【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန် လက်စွမ်းပြနေတဲ့ ပင်လယ်ကွေ့

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန် လက်စွမ်းပြနေတဲ့ ပင်လယ်ကွေ့

ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲ ပင်လယ်ကွေ့ သတင်းတွေက သတိထားစရာ သတင်းတွေပါ။အီရန်ဘက်က ဗြိတိန် ရေနံတင်သဘောၤကို ဖမ်းဆီးတဲ့ သတင်းတွေ အမေရိကန်ဘက်က ပင်လာယ်ကွေ့ကို မဟာဗျူဟာမြောက် လေယာဉ်တွေ လက်နက်တွေ စေလွှတ်နေတာတွေ၊ အမေရိကန်နဲ့ ဥရောပမှာ အပူလှိုင်းကျပြီး အာရှမှာ ရေကြီး၊ ငလျင်လှုပ်နေတာ စတဲ့ သတင်းတွေက ကမ္ဘာ့မီဒီယာကို ယခုတစ်ပတ် နေရာယူခဲ့ပါတယ်။

ဒီသတင်းတွေထဲမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ မော်စကိုမှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သတင်း၊ မက္ကဆီကို မူးယစ်ရာဇာ ဂျိုအာကွင်းအယ်လ်ချာ ပိုဂု့ဇ်မန်း ကို အမေရိကန် တရားသူကြီးတစ်ဦးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တဲ့သတင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မန်နေဂျင်းဒါရိုက်တာ ရာထူးကနေ မစ္စစ်ခရစ်စတင်းလာဂတ် နုတ်ထွက်မယ့်သတင်း၊ ပီရူးသမ္မတဟောင်း အလီဂျန်ဒရိုတိုလီဒို ကို အမေရိကန်နိုင်ငံမှာ ဖမ်းဆီးခဲ့တဲ့သတင်း၊ မော်လ်တာမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဂျာနယ်လစ်တစ်ဦး  သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ သုံးဦးကို စွဲချက်တင်ခဲ့တဲ့သတင်း၊ ဂျာမနီမှ မစ္စစ်အာဆူလာ ဗွန်ဒါလီယန် ကို ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့တဲ့ သတင်း၊ ၂၀၀၈ မွမ်ဘိုင်းတိုက်ခိုက်မှု နောက်ကွယ်ကြိုးကိုင်သူဟာ ဖစ်ဆာအိဒ် ကို ဖမ်းဆီးခဲ့တဲ့ သတင်းတွေကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

အီရန် လက်တုံ့ပြန်တဲ့ ပင်လယ်ကွေ့စစ်ရေး

ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲ ကမ္ဘာ့မီဒီယာတွေမှာ နေရာယူခဲ့တာက ဗြိတိန် ရေနံတင်သင်္ဘောကို အီရန်ဘက်က ပြန်ပေးဆွဲခဲ့တဲ့ သတင်းပါဘဲ။ဒီလိုပြန်ပေးမဆွဲမီ အီရန် ဒရုန်းတစ်စင်းကို အမေရိကန် ရေတပ်မှ ရေပြင် မြေပြင် တိုက်ခိုက်ရေးသင်္ဘော USS Boxer က ပစ်ချခဲ့တယ် ဆိုပါတယ်။ထရမ့် က အီရန်ဘက်က ဒရုန်းကို ပစ်ချလိုက်တယ်လို့ ပြောခဲ့ရာမှာတော့ အမေရိကန် ရေတပ်သင်္ဘော ဟောမုဇ်ရေလက်ကြားထဲ ဝင်ရောက်ချိန်မှာ ယင်းဒရုန်းက သင်္ဘောကို လာခြိမ်းခြောက်လို့ ပစ်ချလိုက်တာလို့ ဆိုပါတယ်။

အမေရိကန်ဘက်က ဒီလိုပြောပေမယ့် အီရန်ဘက်က ဒရုန်းပစ်ချခံခဲ့ရမှုကို ငြင်းဆိုခဲ့ပါတယ်။ဒီမတိုင်ခင် ပနားမားအလံ လွှင့်တင်ထားတဲ့ Riah ရေနံတင်သင်္ဘောနှင့် သင်္ဘောသား ၁၂ ဦးကို လောင်စာဆီမှောင်ခိုနဲ့ ဇူလိုင် ၁၄ ရက်က အီရန်က ဖမ်းဆီးထားတာ ရှိပါတယ်။အမေရိကန်ဘက်က ဒီလိုပစ်ချမှုနောက်ပိုင်းမှာ အီရန်ဘက်က ဗြိတိန် ရေနံတင်သင်္ဘော Stena Impero ကို အီရန် ငါးဖမ်းသင်္ဘောကို ဝင်တိုက်လို့ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။ဒါဟာ မကြာခင်က အီရန် ရေနံတင်သင်္ဘောကို ဂျီဘရော်လ်တာ ရေလက်ကြားမှာ ဖမ်းဆီးခဲ့တာကို လက်တုံ့ပြန်တာလို့ အားလုံးက နားလည်ခဲ့ပါတယ်။

ဗြိတိန်ဘက်က ပင်လယ်ကွေ့ဒေသမှာ ဗြိတိန်အလံတင် ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးတဲ့လုပ်ရပ်ကို ရှုတ်ချပြီး အီရန် ငါးဖမ်းသင်္ဘောတစ်စင်းကို ဝင်တိုက်လို့ ဖမ်းရတာဆိုတဲ့ အီရန်အာဏာပိုင်တွေရဲ့ အကြောင်းပြချက်ကိုလည်း ကန့်ကွက်ခဲ့ပါတယ်။ဗြိတိန် ကာကွယ်ရေးဝန်ကြီး ပန်နီမိုဒေါင့် က ယခုကဲ့သို့ လုပ်တုံ့ပြန်ဖမ်းဆီးခြင်းဟာ ရန်လိုတဲ့လုပ်ရပ်လို့ ပြောခဲ့သလို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့် က အီရန် နိုင်ငံခြားရေးဝန်ကြီးဆီ ဖုန်းဆက်ခဲ့သလို အီရန်သံရုံး ယာယီတာဝန်ခံကို ခေါ်ယူကန့်ကွက်ခဲ့ပါတယ်။ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂတို့ကလည်း အီရန်ရဲ့ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အမေရိကန်ကတော့ ဗြိတိန် ရေနံတင်သင်္ဘောတစ်စီးကို အီရန်က ဖမ်းဆီးထားတဲ့အတွက် ဗြိတိန်နဲ့အတူ လက်တွဲဆောင်ရွက်သွားမှာလို့ သမ္မတ ထရမ့် ကိုယ်တိုင် ပြောခဲ့ပါတယ်။ဗြိတိန် ရေနံတင်သင်္ဘော Stena Impero အပြင် လစ်ဗျားအလံ လွှင့်တင်ထားသည့် ဗြိတိန်ကုမ္ပဏီ၏ Mesdar ရေနံတင်သင်္ဘောကိုလည်း အီရန်ဘက်က ဖမ်းဆီးထားခဲ့ပါတယ်။အီရန်ဘက်က တင်းတင်းမာမာ ဆောင်ရွက်လာချိန်မှာ အမေရိကန်ဘက်ကလည်း ဆော်ဒီအာရေဗျရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းကို တိုက်လေယာဉ်တွေ လေကြောင်းကာကွယ်ရေးစနစ်နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀ ခန့်ကို ပြန်လည်စေလွှတ်ခဲ့ပါတယ်။

ဒီလို အခြေအနေတင်းမာလာတဲ့အတွက် ပင်လယ်ကွေ့ အပါအဝင် ဟော်မုဇ်ရေလက်ကြားတစ်ဝိုက်၊ အဆိုပါဒေသတွင်း အခြေအနေက စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။စစ်ရေးတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ မြင့်တက်လာတဲ့အတွက် British Airways လေကြောင်းလိုင်းက လုံခြုံရေးသတိပေးချက်ကြောင့် အီဂျစ်နိုင်ငံ၊ မြို့တော်ကိုင်ရိုသို့ ပျံသန်းမည့် ခရီးစဉ်တွေကို တစ်ပတ်ကြာ ရပ်နားခဲ့ပါတယ်။ဂျာမန်လေကြောင်းလိုင်း Lufthansa ကလည်း ကိုင်ရိုသို့ ပျံသန်းမည့် ခရီးစဉ်များကို ဇူလိုင် ၂၀ ရက်ထိ ဖျက်သိမ်းခဲ့ပါတယ်။ထရမ့်အတွက် အီရန်ရဲ့ ရန်စတဲ့လုပ်ရပ်အပေါ် အာရုံစိုက်နေရတဲ့ အခြေအနေမှာ အမေရိကန် ရွေးကောက်ပွဲကလည်း ပြန်နီးကပ်လာတဲ့အတွက် ထရမ့်အတွက် ရှေးရီပတ်ဘလီကင်သမ္မတတွေလို အီရန်ကို စစ်ဆင်နွှဲပြီး ပြန်ရွေးကောက်ခံရအောင် လုပ်မလားဆိုတာ စောင့်ကြည့်စရာပါ။

