【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ထမင်းငတ်တဲ့ ပြည်သူနဲ့ ခြိမ်းခြောက်ခံရတဲ့ သတင်းမီဒီယာတွေ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ထမင်းငတ်တဲ့ ပြည်သူနဲ့ ခြိမ်းခြောက်ခံရတဲ့ သတင်းမီဒီယာတွေ

ယခုတစ်ပတ် သတင်းတွေထဲမှာ ပြည်တွင်း သတင်းမီဒီယာတွေကို မိုင်းနဲ့ခွဲမယ်လို့ ခြိမ်းခြောက်စာပို့တဲ့ သတင်းက ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။ဒါဟာ သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို ဘယ်ခေတ်တုန်းကမှ ဒီလိုဖြစ်ခဲ့တာလည်း မရှိခဲ့ပါဘူး။ဒီသတင်းက ပြည်သူတွေအတွက် ထိတ်လန့်စရာဖြစ်ခဲ့သလို သတင်းသမားတွေအတွက်လည်း ခံပြင်းစရာ သတင်းပါ။

ဒီလိုသတင်းတွေအပြင် နိုင်ငံတော်အတိုင်ပင်ခံရဲ့ မွန်ပြည်နယ်ခရီးစဉ်မှာ ပြည်သူတစ်ဦးက ထမင်းငတ်နေပြီလို့ အော်ပြောခဲ့တာ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စော်ကားပြောဆိုသူ မကွေးမြို့က လူတစ်ဦးကို တိုင်ကြားတာ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဒါရိုက်တာတစ်ဦးနဲ့ အပေါင်းပါ နှစ်ဦးကို အစိုးရဝန်ထမ်းတွေ အဂတိလိုက်စားမှု ကျူးလွန်တယ်ဆိုပြီး မမှန်မကန်တိုင်ကြားလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူခဲ့တာ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ တပ်မတော်၌ လုံးဝမကျန်ရှိစေရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာ၊ ရန်ကုန် စည်ပင်ရွေးကောက်ပွဲမှာ အာဏာရပါတီက ဝင်ရွေးတဲ့သူအများစု အနိုင်ရသွားတာ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရား ခေါင်းဆောင်အဖြစ် အမေရိကန်နိုင်ငံသား နီကိုးလပ်စ်ကုမ်ဂျီအန် ကို ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်က ခန့်အပ်လိုက်တာ စတဲ့ သတိထားစရာ သတင်းတွေလည်း ဒီတစ်ပတ်မှာ ဖြစ်ခဲ့ပါတယ်။

ထမင်းငတ်နေတာ သိသွားတဲ့ အကြီးအကဲတွေ

ယခုတစ်ပတ် သတင်းတွေထဲမှာ သတိထားမိတာက စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်ကို ရောက်လာတဲ့  သမ္မတ ဦးဝင်းမြင့် က ရန်ကုန်မှာ အကောင်အထည်ဖာ်နေတဲ့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို လေ့လာခဲ့တဲ့ သတင်းတွေနဲ့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ ပြည်သူတွေနဲ့ အောက်ခြေထိ ဆင်းတွေ့ဆုံနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ပြည်သူတစ်ဦးက သူတို့ထမင်းငတ်နေပါပြီလို့ ပြောခဲ့တဲ့ သတင်းပါဘဲ။

မတ် ၃၁ ရက်မှာ ကျင်းပမယ့် ရန်ကုန် စည်ပင်ရွေးကောက်ပွဲကို မဲပေးဖို့ နေပြည်တော်ကနေ လာရောက်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မြန်မာ့မီးရထား သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် အကြီးစားအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေတာကို လာကြည့်ရှုတာဖြစ်ပြီး ရန်ကုန်ဘူတာကြီးနဲ့ အင်းစိန်ဘူတာကြား ပြင်ဆင်နေတာကို ကြည့်ရှုခဲ့ပါတယ်။

ဒီခရီးစဉ်ထဲမှာ အင်းစိန်မြို့နယ်ထဲက မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံကို သွားရောက်လေ့လာခဲ့သလို သာကေတမြို့နယ်၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကိုလည်း သွားရောက်ခဲ့တာကို တွေ့ရပါတယ်။သမ္မတလာရောက်မယ့် မတိုင်ခင် ထုံးစံအတိုင်း အာဏာပိုင်တွေဘက်က တက်သုတ်ရိုက် ပြင်ဆင်ဖာထေးတာတွေ ရှိခဲ့ပါတယ်။သမ္မတခရီးစဉ်အတွင်း ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ ပါသလို ရန်ကုန်တိုင်း ဝန်ကြီးချုပ်လည်း လိုက်ပါခဲ့တာကို တွေ့ရပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ ထိပ်ပိုင်းက အကြီးအကဲတွေ အလုပ်လုပ်တာကို တွေ့ရပြီး နိုင်ငံတော်အတိုင်ပင်ခံက နိုင်ငံတစ်ဝန်းလှည့်ကာ ပြည်သူတွေနဲ့ တွေ့ဆုံပြီး  ပြည်သူတွေ တင်ပြတဲ့ နစ်နာမှုတွေကို ကြားနာဖြေရှင်းပေးသလို အာဏာပိုင်တွေဘက်က လစ်ဟာမှုတွေကိုလည်း သတိပေးမှုတွေရှိခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံရဲ့ နှစ်ရက်ကြာ ဧရာဝတီတိုင်း ခရီးစဉ်အတွင်း ဧပြီ ၁ ရက်တွင် မြောင်းမြတံတားဖွင့်ပွဲသို့ တက်ရောက် ကာ  ကျောင်းကုန်းမြို့နှင့် ပုသိမ်မြို့တို့၌ လူထုနှင့် တွေ့ဆုံခဲ့ပြီး ဧပြီ ၂ ရက်တွင် အိမ်မဲ၊ ပန်းတနော်၊ မအူပင်နှင့် ညောင်တုန်း၌ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မအူပင်မြို့သို့ ရောက်ရှိစဉ်  ဒေသခံပြည်သူများက ‘‘အမေ့ကို ဌာနဆိုင်ရာတွေ ဝိုင်းလိမ်နေတယ်’’ ဟုလည်း အော်ဟစ်တိုင်ကြားခဲ့ကြပါတယ်။နှစ်ရက်ကြာ ဧရာဝတီတိုင်း ခရီးစဉ်အတွင်း သိမ်းဆည်းခံ လယ်ယာမြေကိစ္စကို အများဆုံးတင်ပြခဲ့ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ‘‘အမြန်ဆုံးပြီးပြတ်အောင် လုပ်ပါမယ်လို့” လို့ ပြောခဲ့ပါတယ်။

ခရီးစဉ်တစ်လျှောက် တိုင်းဒေသကြီးအစိုးရကို ပြည်သူနှင့် နီးကပ်စွာ အလုပ်လုပ်ရန်နှင့် တာဝန်ကျေရန် လိုအပ်ကြောင်း လမ်းညွှန်ခဲ့သလို အလားတူ ပြည်သူများကလည်း အစိုးရနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။အိမ်မဲခရီးစဉ်အတွင်း ပြည်သူတစ်ဦးက ရဲတပ်ဖွဲ့ဝင်များ၏ အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦး တင်ပြချက်ကို နားထောင်ခဲ့ကာ ‘‘အခုလက်ရှိ ရဲတွေလုပ်ပုံကိုင်ပုံမကြိုက်ရင် ကိုယ်ကိုယ်တိုင် ဝင်ပြီးတော့ ဒီရဲတပ်ဖွဲ့ ပိုပြီးတော့ သန့်ရှင်းအောင်၊ ခိုင်မာအောင် ပိုပြီးတော့ ထိရောက်အောင် ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးစေချင်တယ်။အားလုံးဟာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူပြီးတော့ လုပ်ပေးစေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ထို့ပြင် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ  ကချင်၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကရင်၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း ပြည်သူလူထုဆီမှ တင်ပြသည့် များပြားသည့် တိုင်ကြားစာများကို တစ်ခုချင်းစိစစ်ဖတ်ရှုပြီး အကြောင်းပြန်မှုများ ပြုလုပ်နေကာ တရားဥပဒေနှင့်အညီ မျှတစွာဖြစ်စေရေး ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း အဆိုပါခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

မြောင်းမြတံတားဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထုအား ပျက်ကျခဲ့သည့် တံတားနှင့် ပတ်သက်ကာ ပေးထားသည့် ကတိအတိုင်း အစိုးရအနေဖြင့် တည်အောင် ကြိုးစားလုပ်ဆောင်ပေးနိုင်ခဲ့တယ်ဆိုတာကိုပါ ပြောခဲ့ပါတယ်။ဒါ့အပြင် ပြည်သူများအနေဖြင့် မှန်ကန်သည့် အဖွဲ့အ စည်း၊ ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက်ရမည် ဖြစ်ကြောင်းကိုပါ ပြောခဲ့တာ တွေ့ရပါတယ်။

