【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ မပါဖို့

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ မပါဖို့

ယခုရက်သတ္တအပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတိထားစောင့်ကြည့်ရတဲ့ သတင်းတွေရှိခဲ့ပါတယ်။ဒီထဲမှာ ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့က နေပြည်တော် ဗိုလ်ချုပ်မြင်းစီးရုပ်တုဖွင့်ပွဲမှာ သမ္မတပြောခဲ့တဲ့စကား၊ အဖြစ်များလာတဲ့ တရားမဲ့မှုတွေ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်လာနိုင်တဲ့ မြန်မာ့စီးပွားရေးအခြေအနေ သတင်းတွေက ယခုရက်ထဲ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပါတီနိုင်ငံရေးနှင့် အုပ်ချုပ်ရေးမပါဖို့

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ အများစုစိတ်ဝင်စားခဲ့တဲ့သတင်းက ဖေဖေါ်ဝါရီ ၁၃ ရက်က နေပြည်တော် သပြေကုန်းအဝိုင်း၌ ပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောခဲ့တဲ့ မိန့်ခွန်းပါဘဲ။

ဒီမိန့်ခွန်းက သတိထားမိစရာအကြောင်းတွေ ပါခဲ့သလို လူသိနည်းသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို ဥပမာပေးပြီး ပြောခဲ့တဲ့အတွက် ယခုရက်ထဲ လူအများအာရုံစိုက်စရာသတင်း ဖြစ်ခဲ့ပါတယ်။ဒီမြင်းစီးကြေးရုပ်ဖွင့်ပွဲမှာ သမ္မတ ဦးဝင်းမြင့် က တပ်မတော်သားများအား ပါတီနိုင်ငံရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များတွင် ပါဝင်စွက်ဖက်ခြင်းမရှိစေရေး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းများကိုလည်း ပြောခဲ့ပါတယ်။

ဒီမိန့်ခွန်းထဲမှာ သမ္မတကြီးက  ‘‘တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က တပ်မတော်နှင့် စပ်လျဉ်း၍လည်း လိုက်နာရန် အခုလိုမိန့်ဆိုခဲ့ပါတယ်။ဗမာ့လွတ်လပ်ရေး တပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် ပတ်သက်၍ အလျှင်းစွက်ဖက်ခြင်း ပြုလိမ့်မည်မဟုတ်။ဗမာ့လွတ်လပ်ရေး တပ်မတော်ဗိုလ်များနှင့် တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပါဝင်စွက်ဖက်ခြင်း အလျှင်းမရှိစေရလို့ နိုင်ငံရဲ့စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး ရှောင်ရန်၊ ဆောင်ရန်ကိုလည်း လမ်းညွှန်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးဂန္ထဝင်စာအုပ်မှာ လေ့လာတွေ့ရှိရပါတယ်’’ လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီဖွင့်ပွဲမှာ သမ္မတကြီးက ပြည်သူလူထုကို နှိပ်စက်မည့် အာဏာရှင်ဆန်သော နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်းမရှိစေရန် ကြိုးပမ်းဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့မှာ ကျင်းပတဲ့ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ “သမိုင်းကိုပြန်ကြည့်တဲ့အခါ တစ်ယောက်ကို တစ်ယောက် အပြစ်ရှာတဲ့အကြည့်နဲ့ မကြည့်စေချင်ပါဘူး။အပြစ်တင်နေကြလို့လည်း အဖြေမှန်မရနိုင်ပါဘူး၊ သူ့ဖက်က ဘာမှားလဲ ကိုယ့်ဖက်မှာလည်း ဘာမှားလဲ၊ ငါတို့အားလုံး ဘာတွေမှားခဲ့ကြလဲ ဘာတွေပြင်စရာလိုလည်း ဆိုတာတွေကို ဝေဖန်ဆန်းစစ်တဲ့အမြင်နဲ့ ကြည့်ဖို့လိုပါတယ်” လို့ ပြောခဲ့ပါတယ်။

လက်ရှိတွင် တိုင်းပြည်တွင်း မညီညွတ်မှုများကြောင့်  နိုင်ငံအတွက် ရေရှည်မှာထိခိုက်လာနေပြီး ပြည်တွင်းညီညွတ်မှုအတွက် ကြိုးစားတည်ဆောက်နေတာကို တွေ့ရပါတယ်။ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်  လက်မှတ်ထိုးရန် အစိုးရဘက်က ကြိုးစားနေသလို ထာ၀ရတည်တံ့နေမည့် ငြိမ်းချမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေတာကိုလည်း ဝိုင်းဝန်းဖို့ပြောခဲ့တာလည်း ရှိခဲ့ပါတယ်။ဒီအတွက် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အမြင်မကျဉ်းကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာလည်း ရှိခဲ့ပါတယ်။

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာလည်း အနာဂတ်မျှော်မှန်းချက်တို့နဲ့ ကိုက်ညီသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်လို့ တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။လာမယ့်ရက်သတ္တပတ်မှာ တက်ဘက် အခွင့်အာဏာကို လျှော့ချမှုတွေပါတဲ့ ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတဲ့အခါ ဘယ်လိုပွတ်တိုက်မှုတွေ ဖြစ်လာမလဲ၊ အရပ်သားအစိုးရ မျှော်မှန်းသလို စေ့စပ်ဆွေးနွေးမှုကနေ လိုချင်တဲ့အခင်းအကျင်း ရလာမလား၊ ဒါမှမဟုတ် ပြည်တွင်းငြိမ်းချမ်းရေးက အားကောင်းနေတဲ့အုပ်စုရဲ့ သဘောဆန္ဒအတိုင်း ယခင်လိုဘဲ နောက်ဘက်ကို ပြန်လိမ့်သွားဦးမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဆူးကြားမှ ဒေသခံ ဘူးသီးများ

ယခုရက်ထဲ ထူးဆန်းတဲ့သတင်းက အဖမ်းခံရသူတစ်ဦး ဘယ်အဖွဲ့ကဖမ်းသွားမှန်းမသိဖြစ်နေတဲ့ အဖြစ်ပါဘဲ။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၆ နာရီကျော်အချိန်က ရမ်းဗြဲမြို့နယ် NLD ပါတီ ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းဆိုသူ အစ်ကိုဝမ်းကွဲဖြစ်သူနဲ့ ကုလားပုန်းကျေးရွာမှ ပြန်လာစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။အစ်ကိုဝမ်းကွဲကို ပြန်လွှတ်ခဲ့ပေမယ့် ဦးဇေယျာမင်းကိုတော့ ပြန်မလွှတ်ခဲ့ပါဘူး။

ဒီနောက်မှာတော့ ဒီဒေသအတွင်း လှုပ်ရှားနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေ လက်ချက်ဆိုတဲ့ အသံတွေ ထွက်လာခဲ့ပါတယ်။ဒီလို ထွက်လာတာကလည်း ရှေ့မှာ AA လက်ချက်နဲ့ ဖမ်းဆီးခံရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတ်ဖြတ်ခံရတဲ့ NLD စည်းရုံးရေးမှူးတွေ၊ ဒေသခံတွေ၊ အစိုးရဝန်ထမ်းတွေ ရှိခဲ့ပါတယ်။ဖြစ်ဖြစ်ချင်းအစောပိုင်းမှာ ငြင်းပေမယ့် နောက်ပိုင်းမှာ အေအေလက်ချက်ဆိုတာ ပေါ်ပေါက်လာလေ့ရှိတဲ့အတွက် ဒီလိုပြန်ပေးဆွဲတာကို လုပ်လေ့လုပ်ထရှိတဲ့ အေအေလက်ချက်လို့ စွပ်စွဲတာ အဆိုးမဆိုသာပါဘူး။ဒါပေမယ့် အေအေအဖွဲ့ကို သတင်းမီဒီယာတွေက မေးရာမှာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ဒီအတွက် မိသားစုနဲ့ သက်ဆိုင်ရာ မိခင်ပါတီဘက်က ဘယ်အဖွဲ့က ပြန်ပေးဆွဲသလဲဆိုတာသိဖို့ စုံစမ်းစစ်ဆေးနေရပါတယ်။

