【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ငြိမ်းချမ်းရေးနဲ့ နှစ်သစ်အလားအလာ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ငြိမ်းချမ်းရေးနဲ့ နှစ်သစ်အလားအလာ

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းသတင်းတွေထဲမှာ နှစ်သစ်ကူးပြောကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းထဲမှာ သတိထားမိတဲ့ သတင်းစကားတွေ တွေ့ရသလို လာမည့်နှစ်သစ်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခင်းအကျင်းတွေကို မြင်ခဲ့ရပါတယ်။
 
အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံစီးပွားရေးအတွက် မြင်သာတဲ့အရွေဖြစ်အောင်လုပ်ကြမယ့် အခင်းအ ကျင်းကိုတွေ့ရသလို တစ်ဘက်မှာလည်း ယခုရက်ပိုင်းအတွင်းမှာပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲ၊ ကူးစက်သူလျော့ကျလာတဲ့ ဗိုင်းရပ်စ်‌ကြောင့် ပြန်ဖြေလျှော့လာနိုင်တဲ့ကန့်သတ်မှုတွေကို မျှော်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ထူးဆန်းတဲ့ မှုခင်းတွေက ယခုရက်သတ္တပတ်မှာ အများသူငှါ စိတ်ဝင်စားစရာသတင်းတွေဖြစ်ခဲ့ပါတယ်။
 
ဒီထဲက ပထမဆုံးဖော်ပြချင်တာက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူးမိန့်ခွန်းတွေမှာ ပြောခဲ့ကြတဲ့ သတင်းစကားတွေကို သုံးသပ်မှုပါဘဲ။ဒါဟာ လာမယ့်ကာလမှာဖြစ်လာမယ့်၊ လုပ်ဆောင်မယ့်မူဝါဒတွေ ပါတဲ့အတွက် အထူးစောင့်ကြည့်သင့်တဲ့ သတင်းတွေပါ။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းဖို့
 
၂၀၂၁ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းကို နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေသာမက အများပြည်သူက အ ထူးဘဲစိတ်ဝင်စားကြပါတယ်။အထူးသဖြင့် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ဘာတွေပြောကြမလဲဆိုတာပါ။
 
ယခုနှစ်က ပုံမှန်အတိုင်းဆိုရင် ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲဖြစ်မယ့်နှစ်ဖြစ်တာမို့ လက်ရှိကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ရှိစဉ် နောက်ဆုံးနှစ်သစ်ကူးမိန့်ခွန်းမှာ ဘာတွေပြောမလဲ၊ အတိုင်ပင်ခံနဲ့ သမ္မတတို့ နောင်လာမယ့်သက်တမ်းအတွက် ဘာတွေပြောကြမလဲ၊ လတ်တလော နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ဘာတွေထူးလာမလဲဆိုတာ ဒီမိန့်ခွန်းတွေအပေါ်မူတည်ပြီး နိုင်ငံရေးစိတ်ဝင်စားသူတွေက ကောက်ချက်ချကြတာဖြစ်လို့ စိတ်ဝင်စားစရာလည်း ကောင်းနေခဲ့ပါတယ်။
 
ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၂၀၂၀ ခုနှစ်ရဲ့နောက်ဆုံးမိနစ်တွေမှာ သမ္မတပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာတော့ သိပ်ထူးထူးခြားခြားမပါခဲ့ပါဘူး။သာမန်ပြောရိုးပြောစဉ်အတိုင်းဘဲ ကပ်ရောဂါဘေးကို အစိုးရနှင့်အတူ နိုင်ငံသူ၊ နိုင်ငံသားများက ၀ိုင်းဝန်းကူညီဆောင်ရွက်ကြလို့ ဆိုးဆိုးရွားရွားမဖြစ်ခဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေကို ကျေးဇူးတင်တဲ့ အကြောင်း၊ ပြီးခဲ့တဲ့သက်တမ်းမှာ ဆောင်ရွက်ခဲ့ပေမယ့် မပြီးသေးတဲ့လုပ်ငန်းတွေရှိခဲ့တာကို ဝန်ခံခဲ့ပြီး လာမည့်နှစ်မှာ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူရဲ့ စုပေါင်းအင်အားနဲ့ ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း၊ ဒါ့အပြင် နိုင်ငံတော်၏အရေးမှာ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး တစ်ခဲနက်ပါဝင် ဆောင်ရွက်ပေးကြဖို့ကိုပါ သမ္မတက ပြောခဲ့တာကို တွေ့ရပါတယ်။
 
ကာချုပ်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ၂၀၂၀ အလွန်မှာ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးစနစ်ကို ဆက်လျှောက်ဖို့ဆိုရင် NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာလို့ ပြောခဲ့ပြီး မိမိတို့ဒေသ၊ အနာဂတ်မျိုးဆက်သစ် ကလေးတွေအတွက် ထာ၀ရငြိမ်းချမ်းရေးကို မျှော်တွေးဆောင်ရွက်ကြဖို့ ပြောခဲ့ပါတယ်။ဒါ့အပြင် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုမှာ တပ်ဘက်က နှစ်နှစ်ကြာအပစ်ရပ်ထားတာကိုလည်း ဆက်ပြီး အဖြစ်နိုင်ဆုံးဆောင်ရွက်ပေးခဲ့မယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။
 
နိုင်ငံတော်အတိုင်ပင်ခံကတော့ နှစ်သစ်ကူးမိန့်ခွန်းကို ဇန်နဝါရီ ၁ ရက် မနက်မှာပြောခဲ့ပြီး အတော်လေးပြည့်ပြည့်စုံစုံ ပြောခဲ့တာကို တွေ့ရပါတယ်။အထူးသဖြင့် အများစိတ်ဝင်စားနေတဲ့ လာမည့် ၅ နှစ်သက်တမ်းမှာ တာဝန်ယူမယ့် အစိုးရရဲ့ အာရုံစိုက်မယ့် မူဝါဒတွေကို ဒီနှစ်သစ်ကူးမိန့်ခွန်းမှာ အရိပ်အမြွက်ပြောခဲ့တာကို တွေ့ရပါတယ်။ 
 
အထူးသဖြင့် ဘယ်လိုနိုင်ငံမျိုးမှာ နေထိုင်သွားမလဲဆိုတာ ဒီနှစ်တွေမှာ ပုံဖော်သွားမယ်လို့ ရှင်းရှင်းလင်းပြောခဲ့ပါတယ်။ဒါ့အပြင် ဝန်ထမ်းတွေကိုလည်း စနစ်ဟောင်း ခေတ်ဟောင်းနဲ့ လမ်းခွဲခဲ့တဲ့အခါမှာ အခြေခံဥပဒေအရသာမဟုတ်ဘဲ ပြုမူလုပ်ကိုင်ပုံ၊ လုပ်နည်းလုပ်ဟန်တွေအရလည်း လမ်းခွဲဖို့လိုတယ်လို့ သတိပေးခဲ့တာကို တွေ့ရပါတယ်။
 
ပါတီသက်တမ်းတစ်လျှောက်လုံး ကိုင်စွဲလာတဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း နှစ်သစ်ကူးမိန့်ခွန်းထဲမှာ အဓိကထားပြီး ထည့်ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။နိုင်ငံတော် အတိုင်ပင်ခံက “ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဦးတည် ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပေါ်ထွန်းရေးအတွက် မဖြစ်မနေ လိုအပ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဖြစ်ပါတယ်။ရရှိမယ့် ငြိမ်းချမ်းရေးသဘောတူချက်များ၊ နိုင်ငံရဲ့ ရေရှည်လိုအပ်ချက်များ၊ ပြည်သူလူထုရဲ့ လိုလားတောင့်တချက်များနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးအတွက် ကျွန်မတို့အားလုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းသွားကြရပါမယ်” လို့ ပြောခဲ့ပါတယ်။
 