မွန်ပြည်နယ်ခရီးစဉ်အတွင်း  ဧပြီ ၄ ရက်က ပြည်နယ်ခန်းမမှာ  မွန်ပြည်သူလူထုနှင့် တွေ့ဆုံစဉ်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူတစ်ဦးက ထမင်းငတ်နေကြောင်း ခရီးစဉ်အတွင်း အော်ဟစ်တင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထမင်းငတ်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတာပဲ။
ကိုယ် နိစ္စဓူဝစားမယ့် ထမင်းတစ်နပ်က ဘယ်ကလာမလဲဆိုတာကို ပူပင်သောက ဖြစ်နေရတယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးသင့်သလောက် တိုးတက်ဖွံ့ဖြိုးမှု မရှိဘူးဆိုတာ ဖော်ပြနေတာ ဖြစ်ပါတယ်’’ လို့ ပြောခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ဧရာဝတီခရီးစဉ်အတွင်း ပြည်သူများနှင့် ယုံကြည်မှုကို ယခင်ကထက် ပိုမိုတည်ဆောက်နိုင်ခဲ့တာကို တွေ့ရသလို ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တာကို ယခုခရီးစဉ်မှာ တွေ့ခဲ့ရပါတယ်။ပြည်ထောင်စုဝန်ကြီးများပါ တစ်ပါတည်း ပါလာခဲ့သည့်အတွက် ဌာနဆိုင်ရာ ပြဿနာများကို တစ်ထိုင်တည်း ဖြေရှင်းပေးခဲ့သည်ကိုလည်း တွေ့ခဲ့ရပါတယ်။နိုင်ငံတော်ထိပ်ပိုင်းအဆင့် အကြီးအကဲများ အောက်ခြေဆင်းကာ စစ်ဆေးခြင်းက မြန်မာနိုင်ငံရေးသမိုင်းတွင် ထူးခြားသည့် အခင်းအကျင်းဖြစ်သလို အမြစ်တွယ်နေသည့် ကြိုးနီစနစ်၏ ရေသောက်မြစ်ကို မည်မျှဖယ်သတ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းက ဧပြီ နောက်ဆုံးအပတ် ဘေဂျင်းမှာ ပြုလုပ်ဖို့ရှိတဲ့ ဒုတိယအကြိမ် Belt and Road Forum တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားထားတဲ့ သတင်း၊ ရွှေတိဂုံစေတီတော် စိန်ဖူးတော်မှာ  စိန်တွေကွာကျနေတာ အပါအဝင် ပြင်ဆင်ဖို့လိုတဲ့ အချက်ခုနစ်ချက်အတွက် ရွှေတိဂုံစေတီတော်ကို ငြမ်းဆင်ပြီး ပြုပြင်မယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဧပြီ ၁ ရက်က သတင်းထုတ်ပြန်ခဲ့တဲ့ သတင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ဧပြီ ၁ ရက်က  မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဖွဲ့စည်းခဲ့တဲ့ သတင်းတွေနဲ့ ဖြစ်ခဲ့ပေမယ့် ပြည်သူတစ်ဦး ထမင်းငတ်နေကြောင်း တင်ပြမှုကို အရေးတယူလုပ် စဉ်းစားပေးခဲ့တဲ့ သတင်းက ယခုတစ်ပတ် သတင်းတွေထဲမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

မီဒီယာတွေကို ထိန်းချုပ်ဖို့ကြိုးစားလာတဲ့ ရခိုင်ပြဿနာ

တိုက်ပွဲကာလ ကြာရှည်လာပြီဖြစ်တဲ့ ရခိုင်မြောက်ပိုင်း ပြဿနာဟာ ပြည်တွင်းပြည်ပကြား သတိထားစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြားမှာ အထိနာနေတာက ဒေသခံပြည်သူတွေပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေပါ ထိခိုက်လာခဲ့ပါတယ်။AA အနေနဲ့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနည်းတူ မထောက်ခံသူတွေကို  သတ်ဖြတ်တာ၊ ဒေသတွင်း လုပ်ဆောင်နေတဲ့ ဒေသဖွံ့ဖြိုးရေး အလုပ်တွေကို ဖျက်ဆီးနှောင့်ယှက်တာတွေ လုပ်လာပြီ ဖြစ်ပါတယ်။

မကြာမီက ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲ ကုလားတန် ဘက်စုံသုံးစီမံကိန်းရဲ့ လမ်းတည်ဆောက်ရေး လုပ်ကိုင်နေတဲ့ ဆုထူးစံ ကုမ္ပဏီမှ ဝန်ထမ်းအချို့ကို AA အဖွဲ့က ဖမ်းဆီးပြီး ကုမ္ပဏီပိုင် စက်ယန္တရားအချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ဆုထူးစံ ကုမ္ပဏီဝန်ထမ်း ၁၃ ဦးကို ဖမ်းဆီးချုပ်နှောင်ပြီး ဝန်ထမ်းငါးဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို တပ်မတော်ဘက်က ထောက်လှမ်းရေးတွေဆိုပြီး ဆက်ဖမ်းထားခဲ့ပါတယ်။ဒီလို ရခိုင်လက်နက်ကိုင်တွေဘက်က ထုတ်ပြန်မှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးဘက်က အဆိုပါ ပြောကြားမှုအပေါ် ငြင်းဆန်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး စေလွှတ်ရတဲ့ နေရာတွေမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရေးသားနေတဲ့ ပြည်တွင်းသတင်းမီဒီယာတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ပတ်သက်ပြီး မကောင်းရေးရင် မိုင်းခွဲတိုက်ခိုက်မယ်လို့ ဂျီမေးလ်ကနေ စာတွေနဲ့ ပေးပို့လာခဲ့ပါတယ်။စာတွေကို စာများသည် ဧပြီ ၁ ရက် ညနှင့် ဧပြီ ၂ ရက် နေ့လယ်တွေမှာ အကြမ်းဖျင်းအားဖြင့် [email protected]နှင့် [email protected] လိပ်စာတွေသုံးပြီး အီးမေးလ်၊ ဖေ့စ်ဘွတ်ကနေ ရခိုင်သူချေ၊ ရခိုင်မေ အကောင့်တွေကနေ ပေးလာခဲ့တာပါ။ဒါဟာ ပြည်တွင်းလက်နက်ကိုင် သမိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကဘက်က မီဒီယာကို တိုက်ခိုက်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တာ ပထမဆုံးဖြစ်ပြီး ယခုပုံစံမျိုးက အစ္စလာမ် အစွန်းရောက်အဖွဲ့တွေက သတင်းမီဒီယာတွေကို ခြိမ်းခြောက်သတ်ဖြတ်တဲ့ ပုံစံမျိုးနဲ့ တူနေခဲ့ပါတယ်။

စာထဲမှာ AA ကို သောင်းကျန်းသူအဖွဲ့လို့် ရေးသားတဲ့ မီဒီယာတွေကို စာရင်းလုပ်ထားပြီး ယင်းမီဒီယာတွေက သတင်းထောက်တွေ အသက်ကို အာမ မခံကြောင်း၊ AA နှင့် ပတ်သက်ပြီး မဟုတ်မမှန်ဖော်ပြနေတာတွေ ရပ်တန်းကမရပ်ရင်  သတင်းဌာနတွေ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရပြီး သတင်းစာတိုက်ကို မိုင်းခွဲတိုက်ခိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ရခိုင်လက်နက်ကိုင်ဘက်က ယခုလုပ်ရပ်ဟာ  တိုက်ပွဲတွေကြားမှာ ဘက်မလိုက်ရပ်တည်နေတဲ့ မီဒီယာတွေကို သိသိသာသာခြိမ်းခြောက်တဲ့ လုပ်ရပ်ပါဘဲ။

ဒီလို AA နှင့် ပတ်သက်ပြီး ရေးတဲ့ ပြည်တွင်းသတင်းမီဒီယာတွေကို ခြိမ်းခြောက်စာပို့ပြီး နောက်တစ်ရက် ဧပြီ ၃ ရက် နံနက် မှာ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group ထံကို မျိုးချစ်တပ်မတော်သားများအဖွဲ့၊ မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုးသူများ အမည်ကို အသုံးပြုကာ ခြိမ်းခြောက်စာများ ပေးပို့ခဲ့တာတွေ ရှိခဲ့ပြန်ပါတယ်။

