【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကျန်းမာရေးနဲ့ နိုင်ငံရေးထဲ ဗိုင်းရပ်စ်တွေ ဝင်လာပြီ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကျန်းမာရေးနဲ့ နိုင်ငံရေးထဲ ဗိုင်းရပ်စ်တွေ ဝင်လာပြီ

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲ စောင့်ကြည့်စရာ သတင်းတွေ ရှိခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်ထဲ ကျင်းပတဲ့ ယခင် မဘသအဖွဲ့ကနေ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံမှာ အမျိုးသားရေးဆရာတော်တွေ ပြောခဲ့တဲ့စကား သတင်းတွေ၊ ရန်ကုန်မှာ လူ ၅ ဦးထိ သေဆုံးခဲ့လို့ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ H1N1 တုပ်ကွေးဗိုင်းရပ်စ် သတင်းတွေ၊ ကလေးငယ်တွေ အဓမ္မကျင့်ခံရတဲ့ သက်ငယ်မုဒိမ်း သတင်းတွေက ယခုတစ်ပတ် လူတွေကို စိတ်ဒုက္ခပေးခဲ့တဲ့ သတင်းရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ လူမှုကွန်ရက်စာမျက်နှာများပေါ်မှ ထုတ်လွှင့်နေသော အချို့ရုပ်သံလိုင်းများသည် နိုင်ငံ၏ တည်ဆဲဥပဒေများကို လုံးဝလိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ ပြန်ကြားရေး ဒု-ဝန်ကြီးက ပြောလိုက်တဲ့ သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တဲ့ သတင်း၊ မန္တလေးမြို့ ၇၃ လမ်းနှင့် ၇၈ လမ်းကို ဖြတ်သန်းဖောက်လုပ်တဲ့  ၃၈ လမ်းပိုင်းသစ်ကို ဖွင့်လှစ်ခဲ့တဲ့ သတင်း၊ ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလမ်းစဉ်ထဲ AA အဖွဲ့ ပါဝင်မှ ရပ်ဆိုင်းမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ရခိုင်လွှတ်တော်ကို အကြောင်းပြန်ခဲ့တဲ့ သတင်းတွေကလည်း အဆိုပါသတင်းတွေနည်းတူ သတင်းဖတ်သူ အများစုကို စိတ်ဝင်စားမှု ပိုခဲ့ပါတယ်။

ကာမသောင်းကျန်းတဲ့ လူတိရစ္ဆာန်တွေ

ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သက်ငယ်မုဒိမ်းမှု သတင်းတွေက ကြားရသူတိုင်းကို အော့နှလုံးနာစရာ ဖြစ်စေတဲ့အထိ ကျူးလွန်တဲ့သူတွေက ဘာသာရေးနယ်ထဲကသူတွေ ဖြစ်နေပါတယ်။ဒီတစ်ပတ်ထဲမှာ လူတွေ ပထမဆုံးသတိထားမိတာက နေပြည်တော်မှာ မေ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ Wisdom Hill မူကြိုကျောင်းက  အသက် (၃) နှစ်ခန့် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုကို CID (မှုခင်းရဲတပ်ဖွဲ့) မှ ခေါ်ယူစစ်ဆေးနေတဲ့ သတင်းတွေပါဘဲ။

တစ်လကျော်ကြာတဲ့အထိ တရားခံမပေါ်သေးပေမယ့် CID (မှုခင်းရဲတပ်ဖွဲ့) မှ ခေါ်ယူစစ်ဆေးနေသူ ၂၀ ခန့် ရှိနေပါပြီ။သတင်းစာဖော်ပြချက်အရမှာတော့ ဒီလိုစစ်ဆေးတဲ့အထဲမှာ  ကလေးငယ်၏ ဆရာမ၊ ကြီးကြပ်ရေးမှူးဆရာမ၊ ရုံးပိုင်းဆိုင်ရာ စာရေးမ၊ ကျောင်းဖယ်ရီကား ဒရိုင်ဘာများ၊ ကျောင်းဝင်းအပြင်က မတ်တတ်ရပ်နေတဲ့ အပြင်လူ ငါးဦးခန့်နှင့် လူမှုကွန်ရက်၌ ဝေဖန်ခံနေရတဲ့ ကြီးကြပ်ရေးမှူးဆရာမ၏ သားနှစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။တစ်ခါစစ်ရင် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ကြာမြင့်တယ် ဆိုပါတယ်။အဆိုပါ သတင်းတွေအရ သံသယရှိတဲ့ တရားခံဖြစ်ဖွယ် အမျိုးသားကို ပြန်မလွှတ်ဘဲ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ကျူးလွန်ခံရသူ ကလေးငယ်အတွက်တော့ ဒီတရားခံ ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ ဘဝတစ်ခုလုံး အရိပ်မည်းလွှမ်းမိုးနေမှာပါဘဲ။

ဒီအမှု တရားခံမပေါ်သေးစဉ်မှာဘဲ ရန်ကုန်နဲ့ ကလေးမြို့မှာ သက်ငယ်မုဒိမ်းမှုတွေ ဆက်တိုက် ယခုတစ်ပတ်မှာ ဖြစ်ခဲ့ပါတယ်။ကျူးလွန်သူတွေက သက်ဆိုင်ရာ ဘာသာရေးနယ်ပယ်တွေက ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့အတွက် ဒါဟာ ထိတ်လန့်စရာပါဘဲ။ကလေးမြို့မှာဖြစ်တဲ့ သက်ငယ်မုဒိမ်းမှုမှာ ခရစ်ယာန် ဘာသာရေးဆရာတစ်ဦးက အသက်မပြည့်သေးသော ညီအစ်မနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။အဘွားနှင့် အတူနေတဲ့ အသက် (၁၁) နှစ်နဲ့ (၁၃) နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အသက် ၄၅ နှစ်အရွယ် ဘာသာရေးဆရာက ကလေးငယ်တွေ ကျန်းမာရေးအတွက် ဆုတောင်းပေးဖို့ဆိုကာ ဆုတောင်းခန်းထဲမှာ အဓမ္မကျင့်ခဲ့တာလို့ သတင်းတွေအရ ဆိုပါတယ်။၁၃ နှစ်အရွယ် ကလေးမကို ပထမရက်မှာ ဆုတောင်းခန်းမထဲ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာ ခေါ်မရတဲ့အတွက် ၁၁ နှစ်အရွယ် ညီမကိုခေါ်ပြီး အဓမ္မပြုကျင့်တာလို့ သိရပါတယ်။စွပ်စွဲခံရတဲ့ ဘာသာရေးဆရာက မိသားစုနဲ့နေတဲ့သူဖြစ်ပြီး ဒီပြစ်မှုကို မကျူးလွန်ဘူးလို့ ငြင်းပေမယ့် ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခဲ့ပြီးနောက်မှာ ဖမ်းဆီးခဲ့တာပါ။ဒီဒေသမှာ ၂၀၁၈ ကလည်း ဘာသာရေးဆရာတစ်ဦးက အသက်မပြည့်သေးတဲ့ မိန်းကလေးနှစ်ဦးကို  အဓမ္မပြုကျင့်လို့ ကလေးခရိုင် တရားရုံးက ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့တာ မကြာသေးပါဘူး။ဒီကလေးငယ်နှစ်ယောက် ဘဝလည်း ယုတ်မာတဲ့သူ တစ်ယောက်ကြောင့် တစ်ဘဝလုံး ညစ်နွမ်းခဲ့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

ရန်ကုန်မှာဖြစ်တဲ့ သက်ငယ်မုဒိမ်းမှုကတော့ အတော်လေးကို လူမဆန်တဲ့ ဖြစ်ရပ်ပါဘဲ။ကျူးလွန်ခံရတဲ့သူက (၁) နှစ်နှင့် ရှစ်လအရွယ် မိန်းကလေးငယ်ဖြစ်ပြီး ကျူးလွန်သူက သင်္ကန်းဝတ် ကိုရင်ကြီးတစ်ပါးလို့ ဆိုပါတယ်။ကလေးတွေကို ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ အခန်းတစ်ခန်းထဲ သိပ်ထားခဲ့ရာ သားဖြစ်သူသာ တွေ့ရပြီး သမီးဖြစ်သူ ပျောက်ဆုံးနေလို့ လိုက်ရှာရာကနေ ကားဘော်ဒီရုံ အနောက်ဘက် ကိုင်းတောထဲမှာ ပြန်တွေ့တာပါ။ ပြန်တွေ့တဲ့ အချိန်မှာ ကလေးငယ်ကို အဓမ္မကျင့်ထားတဲ့အတွက် သေလုမျောပါးဖြစ်နေလို့ အသက်လု ကုသခဲ့ရပါတယ်။ဒီအမှုမှာ တရားခံကို စစ်ဆေးမေးမြန်းရာကနေ  သူ့ရဲ့ကျူးလွန်မှု ပေါ်ပေါက်ခဲ့တာပါ။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကိုကြည့်ရင် ကျူးလွန်ခံရသူ ကလေးငယ်တွေနဲ့ ရင်းနှီးတဲ့သူတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိသားစုဝင်တွေပါ ဖြစ်နေတဲ့အတွက် သတိထားဖွယ်ပါ။မကြာခင်လတွေကမှ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ် နှစ်ဆယ်ကနေ တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့အထိ ဥပဒေပြင်ဆင်ပြီးတဲ့အတွက် ယခုအမှုတွေမှာ အားလုံးက ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ကို ချမှတ်စေချင်ကြပါတယ်။