တပ်ဘက်ကလည်း သူတို့ဖမ်းဆီးထားတာ မဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ဒါဟာ အတော်လေးကို အသိရခက်တဲ့ ပြန်ပေးဆွဲမှုပဲ ဖြစ်ခဲ့ပါတယ်။ဦးဇေယျာမင်းရဲ့ မိသားစုတွေက ဖမ်းဆီးသွားတဲ့ မည်သည့်ဌာန၊ အဖွဲ့အစည်းမဆို တာဝန်ခံ၊ တာဝန်ယူမှုရှိစွာဖြင့် ဖမ်းဆီးသွားသည့်အကြောင်းကို သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ထူးခြားမှုကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့ ရမ်းဗြဲမြို့နယ်မှာ ပြုလုပ်ခဲ့သည့် ICJ ပွဲ ကိစ္စအပြီးမှာ ဦးဇေယျာမင်း အပါအဝင် ဦးဆောင်သူများကို လူမှုကွန်ယက်ပေါ်မှတဆင့် ခြိမ်းခြောက်စာပို့မှုများ ပြုလုပ်တာရှိခဲ့တယ် ဆိုတာပါဘဲ။အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဖမ်းဆီးခံရပြီး နောက်တစ်ရက်မှာဘဲ သူတို့မဖမ်းထားဘူး၊ လုံး၀ပတ်သက်မှုမရှိဘူးဆိုတာကို ခါးခါးသီးသီးငြင်းဆိုခဲ့ပါတယ်။ယခုထိ ဘယ်သူဖမ်းသွားလဲမသိတဲ့ ဦးဇေယျာမင်းရဲ့ အသက်အန္တရာယ်က စိုးရိမ်စရာအခြေအနေပါ။လူမှုကွန်ရက်တွေမှာတော့ ဖမ်းတာတောင် ခိုးကြောင်ခိုးဝှက်ဖမ်းပြီး ကိုယ်ဖမ်းတာတောင် ဝန်မခံရဲ၊ သူရဲဘောကြောင်တဲ့အတွက် ဖမ်းတဲ့အဖွဲ့အနေနဲ့ အိုင်အက်စ်တွေ၊ တာလီဘန်တွေ၊ အယ်ကေးဒါးတွေလောက်တောင် သတ္တိမရှိတဲ့အတွက် ထမိန်ဝတ်ထားသင့်တယ်ဆိုပြီး ဖမ်းခဲ့တဲ့အဖွဲ့ကို ရှုတ်ချခဲ့တာတွေ တွေ့ရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်သူ ဝန်ထမ်းတွေ၊ ဒေသခံတွေအဖို့ လက်နက်နဲ့ စည်းမဲ့ကမ်းမဲ့ ထင်သလိုပြုမူနေတဲ့ အဖွဲ့တွေကြောင့် ဆူးကြားမှာ သီးရတဲ့ ဘူးသီးလိုပါဘဲ နေမှုထိုင်မှု၊ ဘ၀ရပ်တည်မှုအတွက် ခက်ခဲလာတာက ငြင်းမရပါဘူး။ဒေသအတွက် လူမျိုးအတွက်ဆိုပြီး ခေါင်းစဉ်တပ် လက်နက်ကိုင် တော်လှန်ရေးထခဲ့ကြပေမယ့် နောက်မှာတော့ ဆွေမျိုးတစ်စု ကောင်းစားရေးဆိုတဲ့ ခေါင်းစဉ်အောက်ကိုရောက်သွားတာ မြန်မာပြည်က လက်နက်ကိုင်တဲ့ အဖွဲ့အများစုရဲ့ လက်ရှိရပ်တည်မှု အခြေအနေပါဘဲ။

ယခင်က ပြင်းပြင်းထန်ထန်တိုက်ခဲ့ကြတဲ့ ကေအန်ယူနဲ့ တပ်မတော်ကြားမှာ ယခင်အစိုးရလက်ထက်ကတည်းက ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်ထွန်းလာခဲ့သလို ငြိမ်းချမ်းရေးရယူပြီးနောက် ကရင်ပြည်နယ်အတွင်း ဖြစ်ထွန်းလာမှုက ပြောစမှတ်ဖြစ်လောက်အောင်ပါဘဲ။ဒါပေမယ့် ဖာပွန်ခရိုင်အတွင်း တပ်မတော်ဘက်က လမ်းဖောက်လုပ်နေခြင်းအပေါ် KNU တပ်မဟာ (၅) ဘက်က စစ်ရေးပြင်ဆင်ခြင်း ဖြစ်တယ်ဆိုပြီး ၂၀၁၈ ခုနှစ်၊ မတ်လကနေ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ငြိမ်းချမ်းရေးအရသာသိနေတဲ့ ဒေသခံတွေအဖို့ စိုးရိမ်စရာတင်းမာမှုပါ။

နှစ်ဘက်ကြား တင်းမာမှုကိုလျှော့ချဖို့ တပ်ဘက်နဲ့ ကေအန်ယူကြား ဆွေးနွေးနေရာမှာ ယခုလ ၁၉ ရက်မှာ နှစ်ဘက်ကြား သီးသန့်ဆွေးနွေးမှုတွေ ရန်ကုန်မှာ လုပ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေတက်လာခဲ့တဲ့အတွက် သတင်းကောင်းပါဘဲ။နှစ်ဘက်ကြား မကြာခဏဖြစ်နေတဲ့ မြေပြင်တပ်တွေ ထိတွေ့မှုကို ဘယ်လောက်ထိလျှော့ချနိုင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။  

ဆိုးရွားလာသည့် တရားမဲ့မှု

ယခုရက်ပိုင်းအတွင်း မှတ်မှတ်ရရဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ထိပ်ဆုံးကပါခဲ့တာက မှုခင်းသတင်းတွေပါဘဲ။အထူးသဖြင့် အမျိုးသမီးတစ်ဦးကို ခင်ပွန်းဟောင်းက မီးရှို့သတ်တဲ့ သတင်းကိုဖတ်ရလို့ စိတ်ဆင်းရဲရတဲ့ စာဖတ်သူတွေအတွက် ယခုရက်သတ္တပတ်မှာဘဲ နောက်ထပ်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ မီးရှို့ခံထားရသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိမှုသတင်းကို ဖတ်ရတဲ့အတွက် စိတ်မချမ်းမသာဖြစ်ခဲ့ရတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကဖြစ်ခဲ့တဲ့ ရန်ကုန် ဒဂုံတောင်မှာဖြစ်ခဲ့တဲ့ ခင်ပွန်းဟောင်းက ဓာတ်ဆီလောင်း မီးရှို့ခဲ့တဲ့အမှုမှာ မီးလောင်ခံရသူအမျိုးသမီး သေဆုံးခဲ့တဲ့အတွက်  ကျူးလွန်သူ ခင်ပွန်းဟောင်းကို ထပ်တိုးအမှုဖွင့်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။လက်မခံနိုင်လောက်အောင် ဆိုးရွားယုတ်ညံ့လွန်းတဲ့ ဒီလိုမတရားကျလွန်းတဲ့ လူသတ်မှုဟာ လူ့အသိုင်းအ၀ိုင်းနဲ့ မထိုက်တန်လောက်အောင်ပါဘဲ။ဒီကျူးလွန်သူကို ပြင်းထန်တဲ့ပြစ်ဒဏ် ဘယ်လိုပေးဖို့ အမှုကိုတည်ဆောက်သင့်တယ်ဆိုတဲ့ မှတ်ချက်တွေပေးခဲ့တာကလည်း မကြာခဏမမျှော်လင့်တာတွေကို ဖန်တီးပြတတ်တဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးကို လှစ်ဟပြနေသလိုပါဘဲ။

ဒီအမှုကြောင့် သေဆုံးသူအတွက် စာဖတ်သူအများ စိတ်မချမ်းသာရချိန်မှာဘဲ နောက်ထပ်အမျိုးသမီးတစ်ဦးကို မီးရှို့သတ်တဲ့ အမှုတစ်ခုက ရေဦးမှာဖြစ်ခဲ့ပါတယ်။သတ်ဖြတ်ခံရပြီး မီးရှို့ဖျောက်ဖျက်တယ်ဆိုတဲ့ ယခုအမှုမှာ အဆိုပါအမျိုးသမီးက နွားကျောင်းထွက်ရာကနေ နွားတွေဘဲပြန်လာပြီး လူပြန်မလာတဲ့အတွက် လိုက်ရှာရာကနေ မီးရှို့ထားတဲ့ခန္ဓာကိုယ်ကို တွေ့ခဲ့တာပါ။လက်ရှိမှာတော့ အဆိုပါအမျိုးသမီး နွားကျောင်းတဲ့ နေရာအနီးမှာရှိတဲ့ လူနှစ်ဦးကို မသင်္ကာတဲ့အတွက် ဖမ်းထားတယ် ဆိုပါတယ်။

လူသတ်မှုဆိုလို့ ရန်ကုန်-ပဲခူး အစပ် လှည်းကူးမှာဖြစ်ခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်မှုကတော့ ဘီယာဆိုင်မှာ တစ်ဝိုင်းနဲ့ တစ်ဝိုင်း စကားများရင်း သမီးယောက်ဖ ညီအစ်ကိုသုံးဦး ရှိတဲ့နေရာအထိ လိုက်သတ်ကြတယ်ဆိုတဲ့ လှည်းကူး သုံးလောင်းပြိုင် လူသတ်မှုမှာတော့ ကျူးလွန်သူတရားခံတစ်ဦးကို တိုက်ကြီးကနေ ယခုလ ၉ ရက်နေ့မှာ ဖမ်းမိခဲ့ပါတယ်။ဒီလိုမိတဲ့အတွက် ဒီအမှုကြီးက တရားခံမပေါ်တဲ့ အမှုကြီးတစ်ခုမဖြစ်တော့ဘဲ ရာဇဝတ်ဘေးပြေးမလွတ်တဲ့ အမှုကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

ဒီရက်သတ္တပတ်ထဲမှာဘဲ အများစိတ်ဝင်စားနေတဲ့ ဒဂုံမြောက်ပိုင်း ၃၅ ရပ်ကွက် ပင်လုံလမ်းပေါ်က စီဘီဘဏ်ကို ဗုံးထောင်ပြီးလုယက်တဲ့ အမှုကလည်း သေနတ်ပြလုယက်သူ တရားခံကိုမိခဲ့ပါတယ်။ရှေ့ရက်ပိုင်းက လုယက်သူစီးသွားတဲ့ ကားနံပါတ်တက္ကစီကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် တရားခံမတွေ့ရသေးတဲ့အတွက် ယခင်နာမည်ကြီးအမှုတွေလို ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေရှိခဲ့ပြီး လုသူကိုမမိခဲ့ရင် နောက်ဆက်တွဲ ဆက်ကျူးလွန်လာနိုင်တဲ့အတွက် ယခုလိုတစ်ပတ်ကျော်ကျော်အတွင်း ဒီတရားခံမိတဲ့ အတွက် လုံခြုံရေးအဖွဲ့တွေရဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်စွမ်းအပေါ် ပြန်ယုံကြည်ကိုးစားနိုင်မယ့် အရိပ်ယောင်တွေ မြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် ယခုရက်ထဲ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူဖို့ ကတိသစ္စာခံယူခဲ့တဲ့ ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် က တရားဥပ‌ဒေစိုးမိုးရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်မှုလိုတယ် ပြောခဲ့ရမှာ ယခုဘဏ်ကိစ္စကို ဥပမာအဖြစ်ပြောခဲ့ပြီး ဘဏ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုကို ပြောခဲ့တာတွေ့ရပါတယ်။ပြည်ထဲရေးဝန်ကြီးအသစ် လက်ထက်မှာ ဖြစ်ခဲ့တယ်လို့ ဆိုလို့ရမယ့် ဘဏ်လုယက်မှုက အချိန်တိုအတွင်း ပေါ်ခဲ့တဲ့အတွက်  တရားခံပျောက်ဆုံးနေတဲ့ နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ ပြည်သူထင်ထားတဲ့ တရားခံကို ပြည်ထဲရေးဝန်ကြီးအသစ် လက်ထက်မှာ ဆွဲထုတ်ဖော်နိုင်မလားဆိုတာ စောင့်ကြည့်စရာ ဖြစ်လာခဲ့ပါတယ်။