ဒါပေမယ့် ဒီလိုသတင်းဌာနတွေကို စာတွေပို့တာ ခြိမ်းခြောက်တာတွေက ရခိုင်လက်နက်ကိုင် AA ဘက်က သူတို့လုပ်တာမဟုတ်ဘူးလို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က ပြောခဲ့သလို တပ်မတော်အနေဖြင့် သတင်းမီဒီယာများအား ခြိမ်းခြောက်စာပေးပို့မှု လုပ်ဆောင်ခြင်းမရှိကြောင်း ခိုင်မာစွာ အာမခံသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြနေမှုတွေအပေါ် အီးမေးလ်နဲ့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာတွေကနေတဆင့် သတင်းဌာနတွေကို ခြိမ်းခြောက်တာတွေ လုပ်ဆောင်တာ မရှိဘူးလို့ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA နှစ်ဖက်စလုံးက ငြင်းချက်ထုတ်ခဲ့တဲ့ သဘောပါ။ဒါပေမယ့် မီဒီယာဆိုတာ အမြဲတမ်းခံရဘက်က ဖြစ်လေ့ရှိတာမို့ ဒီလိုခြိမ်းခြောက်ခံရမှုအပေါ် သတိကြီးကြီးထားဖို့ လိုနေပါတယ်။

ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ခြင်းမရှိတဲ့ သတင်းတွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဘက်မှာ ရခိုင်လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြားတိုက်ပွဲတွေက ပိုပြင်းထန်လာနေပါတယ်။ဒါကြောင့် ဧပြီ ၂ ရက်ကစ၍ ညမထွက်ရအမိန့် (ပုဒ်မ - ၁၄၄) ကို တိုက်ပွဲဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြား မြို့နယ်တွေမှာ ထုတ်ပြန်ခဲ့ပါတယ်။ဒီလို ထုတ်ပြန်ခဲ့တဲ့အတွက် ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ် ၇ မြို့နယ်အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒီလိုဖြစ်နေတဲ့အတွက် သွားရေလာရေးခက်နေသလို ကားလမ်းခရီးမှာ တိုက်ပွဲတွေဖြစ်လို့ အများစုက ရေလမ်းနဲ့သာ သွားရောက်မှုများပြားခဲ့ပါတယ်။အမေရိကန်သံရုံးကတော့ သူ့နိုင်ငံသားတွေအတွက် မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်ကို ခရီးသွားလာရန်မသင့်တဲ့ နေရာဒေသ အဆင့် (၄) အဖြစ် သတ်မှတ်ကြောင်းကို မတ် ၂၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲတွေ ပြင်းထန်လာမှုနဲ့အတူ စစ်ဘေးရှောင် အရေအတွက်ကလည်း တိုးလာတဲ့အတွက်  ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP) ဒု-ဥက္ကဋ္ဌ ခိုင်စိုး နိုင်အောင် က အရပ်သားတွေ ထိခိုက်မှုမရှိအောင် ရှောင်ရှားပေးဖို့ နှစ်ဘက်စလုံးကို မေတ္တာရပ်ခံခဲ့ရပါတယ်။ရခိုင်တိုက်ပွဲ အခြေအနေတွေကြောင့်  ရခိုင်ဒေသနဲ့ဝေးတဲ့ ရန်ကုန်မှာ ကျင်းပဖို့ရှိတဲ့ ဒီနှစ်  ရခိုင်ရိုးရာသြင်္ကန်ကို မကျင်းပဖြစ်တော့ပါဘူး။

ရခိုင်တိုက်ပွဲက ပိုကျယ်ပြန့်လာလေ ဒေသတွင်း လူမှုရေးပြဿနာတွေ၊ စီးပွားရေးနဲ့ လက်နက်ကိုင်ပဋိပက္ခ ပိုပြင်းထန်လာသလို ဒေသခံတွေရဲ့ နေထိုင်မှုနဲ့ စားဝတ်နေရေးမှာပါ အတိဒုက္ခက ပိုလာဖွယ်ရှိလာပါတယ်။ဒီဒေသမှာ သတင်းမှန်ကိုရဖို့ ခက်ခဲသလို နှစ်ဖက်စလုံးက ထုြတ်ပန်မှုတွေအပေါ်မှာ ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် မြေပြင်သတင်းမှန်ထွက်လာရင် တစ်ဖက်ဖက်က သတင်းက အမှားဆိုတာ ဖြစ်လာဖွယ်ရှိတဲ့အတွက် ရခိုင်မြောက်ပိုင်းက ဒေသခံသတင်းထောက်တွေနဲ့ ရန်ကုန်အခြေစိုက် သတင်းသမားတွေ သတင်းလာမယူဝံ့အောင် ခြိမ်းခြောက်တဲ့ သဘောပါဘဲ။ဒါကိုကောက်ချက်ချရင် ဒီဒေသမှာ တိုက်ပွဲတွေကြောင့် နစ်နာမှုတွေ ထိခိုက်သေဆုံးမှုတွေ ဘယ်လောက်ထိ ဖြစ်နေသလဲဆိုတာ သတင်းသမားတွေရဲ့ သိလိုစိတ်ကို နှိုးဆွပေးတဲ့အတွက် မကြာခင်မှာ ပကတိသတင်းအခြေအနေက အကြောက်တရားအောက်ကနေ ပေါ်ထွက်လာဖို့ များပါတယ်။

တိုင်းရင်းသားဒေသတွေထဲက ရခိုင်သတင်းတွေက စိတ်ဝင်စားစရာကောင်းနေပေမယ့် တခြားသတင်းတွေလည်း ရှိနေသေးပါတယ်။တပ်မတော်ဘက်က တစ်ဖက်သတ် အပစ်ရပ်ကြေညာပြီးနောက် ထူးခြားမှုကို ပြန်ကြည့်တဲ့ အခါ သိပ်အရွေ့မဖြစ်တာကို တွေ့ရပါတယ်။တစ်ဖက်သတ် အပစ်ရပ်ကြေညာပြီး သုံးလကျော်အတွင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် နေပြည်တော်တို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၃) ကြိမ်သာ လုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ဒါပေမယ့် ဧပြီလအတွင်း သြင်္ကန်ကာလနောက်ပိုင်းမှာ အစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ ရှိနေပါတယ်။

စော်ကားပြီးရင် အရူးကွက်နင်းလို့ရသလား

ယခုတစ်ပတ် သတင်းတွေထဲမှာ သတိထားစရာဆိုတာထက် လက်မခံနိုင်စရာ သတင်းတစ်ခုက အများပြည်သူကို စိတ်ညှိုးနွမ်းစေခဲ့ပါတယ်။ဒီသတင်းက မကွေးမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။

မတ်လ ၂၉ ရက်က မကွေးမြို့နေ ဦးသူရစိုး ဆိုတဲ့ သူပိုင်တဲ့ Thuya Soe အမည်ရှိ အကောင့်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့် ‘‘စာတွေများစွာ ဖတ်ခဲ့တယ်။အောင်ဆန်းသမိုင်း မှားနေတယ်။အောင်ဆန်းအကြောင်း ဆွေးနွေးလိုရင် လာပါ...’’ ဟု လည်းကောင်း ‘‘အောင်ဆန်းသမိုင်း လေ့လာထားတယ်။အောင်ဆန်း စစ်တိုက်ဖူးပါသလား’’ လို့ စသဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်စော်ကားတဲ့ အရေးအသားများကို ဖော်ပြခဲ့ပါတယ်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဦးသူရစိုး နှင့် ဇနီး၏ လွှဲအပ်ချက်အရဆိုပြီး ဧပြီ ၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှာ Thuya Soe အကောင့် Hack ခံရပြီး မသမာသူများက ခိုးယူသုံးစွဲနေကြကြောင်း၊ ဦးသူရစိုး နှင့် မိသားစုသည် ထိုသို့ ရေးသားဖော် ပြခြင်း လုံးဝ (လုံးဝ) မရှိခဲ့ကြောင်းနှင့် ယင်းအကောင့်ကို ဆက်လက်သုံးစွဲခြင်း မရှိတော့ကြောင်း ဖော်ပြရှင်းလင်းခဲ့ကာ ဦးသူရစိုး နှင့် ဇနီးတို့၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသဖြင့် ထိုသို့ရေးသားဖော်ပြသူအား ရှာဖွေစုံစမ်း၍ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီလိုလူမှုကွန်ရက်ကနေ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်စော်ကားခဲ့လို့ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမိုး က Thuya Soe အမည်ရှိ အကောင့်ပိုင်ရှင်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ မကွေးမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

