【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကချင်ဒေသ အအေးဒဏ်နဲ့ လေထဲမိုးထဲ ရွှေပါဝင်မှုတိုးတဲ့ ရွှေစင်ရွှေပြား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကချင်ဒေသ အအေးဒဏ်နဲ့ လေထဲမိုးထဲ ရွှေပါဝင်မှုတိုးတဲ့ ရွှေစင်ရွှေပြား

ယခုတစ်ပတ် သတင်းတွေထဲမှာ ထူးဆန်းတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။သာသနာရေးရာဦးစီးဌာနက ထုတ်ပြန်ခဲ့တဲ့ ရွှေတိဂုံစေတီတော် ကြာမှောက် ကြာလန်ကနေ နမူနာယူ စစ်ဆေးနေတဲ့ ရွှေစင်ပြား ၉ ချပ်ကို စစ်ဆေးရာကနေ ထွက်ပေါ်လာတဲ့ ရလဒ်က မူလထက်ပိုပြီး ရွှေပါဝင်မှု အချိုးအစားက ပိုကောင်းနေလို့ ပြင်ပက ပညာရှင်တွေ ဖိတ်ခေါ်ပြီး တတိယအဖွဲ့နဲ့ စစ်ဆေးမယ့် သတင်းနဲ့ ကချင်ဒေသက စစ်ရှောင် ဒုက္ခသည်စခန်းတွေမှာ အအေးဒဏ်ကြောင့် အနွေးထည်နဲ့ စောင်တွေ လိုနေလို့ ကူညီနေတဲ့ အဖွဲ့အစည်းတွေက အများပြည်သူကို မေတ္တာရပ်ခံ အကူအညီတောင်းနေရတဲ့ သတင်းတွေက အများပြည်သူအတွက် ယခုရက်သတ္တပတ် စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက မန္တလေးတိုင်း ပုသိမ်ကြီးနှင့် မြင်းခြံ မြို့နယ်တွေမှာ ဧရာဝတီမြစ်ကမ်းပါး ပြိုကျလို့ အိမ်တွေရွှေ့ပြောင်းပေးခဲ့ရပြီး စိုက်ပျိုးမြေအချို့ ပျက်စီးခဲ့တဲ့ သတင်းတွေ၊ တနင်္သာရီ၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွေမှာ ခဲမဖြူ၊ အဖြိုက်နက်၊ ကျောက်မီးသွေး၊ ခနောက် စိမ်း၊ ခဲနှင့် ရွှေ စမ်းသပ်ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ရန် တူးဖော်ဖို့  မြေဧကနှစ်သိန်းခန့် ခွင့်ပြုပေးခဲ့တဲ့ သတင်း၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များနှင့် ဇီဝမျိုးစိတ်များ ကျက်စားနေတဲ့ မိုးယွန်းကြီးအင်း ဘေးမဲ့တော ဧရိယာမှာ ပိုက်များသွယ်တန်းပြီး ဘီလားထောင်လို့ ငှက်တွေ သေဆုံးမှုရှိနေတဲ့ သတင်း၊ ဒေသခံ တစ်ထောင်ကျော် ပါဝင်တဲ့ ရခိုင်သယံဇာတ စီမံခန့်ခွဲပိုင်ခွင့်ဆိုင်ရာ ရခိုင်လူထု ဆန္ဒထုတ်ဖော်ပွဲကို ကျောက်ဖြူမှာ ပြုလုပ်ခဲ့တဲ့ သတင်း၊ ပူတာအိုမြို့ အနောက်ဘက် ၃၆ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၆ အဆင့်ရှိ ဇောက်တိမ်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတဲ့ သတင်း စတဲ့ သတင်းတွေ ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရဲ့ နီပေါခရီးစဉ်၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံမှု သတင်း

ယခုရက်သတ္တပတ်အတွင်း အစိုးရခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေထဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို နီပေါနိုင်ငံကို သွားရောက်တဲ့ သတင်းက ဒေသတွင်း နိုင်ငံတကာ သတင်းတွေထဲမှာ ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့နဲ့ နီပေါနိုင်ငံ ဝန်ကြီးချုပ် ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၉ ရက်က နီပေါနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။နီပေါကို ရောက်လာတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို နီပေါ ဒု-ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး အိုင်ရှဝါပိုခရယ် က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

နီပေါမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်သလို ဒေသတွင်း ပြဿနာတွေကို ဆွေးနွေးဖွယ် ရှိနေပါတယ်။

နောက်ထပ် ဒီရက်ပိုင်းမှာ ထူးခြားတဲ့ သတင်းတစ်ပုဒ်က ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) ခေါင်းဆောင် ဦးအောင်ခမ်းထီ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ကို သွားတွေ့ခဲ့တဲ့ သတင်းပါဘဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ သတင်းထဲမှာတော့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဦးအောင်ခမ်းထီ တွေ့ဆုံရာမှာ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ယခုတစ်ပတ် လွှတ်တော်ဆိုင်ရာ သတင်းတွေထဲမှာ ထူးခြားတာက  NLD ကိုယ်စားလှယ် ခြောက်ဦးက ကန့်ကွက်ထားတဲ့ ရန်ကုန်မြို့ ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောကျပ်တည်းမှု လျော့နည်းစေမည့် မြစ်ကြောင်းတူးဖော်ရေး လုပ်ငန်းများ၊ မြို့ပြယဉ်ကျေးမှု ထိန်းသိမ်းရေး မဟာဗျူဟာ စီမံကိန်းတွေမှာ သုံးဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံက ချေးယူမယ့် ယူရို သန်း ၇၀ ကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့တဲ့ သတင်းပါဘဲ။

ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူက ယင်းချေးငွေနဲ့ ပတ်သက်ပြီး ထပ်မံစိစစ်လေ့လာရန် လိုအပ်ခြင်းကြောင့် အဆုံးအဖြတ်ရယူခြင်းကို ဆိုင်းငံ့ကာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီထံ လွဲှအပ်ကြောင်း လွှတ်တော်နာယက က ပြောခဲ့တာပါ။

ယင်းချေးငွေအတွက် စုစုပေါင်းအတိုး ယူရို ၈ ဒသမ ၂ သန်းခန့် ကျသင့်ပေမယ့် အီးယူမှ ထောက်ပံ့ငွေ ယူရို ကိုးသန်းခွဲ ရရှိမှာဖြစ်တယ်လို့  ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်း က ရှင်းလင်းခဲ့ပေမယ့်  ချေးငွေရယူရေး ကန့်ကွက်ထားတဲ့ NLD အမတ်တွေက ဒီစီမံကိန်းက ပြည်ပချေးငွေနဲ့ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းမဟုတ်ဘူးလို့ ထောက်ပြထားတဲ့အတွက် ဘယ်လိုဖြစ်လာမလဲဆိုတာ မသိသေးပါဘူး။ဒါပေမယ့် ဒီကိစ္စကို စိစစ်ပြီး  ဒီဇင်ဘာ ၃ ရက် နောက်ဆုံးထား ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တင်ခိုင်းထားတဲ့အတွက် အဲဒီရက်အထိ ချေးငွေယူခွင့် ရ၊ မရ ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ Mr. Ning Jizhe ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံတဲ့ သတင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် သမ္မတရုံးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းသူ ကို ခန့်အပ်ခဲ့တဲ့ သတင်း၊ ဘားအံမြို့နယ် နောင်လုံကျေးရွာအုပ်စုရှိ ဒေသခံများနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် တွေ့ဆုံရာမှာ ဝန်ကြီးချုပ်က “ရွာသားတွေကို တရားစွဲဖို့၊ သူတို့မှာရှိတဲ့ ကျေးရွာမြေတွေကို သိမ်းဖို့တက်လာတာ မဟုတ်ဘူးလို့” ပြောခဲ့တဲ့ သတင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တားဆီးပိတ်ပင်ရေး ဥပဒေတစ်ရပ် ချမှတ်အကောင်အထည်ဖော်ဖို့ အီးယူက တိုက်တွန်းခဲ့တဲ့ သတင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၁၉ အတွင်း ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေထဲ အလေးထား ဖတ်ရှုစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ရွှေတိဂုံစေတီတော် ကြာမှောက် ကြာလန်ရှိ ရွှေပါဝင်မှု

