【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗြောင်းသတ်ခဲ့သည့် အကယ်ဒမီနှင့် သတိပေးလိုက်သည့် ပြင်ဆင်ရေး

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗြောင်းသတ်ခဲ့သည့် အကယ်ဒမီနှင့် သတိပေးလိုက်သည့် ပြင်ဆင်ရေး

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲ လှုပ်ခတ်ခဲ့တဲ့ သတင်းများစွာ ရှိခဲ့ပါတယ်။အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တဲ့ မြန်မာရုပ်ရှင်လုပ်ငန်းရဲ့ ထူးချွန်ဆုပေးပွဲ (အကယ်ဒမီ) သတင်းက ပွဲပြီးနောက် ရက်များစွာကြာသည့်အထိ ဂယက်ရိုက်ခဲ့ပါတယ်။ဒီသတင်းနဲ့အတူ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှ ပြန်လာသည့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းနှင့် ယှဉ်ပြိုင်မောင်းနှင်သူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားတဲ့ သတင်း၊ တပ်မတော်နေ့ အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ် မတက်ရောက်နိုင်ခဲ့တဲ့ သတင်းနဲ့ ဒု-ကာချုပ်က တပ်မတော်နေ့ပွဲမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ မိန့်ခွန်းတွေက ယခုတစ်ပတ်ရဲ့ ထိပ်တန်းစိတ်ဝင်စားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းက  ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ ကျောက်တော်မြို့နယ်ရှိ သံဃာတော်တွေက ရခိုင်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ လက်နက်ကိုင်အဖွဲ့အစည်းတွေ သာသနာ့အဆောက်အအုံများနှင့် သမိုင်းယဉ်ကျေးမှုနယ်မြေများထဲ ဝင်ရောက်နေရာယူနေတာကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့တဲ့ သတင်း၊ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ငါးဦးကို တပ်မတော်က မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ခန္တီးရဲစခန်း၌ အမှုဖွင့်ထားတဲ့ သတင်း၊ ကုလအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာ ဘာဂီနာ နဲ့ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ဘင်္ဂါလီအရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်တယ်လို့ ပြောလိုက်တဲ့ သတင်းတွေနည်းတူ အများစုစိတ်ဝင်တစားစောင့်ကြည့်ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

လူမူကွန်ရက်မှာ ဗြောင်းသတ်ခဲ့တဲ့ အကယ်ဒမီ

ယခုနှစ်ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲက မကျင်းပခင်ကတည်းက အများစုစိတ်ဝင်စားခဲ့ကြပါတယ်။အထူးသဖြင့် ယခုနှစ်မှာ ပြီးခဲ့တဲ့နှစ်က ဥပယ်တံမျဉ်ဇာတ်ကားနဲ့ ပရိတ်သတ်ကို လှုပ်နိုးခဲ့တဲ့ ဇဏ်ခီလင်မယားရဲ့ ‘မုဒြာခေါ်သံ’ ၊ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံရဲ့ ‘မီ’ ဇာတ်ကား၊ ပြီးတော့ ဆရာတော် ရှင်ဆန္ဒာဓိက ရဲ့ ဇာတ်လမ်းကို ရိုက်ကူးတဲ့ ‘မုန်းစွဲ’ ဇာတ်ကားနဲ့ ဒါရိုက်တာ အာကာ ရဲ့ ‘ဒုဋ္ဌဝတီကို ကျော်လွန်၍’ ဆိုတဲ့ လမ်ဟောင်းကနေ ထိုးဖောက်ပြီး အနုပညာအားအရ လည်းကောင်း၊ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေလည်း ဝက်ဝက်ကွဲ အားပေးခဲ့ကြတဲ့ ဇာတ်ကားတွေ ပါဝင်လာတဲ့အတွက် ပရိတ်သတ်ကြား ယခုနှစ်အကယ်ဒမီက စိတ်ဝင်စားစရာ အပြောင်းအလဲတစ်ရပ် ဖြစ်လာမယ်ဆိုတဲ့ တွေးထင်ထားမှုတွေ ရှိခဲ့ပါတယ်။

မတ် ၂၃ ရက်က ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်တက်ရောက် စကားပြောခဲ့တဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို နိုင်ငံတဝန်းစောင့်ကြည့်မှုတွေ ရှိခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းပြောရာမှာလည်း အစီအစဉ်တွေ လွဲချော်မှုတွေရှိခဲ့သလို အကယ်ဒမီဆုကို ကြေညာခဲ့ရာမှာ ပရိတ်သတ်အမြင်နှင့် ကွဲလွဲမှုကြီးခဲ့တဲ့အတွက် ဝေဖန်ဂယက်ရိုက်မှုက ထင်တာထက် ပိုပြင်းထန်ခဲ့ပါတယ်။အထူးသဖြင့် ရွှေကြာ ဇာတ်ကားဖြင့် ဇာတ်ညွှန်းဆုရရှိသူ၏ ပရိတ်သတ်သို့ေုပာသည့် ကျေးဇူးတင်စကားနှင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ပြောခဲ့သည့် မိန့်ခွန်းများက လူမှုကွန်ရက်တွင် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး မြန်မာပေါကားလို့ ခေါ်ဝေါ်သမုတ်ခံရသည့်အထိ အရည်သွေးကျဆင်းနေသည့် မြန်မာရုပ်ရှင်ဇာတ်ကားများနှင့် ကွဲထွက်ကာ နိုင်ငံတကာတွင် ဆုတံဆိပ်များစွာ ရယူခဲ့သည့် မုဒြာခေါ်သံ ဇာတ်ကား အကယ်ဒမီပေးပွဲတွင် ဆုတစ်ဆုမှ မရခဲ့သည့်အပေါ် ပရိသတ်အများစုက ပေါက်ကွဲခဲ့ကြပါတယ်။    