လူသတ်မှုတွေ၊ လုယက်မှုတွေကို ဖော်ထုတ်နိုင်လို့ ပြည်သူယုံကြည်မှုရစပြုလာတဲ့ အာဏာပိုင်အဖွဲ့အတွက် ခုလုခုလုဖြစ်ခဲ့တာက မန္တလေးက ဒုရဲအုပ်တစ်ဦးကို အဂတိလိုက်စားလို့ အလုပ်နှင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့တယ်ဆိုတဲ့ သတင်းပါဘဲ။အဂတိလိုက်စားတဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းမှ ဒု-ရဲအုပ် ကျော်နိုင်ဦး ကို လာဘ်တောင်းခဲ့တဲ့အတွက် ဒီလိုချမှတ်ခံရတာပါ။ဒီလိုချမှတ်တဲ့အတွက် ဒါဟာ တရားမျှတမှုမရှိဘူးဆိုတဲ့အသံတွေ ထွက်လာခဲ့ပြီး သိန်းထောင်ချီလာဘ်စားတာ မဟုတ်တဲ့အတွက် လျှော့ပေါ့ပေးသင့်တယ်ဆိုတဲ့ နှပ်ကြောင်းပေးတဲ့ မှတ်ချက်တွေလည်း ထွက်ခဲ့တာကလည်း မှတ်မှတ်ရရပါဘဲ။

ဒီလိုဘဲ နိုင်ငံတော်သမ္မတ တောင်ကြီးကိုလာရောက်ပြီး မကြာခင်မှာ တာချီလိတ်က လောင်းကစားခုံတွေကို အရေးယူခဲ့တဲ့အတွက် လောင်းကစားတွေ၊ ကာစီနိုတွေ ပိတ်ခဲ့ရပြီး ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။ဒီလိုအရေးယူခဲ့တဲ့အတွက် တာချီလိတ်မှာ လာလုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေ ထောင်နဲ့ချီပြီး ပြန်ထွက်သွားပါတယ်။ဒီနောက်မှာ တာချီလိတ်မှာ ပစ်ခတ်မှုနှစ်ခု ရက်ပိုင်းအတွင်းဖြစ်ခဲ့ကာ ဖေဖေါ်ဝါရီ ၁၃ ရက်မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ လူတစ်ဦး သေဆုံးခဲ့ရပါတယ်။
ယခုထိ တရားခံကိုမမိဘဲ ခန့်မှန်းမှုတွေသာ ရှိနေပါသေးတယ်။

နယ်စပ်မှာ လက်နက်ကိုင်သတ်ဖြတ်ခဲ့တဲ့သူကို မမိသေးပေမယ့် ရန်ကုန်က ရှေ့နေတွေကို တက္ကသိုလ်နည်းပြဆိုပြီး လိမ်သွားတဲ့ လူတစ်ယောက်ကို ယခုရက်သတ္တပတ်ထဲ မိခဲ့ပါတယ်။ဒါကလည်း ဒီလူရဲ့ တခြားလိမ်လည်မှုကို လူမှုကွန်ရက်မှာ ဖော်ပြရာကနေ အစဆွဲမိပြီး ဖမ်းမိခဲ့တာပါ။ဒီလူက သူ့ကိုယ်သူ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန တွဲဖက်ပါမောက္ခတစ်ဦးဆိုပြီး ရှေ့နေ ၁၀ ဦးထံကနေ  ကျပ်သိန်း ၁၀၀ ခန့် လိမ်လည်ခဲ့တာပါ။၂၀၁၇ ကစပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ရုံးမှာ ခပ်တည်တည်နဲ့ အင်္ဂလိပ်စာသင်ကြားပေးခဲ့တာဆိုတဲ့အတွက် အတော်လေးအတင့်ရဲတယ်လို့ ဆိုရမလားပါဘဲ။မတူညီမအပ်စပ်တဲ့ နယ်ပယ်နှစ်ခုကို လုပ်စားခဲ့တဲ့ ဒီလူကို ချီးဘဲကျူးရမှာလား ကဲ့ရဲ့ဘဲ ကဲ့ရဲ့ရမှာလားဆိုတာ မပြောတတ်အောင်ပါဘဲ။တစ်ကယ်လို့သာ လူမှုကွန်ရက်မှာ ဒီလူအကြောင်း မဖော်ပြခဲ့ရင် ဘယ်လောက်ထိ မှင်ကောင်းကောင်းနဲ့ လူတွေကို ဆက်လိမ်နေဦးမလဲဆိုတာ မတွေးဝံ့စရာပါဘဲ။

ဒီလိုစိတ်ပျက်စရာသတင်းတွေထဲ သတင်းဖတ်သူတွေအတွက် စိတ်ချမ်းသာစရာ သတင်းတစ်ခုကတော့ မြို့သာစက်မှုဥယျာဉ်မြို့တော်မှာ ဆေးခြောက်စိုက်ပျိုးမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကို တရားရှင်ပြန်လွှတ်ပေးခဲ့တဲ့ သတင်းပါ။ဒီအမှုမှာ  ၄ ဦးကို တရားစွဲခဲ့ရာမှာ ပိုင်ရှင် အမေရိကန်နိုင်ငံသားနှစ်ဦး လွတ်မြောက်နေပြီး ယခုအမျိုးသမီးကိုပါ လွှတ်ပေးခဲ့တဲ့အတွက် ဒီအမှုမှာ ဖမ်းထားတဲ့သူ ကိုရှိန်းလတ်ဆိုသူ တစ်ဦးသာကျန်ပါတော့တယ်။လက်ရှိမှာ ဒီဆေးခြောက်နွယ်ဝင် အပင်တွေကို စက်မှုကုန်ကြမ်းအဖြစ် အာရှနိုင်ငံတွေမှာ တရားဝင်စိုက်နေကြတဲ့အတွက် ဝေဖန်မှုတွေရှိနေပြီး ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ချက်တွေ ထွက်လာခဲ့ရင် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

လောလောဆယ်မှာတော့ နိုင်ငံခြားသားတွေ တရားမဝင်နေထိုင်ရင် ထိရောက်စွာအရေးယူရန် အဆိုကိုတင်ရာမှာ ရှုံးခဲ့တာတော့ တွေ့ရပါတယ်။ဖေဖော်ဝါရီ ၅ ရက်က ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးမှာ မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်  ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က မန္တလေးတိုင်းအတွင်း တရားမဝင်နေထိုင်နေသည့် ပြည်ပနိုင်ငံသားများကို အထူးစီမံချက်ဖြင့် စစ်ဆေးဖော်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက်ရန် တိုက်တွန်းတဲ့အဆိုကို တင်ခဲ့ရာမှာ မဲခွဲဆုံးဖြတ်ခဲ့ရတဲ့အထိဖြစ်ခဲ့ပြီး ဒီအဆို မဲရှုံးနိမ့်ခဲ့တဲ့အတွက် ဘာတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကိုရိုနာအောက်က မြန်မာ့ကုန်သွယ်ရေး

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်လာကတည်းက မကောင်းခဲ့တဲ့ မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးက  ဖေဖေါ်ဝါရီလမှာ အဆိုးဆုံးဖြစ်လာခဲ့ပါတယ်။ယခုလို ဆောင်းရာသီချိန်တွေမှာ တစ်ရက်ကို ပုံမှန်အားဖြင့် ဖရဲကား အစီးရေ ၃၀၀ နဲ့ ၄၀၀ ခန့်ကြား အရောင်းအဝယ်ရှိတဲ့ မူဆယ်ဟာ အဆိုပါရက်တွေမှာ တစ်ရက်ကို ကားဆယ်စီးလောက် အရောင်းထွက်နိုင်အောင် မနည်းကြိုးစားနေရတဲ့ အခြေအနေဖြစ်နေပါတယ်။ကိုရိုနာဗိုင်းရပ်စ် စဖြစ်တဲ့ ဇန်နဝါရီကတည်းက ထိုးကျသွားတဲ့ ကုန်သွယ်ရေးက တရုတ်ဝယ်လက်တွေ မလာခဲ့တဲ့အတွက် မြန်မာဘက်မှာ ဖရဲ၊ သခွားလို သီးနှံတွေ၊ ဆန်၊ သကြား၊ ပြောင်း၊ နှမ်း စတဲ့ ကုန်တွေလည်း မြန်မာဘက်မှာပုံနေပြီး နောက်ထပ်ကားတွေ တက်မလာအောင် တားနေရတဲ့အခြေအနေပါ။တရုတ်ဘက်မှာ ယခုရက်သတ္တပတ်ထဲ တချို့အလုပ်တွေ စလာပြီဖြစ်တဲ့အတွက် အရောင်းအဝယ်တွေ မကြာခင်ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် အေးစက်နေတဲ့ အရောင်းအဝယ်တွေက ဖေဖော်ဝါရီလကုန်ပိုင်းမှသာ ပြန်လည်ကောင်းမွန်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ခန့်မှန်းမှုတွေရှိပေမယ့် တရုတ်ဘက်မှာ အခုထိ ကိုဗစ် ၁၉ လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့အခြေအနေ မရှိသေးတဲ့အတွက် ခန့်မှန်းထားတဲ့အတိုင်း ပြန်ကောင်းမွန်နိုင်ခြေမရှိဘူးလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ဒီအခြေအနေက တရုတ်နဲ့ကုန်သွယ်မှုကို အဓိကအားထားနေရတဲ့ မြန်မာကုန်သည်တွေအတွက် တခြားနိုင်ငံနဲ့ ကုန်သွယ်မှုကို ပြန်စဉ်းစားလာရတဲ့ အနေအထားပါ။