သက်ငယ်မုဒိမ်းမှုတွေကြောင့် လူတွေ ကျင့်ဝတ်အပေါ် စိတ်ပျက်ရတဲ့အချိန်မှာ မှော်ဘီရဲဘော်ဈေး ပန်းခြံအတွင်း ချိန်းတွေ့တဲ့ သမီးရည်းစားစုံတွဲမှ အမျိုးသားကိုရိုက်ပြီး အမျိုးသမီးကို လူနှစ်ဦးက တစ်လှည့်စီ မုဒိမ်းကျင့်တဲ့ ကြမ်းတမ်းရက်စက် ယုတ်မာတဲ့ မုဒိမ်းမှု ရန်ကုန်မှာ ဆက်ဖြစ်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာ ကျူးလွန်တဲ့ ဆိုင်ကယ်ကယ်ရီ ဆွဲစားတဲ့သူ နှစ်ဦးကို ပြစ်မှုကျူးလွန်ပြီး ၅ နာရီကြာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ဒီတစ်ပတ်က စိတ်ပျက်စရာ မုဒိမ်းရက်သတ္တပတ်ဖြစ်လို့ ဒါဟာ တရားဥပဒေစိုးမိုးမှု လျော့ရဲလို့လား၊ ပြစ်မှုအတွက် ပြစ်ဒဏ်က ဂရုမစိုက်စရာဖြစ်အောင် ဘယ်နေရာတွေမှာ လျော့ရဲနေသလဲ၊ အဆိုတော် အမျိုးသမီးတစ်ဦး ပြောသလို လူလယ်ကောင် အရှက်ခွဲပြီး သတ်ပြစ်ဖို့ လိုလာပြီလားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုလာပြီဖြစ်ပါတယ်။

အဆိုပါ လူမဆန်တဲ့ မုဒိမ်းသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ မှုခင်းနောက်ခံ သတင်းတွေဖြစ်တဲ့ မိသားစုလိုက် တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ ကွတ်ခိုင်မြို့ခံ သားအမိသုံးဦးကို တရုတ်နိုင်ငံမှ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တဲ့ သတင်း၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နေအိမ် သူခိုး ခိုးခံရတဲ့ သတင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာလုပ်သားတွေကို မိုက်ကြေးခွဲတဲ့ မြန်မာ မာဖီးယားဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တဲ့ သတင်း၊ မလေးရှားနိုင်ငံမှာ တစ်ပတ်အတွင်း မြန်မာလုပ်သားခြောက်ဦး အရက်အတုသောက်လို့ သေဆုံးခဲ့တဲ့ သတင်း၊ တရားရုံးကို သက်သေအဖြစ် တင်သွင်းတဲ့ အသံဖိုင်တွေက ဝေဠုကျော် ကိုယ်တိုင် အသံဖမ်းခိုင်းတာလို့ တရားလို အလှမယ် သင်းသင်း က ဖွင့်ဟခဲ့တဲ့ သတင်း၊ ဆေးခြောက်စိုက်ပျိုးမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသားငါးဦး အမှုကို မြင်းခြံခရိုင်တရားရုံးမှာ စတင်စစ်ဆေးတဲ့ သတင်း၊  မလေးရှားသွားမယ့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးကို ထိုင်းအရာရှိတွေက ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ မန္တလေးကျုံးဘေးမှာ ဆိုင်ကယ်စီး လူငယ်နှစ်ဦးကို ဓားဖြင့်ထိုးခဲ့တဲ့ ကိုးဦးအနက် ခုနစ်ဦးကို ဖမ်းမိခဲ့တဲ့ သတင်းတွေထဲ အထူးသတိထားမိတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ထိတ်ထိတ်ပျာပျာ H1N1

ပြီးခဲ့တဲ့နှစ်တွေက ရန်ကုန် အပါအဝင် နယ်တွေမှာ လူသာမက နတ်တွေပါ ဒုက္ခများခဲ့ရတဲ့ တုပ်ကွေးဗိုင်းရပ်စ်က ယခုမိုးဦးရာသီအစမှာဘဲ ရန်ကုန်မှာ အသေအပျောက်နဲ့ စခဲ့ပါတယ်။ဇွန် ၁၉ ရက်က ရုတ်တရက် ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် သေဆုံးတဲ့သူကို သဂြိုဟ်ဖို့ ပို့တဲ့ပုံတွေ လူမှုကွန်ရက်ပေါ် တက်လာတဲ့အခါ တုပ်ကွေးရှော့ခ်ရှိတဲ့ ရန်ကုန်နေသူတွေအဖို့ ထိတ်ထိတ်ပျာပျာ ဖြစ်ခဲ့ရပါတယ်။

ဇွန် ၁၉ ရက် ညနေပိုင်းက ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယခုနှစ် ဇွန်လအတွင်း ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် လူသုံးဦး သေဆုံးခဲ့တာကို အတည်ပြုခဲ့သလို သေဆုံးသူတွေ နေထိုင်တဲ့ နေရာတွေကိုလည်း ဖော်ထုတ်ပြောပြခဲ့ပါတယ်။ဒီသေဆုံးသူတွေဟာ ယခုနှစ် ဇွန်လအတွင်း တွေ့ထားတဲ့  ရာသီတုပ်ကွေးရောဂါ (H1N1) သံသယလူနာ ၂၀ ဦးထဲက ဖြစ်တယ်လို့ဆိုကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။လက်ရှိမှာ ကျန်ရှိတဲ့ ရာသီတုပ်ကွေး (H1N1) လူနာလေးဦးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးနှင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့မှာ ကုသနေတယ်လို့လည်း ပြောခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာ ဒီတုပ်ကွေးရောဂါကို အထိတ်တလန့်မဖြစ်ဖို့နဲ့ ကုသဖို့ ဆေးဝါး Facilities အပြည့်အစုံရှိပါတယ်လို့ ပြောခဲ့ပါတယ်။

ဒီ H1N1 ရောဂါကြောင့် ၂၀၁၇ က ရန်ကုန်မှာ ရောဂါဖြစ်ပွားသူ ၉၂ ဦးအနက် ၁၂ ဦး သေဆုံးခဲ့တာ ရှိခဲ့ပါတယ်။ဇွန် ၂၀ ရက်မှာ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းရာမှာတော့ သေဆုံးသူ နှစ်ဦးထပ်တိုးပြီး  H1N1 ကြောင့် ရန်ကုန်တိုင်းမှ (၄) ဦးနှင့် စစ်ကိုင်းတိုင်းမှ (၁) ဦး စုစုပေါင်း လူနာ ၅ ဦး သေဆုံး ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒီအတွက် စောင့်ကြည့်နေတယ်ဆိုပြီး ရေဆိပ် လေဆိပ်တွေပါ စောင့်ကြည့်နေတယ် ဆိုပါတယ်။

H1N1 အပြင် ဖြစ်နေမြဲ မိုးဦးကာလ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါကလည်း အသေအပျောက်တွေ ဒီနှစ်ထဲ ရှိခဲ့ပါတယ်။မကွေးမှာ သွေးလွန်တုပ်ကွေး အဖြစ်များသလို ၂၀၁၈ က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁,၅၉၅ ဦး ရှိရာမှာ  လေးဦး သေဆုံးခဲ့တဲ့ မွန်ပြည်နယ်မှာလည်း ယခုနှစ်ထဲ သွေးလွန်တုပ်ကွေးကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။
တစ်နှစ်ထက်တစ်နှစ် လူတွေရဲ့ ရောဂါခံနိုင်ရည် လျော့ကျလာသလို ရောဂါတွေလည်း မကြားဖူးတာတွေ ကြားလာရတဲ့အတွက် တစ်ဦးချင်းစီ ကြိုတင်ကာကွယ်မှုက အရေးကြီးလာပါတယ်။လူနေထူထပ် သိပ်သည်းတဲ့ ရန်ကုန်၊ မန္တလေးလို ဒေသတွေမှာ ကပ်ရောဂါအသွင် ဖြစ်လာရင် ကာကွယ်ကုသဖို့ ခက်ခဲတဲ့အတွက် ရာသီတုပ်ကွေးကြောင့် ဒီနှစ်ထဲ ဘယ်လောက်ထိ အဖိတ်အစင်ရှိမလဲဆိုတာကို ဆက်ပြီး ရင်တမမစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အဆိုပါသတင်းတွေက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲက ပအိုဝ်းရိုးရာ မိုးခေါ်ပွဲအတွက် မီးရှူးမီးပန်းပြုလုပ်နေစဉ် မတော်တဆပေါက်ကွဲလို့ ပဲခူးတိုင်း ထန်းတပင်မြို့နယ်မှာ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ပြစ်ဒဏ်ကလွတ်ခါနီး ကလေးစစ်သားဟောင်း အောင်ကိုထွေး ကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်ပေးဖို့ ရန်ကုန်တိုင်း ဥပဒေအရာရှိက အယူခံတင်သွင်းခဲ့တဲ့ သတင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်ဝန်ကြီးတစ်ဦး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခံခဲ့ရတဲ့ သတင်း၊ ထောင်ဆူပူမှုကြောင့် လူလေးဦး သေဆုံးခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ကို လူ့အခွင့်အရေးကော်မရှင် သွားရောက်စစ်ဆေးခဲ့တဲ့ သတင်း၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ လမ်းဦးစီးဌာန ဝန်ထမ်း ၁၇ ဦး မှိုစားမိပြီး အစာအဆိပ်သင့်တဲ့ သတင်းတွေထဲ သတိထားစရာ သတင်းဖြစ်ခဲ့ပါတယ်။

ဘတ်ဂျက်တင်သူတွေ သတိထား

အရပ်သားအစိုးရလက်ထက် အထောက်ပြခံရဆုံး ကဏ္ဍက စီးပွားရေးအပိုင်းပါ။ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာတော့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်နှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် မြန်မာ့စီးပွားရေးဟာ တဖြည်းဖြည်းတည်ငြိမ်ကာ အရှိန်ပြန်ရလာတယ်လို့ ဆိုပါတယ်။တရုတ်-အမေရိကန် စီးပွားရေးစစ်ပွဲကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းနေချိန်မှာ ဒီလိုအခြေအနေက ကောင်းတဲ့အလားအလာပါ။ဒါပေမယ့် အပြင်မှာတော့ ထင်သလောက် စီးပွားရေးက အတက်ဘက်မှာ ရှိမနေပါဘူး။