အထူးသဖြင့် မြန်မာရုပ်ရှင်လောကတွင် ငိုယိုအော်ဟစ် မျက်ရည်ပေါက်ပေါက်ကျ၊ လူးလိမ့်ငိုကြွေး၊ ဇာတ်ကိုအတင်းနာ စသည့် ဖန်တရာတေ အိုဗာသရုပ်ဆောင်မှ အနုပညာအားကောင်းသည်ဟု လွဲမှားစွာ ယူဆထားသည့် မူဟောင်းထဲ ရုန်းမထွက်နိုင်သည့် အနုပညာရှင်များနဲ့ ရွေးချယ်ရေးအဖွဲ့အမြင်နှင့် သဘာဝကျပြီး ပြင်ပလောကအတိုင်း သရုပ်ဆောင်နိုင်မှ အားကောင်းသည့် အနုပညာအဖြစ် နိုင်ငံတကာနည်းတူ မြင်လာသည့် အနုပညာခံစားမှု အဆင့်မြင့်လာသည့် ပရိတ်သတ်ကြား စံသတ်မှတ်မှု တလွဲဖြစ်မှုက ယခုပြဿနာ၏ အဓိကအရင်းမြစ်ပင်ဖြစ်သည်။အထူးသဖြင့် ပရိတ်သတ်၏ အနုပညာရေချိန်အပေါ် ယခင်လို ထင်မှတ်ကာ လျှော့တွက်မှုက ယခုပြဿနာကို ပိုပြင်းထန်စေခြင်းပင်ဖြစ်သည်။

ထိုဝိရောဓိပြင်းထန်မှုက ဇာတ်ညွှန်းဆုရသည့်သူအပေါ် ဝေဖန်တိုက်ခိုက် ဆဲဆိုမှုပြင်းထန်မှုကိုကြည့်လျှင် မြင်နိုင်ပြီး ထိုတိုက်ခိုက်မှု ပြင်းထန်ပုံက တရုတ်ရှေးခေတ်ဇာတ်ကား golden lotus ဇာတ်အိမ်ကျောရိုးကို ယူထားတယ်ဆိုပြီး စွပ်စွဲတိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အတွက် မူရင်းစာရေးဆရာမ ကိုယ်တိုင် လူမှုကွန်ရက်ကနေ ပြန်တုံ့ပြန်မှုတွေ ဖြစ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ရုပ်ရှင်လောကမှ ထိပ်တန်းစာရင်းဝင် အနုပညာရှင်အချို့က ယခင်နှစ် အကယ်ဒမီပွဲအပြီးတွင် ပြည်ပတွင် ပြသအောင်မြင်ခဲ့သည့် ခီလင်မယား၏ ပထမဇာတ်ကားအပေါ် လူမှုကွန်ရက်တွင် အုပ်စုဖွဲ့တိုက်ခိုက် ပြောဆိုခဲ့မှု စခရင်ရှော့ပ်များ ပေါ်ထွက်လာကတည်းက ဖောက်ထွက်သည့် လူသစ်တွေအပေါ် ရုပ်ရှင်လောက၏ ပြုမူဆက်ဆံပုံကို  သတိထားစောင့်ကြည့်ခဲ့ချိန်တွင် ယခုနှစ်နည်းတူ ပြည်တွင်းဇာတ်ကားများထက် အနုပညာအရည်အသွေးမြင့်ကာ ပြည်ပတွင် ဆုများစွာရခဲ့သည့် ခီလင်မယား၏ ဇာတ်ကားကို အကယ်ဒမီဆု တစ်ဆုမှမပေးပဲ ပေယျာလကန်ပြုခဲ့မှု၊ တာဝန်ယူထားသည့် နေရာနှင့် မဆီလျှော်စွာ ဘက်ပင်းမှုတွေကြောင့် လူမှုကွန်ရက်တွင် အကယ်ဒမီပေးပြီး မိနစ်ပိုင်းအတွင်း မကျေမနပ် ကဲ့ရဲ့ဆဲဆိုမှုတွေ ဖြစ်လာခဲ့ပါတယ်။