ဒီရက်ထဲမှာဘဲ ပြည်တွင်းသတင်းတစ်ခုမှာ နာမည်ကျော် လီဒိုလမ်းမကြီးကို ပြန်အဆင့်မြှင့်တင်ဖို့ အိန္ဒိယအစိုးရက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေပါဘဲ။လီဒိုလမ်းဆိုတာ ဒုတိယကမ္ဘာစစ်ကာလမှာ အားချင်းဖောက်ခဲ့တဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ လမ်းမကြီးဖြစ်ပြီး တရုတ်-မြန်မာ-အိန္ဒိယကို ဆက်သွယ်ပေးတဲ့ လမ်းမကြီးပါ။ယခု ဒီလမ်းမကြီးကို အိန္ဒိယက မြန်မာနဲ့ကုန်သွယ်ရေးအတွက် စိတ်ဝင်စားနေတာပါ။ပြောစကားတွေအရဆိုရင် အိန္ဒိယဘက်က သူ့နိုင်ငံအတွင်းမှာရှိတဲ့ လီဒိုလမ်းပိုင်းကို ကောင်းမွန်အောင် တည်ဆောက်ပြီးနေပြီး မြန်မာဘက်ကအခြမ်းကို မြှင့်တင်ဖို့ စိတ်ဝင်စားနေတာပါ။လက်ရှိမှာ တရုတ်နဲ့ကုန်သွယ်ရေး တစ်ခုတည်းကိုသာ အားထားနေရတဲ့ မြန်မာအတွက် နောက်ထပ်လူဦးရေ သန်းတစ်ထောင်ကျော်ရှိလာတဲ့ ကုန်သွယ်ဘက်နိုင်ငံကြီးတစ်ခုနဲ့ ပုံမှန်ကုန်သွယ်ရေးဖြစ်ဖို့ ဒီလမ်းမကြီး ပြန်လည်ဖြစ်မြောက်ဖို့  မဖြစ်မနေ ထည့်သွင်းစဉ်းစားရတော့မယ့် အခြေအနေပါ။လက်ရှိမှာ မြန်မာနဲ့ အိန္ဒိယအစိုးရကြား သဘောတူလက်မှတ် မထိုးရသေးပါဘူး။မြန်မာဘက်က  တိုင်းရင်းသားလက်နက်ကိုင်တွေ အားကောင်းတဲ့ အဆိုပါဒေသမှာ နောက်ထပ် ကုန်သွယ်ရေးအားကောင်းအောင်လုပ်ဖို့ စိတ်ဝင်စားမှုရှိပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။  

တရုတ်နဲ့ ကုန်သွယ်ရေးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နေချိန်မှာ မြန်မာကုန်သည်တွေ စိတ်ဝင်တစားစောင့်ကြည်နေတဲ့ အီးယူ၏ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) ရုပ်သိမ်း/မသိမ်း ကိစ္စက အဖြေပေါ်လာခဲ့ပါတယ်။ဒီသတင်းက အထည်ချုပ်လို့ CMP လို့ ခေါ်တဲ့ လက်ခစားလုပ်ငန်းတွေမှာ အဓိကသက်ရောက်မှာဖြစ်တဲ့အတွက် ကုန်သွယ်ရေး အထူးအခွင့်အရေးပေးခံရတဲ့ နိုင်ငံတွေမှာ လိုက်ရင်းနှီးမြုပ်နှံတဲ့ အထည်ချုပ်လုပ်ငန်း ကုမ္ပဏီကြီးတွေကို ဆွဲဆောင်နိုင်တဲ့ မက်လုံးပါ။မြန်မာနဲ့ ကမ္ဘောဒီးယားကို ဥရောပသမဂ္ဂ (EU) က ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) အတွက် စောင့်ကြည့်ခဲ့ရာမှာ ယခုလထဲမှာ ကမ္ဘောဒီးယားကို ရုပ်သိမ်းပြီး မြန်မာကို မရုပ်သိမ်းဘဲ ဆက်လက်စောင့်ကြည့်မယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာအထည်ချုပ်နဲ့ ဖိနပ်လုပ်ငန်းတွေ အပါအဝင် ဥရောပကို အိတ်စပို့လုပ်ငန်းရှင်တွေ အသက်ရှုချောင်ခဲ့ပါတယ်။

အီးယူက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို ဆက်လက်ညှိနှိုင်းစောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ပြီး မြန်မာအတွက် ကဏ္ဍ ၁၀ ခု တွင် တိုးတက်မှုရှိရန် စောင့်ကြည့်မယ်ဆိုတဲ့အတွက် ကုန်သွယ်ရေးက နိုင်ငံရေးနဲ့ လာချိတ်ဆက်တဲ့အတွက်  ပဋိပက္ခတွေပေါတဲ့ မြန်မာအတွက် နောက်ထပ်ပိတ်ဆို့မှု လာ၊ မလာဆိုတာ စောင့်ကြည့်ရဦးမှာပါ။မြန်မာကုန်သွယ်မှု တောက်လျှောက်တက်လာစေခဲ့တဲ့ အီးယူရဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) ရုပ်သိမ်းမခံရဖို့ မြန်မာဘက်က ဘယ်လောက် နိုင်ငံရေးတိုးတက်လဲဆိုတာ ပြနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဖေဖော်၀ါရီ - ၁၄

( Zawgyi )

ယခုရက္သတၱအပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတိထားေစာင့္ၾကည့္ရတဲ့ သတင္းေတြရွိခဲ့ပါတယ္။ဒီထဲမွာ ေဖေဖၚဝါရီ ၁၃ ရက္ ဗိုလ္ခ်ဳပ္ေမြးေန႔က ေနျပည္ေတာ္ ဗိုလ္ခ်ဳပ္ျမင္းစီး႐ုပ္တုဖြင့္ပြဲမွာ သမၼတေျပာခဲ့တဲ့စကား၊ အျဖစ္မ်ားလာတဲ့ တရားမဲ့မႈေတြ၊ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္လာႏိုင္တဲ့ ျမန္မာ့စီးပြားေရးအေျခအေန သတင္းေတြက ယခုရက္ထဲ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ပါတီႏိုင္ငံေရးႏွင့္ အုပ္ခ်ဳပ္ေရးမပါဖို႔

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ အမ်ားစုစိတ္ဝင္စားခဲ့တဲ့သတင္းက ေဖေဖၚဝါရီ ၁၃ ရက္က ေနျပည္ေတာ္ သေျပကုန္းအဝိုင္း၌ ျပဳလုပ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကး႐ုပ္တု ဖြင့္ပြဲအခမ္းအနားမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ေျပာခဲ့တဲ့ မိန႔္ခြန္းပါဘဲ။

ဒီမိန႔္ခြန္းက သတိထားမိစရာအေၾကာင္းေတြ ပါခဲ့သလို လူသိနည္းေသးတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း မိန႔္ခြန္းကို ဥပမာေပးၿပီး ေျပာခဲ့တဲ့အတြက္ ယခုရက္ထဲ လူအမ်ားအာ႐ုံစိုက္စရာသတင္း ျဖစ္ခဲ့ပါတယ္။ဒီျမင္းစီးေၾကး႐ုပ္ဖြင့္ပြဲမွာ သမၼတ ဦးဝင္းျမင့္ က တပ္မေတာ္သားမ်ားအား ပါတီႏိုင္ငံေရးႏွင့္ အုပ္ခ်ဳပ္ေရးကိစၥရပ္မ်ားတြင္ ပါဝင္စြက္ဖက္ျခင္းမရွိေစေရး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာၾကားခဲ့သည့္ မိန႔္ခြန္းမ်ားကိုလည္း ေျပာခဲ့ပါတယ္။

ဒီမိန႔္ခြန္းထဲမွာ သမၼတႀကီးက  ‘‘တပ္မေတာ္၏ ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း က တပ္မေတာ္ႏွင့္ စပ္လ်ဥ္း၍လည္း လိုက္နာရန္ အခုလိုမိန႔္ဆိုခဲ့ပါတယ္။ဗမာ့လြတ္လပ္ေရး တပ္မေတာ္သည္ အုပ္ခ်ဳပ္ေရး၊ ႏိုင္ငံေရးႏွင့္ ပတ္သက္၍ အလွ်င္းစြက္ဖက္ျခင္း ျပဳလိမ့္မည္မဟုတ္။ဗမာ့လြတ္လပ္ေရး တပ္မေတာ္ဗိုလ္မ်ားႏွင့္ တပ္သားမ်ားသည္ ပါတီႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရးကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ပါဝင္စြက္ဖက္ျခင္း အလွ်င္းမရွိေစရလို႔ ႏိုင္ငံရဲ႕စည္းလုံးညီၫြတ္ေရးကို ရည္႐ြယ္ၿပီး ေရွာင္ရန္၊ ေဆာင္ရန္ကိုလည္း လမ္းၫႊန္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ႏိုင္ငံေရးဂႏၴဝင္စာအုပ္မွာ ေလ့လာေတြ႕ရွိရပါတယ္’’ လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ဒီဖြင့္ပြဲမွာ သမၼတႀကီးက ျပည္သူလူထုကို ႏွိပ္စက္မည့္ အာဏာရွင္ဆန္ေသာ ႏိုင္ငံေရးစနစ္မ်ိဳး ျပန္လည္ထြန္းကားျခင္းမရွိေစရန္ ႀကိဳးပမ္းေဆာင္႐ြက္မယ္လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံကလည္း ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ပင္လုံၿမိဳ႕မွာ က်င္းပတဲ့ (၇၃) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ “သမိုင္းကိုျပန္ၾကည့္တဲ့အခါ တစ္ေယာက္ကို တစ္ေယာက္ အျပစ္ရွာတဲ့အၾကည့္နဲ႔ မၾကည့္ေစခ်င္ပါဘူး။အျပစ္တင္ေနၾကလို႔လည္း အေျဖမွန္မရႏိုင္ပါဘူး၊ သူ႔ဖက္က ဘာမွားလဲ ကိုယ့္ဖက္မွာလည္း ဘာမွားလဲ၊ ငါတို႔အားလုံး ဘာေတြမွားခဲ့ၾကလဲ ဘာေတြျပင္စရာလိုလည္း ဆိုတာေတြကို ေဝဖန္ဆန္းစစ္တဲ့အျမင္နဲ႔ ၾကည့္ဖို႔လိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။