ဇွန်လ ၁၇ ရက်တွင်ပြုလုပ်တဲ့ ၂၀၁၉ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ သမ္မတက လာမယ့် လက်ကျန်နှစ်မှာ လျှပ်စစ် အပါအဝင် အခြေခံအဆောက်အအုံကဏ္ဍနှင့် ကျန်းမာရေး၊ ပညာရေး အပါအဝင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတွေမှာ အစိုးရအသုံးစရိတ် တိုးမြှင့်သုံးစွဲမယ်လို့ ပြောခဲ့ပါတယ်။ဒီထဲမှာ လတ်တလော ဝေဖန်ခံရဆုံး ပြဿနာတက်နေတဲ့ လျှပ်စစ်ကဏ္ဍကို ရှေ့ဆုံးကပေါ့။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ အဲဒီစည်းဝေးပွဲမှာ အမှန်လုပ်သင့်လုပ်ထိုက်တဲ့ စီမံကိန်းများသာ ရွေးချယ်ရန် ပြောခဲ့ပါတယ်။သမ္မတကလဲ  ဘတ်ဂျက်ကိစ္စမှာ လွှတ်တော်က အသံကိုလဲ အလေးထား နားထောင်မယ်လို့ ပြောခဲ့ပါတယ်။

အစိုးရက ထိရောက်တဲ့ စီမံကိန်းတွေသာလုပ်ဖို့တိုက်တွန်းနေချိန်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရကတင်တဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှင့် အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်ထဲပါတဲ့ အင်းစိန် ဗဟိုအကျဉ်းထောင် အနီးရှိ စုပေါင်း ရာဇဝတ်တရားရုံး တည်ဆောက်ရန်၊ ရန်ကုန်တိုင်း လွှတ်တော်ရုံးဝင်းအတွင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး ဆောက်ရန်နဲ့ ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူရန်ဆိုတဲ့ ဘတ်ဂျက်လျာထားငွေ ၁၆ ဘီလျံကို ကန့်ကွက်ခဲ့ပါတယ်။ဒီလိုကန့်ကွက်ခဲ့တဲ့အတွက် ဒီလျာထားငွေကို အခြားဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခွဲဝေသုံးစွဲမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း က လွှတ်တော်မှာ လာရှင်းလင်းခဲ့ပါတယ်။

ဒီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာဘဲ  အရပ်သားအစိုးရ တက်ကာစက လူထုအင်အားနဲ့ ပြောင်းလဲခဲ့တဲ့ YBS စနစ်ထဲက အများပြည်သူ ဝင်ရောက်ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ YBPC နှင့် YUPT ကုမ္ပဏီယာဉ်လိုင်းနှစ်ခုရဲ့ ငွေစာရင်းကို တိုင်းစာရင်းစစ်ချုပ်က စနစ်တကျ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။အထူးသဖြင့် စစ်ဆေးစေချင်တာက ယာဉ်တစ်စီး နေ့စဉ် ကျပ် ၄,၀၀၀ နှုန်းနဲ့ YRTA ထံသို့ ဝန်ဆောင်ခပေးနေရတဲ့ ငွေစာရင်းကို စစ်ဆေးစေသလို တန်ဘိုးလျော့ သတ်မှတ်မှုကိုလည်း ပြန်စစ်ဆေးစေချင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက  တောင်းဆိုခဲ့တာပါ။ဒီလွှတ်တော်အစည်းအဝေးမှာဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း က ဒီစာရင်းတွေကို ကုမ္ပဏီစာရင်းစစ်ကပဲ စစ်ရမှာဖြစ်ပြီး လိုအပ်မှ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ခွင့်ပြုချက်နဲ့ ရန်ကုန်တိုင်း  စာရင်းစစ်ချုပ်က စစ်ဆေးရမှာလို့ ပြောခဲ့ပါတယ်။ဝေဖန်မှုတွေရှိနေတဲ့ ဒီ YBPC နှင့် YUPT ဘတ်စ်ကားလိုင်း ငွေစာရင်းကိုစစ်ဖို့ လွှတ်တော်ကို အဆိုတင်မယ် ဆိုတဲ့အတွက် YBS ဘတ်စ်ကားမှာ ဘာတွေတွေ့ရဦးမလဲ၊ ဘာတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။    

သည်းခံလွန်းတဲ့ အစိုးရ

ယခုတစ်ပတ် အလှုပ်ခတ်ဆုံးသ တင်းက အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပခဲ့တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည်ညီလာခံနှင့် ဩဝါဒခံယူပွဲ သတင်းတွေပါဘဲ။နှစ်စဉ်ကျင်းပတဲ့ ဒီပွဲကို ယခုနှစ်မှာ ကျင်းပနေကြ အင်းစိန်ရွာမကျောင်းတိုက်ကနေ ယခုနှစ်မှာ အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်ကို ပြောင်းလဲကျင်းပခဲ့တာပါ။ဒီနှစ်မှာ အများပြည်သူနဲ့ နိုင်ငံတကာက ပိုစိတ်ဝင်စားစရာ ဖြစ်ခဲ့ရတာက ဝရမ်းထုတ်ခံခဲရတဲ့ ဦးဝီရသူ ဒီပွဲကို ဘယ်လိုတက်ရောက်မလဲ ဆိုတာပါဘဲ။ဒီမတိုင်မီ ရက်တွေအထိ ဆက်တိုက်ဆိုသလို ရန်ကုန်နဲ့ မန္တလေးမှာ ဦးဝီရသူ အဖမ်းမခံရအောင်ဆိုပြီး ဆုတောင်းပွဲဆိုပြီး ရွှေတိဂုံစေတီတော်နဲ့ မန္တလေးမှာ ဆက်တိုက်လုပ်ခဲ့ကြတာပါ။ဖမ်းဝရမ်းထုတ်ခံရတဲ့ ဦးဝီရသူ ကလည်း ရုရှားလူမှုကွန်ရက်ဖြစ်တဲ့ VK ကနေ အစိုးရကို ပုံစံအမျိုးမျိုးနဲ့ ဝေဖန်ခဲ့တဲ့အတွက် ဒီပွဲကို ဦးဝီရသူ ဘယ်လိုပုံစံနဲ့ ပေါ်လာမလဲဆိုတာ အများက စိတ်ဝင်စားခဲ့တာပါ။ပြီးခဲ့တဲ့နှစ်မှာ အမျိုးသားရေးဆရာတော်အဖြစ် ထင်ရှားတဲ့ ဦးဝီရသူ က ဒီပွဲကို တက်ရောက်ခဲ့တဲ့အတွက် ဒီနှစ်မှာ သူမတက်ရောက်နိုင်တာကို VK လူမှုကွန်ရက်ကနေ တောင်းပန်လျှောက်ခဲ့ပါတယ်။

ဒီနှစ်ပတ်လည်ပွဲမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဗဟိုဦးဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ မော်ကျွန်းဆရာတော်က ‘‘တပ်မတော်သားတွေမှာလည်း ပါတီမရှိဘူး။ပါတီမရှိတော့ တပ်မတော်သားတွေက ပြောကြဆိုကြပြီဆိုရင် သူတို့ကလည်း နိုင်ငံတော်အရေးပဲ ကြည့်ပြီးတော့ ပြောမှာပေါ့။သူတို့မှာလည်း ပါတီမရှိ၊ ကိုယ်ရေးကိုယ်တာလည်း သိပ်ပြီးတော့ မငဲ့ကွက်တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ သူတို့ ပြောပြီဆိုရင် နိုင်ငံတော်အရေးကိုပဲ ဦးစားပေးပြီးတော့ ဒီလိုပြောပါတယ်’’ လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူ၏ ပြောဆိုချက်များသည် အပြုသဘောဖြင့် အမှန်တရားကို ဝေဖန်ထောက်ပြခြင်းလို့ ပြောခဲ့ကာ ‘‘ကာယကံရှင်တွေ ကိုယ်တိုင်ရော၊ အဲဒီကာယကံရှင်တွေကို ထောက်ခံပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရော ယနေ့အချိန်အခါမှာ နိုင်ငံတော်အရေး ဦးစားပေးတဲ့ ပုဂ္ဂိုလ်တွေကို ဘာလို့များ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုနေမိသလဲ၊ ကဲ့ရဲ့ပြစ်တင် ရှုတ်ချနေမိသလဲ။ပါတီအရေး အလွန်အကျွံ ဦးစားပေးနေတာကို လျှော့ချပြီးတော့ နိုင်ငံတော်အရေးကို ဦးစားပေးရမှာဆိုတဲ့ အဲဒီသဘော သတိပြုပြီးတော့ ပြုပြင်ကြပေါ့” လို့ ပြောခဲ့ပါတယ်။

အဆိုပါပွဲမတိုင်မီ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဇွန် ၁၅ ရက်မှာ မြန်မာနိုင်ငံမှာ ဝိနည်းသိက္ခာနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိတဲ့ သင်္ကန်းဝတ်အရေခြုံတွေကြောင့် သာသနာတော်ညှိုးနွမ်းနေလို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အစိုးရနှင့် ပြည်သူတွေက သာသနာတော် သန့်ရှင်းရေးကို တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာ သံဃာ့အဖွဲ့အစည်းအသီးသီး၏ ဩဝါဒခံယူခြင်းမရှိသူ၊ ဝိနည်းသိက္ခာနှင့်အညီ ကျင့်ကြံနေထိုင်မှုမရှိသူ၊ နိုင်ငံရေးနှင့် လူမှုရေးကိစ္စများတွင် ဝင်ရောက်ဆောင်ရွက်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်အောင် သွေးထိုးလှုံ့ဆော်နေသူများသည် ‘ရှင်ရဟန်းများ’ မဖြစ်ထိုက်ကြောင်း၊ သာသနာတော်ကို အလေးမထားသူ၊ ဝိနည်းသိက္ခာပုဒ်ကို မစောင့်ထိန်းသူသည် သင်္ကန်းဝတ်သာဖြစ်၍ ရာဇဝတ် ပြစ်မှုပြစ်ဒဏ်ထိုက်သူ၊ အာဏာစက်ဖြင့် အရေးယူခံရသူ၊ ဥပဒေကျူးလွန်သူ ဝရမ်းပြေးဖြစ်နေလျှင် မည်သို့မျှ ‘ဆရာတော်’ ဟု မခေါ်ထိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကို ယခုပွဲမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက  အမျိုးဘာသာသာသနာကို ထိခိုက်စေနိုင်သည့် ဆောင်ရွက်ချက်များကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ထိုသို့ ဘာသာ သာသနာကို ပျက်စီးအောင် ပြုလုပ်နေသူများကို ဆန္ဒမဲမပေးရန် တိုက်တွန်းခဲ့သလို ကြေညာချက် ထုတ်ရာမှာလည်း  ဝံသာနုစိတ်ဓာတ် ကဗျာ ပယ်ဖျက်ခြင်း၊ အမျိုးသားရေးဝါဒသည် ဒီမိုကရေစီ၏ အန္တရာယ်ဖြစ်သည်ဟု ပြောကြားခြင်း၊ ဧည့်စာရင်းဥပဒေ အပါအဝင် ဥပဒေအချို့ ပယ်ဖျက်ခဲ့ခြင်း၊ အာဏာစက်ဖြင့် အရေးယူခံရသူကို ဆရာတော်ဟု မခေါ်ဆိုထိုက်ကြောင်း အပါအဝင် လက်ရှိအစိုးရလက်ထက် ဆောင်ရွက်ချက် ခြောက်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဇွန် ၁၇ ရက်က ထုတ်ပြန်တဲ့အထဲမှာ လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲ မပေးခြင်းနည်းနဲ့ တရားနဲ့အညီ ရသည်နည်းနဲ့ တွန်းလှန်ကြဖို့ တိုက်တွန်းဆော်သြခဲ့ကြတာကို တွေ့ခဲ့ရပေမယ့် အစိုးရဘက်က တုံ့ပြန်တာမရှိလို့ အရပ်သားအစိုးရအဖွဲ့ရဲ့ သည်းခံတရားကိုလည်း အများပြည်သူက အံသြခဲ့ရပါတယ်။