ထိုအကျိုးဆက်က မြန်မာရုပ်ရှင်လောက သမိုင်းတစ်လျှောက် မထင်မှတ်လောက်အောင် ပြင်းထန်ခဲ့သလို အကယ်ဒမီရွေးချယ်ရေးအဖွဲ့ရဲ့ ရွေးချယ်မှုအပေါ် ကဲ့ရဲ့ဆဲဆိုမှုတွေ ဖြစ်လာခဲ့သလို့ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေထိ ဖြစ်လာခဲ့ပါတယ်။အနုပညာနယ်ပယ်မှ အနုပညာရှင်အချို့ကတော့ ”အကယ်ဒမီဘုတ်တစ်ဖွဲ့လုံးကို ပြင်လိုက်မှကောင်းမှာပါ။အဖွဲ့ထဲမှာ အကယ်ဒမီကို ကိုယ်တိုင်လည်းရအောင် မလုပ်နိုင်ဘူး။မှန်ကန်အောင်လည်း မသုံးသပ်နိုင်တဲ့လူတွေ အများကြီးပါတယ်။ဘာလို့လဲဆို အဲ့လူတွေကအားနေလို့၊ အားနေတဲ့လူတွေကို အဲဒီထဲထည့်ထားတာပါ။ရေ့နှစ်ကျရင်တော့ လူငယ်တွေ ဦးဆောင်ရလိမ့်မယ်။အဲ့အတွက် လူကြီးတွေဖယ်ပေးမယ်ဆိုတဲ့ စကားက ကြားကောင်းရုံမဖြစ်ပါစေနဲ့” လို့ အကယ်ဒမီ ဒါရိုက်တာ မောင်မျိုးမင်း က ဝေဖန်ခဲ့သလို သရုပ်ဆောင် အကယ်ဒမီ မေသန်းနု က “အနုပညာသမားအချင်းချင်း၊ ကိုယ့်အချင်းချင်း ဝေဖန်နေမယ့်အစား ငါလည်း ကိုယ့်ဘက်က တတ်နိုင်သမျှ ဘာလုပ်ပေးသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်လေးထားရင် ပိုကောင်းတာပေါ့။ကိုယ့်အချင်းချင်း ကူညီရာလည်းရောက်တယ်။ အမှားနည်းတာပေါ့’’ လို့ လည်း ပြောခဲ့တာတွေ ရှိခဲ့ပါတယ်။

သို့သော် မတ်လ ၂၄ ရက် ညကပြုလုပ်သည့်  အကယ်ဒမီ ဂုဏ်ပြုညစာစားပွဲမှာတော့  ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့သို့ လူငယ်များကို ဖိတ်ခေါ်ခဲ့သော်လည်း မလုပ်နိုင်ကြလို့ဟု အကြောင်းပြခဲ့ပါတယ်။     

အထူးသဖြင့် အနုပညာရှင်အချို့၏ ပရိသတ်အပေါ် ထီမထင်သည့်ပုံစံဖြင့် ပြောဆိုခဲ့မှုက ပရိသတ်ကို ဒေါသဆွပေးသလို ဖြစ်ခဲ့ပြီး ထိုအကျိုးဆက်က လက်ရှိပြသနေသည့် ရုပ်ရှင်ကားများအပေါ် သပိတ်မှောက်ရန် လှုံ့ဆော်မှုတွေထိ ရှိခဲ့ကာ ရုံထဲကြည့်ရှုသူ အဆမတန်နည်းပါးတဲ့အထိ ပရိတ်သတ်ဘက်က တုံ့ပြန်မှု မြန်ဆန်ခဲ့ပါတယ်။မြန်မာရုပ်ရှင် အဆင့်မြင့်တာကို မြင်တွေ့ချင်တဲ့သူတွေက ဇာတ်ကားအရည်အသွေး ကောင်းရဲ့သားနဲ့ အကယ်ဒမီ ရွေးချယ်ခြင်းမခံရတဲ့  ဇဏ်ခီလင်မယားနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံကို ဆုပေးဖို့ လူမှုကွန်ရက်ကနေ စီစဉ်တာတွေ ဖြစ်လာခဲ့ပါတယ်။ဒါဟာ ပြည်သူဘက်က အပြင်းထန်ဆုံး တုံ့ပြန်မှုပါ။ဒီအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြည်သူတွေဘက်က စောင့်ကြည့်နေဆဲဖြစ်သလို ရုပ်ရှင်အကယ်ဒမီရွေးချယ်ရေးအဖွဲ့အပေါ် သည်းခံစိတ်ကုန်နေပြီဆိုတာကို ပြည်သူတွေက ထင်ထင်ရှားရှားပြခဲ့တာပဲဖြစ်ပါတယ်။

ဒီအရွေ့ကနေ မြန်မာရုပ်ရှင်လောက တော်လှန်ရေးဖြစ်လာမလား ဒါမှမဟုတ် ဆဲဆိုသံတွေကို လျစ်လျှူရှုကာ ဗြောင်တိုက်ပြီး ဆက်တာဝန်ယူနေတာတွေ ဖြစ်လာမလားဆိုတာ  ဆက်စောင့်ကြည့်ရဦးမှာပါ။