ဒါဟာ အခြေခံဥပဒေပြင်ဆင်ဖို့အပြင် တခြားအရေးကြီးတဲ့ မှန်ကန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ရေး အတွက်လည်း ပါပါတယ်။နိုင်ငံတော်အတိုင်ပင်ခံရဲ့ မိန့်ခွန်းအတိအကျအတိုင်းဆိုရင် “နိုင်ငံလွတ်လပ် ရေး ရပြီးသည်မှာ (၇၅) နှစ်ပြည့်ဖို့ (၂) နှစ်သာ လိုပါတော့တယ်။ဘယ်လိုနိုင်ငံမျိုးမှာ ကျွန်မတို့သာမက၊ နောင်လာနောက်သားများ နေထိုင်ရှင်သန်သွားရမယ်ဆိုတာကို ပုံဖော်ဖို့ ဒီနှစ်တွေအတွင်းမှာ အထူးဂရုပြု ဆောင်ရွက်ဖို့ရာကို နိုင်ငံတော်အစိုးရရဲ့ အဓိကလုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ပါတယ်။ပြည်သူရဲ့ လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
 
ဒီနှစ်သစ်ကူးမိန့်ခွန်းတွေကို ပြန်ကောက်ကြည့်မယ်ဆိုရင် သမ္မတက ကပ်ဘေးမှာ ပြည်သူတွေပါဝင်မှုကြောင့် အထိအခိုက်နည်းခဲ့တာကို ကျေးဇူးတင်ကြောင်းဆိုပြီး လာမယ့်သက်တမ်းမှာ စီးပွားရေးနဲ့ တရားဥပဒေစိုးမိုးရေးလိုကိစ္စတွေမှာ မပြီးပြတ်ခဲ့သေးတာတွေ၊ လုပ်ကိုင်ဆောင်ရွက်ဆဲ လုပ်ငန်းတွေကို ဆက်လုပ်မှာဖြစ်ပြီး ပြည်သူကပါဝင်ပေးဖို့ ပြောခဲ့ပါတယ်။
 
အတိုင်ပင်ခံကတော့ လာမယ့်သက်တမ်းမှာ မြန်မာနိုင်ငံသားတွေနေရမယ့် နိုင်ငံပုံစံကို ပုံဖော်တော့မယ်ဆိုပြီး ဒီလိုပုံဖော်ရာမှာလိုက်ပါဖို့ ဝန်ထမ်း တွေကို စနစ်ဟောင်း၊ အတွေးခေါ်ဟောင်းတွေကို စွန့်ခွာဖို့ပြောခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အာရုံစိုက်ပြီး လုပ်ဆောင်မယ်ဆိုတာကို ပြောခဲ့တာတွေ့ရပါတယ်။
 
တပ်ချုပ်ကတော့ သူ့နှစ်သစ်ကူးမိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထာ၀ရငြိမ်ချမ်းရေးဖြစ်ထွန်းလာဖို့အတွက် ဒေသနဲ့ မျိုးဆက်သစ်ကလေးတွေ အကျိုးကိုကြည့်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ်အတွက် သွားမယ်ဆိုရင် NCA လက်မှတ်ထိုးရမယ့် လမ်းကြောင်းကိုလျှောက်ဖို့၊ သူ့ဘက်ကလုပ်ရမယ့် အပစ်ခတ်ရပ်စဲရေးကိုလည်း ဖြစ်အောင်လုပ်ပေးမယ်ဆိုတာမျိုး အဓိကပြောခဲ့တာကို တွေ့ရပါတယ်။
 
ဒါတွေကိုကြည့်ရင် နှစ်သစ်မှာ အရွေ့တွေ ဆက်တိုက်မြင်လာရဖွယ်ရှိနေပါတယ်။ဒီကြားထဲမှာ အာဏာရပါတီနဲ့ ၂၀၂၀ အနိုင်ရပါတီလည်းဖြစ်တဲ့‌ NLD ပါတီဘက်က ရွေးကောက်ခံရတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို တောင်းယူနေတာကိုလည်း ထူးထူးခြားခြားတွေ့ရတဲ့အတွက် လာဘ်စားမှုနဲ့အသားကျနေတဲ့ အချို့အာဏာပိုင်တွေ၊ အရာထမ်းအမှုထမ်းတွေအတွက် သတိထားစရာ အခင်းအကျင်းပါဘဲ။ဒီသတင်းတွေက ခေတ်အဆက်ဆက် ဝန်ထမ်းဆိုးတွေ၊ အရာထမ်းဆိုးတွေရဲ့ ခြစားမှုကို ခါးစည်းခံနေရတဲ့ ပြည်သူတွေအတွက်တော့ ကောင်းတဲ့သတင်းပါဘဲ။ဒါ့အပြင် စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက်လည်း သတင်းကောင်းပါဘဲ။နှစ်သစ်ကူးမိန့်ခွန်းတွေကို ခြုံငုံပြီး သုံးသပ်ခဲ့မယ်ဆိုရင် ယခုလာမည့်နှစ်က အချိုးအကွေ့တစ်ခုဖြစ်လာဖို့ များနေသလို အားပြိုင်မှုကြီးကြီးမားမားလည်း မြင်တွေ့ရဖွယ်ရှိနေတယ်လို့ ဆိုကြပါတယ်။အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ဘယ်လောက်ထိ တွန်းတိုက်မှုတွေ မြင်လာရမလဲဆိုတာ အားလုံးစိုးရိမ်နေတဲ့ကိစ္စလည်းဖြစ်ပါတယ်။
 
လက်ရှိ နိုင်ငံရေးအခြေအနေအရ အားလုံးလက်ခံထားတာက နိုင်ငံတော်အတိုင်ပင်ခံ သက်ရှိထင်ရှားရှိပြီး လုပ်နိုင်ကိုင်နိုင်တဲ့ လာမည့် ၅ နှစ်အတွင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ခဲ့ဘူးဆိုရင် နောင်ပြင်နိုင်ဖွယ်မမြင်ဘူးလို့ဆိုတဲ့အတွက် လာမည့်နှစ်တွေအတွင်း နိုင်ငံရေးအတွန်းအတိုက်တွေ၊ ကစားပွဲတွေ ဘယ်လောက်ထိမြင်ရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
 
သတင်းစာရှင်းလင်းပွဲ ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိမလဲ
 
ယခုတလော မှန်မှန်သတင်းစာရှင်းလင်းပွဲလုပ်ဖြစ်နေတာက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲဘဲဖြစ်ပါတယ်။
 
ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီး နောက်ရက်တွေမှာ ရခိုင်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (အေအေ) ကပြန်ပေးဆွဲခဲ့တဲ့ အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြန်လွတ်လာသလို ကျန်းမာရေးမကောင်းတဲ့ တပ်မတော်သား ၃ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့တာတွေ ဆက်တိုက်တွေ့ခဲ့ရပါတယ်။ဒါဟာ သတင်းကောင်းတွေဖြစ်သလို စိတ်ဝင်စားစရာလည်း ဖြစ်ပါတယ်။
 
ဒီဇင်ဘာ ၃၀ ဗုဒ္ဓဟူးနေ့မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က သတင်းမီဒီယာတွေ မေးတဲ့အပေါ် ပြန်လည်ရှင်းလင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ထုံးစံအတိုင်း သတင်းစာရှင်းလင်းပွဲ အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ကာကွယ်ရေးဦးစီးချုပ်အခြေစိုက်ရာ ရုံးချုပ်မှာ ကိုဗစ်ကူးစက်မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။ဒီနောက်မှာ သတင်းမီဒီယာတွေ မေးသမျှထဲက အချို့ကိုပြန်ဖြေခဲ့ပြီး တချို့မေးခွန်းတွေကိုတော့ ပြန်ဖြေခဲ့ခြင်းမရှိပါဘူး။မေးသမျှ မေးခွန်းတွေ အများစုက သိပ်မထူးဆန်းပေမယ့် ပြန်ဖြေခဲ့တဲ့အဖြေတွေက စိတ်ဝင်စားဖို့ကောင်းသလို မေးခွန်းများစွာ မေးချင်စရာဖြစ်ခဲ့တာကို တွေ့ရပါတယ်။
 