ရွှေတိဂုံစေတီတော်မှာ ၂၀၀၉ ခုနှစ်က ကပ်လှူထားခဲ့တဲ့ ရွှေစင်ရွှေပြားသင်္ကန်းတွေ မည်းလာတာကနေ စတဲ့ ရွှေပါဝင်မှုအပေါ်ကနေ အများပြည်သူကြား ဝေဖန်မှုတွေရှိတာကနေ စတဲ့ ဂယက်ဟာ ယခုတစ်ပတ်ထိ မပြီးသေးဘဲ မကြာခင်က သာသနာရေးရာဦးစီးဌာနက စာထုတ်ပြီး မူလပါရှိတဲ့ ရွေပါဝင်မှုထက် ပိုနေတယ်ဆိုတဲ့ မကြာခင်က စစ်ဆေးမှုအတွက် ပြင်ပပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး တတိယအဖွဲ့အစည်း ဖွဲ့စည်းကာ စစ်ဆေးဖို့ စီစဉ်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

မကြာခင်က သတင်းမီဒီယာတစ်ခုကနေ ရွှေတိဂုံစေတီတော် ကြာမှောက် ကြာလန် ဧရိယာရှိ နမူနာ ရွှေစင်ပြား ၉ ချပ်ကို ပြန်လည်သန့်စင်ရာတွင် ရွှေ ၉၈ ဒသမ ၉၁ ရာခိုင်နှုန်း ပါဝင်ကြောင်း ရှိတယ်ဆိုပြီး ဖော်ပြချက်ကနေ လူမှုကွန်ရက်မှာ ထိုစစ်ဆေးမှုက လုံးထွေးပြီး ရွှေတိဂုံစေတီတော် ကြာမှောက် ကြာလန် ဧရိယာတစ်ခုလုံးမှာရှိတဲ့ ရွေစင်ရွေပြားချပ် လေးထောင်နီးပါးကို စစ်ဆေးတဲ့ ရလဒ်အဖြစ် ဖော်ပြကာ လက်ရှိစစ်ဆေးနေတဲ့သူတွေကို ဝေဖန်တဲ့ ပို့စ်တွေ ပျံ့နှံ့ခဲ့ပါတယ်။

နမူနာစစ်ဆေးခဲ့တဲ့ ကြာမှောက် ကြာလန်က ရွှေစင်ပြား ၉ ချပ် ထုတ်ပြန်ချက်ကလည်း လူမှုကွန်ရက်မှာ ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပါတယ်။၂၀၀၉ ခုနှစ် မူလကပ်လှူခဲ့စဉ်က ရွှေစင်ပြားတွေမှာ ရွှေပါဝင်မှု အချိုးက ၉၈ ရာခိုင်နှုန်းသာ ရှိပေမယ့် ယခုပညာရှင်အချို့က စစ်ဆေးရာ ၉၈ ဒသမ ၉၁ ရာခိုင်နှုန်း ရလဒ် ထွက်ပေါ်နေတဲ့အတွက် မူလထက်ပိုမိုနေတဲ့ ရာခိုင်နူန်း အချိုးအစားက ဒွိဟဖြစ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီလိုဖော်ပြပျံ့နှံ့မှုတွေ ရှိတဲ့အချိန်မှာ သာသနာရေးဦးစီးဌာနက နိုဝင်ဘာ ၂၄ ရက်မှာ အဆိုပါ ရွှေစင်ပါဝင်မှု ရာခိုင်နူန်း ၉၉ ရာခိုင်နူန်းနီးပါး အခြေအနေဆိုသည်မှာ အောက်ကြာနု ဧရိယာတွင် ပူဇော်ထားသော ရွှေစင်ပြား ၃,၉၂၁ ချပ် အနက် မည်းနေသော ရွှေစင်ပြားကိုးချပ်၏ ရလဒ်သာဖြစ်ပြီး ကြာမှောက် ကြာလန် ဧရိယာတစ်ခုလုံးရှိ ရွှေစင်ပြားများ ရလဒ်မဟုတ်ဘူးလို့ ထုြတ်ပန်ခဲ့ကာ အဆိုပါ ရွှေစင်ပြားတွေက လက်ရှိ ပကတိမြင်ကွင်းအရ မည်းနေလို့ ဖြုတ်ချပြီး လုံခြုံစိတ်ချရတဲ့ အခန်းထဲသိမ်းဆည်းကာ ပညာရှင်အဖွဲ့နဲ့ စနစ်တကျစစ်ဆေးပြီး ရရှိလာတဲ့ ရွှေအလေးချိန်ကို မှတ်တမ်းတင်မှာလို့ ထုတ်ပြန်ခဲ့ပါတယ်။    

သာသနာရေးရာဦးစီးဌာန ထုတ်ပြန်ချက်မှာတော့ ရေ၊ လေ၊ နေ၊ မိုး ဒဏ်များ ကိုးနှစ်ခန့်ကြာ ထိတွေ့ခံစားပြီးမှ မူလအရည်အသွေးထက် ရွှေစင်ပြားများ ကောင်းမွန်နေသည့်ရလဒ် ထွက်ပေါ်နေခြင်းမှာ သတိပြုစဉ်းစားစရာ အချက်တစ်ချက်လို့ ထုတ်ပြန်ချက်မှာပါပြီး ရွှေစင်ပြားများ၏ စစ်မှန်သည့် အရည်အသွေး ပေါ်ပေါက်လာစေဖို့ ပညာရှင်များ ပါဝင်သည့် တတိယအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းကာ စစ်ဆေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြင်ပက ရွှေလုပ်ငန်းနဲ့ အသက်မွေးသူတွေကြားမှာ မူလကပ်လှူထားစဉ်ကထက် ရွှေပါဝင်မှု ရာခိုင်နူန်း ပိုလာခဲ့တဲ့ ကိစ္စက မကြုံစဖူးထူးကဲတဲ့ ကိစ္စဖြစ်လို့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး အချို့လူမှုကွန်ရက်တွေမှာ ရယ်သွမ်းဖွဲ့စရာအဖြစ် ရေးသားမှုတွေ ရှိလာခဲ့ပါတယ်။ပညာရှင်တွေ ထောက်ပြခဲ့တာကတော့ ရွှေသဘောသဘာဝက ဘယ်လောက်ပဲ သဘာဝဒဏ်ခံရပါစေ ပြန်ဆေးကြော ကျိုချက်ရင် မူလပါဝင်တဲ့ ရွှေပမာဏ အချိုးအစားတိုင်း ပြန်ထွက်တဲ့ သဘောသာ ရှိတာမို့  ဒီလို မူလထက်ပိုတယ်ဆိုတဲ့ စစ်ဆေးချက်က ပြင်ပရွှေဆိုင်လုပ်ကိုင်သူတွေ၊ ရွှေပညာရှင်အတွက် ယုံနိုင်ခဲတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေ ရှိနေတဲ့အချိန်မှာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြင်ပကနေ ပါဝင်ကုသိုလ်ယူ စစ်ဆေးပေးလိုတဲ့ ရွှေပညာရှင်တွေကို ဖိတ်ခေါ်ပြီး ကြားတတိယအဖွဲ့အစည်းကို ဖွဲ့စည်းကာ ကြာမှောက် ကြာလန် ဧရိယာတစ်ခုလုံးက ရွှေစင်ပြား ၃,၉၂၁ ချပ်လုံးကို စစ်ဆေးပြီး အရည်အသွေး အစစ်အမှန်ပေါ် ပေါက်စေဖို့ လုပ်ဆောင်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကို ထုတ်ပြန်မယ်လို့ ဆိုထားပါတယ်။

မြန်မာတပြည်လုံးက ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ကြတဲ့ ရွှေတိဂုံစေတီတော်မှာ ကပ်လှူထားတဲ့ ရွှေစင်ပြားတွေ ရွှေပါဝင်မှု အချိုးအစား ပြဿနာက ဘယ်လိုဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး မူလထက် ရွှေပါဝင်မှု အချိုးအစား မြင့်တက်လာမှုဟာ ကျန် ရွှေစင်ပြားလေးထောင်နီးပါးမှာသာ ဆက်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ ကမ္ဘာ့ထူးခြားဖြစ်စဉ်ပါဘဲ။