အဆိုပါ မဘသအဖွဲ့ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည်တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဝရမ်းပြေးသတ်မှတ်ပြီး အများပြည်သူ သတင်းပေးဖို့ ထုတ်ပြန်ခံရတဲ့  ဦးစိုးထွန်းရှိန် က ပွဲတက်လာတဲ့ သံဃာတော်များကို နေ့ဆွမ်းလှူဒါန်းခဲ့တာကလည်း ထူးထူးခြား သတိထားမိစရာ ဖြစ်ခဲ့ပါတယ်။

အဆိုပါ ပြောကြားချက်တွေ၊ ထုတ်ပြန်ချက်တွေက လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ညံခဲ့သလို ဆန်ကျင်ဘက် သက်ရောက်မှုတွေလည်း ရှိခဲ့ပါတယ်။အထူးသဖြင့် ဆရာတော်တွေပြောတဲ့ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လူထုခေါင်းဆောင်ကို ဆဲဆိုတဲ့သူကို အပြစ်တင်ချင်းမရှိဘဲ ကျူးလွန်ခံရသူကို ပြုပြင်ဖို့ပြောတာဆိုတဲ့ ဘက်လိုက်လွန်းတဲ့ စကားက အများပြည်သူကို စိတ်ပျက်စေခဲ့သလို နဂိုကတည်းကမှ အများပြည်သူနဲ့ ကင်းကွာနေတဲ့ အဖွဲ့ကို ပိုစိတ်ကုန်စေခဲ့ပါတယ်။ယနေ့ခေတ်မှာ တစ်နိုင်ငံထဲ ရပ်တည်လို့မရဘဲ နိုင်ငံတကာနဲ့ ဆက်နွယ်ပတ်သက်နေရတဲ့ အချိန်ကာလမှာ နေရာတစ်ခုထဲကို ကမ္ဘာလို့ထင်နေသူတွေရဲ့ အမြင်ကျဉ်းတဲ့ မှတ်ချက်တွေက လူထုအတွက် တွေဝေနေတဲ့ စိတ်ကို ရှင်းလင်းပြတ်သားစေခဲ့ပါတယ်။ဒီအတွက် အစိုးရဘက်က သာသနာ သန့်ရှင်းရေးလုပ်တဲ့အခါ ဘယ်လို ဝိရောဓိတွေ ဖြစ်လာမလဲ၊ ဘာတွေတုံ့ပြန်မှုတွေ ပေါ်ထွက်လာမလဲ၊ ဓမ္မနဲ့ အဓမ္မမှာ ပြည်သူက ဘယ်ဘက်မှာရှိမလဲဆိုတာ ၂၀၂၀ ကာလ ကျော်လွန်တဲ့အခါ အဖြေထွက်လာမှာ ဖြစ်တဲ့အတွက် ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ဦးဝီရသူ ကို တိုင်တန်းတရားစွဲဆိုတာ နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက်အရလို့ အနောက်ပိုင်းခရိုင် ဒု-အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်း က တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ သတင်း၊ ဦးဝီရသူ ရဲ့ ဆောင်ရွက်မှုက အစွန်းရောက်မှုလို့ လန်ဒန်ဆရာတော်က မိန့်ကြားခဲ့တဲ့ သတင်း၊ လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် ၂၀၁၈ နှစ်ကုန်ပိုင်းအထိ လေးသိန်းခွဲကျော် ရှိနေတဲ့ သတင်း၊ တားမြစ်ထားတဲ့ ထိုင်းနိုင်ငံထုတ် ဝဆေးတွေကို အွန်လိုင်းကနေ ရောင်းချတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားဆေးဝါးဥပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တဲ့ သတင်း၊ လေယာဉ်ပစ် စက်သေနတ်ကျည် အတောင့် ၄၀၀ ခန့်ကို တာချီလိတ်မြို့မှာ ဖမ်းဆီးရမိတဲ့ သတင်း၊ နယ်မြို့တွေမှာ ဖွင့်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အမည်ခံအဖွဲ့တွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သက်ဆိုင်ခြင်းမရှိဘူးလို့ ကြေငြာချက် ထုတ်ပြန်လိုက်တဲ့ သတင်းတွေထဲ နေ့စဉ်စောင့်ကြည့်ခဲ့ရတဲ့ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇွန် - ၂၁

( Zawgyi )

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲ ေစာင့္ၾကည့္စရာ သတင္းေတြ ရွိခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ ေအာင္ဆန္းေတာရ တပ္ဦးေက်ာင္းတိုက္ထဲ က်င္းပတဲ့ ယခင္ မဘသအဖြဲ႕ကေန ဗုဒၶဓမၼပရဟိတ ေဖာင္ေဒးရွင္းအဖြဲ႕ရဲ႕ ႏွစ္ပတ္လည္ ညီလာခံမွာ အမ်ိဳးသားေရးဆရာေတာ္ေတြ ေျပာခဲ့တဲ့စကား သတင္းေတြ၊ ရန္ကုန္မွာ လူ ၅ ဦးထိ ေသဆုံးခဲ့လို႔ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တဲ့ H1N1 တုပ္ေကြးဗိုင္းရပ္စ္ သတင္းေတြ၊ ကေလးငယ္ေတြ အဓမၼက်င့္ခံရတဲ့ သက္ငယ္မုဒိမ္း သတင္းေတြက ယခုတစ္ပတ္ လူေတြကို စိတ္ဒုကၡေပးခဲ့တဲ့ သတင္းရက္သတၱပတ္ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚမွ ထုတ္လႊင့္ေနေသာ အခ်ိဳ႕႐ုပ္သံလိုင္းမ်ားသည္ ႏိုင္ငံ၏ တည္ဆဲဥပေဒမ်ားကို လုံးဝလိုက္နာေဆာင္႐ြက္ျခင္း မရွိဘူးလို႔ ျပန္ၾကားေရး ဒု-ဝန္ႀကီးက ေျပာလိုက္တဲ့ သတင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဗီယက္နမ္ ဒုတိယဝန္ႀကီးခ်ဳပ္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ကို လက္ခံေတြ႕ဆုံခဲ့တဲ့ သတင္း၊ မႏၲေလးၿမိဳ႕ ၇၃ လမ္းႏွင့္ ၇၈ လမ္းကို ျဖတ္သန္းေဖာက္လုပ္တဲ့  ၃၈ လမ္းပိုင္းသစ္ကို ဖြင့္လွစ္ခဲ့တဲ့ သတင္း၊ ရခိုင္ေဒသမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးလမ္းစဥ္ထဲ AA အဖြဲ႕ ပါဝင္မွ ရပ္ဆိုင္းမယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ရခိုင္လႊတ္ေတာ္ကို အေၾကာင္းျပန္ခဲ့တဲ့ သတင္းေတြကလည္း အဆိုပါသတင္းေတြနည္းတူ သတင္းဖတ္သူ အမ်ားစုကို စိတ္ဝင္စားမႈ ပိုခဲ့ပါတယ္။

ကာမေသာင္းက်န္းတဲ့ လူတိရစာၦန္ေတြ

ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သက္ငယ္မုဒိမ္းမႈ သတင္းေတြက ၾကားရသူတိုင္းကို ေအာ့ႏွလုံးနာစရာ ျဖစ္ေစတဲ့အထိ က်ဴးလြန္တဲ့သူေတြက ဘာသာေရးနယ္ထဲကသူေတြ ျဖစ္ေနပါတယ္။ဒီတစ္ပတ္ထဲမွာ လူေတြ ပထမဆုံးသတိထားမိတာက ေနျပည္ေတာ္မွာ ေမ ၁၆ ရက္က ျဖစ္ပြားခဲ့တဲ့ Wisdom Hill မူႀကိဳေက်ာင္းက  အသက္ (၃) ႏွစ္ခန႔္ မိန္းကေလးငယ္တစ္ဦး မဖြယ္မရာ ျပဳက်င့္ခံရမႈကို CID (မႈခင္းရဲတပ္ဖြဲ႕) မွ ေခၚယူစစ္ေဆးေနတဲ့ သတင္းေတြပါဘဲ။