ဒီထဲမှာ Facebook စာမျက်နှာပေါ်တွင် တပ်မတော်ခေါင်းဆောင်များကို ဝေဖန်ရေးသားခဲ့သည့် တပ် မတော်ဆေးတက္ကသိုလ်ကျောင်းသားနဲ့ မိသားစုတွေ ပြန်တွေ့ခွင့်မရသေးတာနဲ့ပတ်သက်ပြီး မီဒီယာတွေက ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ စစ်ပြေးတာနဲ့ပတ်သက်ပြီး မေးခဲ့တာကို တွေ့ရပါတယ်။
 
ဒီလိုမေးမြန်းရာမှာ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရာရှိအချို့ စစ်ပြေးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတာ ရှိကြောင်း ပြန်ဖြေခဲ့ပြီး အရေအတွက်ကိုမူ မပြောခဲ့တာကို တွေ့ရပါတယ်။
 
ဒါ့အပြင် တပ်ဘက်က ဆက်တိုက်ထုတ်နေတဲ့ ရွေး ကောက်ပွဲ မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်ပြီး တပ်ဘက်က မဲဆန္ဒရှင်အနေနှင့် စစ်ဆေးရာမှာ မှတ်ပုံတင်ကဒ်ကို အဓိကထား စစ်ဆေးခဲ့တာဖြစ်တယ်လို့ဆိုပြီး လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေမှာ ပေးထားတဲ့ အခွင့်အရေးအရ တပ်မတော်သားတွေက မဲဆန္ဒရှင်အနေနဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းဖို့ရှိတယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။
 
အဆိုပါရက်ပိုင်းမှာဘဲ ရွေးကောက်ပွဲကော်မရှင်က တပ်ဘက်ကထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ဒီထဲမှာ တပ်ဘက်ကထုတ်ပြန်နေတဲ့ စာရင်းတွေက ရွေးကောက်ပွဲနေ့မှာသုံးတဲ့ စာရင်းတွေ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့်သဘော သက်ရောက်စေသည့် သဘောထားထုတ်ပြန်ချက်များ၊ အလားတူဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြဖို့ သတိပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
 
ဒီရက်ပိုင်းမှာ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးမှတ်ချက်ပြုပြောဆိုခဲ့မှုတွေ ရှိခဲ့ပါတယ်။မီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌက ရွေးကောက်ပွဲဖြစ်စဉ်များကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် မပြောင်းနိုင်ဘူးလို့ ပြောခဲ့သလို ကော်မရှင်ဘက်ကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာခေါင်းဆောင်များနဲ့ မဲဆန္ဒရှင်များကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ ရွေးကောက်ပွဲဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ဒါပေမယ့် အတိုက်အခံပါတီကြီးရဲ့ ပါတီဝင်တွေနဲ့ ပါတီဝန်းရံတဲ့သူတွေကတော့ ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြခဲ့ကြတာကို ယခုရက်သတ္တပတ်ထဲမှာလည်း မော်လမြိုင်ဘက်မှာလုပ်ခဲ့တာကို တွေ့ရပါတယ်။
 
ရွေးကောက်ပွဲကော်မရှင်ကို နောက်ဆုံးထားတင်ရမယ့် ကန့်ကွက်လွှာတင်ရမယ့် နောက်ဆုံးရက်က ကုန်ခဲ့ပါပြီ။နောက်ဆုံးသိရတဲ့ စာရင်းတွေအရ ပြည်ခိုင်ဖြိုးဘက်က ၂၀၀ ကျော် တင်ထားတယ်လို့ သိရပြီး အာဏာရ NLD ပါတီဘက်က ၅ ခုသာ တင်ထားတယ်လို့ သိရပါတယ်။လာမယ့် ဇန်နဝါရီ ၅ ရက်မှာအတိုက်အခံပါတီဘက်က သတင်းစာရှင်းလင်းပွဲတစ်ခု ရန်ကုန်မှာကျင်းပဖို့ ရှိနေပါတယ်။နောက်ထပ်ဘာအချက်အလက်တွေ ထပ်ထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။
 
ထူးခြားသည့် မှုခင်းသတင်းများ
 
ယခုရက်ထဲ မှုခင်းဆိုင်ရာ သတင်းအတော်များများထဲမှာ သတိထားမိလောက်အောင် ထူးခြားနေတဲ့သတင်းတွေ ရှိခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစခဲ့ပြီး မူးယစ်ဆေးတွေ ကာလတန်ဖိုး ဘီလျံနဲ့ချီကာ ဆက်တိုက်ဖမ်းမိခဲ့တဲ့ ကမ္ဘောဇစစ်ဆင်ရေးပြီးဆုံးကြောင်း သတင်းတွေ ဖော်ပြခဲ့ပါတယ်။ဒီစစ်ဆင်ရေးက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို အထိနာစေခဲ့တဲ့ စစ်ဆင်ရေးဖြစ်သလို နိုင်ငံအတွင်း စီးဆင်းနေတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုကိုလည်း အတော်လေးတွက်ဆမိလောက်အောင် ပမာဏကြီးကြီးမားမား မိခဲ့တာတွေကို တွေ့ရပါတယ်။
 
သတင်းထုတ်ပြန်ချက်တွေအရဆိုရင် ယခင်မင်္ဂလာဒုံ ကမ္ဘောဇဝင်းထဲမှာမိခဲ့တဲ့ ကွန်တိန်နာ ဘောက်နဲ့မိတဲ့ စိတ်ကြွဆေးအမှုက တရားခံကိုလည်း ယခုစစ်ဆင်ရေးအတွင်းမိခဲ့သလို ထွက်ပြေးနေတဲ့ တခြားမူးယစ်တရားခံပြေးအချို့ကိုလည်း မိခဲ့တာ တွေ့ရပါတယ်။ဒါပေမယ့် သတိထားမိတာတစ်ခုက ဆက်လက်ဖော်ထုတ်နေလို့ပဲလား၊ တခြားသောအကြောင်းကြောင့်ဘဲလားတော့မသိဘူး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေး၀ါးပမာဏ ကြီးကြီးမားမားတွေမှာ ယာဉ်မောင်းနဲ့ အောက်ခြေက ပါဝင်ပတ်သက်သူတွေကိုသာမြင်ရပြီး ထိပ်ပိုင်းက ကြိုးကိုင်ဆောင်ရွက်နေတဲ့သူတွေကို တွေ့ရမှုနည်းတာက အတော်လေးသတိထားမိတဲ့ကိစ္စပါဘဲ။ဘာပဲဖြစ်ဖြစ် ယခုစစ်ဆင်ရေးပြီးလို သမ္မတဆီအစီရင်ခံစာတင်တဲ့အခါ ဒီလိုအမှုကြီးတွေက ထိပ် ပိုင်းကကြိုးကိုင်နေသူတွေကို သမ္မတဆီတင်ပြရမှာမို့ အများပြည်သူ ဘယ်လောက်ထိသိခွင့်ရမလဲဆို တာကလည်း စိတ်ဝင်စားဖွယ်ရာပါဘဲ။ဒီမိုကရေစီအရပ်သားအစိုးရလက်ထက် ဘယ်လောက်ထိ ပြည်သူတွေသိအောင် ပွင့်လင်းမြင်သာမလဲဆိုတာကလည်း စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမယ့်ကိစ္စပါ။
 