လေလွင့်ခွေးအတွက် ကောင်းမွန်တဲ့အနာဂတ်

ယခုတစ်ပတ်သတင်းတွေထဲ ခွေးတွေအတွက် သန်းတစ်ထောင် အသုံးပြုပြီး Dog Shelter တည်ဆောက်မယ့် သတင်းက ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။မတ် ၂၆ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ (၂) မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ခွေးလေခွေးလွင့်များ တိုးပွားမှုမရှိစေရေး မျိုးထိန်းစနစ် ဆောင်ရွက်မည့် အစီအမံနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်ခဲ့ရာမှာ တာဝန်ရှိသူတစ်ဦးက  ခွေးလေခွေးလွင့် ရှင်းလင်းပေးဖို့ နေ့စဉ် ပြည်သူလူထု၏ တင်ပြတောင်းဆိုနေရကြောင်း၊ ထိုသို့ရှင်းလင်းပေးရန် တောင်းဆိုမှုများနှင့်အတူ ရှင်းလင်းဆောင်ရွက်မှုအတွက်လည်း အမြဲကန့်ကွက်ဝေဖန်ခြင်း၊ တားဆီးခြင်းများကို ကြုံတွေ့နေရပြီး အဆိပ်ချ ရှင်းလင်းဆောင်ရွက်နေခြင်းအား ပြည်သူအများစု မကြိုက်နှစ်သက်ဘဲ ဝေဖန်မှုများ မြင့်တက်လာခဲ့လို့ ပိုမိုကောင်းမွန်တဲ့ နည်းစနစ်များ အသုံးချပြီး ပညာရှင်များ အကူအညီဖြင့် အခြေခံကျသည့် Dog Shelter တစ်ခုဆောက်၍ ဆောင်ရွက်ရန် စတင်ခဲ့ပါကြောင်း ပြောကြားခဲ့ပါတယ်။

ခွေးကောင်ရေ တစ်သိန်းကျော်ရှိတဲ့ နေပြည်တော်မှာ စည်းကမ်းမဲ့မွေးထားတဲ့ ခွေးတွေအတွက် ပုဗ္ဗသီရိမြို့နယ်၊ ချင်းတွင်းလမ်းနှင့် ဘုဏ်းကွဲဆည် အနီး မြေဧရိယာ ငါးဧကခန့်ပေါ်မှာ ကျပ်သန်း နှစ်ရာနှင့် သုံးရာကြား ကုန်ကျမယ့် ခွေးကောင်ရေ ၅၀၀ ဆံ့ Dog Shelter အဆောက်အအုံ စတင်ဆောင်ရွက်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ဒီလိုလုပ်ဆောင်ရာမှာ ဘတ်ဂျက် ဝန်ထမ်းအင်အား မလုံလောက်သဖြင့် စေတနာလုပ်သားများအပြင် ငွေကြေးအလှူရှင်များလည်း လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ကျွေးမွေးစရိတ် တစ်ရက်၂၅၀ ကျပ်နှင့် သုံးရာကြားရှိပြီး သားဆက်ခြား ကုန်ကျစရိတ် ကျပ်နှစ်သောင်းနှင့် နှစ်သောင်းခွဲကြားရှိတဲ့ ကုန်ကျစရိတ်ကြီးတဲ့ Dog Shelter ဆောက်လုပ်မှုက  နေစရာမရှိတဲ့ ကျူးကျော်တွေကို မောင်းထုတ်နေတဲ့ ယနေ့ချိန်ခါမှာ မလိုအပ်တဲ့ လုပ်ဆောင်မှုအဖြစ် လူမှုကွန်ရက်မှာ လှောင်စရာဖြစ်လာခဲ့သလို ဝေဖန်မှုတွေလည်းရှိနေတဲ့အတွက် တစ်ကယ်ဖြစ်လာ/မလာ  စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီပွဲမှာပဲ ကျွဲ၊ နွား တိရစ္ဆာန်များ ဖမ်းဆီးထိန်းသိမ်း အရေးယူမည့် အချုပ်ထောင် တည်ဆောက်မည့် အစီအစဉ်ကို ပြောခဲ့ပါတယ်။နေပြည်တော်က နိုင်ငံတကာပုဂ္ဂိုလ်တွေ လာနေတဲ့နေရာဖြစ်လို့ မဖြစ်မနေ လုပ်ရမယ့်ကိစ္စလို့ ပြောခဲ့ပြီး နေပြည်တော်ရှိ လမ်းမကြီးများပေါ် ဖြတ်သန်းသွားလာနေတဲ့ ကျွဲ၊ နွားတိရစ္ဆာန်တွေကို ဖမ်းဆီးထိန်းသိမ်း အရေးယူမည့် အချုပ်ထောင်ကို တည်ဆောက်မည် ဆိုပါတယ်။