လက္ရွိတြင္ တိုင္းျပည္တြင္း မညီၫြတ္မႈမ်ားေၾကာင့္  ႏိုင္ငံအတြက္ ေရရွည္မွာထိခိုက္လာေနၿပီး ျပည္တြင္းညီၫြတ္မႈအတြက္ ႀကိဳးစားတည္ေဆာက္ေနတာကို ေတြ႕ရပါတယ္။ NCA လက္မွတ္မထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္  လက္မွတ္ထိုးရန္ အစိုးရဘက္က ႀကိဳးစားေနသလို ထာ၀ရတည္တံ့ေနမည့္ ၿငိမ္းခ်မ္းေရးအတြက္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ရန္ ႀကိဳးစားေနတာကိုလည္း ဝိုင္းဝန္းဖို႔ေျပာခဲ့တာလည္း ရွိခဲ့ပါတယ္။ဒီအတြက္ ဒီမိုကေရစီ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးမွာ အျမင္မက်ဥ္းၾကရန္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့တာလည္း ရွိခဲ့ပါတယ္။

(၇၃) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အတြက္ သမၼတ ဦးဝင္းျမင့္ ေပးပို႔တဲ့ သဝဏ္လႊာမွာလည္း အနာဂတ္ေမွ်ာ္မွန္းခ်က္တို႔နဲ႔ ကိုက္ညီေသာ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံဥပေဒတစ္ရပ္ ေပၚထြန္းလာေစေရးကို တိုင္းရင္းသားျပည္သူတစ္ရပ္လုံးက ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္ၾကရမည္ ျဖစ္ပါတယ္လို႔ တိုက္တြန္းခဲ့တာကို ေတြ႕ရပါတယ္။လာမယ့္ရက္သတၱပတ္မွာ တက္ဘက္ အခြင့္အာဏာကို ေလွ်ာ့ခ်မႈေတြပါတဲ့ ဖြဲစည္းပုံအေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းေတြ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးတဲ့အခါ ဘယ္လိုပြတ္တိုက္မႈေတြ ျဖစ္လာမလဲ၊ အရပ္သားအစိုးရ ေမွ်ာ္မွန္းသလို ေစ့စပ္ေဆြးေႏြးမႈကေန လိုခ်င္တဲ့အခင္းအက်င္း ရလာမလား၊ ဒါမွမဟုတ္ ျပည္တြင္းၿငိမ္းခ်မ္းေရးက အားေကာင္းေနတဲ့အုပ္စုရဲ႕ သေဘာဆႏၵအတိုင္း ယခင္လိုဘဲ ေနာက္ဘက္ကို ျပန္လိမ့္သြားဦးမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဆူးၾကားမွ ေဒသခံ ဘူးသီးမ်ား

ယခုရက္ထဲ ထူးဆန္းတဲ့သတင္းက အဖမ္းခံရသူတစ္ဦး ဘယ္အဖြဲ႕ကဖမ္းသြားမွန္းမသိျဖစ္ေနတဲ့ အျဖစ္ပါဘဲ။ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ည ၆ နာရီေက်ာ္အခ်ိန္က ရမ္းၿဗဲၿမိဳ႕နယ္ NLD ပါတီ ဘ႑ာေရးမႉး ဦးေဇယ်ာမင္းဆိုသူ အစ္ကိုဝမ္းကြဲျဖစ္သူနဲ႔ ကုလားပုန္းေက်း႐ြာမွ ျပန္လာစဥ္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။အစ္ကိုဝမ္းကြဲကို ျပန္လႊတ္ခဲ့ေပမယ့္ ဦးေဇယ်ာမင္းကိုေတာ့ ျပန္မလႊတ္ခဲ့ပါဘူး။

ဒီေနာက္မွာေတာ့ ဒီေဒသအတြင္း လႈပ္ရွားေနတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ ေအေအ လက္ခ်က္ဆိုတဲ့ အသံေတြ ထြက္လာခဲ့ပါတယ္။ဒီလို ထြက္လာတာကလည္း ေရွ႕မွာ AA လက္ခ်က္နဲ႔ ဖမ္းဆီးခံရတဲ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ သတ္ျဖတ္ခံရတဲ့ NLD စည္း႐ုံးေရးမႉးေတြ၊ ေဒသခံေတြ၊ အစိုးရဝန္ထမ္းေတြ ရွိခဲ့ပါတယ္။ျဖစ္ျဖစ္ခ်င္းအေစာပိုင္းမွာ ျငင္းေပမယ့္ ေနာက္ပိုင္းမွာ ေအေအလက္ခ်က္ဆိုတာ ေပၚေပါက္လာေလ့ရွိတဲ့အတြက္ ဒီလိုျပန္ေပးဆြဲတာကို လုပ္ေလ့လုပ္ထရွိတဲ့ ေအေအလက္ခ်က္လို႔ စြပ္စြဲတာ အဆိုးမဆိုသာပါဘူး။ဒါေပမယ့္ ေအေအအဖြဲ႕ကို သတင္းမီဒီယာေတြက ေမးရာမွာ သူတို႔လက္ခ်က္မဟုတ္ဘူးလို႔ ျငင္းခဲ့ပါတယ္။ဒီအတြက္ မိသားစုနဲ႔ သက္ဆိုင္ရာ မိခင္ပါတီဘက္က ဘယ္အဖြဲ႕က ျပန္ေပးဆြဲသလဲဆိုတာသိဖို႔ စုံစမ္းစစ္ေဆးေနရပါတယ္။

တပ္ဘက္ကလည္း သူတို႔ဖမ္းဆီးထားတာ မဟုတ္ဘူးလို႔ ျငင္းခဲ့ပါတယ္။ဒါဟာ အေတာ္ေလးကို အသိရခက္တဲ့ ျပန္ေပးဆြဲမႈပဲ ျဖစ္ခဲ့ပါတယ္။ဦးေဇယ်ာမင္းရဲ႕ မိသားစုေတြက ဖမ္းဆီးသြားတဲ့ မည္သည့္ဌာန၊ အဖြဲ႕အစည္းမဆို တာဝန္ခံ၊ တာဝန္ယူမႈရွိစြာျဖင့္ ဖမ္းဆီးသြားသည့္အေၾကာင္းကို သတင္းထုတ္ျပန္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ထူးျခားမႈကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ကို ေထာက္ခံတဲ့ ရမ္းၿဗဲၿမိဳ႕နယ္မွာ ျပဳလုပ္ခဲ့သည့္ ICJ ပြဲ ကိစၥအၿပီးမွာ ဦးေဇယ်ာမင္း အပါအဝင္ ဦးေဆာင္သူမ်ားကို လူမႈကြန္ယက္ေပၚမွတဆင့္ ၿခိမ္းေျခာက္စာပို႔မႈမ်ား ျပဳလုပ္တာရွိခဲ့တယ္ ဆိုတာပါဘဲ။ေအေအရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ ဖမ္းဆီးခံရၿပီး ေနာက္တစ္ရက္မွာဘဲ သူတို႔မဖမ္းထားဘူး၊ လုံး၀ပတ္သက္မႈမရွိဘူးဆိုတာကို ခါးခါးသီးသီးျငင္းဆိုခဲ့ပါတယ္။ယခုထိ ဘယ္သူဖမ္းသြားလဲမသိတဲ့ ဦးေဇယ်ာမင္းရဲ႕ အသက္အႏၲရာယ္က စိုးရိမ္စရာအေျခအေနပါ။လူမႈကြန္ရက္ေတြမွာေတာ့ ဖမ္းတာေတာင္ ခိုးေၾကာင္ခိုးဝွက္ဖမ္းၿပီး ကိုယ္ဖမ္းတာေတာင္ ဝန္မခံရဲ၊ သူရဲေဘာေၾကာင္တဲ့အတြက္ ဖမ္းတဲ့အဖြဲ႕အေနနဲ႔ အိုင္အက္စ္ေတြ၊ တာလီဘန္ေတြ၊ အယ္ေကးဒါးေတြေလာက္ေတာင္ သတၱိမရွိတဲ့အတြက္ ထမိန္ဝတ္ထားသင့္တယ္ဆိုၿပီး ဖမ္းခဲ့တဲ့အဖြဲ႕ကို ရႈတ္ခ်ခဲ့တာေတြ ေတြ႕ရပါတယ္။