ယခုတစ်ပတ် စီးပွားရေးနောက်ခံ သတင်းတွေများစွာ ဖြစ်ခဲ့ပါတယ်။နှစ်နိုင်ငံအစိုးရချင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးကာ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရောင်းချဖို့ အစိုးရက စီစဉ်နေတဲ့ သတင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ‘The Belt and Road’ အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် က တာဝန်ယူထားလို့ မြန်မာ - တရုတ် စီးပွားရေးစြင်္ကန် အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံက တက်ကြွသည့် သဘောထားကို အပြည့်အဝဖော်ပြတယ်လို့ ပြောတဲ့ သတင်း၊ အိန္ဒိယ-တမူး -လားရှိုး လမ်းကြောင်းနဲ့ မန္တလေး-ရန်ကုန်-သီလဝါ လမ်းမနှစ်ခု ပေါင်းစပ်နိုင်ရေး အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်း၊ ဒီရွှေစင်ပြား သတင်းက ယခုတစ်ပတ်မှာ အများပြည်သူကြား ကျယ်ပြန့်စွာ ဆွေးနွေးကြတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်း အခြေအနေ

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲမှာ ရခိုင်မြောက်ပိုင်း သတင်းအချို့က စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ဒီထဲမှာ ရိက္ခာထောက်ပံ့မှု မရသည့် မောင်တောမြို့ ဟိန္ဒူ ဒုက္ခသည်စခန်းရှိ မိသားစုဝင်များအတွက် စားနပ်ရိက္ခာများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်က ထောက်ပံ့ခဲ့တယ်ဆိုတဲ့ သတင်းပါ။

ဒီဒုက္ခသည်စခန်းက ပြည်ပ NGO တွေ မျက်စိထဲမထည့်တဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ စခန်းပါ။လူဦးရေ ၁၂၀၀ ကျော် နေထိုင်ပြီး အစိုးရဆီကနေ ရိက္ခာမရတာလည်း သုံးလကျော်နေပြီလို့ဆိုပြီး စခန်းမှာရှိတဲ့ လူတွေက ကြုံသလို ပြင်ပထွက်ပြီး ရှာစားရတယ် ဆိုပါတယ်။ပြီးခဲ့တဲ့ ရခိုင်မြောက်ပိုင်း ဘင်္ဂါလီပြဿနာမှာ အကြမ်းဖက် ဘင်္ဂါလီတွေက လူနည်းစု ရခိုင်တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေကို သတ်ဖြတ်ခဲ့တာတွေ ရှိခဲ့ပေမယ့် နိုင်ငံတကာကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေနဲ့ လှုပ်ရှားမှုတွေကိုသာ အာရုံစိုက်ဖော်ပြနေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်ပြီး နိုင်ငံတကာမီဒီယာတွေ ပုံဖော်နေတဲ့ အစ္စလာမ်ဘာသာဝင် လူများစု ဘင်္ဂါလီတွေ ဖိနှိပ်ခံရ မောင်းထုတ်ခံရဆိုတဲ့ တစ်စိုက်မတ်မတ် ဖော်ပြခံရမှုနောက်မှာ ဘင်္ဂါလီတွေရဲ့ သတ်ဖြတ်ခြင်းကိုခံရတဲ့  ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေအဖို့ အခွင့်အရေးလဲ ဆုံးရှုံးသလို အကူအညီလဲမရ ဖြစ်နေတာပါ။

ဒီလိုတွေရှိပေမယ့် ကုလကတော့ ဘင်္ဂလားပင်လယ်အော်ဖြတ်ပြီး မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားနေတဲ့ ဘင်္ဂါလီတွေ များလာတာကိုသာ သတိထားခဲ့ပါတယ်။နိုဝင်ဘာ ၂၆ ရက်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ခြောက်သွေ့ရာသီ ရောက်ရှိလာတာနဲ့ ဘင်္ဂါလီများ ထွက်ခွာရန် ကြိုးပမ်းတာများလာပြီလို့ ဖော်ပြခဲ့သလို မကြာခင်က ရန်ကုန်အနီးမှာ ဖမ်းမိတဲ့ ဘင်္ဂါလီလှေကိစ္စကို ရည်ညွှန်းကာ ရက်သတ္တပတ်အတွင်း အနည်းဆုံး လှေနှစ်စီးရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉  ရက်တွေမှာ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ဘင်္ဂါလီတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက်  တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ကြားစခန်းကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး အာဆီယံ ညှိနှိုင်းရေးစင်တာ (AHA Centre) က လ/ညွန်နှစ်ဦး ကွင်းဆင်းလေ့လာခဲ့ပါတယ်။

ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေ မလေးရှားဘက် ခိုးထွက်တာတွေ၊ ဟိန္ဒူဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်လပ်မှုရှိနေလို့ လူ၊ ကယ်၊ ပြန်က ထောက်ပံ့မှုတွေ လုပ်ခဲ့တာတွေနဲ့ ရှုပ်နေချိန်မှာ စစ်တွေမှာတော့ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့နှင့် လူမှုအဖွဲ့အစည်းအချို့က ဦးဆောင်ပြီး ရခိုင်တိုင်းရင်းသားတွေက မောင်တော တောင်ပိုင်းမှာ ဘင်္ဂါလီတွေ နေရာပြန်လည်ချထားမှာ၊ ဘင်္ဂါလီတွေကို နေ့စားကျောင်းဆရာများအဖြစ် ခန့်အပ်မှာ၊ ရမ်းဗြဲမြို့နယ်မှာ ဘင်္ဂါလီတွေကို ကမန်တိုင်းရင်းသားဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်မြောက်ပိုင်းအရေးက ပြည်တွင်း ပြည်ပ နှစ်ခုညှပ်ပြီး ဖြစ်နေတဲ့အတွက် ပြေလည်ဖို့ ခက်ခဲနေပါသေးတယ်။ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ဘယ် ပြည်တွင်း ပြည်ပ အဖွဲ့စည်းတွေ ပါဝင်ခြေ ရှုပ်နေဦးမလဲဆိုတာ သတိထား ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

သဘာဝအအေးဒဏ်နှင့် ကချင်စစ်ရှောင် ပြည်သူများ

မြန်မာနိုင်ငံ မြောက်ပိုင်းကို ပြင်းထန်တဲ့ ဆောင်းရာသီ ဝင်လာတာနဲ့အတူ ဒေသတွင်းဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ ပြည်သူတွေ အအေးဒဏ်ကို ဆိုးရွားစွာ စတင်ခံစားနေရပြီလို့ ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။

ကချင်ပြည်နယ်မှာ တပ်မတော်နှင့် KIA တိုက်ပွဲတွေကြောင့် ကချင်ဒေသခံ အများအပြား စစ်ရှောင်စခန်း ၁၇၀ ကျော် ခိုလှုံနေရတာမှာ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်အထိ ရှိနေလို့ လက်ရှိမှာ စားနပ်ရိက္ခာ အခက်အခဲအပြင် အအေးဒဏ်ကိုပါ ဆိုးရွာ;စွာ ခံစားနေရလို့ ကူညီနေတဲ့ အဖွဲ့အစည်းတွေက အများပြည်သူကို စောင်နဲ့ အနွေးထည်တွေ အရေးတကြီး ကူညီပေးဖို့ ဆော်သြနေကြပါတယ်။

အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိတဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ရတဲ့သူတွေအတွက် ရေခဲမှတ်နားကပ်နေတဲ့ နေ့အပူချိန်မှာ အအေးဒဏ်ကို ဆိုးရွားစွာခံနရတာမို့ အပူတပြင်း စောင်နှင့် အနွေးထည်များအပြင် ဆေးဝါးနဲ့ စားနပ်ရိက္ခာပါ လိုနေတဲ့အတွက်  စစ်ရှောင်တွေကို ကူညီနေတဲ့ အဖွဲ့တွေက လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားတာပါ။  

နိုဝင်ဘာ ၂၈ ရက်က ကျင်းပတဲ့ ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူတဲ့ ဗိုလ်မှူးကြီး သူရမျိုးတင် နေရာမှာ ဗိုလ်မှူးကြီး နေလင်းထွန်း ကို အစားထိုးခန့်အပ်ခဲ့တာကို လွှတ်တော်မှာ ကတိသစ္စာပြုခဲ့ပါတယ်။

