားအစိုးရက ထုတ္ျပန္ခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္စရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇြန္ - ၂၄