နောက်ထပ်သတိထားမိစရာဖြစ်ခဲ့တာက ဒီရက်ထဲမှာ မူဆယ်မြို့နယ်ထဲမှာ တရုတ်နိုင်ငံသားတစ်ဦး ကြိုးတုပ်ကာ ပစ်သတ်ခံထားရတဲ့သတင်း၊ သန်လျင်မှာ လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲကင်းအဖွဲ့ကို ကားနဲ့ လူမိုက်အဖွဲ့က လိုက်တိုက်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရပြီး လူမိုက်အဖွဲ့ထွက်ပြေး လွတ်မြောက်နေတဲ့ သတင်းတွေပါဘဲ။ဒါတွေက တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေတဲ့ မှုခင်းဖြစ်ရပ် တွေဖြစ်သလို ရင်လေးစရာအခြေအနေပါ။မကြာခင်က လှိုင်သာယာမှာ လူမိုက်ဂိုဏ်းတွေကြီးစိုးလို့ သမ္မတဆီစာတင်မယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပြောခဲ့လို့ အံ့ဩခဲ့ရတဲ့ ရန်ကုန်ဒေသခံတွေအဖို့ ယခု သန်လျင်မှာ ရဲတပ်ဖွဲ့တွေကိုတောင်ရန်ရှာတဲ့အထိ ဖြစ်ခဲ့တာတွေ ဆက်ဖြစ်လာတာတွေ့ရတဲ့အတွက် တရားဥပဒေစိုးမိုးရေးက လာမယ့်နှစ်တွေမှာ အစိုးရအတွက်၊ ပြည်ထဲရေးအတွက် မဖြစ်နေကိုင်တွယ်ရမယ့် အဓိကစိန်ခေါ်မှု ဖြစ်လာနိုင်စရာရှိပါတယ်။ဒါကို ဘယ်လိုကိုင်တွယ်မလဲဆို တာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
 
ယခုရက်သတ္တပတ်မှာ ဒီလိုသတင်းတွေအပြင် ထူးခြားတဲ့သတင်းအချို့လည်း ရှိခဲ့ပါတယ်။ကျိုက်လတ်ဒေသမှာ ထိုင်း PTTEP ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် Integrated Domestic Gas to Power Project အတွက် Notice to Proceed ကို မြန်မာအစိုးရက ပေးခဲ့တဲ့သတင်း၊ မြန်မာနိုင်ငံမှ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ပြင်သစ်၊ ဂျာမနီနှင့် တရုတ်တို့ စတင်ဆိုင်းငံ့ပေးခဲ့တဲ့သတင်း၊ကရင်ပြည်နယ် ဖာပွန်ရှိ တပ်စခန်းတွေ ရုပ်သိမ်းပေးရေး ဒေသခံအများအပြားက ဆန္ဒထုတ်ဖော်ခဲဲ့ကြတဲ့ သတင်း၊ မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်ပြည်သူများကို မြန်မာအစိုးရက ဆန်တန်ချိန် ၂၀၀ ပေးပို့လှူဒါန်းကူညီမယ့်သတင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ရောက်ရှိလာဖွယ်ရှိတဲ့သတင်း၊ တရုတ်နိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ ဝန်းကျင်ကို တရုတ်နိုင်ငံက ပြန်လွှဲပေးခဲ့တဲ့သတင်း၊ ကျပ်သိန်းတစ်သောင်းခွဲ ပထမဆုံးဆုရှင် နေပြည်တော် အေးမေတ္တာစံပရဟိတ တောင်နီလေးကျောင်းတိုက် ဆရာတော် မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရတဲ့သတင်း၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန် လည်သန်စွမ်းရေး ဆေးရုံဝန်းအတွင်းထားရှိတဲ့ HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်းပေါင်း သိန်း (၃၀၀) ကျော်ဖိုး အခိုးခံရတဲ့သတင်း၊ စတဲ့သတင်းတွေကလည်း ယခုရက်ထဲမှာ သတိထားမိခဲ့စရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခု ရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။
 
ခက်ထန်စိုး
ဇန်နဝါရီ - ၄
 
( Zawgyi )
 
ယခုရက္သတၱပတ္အတြင္း ျပည္တြင္းသတင္းေတြထဲမွာ ႏွစ္သစ္ကူးေျပာၾကတဲ့ ႏိုင္ငံ့ေခါင္းေဆာင္ေတြရဲ႕ မိန႔္ခြန္းထဲမွာ သတိထားမိတဲ့ သတင္းစကားေတြ ေတြ႕ရသလို လာမည့္ႏွစ္သစ္အတြက္ စိတ္လႈပ္ရွားစရာေကာင္းတဲ့ အခင္းအက်င္းေတြကို ျမင္ခဲ့ရပါတယ္။
 
အထူးသျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ လက္နက္ကိုင္ပဋိပကၡေတြနဲ႔ ႏိုင္ငံစီးပြားေရးအတြက္ ျမင္သာတဲ့အေ႐ြျဖစ္ေအာင္လုပ္ၾကမယ့္ အခင္းအ က်င္းကိုေတြ႕ရသလို တစ္ဘက္မွာလည္း ယခုရက္ပိုင္းအတြင္းမွာျပဳလုပ္ခဲ့တဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲ၊ ကူးစက္သူေလ်ာ့က်လာတဲ့ ဗိုင္းရပ္စ္‌ေၾကာင့္ ျပန္ေျဖေလွ်ာ့လာႏိုင္တဲ့ကန႔္သတ္မႈေတြကို ေမွ်ာ္ေနၾကတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ထူးဆန္းတဲ့ မႈခင္းေတြက ယခုရက္သတၱပတ္မွာ အမ်ားသူငွါ စိတ္ဝင္စားစရာသတင္းေတြျဖစ္ခဲ့ပါတယ္။
 
ဒီထဲက ပထမဆုံးေဖာ္ျပခ်င္တာက ႏိုင္ငံ့ေခါင္းေဆာင္ေတြရဲ႕ ႏွစ္သစ္ကူးမိန႔္ခြန္းေတြမွာ ေျပာခဲ့ၾကတဲ့ သတင္းစကားေတြကို သုံးသပ္မႈပါဘဲ။ဒါဟာ လာမယ့္ကာလမွာျဖစ္လာမယ့္၊ လုပ္ေဆာင္မယ့္မူဝါဒေတြ ပါတဲ့အတြက္ အထူးေစာင့္ၾကည့္သင့္တဲ့ သတင္းေတြပါ။
 
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ႀကိဳးပမ္းဖို႔
 
၂၀၂၁ ခုႏွစ္ ႏွစ္သစ္ကူးမိန႔္ခြန္းကို ႏိုင္ငံေရးစိတ္ဝင္စားတဲ့သူေတြသာမက အမ်ားျပည္သူက အ ထူးဘဲစိတ္ဝင္စားၾကပါတယ္။အထူးသျဖင့္ ႏိုင္ငံေတာ္သမၼတ၊ အတိုင္ပင္ခံနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ ဘာေတြေျပာၾကမလဲဆိုတာပါ။
 
ယခုႏွစ္က ပုံမွန္အတိုင္းဆိုရင္ ကာကြယ္ေရးဦးစီးခ်ဳပ္ အေျပာင္းအလဲျဖစ္မယ့္ႏွစ္ျဖစ္တာမို႔ လက္ရွိကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ တာဝန္ရွိစဥ္ ေနာက္ဆုံးႏွစ္သစ္ကူးမိန႔္ခြန္းမွာ ဘာေတြေျပာမလဲ၊ အတိုင္ပင္ခံနဲ႔ သမၼတတို႔ ေနာင္လာမယ့္သက္တမ္းအတြက္ ဘာေတြေျပာၾကမလဲ၊ လတ္တေလာ ႏိုင္ငံေရးအခင္းအက်င္းေတြေၾကာင့္ ဘာေတြထူးလာမလဲဆိုတာ ဒီမိန႔္ခြန္းေတြအေပၚမူတည္ၿပီး ႏိုင္ငံေရးစိတ္ဝင္စားသူေတြက ေကာက္ခ်က္ခ်ၾကတာျဖစ္လို႔ စိတ္ဝင္စားစရာလည္း ေကာင္းေနခဲ့ပါတယ္။
 