ယခုတာဝန်ယူတဲ့ လုံ/နယ်ဝန်ကြီးကို ကချင်အဖွဲ့အစည်းအချို့က ဒေသခံများနှင့် စစ်ရှောင်တွေကို ကူညီပေးဖို့ တိုက်တွန်းမှုတွေ ရှိပါတယ်။ကချင်ဘက်မှာ စားနပ်ရိက္ခာနဲ့ သဘာဝအအေးဒဏ်ကြောင့် ပြဿနာတက်နေသလို တိုင်းရင်းသားဒေသတစ်ခုဖြစ်တဲ့ ရှမ်းမြောက်ပိုင်းက ကွတ်ခိုင်မှာ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေတဲ့ လူငယ်ခြောက်ဦးကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားလို့ ပြန်လွှတ်ပေးဖို့ ဒေသခံတွေနဲ့ မိဘတွေက တောင်းဆိုနေရပါတယ်။ကွတ်ခိုင်မှာ လက်နက်ကိုင်အဖွဲ့အချို့က အရပ်သားများကို မကြာခဏဖမ်းဆီးနေတဲ့ ဖြစ်စဉ်တွေ ရှိနေတဲ့အတွက် ယခုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ပြန်လွှတ်ပေးမလား၊ ဘာခေါင်းစဉ်နဲ့ ဆက်ပြီးဖမ်းဆီးထားမလဲဆိုတာ စောင့်ကြည့်စရာ ဖြစ်လာပါတယ်။

နိုဝင်ဘာ ၂၃ ရက် နံနက်က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလို့ စတုတ္ထတန်း ကျောင်းသားတစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့ရတဲ့  သီပေါမြို့နယ် နားလော့ကျေးရွာထဲမှာ ဖြစ်ခဲ့တဲ့ RCSS နဲ့ SSPP ကြား တိုက်ပွဲကြောင့် တိုက်ပွဲလွတ်ရာကို သေပြေးရှင်ပြေး ပြေးခဲ့ရတဲ့ နာေးလာ့ကျေးရွာသားတွေ အခြေအနေ မငြိမ်သက်သေးပေမယ့် သီးနှံရိတ်သိမ်းချိန်ကြောင့် အရဲစွန့်ပြီး ရွာကိုပြန်သွားကြပြီလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေက ဆိုပါတယ်။

ဒီလိုဒေသတွင်း အကန့်အသတ် စစ်ပွဲတွေကြောင့် အရပ်သားတွေသာ ထိခိုက်ရတဲ့ ဖြစ်စဉ်တွေ ဖြစ်နေသလို အပေါ်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း ရှေ့ဆက်မတိုးသာ ဖြစ်နေတဲ့အတွက် NCA ထိုးထားတဲ့ အဖွဲ့တွေကြားမှာ ညှိနိူင်းနေရတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။

TNLA ဘက်ကနေ မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့ဖြစ်သော  တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်ရေးအတွက် ထုတ်ပြန်မည့် ကြေညာချက်ကို အစိုးရထံ ပေးပို့ထားတယ်လို့ ပြောကြားခဲ့ပါတယ်။အဆိုပါ ကြေညာချက်ပါ ရေးသားချက်များကို အစိုးရ၊ တပ်မတော်ဘက်က ကျေနပ်လက်ခံလျှင်  မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ အကြောင်းပြန်မှု မရှိသေးပါဘူး။ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ပါဝင်မှု ယာယီရပ်ဆိုင်းထားတဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထံ PPST အစည်းအဝေး အမြန်ဆုံးခေါ်ယူပေးဖို့ NCA လက်မှတ်ထိုး ခြောက်ဖွဲ့က တောင်းဆိုထားတာ ရှိပါတယ်။ယခုထိ အကြောင်းမပြန်သေးတဲ့အတွက် ဘယ်လိုဖြစ်လာမလဲဆိုတာ သတင်းတွေကို ဆက်စောင့်ကြည့်ရဦးမှာဖြစ်တာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
နိုဝင်ဘာ - ၃၀

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ ထူးဆန္းတဲ့ သတင္းေတြလည္း ရွိခဲ့ပါတယ္။သာသနာေရးရာဦးစီးဌာနက ထုတ္ျပန္ခဲ့တဲ့ ေ႐ႊတိဂုံေစတီေတာ္ ၾကာေမွာက္ ၾကာလန္ကေန နမူနာယူ စစ္ေဆးေနတဲ့ ေ႐ႊစင္ျပား ၉ ခ်ပ္ကို စစ္ေဆးရာကေန ထြက္ေပၚလာတဲ့ ရလဒ္က မူလထက္ပိုၿပီး ေ႐ႊပါဝင္မႈ အခ်ိဳးအစားက ပိုေကာင္းေနလို႔ ျပင္ပက ပညာရွင္ေတြ ဖိတ္ေခၚၿပီး တတိယအဖြဲ႕နဲ႔ စစ္ေဆးမယ့္ သတင္းနဲ႔ ကခ်င္ေဒသက စစ္ေရွာင္ ဒုကၡသည္စခန္းေတြမွာ အေအးဒဏ္ေၾကာင့္ အေႏြးထည္နဲ႔ ေစာင္ေတြ လိုေနလို႔ ကူညီေနတဲ့ အဖြဲ႕အစည္းေတြက အမ်ားျပည္သူကို ေမတၱာရပ္ခံ အကူအညီေတာင္းေနရတဲ့ သတင္းေတြက အမ်ားျပည္သူအတြက္ ယခုရက္သတၱပတ္ စိတ္ဝင္စားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက မႏၲေလးတိုင္း ပုသိမ္ႀကီးႏွင့္ ျမင္းၿခံ ၿမိဳ႕နယ္ေတြမွာ ဧရာဝတီျမစ္ကမ္းပါး ၿပိဳက်လို႔ အိမ္ေတြေ႐ႊ႕ေျပာင္းေပးခဲ့ရၿပီး စိုက္ပ်ိဳးေျမအခ်ိဳ႕ ပ်က္စီးခဲ့တဲ့ သတင္းေတြ၊ တနသၤာရီ၊ ပဲခူး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္ေတြမွာ ခဲမျဖဴ၊ အၿဖိဳက္နက္၊ ေက်ာက္မီးေသြး၊ ခေနာက္ စိမ္း၊ ခဲႏွင့္ ေ႐ႊ စမ္းသပ္ရွာေဖြေရး လုပ္ငန္းမ်ား လုပ္ကိုင္ရန္ တူးေဖာ္ဖို႔  ေျမဧကႏွစ္သိန္းခန႔္ ခြင့္ျပဳေပးခဲ့တဲ့ သတင္း၊ ေရေပ်ာ္ငွက္မ်ား၊ ေဆာင္းခိုငွက္မ်ားႏွင့္ ဇီဝမ်ိဳးစိတ္မ်ား က်က္စားေနတဲ့ မိုးယြန္းႀကီးအင္း ေဘးမဲ့ေတာ ဧရိယာမွာ ပိုက္မ်ားသြယ္တန္းၿပီး ဘီလားေထာင္လို႔ ငွက္ေတြ ေသဆုံးမႈရွိေနတဲ့ သတင္း၊ ေဒသခံ တစ္ေထာင္ေက်ာ္ ပါဝင္တဲ့ ရခိုင္သယံဇာတ စီမံခန႔္ခြဲပိုင္ခြင့္ဆိုင္ရာ ရခိုင္လူထု ဆႏၵထုတ္ေဖာ္ပြဲကို ေက်ာက္ျဖဴမွာ ျပဳလုပ္ခဲ့တဲ့ သတင္း၊ ပူတာအိုၿမိဳ႕ အေနာက္ဘက္ ၃၆ မိုင္ခန႔္အကြာကို ဗဟိုျပဳၿပီး အင္အား ရစ္ခ်္တာစေကး ၅ ဒသမ ၆ အဆင့္ရွိ ေဇာက္တိမ္တဲ့ ငလ်င္တစ္ခု လႈပ္ခတ္သြားတဲ့ သတင္း စတဲ့ သတင္းေတြ ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ နီေပါခရီးစဥ္၊ အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ ႏွင့္ ေတြ႕ဆုံမႈ သတင္း