ဒီလို ထူးထူးဆန်းဆန်း ဝိဝါဒကွဲစရာ သတင်းက ယခုတစ်ပတ်မှာ ဖြစ်ခဲ့တဲ့ မူဆယ်မြို့မှာ နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့တဲ့သတင်း၊လွိုင်လင်နဲ့ တောင်ငူမှာ အပူချိန်စံချိန် သစ်တင်ခဲ့တဲ့ သတင်း၊ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကနေ ပြည်သူအတွက် ပူူးပေါင်းလုပ်ဆောင်နိုင်မည့်သူမျိုးကို မျှော်လင့်တယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောလိုက်တဲ့ သတင်း၊ တောင်ကြီးမြို့ရှိ  မြင်းစီးရုပ်တုကို လူအချို့က ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ သတင်း၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်နေတဲ့သူတွေကို ဖမ်းဆီးနေတဲ့ မွန်ပြည်သစ်ပါတီကို ပြည်နယ်အစိုးရက ကန့်ကွက်စာပေးပို့ထားတဲ့ သတင်း၊ တရုတ်နိုင်ငံထဲ အသက်လေးနှစ်အရွယ် မိန်းကလေးနှင့် မိခင်ဖြစ်သူကို ရောင်းစားရန် ကြိုးစားနေတဲ့ လူကုန်ကူးသူ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိတဲ့ သတင်း၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီမှ တာဝန်ရှိသူသုံးဦးကို အမှုလေးမှုဖြင့် တရားစွဲခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား ပြောစရာသတင်း ဖြစ်ခဲ့ပါတယ်။

ခြေဥပြင်ဆင်ရေး သတိပေးခဲ့မှု

မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော (၇၄) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ခြေထောက်နာနေလို့ မတက်ရောက်နိုင်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တက်ရောက်ခဲ့တဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ်က အာဏာရပါတီ လုပ်ဆောင်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးအသီးသီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ သဘောတူပြီးဖြစ်တဲ့ အချက်များကို ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်းအဖြစ် လွှတ်တော်ကို တင်ပြပြီးဖြစ်တယ်။ဒီသဘောတူညီချက်တွေကို အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ထည့်သွင်း စဉ်းစား ဆောင်ရွက်ဖို့ရှိတယ်။ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးဟာ ပြီးဆုံးခြင်းမရှိသေးတဲ့အတွက် ထပ်မံပေါ်ပေါက်လာမယ့် အချက်များပါ ခြုံငုံဆောင်ရွက်ပါမှ အခြေခံဥပဒေပြင်ဆင်ရေးဟာ ပိုမိုလေးနက်စေမယ်။ ဒီလိုပြင်ဆင်တဲ့နေရာမှာ မလိုလားအပ်တဲ့ နိုင်ငံရေး အကျပ်အတည်းနှင့် ဘေးထွက်ဆိုးကျိုးတွေမဖြစ်စေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းနည်းလမ်းများအတိုင်း ဥပဒေနဲ့အညီအဆင့်ဆင့် လုပ်ဆောင် သွားရမှာဖြစ်တယ်။ ဒီမိုကရေစီဆိုတာ အများရဲ့ဆန္ဒအရ ဥပဒေနဲ့အညီ စည်းကမ်းတကျ လိုက်နာ၊ လိုက်ပါလုပ်ဆောင်ခြင်းဖြစ်တယ်။ လူနည်းစုရဲ့ ဆန္ဒကိုလည်းလေးစားရတယ်။ လူအများညီလို့ "ဤ" ကို "ကျွဲ " ဆိုပြီး ဆောင်ရွက်တာမျိုးဟာ စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဒီမိုကရေစီနဲ့အညီ စည်းကမ်းတကျ လုပ်ဆောင်ချင်တဲ့ သူများအတွက် အခက်အခဲဖြစ်စေသလို တည်ငြိမ်အေးချမ်းမှုပါ ထိခိုက် လာတယ်ဆိုတာ သမိုင်းဖြစ်ရပ်များ၊ အဖြစ်အပျက်များပေါ်မှာ သင်ခန်းစာယူဖို့လိုတယ် ”လို့ပြောခဲ့ပါတယ်။

ဒီလိုပြောကြားခဲ့တဲ့ အတွက် ဝေဖန်မှုတွေ သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အများစုက ဒါဟာ တပ်မတော်ဘက်က NLDလက်ရှိသွားနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပက်သက်ပြီး သဘောထားကွဲလွဲမှု အဖြစ် ယူဆကြသလို တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်လာသည့် ပါတီနှင့် လူပုဂ္ဂိုလ်များထဲ မတက်ရောက်နိုင်သည့် ပါတီနှင့် တာဝန်ရှိသူမည်သူမည်ဝါရှိသလဲ ခန့်မှန်းကာ လက်ရှိနိုင်ငံရေး စောင့်ကြည့် မှုများ လည်းရှိခဲ့သည်။ ထိုပြင် ရခိုင်ပြည်နယ်မြောက် ပိုင်း တည်ငြိမ်အေးချမ်းနေချိန် တွင် AA သောင်း ကျန်း သူများက ARSA အဖွဲ့ရန်ကာကွယ်ပေးနေ သည့် ရဲကင်းစခန်းများကို ဝင် တိုက်ခိုက်ခြင်းသည် နိုင်ငံတော် အချုပ်အခြာအာဏာကို ထိခိုက် စေသဖြင့် ထိထိရောက်ရောက် နှိမ်နင်းမည်ဖြစ်ကြောင်းလည်း သတိပေး ပြော ကြားခဲ့ပါတယ်။  