တိုက္ပြဲျဖစ္ေနတဲ့ ေဒသေတြမွာ ေနထိုင္သူ ဝန္ထမ္းေတြ၊ ေဒသခံေတြအဖို႔ လက္နက္နဲ႔ စည္းမဲ့ကမ္းမဲ့ ထင္သလိုျပဳမူေနတဲ့ အဖြဲ႕ေတြေၾကာင့္ ဆူးၾကားမွာ သီးရတဲ့ ဘူးသီးလိုပါဘဲ ေနမႈထိုင္မႈ၊ ဘ၀ရပ္တည္မႈအတြက္ ခက္ခဲလာတာက ျငင္းမရပါဘူး။ေဒသအတြက္ လူမ်ိဳးအတြက္ဆိုၿပီး ေခါင္းစဥ္တပ္ လက္နက္ကိုင္ ေတာ္လွန္ေရးထခဲ့ၾကေပမယ့္ ေနာက္မွာေတာ့ ေဆြမ်ိဳးတစ္စု ေကာင္းစားေရးဆိုတဲ့ ေခါင္းစဥ္ေအာက္ကိုေရာက္သြားတာ ျမန္မာျပည္က လက္နက္ကိုင္တဲ့ အဖြဲ႕အမ်ားစုရဲ႕ လက္ရွိရပ္တည္မႈ အေျခအေနပါဘဲ။

ယခင္က ျပင္းျပင္းထန္ထန္တိုက္ခဲ့ၾကတဲ့ ေကအန္ယူနဲ႔ တပ္မေတာ္ၾကားမွာ ယခင္အစိုးရလက္ထက္ကတည္းက ေကာင္းမြန္တဲ့ဆက္ဆံေရး ျဖစ္ထြန္းလာခဲ့သလို ၿငိမ္းခ်မ္းေရးရယူၿပီးေနာက္ ကရင္ျပည္နယ္အတြင္း ျဖစ္ထြန္းလာမႈက ေျပာစမွတ္ျဖစ္ေလာက္ေအာင္ပါဘဲ။ဒါေပမယ့္ ဖာပြန္ခ႐ိုင္အတြင္း တပ္မေတာ္ဘက္က လမ္းေဖာက္လုပ္ေနျခင္းအေပၚ KNU တပ္မဟာ (၅) ဘက္က စစ္ေရးျပင္ဆင္ျခင္း ျဖစ္တယ္ဆိုၿပီး ၂၀၁၈ ခုႏွစ္၊ မတ္လကေန ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း မၾကာခဏတိုက္ပြဲျဖစ္ပြားေနတဲ့အတြက္ ၿငိမ္းခ်မ္းေရးအရသာသိေနတဲ့ ေဒသခံေတြအဖို႔ စိုးရိမ္စရာတင္းမာမႈပါ။

ႏွစ္ဘက္ၾကား တင္းမာမႈကိုေလွ်ာ့ခ်ဖို႔ တပ္ဘက္နဲ႔ ေကအန္ယူၾကား ေဆြးေႏြးေနရာမွာ ယခုလ ၁၉ ရက္မွာ ႏွစ္ဘက္ၾကား သီးသန႔္ေဆြးေႏြးမႈေတြ ရန္ကုန္မွာ လုပ္ဖို႔ရွိတယ္ဆိုတဲ့ သတင္းေတြတက္လာခဲ့တဲ့အတြက္ သတင္းေကာင္းပါဘဲ။ႏွစ္ဘက္ၾကား မၾကာခဏျဖစ္ေနတဲ့ ေျမျပင္တပ္ေတြ ထိေတြ႕မႈကို ဘယ္ေလာက္ထိေလွ်ာ့ခ်ႏိုင္တဲ့ ေဆြးေႏြးမႈေတြ ျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။  

ဆိုး႐ြားလာသည့္ တရားမဲ့မႈ

ယခုရက္ပိုင္းအတြင္း မွတ္မွတ္ရရျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ထိပ္ဆုံးကပါခဲ့တာက မႈခင္းသတင္းေတြပါဘဲ။အထူးသျဖင့္ အမ်ိဳးသမီးတစ္ဦးကို ခင္ပြန္းေဟာင္းက မီးရႈိ႕သတ္တဲ့ သတင္းကိုဖတ္ရလို႔ စိတ္ဆင္းရဲရတဲ့ စာဖတ္သူေတြအတြက္ ယခုရက္သတၱပတ္မွာဘဲ ေနာက္ထပ္ျဖစ္ရပ္တစ္ခုျဖစ္တဲ့ မီးရႈိ႕ခံထားရေသာ အမ်ိဳးသမီးတစ္ဦး၏ ႐ုပ္အေလာင္းေတြ႕ရွိမႈသတင္းကို ဖတ္ရတဲ့အတြက္ စိတ္မခ်မ္းမသာျဖစ္ခဲ့ရတဲ့ ရက္သတၱပတ္ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ကျဖစ္ခဲ့တဲ့ ရန္ကုန္ ဒဂုံေတာင္မွာျဖစ္ခဲ့တဲ့ ခင္ပြန္းေဟာင္းက ဓာတ္ဆီေလာင္း မီးရႈိ႕ခဲ့တဲ့အမႈမွာ မီးေလာင္ခံရသူအမ်ိဳးသမီး ေသဆုံးခဲ့တဲ့အတြက္  က်ဴးလြန္သူ ခင္ပြန္းေဟာင္းကို ထပ္တိုးအမႈဖြင့္ရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။လက္မခံႏိုင္ေလာက္ေအာင္ ဆိုး႐ြားယုတ္ညံ့လြန္းတဲ့ ဒီလိုမတရားက်လြန္းတဲ့ လူသတ္မႈဟာ လူ႔အသိုင္းအ၀ိုင္းနဲ႔ မထိုက္တန္ေလာက္ေအာင္ပါဘဲ။ဒီက်ဴးလြန္သူကို ျပင္းထန္တဲ့ျပစ္ဒဏ္ ဘယ္လိုေပးဖို႔ အမႈကိုတည္ေဆာက္သင့္တယ္ဆိုတဲ့ မွတ္ခ်က္ေတြေပးခဲ့တာကလည္း မၾကာခဏမေမွ်ာ္လင့္တာေတြကို ဖန္တီးျပတတ္တဲ့ ျမန္မာႏိုင္ငံ တရားစီရင္ေရးကို လွစ္ဟျပေနသလိုပါဘဲ။

ဒီအမႈေၾကာင့္ ေသဆုံးသူအတြက္ စာဖတ္သူအမ်ား စိတ္မခ်မ္းသာရခ်ိန္မွာဘဲ ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးကို မီးရႈိ႕သတ္တဲ့ အမႈတစ္ခုက ေရဦးမွာျဖစ္ခဲ့ပါတယ္။သတ္ျဖတ္ခံရၿပီး မီးရႈိ႕ေဖ်ာက္ဖ်က္တယ္ဆိုတဲ့ ယခုအမႈမွာ အဆိုပါအမ်ိဳးသမီးက ႏြားေက်ာင္းထြက္ရာကေန ႏြားေတြဘဲျပန္လာၿပီး လူျပန္မလာတဲ့အတြက္ လိုက္ရွာရာကေန မီးရႈိ႕ထားတဲ့ခႏၶာကိုယ္ကို ေတြ႕ခဲ့တာပါ။လက္ရွိမွာေတာ့ အဆိုပါအမ်ိဳးသမီး ႏြားေက်ာင္းတဲ့ ေနရာအနီးမွာရွိတဲ့ လူႏွစ္ဦးကို မသကၤာတဲ့အတြက္ ဖမ္းထားတယ္ ဆိုပါတယ္။

လူသတ္မႈဆိုလို႔ ရန္ကုန္-ပဲခူး အစပ္ လွည္းကူးမွာျဖစ္ခဲ့တဲ့ သုံးေလာင္းၿပိဳင္လူသတ္မႈကေတာ့ ဘီယာဆိုင္မွာ တစ္ဝိုင္းနဲ႔ တစ္ဝိုင္း စကားမ်ားရင္း သမီးေယာက္ဖ ညီအစ္ကိုသုံးဦး ရွိတဲ့ေနရာအထိ လိုက္သတ္ၾကတယ္ဆိုတဲ့ လွည္းကူး သုံးေလာင္းၿပိဳင္ လူသတ္မႈမွာေတာ့ က်ဴးလြန္သူတရားခံတစ္ဦးကို တိုက္ႀကီးကေန ယခုလ ၉ ရက္ေန႔မွာ ဖမ္းမိခဲ့ပါတယ္။ဒီလိုမိတဲ့အတြက္ ဒီအမႈႀကီးက တရားခံမေပၚတဲ့ အမႈႀကီးတစ္ခုမျဖစ္ေတာ့ဘဲ ရာဇဝတ္ေဘးေျပးမလြတ္တဲ့ အမႈႀကီးတစ္ခုအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီရက္သတၱပတ္ထဲမွာဘဲ အမ်ားစိတ္ဝင္စားေနတဲ့ ဒဂုံေျမာက္ပိုင္း ၃၅ ရပ္ကြက္ ပင္လုံလမ္းေပၚက စီဘီဘဏ္ကို ဗုံးေထာင္ၿပီးလုယက္တဲ့ အမႈကလည္း ေသနတ္ျပလုယက္သူ တရားခံကိုမိခဲ့ပါတယ္။ေရွ႕ရက္ပိုင္းက လုယက္သူစီးသြားတဲ့ ကားနံပါတ္တကၠစီကို ေဖာ္ထုတ္ႏိုင္ခဲ့ေပမယ့္ တရားခံမေတြ႕ရေသးတဲ့အတြက္ ယခင္နာမည္ႀကီးအမႈေတြလို ျဖစ္သြားမလားဆိုတဲ့ စိုးရိမ္မႈေတြရွိခဲ့ၿပီး လုသူကိုမမိခဲ့ရင္ ေနာက္ဆက္တြဲ ဆက္က်ဴးလြန္လာႏိုင္တဲ့အတြက္ ယခုလိုတစ္ပတ္ေက်ာ္ေက်ာ္အတြင္း ဒီတရားခံမိတဲ့ အတြက္ လုံၿခဳံေရးအဖြဲ႕ေတြရဲ႕ တရားဥပေဒစိုးမိုးေရး ေဆာင္႐ြက္ႏိုင္စြမ္းအေပၚ ျပန္ယုံၾကည္ကိုးစားႏိုင္မယ့္ အရိပ္ေယာင္ေတြ ျမင့္တက္လာခဲ့ပါတယ္။