ယခုရက္သတၱပတ္အတြင္း အစိုးရေခါင္းေဆာင္ေတြနဲ႔ သက္ဆိုင္တဲ့ သတင္းေတြထဲမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ အာရွ-ပစိဖိတ္ ထိပ္သီးအစည္းအေဝးကို နီေပါႏိုင္ငံကို သြားေရာက္တဲ့ သတင္းက ေဒသတြင္း ႏိုင္ငံတကာ သတင္းေတြထဲမွာ ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ဟာ ႏိုဝင္ဘာ ၃၀ မွ ဒီဇင္ဘာ ၃ ရက္အထိ က်င္းပျပဳလုပ္မည့္ အာရွ-ပစိဖိတ္ ထိပ္သီးအစည္းအေဝးကို တက္ေရာက္ဖို႔နဲ႔ နီေပါႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ဖိတ္ၾကားခ်က္အရ ႏိုဝင္ဘာ ၂၉ ရက္က နီေပါႏိုင္ငံကို ထြက္ခြာခဲ့ပါတယ္။နီေပါကို ေရာက္လာတဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကို နီေပါ ဒု-ဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီး အိုင္ရွဝါပိုခရယ္ က ဂုဏ္ျပဳတပ္ဖြဲ႕နဲ႔ ႀကိဳဆိုခဲ့ပါတယ္။

နီေပါမွာ က်င္းပမယ့္ အာရွ-ပစိဖိတ္ ထိပ္သီးအစည္းအေဝးကို ေဒသတြင္း ႏိုင္ငံေခါင္းေဆာင္ေတြ တက္ေရာက္မွာျဖစ္သလို ေဒသတြင္း ျပႆနာေတြကို ေဆြးေႏြးဖြယ္ ရွိေနပါတယ္။

ေနာက္ထပ္ ဒီရက္ပိုင္းမွာ ထူးျခားတဲ့ သတင္းတစ္ပုဒ္က ပအိုဝ္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) ေခါင္းေဆာင္ ဦးေအာင္ခမ္းထီ က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ တို႔ကို သြားေတြ႕ခဲ့တဲ့ သတင္းပါဘဲ။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္တဲ့ သတင္းထဲမွာေတာ့  ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔ ဦးေအာင္ခမ္းထီ ေတြ႕ဆုံရာမွာ နယ္ေျမေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။

ယခုတစ္ပတ္ လႊတ္ေတာ္ဆိုင္ရာ သတင္းေတြထဲမွာ ထူးျခားတာက  NLD ကိုယ္စားလွယ္ ေျခာက္ဦးက ကန႔္ကြက္ထားတဲ့ ရန္ကုန္ၿမိဳ႕ ေရႀကီးေရလွ်ံမႈႏွင့္ ယာဥ္ေၾကာက်ပ္တည္းမႈ ေလ်ာ့နည္းေစမည့္ ျမစ္ေၾကာင္းတူးေဖာ္ေရး လုပ္ငန္းမ်ား၊ ၿမိဳ႕ျပယဥ္ေက်းမႈ ထိန္းသိမ္းေရး မဟာဗ်ဴဟာ စီမံကိန္းေတြမွာ သုံးဖို႔ ျပင္သစ္ဖြံ႕ၿဖိဳးတိုးတက္ေရး ေအဂ်င္စီထံက ေခ်းယူမယ့္ ယူ႐ို သန္း ၇၀ ကိစၥကို ျပည္ေထာင္စုလႊတ္ေတာ္က ဆိုင္းငံ့တဲ့ သတင္းပါဘဲ။

ျပည္ေထာင္စုလႊတ္ေတာ္ နာယကျဖစ္သူက ယင္းေခ်းေငြနဲ႔ ပတ္သက္ၿပီး ထပ္မံစိစစ္ေလ့လာရန္ လိုအပ္ျခင္းေၾကာင့္ အဆုံးအျဖတ္ရယူျခင္းကို ဆိုင္းငံ့ကာ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီထံ လြဲွအပ္ေၾကာင္း လႊတ္ေတာ္နာယက က ေျပာခဲ့တာပါ။

ယင္းေခ်းေငြအတြက္ စုစုေပါင္းအတိုး ယူ႐ို ၈ ဒသမ ၂ သန္းခန႔္ က်သင့္ေပမယ့္ အီးယူမွ ေထာက္ပံ့ေငြ ယူ႐ို ကိုးသန္းခြဲ ရရွိမွာျဖစ္တယ္လို႔  ဒု-ဝန္ႀကီး ဦးေမာင္ေမာင္ဝင္း က ရွင္းလင္းခဲ့ေပမယ့္  ေခ်းေငြရယူေရး ကန႔္ကြက္ထားတဲ့ NLD အမတ္ေတြက ဒီစီမံကိန္းက ျပည္ပေခ်းေငြနဲ႔ ေဆာင္႐ြက္သင့္တဲ့ လုပ္ငန္းမဟုတ္ဘူးလို႔ ေထာက္ျပထားတဲ့အတြက္ ဘယ္လိုျဖစ္လာမလဲဆိုတာ မသိေသးပါဘူး။ဒါေပမယ့္ ဒီကိစၥကို စိစစ္ၿပီး  ဒီဇင္ဘာ ၃ ရက္ ေနာက္ဆုံးထား ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး တင္ခိုင္းထားတဲ့အတြက္ အဲဒီရက္အထိ ေခ်းေငြယူခြင့္ ရ၊ မရ ကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က တ႐ုတ္ႏိုင္ငံ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္ ဒုဥကၠ႒ Mr. Ning Jizhe ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ကို လက္ခံေတြ႕ဆုံတဲ့ သတင္း၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဝန္ႀကီးအျဖစ္ သမၼတ႐ုံးဝန္ႀကီးဌာန ဒု-ဝန္ႀကီး ဦးမင္းသူ ကို ခန႔္အပ္ခဲ့တဲ့ သတင္း၊ ဘားအံၿမိဳ႕နယ္ ေနာင္လုံေက်း႐ြာအုပ္စုရွိ ေဒသခံမ်ားနဲ႔ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေတြ႕ဆုံရာမွာ ဝန္ႀကီးခ်ဳပ္က “႐ြာသားေတြကို တရားစြဲဖို႔၊ သူတို႔မွာရွိတဲ့ ေက်း႐ြာေျမေတြကို သိမ္းဖို႔တက္လာတာ မဟုတ္ဘူးလို႔” ေျပာခဲ့တဲ့ သတင္း၊ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမ်ားကို တားဆီးပိတ္ပင္ေရး ဥပေဒတစ္ရပ္ ခ်မွတ္အေကာင္အထည္ေဖာ္ဖို႔ အီးယူက တိုက္တြန္းခဲ့တဲ့ သတင္း၊ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး ဥပေဒကို ၂၀၁၉ အတြင္း ျပ႒ာန္းႏိုင္ရန္ ေဆာင္႐ြက္ေနတယ္ဆိုတဲ့ သတင္းေတြထဲ အေလးထား ဖတ္ရႈစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ေ႐ႊတိဂုံေစတီေတာ္ ၾကာေမွာက္ ၾကာလန္ရွိ ေ႐ႊပါဝင္မႈ

ေ႐ႊတိဂုံေစတီေတာ္မွာ ၂၀၀၉ ခုႏွစ္က ကပ္လႉထားခဲ့တဲ့ ေ႐ႊစင္ေ႐ႊျပားသကၤန္းေတြ မည္းလာတာကေန စတဲ့ ေ႐ႊပါဝင္မႈအေပၚကေန အမ်ားျပည္သူၾကား ေဝဖန္မႈေတြရွိတာကေန စတဲ့ ဂယက္ဟာ ယခုတစ္ပတ္ထိ မၿပီးေသးဘဲ မၾကာခင္က သာသနာေရးရာဦးစီးဌာနက စာထုတ္ၿပီး မူလပါရွိတဲ့ ေ႐ြပါဝင္မႈထက္ ပိုေနတယ္ဆိုတဲ့ မၾကာခင္က စစ္ေဆးမႈအတြက္ ျပင္ပပုဂၢိဳလ္ေတြကို ဖိတ္ေခၚၿပီး တတိယအဖြဲ႕အစည္း ဖြဲ႕စည္းကာ စစ္ေဆးဖို႔ စီစဥ္ရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။