ဒီရက်ထဲမှာဘဲ Khine Lwin အကောင့်ကိုသုံးပြီး ထားဝယ်တက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဆရာမတစ်ဦးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဂုဏ်သိက္ခာထိခိုက်စေမဲ့ ရင့်သီးရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ စော်ကားရေးသားထားတဲ့ စာ၊ ဓာတ်ပုံဖိုင်တွေကို လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။ဒါပေမယ့် ပိုစ့်တင်သူကို သေသေချာချာအရေးယူဖို့ နောက်ကြောင်းလိုက်တဲ့အခါ  စိတ်မနှံ့သူဆိုတဲ့ ထွက်ပေါက်နဲ့ ရုန်းထွက်ဖို့ လုပ်လာတာကို တွေ့ရပါတယ်။အဆိုပါ ကထိကဆိုသူ အမျိုးသမီးဖြစ်သူက စိတ်မူမမှန်သည့် လက္ခဏာရှိလို့ ဆေးကုသနေရတယ်ဆိုတာကို  သက်ဆိုင်ရာ ထားဝယ်တက္ကသိုလ် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။တက္ကသိုလ်တစ်ခုက ကထိကတစ်ဦးဟာ စိတ်မူမမှန်ဖြစ်နေတာကို အနားမပေးခဲ့တာက လူမှုကွန်ရက်မှာ ထောက်ပြဝေဖန်စရာဖြစ်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထိခိုက်စော်ကား အန္တရာယ်ပြုသူတိုင်း စိတ်မနှံ့သူဆိုတဲ့ အကြောင်းပြချက်တွေ ဆေးလက်မှတ်တွေ ရှိနေတာကို ထူးခြားမှုဘဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ မကြာခဏဆိုသလို ခေါင်းဆောင်တွေကို ပုဂ္ဂိုလ်ရေး ပုတ်ခတ်စော်ကားမှုတွေ လူမှုကွန်ရက်ကနေ မကြာခဏလုပ်လာတဲ့အထိ ဖြစ်လာတာဟာ အတော်လေးစိတ်ပျက်စရာပါ။အထူးသဖြင့် သေသူ အုတ်ဂူပေါ် တံတွေးထွေးသည့် အောက်တန်းကျသော အပြုအမူမျိုးဖြစ်တဲ့ လောကတွင် မရှိတော့သည့်သူများ၊ မတုံ့ပြန်နိုင်သည့်သူများကို ညစ်ညမ်းအပုတ်ချပြောဆိုမှုများက ပြောဆိုသူရဲ့ ကိုယ်ကျင့်တရား ဘယ်လောက်အောက်တန်းကျနေသလဲ ဆိုတာကို မိမိကိုယ်ကို မိမိမမြင်နိုင်လောက်အောင်ပင်။

ဒီလိုဖြစ်ရပ်တွေက မည်မျှ ရာထူးအာဏာပါဝါ စည်းစိမ်ဥစ္စာရှိပါစေ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရား နိမ့်ကျမှုကို မဖုံးနိုင်သည်က ယခုလိုဖြစ်ရပ်တွေကိုကြည့်လျှင် ထိုသူတွေ၏ လာရာနှင့် လားရာကို ထင်ထင်ရှားရှား သိနိုင်ပေသည်။

ဒီလိုယုတ်ညံ့သော ဖြစ်ရပ်သတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့သည့်  ထိုင်းရွေးကောက်ပွဲကော်မရှင် ဆန့်ကျင်ဆန္ဒပြပွဲသွားသည့် ထိုင်းရဲတပ်ဖွဲ့ တံဆိပ်သုံးထားတဲ့ ကားတွင် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ မင်းကွန်းကနေ မန္တလေးကို သွားတဲ့ ဧရာဝတီမြစ်သွား လမင်းသာမော်တော်ပေါ်ကနေ အသက် (၃၀) အမျိုးသမီးက (၁၀) နှစ်အရွယ် သားနဲ့အတူ ရေထဲခုန်ချသတ်သေလို့ ဝိုင်းကယ်ဆယ်ရတဲ့ သတင်း၊ မိုးကုတ်မှာ သက်တမ်းကုန် ကျောက်မျက်ကုမ္ပဏီနဲ့ ဒေသခံကျောက်ရှာသူတွေ ပဋိပက္ခဖြစ်ပြီး ကုမ္ပဏီပိုင်အဆောက်အဦးနဲ့ ယာဉ်တွေ မီးတင်ရှို့ခံရတဲ့ သတင်း၊ လက်နက်တွေနဲ့ မိတဲ့ ဖြိုးကိုကိုတင့်ဆန်း အမှုမှာ အမှုပယ်ဖျက်ပေးဖို့ တရားခံဘက်က လျှောက်ထားမှုကို ပယ်ချလိုက်တဲ့ သတင်း၊ တပ်မတော်က ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို တရားရုံးက အာမခံပေးလိုက်တဲ့ သတင်း၊ ကျောက်ဖြူမှာ ဘုန်းကြီးပျံပွဲ လုံခြုံရေးစောင့်နေတဲ့  ရဲတစ်ဦးကို  ဒေသခံတွေက သေနတ်ပစ်ဖောက်တယ်ဆိုပြီး ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ သတင်းတွေထဲ ပုဂ္ဂိုလ်ရေးစော်ကားမှု သတင်းတွေက အများပြည်သူ စောင့်ကြည့်စရာ သတင်းတွေဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဧပြီ - ၅

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ ျပည္တြင္း သတင္းမီဒီယာေတြကို မိုင္းနဲ႔ခြဲမယ္လို႔ ၿခိမ္းေျခာက္စာပို႔တဲ့ သတင္းက ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။ဒါဟာ သတင္းလြတ္လပ္ခြင့္ကို တိုက္႐ိုက္ၿခိမ္းေျခာက္တာျဖစ္သလို ဘယ္ေခတ္တုန္းကမွ ဒီလိုျဖစ္ခဲ့တာလည္း မရွိခဲ့ပါဘူး။ဒီသတင္းက ျပည္သူေတြအတြက္ ထိတ္လန႔္စရာျဖစ္ခဲ့သလို သတင္းသမားေတြအတြက္လည္း ခံျပင္းစရာ သတင္းပါ။

ဒီလိုသတင္းေတြအျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ မြန္ျပည္နယ္ခရီးစဥ္မွာ ျပည္သူတစ္ဦးက ထမင္းငတ္ေနၿပီလို႔ ေအာ္ေျပာခဲ့တာ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္း ေစာ္ကားေျပာဆိုသူ မေကြးၿမိဳ႕က လူတစ္ဦးကို တိုင္ၾကားတာ၊ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီ ဒါ႐ိုက္တာတစ္ဦးနဲ႔ အေပါင္းပါ ႏွစ္ဦးကို အစိုးရဝန္ထမ္းေတြ အဂတိလိုက္စားမႈ က်ဴးလြန္တယ္ဆိုၿပီး မမွန္မကန္တိုင္ၾကားလို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အမႈဖြင့္အေရးယူခဲ့တာ၊ အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ား တပ္မေတာ္၌ လုံးဝမက်န္ရွိေစရန္ ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ခဲ့တာ၊ ရန္ကုန္ စည္ပင္ေ႐ြးေကာက္ပြဲမွာ အာဏာရပါတီက ဝင္ေ႐ြးတဲ့သူအမ်ားစု အႏိုင္ရသြားတာ၊ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္သည့္ စုံစမ္းစစ္ေဆးေရးယႏၲရား ေခါင္းေဆာင္အျဖစ္ အေမရိကန္ႏိုင္ငံသား နီကိုးလပ္စ္ကုမ္ဂ်ီအန္ ကို ကုလသမဂၢက အတြင္းေရးမႉးခ်ဳပ္က ခန႔္အပ္လိုက္တာ စတဲ့ သတိထားစရာ သတင္းေတြလည္း ဒီတစ္ပတ္မွာ ျဖစ္ခဲ့ပါတယ္။

ထမင္းငတ္ေနတာ သိသြားတဲ့ အႀကီးအကဲေတြ

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတိထားမိတာက စည္ပင္ေ႐ြးေကာက္ပြဲအတြက္ ရန္ကုန္ကို ေရာက္လာတဲ့  သမၼတ ဦးဝင္းျမင့္ က ရန္ကုန္မွာ အေကာင္အထည္ဖာ္ေနတဲ့ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းကို ေလ့လာခဲ့တဲ့ သတင္းေတြနဲ႔ ျမန္မာႏိုင္ငံ ေအာက္ပိုင္းမွာ ျပည္သူေတြနဲ႔ ေအာက္ေျခထိ ဆင္းေတြ႕ဆုံေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံကို ျပည္သူတစ္ဦးက သူတို႔ထမင္းငတ္ေနပါၿပီလို႔ ေျပာခဲ့တဲ့ သတင္းပါဘဲ။

မတ္ ၃၁ ရက္မွာ က်င္းပမယ့္ ရန္ကုန္ စည္ပင္ေ႐ြးေကာက္ပြဲကို မဲေပးဖို႔ ေနျပည္ေတာ္ကေန လာေရာက္တဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ဟာ ျမန္မာ့မီးရထား သက္တမ္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ အႀကီးစားအဆင့္ျမႇင့္တင္ျခင္း ေဆာင္႐ြက္ေနတာကို လာၾကည့္ရႈတာျဖစ္ၿပီး ရန္ကုန္ဘူတာႀကီးနဲ႔ အင္းစိန္ဘူတာၾကား ျပင္ဆင္ေနတာကို ၾကည့္ရႈခဲ့ပါတယ္။