ပြည်တွင်းမှာလည်း ဒီရက်သတ္တပတ်အတွင်း လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသား ကြောက်ရွံ့မှုကို အားပေးတဲ့အနေနဲ့ The Squard လို့ လူသိများတဲ့ အမျိုးသမီး လွှတ်တော်အမတ်လေးဦးကို ပစ်မှတ်ထားတိုက်ခိုက်မှု ဆက်တိုက်လုပ်ခဲ့ပါတယ်။လွှတ်တော်အမတ်တွေကို ပြိုကွဲနေတဲ့  အစိုးရများရှိရာ နိုင်ငံများမှ လာတဲ့အတွက် ၎င်းတို့ မူရင်းနိုင်ငံဆီ ပြန်ကြတော့လို့ ထရမ့် က ပြောခဲ့တဲ့အတွက် အမေရိကန်လို တင်းပြည်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံမှာ အတော်လေးပွက်လောရိုက်ခဲ့ပါတယ်။ဒီအတွက် ဒါဟာ လူမျိုးရေးခွဲခြားတဲ့ ပြောဆိုချက်အဖြစ် အတိုက်အခံ ဒီမိုကရက်တွေက စွဲချက်တင်ပြီး ဒီမိုက်ကရက်တစ်တွေ ကြီးစိုးရာ အမေရိကန် အောက်လွှတ်တော်က ရှုတ်ချခဲ့ပါတယ်။ဒီလို ရှုတ်ချရုံတင်မကဘူး။သမ္မတ ထရမ့် ကို စွပ်စွဲပြစ်တင်ရေးပါ ကြိုးစားနေကြတာပါ။

အမေရိကန်နဲ့ အနောက်အုပ်စု ခြယ်လှယ်နေတဲ့ အရှေ့အလယ်ပိုင်း အစ္စလာမ်ကမ္ဘာမှာ ပြဿနာတွေက နေ့စဉ်အမျှပါဘဲ။အီရတ်မှာ ဇူလိုင် ၁၇ ရက်က စားသောက်ဆိုင်ထဲ သေနတ်သမားတစ်ဦး ဝင်ပစ်လို့ အီရတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသဆိုင်ရာ တူရကီ လက်ထောက်ကောင်စစ်ဝန် အပါအဝင် နှစ်ဦးသေဆုံးခဲ့ပါတယ်။ဒါဟာ တူရကီအတွက် နားရွက်တံတွေးဆွတ်ခံရတာပါ။ဒီအတွက် တရားခံအဖြစ် ဒီဒေသမှာရှိတဲ့ ကာဒစ်စတန်အလုပ်သမားပါတီ PKK အဖွဲ့ လက်ချက်လို့ ယူဆပြီး တူရကီက နောက်တစ်ရက်မှာ PKK အဖွဲ့ အခြေစိုက်ရာဒေသကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားရာ မူရင်းဖြစ်တဲ့ ပါလက်စတိုင်းဒေသဖြစ်တဲ့ ဂါဇာမှာတော့ ပါလက်စတိုင်း ဆန္ဒပြတဲ့သူတွေကို အစ္စရေးရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင်းခဲ့လို့ ဂျာနယ်လစ်နဲ့ ကျန်းမာရေးဝန်ထမ်း အပါအဝင် ၇၄ ဦးထိ ဒဏ်ရာရခဲ့ပါတယ်။တာလီဘန်တွေ၊ အိုင်အက်စ်တွေ ကြီးစိုးတဲ့ အာဖဂန်မှာတော့ တောင်ပိုင်း ကန်ဒါဟာမြို့ရှိ ရဲတပ်ဖွဲ့ဌာနချုပ်ကို တာလီဘန်တွေ ဝင်စီးနင်းတိုက်ခိုက်လို့ အာဖဂန်ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးကာ ဒါဇေင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ပါကစ္စတန်မှာတော့ တစ်မျိုးပါ။တာလီဘန်တွေ၊ အိုင်အက်စ်တွေ စိမ့်ဝင်နေတဲ့ ဒေသမှာ ဇူလိုင် ၂၁ ရက်က အမျိုးသမီးတစ်ဦး ဒေသတွင်း ဆေးရုံထဲ အသေခံဗုံးခွဲခဲ့တဲ့အတွက် ၉ ဦး သေကာ ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် ပါကစ္စတန်မှာ စီးပွားရေးကပ်ဆိုက်နေတဲ့အတွက် ဆန္ဒပြနေတာတွေလည်း ဖြစ်နေပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နာဇီစစ်သားတွေ ခိုးယူလာခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို နှစ်ပေါင်း ၇၅ နှစ်ကျော်အကြာမှာ ဂျာမနီက အီတလီနိုင်ငံဆီ ပြန်လည်ပေးအပ်ခဲ့တဲ့ သတင်း၊ တောင်ကိုရီးယားမှာ ဂျပန်ထုတ် ကုန်ပစ္စည်းတွေကို အသုံးမပြုဘဲ ဆန့်ကျင်သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေတဲ့သတင်း၊ ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ပျံ့နှံ့ဖြစ်ပွားနေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့ သတင်း၊ တူရကီ အရှေ့ပိုင်း ဗန်စီရင်စုဒေသမှာ တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်များ တင်ဆောင်လာတဲ့ မီနီဘတ်စ်တစ်စီး တိမ်းမှောက်ခဲ့ရာမှာ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့တဲ့ သတင်း၊ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်က ဓာတ်ငွေ့စက်ရုံတစ်ခုမှာ အကြီးစားပေါက်ကွဲမှုဖြစ်လို့ ၁၅ ဦးသေဆုံးခဲ့တဲ့ သတင်းတွေထဲ သတိထားစောင့်ကြည့်စရာ သတင်းဖြစ်ခဲ့ပါတယ်။