မၾကာခင္က သတင္းမီဒီယာတစ္ခုကေန ေ႐ႊတိဂုံေစတီေတာ္ ၾကာေမွာက္ ၾကာလန္ ဧရိယာရွိ နမူနာ ေ႐ႊစင္ျပား ၉ ခ်ပ္ကို ျပန္လည္သန႔္စင္ရာတြင္ ေ႐ႊ ၉၈ ဒသမ ၉၁ ရာခိုင္ႏႈန္း ပါဝင္ေၾကာင္း ရွိတယ္ဆိုၿပီး ေဖာ္ျပခ်က္ကေန လူမႈကြန္ရက္မွာ ထိုစစ္ေဆးမႈက လုံးေထြးၿပီး ေ႐ႊတိဂုံေစတီေတာ္ ၾကာေမွာက္ ၾကာလန္ ဧရိယာတစ္ခုလုံးမွာရွိတဲ့ ေ႐ြစင္ေ႐ြျပားခ်ပ္ ေလးေထာင္နီးပါးကို စစ္ေဆးတဲ့ ရလဒ္အျဖစ္ ေဖာ္ျပကာ လက္ရွိစစ္ေဆးေနတဲ့သူေတြကို ေဝဖန္တဲ့ ပို႔စ္ေတြ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

နမူနာစစ္ေဆးခဲ့တဲ့ ၾကာေမွာက္ ၾကာလန္က ေ႐ႊစင္ျပား ၉ ခ်ပ္ ထုတ္ျပန္ခ်က္ကလည္း လူမႈကြန္ရက္မွာ ေဝဖန္မႈမ်ားစြာ ထြက္ေပၚခဲ့ပါတယ္။၂၀၀၉ ခုႏွစ္ မူလကပ္လႉခဲ့စဥ္က ေ႐ႊစင္ျပားေတြမွာ ေ႐ႊပါဝင္မႈ အခ်ိဳးက ၉၈ ရာခိုင္ႏႈန္းသာ ရွိေပမယ့္ ယခုပညာရွင္အခ်ိဳ႕က စစ္ေဆးရာ ၉၈ ဒသမ ၉၁ ရာခိုင္ႏႈန္း ရလဒ္ ထြက္ေပၚေနတဲ့အတြက္ မူလထက္ပိုမိုေနတဲ့ ရာခိုင္ႏူန္း အခ်ိဳးအစားက ဒြိဟျဖစ္စရာ ျဖစ္လာခဲ့ပါတယ္။

ဒီလိုေဖာ္ျပပ်ံ႕ႏွံ႔မႈေတြ ရွိတဲ့အခ်ိန္မွာ သာသနာေရးဦးစီးဌာနက ႏိုဝင္ဘာ ၂၄ ရက္မွာ အဆိုပါ ေ႐ႊစင္ပါဝင္မႈ ရာခိုင္ႏူန္း ၉၉ ရာခိုင္ႏူန္းနီးပါး အေျခအေနဆိုသည္မွာ ေအာက္ၾကာႏု ဧရိယာတြင္ ပူေဇာ္ထားေသာ ေ႐ႊစင္ျပား ၃,၉၂၁ ခ်ပ္ အနက္ မည္းေနေသာ ေ႐ႊစင္ျပားကိုးခ်ပ္၏ ရလဒ္သာျဖစ္ၿပီး ၾကာေမွာက္ ၾကာလန္ ဧရိယာတစ္ခုလုံးရွိ ေ႐ႊစင္ျပားမ်ား ရလဒ္မဟုတ္ဘူးလို႔ ထုၾတ္ပန္ခဲ့ကာ အဆိုပါ ေ႐ႊစင္ျပားေတြက လက္ရွိ ပကတိျမင္ကြင္းအရ မည္းေနလို႔ ျဖဳတ္ခ်ၿပီး လုံၿခဳံစိတ္ခ်ရတဲ့ အခန္းထဲသိမ္းဆည္းကာ ပညာရွင္အဖြဲ႕နဲ႔ စနစ္တက်စစ္ေဆးၿပီး ရရွိလာတဲ့ ေ႐ႊအေလးခ်ိန္ကို မွတ္တမ္းတင္မွာလို႔ ထုတ္ျပန္ခဲ့ပါတယ္။    

သာသနာေရးရာဦးစီးဌာန ထုတ္ျပန္ခ်က္မွာေတာ့ ေရ၊ ေလ၊ ေန၊ မိုး ဒဏ္မ်ား ကိုးႏွစ္ခန႔္ၾကာ ထိေတြ႕ခံစားၿပီးမွ မူလအရည္အေသြးထက္ ေ႐ႊစင္ျပားမ်ား ေကာင္းမြန္ေနသည့္ရလဒ္ ထြက္ေပၚေနျခင္းမွာ သတိျပဳစဥ္းစားစရာ အခ်က္တစ္ခ်က္လို႔ ထုတ္ျပန္ခ်က္မွာပါၿပီး ေ႐ႊစင္ျပားမ်ား၏ စစ္မွန္သည့္ အရည္အေသြး ေပၚေပါက္လာေစဖို႔ ပညာရွင္မ်ား ပါဝင္သည့္ တတိယအဖြဲ႕အစည္းတစ္ရပ္ ဖြဲ႕စည္းကာ စစ္ေဆးမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ျပင္ပက ေ႐ႊလုပ္ငန္းနဲ႔ အသက္ေမြးသူေတြၾကားမွာ မူလကပ္လႉထားစဥ္ကထက္ ေ႐ႊပါဝင္မႈ ရာခိုင္ႏူန္း ပိုလာခဲ့တဲ့ ကိစၥက မႀကဳံစဖူးထူးကဲတဲ့ ကိစၥျဖစ္လို႔ ေဝဖန္မႈေတြ ျမင့္တက္ခဲ့ၿပီး အခ်ိဳ႕လူမႈကြန္ရက္ေတြမွာ ရယ္သြမ္းဖြဲ႕စရာအျဖစ္ ေရးသားမႈေတြ ရွိလာခဲ့ပါတယ္။ပညာရွင္ေတြ ေထာက္ျပခဲ့တာကေတာ့ ေ႐ႊသေဘာသဘာဝက ဘယ္ေလာက္ပဲ သဘာဝဒဏ္ခံရပါေစ ျပန္ေဆးေၾကာ က်ိဳခ်က္ရင္ မူလပါဝင္တဲ့ ေ႐ႊပမာဏ အခ်ိဳးအစားတိုင္း ျပန္ထြက္တဲ့ သေဘာသာ ရွိတာမို႔  ဒီလို မူလထက္ပိုတယ္ဆိုတဲ့ စစ္ေဆးခ်က္က ျပင္ပေ႐ႊဆိုင္လုပ္ကိုင္သူေတြ၊ ေ႐ႊပညာရွင္အတြက္ ယုံႏိုင္ခဲတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ခဲ့ပါတယ္။

ဒီလိုအေျခအေနေတြ ရွိေနတဲ့အခ်ိန္မွာ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ျပင္ပကေန ပါဝင္ကုသိုလ္ယူ စစ္ေဆးေပးလိုတဲ့ ေ႐ႊပညာရွင္ေတြကို ဖိတ္ေခၚၿပီး ၾကားတတိယအဖြဲ႕အစည္းကို ဖြဲ႕စည္းကာ ၾကာေမွာက္ ၾကာလန္ ဧရိယာတစ္ခုလုံးက ေ႐ႊစင္ျပား ၃,၉၂၁ ခ်ပ္လုံးကို စစ္ေဆးၿပီး အရည္အေသြး အစစ္အမွန္ေပၚ ေပါက္ေစဖို႔ လုပ္ေဆာင္ၿပီး ထြက္ေပၚလာတဲ့ ရလဒ္ကို ထုတ္ျပန္မယ္လို႔ ဆိုထားပါတယ္။

ျမန္မာတျပည္လုံးက ဗုဒၶဘာသာဝင္ေတြ ကိုးကြယ္ၾကတဲ့ ေ႐ႊတိဂုံေစတီေတာ္မွာ ကပ္လႉထားတဲ့ ေ႐ႊစင္ျပားေတြ ေ႐ႊပါဝင္မႈ အခ်ိဳးအစား ျပႆနာက ဘယ္လိုျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး မူလထက္ ေ႐ႊပါဝင္မႈ အခ်ိဳးအစား ျမင့္တက္လာမႈဟာ က်န္ ေ႐ႊစင္ျပားေလးေထာင္နီးပါးမွာသာ ဆက္ျဖစ္ခဲ့မယ္ဆိုရင္ ဒါဟာ ကမာၻ႔ထူးျခားျဖစ္စဥ္ပါဘဲ။