တစ္လေက်ာ္ၾကာတဲ့အထိ တရားခံမေပၚေသးေပမယ့္ CID (မႈခင္းရဲတပ္ဖြဲ႕) မွ ေခၚယူစစ္ေဆးေနသူ ၂၀ ခန႔္ ရွိေနပါၿပီ။သတင္းစာေဖာ္ျပခ်က္အရမွာေတာ့ ဒီလိုစစ္ေဆးတဲ့အထဲမွာ  ကေလးငယ္၏ ဆရာမ၊ ႀကီးၾကပ္ေရးမႉးဆရာမ၊ ႐ုံးပိုင္းဆိုင္ရာ စာေရးမ၊ ေက်ာင္းဖယ္ရီကား ဒ႐ိုင္ဘာမ်ား၊ ေက်ာင္းဝင္းအျပင္က မတ္တတ္ရပ္ေနတဲ့ အျပင္လူ ငါးဦးခန႔္ႏွင့္ လူမႈကြန္ရက္၌ ေဝဖန္ခံေနရတဲ့ ႀကီးၾကပ္ေရးမႉးဆရာမ၏ သားႏွစ္ဦးလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။တစ္ခါစစ္ရင္ နံနက္ ၈ နာရီမွ ည ၁၀ နာရီအထိ ၾကာျမင့္တယ္ ဆိုပါတယ္။အဆိုပါ သတင္းေတြအရ သံသယရွိတဲ့ တရားခံျဖစ္ဖြယ္ အမ်ိဳးသားကို ျပန္မလႊတ္ဘဲ စစ္ေဆးေနတယ္လို႔ ဆိုပါတယ္။က်ဴးလြန္ခံရသူ ကေလးငယ္အတြက္ေတာ့ ဒီတရားခံ ေပၚသည္ျဖစ္ေစ မေပၚသည္ျဖစ္ေစ ဘဝတစ္ခုလုံး အရိပ္မည္းလႊမ္းမိုးေနမွာပါဘဲ။

ဒီအမႈ တရားခံမေပၚေသးစဥ္မွာဘဲ ရန္ကုန္နဲ႔ ကေလးၿမိဳ႕မွာ သက္ငယ္မုဒိမ္းမႈေတြ ဆက္တိုက္ ယခုတစ္ပတ္မွာ ျဖစ္ခဲ့ပါတယ္။က်ဴးလြန္သူေတြက သက္ဆိုင္ရာ ဘာသာေရးနယ္ပယ္ေတြက ပုဂၢိဳလ္ေတြ ျဖစ္ေနတဲ့အတြက္ ဒါဟာ ထိတ္လန႔္စရာပါဘဲ။ကေလးၿမိဳ႕မွာျဖစ္တဲ့ သက္ငယ္မုဒိမ္းမႈမွာ ခရစ္ယာန္ ဘာသာေရးဆရာတစ္ဦးက အသက္မျပည့္ေသးေသာ ညီအစ္မႏွစ္ဦးကို အဓမၼျပဳက်င့္ခဲ့တာလို႔ ဆိုပါတယ္။အဘြားႏွင့္ အတူေနတဲ့ အသက္ (၁၁) ႏွစ္နဲ႔ (၁၃) ႏွစ္အ႐ြယ္ မိန္းကေလးႏွစ္ဦးကို အသက္ ၄၅ ႏွစ္အ႐ြယ္ ဘာသာေရးဆရာက ကေလးငယ္ေတြ က်န္းမာေရးအတြက္ ဆုေတာင္းေပးဖို႔ဆိုကာ ဆုေတာင္းခန္းထဲမွာ အဓမၼက်င့္ခဲ့တာလို႔ သတင္းေတြအရ ဆိုပါတယ္။၁၃ ႏွစ္အ႐ြယ္ ကေလးမကို ပထမရက္မွာ ဆုေတာင္းခန္းမထဲ အဓမၼျပဳက်င့္ခဲ့တာျဖစ္ၿပီး ေနာက္တစ္ရက္မွာ ေခၚမရတဲ့အတြက္ ၁၁ ႏွစ္အ႐ြယ္ ညီမကိုေခၚၿပီး အဓမၼျပဳက်င့္တာလို႔ သိရပါတယ္။စြပ္စြဲခံရတဲ့ ဘာသာေရးဆရာက မိသားစုနဲ႔ေနတဲ့သူျဖစ္ၿပီး ဒီျပစ္မႈကို မက်ဴးလြန္ဘူးလို႔ ျငင္းေပမယ့္ ကေလးေတြကို ႐ုပ္ပိုင္းဆိုင္ရာ စစ္ေဆးခဲ့ၿပီးေနာက္မွာ ဖမ္းဆီးခဲ့တာပါ။ဒီေဒသမွာ ၂၀၁၈ ကလည္း ဘာသာေရးဆရာတစ္ဦးက အသက္မျပည့္ေသးတဲ့ မိန္းကေလးႏွစ္ဦးကို  အဓမၼျပဳက်င့္လို႔ ကေလးခ႐ိုင္ တရား႐ုံးက ေထာင္ဒဏ္ ၄၃ ႏွစ္ ခ်မွတ္ခဲ့တာ မၾကာေသးပါဘူး။ဒီကေလးငယ္ႏွစ္ေယာက္ ဘဝလည္း ယုတ္မာတဲ့သူ တစ္ေယာက္ေၾကာင့္ တစ္ဘဝလုံး ညစ္ႏြမ္းခဲ့ဖို႔ ေသခ်ာသြားခဲ့ၿပီ ျဖစ္ပါတယ္။

ရန္ကုန္မွာျဖစ္တဲ့ သက္ငယ္မုဒိမ္းမႈကေတာ့ အေတာ္ေလးကို လူမဆန္တဲ့ ျဖစ္ရပ္ပါဘဲ။က်ဴးလြန္ခံရတဲ့သူက (၁) ႏွစ္ႏွင့္ ရွစ္လအ႐ြယ္ မိန္းကေလးငယ္ျဖစ္ၿပီး က်ဴးလြန္သူက သကၤန္းဝတ္ ကိုရင္ႀကီးတစ္ပါးလို႔ ဆိုပါတယ္။ကေလးေတြကို ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းရဲ႕ အခန္းတစ္ခန္းထဲ သိပ္ထားခဲ့ရာ သားျဖစ္သူသာ ေတြ႕ရၿပီး သမီးျဖစ္သူ ေပ်ာက္ဆုံးေနလို႔ လိုက္ရွာရာကေန ကားေဘာ္ဒီ႐ုံ အေနာက္ဘက္ ကိုင္းေတာထဲမွာ ျပန္ေတြ႕တာပါ။ ျပန္ေတြ႕တဲ့ အခ်ိန္မွာ ကေလးငယ္ကို အဓမၼက်င့္ထားတဲ့အတြက္ ေသလုေမ်ာပါးျဖစ္ေနလို႔ အသက္လု ကုသခဲ့ရပါတယ္။ဒီအမႈမွာ တရားခံကို စစ္ေဆးေမးျမန္းရာကေန  သူ႔ရဲ႕က်ဴးလြန္မႈ ေပၚေပါက္ခဲ့တာပါ။

သက္ငယ္မုဒိမ္းမႈ က်ဴးလြန္သူေတြကိုၾကည့္ရင္ က်ဴးလြန္ခံရသူ ကေလးငယ္ေတြနဲ႔ ရင္းႏွီးတဲ့သူေတြ၊ ေဆြမ်ိဳးသားခ်င္းေတြ၊ မိသားစုဝင္ေတြပါ ျဖစ္ေနတဲ့အတြက္ သတိထားဖြယ္ပါ။မၾကာခင္လေတြကမွ သက္ငယ္မုဒိမ္းမႈ က်ဴးလြန္သူေတြကို ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ႏွစ္ ႏွစ္ဆယ္ကေန တစ္သက္တစ္ကြၽန္း ခ်မွတ္ႏိုင္တဲ့အထိ ဥပေဒျပင္ဆင္ၿပီးတဲ့အတြက္ ယခုအမႈေတြမွာ အားလုံးက ျပင္းျပင္းထန္ထန္ ျပစ္ဒဏ္ကို ခ်မွတ္ေစခ်င္ၾကပါတယ္။

သက္ငယ္မုဒိမ္းမႈေတြေၾကာင့္ လူေတြ က်င့္ဝတ္အေပၚ စိတ္ပ်က္ရတဲ့အခ်ိန္မွာ ေမွာ္ဘီရဲေဘာ္ေဈး ပန္းၿခံအတြင္း ခ်ိန္းေတြ႕တဲ့ သမီးရည္းစားစုံတြဲမွ အမ်ိဳးသားကို႐ိုက္ၿပီး အမ်ိဳးသမီးကို လူႏွစ္ဦးက တစ္လွည့္စီ မုဒိမ္းက်င့္တဲ့ ၾကမ္းတမ္းရက္စက္ ယုတ္မာတဲ့ မုဒိမ္းမႈ ရန္ကုန္မွာ ဆက္ျဖစ္ခဲ့ပါတယ္။ဒီျဖစ္စဥ္မွာ က်ဴးလြန္တဲ့ ဆိုင္ကယ္ကယ္ရီ ဆြဲစားတဲ့သူ ႏွစ္ဦးကို ျပစ္မႈက်ဴးလြန္ၿပီး ၅ နာရီၾကာမွာ ဖမ္းဆီးရမိခဲ့ပါတယ္။ဒီတစ္ပတ္က စိတ္ပ်က္စရာ မုဒိမ္းရက္သတၱပတ္ျဖစ္လို႔ ဒါဟာ တရားဥပေဒစိုးမိုးမႈ ေလ်ာ့ရဲလို႔လား၊ ျပစ္မႈအတြက္ ျပစ္ဒဏ္က ဂ႐ုမစိုက္စရာျဖစ္ေအာင္ ဘယ္ေနရာေတြမွာ ေလ်ာ့ရဲေနသလဲ၊ အဆိုေတာ္ အမ်ိဳးသမီးတစ္ဦး ေျပာသလို လူလယ္ေကာင္ အရွက္ခြဲၿပီး သတ္ျပစ္ဖို႔ လိုလာၿပီလားဆိုတာ ျပန္ဆန္းစစ္ဖို႔ လိုလာၿပီျဖစ္ပါတယ္။