ဆိုးဝါးတဲ့ မီးရှို့တိုက်ခိုက်မှု

အစွန်းရောက်ဝါဒတွေကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေရှိခဲ့တဲ့ ဂျပန်မှာ ဒီတစ်ခါလည်း လူတစ်ဦးကြောင့် လူ ၃၀ကျော် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသလို ဖြစ်ခဲ့ရပါတယ်။ဂျပန် ရှေးဟောင်းမြို့ဖြစ်တဲ့ ကျိုတိုမြို့မှာ ဇူလိုင် ၁၈ ရက်က အန်နီမေးရှင်း စတူဒီယိုကုမ္ပဏီတစ်ခုဖြစ်တဲ့ Kyoto Animation ဌာနချုပ် ဝင်ပေါက်ကို ဓာတ်ဆီလို့ ယူဆရတဲ့ အရည်တွေ ပက်ဖြန်းပြီး အမျိုးသားတစ်ဦး မီးရှို့ခဲ့တာပါ။သုံးထပ်အဆောက်အဦးဖြစ်တဲ့ ဒီ Animation ကုမ္ပဏီ အဆောက်အဦးထဲမှာ မီးလောင်စဉ် လူ ၇၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရတော့  အမျိုးသားတစ်ဦးဟာ အခင်းဖြစ်တဲ့နေ့ နံနက်ပိုင်းမှာ ကျိုတို Animation ကုမ္ပဏီ စတူဒီယိုကို ဝင်သွားခဲ့ပြီး အမျိုးအမည်မသိ အရည်တစ်မျိုးနဲ့ ပက်ဖျန်း မီးရှို့ခဲ့ရာမှာ သူကိုယ်တိုင်လည်း ဒဏ်ရာရခဲ့တယ် ဆိုပါတယ်။၎င်းအမျိုးသားက မီးမရှှို့ခင် ၎င်းရဲ့ အိုင်ဒီယာကို ကုမ္ပဏီက ခိုးယူတယ်လို့ အော်ဟစ်ပြီး တိုက်ခိုက်ခဲ့တာပါ။ယင်းမီးကို ကြာသာပတေးနေ့ နံနက်ကနေ သောကြာနေ့ နံနက် ၆ နာရီ မိနစ် ၂၀ ထိ တစ်ရက်နီးပါးကြာပြီးမှ ငြှိမ်းသတ်နိုင်ခဲ့ကာ လူ ၃၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူတွေကို တတိယထပ်မှ ခေါင်မိုးသို့သွားရာ လှေကားပေါ်မှာ စုပြုံနေတာကို တွေ့ရ တယ် ဆိုပါတယ်။မီးလောင်မှုဟာ လျင်မြန်တဲ့အတွက် လွတ်မြောက်ဖို့ အခွင့်အလမ်းနည်းခဲ့ပြီး စတူဒီယိုဖြစ်တဲ့အတွက် ဝန်ထမ်းတွေက အပေါ်ကိုပြေးတက်ခဲ့ရာမှာ အပြင်ကနေ ပိတ်ထားတဲ့အတွက် ပိတ်မိပြီး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ဒီမီးလောင်မှုက ကုမ္ပဏီဘက်က အိုင်ဒီယာခိုးယူခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ ယူဆခဲ့ပြီး  ကုမ္ပဏီအကြီးအကဲကတော့ ဒီမတိုင်ခင်ကတည်းက ကုမ္ပဏီဘက်ကို ခြိမ်းခြောက်စာတွေ ပို့နေတာလို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် လူ ၃၀ ကျော် မီးလောင်သေဆုံးခဲ့သလို အများအပြားဒဏ်ရာရခဲ့တဲ့ ကျိုတို Animation စတူဒီယို မီးလောင်မှုက ဂျပန်သမိုင်းမှာ အဆိုးဝါးဆုံး မီးလောင်မှုနဲ့ လူသေပျောက်မှုပါဘဲ။

အဆိုပါသတင်းက ယခုတစ်ပတ် သတင်းတွေထဲက အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားသည့်အတိုင်း လာမည့်လမှာ ပြုလုပ်မယ်လို့ တောင်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တဲ့ သတင်း၊ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆိုကိုတိုပြည်နယ်မှာ လူ ၃၇ ဦးကို ဓားပြတွေ သတ်ဖြတ်ခဲ့တဲ့ သတင်း၊ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘိုလ်တန်သည် ကုန်သွယ်ရေး အငြင်းပွားနေတဲ့ ဂျပန်နှင့် တောင်ကိုရီးယားသို့ ခရီးထွက်ခွာသွားတဲ့ သတင်း၊ ချီကာဂိုမှာ သုံးရက်ဆက်တိုက် ပစ်ခတ်မှုတွေဖြစ်လို့ ၂ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ နိုင်ဂျီးရီးယားမှာ တူရကီနိုင်ငံသားလေးဦး ပြန်ပေးဆွဲခံရတဲ့ သတင်းတွေထဲ ထူးထူးခြားခြား စောင့်ကြည့်စရာ ဖြစ်ခဲ့ပါတယ်။

သဘာဝဘေးနဲ့ ကမ္ဘာ

ကမ္ဘာတစ်ဝန်းမှာ ယခုရက်သတ္တပတ်အတွင်း တောမီးလောင်တာတွေ၊ မီးတောင်ပေါက်ကွဲတာတွေ၊ ငလျင်လှုပ်တာတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ထူးထူးခြားခြား အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းနဲ့ အလယ်ပိုင်းမှာ ပြင်းထန်တဲ့အပူလှိုင်း ကျနေပါတယ်။ဒီလိုဖြစ်နေတဲ့အတွက် အာဏာပိုင်တွေက ဒေသခံတွေကို အေးမြတဲ့ နေရာတွေဆီ ရွှေ့ပြောင်းခိုလှုံဖို့ ညွှန်ကြားလွှာတွေ ထုတ်ခဲ့ပါတယ်။မိုးလေဝသပညာရှင်တွေကတော့  အပူချိန်မြင့်တက်လာတာနဲ့အတူ အမေရိကန်နိုင်ငံ ဒေသအများစုနဲ့ ကနေဒါဘက်ကို အစွန်းရောက်ပူပြင်းသော ရာသီဥတုလာနေပြီလို့ သတိပေးခဲ့ပါတယ်။

ခန့်မှန်းတွက်ချက်မှုတွေအရဆိုရင် ဒီအပူလှိုင်းကို အမေရိကန်ပြည်ထောင်စုတစ်ဝန်း လူသန်း၂၀၀ လောက် ခံစားရမယ်လို့ ဆိုပါတယ်။အချက်အလက်အသစ်တွေအရ ယခုနှစ် ဇွန်လမှာ ကမ္ဘာတစ်ဝန်း ပျမ်းမျှစံချိန်တင် အပူချိန် ၆၁ ဒသမ ၆ ဖာရင်ဟိုက် ရှိခဲ့တဲ့အတွက် အပူချိန်တိုးလာမှုက သိသာနေပါတယ်။အမေရိကန် မိုးလေဝသပညာရှင်တွေက အချို့နေရာတွေမှာ အပူချိန် ၁၀၀ ဖာရင်ဟိုက်နီးပါး  (၃၈ စင်တီဂရိတ်) ဒါမှမဟုတ် ယင်းထက်ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းထားတာပါ။နယူးယောက်မှာ အပူရှောင်စင်တာ ၅၀၀ ဖွင့်လှစ်ထားရသလို ဒက်ထရိုက်နှင့် အခြားမြို့တွေမှာလည်း အပူလှိုင်းကျရောက်မှုကို သတိပေးထားရပါတယ်။
အမေရိကန်တွင် မကပါဘူး။ ကနေဒါနိုင်ငံဘက်လည်း အပူလှိုင်းကျနေလို့ ကွီးဘတ်စ်၊ အွန်တာရီယိုနှင့် နိုဗာစကိုတီယာ ပြည်နယ်အချို့ ဒေသတွေမှာလည်း သတိပေးထုတ်ပြန်ချက်တွေ ထုတ်ထားရပါတယ်။

အမေရိကန်ဘက်မှာ ပူနေပေမယ့် အာရှဘက်မှာတော့ မုတ်သုံနဲ့အတူ ပါလာတဲ့ မိုးရွာသွန်းမှု သာမန်ထက်ပိုတဲ့အတွက် ရေကြီးတာတွေ မြေပြိုတာတွေ ဖြစ်နေပါတယ်။ယခုရက်သတ္တပတ်အတွင်း ပါကစ္စတန် မြောက်ပိုင်းမှာ မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်လို့ သေဆုံးသူ ၂၂ ဦးထိ ရှိလာသလို ရေဘေးကြောင့် ပျက်စီးတဲ့ အိမ်ခြေပေါင်း ၁၅၀ ကျော် ရှိနေပြီ ဆိုပါတယ်။အိန္ဒိယမှာတော့ ဆက်တိုက်ရွာနေတဲ့ မုတ်သုန်မိုးကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတစ်ခွင်မှာ ရေကြီးရေလွှမ်းပြီး လူသုံးသန်းကျော် နေစရာပျောက်ဆုံးခဲ့ပါတယ်။