အဆိုပါ ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည့် မိန်ခွန်းပါ "ဤ" နှင့် "ကျွဲ "ကိစ္စမှာ ယခု တစ်ပတ်လူမှုကွန်ရက်တွင် သုံးသပ်ဝေဖန်မှုများခဲ့ပြီး ထိုဖော်ပြချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာများတွင် အချို့ အရေးကြီး အချက်အလက်တွေကို ချန်လှပ်၊ ဆင်ဆာဖြတ်တောက်ပြီး ဖော်ပြခဲ့တာတွေကို ပြည်တွင်းမီဒီယာအချို့က ထောက်ပြခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဒီသတင်းတွေက ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူး ကိုယ် စားလှယ် ရိုဟေးဆာဆာကာဝါ ကို  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့ သီးခြားစီတွေ့ဆုံတဲ့ သတင်း လွှတ်တော်ကိုယ်စား လှယ်တာဝန်ကနေ  ပြန်လည်ရုပ်သိမ်းခြင်း (Right to Recall) ဆိုင်ရာဥပဒေကြမ်း အမျိုးသားလွှတ် တော်ကို တင်သွင်းတော့မယ့် သတင်း၊ ရင်း နှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက်  မန္တလေးတိုင်းအတွင်း မြေလွတ်မြေရိုင်း ဧကခြောက်သိန်းကျော်ကျန်ရှိတဲ့ သတင်း၊ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက် သိမ်းရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ သတင်းတွေထဲ သိသိသာ ကွဲထွက်နေကာ သတိထားစရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ်ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်တန့်လိုက်ချင်ပါတယ်။

မာလင်း
မတ် - ၂၉

( Zawgyi )

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲ လႈပ္ခတ္ခဲ့တဲ့ သတင္းမ်ားစြာ ရွိခဲ့ပါတယ္။အထူးသျဖင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံ တက္ေရာက္ မိန႔္ခြန္းေျပာၾကားခဲ့တဲ့ ျမန္မာ႐ုပ္ရွင္လုပ္ငန္းရဲ႕ ထူးခြၽန္ဆုေပးပြဲ (အကယ္ဒမီ) သတင္းက ပြဲၿပီးေနာက္ ရက္မ်ားစြာၾကာသည့္အထိ ဂယက္႐ိုက္ခဲ့ပါတယ္။ဒီသတင္းနဲ႔အတူ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲမွ ျပန္လာသည့္  ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ယာဥ္တန္းႏွင့္ ယွဥ္ၿပိဳင္ေမာင္းႏွင္သူကို ပုဒ္မႏွစ္ခုျဖင့္ အမႈဖြင့္ထားတဲ့ သတင္း၊ တပ္မေတာ္ေန႔ အခမ္းအနားကို ကာကြယ္ေရးဦးစီးခ်ဳပ္ မတက္ေရာက္ႏိုင္ခဲ့တဲ့ သတင္းနဲ႔ ဒု-ကာခ်ဳပ္က တပ္မေတာ္ေန႔ပြဲမွာ အေျခခံဥပေဒျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တဲ့ မိန႔္ခြန္းေတြက ယခုတစ္ပတ္ရဲ႕ ထိပ္တန္းစိတ္ဝင္စားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းက  ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ သံဃာေတာ္ေတြက ရခိုင္ဝန္ႀကီးခ်ဳပ္ႏွင့္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးထံ လက္နက္ကိုင္အဖြဲ႕အစည္းေတြ သာသနာ့အေဆာက္အအုံမ်ားႏွင့္ သမိုင္းယဥ္ေက်းမႈနယ္ေျမမ်ားထဲ ဝင္ေရာက္ေနရာယူေနတာကို တားျမစ္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ သတင္း၊ နာဂလက္နက္ကိုင္အဖြဲ႕ (NSCN-K) ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ ငါးဦးကို တပ္မေတာ္က မတရားအသင္း အက္ဥပေဒပုဒ္မ ၁၇ (၁) ျဖင့္ ခႏၲီးရဲစခန္း၌ အမႈဖြင့္ထားတဲ့ သတင္း၊ ကုလအထူးကိုယ္စားလွယ္ မစၥစ္ခရစၥတင္းရွယန္နာ ဘာဂီနာ နဲ႔ ေတြ႕ဆုံစဥ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ဘဂၤါလီအေရးမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က အျပဳသေဘာေဆာင္ ပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္တယ္လို႔ ေျပာလိုက္တဲ့ သတင္းေတြနည္းတူ အမ်ားစုစိတ္ဝင္တစားေစာင့္ၾကည့္ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