အဆိုပါ လူမဆန္တဲ့ မုဒိမ္းသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ မႈခင္းေနာက္ခံ သတင္းေတြျဖစ္တဲ့ မိသားစုလိုက္ တ႐ုတ္ႏိုင္ငံကို လူကုန္ကူးခံရတဲ့ ကြတ္ခိုင္ၿမိဳ႕ခံ သားအမိသုံးဦးကို တ႐ုတ္ႏိုင္ငံမွ ျပန္လည္ေခၚေဆာင္ႏိုင္ခဲ့တဲ့ သတင္း၊ ရခိုင္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ေနအိမ္ သူခိုး ခိုးခံရတဲ့ သတင္း၊ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ျမန္မာလုပ္သားေတြကို မိုက္ေၾကးခြဲတဲ့ ျမန္မာ မာဖီးယားဂိုဏ္းကို ထိုင္းရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းခဲ့တဲ့ သတင္း၊ မေလးရွားႏိုင္ငံမွာ တစ္ပတ္အတြင္း ျမန္မာလုပ္သားေျခာက္ဦး အရက္အတုေသာက္လို႔ ေသဆုံးခဲ့တဲ့ သတင္း၊ တရား႐ုံးကို သက္ေသအျဖစ္ တင္သြင္းတဲ့ အသံဖိုင္ေတြက ေဝဠဳေက်ာ္ ကိုယ္တိုင္ အသံဖမ္းခိုင္းတာလို႔ တရားလို အလွမယ္ သင္းသင္း က ဖြင့္ဟခဲ့တဲ့ သတင္း၊ ေဆးေျခာက္စိုက္ပ်ိဳးမႈနဲ႔ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ အေမရိကန္ႏိုင္ငံသားငါးဦး အမႈကို ျမင္းၿခံခ႐ိုင္တရား႐ုံးမွာ စတင္စစ္ေဆးတဲ့ သတင္း၊  မေလးရွားသြားမယ့္ တရားမဝင္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၁၈ ဦးကို ထိုင္းအရာရွိေတြက ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ မႏၲေလးက်ဳံးေဘးမွာ ဆိုင္ကယ္စီး လူငယ္ႏွစ္ဦးကို ဓားျဖင့္ထိုးခဲ့တဲ့ ကိုးဦးအနက္ ခုနစ္ဦးကို ဖမ္းမိခဲ့တဲ့ သတင္းေတြထဲ အထူးသတိထားမိတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ထိတ္ထိတ္ပ်ာပ်ာ H1N1

ၿပီးခဲ့တဲ့ႏွစ္ေတြက ရန္ကုန္ အပါအဝင္ နယ္ေတြမွာ လူသာမက နတ္ေတြပါ ဒုကၡမ်ားခဲ့ရတဲ့ တုပ္ေကြးဗိုင္းရပ္စ္က ယခုမိုးဦးရာသီအစမွာဘဲ ရန္ကုန္မွာ အေသအေပ်ာက္နဲ႔ စခဲ့ပါတယ္။ဇြန္ ၁၉ ရက္က ႐ုတ္တရက္ ရာသီတုပ္ေကြးေရာဂါ (H1N1) ေၾကာင့္ ေသဆုံးတဲ့သူကို သၿဂိဳဟ္ဖို႔ ပို႔တဲ့ပုံေတြ လူမႈကြန္ရက္ေပၚ တက္လာတဲ့အခါ တုပ္ေကြးေရွာ့ခ္ရွိတဲ့ ရန္ကုန္ေနသူေတြအဖို႔ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ခဲ့ရပါတယ္။

ဇြန္ ၁၉ ရက္ ညေနပိုင္းက ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာနမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ယခုႏွစ္ ဇြန္လအတြင္း ရာသီတုပ္ေကြးေရာဂါ (H1N1) ေၾကာင့္ လူသုံးဦး ေသဆုံးခဲ့တာကို အတည္ျပဳခဲ့သလို ေသဆုံးသူေတြ ေနထိုင္တဲ့ ေနရာေတြကိုလည္း ေဖာ္ထုတ္ေျပာျပခဲ့ပါတယ္။ဒီေသဆုံးသူေတြဟာ ယခုႏွစ္ ဇြန္လအတြင္း ေတြ႕ထားတဲ့  ရာသီတုပ္ေကြးေရာဂါ (H1N1) သံသယလူနာ ၂၀ ဦးထဲက ျဖစ္တယ္လို႔ဆိုကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးဝါးကုသမႈခံယူရင္း ေသဆုံးခဲ့တာလို႔ ဆိုပါတယ္။လက္ရွိမွာ က်န္ရွိတဲ့ ရာသီတုပ္ေကြး (H1N1) လူနာေလးဦးဟာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပေဆး႐ုံႀကီးႏွင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးတို႔မွာ ကုသေနတယ္လို႔လည္း ေျပာခဲ့ပါတယ္။ဒီသတင္းစာရွင္းလင္းပြဲမွာ ဒီတုပ္ေကြးေရာဂါကို အထိတ္တလန႔္မျဖစ္ဖို႔နဲ႔ ကုသဖို႔ ေဆးဝါး Facilities အျပည့္အစုံရွိပါတယ္လို႔ ေျပာခဲ့ပါတယ္။

ဒီ H1N1 ေရာဂါေၾကာင့္ ၂၀၁၇ က ရန္ကုန္မွာ ေရာဂါျဖစ္ပြားသူ ၉၂ ဦးအနက္ ၁၂ ဦး ေသဆုံးခဲ့တာ ရွိခဲ့ပါတယ္။ဇြန္ ၂၀ ရက္မွာ ေနျပည္ေတာ္ က်န္းမာေရးဝန္ႀကီးဌာနက သတင္းစာရွင္းလင္းရာမွာေတာ့ ေသဆုံးသူ ႏွစ္ဦးထပ္တိုးၿပီး  H1N1 ေၾကာင့္ ရန္ကုန္တိုင္းမွ (၄) ဦးႏွင့္ စစ္ကိုင္းတိုင္းမွ (၁) ဦး စုစုေပါင္း လူနာ ၅ ဦး ေသဆုံး ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ဒီအတြက္ ေစာင့္ၾကည့္ေနတယ္ဆိုၿပီး ေရဆိပ္ ေလဆိပ္ေတြပါ ေစာင့္ၾကည့္ေနတယ္ ဆိုပါတယ္။

H1N1 အျပင္ ျဖစ္ေနၿမဲ မိုးဦးကာလ အျဖစ္မ်ားတဲ့ ေသြးလြန္တုပ္ေကြးေရာဂါကလည္း အေသအေပ်ာက္ေတြ ဒီႏွစ္ထဲ ရွိခဲ့ပါတယ္။မေကြးမွာ ေသြးလြန္တုပ္ေကြး အျဖစ္မ်ားသလို ၂၀၁၈ က ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၁,၅၉၅ ဦး ရွိရာမွာ  ေလးဦး ေသဆုံးခဲ့တဲ့ မြန္ျပည္နယ္မွာလည္း ယခုႏွစ္ထဲ ေသြးလြန္တုပ္ေကြးေၾကာင့္ ကေလးႏွစ္ဦး ေသဆုံးခဲ့ပါတယ္။
တစ္ႏွစ္ထက္တစ္ႏွစ္ လူေတြရဲ႕ ေရာဂါခံႏိုင္ရည္ ေလ်ာ့က်လာသလို ေရာဂါေတြလည္း မၾကားဖူးတာေတြ ၾကားလာရတဲ့အတြက္ တစ္ဦးခ်င္းစီ ႀကိဳတင္ကာကြယ္မႈက အေရးႀကီးလာပါတယ္။လူေနထူထပ္ သိပ္သည္းတဲ့ ရန္ကုန္၊ မႏၲေလးလို ေဒသေတြမွာ ကပ္ေရာဂါအသြင္ ျဖစ္လာရင္ ကာကြယ္ကုသဖို႔ ခက္ခဲတဲ့အတြက္ ရာသီတုပ္ေကြးေၾကာင့္ ဒီႏွစ္ထဲ ဘယ္ေလာက္ထိ အဖိတ္အစင္ရွိမလဲဆိုတာကို ဆက္ၿပီး ရင္တမမေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အဆိုပါသတင္းေတြက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲက ပအိုဝ္း႐ိုးရာ မိုးေခၚပြဲအတြက္ မီးရွဴးမီးပန္းျပဳလုပ္ေနစဥ္ မေတာ္တဆေပါက္ကြဲလို႔ ပဲခူးတိုင္း ထန္းတပင္ၿမိဳ႕နယ္မွာ အမ်ိဳးသားသုံးဦး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ျပစ္ဒဏ္ကလြတ္ခါနီး ကေလးစစ္သားေဟာင္း ေအာင္ကိုေထြး ကို ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္ ဥပေဒပုဒ္မ ၇ နဲ႔ ျပစ္ဒဏ္တစ္ရပ္ရပ္ ခ်မွတ္ေပးဖို႔ ရန္ကုန္တိုင္း ဥပေဒအရာရွိက အယူခံတင္သြင္းခဲ့တဲ့ သတင္း၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ မြန္ဝန္ႀကီးတစ္ဦး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ကို တိုင္ၾကားခံခဲ့ရတဲ့ သတင္း၊ ေထာင္ဆူပူမႈေၾကာင့္ လူေလးဦး ေသဆုံးခဲ့တဲ့ ေ႐ႊဘိုအက်ဥ္းေထာင္ကို လူ႔အခြင့္အေရးေကာ္မရွင္ သြားေရာက္စစ္ေဆးခဲ့တဲ့ သတင္း၊ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္မွာ လမ္းဦးစီးဌာန ဝန္ထမ္း ၁၇ ဦး မႈိစားမိၿပီး အစာအဆိပ္သင့္တဲ့ သတင္းေတြထဲ သတိထားစရာ သတင္းျဖစ္ခဲ့ပါတယ္။

ဘတ္ဂ်က္တင္သူေတြ သတိထား

အရပ္သားအစိုးရလက္ထက္ အေထာက္ျပခံရဆုံး က႑က စီးပြားေရးအပိုင္းပါ။ကမာၻ႔ဘဏ္က ထုတ္ျပန္တဲ့ အစီရင္ခံစာသစ္မွာေတာ့ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ျမန္မာ့စီးပြားေရး တိုးတက္ႏႈန္း ၆ ဒသမ ၅ ရာခိုင္ႏႈန္း ရွိမယ္လို႔ ခန႔္မွန္းခဲ့တဲ့အတြက္ ျမန္မာ့စီးပြားေရးဟာ တျဖည္းျဖည္းတည္ၿငိမ္ကာ အရွိန္ျပန္ရလာတယ္လို႔ ဆိုပါတယ္။တ႐ုတ္-အေမရိကန္ စီးပြားေရးစစ္ပြဲေၾကာင့္ တစ္ကမာၻလုံး စီးပြားေရးက်ဆင္းေနခ်ိန္မွာ ဒီလိုအေျခအေနက ေကာင္းတဲ့အလားအလာပါ။ဒါေပမယ့္ အျပင္မွာေတာ့ ထင္သေလာက္ စီးပြားေရးက အတက္ဘက္မွာ ရွိမေနပါဘူး။