ဒါ့အျပင္ ယခုရက္ထဲ ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ယူဖို႔ ကတိသစၥာခံယူခဲ့တဲ့ ဒု-ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ က တရားဥပ‌ေဒစိုးမိုးေရးအတြက္ ျပည္သူေတြ ပူးေပါင္းပါဝင္မႈလိုတယ္ ေျပာခဲ့ရမွာ ယခုဘဏ္ကိစၥကို ဥပမာအျဖစ္ေျပာခဲ့ၿပီး ဘဏ္ဝန္ထမ္းေတြရဲ႕ ပူးေပါင္းပါဝင္မႈကို ေျပာခဲ့တာေတြ႕ရပါတယ္။ျပည္ထဲေရးဝန္ႀကီးအသစ္ လက္ထက္မွာ ျဖစ္ခဲ့တယ္လို႔ ဆိုလို႔ရမယ့္ ဘဏ္လုယက္မႈက အခ်ိန္တိုအတြင္း ေပၚခဲ့တဲ့အတြက္  တရားခံေပ်ာက္ဆုံးေနတဲ့ ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈမွာ ျပည္သူထင္ထားတဲ့ တရားခံကို ျပည္ထဲေရးဝန္ႀကီးအသစ္ လက္ထက္မွာ ဆြဲထုတ္ေဖာ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္စရာ ျဖစ္လာခဲ့ပါတယ္။

လူသတ္မႈေတြ၊ လုယက္မႈေတြကို ေဖာ္ထုတ္ႏိုင္လို႔ ျပည္သူယုံၾကည္မႈရစျပဳလာတဲ့ အာဏာပိုင္အဖြဲ႕အတြက္ ခုလုခုလုျဖစ္ခဲ့တာက မႏၲေလးက ဒုရဲအုပ္တစ္ဦးကို အဂတိလိုက္စားလို႔ အလုပ္ႏွင့္ ေထာင္ဒဏ္ေလးႏွစ္ ခ်မွတ္ခဲ့တယ္ဆိုတဲ့ သတင္းပါဘဲ။အဂတိလိုက္စားတဲ့ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ အမွတ္ (၃) ရဲစခန္းမွ ဒု-ရဲအုပ္ ေက်ာ္ႏိုင္ဦး ကို လာဘ္ေတာင္းခဲ့တဲ့အတြက္ ဒီလိုခ်မွတ္ခံရတာပါ။ဒီလိုခ်မွတ္တဲ့အတြက္ ဒါဟာ တရားမွ်တမႈမရွိဘူးဆိုတဲ့အသံေတြ ထြက္လာခဲ့ၿပီး သိန္းေထာင္ခ်ီလာဘ္စားတာ မဟုတ္တဲ့အတြက္ ေလွ်ာ့ေပါ့ေပးသင့္တယ္ဆိုတဲ့ ႏွပ္ေၾကာင္းေပးတဲ့ မွတ္ခ်က္ေတြလည္း ထြက္ခဲ့တာကလည္း မွတ္မွတ္ရရပါဘဲ။

ဒီလိုဘဲ ႏိုင္ငံေတာ္သမၼတ ေတာင္ႀကီးကိုလာေရာက္ၿပီး မၾကာခင္မွာ တာခ်ီလိတ္က ေလာင္းကစားခုံေတြကို အေရးယူခဲ့တဲ့အတြက္ ေလာင္းကစားေတြ၊ ကာစီႏိုေတြ ပိတ္ခဲ့ရၿပီး ဖမ္းဆီးမႈေတြလည္း ရွိခဲ့ပါတယ္။ဒီလိုအေရးယူခဲ့တဲ့အတြက္ တာခ်ီလိတ္မွာ လာလုပ္ေနတဲ့ ထိုင္းႏိုင္ငံသားေတြ ေထာင္နဲ႔ခ်ီၿပီး ျပန္ထြက္သြားပါတယ္။ဒီေနာက္မွာ တာခ်ီလိတ္မွာ ပစ္ခတ္မႈႏွစ္ခု ရက္ပိုင္းအတြင္းျဖစ္ခဲ့ကာ ေဖေဖၚဝါရီ ၁၃ ရက္မွာျဖစ္ခဲ့တဲ့ ပစ္ခတ္မႈမွာ လူတစ္ဦး ေသဆုံးခဲ့ရပါတယ္။
ယခုထိ တရားခံကိုမမိဘဲ ခန႔္မွန္းမႈေတြသာ ရွိေနပါေသးတယ္။

နယ္စပ္မွာ လက္နက္ကိုင္သတ္ျဖတ္ခဲ့တဲ့သူကို မမိေသးေပမယ့္ ရန္ကုန္က ေရွ႕ေနေတြကို တကၠသိုလ္နည္းျပဆိုၿပီး လိမ္သြားတဲ့ လူတစ္ေယာက္ကို ယခုရက္သတၱပတ္ထဲ မိခဲ့ပါတယ္။ဒါကလည္း ဒီလူရဲ႕ တျခားလိမ္လည္မႈကို လူမႈကြန္ရက္မွာ ေဖာ္ျပရာကေန အစဆြဲမိၿပီး ဖမ္းမိခဲ့တာပါ။ဒီလူက သူ႔ကိုယ္သူ ရန္ကုန္တကၠသိုလ္ အဂၤလိပ္စာဌာန တြဲဖက္ပါေမာကၡတစ္ဦးဆိုၿပီး ေရွ႕ေန ၁၀ ဦးထံကေန  က်ပ္သိန္း ၁၀၀ ခန႔္ လိမ္လည္ခဲ့တာပါ။၂၀၁၇ ကစၿပီး ျမန္မာႏိုင္ငံ ေရွ႕ေနမ်ားကြန္ရက္႐ုံးမွာ ခပ္တည္တည္နဲ႔ အဂၤလိပ္စာသင္ၾကားေပးခဲ့တာဆိုတဲ့အတြက္ အေတာ္ေလးအတင့္ရဲတယ္လို႔ ဆိုရမလားပါဘဲ။မတူညီမအပ္စပ္တဲ့ နယ္ပယ္ႏွစ္ခုကို လုပ္စားခဲ့တဲ့ ဒီလူကို ခ်ီးဘဲက်ဴးရမွာလား ကဲ့ရဲ႕ဘဲ ကဲ့ရဲ႕ရမွာလားဆိုတာ မေျပာတတ္ေအာင္ပါဘဲ။တစ္ကယ္လို႔သာ လူမႈကြန္ရက္မွာ ဒီလူအေၾကာင္း မေဖာ္ျပခဲ့ရင္ ဘယ္ေလာက္ထိ မွင္ေကာင္းေကာင္းနဲ႔ လူေတြကို ဆက္လိမ္ေနဦးမလဲဆိုတာ မေတြးဝံ့စရာပါဘဲ။

ဒီလိုစိတ္ပ်က္စရာသတင္းေတြထဲ သတင္းဖတ္သူေတြအတြက္ စိတ္ခ်မ္းသာစရာ သတင္းတစ္ခုကေတာ့ ၿမိဳ႕သာစက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္မွာ ေဆးေျခာက္စိုက္ပ်ိဳးမႈနဲ႔ အမႈရင္ဆိုင္ေနရတဲ့ ေဒသခံအမ်ိဳးသမီးတစ္ဦးကို တရားရွင္ျပန္လႊတ္ေပးခဲ့တဲ့ သတင္းပါ။ဒီအမႈမွာ  ၄ ဦးကို တရားစြဲခဲ့ရာမွာ ပိုင္ရွင္ အေမရိကန္ႏိုင္ငံသားႏွစ္ဦး လြတ္ေျမာက္ေနၿပီး ယခုအမ်ိဳးသမီးကိုပါ လႊတ္ေပးခဲ့တဲ့အတြက္ ဒီအမႈမွာ ဖမ္းထားတဲ့သူ ကိုရွိန္းလတ္ဆိုသူ တစ္ဦးသာက်န္ပါေတာ့တယ္။လက္ရွိမွာ ဒီေဆးေျခာက္ႏြယ္ဝင္ အပင္ေတြကို စက္မႈကုန္ၾကမ္းအျဖစ္ အာရွႏိုင္ငံေတြမွာ တရားဝင္စိုက္ေနၾကတဲ့အတြက္ ေဝဖန္မႈေတြရွိေနၿပီး ဥပေဒပိုင္းဆိုင္ရာ ျပင္ဆင္ခ်က္ေတြ ထြက္လာခဲ့ရင္ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ေလာေလာဆယ္မွာေတာ့ ႏိုင္ငံျခားသားေတြ တရားမဝင္ေနထိုင္ရင္ ထိေရာက္စြာအေရးယူရန္ အဆိုကိုတင္ရာမွာ ရႈံးခဲ့တာေတာ့ ေတြ႕ရပါတယ္။ေဖေဖာ္ဝါရီ ၅ ရက္က က်င္းပတဲ့ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ပုံမွန္အစည္းအေဝးမွာ မိတၳီလာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္  ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္မိုး က မႏၲေလးတိုင္းအတြင္း တရားမဝင္ေနထိုင္ေနသည့္ ျပည္ပႏိုင္ငံသားမ်ားကို အထူးစီမံခ်က္ျဖင့္ စစ္ေဆးေဖာ္ထုတ္၍ ထိေရာက္စြာအေရးယူေဆာင္႐ြက္ရန္ တိုက္တြန္းတဲ့အဆိုကို တင္ခဲ့ရာမွာ မဲခြဲဆုံးျဖတ္ခဲ့ရတဲ့အထိျဖစ္ခဲ့ၿပီး ဒီအဆို မဲရႈံးနိမ့္ခဲ့တဲ့အတြက္ ဘာေတြျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ကို႐ိုနာေအာက္က ျမန္မာ့ကုန္သြယ္ေရး