ဒီဇင္ဘာ ၃၁ ရက္ေန႔ ည ၂၀၂၀ ခုႏွစ္ရဲ႕ေနာက္ဆုံးမိနစ္ေတြမွာ သမၼတေျပာခဲ့တဲ့ ႏွစ္သစ္ကူးမိန႔္ခြန္းထဲမွာေတာ့ သိပ္ထူးထူးျခားျခားမပါခဲ့ပါဘူး။သာမန္ေျပာ႐ိုးေျပာစဥ္အတိုင္းဘဲ ကပ္ေရာဂါေဘးကို အစိုးရႏွင့္အတူ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားက ၀ိုင္းဝန္းကူညီေဆာင္႐ြက္ၾကလို႔ ဆိုးဆိုး႐ြား႐ြားမျဖစ္ခဲ့တဲ့ ႏိုင္ငံသူႏိုင္ငံသားေတြကို ေက်းဇူးတင္တဲ့ အေၾကာင္း၊ ၿပီးခဲ့တဲ့သက္တမ္းမွာ ေဆာင္႐ြက္ခဲ့ေပမယ့္ မၿပီးေသးတဲ့လုပ္ငန္းေတြရွိခဲ့တာကို ဝန္ခံခဲ့ၿပီး လာမည့္ႏွစ္မွာ ဆက္လက္ေဆာင္႐ြက္သြားမယ္ဆိုတဲ့အေၾကာင္း၊ တရားဥပေဒစိုးမိုးေရးအတြက္ ျပည္သူရဲ႕ စုေပါင္းအင္အားနဲ႔ ေဆာင္႐ြက္သြားမယ္ဆိုတဲ့ အေၾကာင္း၊ ဒါ့အျပင္ ႏိုင္ငံေတာ္၏အေရးမွာ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအားလုံး တစ္ခဲနက္ပါဝင္ ေဆာင္႐ြက္ေပးၾကဖို႔ကိုပါ သမၼတက ေျပာခဲ့တာကို ေတြ႕ရပါတယ္။
 
ကာခ်ဳပ္ရဲ႕ ႏွစ္သစ္ကူးမိန႔္ခြန္းထဲမွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကို ၂၀၂၀ အလြန္မွာ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ႏိုင္ငံေရးစနစ္ကို ဆက္ေလွ်ာက္ဖို႔ဆိုရင္ NCA လမ္းေၾကာင္းကို မလြဲမေသြေလွ်ာက္လွမ္းၾကရမွာလို႔ ေျပာခဲ့ၿပီး မိမိတို႔ေဒသ၊ အနာဂတ္မ်ိဳးဆက္သစ္ ကေလးေတြအတြက္ ထာ၀ရၿငိမ္းခ်မ္းေရးကို ေမွ်ာ္ေတြးေဆာင္႐ြက္ၾကဖို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမငါးခုမွာ တပ္ဘက္က ႏွစ္ႏွစ္ၾကာအပစ္ရပ္ထားတာကိုလည္း ဆက္ၿပီး အျဖစ္ႏိုင္ဆုံးေဆာင္႐ြက္ေပးခဲ့မယ္ဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရပါတယ္။
 
ႏိုင္ငံေတာ္အတိုင္ပင္ခံကေတာ့ ႏွစ္သစ္ကူးမိန႔္ခြန္းကို ဇန္နဝါရီ ၁ ရက္ မနက္မွာေျပာခဲ့ၿပီး အေတာ္ေလးျပည့္ျပည့္စုံစုံ ေျပာခဲ့တာကို ေတြ႕ရပါတယ္။အထူးသျဖင့္ အမ်ားစိတ္ဝင္စားေနတဲ့ လာမည့္ ၅ ႏွစ္သက္တမ္းမွာ တာဝန္ယူမယ့္ အစိုးရရဲ႕ အာ႐ုံစိုက္မယ့္ မူဝါဒေတြကို ဒီႏွစ္သစ္ကူးမိန႔္ခြန္းမွာ အရိပ္အႁမြက္ေျပာခဲ့တာကို ေတြ႕ရပါတယ္။ 
 
အထူးသျဖင့္ ဘယ္လိုႏိုင္ငံမ်ိဳးမွာ ေနထိုင္သြားမလဲဆိုတာ ဒီႏွစ္ေတြမွာ ပုံေဖာ္သြားမယ္လို႔ ရွင္းရွင္းလင္းေျပာခဲ့ပါတယ္။ဒါ့အျပင္ ဝန္ထမ္းေတြကိုလည္း စနစ္ေဟာင္း ေခတ္ေဟာင္းနဲ႔ လမ္းခြဲခဲ့တဲ့အခါမွာ အေျခခံဥပေဒအရသာမဟုတ္ဘဲ ျပဳမူလုပ္ကိုင္ပုံ၊ လုပ္နည္းလုပ္ဟန္ေတြအရလည္း လမ္းခြဲဖို႔လိုတယ္လို႔ သတိေပးခဲ့တာကို ေတြ႕ရပါတယ္။
 
ပါတီသက္တမ္းတစ္ေလွ်ာက္လုံး ကိုင္စြဲလာတဲ့ အေျခခံဥပေဒျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီးလည္း ႏွစ္သစ္ကူးမိန႔္ခြန္းထဲမွာ အဓိကထားၿပီး ထည့္ေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ႏိုင္ငံေတာ္ အတိုင္ပင္ခံက “ၿငိမ္းခ်မ္းေရးျဖစ္စဥ္ရဲ႕ ဦးတည္ ခ်က္ျဖစ္တဲ့ ဒီမိုကေရစီဖက္ဒရယ္ေပၚထြန္းေရးအတြက္ မျဖစ္မေန လိုအပ္ခ်က္ကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရး ျဖစ္ပါတယ္။ရရွိမယ့္ ၿငိမ္းခ်မ္းေရးသေဘာတူခ်က္မ်ား၊ ႏိုင္ငံရဲ႕ ေရရွည္လိုအပ္ခ်က္မ်ား၊ ျပည္သူလူထုရဲ႕ လိုလားေတာင့္တခ်က္မ်ားနဲ႔ ကိုက္ညီတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ေပၚထြန္းေရးအတြက္ ကြၽန္မတို႔အားလုံး ကိုယ္စြမ္း ဉာဏ္စြမ္းရွိသမွ် ႀကိဳးပမ္းသြားၾကရပါမယ္” လို႔ ေျပာခဲ့ပါတယ္။
 
ဒါဟာ အေျခခံဥပေဒျပင္ဆင္ဖို႔အျပင္ တျခားအေရးႀကီးတဲ့ မွန္ကန္တဲ့ လူ႔အဖြဲ႕အစည္းျဖစ္ေရး အတြက္လည္း ပါပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ မိန႔္ခြန္းအတိအက်အတိုင္းဆိုရင္ “ႏိုင္ငံလြတ္လပ္ ေရး ရၿပီးသည္မွာ (၇၅) ႏွစ္ျပည့္ဖို႔ (၂) ႏွစ္သာ လိုပါေတာ့တယ္။ဘယ္လိုႏိုင္ငံမ်ိဳးမွာ ကြၽန္မတို႔သာမက၊ ေနာင္လာေနာက္သားမ်ား ေနထိုင္ရွင္သန္သြားရမယ္ဆိုတာကို ပုံေဖာ္ဖို႔ ဒီႏွစ္ေတြအတြင္းမွာ အထူးဂ႐ုျပဳ ေဆာင္႐ြက္ဖို႔ရာကို ႏိုင္ငံေတာ္အစိုးရရဲ႕ အဓိကလုပ္ငန္းစဥ္တစ္ရပ္အျဖစ္ သတ္မွတ္ပါတယ္။ျပည္သူရဲ႕ လုပ္ငန္းစဥ္တစ္ရပ္လည္းျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
 