လူမူကြန္ရက္မွာ ေျဗာင္းသတ္ခဲ့တဲ့ အကယ္ဒမီ

ယခုႏွစ္က်င္းပခဲ့တဲ့ အကယ္ဒမီေပးပြဲက မက်င္းပခင္ကတည္းက အမ်ားစုစိတ္ဝင္စားခဲ့ၾကပါတယ္။အထူးသျဖင့္ ယခုႏွစ္မွာ ၿပီးခဲ့တဲ့ႏွစ္က ဥပယ္တံမ်ဥ္ဇာတ္ကားနဲ႔ ပရိတ္သတ္ကို လႈပ္ႏိုးခဲ့တဲ့ ဇဏ္ခီလင္မယားရဲ႕ ‘မုျဒာေခၚသံ’ ၊ ဒါ႐ိုက္တာ ဏႀကီးတို႔ ဇနီးေမာင္ႏွံရဲ႕ ‘မီ’ ဇာတ္ကား၊ ၿပီးေတာ့ ဆရာေတာ္ ရွင္ဆႏၵာဓိက ရဲ႕ ဇာတ္လမ္းကို ႐ိုက္ကူးတဲ့ ‘မုန္းစြဲ’ ဇာတ္ကားနဲ႔ ဒါ႐ိုက္တာ အာကာ ရဲ႕ ‘ဒု႒ဝတီကို ေက်ာ္လြန္၍’ ဆိုတဲ့ လမ္ေဟာင္းကေန ထိုးေဖာက္ၿပီး အႏုပညာအားအရ လည္းေကာင္း၊ ကိုယ္ပိုင္ဇာတ္လမ္းနဲ႔ ႐ုပ္ရွင္ၾကည့္ ပရိသတ္ေတြလည္း ဝက္ဝက္ကြဲ အားေပးခဲ့ၾကတဲ့ ဇာတ္ကားေတြ ပါဝင္လာတဲ့အတြက္ ပရိတ္သတ္ၾကား ယခုႏွစ္အကယ္ဒမီက စိတ္ဝင္စားစရာ အေျပာင္းအလဲတစ္ရပ္ ျဖစ္လာမယ္ဆိုတဲ့ ေတြးထင္ထားမႈေတြ ရွိခဲ့ပါတယ္။

မတ္ ၂၃ ရက္က က်င္းပခဲ့တဲ့ ဆုေပးပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ကိုယ္တိုင္တက္ေရာက္ စကားေျပာခဲ့တဲ့အတြက္ တိုက္႐ိုက္ထုတ္လႊင့္မႈကို ႏိုင္ငံတဝန္းေစာင့္ၾကည့္မႈေတြ ရွိခဲ့ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံ မိန႔္ခြန္းေျပာရာမွာလည္း အစီအစဥ္ေတြ လြဲေခ်ာ္မႈေတြရွိခဲ့သလို အကယ္ဒမီဆုကို ေၾကညာခဲ့ရာမွာ ပရိတ္သတ္အျမင္ႏွင့္ ကြဲလြဲမႈႀကီးခဲ့တဲ့အတြက္ ေဝဖန္ဂယက္႐ိုက္မႈက ထင္တာထက္ ပိုျပင္းထန္ခဲ့ပါတယ္။အထူးသျဖင့္ ေ႐ႊၾကာ ဇာတ္ကားျဖင့္ ဇာတ္ၫႊန္းဆုရရွိသူ၏ ပရိတ္သတ္သို႔ေုပာသည့္ ေက်းဇူးတင္စကားႏွင့္ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ျဖစ္သူ ေျပာခဲ့သည့္ မိန႔္ခြန္းမ်ားက လူမႈကြန္ရက္တြင္ ေဝဖန္မႈမ်ားစြာ ထြက္ေပၚခဲ့ၿပီး ျမန္မာေပါကားလို႔ ေခၚေဝၚသမုတ္ခံရသည့္အထိ အရည္ေသြးက်ဆင္းေနသည့္ ျမန္မာ႐ုပ္ရွင္ဇာတ္ကားမ်ားႏွင့္ ကြဲထြက္ကာ ႏိုင္ငံတကာတြင္ ဆုတံဆိပ္မ်ားစြာ ရယူခဲ့သည့္ မုျဒာေခၚသံ ဇာတ္ကား အကယ္ဒမီေပးပြဲတြင္ ဆုတစ္ဆုမွ မရခဲ့သည့္အေပၚ ပရိသတ္အမ်ားစုက ေပါက္ကြဲခဲ့ၾကပါတယ္။    

အထူးသျဖင့္ ျမန္မာ႐ုပ္ရွင္ေလာကတြင္ ငိုယိုေအာ္ဟစ္ မ်က္ရည္ေပါက္ေပါက္က်၊ လူးလိမ့္ငိုေႂကြး၊ ဇာတ္ကိုအတင္းနာ စသည့္ ဖန္တရာေတ အိုဗာသ႐ုပ္ေဆာင္မွ အႏုပညာအားေကာင္းသည္ဟု လြဲမွားစြာ ယူဆထားသည့္ မူေဟာင္းထဲ ႐ုန္းမထြက္ႏိုင္သည့္ အႏုပညာရွင္မ်ားနဲ႔ ေ႐ြးခ်ယ္ေရးအဖြဲ႕အျမင္ႏွင့္ သဘာဝက်ၿပီး ျပင္ပေလာကအတိုင္း သ႐ုပ္ေဆာင္ႏိုင္မွ အားေကာင္းသည့္ အႏုပညာအျဖစ္ ႏိုင္ငံတကာနည္းတူ ျမင္လာသည့္ အႏုပညာခံစားမႈ အဆင့္ျမင့္လာသည့္ ပရိတ္သတ္ၾကား စံသတ္မွတ္မႈ တလြဲျဖစ္မႈက ယခုျပႆနာ၏ အဓိကအရင္းျမစ္ပင္ျဖစ္သည္။အထူးသျဖင့္ ပရိတ္သတ္၏ အႏုပညာေရခ်ိန္အေပၚ ယခင္လို ထင္မွတ္ကာ ေလွ်ာ့တြက္မႈက ယခုျပႆနာကို ပိုျပင္းထန္ေစျခင္းပင္ျဖစ္သည္။