ရေကြီးမှုနဲ့အတူ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတွေမှာ သေဆုံးသူ ၁၇၀ နီးပါး ရှိနေပါပြီ။တရုတ်၊အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ကို  ဖြတ်စီးဆင်းတဲ့ ဗြဟ္မပုတ္တရမြစ် ရေလျှံတက်ခဲ့လို့ အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရွာ ၁,၈၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး လူ ၁ ဒသမ ၇ သန်းကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ ရပါတယ်။နီပေါမှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေလို့ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၆၇ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရကာ လူ ၃၀ ကျော် ပျောက်ဆုံးနေတယ် ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာတော့ မုတ်သုံမိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အအုံတစ်ခု ပြိုကျပြီးနောက် လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ဒီလို အာရှမှာဖြစ်နေချိန်မှာ ဥရောပက ပေါ်တူဂီနိုင်ငံမှာ နေ့အပူချိန်တက်လာလို့ နိုင်ငံအလယ်ပိုင်းမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။ဒါဟာ ပေါ်တူဂီအတွက် သတိထားစရာပါ။ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ဒီလိုတောမီးတွေကြောင့် လူတွေသေဆုံးခဲ့ရတဲ့ဖြစ်စဉ် ရှိခဲ့ဘူးတဲ့အတွက် လောင်ကျွမ်းနေတဲ့ တောမီးတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ဝင်ထောင်ချီ အသုံးပြုခဲ့ပါတယ်။မီးသတ်လေယာဉ် ၁၀ စင်းနဲ့ မီးသတ်ယာဉ် ရာနဲ့ချီအသုံးပြုပြီး စစ်ဆင်ရေးပမာ တောမီးကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရာမှာ တနင်္ဂနွေနေ့မှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် သစ်တောဧရိယာ ရာနဲ့ချီပြီး ဆုံးရှုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိပါတယ်။

တောမီးတွေ၊ ရေကြီးတာတွေ၊အပူလှိုင်းတွေအပြင် ထပ်ဖြစ်ခဲ့တာက တောင်အမေရိကတိုက်ဘက်က ပီရူးမှာ မီးတောင်ပေါက်ကွဲခဲ့တာပါ။ဇူလိုင် ၂၀ ရက်က ပီရူးနိုင်ငံမှာ အလှုပ်ရှားဆုံး မီးတောင်ဖြစ်တဲ့ ယူဘီနက်စ်မီးတောင် ထပေါက်ခဲ့ပါတယ်။ယင်း မီးတောင်ပေါက်ကွဲလို့  နိုင်ငံတွင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ရသလို မီးတောင်ကနေ ပြာမှုန်တွေ၊ ဓာတ်ငွေ့တွေ၊ မီးခိုးတွေ အတော်ဝေးဝေးထိ မှုတ်ထုတ်ခဲ့လို့ အနီးအနားက မြို့တွေက ဒေသခံပေါင်း ၁,၃၀ဝ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတယ် ဆိုပါတယ်။

အာရှမှာပါတဲ့ အင်ဒိုနီးရှားမှာတော့ ဇူလိုင် ၁၆ ရက်က အားပြင်းမြေငလျင်တစ်ခု အပန်းဖြေကျွန်း ဘာလီမှာ လှုပ်ခတ်ခဲ့လို့ အဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ပါတယ်။ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ ငလျင်ဟာ နံနက်ပိုင်း ၇ နာရီကျော်မှာ လှုပ်ခတ်ခဲ့တာပါ။ဘာလီကျွန်းရဲ့ မြို့တော် ဒန်ပါဆာရဲ့ အနောက်တောင်ဘက် ၈၂ ဒသမ ၁ ကီလိုမီတာအကွာ နေရာရှိ မြေအောက် ၉၁ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပေမယ့် ဂျာဗားကျွန်းပေါ်ကနေတောင် သိရှိခံစားခဲ့ရတယ် ဆိုပါတယ်။ဆူနာမီသတိပေးချက် မထုတ်ခဲ့ရပေမယ့် ထိခိုက်မှုတွေတော့ ရှိခဲ့ပါတယ်။

သဘာဝဘေးက နည်းမျိုးစုံနဲ့ ကမ္ဘာကို တိုက်ခိုက်နေချိန်မှာ ကမ္ဘာတစ်ဝန်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အားနည်းနေတာကို တွေ့ရပါတယ်။ဒါဟာ ကြောက်စရာလန့်စရာ အခြေအနေတစ်ရပ်ကို ကြိုနေသလိုပါဘဲ။

ဒီသတင်းက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေဖြစ်တဲ့ အပူလှိုင်းကြောင့် ပြင်သစ်မှာ ဝိုင်ထုတ်လုပ်မှု လျော့ကျနိုင်တယ်လို့  ပြင်သစ် စိုက်ပျိုးရေးဝန်ကြီးက ပြောလိုက်တဲ့ သတင်း၊ ဘာလီကျွန်းမှာ ကမ္ဘာလှည့်ခရီးသည်တွေ ပလပ်စတစ်အသုံးချမှု လျော့ချမယ့် သတင်း၊ အပိုလို ၁၁ အာကာသယာဉ်မှူးဟောင်းတွေနဲ့ အမေရိကန်သမ္မတ တွေ့ဆုံတဲ့ သတင်း၊ လေယာဉ်မှူးအခန်းထဲက ထူးဆန်းတဲ့ မီးခိုးတွေထွက်လာလို့ မော်စကိုကနေ အာမေးနီးယားနိုင်ငံကို ပျံသန်းမယ့် နော့ဒ်ဝင်းဒ်လေကြောင်းခရီးစဉ် လေယာဉ်ကို အရေးပေါ်ဖျက်သိမ်းလိုက်ရတဲ့ သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇူလိုင် - ၂၂

( Zawgyi )

ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲ ပင္လယ္ေကြ႕ သတင္းေတြက သတိထားစရာ သတင္းေတြပါ။အီရန္ဘက္က ၿဗိတိန္ ေရနံတင္သေဘာကႋု ဖမ္းဆီးတဲ့ သတင္းေတြ အေမရိကန္ဘက္က ပင္လာယ္ေကြ႕ကို မဟာဗ်ဴဟာေျမာက္ ေလယာဥ္ေတြ လက္နက္ေတြ ေစလႊတ္ေနတာေတြ၊ အေမရိကန္နဲ႔ ဥေရာပမွာ အပူလႈိင္းက်ၿပီး အာရွမွာ ေရႀကီး၊ ငလ်င္လႈပ္ေနတာ စတဲ့ သတင္းေတြက ကမာၻ႔မီဒီယာကို ယခုတစ္ပတ္ ေနရာယူခဲ့ပါတယ္။

ဒီသတင္းေတြထဲမွာ လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲေတြ က်င္းပေပးဖို႔ ေမာ္စကိုမွာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ သတင္း၊ မကၠဆီကို မူးယစ္ရာဇာ ဂ်ိဳအာကြင္းအယ္လ္ခ်ာ ပိုဂု႔ဇ္မန္း ကို အေမရိကန္ တရားသူႀကီးတစ္ဦးက ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ခ်မွတ္ခဲ့တဲ့သတင္း၊ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) မန္ေနဂ်င္းဒါ႐ိုက္တာ ရာထူးကေန မစၥစ္ခရစ္စတင္းလာဂတ္ ႏုတ္ထြက္မယ့္သတင္း၊ ပီ႐ူးသမၼတေဟာင္း အလီဂ်န္ဒ႐ိုတိုလီဒို ကို အေမရိကန္ႏိုင္ငံမွာ ဖမ္းဆီးခဲ့တဲ့သတင္း၊ ေမာ္လ္တာမွာ အက်င့္ပ်က္ျခစားမႈ ဆန႔္က်င္ေရး ဂ်ာနယ္လစ္တစ္ဦး  သတ္ျဖတ္ခံရမႈနဲ႔ ပတ္သက္ၿပီး သံသယရွိသူ သုံးဦးကို စြဲခ်က္တင္ခဲ့တဲ့သတင္း၊ ဂ်ာမနီမွ မစၥစ္အာဆူလာ ဗြန္ဒါလီယန္ ကို ဥေရာပသမဂၢေကာ္မရွင္ ဥကၠ႒အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခဲ့တဲ့ သတင္း၊ ၂၀၀၈ မြမ္ဘိုင္းတိုက္ခိုက္မႈ ေနာက္ကြယ္ႀကိဳးကိုင္သူဟာ ဖစ္ဆာအိဒ္ ကို ဖမ္းဆီးခဲ့တဲ့ သတင္းေတြကလည္း စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