ဒီႏွစ္သစ္ကူးမိန႔္ခြန္းေတြကို ျပန္ေကာက္ၾကည့္မယ္ဆိုရင္ သမၼတက ကပ္ေဘးမွာ ျပည္သူေတြပါဝင္မႈေၾကာင့္ အထိအခိုက္နည္းခဲ့တာကို ေက်းဇူးတင္ေၾကာင္းဆိုၿပီး လာမယ့္သက္တမ္းမွာ စီးပြားေရးနဲ႔ တရားဥပေဒစိုးမိုးေရးလိုကိစၥေတြမွာ မၿပီးျပတ္ခဲ့ေသးတာေတြ၊ လုပ္ကိုင္ေဆာင္႐ြက္ဆဲ လုပ္ငန္းေတြကို ဆက္လုပ္မွာျဖစ္ၿပီး ျပည္သူကပါဝင္ေပးဖို႔ ေျပာခဲ့ပါတယ္။
 
အတိုင္ပင္ခံကေတာ့ လာမယ့္သက္တမ္းမွာ ျမန္မာႏိုင္ငံသားေတြေနရမယ့္ ႏိုင္ငံပုံစံကို ပုံေဖာ္ေတာ့မယ္ဆိုၿပီး ဒီလိုပုံေဖာ္ရာမွာလိုက္ပါဖို႔ ဝန္ထမ္း ေတြကို စနစ္ေဟာင္း၊ အေတြးေခၚေဟာင္းေတြကို စြန႔္ခြာဖို႔ေျပာခဲ့သလို ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ အဓိကလိုအပ္ေနတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကို အာ႐ုံစိုက္ၿပီး လုပ္ေဆာင္မယ္ဆိုတာကို ေျပာခဲ့တာေတြ႕ရပါတယ္။
 
တပ္ခ်ဳပ္ကေတာ့ သူ႔ႏွစ္သစ္ကူးမိန႔္ခြန္းမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြကို ထာ၀ရၿငိမ္ခ်မ္းေရးျဖစ္ထြန္းလာဖို႔အတြက္ ေဒသနဲ႔ မ်ိဳးဆက္သစ္ကေလးေတြ အက်ိဳးကိုၾကည့္ဖို႔၊ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္စနစ္အတြက္ သြားမယ္ဆိုရင္ NCA လက္မွတ္ထိုးရမယ့္ လမ္းေၾကာင္းကိုေလွ်ာက္ဖို႔၊ သူ႔ဘက္ကလုပ္ရမယ့္ အပစ္ခတ္ရပ္စဲေရးကိုလည္း ျဖစ္ေအာင္လုပ္ေပးမယ္ဆိုတာမ်ိဳး အဓိကေျပာခဲ့တာကို ေတြ႕ရပါတယ္။
 
ဒါေတြကိုၾကည့္ရင္ ႏွစ္သစ္မွာ အေ႐ြ႕ေတြ ဆက္တိုက္ျမင္လာရဖြယ္ရွိေနပါတယ္။ဒီၾကားထဲမွာ အာဏာရပါတီနဲ႔ ၂၀၂၀ အႏိုင္ရပါတီလည္းျဖစ္တဲ့‌ NLD ပါတီဘက္က ေ႐ြးေကာက္ခံရတဲ့သူေတြရဲ႕ ပိုင္ဆိုင္မႈစာရင္းကို ေတာင္းယူေနတာကိုလည္း ထူးထူးျခားျခားေတြ႕ရတဲ့အတြက္ လာဘ္စားမႈနဲ႔အသားက်ေနတဲ့ အခ်ိဳ႕အာဏာပိုင္ေတြ၊ အရာထမ္းအမႈထမ္းေတြအတြက္ သတိထားစရာ အခင္းအက်င္းပါဘဲ။ဒီသတင္းေတြက ေခတ္အဆက္ဆက္ ဝန္ထမ္းဆိုးေတြ၊ အရာထမ္းဆိုးေတြရဲ႕ ျခစားမႈကို ခါးစည္းခံေနရတဲ့ ျပည္သူေတြအတြက္ေတာ့ ေကာင္းတဲ့သတင္းပါဘဲ။ဒါ့အျပင္ စစ္ေဘးဒဏ္ခံေနရတဲ့ ျပည္သူေတြအတြက္လည္း သတင္းေကာင္းပါဘဲ။ႏွစ္သစ္ကူးမိန႔္ခြန္းေတြကို ၿခဳံငုံၿပီး သုံးသပ္ခဲ့မယ္ဆိုရင္ ယခုလာမည့္ႏွစ္က အခ်ိဳးအေကြ႕တစ္ခုျဖစ္လာဖို႔ မ်ားေနသလို အားၿပိဳင္မႈႀကီးႀကီးမားမားလည္း ျမင္ေတြ႕ရဖြယ္ရွိေနတယ္လို႔ ဆိုၾကပါတယ္။အထူးသျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ရာမွာ ဘယ္ေလာက္ထိ တြန္းတိုက္မႈေတြ ျမင္လာရမလဲဆိုတာ အားလုံးစိုးရိမ္ေနတဲ့ကိစၥလည္းျဖစ္ပါတယ္။
 
လက္ရွိ ႏိုင္ငံေရးအေျခအေနအရ အားလုံးလက္ခံထားတာက ႏိုင္ငံေတာ္အတိုင္ပင္ခံ သက္ရွိထင္ရွားရွိၿပီး လုပ္ႏိုင္ကိုင္ႏိုင္တဲ့ လာမည့္ ၅ ႏွစ္အတြင္းမွ ဖြဲ႕စည္းပုံအေျခခံဥပေဒကို မျပင္ႏိုင္ခဲ့ဘူးဆိုရင္ ေနာင္ျပင္ႏိုင္ဖြယ္မျမင္ဘူးလို႔ဆိုတဲ့အတြက္ လာမည့္ႏွစ္ေတြအတြင္း ႏိုင္ငံေရးအတြန္းအတိုက္ေတြ၊ ကစားပြဲေတြ ဘယ္ေလာက္ထိျမင္ရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။
 
သတင္းစာရွင္းလင္းပြဲ ဘယ္ေလာက္ထိ စိတ္ဝင္စားမႈရွိမလဲ
 
ယခုတေလာ မွန္မွန္သတင္းစာရွင္းလင္းပြဲလုပ္ျဖစ္ေနတာက တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲဘဲျဖစ္ပါတယ္။
 
ဒီဇင္ဘာ ၃၀ ရက္က က်င္းပခဲ့တဲ့ သတင္းစာရွင္းလင္းပြဲအၿပီး ေနာက္ရက္ေတြမွာ ရခိုင္လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕ (ေအေအ) ကျပန္ေပးဆြဲခဲ့တဲ့ အာဏာရပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ျပန္လြတ္လာသလို က်န္းမာေရးမေကာင္းတဲ့ တပ္မေတာ္သား ၃ ဦးကိုလည္း ျပန္လႊတ္ေပးခဲ့တာေတြ ဆက္တိုက္ေတြ႕ခဲ့ရပါတယ္။ဒါဟာ သတင္းေကာင္းေတြျဖစ္သလို စိတ္ဝင္စားစရာလည္း ျဖစ္ပါတယ္။
 