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ စျဖစ္လာကတည္းက မေကာင္းခဲ့တဲ့ ျမန္မာ-တ႐ုတ္ နယ္စပ္ ကုန္သြယ္ေရးက  ေဖေဖၚဝါရီလမွာ အဆိုးဆုံးျဖစ္လာခဲ့ပါတယ္။ယခုလို ေဆာင္းရာသီခ်ိန္ေတြမွာ တစ္ရက္ကို ပုံမွန္အားျဖင့္ ဖရဲကား အစီးေရ ၃၀၀ နဲ႔ ၄၀၀ ခန္႔ၾကား အေရာင္းအဝယ္ရွိတဲ့ မူဆယ္ဟာ အဆိုပါရက္ေတြမွာ တစ္ရက္ကို ကားဆယ္စီးေလာက္ အေရာင္းထြက္ႏိုင္ေအာင္ မနည္းႀကိဳးစားေနရတဲ့ အေျခအေနျဖစ္ေနပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ စျဖစ္တဲ့ ဇန္နဝါရီကတည္းက ထိုးက်သြားတဲ့ ကုန္သြယ္ေရးက တ႐ုတ္ဝယ္လက္ေတြ မလာခဲ့တဲ့အတြက္ ျမန္မာဘက္မွာ ဖရဲ၊ သခြားလို သီးႏွံေတြ၊ ဆန္၊ သၾကား၊ ေျပာင္း၊ ႏွမ္း စတဲ့ ကုန္ေတြလည္း ျမန္မာဘက္မွာပုံေနၿပီး ေနာက္ထပ္ကားေတြ တက္မလာေအာင္ တားေနရတဲ့အေျခအေနပါ။တ႐ုတ္ဘက္မွာ ယခုရက္သတၱပတ္ထဲ တခ်ိဳ႕အလုပ္ေတြ စလာၿပီျဖစ္တဲ့အတြက္ အေရာင္းအဝယ္ေတြ မၾကာခင္ျပန္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ဂယက္ေၾကာင့္ ေအးစက္ေနတဲ့ အေရာင္းအဝယ္ေတြက ေဖေဖာ္ဝါရီလကုန္ပိုင္းမွသာ ျပန္လည္ေကာင္းမြန္လာႏိုင္တဲ့ အေျခအေနရွိတယ္လို႔ ခန႔္မွန္းမႈေတြရွိေပမယ့္ တ႐ုတ္ဘက္မွာ အခုထိ ကိုဗစ္ ၁၉ လို႔ အမည္ေပးထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေန မရွိေသးတဲ့အတြက္ ခန႔္မွန္းထားတဲ့အတိုင္း ျပန္ေကာင္းမြန္ႏိုင္ေျခမရွိဘူးလို႔ သုံးသပ္မႈေတြလည္း ရွိပါတယ္။ဒီအေျခအေနက တ႐ုတ္နဲ႔ကုန္သြယ္မႈကို အဓိကအားထားေနရတဲ့ ျမန္မာကုန္သည္ေတြအတြက္ တျခားႏိုင္ငံနဲ႔ ကုန္သြယ္မႈကို ျပန္စဥ္းစားလာရတဲ့ အေနအထားပါ။

ဒီရက္ထဲမွာဘဲ ျပည္တြင္းသတင္းတစ္ခုမွာ နာမည္ေက်ာ္ လီဒိုလမ္းမႀကီးကို ျပန္အဆင့္ျမႇင့္တင္ဖို႔ အိႏၵိယအစိုးရက စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြပါဘဲ။လီဒိုလမ္းဆိုတာ ဒုတိယကမာၻစစ္ကာလမွာ အားခ်င္းေဖာက္ခဲ့တဲ့ စစ္ေရးအရ မဟာဗ်ဴဟာက်တဲ့ လမ္းမႀကီးျဖစ္ၿပီး တ႐ုတ္-ျမန္မာ-အိႏၵိယကို ဆက္သြယ္ေပးတဲ့ လမ္းမႀကီးပါ။ယခု ဒီလမ္းမႀကီးကို အိႏၵိယက ျမန္မာနဲ႔ကုန္သြယ္ေရးအတြက္ စိတ္ဝင္စားေနတာပါ။ေျပာစကားေတြအရဆိုရင္ အိႏၵိယဘက္က သူ႔ႏိုင္ငံအတြင္းမွာရွိတဲ့ လီဒိုလမ္းပိုင္းကို ေကာင္းမြန္ေအာင္ တည္ေဆာက္ၿပီးေနၿပီး ျမန္မာဘက္ကအျခမ္းကို ျမႇင့္တင္ဖို႔ စိတ္ဝင္စားေနတာပါ။လက္ရွိမွာ တ႐ုတ္နဲ႔ကုန္သြယ္ေရး တစ္ခုတည္းကိုသာ အားထားေနရတဲ့ ျမန္မာအတြက္ ေနာက္ထပ္လူဦးေရ သန္းတစ္ေထာင္ေက်ာ္ရွိလာတဲ့ ကုန္သြယ္ဘက္ႏိုင္ငံႀကီးတစ္ခုနဲ႔ ပုံမွန္ကုန္သြယ္ေရးျဖစ္ဖို႔ ဒီလမ္းမႀကီး ျပန္လည္ျဖစ္ေျမာက္ဖို႔  မျဖစ္မေန ထည့္သြင္းစဥ္းစားရေတာ့မယ့္ အေျခအေနပါ။လက္ရွိမွာ ျမန္မာနဲ႔ အိႏၵိယအစိုးရၾကား သေဘာတူလက္မွတ္ မထိုးရေသးပါဘူး။ျမန္မာဘက္က  တိုင္းရင္းသားလက္နက္ကိုင္ေတြ အားေကာင္းတဲ့ အဆိုပါေဒသမွာ ေနာက္ထပ္ ကုန္သြယ္ေရးအားေကာင္းေအာင္လုပ္ဖို႔ စိတ္ဝင္စားမႈရွိပါ့မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။  

တ႐ုတ္နဲ႔ ကုန္သြယ္ေရးမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ေနခ်ိန္မွာ ျမန္မာကုန္သည္ေတြ စိတ္ဝင္တစားေစာင့္ၾကည္ေနတဲ့ အီးယူ၏ ကုန္သြယ္မႈအထူးအခြင့္အေရး (GSP) ႐ုပ္သိမ္း/မသိမ္း ကိစၥက အေျဖေပၚလာခဲ့ပါတယ္။ဒီသတင္းက အထည္ခ်ဳပ္လို႔ CMP လို႔ ေခၚတဲ့ လက္ခစားလုပ္ငန္းေတြမွာ အဓိကသက္ေရာက္မွာျဖစ္တဲ့အတြက္ ကုန္သြယ္ေရး အထူးအခြင့္အေရးေပးခံရတဲ့ ႏိုင္ငံေတြမွာ လိုက္ရင္းႏွီးျမဳပ္ႏွံတဲ့ အထည္ခ်ဳပ္လုပ္ငန္း ကုမၸဏီႀကီးေတြကို ဆြဲေဆာင္ႏိုင္တဲ့ မက္လုံးပါ။ျမန္မာနဲ႔ ကေမာၻဒီးယားကို ဥေရာပသမဂၢ (EU) က ကုန္သြယ္မႈအထူးအခြင့္အေရး (GSP) အတြက္ ေစာင့္ၾကည့္ခဲ့ရာမွာ ယခုလထဲမွာ ကေမာၻဒီးယားကို ႐ုပ္သိမ္းၿပီး ျမန္မာကို မ႐ုပ္သိမ္းဘဲ ဆက္လက္ေစာင့္ၾကည့္မယ္လို႔ ေဖေဖာ္ဝါရီ ၁၀ ရက္က ထုတ္ျပန္ခဲ့တဲ့အတြက္ ျမန္မာအထည္ခ်ဳပ္နဲ႔ ဖိနပ္လုပ္ငန္းေတြ အပါအဝင္ ဥေရာပကို အိတ္စပို႔လုပ္ငန္းရွင္ေတြ အသက္ရႈေခ်ာင္ခဲ့ပါတယ္။

အီးယူက ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံကို ဆက္လက္ညႇိႏႈိင္းေစာင့္ၾကည့္ရန္ ဆုံးျဖတ္ခဲ့ၿပီး ျမန္မာအတြက္ က႑ ၁၀ ခု တြင္ တိုးတက္မႈရွိရန္ ေစာင့္ၾကည့္မယ္ဆိုတဲ့အတြက္ ကုန္သြယ္ေရးက ႏိုင္ငံေရးနဲ႔ လာခ်ိတ္ဆက္တဲ့အတြက္  ပဋိပကၡေတြေပါတဲ့ ျမန္မာအတြက္ ေနာက္ထပ္ပိတ္ဆို႔မႈ လာ၊ မလာဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။ျမန္မာကုန္သြယ္မႈ ေတာက္ေလွ်ာက္တက္လာေစခဲ့တဲ့ အီးယူရဲ႕ ကုန္သြယ္မႈအထူးအခြင့္အေရး (GSP) ႐ုပ္သိမ္းမခံရဖို႔ ျမန္မာဘက္က ဘယ္ေလာက္ ႏိုင္ငံေရးတိုးတက္လဲဆိုတာ ျပႏိုင္ပါ့မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေဖေဖာ္၀ါရီ - ၁၄