ဒီခရီးစဥ္ထဲမွာ အင္းစိန္ၿမိဳ႕နယ္ထဲက ျမန္မာ့ေဆးဝါးလုပ္ငန္း၊ ေဆးဝါးစက္႐ုံကို သြားေရာက္ေလ့လာခဲ့သလို သာေကတၿမိဳ႕နယ္၊ ျပည္ေထာင္စု တိုင္းရင္းသားေက်း႐ြာကိုလည္း သြားေရာက္ခဲ့တာကို ေတြ႕ရပါတယ္။သမၼတလာေရာက္မယ့္ မတိုင္ခင္ ထုံးစံအတိုင္း အာဏာပိုင္ေတြဘက္က တက္သုတ္႐ိုက္ ျပင္ဆင္ဖာေထးတာေတြ ရွိခဲ့ပါတယ္။သမၼတခရီးစဥ္အတြင္း ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးေတြ ပါသလို ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္လည္း လိုက္ပါခဲ့တာကို ေတြ႕ရပါတယ္။

အရပ္သားအစိုးရလက္ထက္မွာ ထိပ္ပိုင္းက အႀကီးအကဲေတြ အလုပ္လုပ္တာကို ေတြ႕ရၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံက ႏိုင္ငံတစ္ဝန္းလွည့္ကာ ျပည္သူေတြနဲ႔ ေတြ႕ဆုံၿပီး  ျပည္သူေတြ တင္ျပတဲ့ နစ္နာမႈေတြကို ၾကားနာေျဖရွင္းေပးသလို အာဏာပိုင္ေတြဘက္က လစ္ဟာမႈေတြကိုလည္း သတိေပးမႈေတြရွိခဲ့ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ႏွစ္ရက္ၾကာ ဧရာဝတီတိုင္း ခရီးစဥ္အတြင္း ဧၿပီ ၁ ရက္တြင္ ေျမာင္းျမတံတားဖြင့္ပြဲသို႔ တက္ေရာက္ ကာ  ေက်ာင္းကုန္းၿမိဳ႕ႏွင့္ ပုသိမ္ၿမိဳ႕တို႔၌ လူထုႏွင့္ ေတြ႕ဆုံခဲ့ၿပီး ဧၿပီ ၂ ရက္တြင္ အိမ္မဲ၊ ပန္းတေနာ္၊ မအူပင္ႏွင့္ ေညာင္တုန္း၌ ျပည္သူလူထုႏွင့္ ေတြ႕ဆုံခဲ့ပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ မအူပင္ၿမိဳ႕သို႔ ေရာက္ရွိစဥ္  ေဒသခံျပည္သူမ်ားက ‘‘အေမ့ကို ဌာနဆိုင္ရာေတြ ဝိုင္းလိမ္ေနတယ္’’ ဟုလည္း ေအာ္ဟစ္တိုင္ၾကားခဲ့ၾကပါတယ္။ႏွစ္ရက္ၾကာ ဧရာဝတီတိုင္း ခရီးစဥ္အတြင္း သိမ္းဆည္းခံ လယ္ယာေျမကိစၥကို အမ်ားဆုံးတင္ျပခဲ့ၿပီး အျမန္ဆုံး ေျဖရွင္းေဆာင္႐ြက္ေပးရန္ ေတာင္းဆိုခဲ့ကာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ‘‘အျမန္ဆုံးၿပီးျပတ္ေအာင္ လုပ္ပါမယ္လို႔” လို႔ ေျပာခဲ့ပါတယ္။

ခရီးစဥ္တစ္ေလွ်ာက္ တိုင္းေဒသႀကီးအစိုးရကို ျပည္သူႏွင့္ နီးကပ္စြာ အလုပ္လုပ္ရန္ႏွင့္ တာဝန္ေက်ရန္ လိုအပ္ေၾကာင္း လမ္းၫႊန္ခဲ့သလို အလားတူ ျပည္သူမ်ားကလည္း အစိုးရႏွင့္ လက္တြဲလုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။အိမ္မဲခရီးစဥ္အတြင္း ျပည္သူတစ္ဦးက ရဲတပ္ဖြဲ႕ဝင္မ်ား၏ အေျခအေနႏွင့္ ပတ္သက္၍ ေဒသခံတစ္ဦး တင္ျပခ်က္ကို နားေထာင္ခဲ့ကာ ‘‘အခုလက္ရွိ ရဲေတြလုပ္ပုံကိုင္ပုံမႀကိဳက္ရင္ ကိုယ္ကိုယ္တိုင္ ဝင္ၿပီးေတာ့ ဒီရဲတပ္ဖြဲ႕ ပိုၿပီးေတာ့ သန႔္ရွင္းေအာင္၊ ခိုင္မာေအာင္ ပိုၿပီးေတာ့ ထိေရာက္ေအာင္ ဝိုင္းဝန္းၿပီးေတာ့ ပံ့ပိုးေပးေစခ်င္တယ္။အားလုံးဟာ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန ကူၿပီးေတာ့ လုပ္ေပးေစခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ထို႔ျပင္ ယခုႏွစ္ဆန္းပိုင္းမွစတင္ကာ  ကခ်င္၊ ခ်င္း၊ ရွမ္း၊ စစ္ကိုင္း၊ တနသၤာရီ၊ ကရင္၊ ပဲခူး၊ ဧရာဝတီ စသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ရွစ္ခုသို႔ သြားေရာက္ခဲ့သည့္ ခရီးစဥ္မ်ားအတြင္း ျပည္သူလူထုဆီမွ တင္ျပသည့္ မ်ားျပားသည့္ တိုင္ၾကားစာမ်ားကို တစ္ခုခ်င္းစိစစ္ဖတ္ရႈၿပီး အေၾကာင္းျပန္မႈမ်ား ျပဳလုပ္ေနကာ တရားဥပေဒႏွင့္အညီ မွ်တစြာျဖစ္ေစေရး ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းကိုလည္း အဆိုပါခရီးစဥ္တြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာခဲ့ပါတယ္။

ေျမာင္းျမတံတားဖြင့္ပြဲတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ျပည္သူလူထုအား ပ်က္က်ခဲ့သည့္ တံတားႏွင့္ ပတ္သက္ကာ ေပးထားသည့္ ကတိအတိုင္း အစိုးရအေနျဖင့္ တည္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေပးႏိုင္ခဲ့တယ္ဆိုတာကိုပါ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ျပည္သူမ်ားအေနျဖင့္ မွန္ကန္သည့္ အဖြဲ႕အ စည္း၊ ပုဂၢိဳလ္မ်ားကို ေ႐ြးခ်ယ္တင္ေျမႇာက္ရမည္ ျဖစ္ေၾကာင္းကိုပါ ေျပာခဲ့တာ ေတြ႕ရပါတယ္။

မြန္ျပည္နယ္ခရီးစဥ္အတြင္း  ဧၿပီ ၄ ရက္က ျပည္နယ္ခန္းမမွာ  မြန္ျပည္သူလူထုႏွင့္ ေတြ႕ဆုံစဥ္  ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ျပည္သူတစ္ဦးက ထမင္းငတ္ေနေၾကာင္း ခရီးစဥ္အတြင္း ေအာ္ဟစ္တင္ျပခဲ့တာနဲ႔ ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ထမင္းငတ္တယ္ဆိုတာ ႐ုပ္ပိုင္းဆိုင္ရာ လုံၿခဳံမႈမရွိတာပဲ။
ကိုယ္ နိစၥဓူဝစားမယ့္ ထမင္းတစ္နပ္က ဘယ္ကလာမလဲဆိုတာကို ပူပင္ေသာက ျဖစ္ေနရတယ္ဆိုရင္ ကြၽန္မတို႔ႏိုင္ငံဟာ တိုးတက္ဖြံ႕ၿဖိဳးသင့္သေလာက္ တိုးတက္ဖြံ႕ၿဖိဳးမႈ မရွိဘူးဆိုတာ ေဖာ္ျပေနတာ ျဖစ္ပါတယ္’’ လို႔ ေျပာခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၏ ဧရာဝတီခရီးစဥ္အတြင္း ျပည္သူမ်ားႏွင့္ ယုံၾကည္မႈကို ယခင္ကထက္ ပိုမိုတည္ေဆာက္ႏိုင္ခဲ့တာကို ေတြ႕ရသလို ျပည္သူႏွင့္ တစ္သားတည္းျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တာကို ယခုခရီးစဥ္မွာ ေတြ႕ခဲ့ရပါတယ္။ျပည္ေထာင္စုဝန္ႀကီးမ်ားပါ တစ္ပါတည္း ပါလာခဲ့သည့္အတြက္ ဌာနဆိုင္ရာ ျပႆနာမ်ားကို တစ္ထိုင္တည္း ေျဖရွင္းေပးခဲ့သည္ကိုလည္း ေတြ႕ခဲ့ရပါတယ္။ႏိုင္ငံေတာ္ထိပ္ပိုင္းအဆင့္ အႀကီးအကဲမ်ား ေအာက္ေျခဆင္းကာ စစ္ေဆးျခင္းက ျမန္မာႏိုင္ငံေရးသမိုင္းတြင္ ထူးျခားသည့္ အခင္းအက်င္းျဖစ္သလို အျမစ္တြယ္ေနသည့္ ႀကိဳးနီစနစ္၏ ေရေသာက္ျမစ္ကို မည္မွ်ဖယ္သတ္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီသတင္းက ဧၿပီ ေနာက္ဆုံးအပတ္ ေဘဂ်င္းမွာ ျပဳလုပ္ဖို႔ရွိတဲ့ ဒုတိယအႀကိမ္ Belt and Road Forum တက္ေရာက္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ဖိတ္ၾကားထားတဲ့ သတင္း၊ ေ႐ႊတိဂုံေစတီေတာ္ စိန္ဖူးေတာ္မွာ  စိန္ေတြကြာက်ေနတာ အပါအဝင္ ျပင္ဆင္ဖို႔လိုတဲ့ အခ်က္ခုနစ္ခ်က္အတြက္ ေ႐ႊတိဂုံေစတီေတာ္ကို ျငမ္းဆင္ၿပီး ျပဳျပင္မယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ဧၿပီ ၁ ရက္က သတင္းထုတ္ျပန္ခဲ့တဲ့ သတင္း၊ နာေရးကူညီမႈအသင္း (ရန္ကုန္) မွာ ဧၿပီ ၁ ရက္က  ျမစ္ဆုံစီမံကိန္း အၿပီးတိုင္ဖ်က္သိမ္းေရး ႏိုင္ငံလုံးဆိုင္ရာ အစည္းအေဝးကို ျပဳလုပ္ၿပီး ျမစ္ဆုံစီမံကိန္း အၿပီးတိုင္ဖ်က္သိမ္းေရး ႏိုင္ငံလုံးဆိုင္ရာ ကြန္ရက္ဖြဲ႕စည္းခဲ့တဲ့ သတင္းေတြနဲ႔ ျဖစ္ခဲ့ေပမယ့္ ျပည္သူတစ္ဦး ထမင္းငတ္ေနေၾကာင္း တင္ျပမႈကို အေရးတယူလုပ္ စဥ္းစားေပးခဲ့တဲ့ သတင္းက ယခုတစ္ပတ္ သတင္းေတြထဲမွာ စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

မီဒီယာေတြကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားလာတဲ့ ရခိုင္ျပႆနာ

တိုက္ပြဲကာလ ၾကာရွည္လာၿပီျဖစ္တဲ့ ရခိုင္ေျမာက္ပိုင္း ျပႆနာဟာ ျပည္တြင္းျပည္ပၾကား သတိထားစရာ ကိစၥတစ္ခု ျဖစ္လာခဲ့ပါတယ္။ရခိုင္လက္နက္ကိုင္အဖြဲ႕ AA နဲ႔ တပ္မေတာ္ၾကား ျဖစ္ေနတဲ့ တိုက္ပြဲေတြၾကားမွာ အထိနာေနတာက ေဒသခံျပည္သူေတြပဲ ျဖစ္ပါတယ္။ဒါ့အျပင္ ေဒသဖြံ႕ၿဖိဳးေရး လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြပါ ထိခိုက္လာခဲ့ပါတယ္။AA အေနနဲ႔ ျပည္တြင္းက တိုင္းရင္းသားလက္နက္ကိုင္ေတြနည္းတူ မေထာက္ခံသူေတြကို  သတ္ျဖတ္တာ၊ ေဒသတြင္း လုပ္ေဆာင္ေနတဲ့ ေဒသဖြံ႕ၿဖိဳးေရး အလုပ္ေတြကို ဖ်က္ဆီးေႏွာင့္ယွက္တာေတြ လုပ္လာၿပီ ျဖစ္ပါတယ္။

မၾကာမီက ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲ ကုလားတန္ ဘက္စုံသုံးစီမံကိန္းရဲ႕ လမ္းတည္ေဆာက္ေရး လုပ္ကိုင္ေနတဲ့ ဆုထူးစံ ကုမၸဏီမွ ဝန္ထမ္းအခ်ိဳ႕ကို AA အဖြဲ႕က ဖမ္းဆီးၿပီး ကုမၸဏီပိုင္ စက္ယႏၲရားအခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။ဆုထူးစံ ကုမၸဏီဝန္ထမ္း ၁၃ ဦးကို ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး ဝန္ထမ္းငါးဦးကို ျပန္လည္လႊတ္ေပးခဲ့ၿပီး က်န္တဲ့သူေတြကို တပ္မေတာ္ဘက္က ေထာက္လွမ္းေရးေတြဆိုၿပီး ဆက္ဖမ္းထားခဲ့ပါတယ္။ဒီလို ရခိုင္လက္နက္ကိုင္ေတြဘက္က ထုတ္ျပန္မႈအေပၚ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးဘက္က အဆိုပါ ေျပာၾကားမႈအေပၚ ျငင္းဆန္ခဲ့ၿပီး စစ္ဘက္ဆိုင္ရာ ေထာက္လွမ္းေရး ေစလႊတ္ရတဲ့ ေနရာေတြမဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

ဒီလိုအေျခအေနမွာ ရခိုင္တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး ေရးသားေနတဲ့ ျပည္တြင္းသတင္းမီဒီယာေတြကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ပတ္သက္ၿပီး မေကာင္းေရးရင္ မိုင္းခြဲတိုက္ခိုက္မယ္လို႔ ဂ်ီေမးလ္ကေန စာေတြနဲ႔ ေပးပို႔လာခဲ့ပါတယ္။စာေတြကို စာမ်ားသည္ ဧၿပီ ၁ ရက္ ညႏွင့္ ဧၿပီ ၂ ရက္ ေန႔လယ္ေတြမွာ အၾကမ္းဖ်င္းအားျဖင့္ [email protected]ႏွင့္ [email protected] လိပ္စာေတြသုံးၿပီး အီးေမးလ္၊ ေဖ့စ္ဘြတ္ကေန ရခိုင္သူေခ်၊ ရခိုင္ေမ အေကာင့္ေတြကေန ေပးလာခဲ့တာပါ။ဒါဟာ ျပည္တြင္းလက္နက္ကိုင္ သမိုင္းမွာ တိုင္းရင္းသား လက္နက္ကိုင္ေတြကဘက္က မီဒီယာကို တိုက္ခိုက္သတ္ျဖတ္မယ္လို႔ ၿခိမ္းေျခာက္တာ ပထမဆုံးျဖစ္ၿပီး ယခုပုံစံမ်ိဳးက အစၥလာမ္ အစြန္းေရာက္အဖြဲ႕ေတြက သတင္းမီဒီယာေတြကို ၿခိမ္းေျခာက္သတ္ျဖတ္တဲ့ ပုံစံမ်ိဳးနဲ႔ တူေနခဲ့ပါတယ္။

စာထဲမွာ AA ကို ေသာင္းက်န္းသူအဖြဲ႕လို႔္ ေရးသားတဲ့ မီဒီယာေတြကို စာရင္းလုပ္ထားၿပီး ယင္းမီဒီယာေတြက သတင္းေထာက္ေတြ အသက္ကို အာမ မခံေၾကာင္း၊ AA ႏွင့္ ပတ္သက္ၿပီး မဟုတ္မမွန္ေဖာ္ျပေနတာေတြ ရပ္တန္းကမရပ္ရင္  သတင္းဌာနေတြ ပ်က္ဆီးဆုံးရႈံးမႈေတြနဲ႔ ရင္ဆိုင္ရၿပီး သတင္းစာတိုက္ကို မိုင္းခြဲတိုက္ခိုက္မွာျဖစ္ေၾကာင္း ၿခိမ္းေျခာက္ခဲ့ပါတယ္။ရခိုင္လက္နက္ကိုင္ဘက္က ယခုလုပ္ရပ္ဟာ  တိုက္ပြဲေတြၾကားမွာ ဘက္မလိုက္ရပ္တည္ေနတဲ့ မီဒီယာေတြကို သိသိသာသာၿခိမ္းေျခာက္တဲ့ လုပ္ရပ္ပါဘဲ။

ဒီလို AA ႏွင့္ ပတ္သက္ၿပီး ေရးတဲ့ ျပည္တြင္းသတင္းမီဒီယာေတြကို ၿခိမ္းေျခာက္စာပို႔ၿပီး ေနာက္တစ္ရက္ ဧၿပီ ၃ ရက္ နံနက္ မွာ ရခိုင္ျပည္နယ္အေျခစိုက္ Development Media Group ထံကို မ်ိဳးခ်စ္တပ္မေတာ္သားမ်ားအဖြဲ႕၊ ျမန္မာ့တပ္မေတာ္ကို ခ်စ္ျမတ္ႏိုးသူမ်ား အမည္ကို အသုံးျပဳကာ ၿခိမ္းေျခာက္စာမ်ား ေပးပို႔ခဲ့တာေတြ ရွိခဲ့ျပန္ပါတယ္။