ဒီဇင္ဘာ ၃၀ ဗုဒၶဟူးေန႔မွာလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ဘက္က သတင္းမီဒီယာေတြ ေမးတဲ့အေပၚ ျပန္လည္ရွင္းလင္းခဲ့တာေတြ ရွိခဲ့ပါတယ္။ထုံးစံအတိုင္း သတင္းစာရွင္းလင္းပြဲ အေစာပိုင္းမွာ ပစ္ခတ္တိုက္ခိုက္မႈေတြ၊ ကာကြယ္ေရးဦးစီးခ်ဳပ္အေျခစိုက္ရာ ႐ုံးခ်ဳပ္မွာ ကိုဗစ္ကူးစက္မႈေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းခဲ့ပါတယ္။ဒီေနာက္မွာ သတင္းမီဒီယာေတြ ေမးသမွ်ထဲက အခ်ိဳ႕ကိုျပန္ေျဖခဲ့ၿပီး တခ်ိဳ႕ေမးခြန္းေတြကိုေတာ့ ျပန္ေျဖခဲ့ျခင္းမရွိပါဘူး။ေမးသမွ် ေမးခြန္းေတြ အမ်ားစုက သိပ္မထူးဆန္းေပမယ့္ ျပန္ေျဖခဲ့တဲ့အေျဖေတြက စိတ္ဝင္စားဖို႔ေကာင္းသလို ေမးခြန္းမ်ားစြာ ေမးခ်င္စရာျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။
 
ဒီထဲမွာ Facebook စာမ်က္ႏွာေပၚတြင္ တပ္မေတာ္ေခါင္းေဆာင္မ်ားကို ေဝဖန္ေရးသားခဲ့သည့္ တပ္ မေတာ္ေဆးတကၠသိုလ္ေက်ာင္းသားနဲ႔ မိသားစုေတြ ျပန္ေတြ႕ခြင့္မရေသးတာနဲ႔ပတ္သက္ၿပီး မီဒီယာေတြက ေဆးဝန္ထမ္းတပ္ဖြဲ႕ဝင္ေတြ စစ္ေျပးတာနဲ႔ပတ္သက္ၿပီး ေမးခဲ့တာကို ေတြ႕ရပါတယ္။
 
ဒီလိုေမးျမန္းရာမွာ တပ္မေတာ္ေဆးဝန္ထမ္းတပ္ဖြဲ႕မွ အရာရွိအခ်ိဳ႕ စစ္ေျပးမႈနဲ႔ ျပစ္ဒဏ္က်ခံေနရတာ ရွိေၾကာင္း ျပန္ေျဖခဲ့ၿပီး အေရအတြက္ကိုမူ မေျပာခဲ့တာကို ေတြ႕ရပါတယ္။
 
ဒါ့အျပင္ တပ္ဘက္က ဆက္တိုက္ထုတ္ေနတဲ့ ေ႐ြး ေကာက္ပြဲ မဲဆႏၵရွင္စာရင္းႏွင့္ပတ္သက္ၿပီး တပ္ဘက္က မဲဆႏၵရွင္အေနႏွင့္ စစ္ေဆးရာမွာ မွတ္ပုံတင္ကဒ္ကို အဓိကထား စစ္ေဆးခဲ့တာျဖစ္တယ္လို႔ဆိုၿပီး လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒနဲ႔ နည္းဥပေဒမွာ ေပးထားတဲ့ အခြင့္အေရးအရ တပ္မေတာ္သားေတြက မဲဆႏၵရွင္အေနနဲ႔ ေ႐ြးေကာက္ပြဲကန႔္ကြက္လႊာ တင္သြင္းဖို႔ရွိတယ္လို႔ ေျပာခဲ့တာကို ေတြ႕ရပါတယ္။
 
အဆိုပါရက္ပိုင္းမွာဘဲ ေ႐ြးေကာက္ပြဲေကာ္မရွင္က တပ္ဘက္ကထုတ္ျပန္တဲ့ မဲဆႏၵရွင္စာရင္းေတြနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ဒီထဲမွာ တပ္ဘက္ကထုတ္ျပန္ေနတဲ့ စာရင္းေတြက ေ႐ြးေကာက္ပြဲေန႔မွာသုံးတဲ့ စာရင္းေတြ မဟုတ္ဘူးလို႔ ထုတ္ျပန္ခဲ့ကာ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မ်ားကို ပ်က္ျပားေစရန္ႏွင့္ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံသည့္သေဘာ သက္ေရာက္ေစသည့္ သေဘာထားထုတ္ျပန္ခ်က္မ်ား၊ အလားတူေဆာင္႐ြက္ခ်က္မ်ားကို ႏိုင္ငံေရးပါတီမ်ားကျဖစ္ေစ၊ အဖြဲ႕အစည္းမ်ားကျဖစ္ေစ ပါဝင္ေဆာင္႐ြက္ျခင္းမျပဳၾကဖို႔ သတိေပးခဲ့တာကိုလည္း ေတြ႕ရပါတယ္။
 
ဒီရက္ပိုင္းမွာ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီးမွတ္ခ်က္ျပဳေျပာဆိုခဲ့မႈေတြ ရွိခဲ့ပါတယ္။မီဒီယာတစ္ခုနဲ႔ ေတြ႕ဆုံေမးျမန္းမႈမွာ ျပည္သူ႔ပါတီ ဒုဥကၠ႒က ေ႐ြးေကာက္ပြဲျဖစ္စဥ္မ်ားေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ မေျပာင္းႏိုင္ဘူးလို႔ ေျပာခဲ့သလို ေကာ္မရွင္ဘက္ကလည္း ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲက ျပည္တြင္း/ျပည္ပ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူမ်ား၊ ႏိုင္ငံျခားသံ႐ုံးမ်ား၊ ႏိုင္ငံတကာေခါင္းေဆာင္မ်ားနဲ႔ မဲဆႏၵရွင္မ်ားကိုယ္တိုင္ အသိအမွတ္ျပဳထားတဲ့ ေ႐ြးေကာက္ပြဲဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရပါတယ္။ဒါေပမယ့္ အတိုက္အခံပါတီႀကီးရဲ႕ ပါတီဝင္ေတြနဲ႔ ပါတီဝန္းရံတဲ့သူေတြကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆႏၵျပခဲ့ၾကတာကို ယခုရက္သတၱပတ္ထဲမွာလည္း ေမာ္လၿမိဳင္ဘက္မွာလုပ္ခဲ့တာကို ေတြ႕ရပါတယ္။
 
ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ေနာက္ဆုံးထားတင္ရမယ့္ ကန႔္ကြက္လႊာတင္ရမယ့္ ေနာက္ဆုံးရက္က ကုန္ခဲ့ပါၿပီ။ေနာက္ဆုံးသိရတဲ့ စာရင္းေတြအရ ျပည္ခိုင္ၿဖိဳးဘက္က ၂၀၀ ေက်ာ္ တင္ထားတယ္လို႔ သိရၿပီး အာဏာရ NLD ပါတီဘက္က ၅ ခုသာ တင္ထားတယ္လို႔ သိရပါတယ္။လာမယ့္ ဇန္နဝါရီ ၅ ရက္မွာအတိုက္အခံပါတီဘက္က သတင္းစာရွင္းလင္းပြဲတစ္ခု ရန္ကုန္မွာက်င္းပဖို႔ ရွိေနပါတယ္။ေနာက္ထပ္ဘာအခ်က္အလက္ေတြ ထပ္ထြက္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရပါဦးမယ္။
 
ထူးျခားသည့္ မႈခင္းသတင္းမ်ား
 
ယခုရက္ထဲ မႈခင္းဆိုင္ရာ သတင္းအေတာ္မ်ားမ်ားထဲမွာ သတိထားမိေလာက္ေအာင္ ထူးျခားေနတဲ့သတင္းေတြ ရွိခဲ့ပါတယ္။
 
ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလကစခဲ့ၿပီး မူးယစ္ေဆးေတြ ကာလတန္ဖိုး ဘီလ်ံနဲ႔ခ်ီကာ ဆက္တိုက္ဖမ္းမိခဲ့တဲ့ ကေမာၻဇစစ္ဆင္ေရးၿပီးဆုံးေၾကာင္း သတင္းေတြ ေဖာ္ျပခဲ့ပါတယ္။ဒီစစ္ဆင္ေရးက မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားသူေတြကို အထိနာေစခဲ့တဲ့ စစ္ဆင္ေရးျဖစ္သလို ႏိုင္ငံအတြင္း စီးဆင္းေနတဲ့ မူးယစ္ေဆးဝါးထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေနမႈကိုလည္း အေတာ္ေလးတြက္ဆမိေလာက္ေအာင္ ပမာဏႀကီးႀကီးမားမား မိခဲ့တာေတြကို ေတြ႕ရပါတယ္။
 