ယခုတစ္ပတ္ စီးပြားေရးေနာက္ခံ သတင္းေတြမ်ားစြာ ျဖစ္ခဲ့ပါတယ္။ႏွစ္ႏိုင္ငံအစိုးရခ်င္း နားလည္မႈ စာခြၽန္လႊာ (MoU) လက္မွတ္ ေရးထိုးကာ အိႏၵိယႏိုင္ငံသို႔ ပဲတင္ပို႔ေရာင္းခ်ဖို႔ အစိုးရက စီစဥ္ေနတဲ့ သတင္း၊ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ထုတ္ျပန္တဲ့ သတင္းထုတ္ျပန္ခ်က္ထဲမွာ ‘The Belt and Road’ အေကာင္အထည္ ေဖာ္ေဆာင္ေရးဆိုင္ရာ ဦးေဆာင္ေကာ္မတီ ဥကၠ႒အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ က တာဝန္ယူထားလို႔ ျမန္မာ - တ႐ုတ္ စီးပြားေရးျစကၤန္ အေကာင္အထည္ေဖာ္ဖို႔ ျမန္မာႏိုင္ငံက တက္ႂကြသည့္ သေဘာထားကို အျပည့္အဝေဖာ္ျပတယ္လို႔ ေျပာတဲ့ သတင္း၊ အိႏၵိယ-တမူး -လားရႈိး လမ္းေၾကာင္းနဲ႔ မႏၲေလး-ရန္ကုန္-သီလဝါ လမ္းမႏွစ္ခု ေပါင္းစပ္ႏိုင္ေရး အစည္းအေဝးကို ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ သတင္း၊ ဒီေ႐ႊစင္ျပား သတင္းက ယခုတစ္ပတ္မွာ အမ်ားျပည္သူၾကား က်ယ္ျပန႔္စြာ ေဆြးေႏြးၾကတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ရခိုင္ေျမာက္ပိုင္း အေျခအေန

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲမွာ ရခိုင္ေျမာက္ပိုင္း သတင္းအခ်ိဳ႕က စိတ္ဝင္စားစရာ ေကာင္းခဲ့ပါတယ္။ဒီထဲမွာ ရိကၡာေထာက္ပံ့မႈ မရသည့္ ေမာင္ေတာၿမိဳ႕ ဟိႏၵဴ ဒုကၡသည္စခန္းရွိ မိသားစုဝင္မ်ားအတြက္ စားနပ္ရိကၡာမ်ားကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ႏိုဝင္ဘာ ၂၃ ရက္က ေထာက္ပံ့ခဲ့တယ္ဆိုတဲ့ သတင္းပါ။

ဒီဒုကၡသည္စခန္းက ျပည္ပ NGO ေတြ မ်က္စိထဲမထည့္တဲ့ ဟိႏၵဴဘာသာဝင္ေတြရဲ႕ စခန္းပါ။လူဦးေရ ၁၂၀၀ ေက်ာ္ ေနထိုင္ၿပီး အစိုးရဆီကေန ရိကၡာမရတာလည္း သုံးလေက်ာ္ေနၿပီလို႔ဆိုၿပီး စခန္းမွာရွိတဲ့ လူေတြက ႀကဳံသလို ျပင္ပထြက္ၿပီး ရွာစားရတယ္ ဆိုပါတယ္။ၿပီးခဲ့တဲ့ ရခိုင္ေျမာက္ပိုင္း ဘဂၤါလီျပႆနာမွာ အၾကမ္းဖက္ ဘဂၤါလီေတြက လူနည္းစု ရခိုင္တိုင္းရင္းသားေတြနဲ႔ ဟိႏၵဴဘာသာဝင္ေတြကို သတ္ျဖတ္ခဲ့တာေတြ ရွိခဲ့ေပမယ့္ ႏိုင္ငံတကာကေတာ့ ဘဂၤလားေဒ့ရွ္ေရာက္ ဘဂၤါလီေတြနဲ႔ လႈပ္ရွားမႈေတြကိုသာ အာ႐ုံစိုက္ေဖာ္ျပေနခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္မွာ အေျခစိုက္ၿပီး ႏိုင္ငံတကာမီဒီယာေတြ ပုံေဖာ္ေနတဲ့ အစၥလာမ္ဘာသာဝင္ လူမ်ားစု ဘဂၤါလီေတြ ဖိႏွိပ္ခံရ ေမာင္းထုတ္ခံရဆိုတဲ့ တစ္စိုက္မတ္မတ္ ေဖာ္ျပခံရမႈေနာက္မွာ ဘဂၤါလီေတြရဲ႕ သတ္ျဖတ္ျခင္းကိုခံရတဲ့  ဟိႏၵဴဘာသာဝင္ ဒုကၡသည္ေတြအဖို႔ အခြင့္အေရးလဲ ဆုံးရႈံးသလို အကူအညီလဲမရ ျဖစ္ေနတာပါ။

ဒီလိုေတြရွိေပမယ့္ ကုလကေတာ့ ဘဂၤလားပင္လယ္ေအာ္ျဖတ္ၿပီး မေလးရွားႏိုင္ငံကိုသြားဖို႔ ႀကိဳးစားေနတဲ့ ဘဂၤါလီေတြ မ်ားလာတာကိုသာ သတိထားခဲ့ပါတယ္။ႏိုဝင္ဘာ ၂၆ ရက္က ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (OCHA) ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေျခာက္ေသြ႕ရာသီ ေရာက္ရွိလာတာနဲ႔ ဘဂၤါလီမ်ား ထြက္ခြာရန္ ႀကိဳးပမ္းတာမ်ားလာၿပီလို႔ ေဖာ္ျပခဲ့သလို မၾကာခင္က ရန္ကုန္အနီးမွာ ဖမ္းမိတဲ့ ဘဂၤါလီေလွကိစၥကို ရည္ၫႊန္းကာ ရက္သတၱပတ္အတြင္း အနည္းဆုံး ေလွႏွစ္စီးရွိေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၂၈ ရက္ႏွင့္ ၂၉  ရက္ေတြမွာ ဘဂၤလားေဒ့ရွ္ ေရာက္ေနတဲ့ ဘဂၤါလီေတြ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္အတြက္  ေတာင္ၿပိဳလက္ဝဲ၊ ငါးခူရႏွင့္ လွဖိုးေခါင္ ၾကားစခန္းကို အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံးႏွင့္ လူသားခ်င္းစာနာမႈ အကူအညီေပးေရး အာဆီယံ ညႇိႏႈိင္းေရးစင္တာ (AHA Centre) က လ/ၫြန္ႏွစ္ဦး ကြင္းဆင္းေလ့လာခဲ့ပါတယ္။

ဒုကၡသည္စခန္းက ဘဂၤါလီေတြ မေလးရွားဘက္ ခိုးထြက္တာေတြ၊ ဟိႏၵဴဒုကၡသည္စခန္းမွာ ရိကၡာျပတ္လပ္မႈရွိေနလို႔ လူ၊ ကယ္၊ ျပန္က ေထာက္ပံ့မႈေတြ လုပ္ခဲ့တာေတြနဲ႔ ရႈပ္ေနခ်ိန္မွာ စစ္ေတြမွာေတာ့ ၿမိဳ႕နယ္စည္းကမ္းထိန္းသိမ္းေရးႏွင့္ ကူညီေစာင့္ေရွာက္ေရး ရဟန္းေတာ္မ်ားအဖြဲ႕ႏွင့္ လူမႈအဖြဲ႕အစည္းအခ်ိဳ႕က ဦးေဆာင္ၿပီး ရခိုင္တိုင္းရင္းသားေတြက ေမာင္ေတာ ေတာင္ပိုင္းမွာ ဘဂၤါလီေတြ ေနရာျပန္လည္ခ်ထားမွာ၊ ဘဂၤါလီေတြကို ေန႔စားေက်ာင္းဆရာမ်ားအျဖစ္ ခန႔္အပ္မွာ၊ ရမ္းၿဗဲၿမိဳ႕နယ္မွာ ဘဂၤါလီေတြကို ကမန္တိုင္းရင္းသားဆိုၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ျပား ထုတ္ေပးခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ဆႏၵျပတာေတြ ရွိခဲ့ပါတယ္။

လက္ရွိမွာ ရခိုင္ေျမာက္ပိုင္းအေရးက ျပည္တြင္း ျပည္ပ ႏွစ္ခုညႇပ္ၿပီး ျဖစ္ေနတဲ့အတြက္ ေျပလည္ဖို႔ ခက္ခဲေနပါေသးတယ္။ရခိုင္ေျမာက္ပိုင္းအေရးနဲ႔ ပတ္သက္ၿပီး ဘယ္ ျပည္တြင္း ျပည္ပ အဖြဲ႕စည္းေတြ ပါဝင္ေျခ ရႈပ္ေနဦးမလဲဆိုတာ သတိထား ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