ဇြန္လ ၁၇ ရက္တြင္ျပဳလုပ္တဲ့ ၂၀၁၉ အမ်ိဳးသားစီမံကိန္းေကာ္မရွင္ အစည္းအေဝးမွာ သမၼတက လာမယ့္ လက္က်န္ႏွစ္မွာ လွ်ပ္စစ္ အပါအဝင္ အေျခခံအေဆာက္အအုံက႑ႏွင့္ က်န္းမာေရး၊ ပညာေရး အပါအဝင္ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးေရးေတြမွာ အစိုးရအသုံးစရိတ္ တိုးျမႇင့္သုံးစြဲမယ္လို႔ ေျပာခဲ့ပါတယ္။ဒီထဲမွာ လတ္တေလာ ေဝဖန္ခံရဆုံး ျပႆနာတက္ေနတဲ့ လွ်ပ္စစ္က႑ကို ေရွ႕ဆုံးကေပါ့။ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ အဲဒီစည္းေဝးပြဲမွာ အမွန္လုပ္သင့္လုပ္ထိုက္တဲ့ စီမံကိန္းမ်ားသာ ေ႐ြးခ်ယ္ရန္ ေျပာခဲ့ပါတယ္။သမၼတကလဲ  ဘတ္ဂ်က္ကိစၥမွာ လႊတ္ေတာ္က အသံကိုလဲ အေလးထား နားေထာင္မယ္လို႔ ေျပာခဲ့ပါတယ္။

အစိုးရက ထိေရာက္တဲ့ စီမံကိန္းေတြသာလုပ္ဖို႔တိုက္တြန္းေနခ်ိန္မွာ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာလည္း ကိုယ္စားလွယ္ေတြက ရန္ကုန္တိုင္းေဒသႀကီး အစိုးရကတင္တဲ့ ၂၀၁၉ -၂၀၂၀ ဘ႑ာေရးႏွင့္ အရအသုံး ခန႔္မွန္းေျခေငြစာရင္း လ်ာထားခ်က္ထဲပါတဲ့ အင္းစိန္ ဗဟိုအက်ဥ္းေထာင္ အနီးရွိ စုေပါင္း ရာဇဝတ္တရား႐ုံး တည္ေဆာက္ရန္၊ ရန္ကုန္တိုင္း လႊတ္ေတာ္႐ုံးဝင္းအတြင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕႐ုံး ေဆာက္ရန္နဲ႔ ကိုကိုးကြၽန္းသို႔ ေျပးဆြဲမည့္ သေဘၤာဝယ္ယူရန္ဆိုတဲ့ ဘတ္ဂ်က္လ်ာထားေငြ ၁၆ ဘီလ်ံကို ကန႔္ကြက္ခဲ့ပါတယ္။ဒီလိုကန႔္ကြက္ခဲ့တဲ့အတြက္ ဒီလ်ာထားေငြကို အျခားေဒသ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ ခြဲေဝသုံးစြဲမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးျမင့္ေသာင္း က လႊတ္ေတာ္မွာ လာရွင္းလင္းခဲ့ပါတယ္။

ဒီတိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာဘဲ  အရပ္သားအစိုးရ တက္ကာစက လူထုအင္အားနဲ႔ ေျပာင္းလဲခဲ့တဲ့ YBS စနစ္ထဲက အမ်ားျပည္သူ ဝင္ေရာက္ရင္းႏွီးျမဳပ္ႏွံထားတဲ့ ကုမၸဏီေတြျဖစ္တဲ့ YBPC ႏွင့္ YUPT ကုမၸဏီယာဥ္လိုင္းႏွစ္ခုရဲ႕ ေငြစာရင္းကို တိုင္းစာရင္းစစ္ခ်ဳပ္က စနစ္တက် စစ္ေဆးေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။အထူးသျဖင့္ စစ္ေဆးေစခ်င္တာက ယာဥ္တစ္စီး ေန႔စဥ္ က်ပ္ ၄,၀၀၀ ႏႈန္းနဲ႔ YRTA ထံသို႔ ဝန္ေဆာင္ခေပးေနရတဲ့ ေငြစာရင္းကို စစ္ေဆးေစသလို တန္ဘိုးေလ်ာ့ သတ္မွတ္မႈကိုလည္း ျပန္စစ္ေဆးေစခ်င္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက  ေတာင္းဆိုခဲ့တာပါ။ဒီလႊတ္ေတာ္အစည္းအေဝးမွာဘဲ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးျမင့္ေသာင္း က ဒီစာရင္းေတြကို ကုမၸဏီစာရင္းစစ္ကပဲ စစ္ရမွာျဖစ္ၿပီး လိုအပ္မွ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၏ ခြင့္ျပဳခ်က္နဲ႔ ရန္ကုန္တိုင္း  စာရင္းစစ္ခ်ဳပ္က စစ္ေဆးရမွာလို႔ ေျပာခဲ့ပါတယ္။ေဝဖန္မႈေတြရွိေနတဲ့ ဒီ YBPC ႏွင့္ YUPT ဘတ္စ္ကားလိုင္း ေငြစာရင္းကိုစစ္ဖို႔ လႊတ္ေတာ္ကို အဆိုတင္မယ္ ဆိုတဲ့အတြက္ YBS ဘတ္စ္ကားမွာ ဘာေတြေတြ႕ရဦးမလဲ၊ ဘာေတြျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။    

သည္းခံလြန္းတဲ့ အစိုးရ

ယခုတစ္ပတ္ အလႈပ္ခတ္ဆုံးသ တင္းက ေအာင္ဆန္းေတာရ တပ္ဦးေက်ာင္းမွာ က်င္းပခဲ့တဲ့ အမ်ိဳးဘာသာသာသနာ ေစာင့္ေရွာက္ေရး ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း ႏွစ္ပတ္လည္ညီလာခံႏွင့္ ဩဝါဒခံယူပြဲ သတင္းေတြပါဘဲ။ႏွစ္စဥ္က်င္းပတဲ့ ဒီပြဲကို ယခုႏွစ္မွာ က်င္းပေနၾက အင္းစိန္႐ြာမေက်ာင္းတိုက္ကေန ယခုႏွစ္မွာ ေအာင္ဆန္းေတာရ တပ္ဦးေက်ာင္းတိုက္ကို ေျပာင္းလဲက်င္းပခဲ့တာပါ။ဒီႏွစ္မွာ အမ်ားျပည္သူနဲ႔ ႏိုင္ငံတကာက ပိုစိတ္ဝင္စားစရာ ျဖစ္ခဲ့ရတာက ဝရမ္းထုတ္ခံခဲရတဲ့ ဦးဝီရသူ ဒီပြဲကို ဘယ္လိုတက္ေရာက္မလဲ ဆိုတာပါဘဲ။ဒီမတိုင္မီ ရက္ေတြအထိ ဆက္တိုက္ဆိုသလို ရန္ကုန္နဲ႔ မႏၲေလးမွာ ဦးဝီရသူ အဖမ္းမခံရေအာင္ဆိုၿပီး ဆုေတာင္းပြဲဆိုၿပီး ေ႐ႊတိဂုံေစတီေတာ္နဲ႔ မႏၲေလးမွာ ဆက္တိုက္လုပ္ခဲ့ၾကတာပါ။ဖမ္းဝရမ္းထုတ္ခံရတဲ့ ဦးဝီရသူ ကလည္း ႐ုရွားလူမႈကြန္ရက္ျဖစ္တဲ့ VK ကေန အစိုးရကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေဝဖန္ခဲ့တဲ့အတြက္ ဒီပြဲကို ဦးဝီရသူ ဘယ္လိုပုံစံနဲ႔ ေပၚလာမလဲဆိုတာ အမ်ားက စိတ္ဝင္စားခဲ့တာပါ။ၿပီးခဲ့တဲ့ႏွစ္မွာ အမ်ိဳးသားေရးဆရာေတာ္အျဖစ္ ထင္ရွားတဲ့ ဦးဝီရသူ က ဒီပြဲကို တက္ေရာက္ခဲ့တဲ့အတြက္ ဒီႏွစ္မွာ သူမတက္ေရာက္ႏိုင္တာကို VK လူမႈကြန္ရက္ကေန ေတာင္းပန္ေလွ်ာက္ခဲ့ပါတယ္။

ဒီႏွစ္ပတ္လည္ပြဲမွာ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း ဗဟိုဦးေဆာင္အဖြဲ႕ ဒုတိယဥကၠ႒ ေမာ္ကြၽန္းဆရာေတာ္က ‘‘တပ္မေတာ္သားေတြမွာလည္း ပါတီမရွိဘူး။ပါတီမရွိေတာ့ တပ္မေတာ္သားေတြက ေျပာၾကဆိုၾကၿပီဆိုရင္ သူတို႔ကလည္း ႏိုင္ငံေတာ္အေရးပဲ ၾကည့္ၿပီးေတာ့ ေျပာမွာေပါ့။သူတို႔မွာလည္း ပါတီမရွိ၊ ကိုယ္ေရးကိုယ္တာလည္း သိပ္ၿပီးေတာ့ မငဲ့ကြက္တဲ့ ပုဂၢိဳလ္ေတြဆိုေတာ့ သူတို႔ ေျပာၿပီဆိုရင္ ႏိုင္ငံေတာ္အေရးကိုပဲ ဦးစားေပးၿပီးေတာ့ ဒီလိုေျပာပါတယ္’’ လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ပတ္သက္၍ ဆရာေတာ္ ဦးဝီရသူ၏ ေျပာဆိုခ်က္မ်ားသည္ အျပဳသေဘာျဖင့္ အမွန္တရားကို ေဝဖန္ေထာက္ျပျခင္းလို႔ ေျပာခဲ့ကာ ‘‘ကာယကံရွင္ေတြ ကိုယ္တိုင္ေရာ၊ အဲဒီကာယကံရွင္ေတြကို ေထာက္ခံပါတယ္ဆိုတဲ့ ပုဂၢိဳလ္ေတြေရာ ယေန႔အခ်ိန္အခါမွာ ႏိုင္ငံေတာ္အေရး ဦးစားေပးတဲ့ ပုဂၢိဳလ္ေတြကို ဘာလို႔မ်ား ၾကမ္းၾကမ္းတမ္းတမ္း ေျပာဆိုေနမိသလဲ၊ ကဲ့ရဲ႕ျပစ္တင္ ရႈတ္ခ်ေနမိသလဲ။ပါတီအေရး အလြန္အကြၽံ ဦးစားေပးေနတာကို ေလွ်ာ့ခ်ၿပီးေတာ့ ႏိုင္ငံေတာ္အေရးကို ဦးစားေပးရမွာဆိုတဲ့ အဲဒီသေဘာ သတိျပဳၿပီးေတာ့ ျပဳျပင္ၾကေပါ့” လို႔ ေျပာခဲ့ပါတယ္။