အီရန္ လက္တုံ႔ျပန္တဲ့ ပင္လယ္ေကြ႕စစ္ေရး

ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲ ကမာၻ႔မီဒီယာေတြမွာ ေနရာယူခဲ့တာက ၿဗိတိန္ ေရနံတင္သေဘၤာကို အီရန္ဘက္က ျပန္ေပးဆြဲခဲ့တဲ့ သတင္းပါဘဲ။ဒီလိုျပန္ေပးမဆြဲမီ အီရန္ ဒ႐ုန္းတစ္စင္းကို အေမရိကန္ ေရတပ္မွ ေရျပင္ ေျမျပင္ တိုက္ခိုက္ေရးသေဘၤာ USS Boxer က ပစ္ခ်ခဲ့တယ္ ဆိုပါတယ္။ထရမ့္ က အီရန္ဘက္က ဒ႐ုန္းကို ပစ္ခ်လိုက္တယ္လို႔ ေျပာခဲ့ရာမွာေတာ့ အေမရိကန္ ေရတပ္သေဘၤာ ေဟာမုဇ္ေရလက္ၾကားထဲ ဝင္ေရာက္ခ်ိန္မွာ ယင္းဒ႐ုန္းက သေဘၤာကို လာၿခိမ္းေျခာက္လို႔ ပစ္ခ်လိုက္တာလို႔ ဆိုပါတယ္။

အေမရိကန္ဘက္က ဒီလိုေျပာေပမယ့္ အီရန္ဘက္က ဒ႐ုန္းပစ္ခ်ခံခဲ့ရမႈကို ျငင္းဆိုခဲ့ပါတယ္။ဒီမတိုင္ခင္ ပနားမားအလံ လႊင့္တင္ထားတဲ့ Riah ေရနံတင္သေဘၤာႏွင့္ သေဘၤာသား ၁၂ ဦးကို ေလာင္စာဆီေမွာင္ခိုနဲ႔ ဇူလိုင္ ၁၄ ရက္က အီရန္က ဖမ္းဆီးထားတာ ရွိပါတယ္။အေမရိကန္ဘက္က ဒီလိုပစ္ခ်မႈေနာက္ပိုင္းမွာ အီရန္ဘက္က ၿဗိတိန္ ေရနံတင္သေဘၤာ Stena Impero ကို အီရန္ ငါးဖမ္းသေဘၤာကို ဝင္တိုက္လို႔ဆိုၿပီး ဖမ္းဆီးခဲ့ပါတယ္။ဒါဟာ မၾကာခင္က အီရန္ ေရနံတင္သေဘၤာကို ဂ်ီဘေရာ္လ္တာ ေရလက္ၾကားမွာ ဖမ္းဆီးခဲ့တာကို လက္တုံ႔ျပန္တာလို႔ အားလုံးက နားလည္ခဲ့ပါတယ္။

ၿဗိတိန္ဘက္က ပင္လယ္ေကြ႕ေဒသမွာ ၿဗိတိန္အလံတင္ ေရနံတင္သေဘၤာကို အီရန္က ဖမ္းဆီးတဲ့လုပ္ရပ္ကို ရႈတ္ခ်ၿပီး အီရန္ ငါးဖမ္းသေဘၤာတစ္စင္းကို ဝင္တိုက္လို႔ ဖမ္းရတာဆိုတဲ့ အီရန္အာဏာပိုင္ေတြရဲ႕ အေၾကာင္းျပခ်က္ကိုလည္း ကန႔္ကြက္ခဲ့ပါတယ္။ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီး ပန္နီမိုေဒါင့္ က ယခုကဲ့သို႔ လုပ္တုံ႔ျပန္ဖမ္းဆီးျခင္းဟာ ရန္လိုတဲ့လုပ္ရပ္လို႔ ေျပာခဲ့သလို ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ရမီဟန႔္ က အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဆီ ဖုန္းဆက္ခဲ့သလို အီရန္သံ႐ုံး ယာယီတာဝန္ခံကို ေခၚယူကန႔္ကြက္ခဲ့ပါတယ္။ျပင္သစ္၊ ဂ်ာမနီနဲ႔ ဥေရာပသမဂၢတို႔ကလည္း အီရန္ရဲ႕ လုပ္ရပ္အေပၚ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

အေမရိကန္ကေတာ့ ၿဗိတိန္ ေရနံတင္သေဘၤာတစ္စီးကို အီရန္က ဖမ္းဆီးထားတဲ့အတြက္ ၿဗိတိန္နဲ႔အတူ လက္တြဲေဆာင္႐ြက္သြားမွာလို႔ သမၼတ ထရမ့္ ကိုယ္တိုင္ ေျပာခဲ့ပါတယ္။ၿဗိတိန္ ေရနံတင္သေဘၤာ Stena Impero အျပင္ လစ္ဗ်ားအလံ လႊင့္တင္ထားသည့္ ၿဗိတိန္ကုမၸဏီ၏ Mesdar ေရနံတင္သေဘၤာကိုလည္း အီရန္ဘက္က ဖမ္းဆီးထားခဲ့ပါတယ္။အီရန္ဘက္က တင္းတင္းမာမာ ေဆာင္႐ြက္လာခ်ိန္မွာ အေမရိကန္ဘက္ကလည္း ေဆာ္ဒီအာေရဗ်ရွိ အေမရိကန္ စစ္ဘက္အေျခစိုက္စခန္းကို တိုက္ေလယာဥ္ေတြ ေလေၾကာင္းကာကြယ္ေရးစနစ္နဲ႔ အေမရိကန္တပ္ဖြဲ႕ဝင္ ၅၀၀ ခန႔္ကို ျပန္လည္ေစလႊတ္ခဲ့ပါတယ္။

ဒီလို အေျခအေနတင္းမာလာတဲ့အတြက္ ပင္လယ္ေကြ႕ အပါအဝင္ ေဟာ္မုဇ္ေရလက္ၾကားတစ္ဝိုက္၊ အဆိုပါေဒသတြင္း အေျခအေနက စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။စစ္ေရးတိုက္ခိုက္မႈေတြ ျဖစ္လာႏိုင္တဲ့ အေျခအေနေတြ ျမင့္တက္လာတဲ့အတြက္ British Airways ေလေၾကာင္းလိုင္းက လုံၿခဳံေရးသတိေပးခ်က္ေၾကာင့္ အီဂ်စ္ႏိုင္ငံ၊ ၿမိဳ႕ေတာ္ကိုင္႐ိုသို႔ ပ်ံသန္းမည့္ ခရီးစဥ္ေတြကို တစ္ပတ္ၾကာ ရပ္နားခဲ့ပါတယ္။ဂ်ာမန္ေလေၾကာင္းလိုင္း Lufthansa ကလည္း ကိုင္႐ိုသို႔ ပ်ံသန္းမည့္ ခရီးစဥ္မ်ားကို ဇူလိုင္ ၂၀ ရက္ထိ ဖ်က္သိမ္းခဲ့ပါတယ္။ထရမ့္အတြက္ အီရန္ရဲ႕ ရန္စတဲ့လုပ္ရပ္အေပၚ အာ႐ုံစိုက္ေနရတဲ့ အေျခအေနမွာ အေမရိကန္ ေ႐ြးေကာက္ပြဲကလည္း ျပန္နီးကပ္လာတဲ့အတြက္ ထရမ့္အတြက္ ေရွးရီပတ္ဘလီကင္သမၼတေတြလို အီရန္ကို စစ္ဆင္ႏႊဲၿပီး ျပန္ေ႐ြးေကာက္ခံရေအာင္ လုပ္မလားဆိုတာ ေစာင့္ၾကည့္စရာပါ။

ျပည္တြင္းမွာလည္း ဒီရက္သတၱပတ္အတြင္း လူမ်ိဳးေရးခြဲျခားမႈႏွင့္ ႏိုင္ငံျခားသား ေၾကာက္႐ြံ႕မႈကို အားေပးတဲ့အေနနဲ႔ The Squard လို႔ လူသိမ်ားတဲ့ အမ်ိဳးသမီး လႊတ္ေတာ္အမတ္ေလးဦးကို ပစ္မွတ္ထားတိုက္ခိုက္မႈ ဆက္တိုက္လုပ္ခဲ့ပါတယ္။လႊတ္ေတာ္အမတ္ေတြကို ၿပိဳကြဲေနတဲ့  အစိုးရမ်ားရွိရာ ႏိုင္ငံမ်ားမွ လာတဲ့အတြက္ ၎တို႔ မူရင္းႏိုင္ငံဆီ ျပန္ၾကေတာ့လို႔ ထရမ့္ က ေျပာခဲ့တဲ့အတြက္ အေမရိကန္လို တင္းျပည္က်ပ္ျပည့္ ဒီမိုကေရစီႏိုင္ငံမွာ အေတာ္ေလးပြက္ေလာ႐ိုက္ခဲ့ပါတယ္။ဒီအတြက္ ဒါဟာ လူမ်ိဳးေရးခြဲျခားတဲ့ ေျပာဆိုခ်က္အျဖစ္ အတိုက္အခံ ဒီမိုကရက္ေတြက စြဲခ်က္တင္ၿပီး ဒီမိုက္ကရက္တစ္ေတြ ႀကီးစိုးရာ အေမရိကန္ ေအာက္လႊတ္ေတာ္က ရႈတ္ခ်ခဲ့ပါတယ္။ဒီလို ရႈတ္ခ်႐ုံတင္မကဘူး။သမၼတ ထရမ့္ ကို စြပ္စြဲျပစ္တင္ေရးပါ ႀကိဳးစားေနၾကတာပါ။