ဒါေပမယ့္ ဒီလိုသတင္းဌာနေတြကို စာေတြပို႔တာ ၿခိမ္းေျခာက္တာေတြက ရခိုင္လက္နက္ကိုင္ AA ဘက္က သူတို႔လုပ္တာမဟုတ္ဘူးလို႔ AA ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခ က ေျပာခဲ့သလို တပ္မေတာ္အေနျဖင့္ သတင္းမီဒီယာမ်ားအား ၿခိမ္းေျခာက္စာေပးပို႔မႈ လုပ္ေဆာင္ျခင္းမရွိေၾကာင္း ခိုင္မာစြာ အာမခံသည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က ေျပာခဲ့ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြနဲ႔ ပတ္သက္တဲ့ သတင္းေဖာ္ျပေနမႈေတြအေပၚ အီးေမးလ္နဲ႔ ေဖ့စ္ဘြတ္မက္ေဆ့ဂ်ာေတြကေနတဆင့္ သတင္းဌာနေတြကို ၿခိမ္းေျခာက္တာေတြ လုပ္ေဆာင္တာ မရွိဘူးလို႔ အစိုးရတပ္မေတာ္နဲ႔ ရခိုင့္တပ္မေတာ္ AA ႏွစ္ဖက္စလုံးက ျငင္းခ်က္ထုတ္ခဲ့တဲ့ သေဘာပါ။ဒါေပမယ့္ မီဒီယာဆိုတာ အၿမဲတမ္းခံရဘက္က ျဖစ္ေလ့ရွိတာမို႔ ဒီလိုၿခိမ္းေျခာက္ခံရမႈအေပၚ သတိႀကီးႀကီးထားဖို႔ လိုေနပါတယ္။

ဒီရက္ပိုင္းအတြင္း ထုတ္ျပန္ျခင္းမရွိတဲ့ သတင္းေတြအရ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝဘက္မွာ ရခိုင္လက္နက္ကိုင္ေတြနဲ႔ တပ္မေတာ္ၾကားတိုက္ပြဲေတြက ပိုျပင္းထန္လာေနပါတယ္။ဒါေၾကာင့္ ဧၿပီ ၂ ရက္ကစ၍ ညမထြက္ရအမိန႔္ (ပုဒ္မ - ၁၄၄) ကို တိုက္ပြဲျဖစ္ပြားေနတဲ့ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ေျမာက္ဦး၊ ေက်ာက္ေတာ္ႏွင့္ မင္းျပား ၿမိဳ႕နယ္ေတြမွာ ထုတ္ျပန္ခဲ့ပါတယ္။ဒီလို ထုတ္ျပန္ခဲ့တဲ့အတြက္ ရခိုင္ျပည္နယ္မွာ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္အထိ ရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ဒီလိုျဖစ္ေနတဲ့အတြက္ သြားေရလာေရးခက္ေနသလို ကားလမ္းခရီးမွာ တိုက္ပြဲေတြျဖစ္လို႔ အမ်ားစုက ေရလမ္းနဲ႔သာ သြားေရာက္မႈမ်ားျပားခဲ့ပါတယ္။အေမရိကန္သံ႐ုံးကေတာ့ သူ႔ႏိုင္ငံသားေတြအတြက္ ေျမာက္ဦး၊ မင္းျပားနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ကို ခရီးသြားလာရန္မသင့္တဲ့ ေနရာေဒသ အဆင့္ (၄) အျဖစ္ သတ္မွတ္ေၾကာင္းကို မတ္ ၂၉ ရက္က ထုတ္ျပန္ခဲ့ပါတယ္။တိုက္ပြဲေတြ ျပင္းထန္လာမႈနဲ႔အတူ စစ္ေဘးေရွာင္ အေရအတြက္ကလည္း တိုးလာတဲ့အတြက္  ရခိုင္လက္နက္ကိုင္အဖြဲ႕ (ALP) ဒု-ဥကၠ႒ ခိုင္စိုး ႏိုင္ေအာင္ က အရပ္သားေတြ ထိခိုက္မႈမရွိေအာင္ ေရွာင္ရွားေပးဖို႔ ႏွစ္ဘက္စလုံးကို ေမတၱာရပ္ခံခဲ့ရပါတယ္။ရခိုင္တိုက္ပြဲ အေျခအေနေတြေၾကာင့္  ရခိုင္ေဒသနဲ႔ေဝးတဲ့ ရန္ကုန္မွာ က်င္းပဖို႔ရွိတဲ့ ဒီႏွစ္  ရခိုင္႐ိုးရာၾသကၤန္ကို မက်င္းပျဖစ္ေတာ့ပါဘူး။

ရခိုင္တိုက္ပြဲက ပိုက်ယ္ျပန႔္လာေလ ေဒသတြင္း လူမႈေရးျပႆနာေတြ၊ စီးပြားေရးနဲ႔ လက္နက္ကိုင္ပဋိပကၡ ပိုျပင္းထန္လာသလို ေဒသခံေတြရဲ႕ ေနထိုင္မႈနဲ႔ စားဝတ္ေနေရးမွာပါ အတိဒုကၡက ပိုလာဖြယ္ရွိလာပါတယ္။ဒီေဒသမွာ သတင္းမွန္ကိုရဖို႔ ခက္ခဲသလို ႏွစ္ဖက္စလုံးက ထုၾတ္ပန္မႈေတြအေပၚမွာ ကြဲလြဲမႈေတြ ရွိေနတဲ့အတြက္ ေျမျပင္သတင္းမွန္ထြက္လာရင္ တစ္ဖက္ဖက္က သတင္းက အမွားဆိုတာ ျဖစ္လာဖြယ္ရွိတဲ့အတြက္ ရခိုင္ေျမာက္ပိုင္းက ေဒသခံသတင္းေထာက္ေတြနဲ႔ ရန္ကုန္အေျခစိုက္ သတင္းသမားေတြ သတင္းလာမယူဝံ့ေအာင္ ၿခိမ္းေျခာက္တဲ့ သေဘာပါဘဲ။ဒါကိုေကာက္ခ်က္ခ်ရင္ ဒီေဒသမွာ တိုက္ပြဲေတြေၾကာင့္ နစ္နာမႈေတြ ထိခိုက္ေသဆုံးမႈေတြ ဘယ္ေလာက္ထိ ျဖစ္ေနသလဲဆိုတာ သတင္းသမားေတြရဲ႕ သိလိုစိတ္ကို ႏႈိးဆြေပးတဲ့အတြက္ မၾကာခင္မွာ ပကတိသတင္းအေျခအေနက အေၾကာက္တရားေအာက္ကေန ေပၚထြက္လာဖို႔ မ်ားပါတယ္။

တိုင္းရင္းသားေဒသေတြထဲက ရခိုင္သတင္းေတြက စိတ္ဝင္စားစရာေကာင္းေနေပမယ့္ တျခားသတင္းေတြလည္း ရွိေနေသးပါတယ္။တပ္မေတာ္ဘက္က တစ္ဖက္သတ္ အပစ္ရပ္ေၾကညာၿပီးေနာက္ ထူးျခားမႈကို ျပန္ၾကည့္တဲ့ အခါ သိပ္အေ႐ြ႕မျဖစ္တာကို ေတြ႕ရပါတယ္။တစ္ဖက္သတ္ အပစ္ရပ္ေၾကညာၿပီး သုံးလေက်ာ္အတြင္း တ႐ုတ္ႏိုင္ငံ၊ ထိုင္းႏိုင္ငံႏွင့္ ေနျပည္ေတာ္တို႔မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ (၁၃) ႀကိမ္သာ လုပ္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ဒါေပမယ့္ ဧၿပီလအတြင္း ၾသကၤန္ကာလေနာက္ပိုင္းမွာ အစိုးရနဲ႔ ကခ်င္လက္နက္ကိုင္အဖြဲ႕ (KIO) တို႔ ေတြ႕ဆုံေဆြးေႏြးပြဲ က်င္းပဖို႔ ရွိေနပါတယ္။

ေစာ္ကားၿပီးရင္ အ႐ူးကြက္နင္းလို႔ရသလား

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတိထားစရာဆိုတာထက္ လက္မခံႏိုင္စရာ သတင္းတစ္ခုက အမ်ားျပည္သူကို စိတ္ညႇိဳးႏြမ္းေစခဲ့ပါတယ္။ဒီသတင္းက မေကြးမွာျဖစ္ခဲ့တဲ့ ျဖစ္ရပ္ပါ။