အဆိုပါပြဲမတိုင္မီ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ဇြန္ ၁၅ ရက္မွာ ျမန္မာႏိုင္ငံမွာ ဝိနည္းသိကၡာႏွင့္အညီ က်င့္ႀကံေနထိုင္ျခင္းမရွိတဲ့ သကၤန္းဝတ္အေရၿခဳံေတြေၾကာင့္ သာသနာေတာ္ညႇိဳးႏြမ္းေနလို႔ သံဃာ့အဖြဲ႕အစည္းအဆင့္ဆင့္၊ အစိုးရႏွင့္ ျပည္သူေတြက သာသနာေတာ္ သန႔္ရွင္းေရးကို တက္ညီလက္ညီ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ဖို႔ ထုတ္ျပန္ခဲ့ပါတယ္။ဒီထုတ္ျပန္ခ်က္ထဲမွာ သံဃာ့အဖြဲ႕အစည္းအသီးသီး၏ ဩဝါဒခံယူျခင္းမရွိသူ၊ ဝိနည္းသိကၡာႏွင့္အညီ က်င့္ႀကံေနထိုင္မႈမရွိသူ၊ ႏိုင္ငံေရးႏွင့္ လူမႈေရးကိစၥမ်ားတြင္ ဝင္ေရာက္ေဆာင္႐ြက္ၿပီး ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ တည္ၿငိမ္ေရးကို ထိခိုက္ေအာင္ ေသြးထိုးလႈံ႕ေဆာ္ေနသူမ်ားသည္ ‘ရွင္ရဟန္းမ်ား’ မျဖစ္ထိုက္ေၾကာင္း၊ သာသနာေတာ္ကို အေလးမထားသူ၊ ဝိနည္းသိကၡာပုဒ္ကို မေစာင့္ထိန္းသူသည္ သကၤန္းဝတ္သာျဖစ္၍ ရာဇဝတ္ ျပစ္မႈျပစ္ဒဏ္ထိုက္သူ၊ အာဏာစက္ျဖင့္ အေရးယူခံရသူ၊ ဥပေဒက်ဴးလြန္သူ ဝရမ္းေျပးျဖစ္ေနလွ်င္ မည္သို႔မွ် ‘ဆရာေတာ္’ ဟု မေခၚထိုက္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ဒီထုတ္ျပန္ခ်က္ကို ယခုပြဲမွာ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းက  အမ်ိဳးဘာသာသာသနာကို ထိခိုက္ေစႏိုင္သည့္ ေဆာင္႐ြက္ခ်က္မ်ားကို ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္းႏွင့္ ထိုသို႔ ဘာသာ သာသနာကို ပ်က္စီးေအာင္ ျပဳလုပ္ေနသူမ်ားကို ဆႏၵမဲမေပးရန္ တိုက္တြန္းခဲ့သလို ေၾကညာခ်က္ ထုတ္ရာမွာလည္း  ဝံသာႏုစိတ္ဓာတ္ ကဗ်ာ ပယ္ဖ်က္ျခင္း၊ အမ်ိဳးသားေရးဝါဒသည္ ဒီမိုကေရစီ၏ အႏၲရာယ္ျဖစ္သည္ဟု ေျပာၾကားျခင္း၊ ဧည့္စာရင္းဥပေဒ အပါအဝင္ ဥပေဒအခ်ိဳ႕ ပယ္ဖ်က္ခဲ့ျခင္း၊ အာဏာစက္ျဖင့္ အေရးယူခံရသူကို ဆရာေတာ္ဟု မေခၚဆိုထိုက္ေၾကာင္း အပါအဝင္ လက္ရွိအစိုးရလက္ထက္ ေဆာင္႐ြက္ခ်က္ ေျခာက္ရပ္ကို ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ဇြန္ ၁၇ ရက္က ထုတ္ျပန္တဲ့အထဲမွာ လက္ရွိ ဒီမိုကေရစီအစိုးရကို ဆႏၵမဲ မေပးျခင္းနည္းနဲ႔ တရားနဲ႔အညီ ရသည္နည္းနဲ႔ တြန္းလွန္ၾကဖို႔ တိုက္တြန္းေဆာ္ၾသခဲ့ၾကတာကို ေတြ႕ခဲ့ရေပမယ့္ အစိုးရဘက္က တုံ႔ျပန္တာမရွိလို႔ အရပ္သားအစိုးရအဖြဲ႕ရဲ႕ သည္းခံတရားကိုလည္း အမ်ားျပည္သူက အံၾသခဲ့ရပါတယ္။

အဆိုပါ မဘသအဖြဲ႕ အမည္ေျပာင္း ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း ႏွစ္ပတ္လည္ေတြ႕ဆုံပြဲမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဝရမ္းေျပးသတ္မွတ္ၿပီး အမ်ားျပည္သူ သတင္းေပးဖို႔ ထုတ္ျပန္ခံရတဲ့  ဦးစိုးထြန္းရွိန္ က ပြဲတက္လာတဲ့ သံဃာေတာ္မ်ားကို ေန႔ဆြမ္းလႉဒါန္းခဲ့တာကလည္း ထူးထူးျခား သတိထားမိစရာ ျဖစ္ခဲ့ပါတယ္။

အဆိုပါ ေျပာၾကားခ်က္ေတြ၊ ထုတ္ျပန္ခ်က္ေတြက လူမႈကြန္ရက္မွာ ေဝဖန္မႈေတြ ညံခဲ့သလို ဆန္က်င္ဘက္ သက္ေရာက္မႈေတြလည္း ရွိခဲ့ပါတယ္။အထူးသျဖင့္ ဆရာေတာ္ေတြေျပာတဲ့ လူထုက ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ လူထုေခါင္းေဆာင္ကို ဆဲဆိုတဲ့သူကို အျပစ္တင္ခ်င္းမရွိဘဲ က်ဴးလြန္ခံရသူကို ျပဳျပင္ဖို႔ေျပာတာဆိုတဲ့ ဘက္လိုက္လြန္းတဲ့ စကားက အမ်ားျပည္သူကို စိတ္ပ်က္ေစခဲ့သလို နဂိုကတည္းကမွ အမ်ားျပည္သူနဲ႔ ကင္းကြာေနတဲ့ အဖြဲ႕ကို ပိုစိတ္ကုန္ေစခဲ့ပါတယ္။ယေန႔ေခတ္မွာ တစ္ႏိုင္ငံထဲ ရပ္တည္လို႔မရဘဲ ႏိုင္ငံတကာနဲ႔ ဆက္ႏြယ္ပတ္သက္ေနရတဲ့ အခ်ိန္ကာလမွာ ေနရာတစ္ခုထဲကို ကမာၻလို႔ထင္ေနသူေတြရဲ႕ အျမင္က်ဥ္းတဲ့ မွတ္ခ်က္ေတြက လူထုအတြက္ ေတြေဝေနတဲ့ စိတ္ကို ရွင္းလင္းျပတ္သားေစခဲ့ပါတယ္။ဒီအတြက္ အစိုးရဘက္က သာသနာ သန႔္ရွင္းေရးလုပ္တဲ့အခါ ဘယ္လို ဝိေရာဓိေတြ ျဖစ္လာမလဲ၊ ဘာေတြတုံ႔ျပန္မႈေတြ ေပၚထြက္လာမလဲ၊ ဓမၼနဲ႔ အဓမၼမွာ ျပည္သူက ဘယ္ဘက္မွာရွိမလဲဆိုတာ ၂၀၂၀ ကာလ ေက်ာ္လြန္တဲ့အခါ အေျဖထြက္လာမွာ ျဖစ္တဲ့အတြက္ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ဦးဝီရသူ ကို တိုင္တန္းတရားစြဲဆိုတာ ႏိုင္ငံေတာ္သမၼတ႐ုံး၏ တာဝန္ေပးခ်က္အရလို႔ အေနာက္ပိုင္းခ႐ိုင္ ဒု-အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးစန္းမင္း က တရားခြင္မွာ ထြက္ဆိုခဲ့တဲ့ သတင္း၊ ဦးဝီရသူ ရဲ႕ ေဆာင္႐ြက္မႈက အစြန္းေရာက္မႈလို႔ လန္ဒန္ဆရာေတာ္က မိန႔္ၾကားခဲ့တဲ့ သတင္း၊ လက္နက္ကိုင္ပဋိပကၡေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ စစ္ေဘးဒုကၡသည္ ၂၀၁၈ ႏွစ္ကုန္ပိုင္းအထိ ေလးသိန္းခြဲေက်ာ္ ရွိေနတဲ့ သတင္း၊ တားျမစ္ထားတဲ့ ထိုင္းႏိုင္ငံထုတ္ ဝေဆးေတြကို အြန္လိုင္းကေန ေရာင္းခ်တဲ့ အမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားေဆးဝါးဥပေဒနဲ႔ အမႈဖြင့္အေရးယူလိုက္တဲ့ သတင္း၊ ေလယာဥ္ပစ္ စက္ေသနတ္က်ည္ အေတာင့္ ၄၀၀ ခန႔္ကို တာခ်ီလိတ္ၿမိဳ႕မွာ ဖမ္းဆီးရမိတဲ့ သတင္း၊ နယ္ၿမိဳ႕ေတြမွာ ဖြင့္ထားတဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႕ အမည္ခံအဖြဲ႕ေတြနဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ သက္ဆိုင္ျခင္းမရွိဘူးလို႔ ေၾကျငာခ်က္ ထုတ္ျပန္လိုက္တဲ့ သတင္းေတြထဲ ေန႔စဥ္ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇြန္ - ၂၁