အေမရိကန္နဲ႔ အေနာက္အုပ္စု ျခယ္လွယ္ေနတဲ့ အေရွ႕အလယ္ပိုင္း အစၥလာမ္ကမာၻမွာ ျပႆနာေတြက ေန႔စဥ္အမွ်ပါဘဲ။အီရတ္မွာ ဇူလိုင္ ၁၇ ရက္က စားေသာက္ဆိုင္ထဲ ေသနတ္သမားတစ္ဦး ဝင္ပစ္လို႔ အီရတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ကာ့ဒ္ေဒသဆိုင္ရာ တူရကီ လက္ေထာက္ေကာင္စစ္ဝန္ အပါအဝင္ ႏွစ္ဦးေသဆုံးခဲ့ပါတယ္။ဒါဟာ တူရကီအတြက္ နား႐ြက္တံေတြးဆြတ္ခံရတာပါ။ဒီအတြက္ တရားခံအျဖစ္ ဒီေဒသမွာရွိတဲ့ ကာဒစ္စတန္အလုပ္သမားပါတီ PKK အဖြဲ႕ လက္ခ်က္လို႔ ယူဆၿပီး တူရကီက ေနာက္တစ္ရက္မွာ PKK အဖြဲ႕ အေျခစိုက္ရာေဒသကို ေလေၾကာင္းကေန တိုက္ခိုက္ခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္း ပဋိပကၡျဖစ္ပြားရာ မူရင္းျဖစ္တဲ့ ပါလက္စတိုင္းေဒသျဖစ္တဲ့ ဂါဇာမွာေတာ့ ပါလက္စတိုင္း ဆႏၵျပတဲ့သူေတြကို အစၥေရးရဲတပ္ဖြဲ႕က ပစ္ခတ္ႏွိမ္ႏွင္းခဲ့လို႔ ဂ်ာနယ္လစ္နဲ႔ က်န္းမာေရးဝန္ထမ္း အပါအဝင္ ၇၄ ဦးထိ ဒဏ္ရာရခဲ့ပါတယ္။တာလီဘန္ေတြ၊ အိုင္အက္စ္ေတြ ႀကီးစိုးတဲ့ အာဖဂန္မွာေတာ့ ေတာင္ပိုင္း ကန္ဒါဟာၿမိဳ႕ရွိ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္ကို တာလီဘန္ေတြ ဝင္စီးနင္းတိုက္ခိုက္လို႔ အာဖဂန္ရဲတပ္ဖြဲ႕ဝင္ ၁၂ ဦး က်ဆုံးကာ ဒါေဇင္ေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ပါကစၥတန္မွာေတာ့ တစ္မ်ိဳးပါ။တာလီဘန္ေတြ၊ အိုင္အက္စ္ေတြ စိမ့္ဝင္ေနတဲ့ ေဒသမွာ ဇူလိုင္ ၂၁ ရက္က အမ်ိဳးသမီးတစ္ဦး ေဒသတြင္း ေဆး႐ုံထဲ အေသခံဗုံးခြဲခဲ့တဲ့အတြက္ ၉ ဦး ေသကာ ၃၀ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။ဒါ့အျပင္ ပါကစၥတန္မွာ စီးပြားေရးကပ္ဆိုက္ေနတဲ့အတြက္ ဆႏၵျပေနတာေတြလည္း ျဖစ္ေနပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ နာဇီစစ္သားေတြ ခိုးယူလာခဲ့တဲ့ ပန္းခ်ီကားတစ္ခ်ပ္ကို ႏွစ္ေပါင္း ၇၅ ႏွစ္ေက်ာ္အၾကာမွာ ဂ်ာမနီက အီတလီႏိုင္ငံဆီ ျပန္လည္ေပးအပ္ခဲ့တဲ့ သတင္း၊ ေတာင္ကိုရီးယားမွာ ဂ်ပန္ထုတ္ ကုန္ပစၥည္းေတြကို အသုံးမျပဳဘဲ ဆန႔္က်င္သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနတဲ့သတင္း၊ ကြန္ဂိုႏိုင္ငံမွာ အီဘိုလာ ပ်ံ႕ႏွံ႔ျဖစ္ပြားေနလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ကမာၻလုံးဆိုင္ရာ က်န္းမာေရး အေရးေပၚအေျခအေန ေၾကညာခဲ့တဲ့ သတင္း၊ တူရကီ အေရွ႕ပိုင္း ဗန္စီရင္စုေဒသမွာ တရားမဝင္ ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ား တင္ေဆာင္လာတဲ့ မီနီဘတ္စ္တစ္စီး တိမ္းေမွာက္ခဲ့ရာမွာ အနည္းဆုံး ၁၅ ဦးေသဆုံးခဲ့တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဟီနန္ျပည္နယ္က ဓာတ္ေငြ႕စက္႐ုံတစ္ခုမွာ အႀကီးစားေပါက္ကြဲမႈျဖစ္လို႔ ၁၅ ဦးေသဆုံးခဲ့တဲ့ သတင္းေတြထဲ သတိထားေစာင့္ၾကည့္စရာ သတင္းျဖစ္ခဲ့ပါတယ္။

ဆိုးဝါးတဲ့ မီးရႈိ႕တိုက္ခိုက္မႈ

အစြန္းေရာက္ဝါဒေတြေၾကာင့္ အစုလိုက္အၿပဳံလိုက္ ေသဆုံးမႈေတြရွိခဲ့တဲ့ ဂ်ပန္မွာ ဒီတစ္ခါလည္း လူတစ္ဦးေၾကာင့္ လူ ၃၀ေက်ာ္ အရွင္လတ္လတ္ မီးရႈိ႕သတ္ျဖတ္ခံရသလို ျဖစ္ခဲ့ရပါတယ္။ဂ်ပန္ ေရွးေဟာင္းၿမိဳ႕ျဖစ္တဲ့ က်ိဳတိုၿမိဳ႕မွာ ဇူလိုင္ ၁၈ ရက္က အန္နီေမးရွင္း စတူဒီယိုကုမၸဏီတစ္ခုျဖစ္တဲ့ Kyoto Animation ဌာနခ်ဳပ္ ဝင္ေပါက္ကို ဓာတ္ဆီလို႔ ယူဆရတဲ့ အရည္ေတြ ပက္ျဖန္းၿပီး အမ်ိဳးသားတစ္ဦး မီးရႈိ႕ခဲ့တာပါ။သုံးထပ္အေဆာက္အဦးျဖစ္တဲ့ ဒီ Animation ကုမၸဏီ အေဆာက္အဦးထဲမွာ မီးေလာင္စဥ္ လူ ၇၀ ေလာက္ ရွိေနတယ္လို႔ ဆိုပါတယ္။