မတ္လ ၂၉ ရက္က မေကြးၿမိဳ႕ေန ဦးသူရစိုး ဆိုတဲ့ သူပိုင္တဲ့ Thuya Soe အမည္ရွိ အေကာင့္က လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေနတစ္ဆင့္ ‘‘စာေတြမ်ားစြာ ဖတ္ခဲ့တယ္။ေအာင္ဆန္းသမိုင္း မွားေနတယ္။ေအာင္ဆန္းအေၾကာင္း ေဆြးေႏြးလိုရင္ လာပါ...’’ ဟု လည္းေကာင္း ‘‘ေအာင္ဆန္းသမိုင္း ေလ့လာထားတယ္။ေအာင္ဆန္း စစ္တိုက္ဖူးပါသလား’’ လို႔ စသျဖင့္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၏ ဂုဏ္သိကၡာႏွင့္ ထင္ေပၚေက်ာ္ၾကားမႈကို ပုတ္ခတ္ေစာ္ကားတဲ့ အေရးအသားမ်ားကို ေဖာ္ျပခဲ့ပါတယ္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ဦးသူရစိုး ႏွင့္ ဇနီး၏ လႊဲအပ္ခ်က္အရဆိုၿပီး ဧၿပီ ၁ ရက္ထုတ္ ျမန္မာ့အလင္း သတင္းစာမွာ Thuya Soe အေကာင့္ Hack ခံရၿပီး မသမာသူမ်ားက ခိုးယူသုံးစြဲေနၾကေၾကာင္း၊ ဦးသူရစိုး ႏွင့္ မိသားစုသည္ ထိုသို႔ ေရးသားေဖာ္ ျပျခင္း လုံးဝ (လုံးဝ) မရွိခဲ့ေၾကာင္းႏွင့္ ယင္းအေကာင့္ကို ဆက္လက္သုံးစြဲျခင္း မရွိေတာ့ေၾကာင္း ေဖာ္ျပရွင္းလင္းခဲ့ကာ ဦးသူရစိုး ႏွင့္ ဇနီးတို႔၏ ဂုဏ္သိကၡာကို ထိခိုက္နစ္နာေစသျဖင့္ ထိုသို႔ေရးသားေဖာ္ျပသူအား ရွာေဖြစုံစမ္း၍ တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဒီလိုလူမႈကြန္ရက္ကေန အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဂုဏ္သိကၡာႏွင့္ ထင္ေပၚေက်ာ္ၾကားမႈကို ပုတ္ခတ္ေစာ္ကားခဲ့လို႔ မေကြးၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးစိုးမိုး က Thuya Soe အမည္ရွိ အေကာင့္ပိုင္ရွင္ကို ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒပုဒ္မ ၁၀ နဲ႔ မေကြးၿမိဳ႕ အမွတ္ (၂) နယ္ေျမရဲစခန္းမွာ အမႈဖြင့္ခဲ့ပါတယ္။

ဒီရက္ထဲမွာဘဲ Khine Lwin အေကာင့္ကိုသုံးၿပီး ထားဝယ္တကၠသိုလ္ ဘူမိေဗဒဌာန ကထိက ဆရာမတစ္ဦးက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ဂုဏ္သိကၡာထိခိုက္ေစမဲ့ ရင့္သီး႐ိုင္းစိုင္းတဲ့ အသုံးအႏႈန္းေတြနဲ႔ ေစာ္ကားေရးသားထားတဲ့ စာ၊ ဓာတ္ပုံဖိုင္ေတြကို လူမႈကြန္ရက္မွာ တင္ထားခဲ့ပါတယ္။ဒါေပမယ့္ ပိုစ့္တင္သူကို ေသေသခ်ာခ်ာအေရးယူဖို႔ ေနာက္ေၾကာင္းလိုက္တဲ့အခါ  စိတ္မႏွံ႔သူဆိုတဲ့ ထြက္ေပါက္နဲ႔ ႐ုန္းထြက္ဖို႔ လုပ္လာတာကို ေတြ႕ရပါတယ္။အဆိုပါ ကထိကဆိုသူ အမ်ိဳးသမီးျဖစ္သူက စိတ္မူမမွန္သည့္ လကၡဏာရွိလို႔ ေဆးကုသေနရတယ္ဆိုတာကို  သက္ဆိုင္ရာ ထားဝယ္တကၠသိုလ္ တာဝန္ရွိသူေတြက ေျပာခဲ့ပါတယ္။တကၠသိုလ္တစ္ခုက ကထိကတစ္ဦးဟာ စိတ္မူမမွန္ျဖစ္ေနတာကို အနားမေပးခဲ့တာက လူမႈကြန္ရက္မွာ ေထာက္ျပေဝဖန္စရာျဖစ္ခဲ့သလို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို ထိခိုက္ေစာ္ကား အႏၲရာယ္ျပဳသူတိုင္း စိတ္မႏွံ႔သူဆိုတဲ့ အေၾကာင္းျပခ်က္ေတြ ေဆးလက္မွတ္ေတြ ရွိေနတာကို ထူးျခားမႈဘဲ ျဖစ္ပါတယ္။

ယေန႔ေခတ္မွာ မၾကာခဏဆိုသလို ေခါင္းေဆာင္ေတြကို ပုဂၢိဳလ္ေရး ပုတ္ခတ္ေစာ္ကားမႈေတြ လူမႈကြန္ရက္ကေန မၾကာခဏလုပ္လာတဲ့အထိ ျဖစ္လာတာဟာ အေတာ္ေလးစိတ္ပ်က္စရာပါ။အထူးသျဖင့္ ေသသူ အုတ္ဂူေပၚ တံေတြးေထြးသည့္ ေအာက္တန္းက်ေသာ အျပဳအမူမ်ိဳးျဖစ္တဲ့ ေလာကတြင္ မရွိေတာ့သည့္သူမ်ား၊ မတုံ႔ျပန္ႏိုင္သည့္သူမ်ားကို ညစ္ညမ္းအပုတ္ခ်ေျပာဆိုမႈမ်ားက ေျပာဆိုသူရဲ႕ ကိုယ္က်င့္တရား ဘယ္ေလာက္ေအာက္တန္းက်ေနသလဲ ဆိုတာကို မိမိကိုယ္ကို မိမိမျမင္ႏိုင္ေလာက္ေအာင္ပင္။

ဒီလိုျဖစ္ရပ္ေတြက မည္မွ် ရာထူးအာဏာပါဝါ စည္းစိမ္ဥစၥာရွိပါေစ လူတစ္ဦးခ်င္းစီ၏ ကိုယ္က်င့္တရား နိမ့္က်မႈကို မဖုံးႏိုင္သည္က ယခုလိုျဖစ္ရပ္ေတြကိုၾကည့္လွ်င္ ထိုသူေတြ၏ လာရာႏွင့္ လားရာကို ထင္ထင္ရွားရွား သိႏိုင္ေပသည္။

ဒီလိုယုတ္ညံ့ေသာ ျဖစ္ရပ္သတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့သည့္  ထိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ ဆန႔္က်င္ဆႏၵျပပြဲသြားသည့္ ထိုင္းရဲတပ္ဖြဲ႕ တံဆိပ္သုံးထားတဲ့ ကားတြင္ ျမန္မာႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ မင္းကြန္းကေန မႏၲေလးကို သြားတဲ့ ဧရာဝတီျမစ္သြား လမင္းသာေမာ္ေတာ္ေပၚကေန အသက္ (၃၀) အမ်ိဳးသမီးက (၁၀) ႏွစ္အ႐ြယ္ သားနဲ႔အတူ ေရထဲခုန္ခ်သတ္ေသလို႔ ဝိုင္းကယ္ဆယ္ရတဲ့ သတင္း၊ မိုးကုတ္မွာ သက္တမ္းကုန္ ေက်ာက္မ်က္ကုမၸဏီနဲ႔ ေဒသခံေက်ာက္ရွာသူေတြ ပဋိပကၡျဖစ္ၿပီး ကုမၸဏီပိုင္အေဆာက္အဦးနဲ႔ ယာဥ္ေတြ မီးတင္ရႈိ႕ခံရတဲ့ သတင္း၊ လက္နက္ေတြနဲ႔ မိတဲ့ ၿဖိဳးကိုကိုတင့္ဆန္း အမႈမွာ အမႈပယ္ဖ်က္ေပးဖို႔ တရားခံဘက္က ေလွ်ာက္ထားမႈကို ပယ္ခ်လိုက္တဲ့ သတင္း၊ တပ္မေတာ္က ပုဒ္မ ၆၆ (ဃ) နဲ႔ တရားစြဲတဲ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး ကို တရား႐ုံးက အာမခံေပးလိုက္တဲ့ သတင္း၊ ေက်ာက္ျဖဴမွာ ဘုန္းႀကီးပ်ံပြဲ လုံၿခဳံေရးေစာင့္ေနတဲ့  ရဲတစ္ဦးကို  ေဒသခံေတြက ေသနတ္ပစ္ေဖာက္တယ္ဆိုၿပီး ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့တဲ့ သတင္းေတြထဲ ပုဂၢိဳလ္ေရးေစာ္ကားမႈ သတင္းေတြက အမ်ားျပည္သူ ေစာင့္ၾကည့္စရာ သတင္းေတြျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဧၿပီ - ၅