သတင္းထုတ္ျပန္ခ်က္ေတြအရဆိုရင္ ယခင္မဂၤလာဒုံ ကေမာၻဇဝင္းထဲမွာမိခဲ့တဲ့ ကြန္တိန္နာ ေဘာက္နဲ႔မိတဲ့ စိတ္ႂကြေဆးအမႈက တရားခံကိုလည္း ယခုစစ္ဆင္ေရးအတြင္းမိခဲ့သလို ထြက္ေျပးေနတဲ့ တျခားမူးယစ္တရားခံေျပးအခ်ိဳ႕ကိုလည္း မိခဲ့တာ ေတြ႕ရပါတယ္။ဒါေပမယ့္ သတိထားမိတာတစ္ခုက ဆက္လက္ေဖာ္ထုတ္ေနလို႔ပဲလား၊ တျခားေသာအေၾကာင္းေၾကာင့္ဘဲလားေတာ့မသိဘူး ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးပမာဏ ႀကီးႀကီးမားမားေတြမွာ ယာဥ္ေမာင္းနဲ႔ ေအာက္ေျခက ပါဝင္ပတ္သက္သူေတြကိုသာျမင္ရၿပီး ထိပ္ပိုင္းက ႀကိဳးကိုင္ေဆာင္႐ြက္ေနတဲ့သူေတြကို ေတြ႕ရမႈနည္းတာက အေတာ္ေလးသတိထားမိတဲ့ကိစၥပါဘဲ။ဘာပဲျဖစ္ျဖစ္ ယခုစစ္ဆင္ေရးၿပီးလို သမၼတဆီအစီရင္ခံစာတင္တဲ့အခါ ဒီလိုအမႈႀကီးေတြက ထိပ္ ပိုင္းကႀကိဳးကိုင္ေနသူေတြကို သမၼတဆီတင္ျပရမွာမို႔ အမ်ားျပည္သူ ဘယ္ေလာက္ထိသိခြင့္ရမလဲဆို တာကလည္း စိတ္ဝင္စားဖြယ္ရာပါဘဲ။ဒီမိုကေရစီအရပ္သားအစိုးရလက္ထက္ ဘယ္ေလာက္ထိ ျပည္သူေတြသိေအာင္ ပြင့္လင္းျမင္သာမလဲဆိုတာကလည္း စိတ္ဝင္စားဖြယ္ရာ ေစာင့္ၾကည့္ရမယ့္ကိစၥပါ။
 
ေနာက္ထပ္သတိထားမိစရာျဖစ္ခဲ့တာက ဒီရက္ထဲမွာ မူဆယ္ၿမိဳ႕နယ္ထဲမွာ တ႐ုတ္ႏိုင္ငံသားတစ္ဦး ႀကိဳးတုပ္ကာ ပစ္သတ္ခံထားရတဲ့သတင္း၊ သန္လ်င္မွာ လွည့္ကင္းေဆာင္႐ြက္ေနတဲ့ ရဲကင္းအဖြဲ႕ကို ကားနဲ႔ လူမိုက္အဖြဲ႕က လိုက္တိုက္လို႔ ရဲတပ္ဖြဲ႕ဝင္တစ္ဦးဒဏ္ရာရၿပီး လူမိုက္အဖြဲ႕ထြက္ေျပး လြတ္ေျမာက္ေနတဲ့ သတင္းေတြပါဘဲ။ဒါေတြက တရားဥပေဒစိုးမိုးေရးကို စိန္ေခၚေနတဲ့ မႈခင္းျဖစ္ရပ္ ေတြျဖစ္သလို ရင္ေလးစရာအေျခအေနပါ။မၾကာခင္က လႈိင္သာယာမွာ လူမိုက္ဂိုဏ္းေတြႀကီးစိုးလို႔ သမၼတဆီစာတင္မယ္ဆိုၿပီး လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးေျပာခဲ့လို႔ အံ့ဩခဲ့ရတဲ့ ရန္ကုန္ေဒသခံေတြအဖို႔ ယခု သန္လ်င္မွာ ရဲတပ္ဖြဲ႕ေတြကိုေတာင္ရန္ရွာတဲ့အထိ ျဖစ္ခဲ့တာေတြ ဆက္ျဖစ္လာတာေတြ႕ရတဲ့အတြက္ တရားဥပေဒစိုးမိုးေရးက လာမယ့္ႏွစ္ေတြမွာ အစိုးရအတြက္၊ ျပည္ထဲေရးအတြက္ မျဖစ္ေနကိုင္တြယ္ရမယ့္ အဓိကစိန္ေခၚမႈ ျဖစ္လာႏိုင္စရာရွိပါတယ္။ဒါကို ဘယ္လိုကိုင္တြယ္မလဲဆို တာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။
 
ယခုရက္သတၱပတ္မွာ ဒီလိုသတင္းေတြအျပင္ ထူးျခားတဲ့သတင္းအခ်ိဳ႕လည္း ရွိခဲ့ပါတယ္။က်ိဳက္လတ္ေဒသမွာ ထိုင္း PTTEP ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ေဆာင္႐ြက္မည့္ Integrated Domestic Gas to Power Project အတြက္ Notice to Proceed ကို ျမန္မာအစိုးရက ေပးခဲ့တဲ့သတင္း၊ ျမန္မာႏိုင္ငံမွ ေပးဆပ္ရန္ရွိသည့္ ေႂကြးၿမီမ်ားကို ျပင္သစ္၊ ဂ်ာမနီႏွင့္ တ႐ုတ္တို႔ စတင္ဆိုင္းငံ့ေပးခဲ့တဲ့သတင္း၊ကရင္ျပည္နယ္ ဖာပြန္ရွိ တပ္စခန္းေတြ ႐ုပ္သိမ္းေပးေရး ေဒသခံအမ်ားအျပားက ဆႏၵထုတ္ေဖာ္ခဲဲ့ၾကတဲ့ သတင္း၊ မုန္တိုင္းဒဏ္သင့္ ဖိလစ္ပိုင္ျပည္သူမ်ားကို ျမန္မာအစိုးရက ဆန္တန္ခ်ိန္ ၂၀၀ ေပးပို႔လႉဒါန္းကူညီမယ့္သတင္း၊ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလအတြင္း ေရာက္ရွိလာဖြယ္ရွိတဲ့သတင္း၊ တ႐ုတ္ႏိုင္ငံတြင္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသား ၅၀၀၀ ဝန္းက်င္ကို တ႐ုတ္ႏိုင္ငံက ျပန္လႊဲေပးခဲ့တဲ့သတင္း၊ က်ပ္သိန္းတစ္ေသာင္းခြဲ ပထမဆုံးဆုရွင္ ေနျပည္ေတာ္ ေအးေမတၱာစံပရဟိတ ေတာင္နီေလးေက်ာင္းတိုက္ ဆရာေတာ္ မုဒိမ္းမႈျဖင့္ အမႈဖြင့္ခံရတဲ့သတင္း၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ အမ်ိဳးသားျပန္ လည္သန္စြမ္းေရး ေဆး႐ုံဝန္းအတြင္းထားရွိတဲ့ HPV သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆးပုလင္းေပါင္း သိန္း (၃၀၀) ေက်ာ္ဖိုး အခိုးခံရတဲ့သတင္း၊ စတဲ့သတင္းေတြကလည္း ယခုရက္ထဲမွာ သတိထားမိခဲ့စရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခု ရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။
 
ခက္ထန္စိုး
ဇန္နဝါရီ - ၄