သဘာဝအေအးဒဏ္ႏွင့္ ကခ်င္စစ္ေရွာင္ ျပည္သူမ်ား

ျမန္မာႏိုင္ငံ ေျမာက္ပိုင္းကို ျပင္းထန္တဲ့ ေဆာင္းရာသီ ဝင္လာတာနဲ႔အတူ ေဒသတြင္းျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္စခန္းေတြမွာ ခိုလႈံေနရတဲ့ ျပည္သူေတြ အေအးဒဏ္ကို ဆိုး႐ြားစြာ စတင္ခံစားေနရၿပီလို႔ ကူညီေရးအဖြဲ႕ေတြက ဆိုပါတယ္။

ကခ်င္ျပည္နယ္မွာ တပ္မေတာ္ႏွင့္ KIA တိုက္ပြဲေတြေၾကာင့္ ကခ်င္ေဒသခံ အမ်ားအျပား စစ္ေရွာင္စခန္း ၁၇၀ ေက်ာ္ ခိုလႈံေနရတာမွာ လူဦးေရ တစ္သိန္းႏွစ္ေသာင္းေက်ာ္အထိ ရွိေနလို႔ လက္ရွိမွာ စားနပ္ရိကၡာ အခက္အခဲအျပင္ အေအးဒဏ္ကိုပါ ဆိုး႐ြာ;စြာ ခံစားေနရလို႔ ကူညီေနတဲ့ အဖြဲ႕အစည္းေတြက အမ်ားျပည္သူကို ေစာင္နဲ႔ အေႏြးထည္ေတြ အေရးတႀကီး ကူညီေပးဖို႔ ေဆာ္ၾသေနၾကပါတယ္။

အထူးသျဖင့္ တ႐ုတ္-ျမန္မာ နယ္စပ္တစ္ေလွ်ာက္ရွိတဲ့ စစ္ေရွာင္စခန္းေတြမွာ ေနထိုင္ရတဲ့သူေတြအတြက္ ေရခဲမွတ္နားကပ္ေနတဲ့ ေန႔အပူခ်ိန္မွာ အေအးဒဏ္ကို ဆိုး႐ြားစြာခံနရတာမို႔ အပူတျပင္း ေစာင္ႏွင့္ အေႏြးထည္မ်ားအျပင္ ေဆးဝါးနဲ႔ စားနပ္ရိကၡာပါ လိုေနတဲ့အတြက္  စစ္ေရွာင္ေတြကို ကူညီေနတဲ့ အဖြဲ႕ေတြက လႉဒါန္းေပးၾကဖို႔ ေမတၱာရပ္ခံထားတာပါ။  

ႏိုဝင္ဘာ ၂၈ ရက္က က်င္းပတဲ့ ကခ်င္ျပည္နယ္ လႊတ္ေတာ္အစည္းအေဝးမွာ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီးအျဖစ္ တာဝန္ယူတဲ့ ဗိုလ္မႉးႀကီး သူရမ်ိဳးတင္ ေနရာမွာ ဗိုလ္မႉးႀကီး ေနလင္းထြန္း ကို အစားထိုးခန႔္အပ္ခဲ့တာကို လႊတ္ေတာ္မွာ ကတိသစၥာျပဳခဲ့ပါတယ္။

ယခုတာဝန္ယူတဲ့ လုံ/နယ္ဝန္ႀကီးကို ကခ်င္အဖြဲ႕အစည္းအခ်ိဳ႕က ေဒသခံမ်ားႏွင့္ စစ္ေရွာင္ေတြကို ကူညီေပးဖို႔ တိုက္တြန္းမႈေတြ ရွိပါတယ္။ကခ်င္ဘက္မွာ စားနပ္ရိကၡာနဲ႔ သဘာဝအေအးဒဏ္ေၾကာင့္ ျပႆနာတက္ေနသလို တိုင္းရင္းသားေဒသတစ္ခုျဖစ္တဲ့ ရွမ္းေျမာက္ပိုင္းက ကြတ္ခိုင္မွာ လက္ဖက္ရည္ဆိုင္တြင္ ထိုင္ေနတဲ့ လူငယ္ေျခာက္ဦးကို လက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားလို႔ ျပန္လႊတ္ေပးဖို႔ ေဒသခံေတြနဲ႔ မိဘေတြက ေတာင္းဆိုေနရပါတယ္။ကြတ္ခိုင္မွာ လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕က အရပ္သားမ်ားကို မၾကာခဏဖမ္းဆီးေနတဲ့ ျဖစ္စဥ္ေတြ ရွိေနတဲ့အတြက္ ယခုလည္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းက ျပန္လႊတ္ေပးမလား၊ ဘာေခါင္းစဥ္နဲ႔ ဆက္ၿပီးဖမ္းဆီးထားမလဲဆိုတာ ေစာင့္ၾကည့္စရာ ျဖစ္လာပါတယ္။

ႏိုဝင္ဘာ ၂၃ ရက္ နံနက္က တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားလို႔ စတုတၳတန္း ေက်ာင္းသားတစ္ဦး အပါအဝင္ အရပ္သားသုံးဦး ေသဆုံးခဲ့ရတဲ့  သီေပါၿမိဳ႕နယ္ နားေလာ့ေက်း႐ြာထဲမွာ ျဖစ္ခဲ့တဲ့ RCSS နဲ႔ SSPP ၾကား တိုက္ပြဲေၾကာင့္ တိုက္ပြဲလြတ္ရာကို ေသေျပးရွင္ေျပး ေျပးခဲ့ရတဲ့ နာေးလာ့ေက်း႐ြာသားေတြ အေျခအေန မၿငိမ္သက္ေသးေပမယ့္ သီးႏွံရိတ္သိမ္းခ်ိန္ေၾကာင့္ အရဲစြန႔္ၿပီး ႐ြာကိုျပန္သြားၾကၿပီလို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့သူေတြက ဆိုပါတယ္။

ဒီလိုေဒသတြင္း အကန႔္အသတ္ စစ္ပြဲေတြေၾကာင့္ အရပ္သားေတြသာ ထိခိုက္ရတဲ့ ျဖစ္စဥ္ေတြ ျဖစ္ေနသလို အေပၚပိုင္းက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကလည္း ေရွ႕ဆက္မတိုးသာ ျဖစ္ေနတဲ့အတြက္ NCA ထိုးထားတဲ့ အဖြဲ႕ေတြၾကားမွာ ညႇိႏိူင္းေနရတဲ့ ကိစၥေတြလည္း ရွိေနပါတယ္။

TNLA ဘက္ကေန ေျမာက္ပိုင္း လက္နက္ကိုင္ သုံးဖြဲ႕ျဖစ္ေသာ  တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန႔္အဖြဲ႕ (MNDAA) ႏွင့္ ရခိုင္အဖြဲ႕ (AA) တို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ပါဝင္ႏိုင္ေရးအတြက္ ထုတ္ျပန္မည့္ ေၾကညာခ်က္ကို အစိုးရထံ ေပးပို႔ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။အဆိုပါ ေၾကညာခ်က္ပါ ေရးသားခ်က္မ်ားကို အစိုးရ၊ တပ္မေတာ္ဘက္က ေက်နပ္လက္ခံလွ်င္  ေျမာက္ပိုင္းသုံးဖြဲ႕က ထုတ္ျပန္ေၾကညာမယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ အေၾကာင္းျပန္မႈ မရွိေသးပါဘူး။ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့  ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကေန ပါဝင္မႈ ယာယီရပ္ဆိုင္းထားတဲ့ NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕ျဖစ္တဲ့ KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး ထံ PPST အစည္းအေဝး အျမန္ဆုံးေခၚယူေပးဖို႔ NCA လက္မွတ္ထိုး ေျခာက္ဖြဲ႕က ေတာင္းဆိုထားတာ ရွိပါတယ္။ယခုထိ အေၾကာင္းမျပန္ေသးတဲ့အတြက္ ဘယ္လိုျဖစ္လာမလဲဆိုတာ သတင္းေတြကို ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္တာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏိုဝင္ဘာ - ၃၀