ျပည္တြင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြအရေတာ့  အမ်ိဳးသားတစ္ဦးဟာ အခင္းျဖစ္တဲ့ေန႔ နံနက္ပိုင္းမွာ က်ိဳတို Animation ကုမၸဏီ စတူဒီယိုကို ဝင္သြားခဲ့ၿပီး အမ်ိဳးအမည္မသိ အရည္တစ္မ်ိဳးနဲ႔ ပက္ဖ်န္း မီးရႈိ႕ခဲ့ရာမွာ သူကိုယ္တိုင္လည္း ဒဏ္ရာရခဲ့တယ္ ဆိုပါတယ္။၎အမ်ိဳးသားက မီးမရွႈိ႕ခင္ ၎ရဲ႕ အိုင္ဒီယာကို ကုမၸဏီက ခိုးယူတယ္လို႔ ေအာ္ဟစ္ၿပီး တိုက္ခိုက္ခဲ့တာပါ။ယင္းမီးကို ၾကာသာပေတးေန႔ နံနက္ကေန ေသာၾကာေန႔ နံနက္ ၆ နာရီ မိနစ္ ၂၀ ထိ တစ္ရက္နီးပါးၾကာၿပီးမွ ျငႇိမ္းသတ္ႏိုင္ခဲ့ကာ လူ ၃၃ ဦး ေသဆုံးၿပီး ၁၀ ဦး ဒဏ္ရာျပင္းထန္စြာရခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ေသဆုံးသူေတြကို တတိယထပ္မွ ေခါင္မိုးသို႔သြားရာ ေလွကားေပၚမွာ စုၿပဳံေနတာကို ေတြ႕ရ တယ္ ဆိုပါတယ္။မီးေလာင္မႈဟာ လ်င္ျမန္တဲ့အတြက္ လြတ္ေျမာက္ဖို႔ အခြင့္အလမ္းနည္းခဲ့ၿပီး စတူဒီယိုျဖစ္တဲ့အတြက္ ဝန္ထမ္းေတြက အေပၚကိုေျပးတက္ခဲ့ရာမွာ အျပင္ကေန ပိတ္ထားတဲ့အတြက္ ပိတ္မိၿပီး ေသဆုံးခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။ဒီမီးေလာင္မႈက ကုမၸဏီဘက္က အိုင္ဒီယာခိုးယူခဲ့တဲ့အတြက္ လက္တုံ႔ျပန္တာလို႔ ယူဆခဲ့ၿပီး  ကုမၸဏီအႀကီးအကဲကေတာ့ ဒီမတိုင္ခင္ကတည္းက ကုမၸဏီဘက္ကို ၿခိမ္းေျခာက္စာေတြ ပို႔ေနတာလို႔ ဆိုပါတယ္။

ဘာပဲျဖစ္ျဖစ္ လူ ၃၀ ေက်ာ္ မီးေလာင္ေသဆုံးခဲ့သလို အမ်ားအျပားဒဏ္ရာရခဲ့တဲ့ က်ိဳတို Animation စတူဒီယို မီးေလာင္မႈက ဂ်ပန္သမိုင္းမွာ အဆိုးဝါးဆုံး မီးေလာင္မႈနဲ႔ လူေသေပ်ာက္မႈပါဘဲ။

အဆိုပါသတင္းက ယခုတစ္ပတ္ သတင္းေတြထဲက အေမရိကန္-ေတာင္ကိုရီးယား စစ္ေရးေလ့က်င့္မႈကို စီစဥ္ထားသည့္အတိုင္း လာမည့္လမွာ ျပဳလုပ္မယ္လို႔ ေတာင္ကိုရီးယား ထိပ္တန္းတာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့တဲ့ သတင္း၊ ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း ဆိုကိုတိုျပည္နယ္မွာ လူ ၃၇ ဦးကို ဓားျပေတြ သတ္ျဖတ္ခဲ့တဲ့ သတင္း၊ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးပုဂၢိဳလ္ ဂြၽန္ဘိုလ္တန္သည္ ကုန္သြယ္ေရး အျငင္းပြားေနတဲ့ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားသို႔ ခရီးထြက္ခြာသြားတဲ့ သတင္း၊ ခ်ီကာဂိုမွာ သုံးရက္ဆက္တိုက္ ပစ္ခတ္မႈေတြျဖစ္လို႔ ၂ ဦးေသဆုံးၿပီး ၂၂ ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ ႏိုင္ဂ်ီးရီးယားမွာ တူရကီႏိုင္ငံသားေလးဦး ျပန္ေပးဆြဲခံရတဲ့ သတင္းေတြထဲ ထူးထူးျခားျခား ေစာင့္ၾကည့္စရာ ျဖစ္ခဲ့ပါတယ္။

သဘာဝေဘးနဲ႔ ကမာၻ

ကမာၻတစ္ဝန္းမွာ ယခုရက္သတၱပတ္အတြင္း ေတာမီးေလာင္တာေတြ၊ မီးေတာင္ေပါက္ကြဲတာေတြ၊ ငလ်င္လႈပ္တာေတြ ဆက္တိုက္ျဖစ္ခဲ့ပါတယ္။ထူးထူးျခားျခား အေမရိကန္ျပည္ေထာင္စု အေရွ႕ျခမ္းနဲ႔ အလယ္ပိုင္းမွာ ျပင္းထန္တဲ့အပူလႈိင္း က်ေနပါတယ္။ဒီလိုျဖစ္ေနတဲ့အတြက္ အာဏာပိုင္ေတြက ေဒသခံေတြကို ေအးျမတဲ့ ေနရာေတြဆီ ေ႐ႊ႕ေျပာင္းခိုလႈံဖို႔ ၫႊန္ၾကားလႊာေတြ ထုတ္ခဲ့ပါတယ္။မိုးေလဝသပညာရွင္ေတြကေတာ့  အပူခ်ိန္ျမင့္တက္လာတာနဲ႔အတူ အေမရိကန္ႏိုင္ငံ ေဒသအမ်ားစုနဲ႔ ကေနဒါဘက္ကို အစြန္းေရာက္ပူျပင္းေသာ ရာသီဥတုလာေနၿပီလို႔ သတိေပးခဲ့ပါတယ္။

ခန႔္မွန္းတြက္ခ်က္မႈေတြအရဆိုရင္ ဒီအပူလႈိင္းကို အေမရိကန္ျပည္ေထာင္စုတစ္ဝန္း လူသန္း၂၀၀ ေလာက္ ခံစားရမယ္လို႔ ဆိုပါတယ္။အခ်က္အလက္အသစ္ေတြအရ ယခုႏွစ္ ဇြန္လမွာ ကမာၻတစ္ဝန္း ပ်မ္းမွ်စံခ်ိန္တင္ အပူခ်ိန္ ၆၁ ဒသမ ၆ ဖာရင္ဟိုက္ ရွိခဲ့တဲ့အတြက္ အပူခ်ိန္တိုးလာမႈက သိသာေနပါတယ္။အေမရိကန္ မိုးေလဝသပညာရွင္ေတြက အခ်ိဳ႕ေနရာေတြမွာ အပူခ်ိန္ ၁၀၀ ဖာရင္ဟိုက္နီးပါး  (၃၈ စင္တီဂရိတ္) ဒါမွမဟုတ္ ယင္းထက္ေက်ာ္လြန္ႏိုင္တယ္လို႔ ခန႔္မွန္းထားတာပါ။နယူးေယာက္မွာ အပူေရွာင္စင္တာ ၅၀၀ ဖြင့္လွစ္ထားရသလို ဒက္ထ႐ိုက္ႏွင့္ အျခားၿမိဳ႕ေတြမွာလည္း အပူလႈိင္းက်ေရာက္မႈကို သတိေပးထားရပါတယ္။
အေမရိကန္တြင္ မကပါဘူး။ ကေနဒါႏိုင္ငံဘက္လည္း အပူလႈိင္းက်ေနလို႔ ကြီးဘတ္စ္၊ အြန္တာရီယိုႏွင့္ ႏိုဗာစကိုတီယာ ျပည္နယ္အခ်ိဳ႕ ေဒသေတြမွာလည္း သတိေပးထုတ္ျပန္ခ်က္ေတြ ထုတ္ထားရပါတယ္။

အေမရိကန္ဘက္မွာ ပူေနေပမယ့္ အာရွဘက္မွာေတာ့ မုတ္သုံနဲ႔အတူ ပါလာတဲ့ မိုး႐ြာသြန္းမႈ သာမန္ထက္ပိုတဲ့အတြက္ ေရႀကီးတာေတြ ေျမၿပိဳတာေတြ ျဖစ္ေနပါတယ္။ယခုရက္သတၱပတ္အတြင္း ပါကစၥတန္ ေျမာက္ပိုင္းမွာ မုတ္သုံမိုး သည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးမႈေတြ ျဖစ္ေပၚလို႔ ေသဆုံးသူ ၂၂ ဦးထိ ရွိလာသလို ေရေဘးေၾကာင့္ ပ်က္စီးတဲ့ အိမ္ေျခေပါင္း ၁၅၀ ေက်ာ္ ရွိေနၿပီ ဆိုပါတယ္။အိႏၵိယမွာေတာ့ ဆက္တိုက္႐ြာေနတဲ့ မုတ္သုန္မိုးေၾကာင့္ အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းႏွင့္ အေရွ႕ေျမာက္ပိုင္းတစ္ခြင္မွာ ေရႀကီးေရလႊမ္းၿပီး လူသုံးသန္းေက်ာ္ ေနစရာေပ်ာက္ဆုံးခဲ့ပါတယ္။

ေရႀကီးမႈနဲ႔အတူ နီေပါ၊ ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယႏိုင္ငံေတြမွာ ေသဆုံးသူ ၁၇၀ နီးပါး ရွိေနပါၿပီ။တ႐ုတ္၊အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ကို  ျဖတ္စီးဆင္းတဲ့ ျဗဟၼပုတၱရျမစ္ ေရလွ်ံတက္ခဲ့လို႔ အိႏၵိယ အေရွ႕ေျမာက္ပိုင္း အာသံျပည္နယ္မွာ ႐ြာ ၁,၈၀၀ ေက်ာ္ ေရနစ္ျမဳပ္ခဲ့ၿပီး လူ ၁ ဒသမ ၇ သန္းေက်ာ္ ေနအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ ရပါတယ္။နီေပါမွာလည္း မိုးအဆက္မျပတ္ ႐ြာသြန္းေနလို႔ ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ လူ ၆၇ ဦး ေသဆုံးၿပီး ၃၈ ဦး ဒဏ္ရာရကာ လူ ၃၀ ေက်ာ္ ေပ်ာက္ဆုံးေနတယ္ ဆိုပါတယ္။

အိႏၵိယႏိုင္ငံ မြမ္ဘိုင္းမွာေတာ့ မုတ္သုံမိုးမ်ား သည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ အေဆာက္အအုံတစ္ခု ၿပိဳက်ၿပီးေနာက္ လူ ၁၀ ဦး ေသဆုံးခဲ့ပါတယ္။ဒီလို အာရွမွာျဖစ္ေနခ်ိန္မွာ ဥေရာပက ေပၚတူဂီႏိုင္ငံမွာ ေန႔အပူခ်ိန္တက္လာလို႔ ႏိုင္ငံအလယ္ပိုင္းမွာ ေတာမီးအႀကီးအက်ယ္ ေလာင္ကြၽမ္းခဲ့ပါတယ္။ဒါဟာ ေပၚတူဂီအတြက္ သတိထားစရာပါ။ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကလည္း ဒီလိုေတာမီးေတြေၾကာင့္ လူေတြေသဆုံးခဲ့ရတဲ့ျဖစ္စဥ္ ရွိခဲ့ဘူးတဲ့အတြက္ ေလာင္ကြၽမ္းေနတဲ့ ေတာမီးေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ မီးသတ္တပ္ဖြဲ႕ဝင္ေထာင္ခ်ီ အသုံးျပဳခဲ့ပါတယ္။မီးသတ္ေလယာဥ္ ၁၀ စင္းနဲ႔ မီးသတ္ယာဥ္ ရာနဲ႔ခ်ီအသုံးျပဳၿပီး စစ္ဆင္ေရးပမာ ေတာမီးကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခဲ့ရာမွာ တနဂၤေႏြေန႔မွာ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ သစ္ေတာဧရိယာ ရာနဲ႔ခ်ီၿပီး ဆုံးရႈံးခဲ့ရကာ ထိခိုက္ဒဏ္ရာရခဲ့တာေတြ ရွိပါတယ္။

ေတာမီးေတြ၊ ေရႀကီးတာေတြ၊အပူလႈိင္းေတြအျပင္ ထပ္ျဖစ္ခဲ့တာက ေတာင္အေမရိကတိုက္ဘက္က ပီ႐ူးမွာ မီးေတာင္ေပါက္ကြဲခဲ့တာပါ။ဇူလိုင္ ၂၀ ရက္က ပီ႐ူးႏိုင္ငံမွာ အလႈပ္ရွားဆုံး မီးေတာင္ျဖစ္တဲ့ ယူဘီနက္စ္မီးေတာင္ ထေပါက္ခဲ့ပါတယ္။ယင္း မီးေတာင္ေပါက္ကြဲလို႔  ႏိုင္ငံတြင္း အေရးေပၚအေျခအေန ေၾကညာခဲ့ရသလို မီးေတာင္ကေန ျပာမႈန္ေတြ၊ ဓာတ္ေငြ႕ေတြ၊ မီးခိုးေတြ အေတာ္ေဝးေဝးထိ မႈတ္ထုတ္ခဲ့လို႔ အနီးအနားက ၿမိဳ႕ေတြက ေဒသခံေပါင္း ၁,၃၀ဝ ေက်ာ္ကို ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ေပးခဲ့ရတယ္ ဆိုပါတယ္။

အာရွမွာပါတဲ့ အင္ဒိုနီးရွားမွာေတာ့ ဇူလိုင္ ၁၆ ရက္က အားျပင္းေျမငလ်င္တစ္ခု အပန္းေျဖကြၽန္း ဘာလီမွာ လႈပ္ခတ္ခဲ့လို႔ အေဆာက္အအုံ အမ်ားအျပားလည္း ပ်က္စီးခဲ့ပါတယ္။ျပင္းအား ၅ ဒသမ ၇ အဆင့္ရွိ ငလ်င္ဟာ နံနက္ပိုင္း ၇ နာရီေက်ာ္မွာ လႈပ္ခတ္ခဲ့တာပါ။ဘာလီကြၽန္းရဲ႕ ၿမိဳ႕ေတာ္ ဒန္ပါဆာရဲ႕ အေနာက္ေတာင္ဘက္ ၈၂ ဒသမ ၁ ကီလိုမီတာအကြာ ေနရာရွိ ေျမေအာက္ ၉၁ ကီလိုမီတာကို ဗဟိုျပဳလႈပ္ခတ္ခဲ့ေပမယ့္ ဂ်ာဗားကြၽန္းေပၚကေနေတာင္ သိရွိခံစားခဲ့ရတယ္ ဆိုပါတယ္။ဆူနာမီသတိေပးခ်က္ မထုတ္ခဲ့ရေပမယ့္ ထိခိုက္မႈေတြေတာ့ ရွိခဲ့ပါတယ္။

သဘာဝေဘးက နည္းမ်ိဳးစုံနဲ႔ ကမာၻကို တိုက္ခိုက္ေနခ်ိန္မွာ ကမာၻတစ္ဝန္းမွာ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ အားနည္းေနတာကို ေတြ႕ရပါတယ္။ဒါဟာ ေၾကာက္စရာလန႔္စရာ အေျခအေနတစ္ရပ္ကို ႀကိဳေနသလိုပါဘဲ။

ဒီသတင္းက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက စိတ္ဝင္စားဖို႔ေကာင္းတဲ့ သတင္းေတြျဖစ္တဲ့ အပူလႈိင္းေၾကာင့္ ျပင္သစ္မွာ ဝိုင္ထုတ္လုပ္မႈ ေလ်ာ့က်ႏိုင္တယ္လို႔  ျပင္သစ္ စိုက္ပ်ိဳးေရးဝန္ႀကီးက ေျပာလိုက္တဲ့ သတင္း၊ ဘာလီကြၽန္းမွာ ကမာၻလွည့္ခရီးသည္ေတြ ပလပ္စတစ္အသုံးခ်မႈ ေလ်ာ့ခ်မယ့္ သတင္း၊ အပိုလို ၁၁ အာကာသယာဥ္မႉးေဟာင္းေတြနဲ႔ အေမရိကန္သမၼတ ေတြ႕ဆုံတဲ့ သတင္း၊ ေလယာဥ္မႉးအခန္းထဲက ထူးဆန္းတဲ့ မီးခိုးေတြထြက္လာလို႔ ေမာ္စကိုကေန အာေမးနီးယားႏိုင္ငံကို ပ်ံသန္းမယ့္ ေနာ့ဒ္ဝင္းဒ္ေလေၾကာင္းခရီးစဥ္ ေလယာဥ္ကို အေရးေပၚဖ်က္သိမ္းလိုက္ရတဲ့ သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇူလိုင္ - ၂၂