ထိုဝိေရာဓိျပင္းထန္မႈက ဇာတ္ၫႊန္းဆုရသည့္သူအေပၚ ေဝဖန္တိုက္ခိုက္ ဆဲဆိုမႈျပင္းထန္မႈကိုၾကည့္လွ်င္ ျမင္ႏိုင္ၿပီး ထိုတိုက္ခိုက္မႈ ျပင္းထန္ပုံက တ႐ုတ္ေရွးေခတ္ဇာတ္ကား golden lotus ဇာတ္အိမ္ေက်ာ႐ိုးကို ယူထားတယ္ဆိုၿပီး စြပ္စြဲတိုက္ခိုက္မႈေတြ ရွိခဲ့တဲ့အတြက္ မူရင္းစာေရးဆရာမ ကိုယ္တိုင္ လူမႈကြန္ရက္ကေန ျပန္တုံ႔ျပန္မႈေတြ ျဖစ္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။
႐ုပ္ရွင္ေလာကမွ ထိပ္တန္းစာရင္းဝင္ အႏုပညာရွင္အခ်ိဳ႕က ယခင္ႏွစ္ အကယ္ဒမီပြဲအၿပီးတြင္ ျပည္ပတြင္ ျပသေအာင္ျမင္ခဲ့သည့္ ခီလင္မယား၏ ပထမဇာတ္ကားအေပၚ လူမႈကြန္ရက္တြင္ အုပ္စုဖြဲ႕တိုက္ခိုက္ ေျပာဆိုခဲ့မႈ စခရင္ေရွာ့ပ္မ်ား ေပၚထြက္လာကတည္းက ေဖာက္ထြက္သည့္ လူသစ္ေတြအေပၚ ႐ုပ္ရွင္ေလာက၏ ျပဳမူဆက္ဆံပုံကို  သတိထားေစာင့္ၾကည့္ခဲ့ခ်ိန္တြင္ ယခုႏွစ္နည္းတူ ျပည္တြင္းဇာတ္ကားမ်ားထက္ အႏုပညာအရည္အေသြးျမင့္ကာ ျပည္ပတြင္ ဆုမ်ားစြာရခဲ့သည့္ ခီလင္မယား၏ ဇာတ္ကားကို အကယ္ဒမီဆု တစ္ဆုမွမေပးပဲ ေပယ်ာလကန္ျပဳခဲ့မႈ၊ တာဝန္ယူထားသည့္ ေနရာႏွင့္ မဆီေလွ်ာ္စြာ ဘက္ပင္းမႈေတြေၾကာင့္ လူမႈကြန္ရက္တြင္ အကယ္ဒမီေပးၿပီး မိနစ္ပိုင္းအတြင္း မေက်မနပ္ ကဲ့ရဲ႕ဆဲဆိုမႈေတြ ျဖစ္လာခဲ့ပါတယ္။

ထိုအက်ိဳးဆက္က ျမန္မာ႐ုပ္ရွင္ေလာက သမိုင္းတစ္ေလွ်ာက္ မထင္မွတ္ေလာက္ေအာင္ ျပင္းထန္ခဲ့သလို အကယ္ဒမီေ႐ြးခ်ယ္ေရးအဖြဲ႕ရဲ႕ ေ႐ြးခ်ယ္မႈအေပၚ ကဲ့ရဲ႕ဆဲဆိုမႈေတြ ျဖစ္လာခဲ့သလို႔ ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုမႈေတြထိ ျဖစ္လာခဲ့ပါတယ္။အႏုပညာနယ္ပယ္မွ အႏုပညာရွင္အခ်ိဳ႕ကေတာ့ ”အကယ္ဒမီဘုတ္တစ္ဖြဲ႕လုံးကို ျပင္လိုက္မွေကာင္းမွာပါ။အဖြဲ႕ထဲမွာ အကယ္ဒမီကို ကိုယ္တိုင္လည္းရေအာင္ မလုပ္ႏိုင္ဘူး။မွန္ကန္ေအာင္လည္း မသုံးသပ္ႏိုင္တဲ့လူေတြ အမ်ားႀကီးပါတယ္။ဘာလို႔လဲဆို အဲ့လူေတြကအားေနလို႔၊ အားေနတဲ့လူေတြကို အဲဒီထဲထည့္ထားတာပါ။ေရ႕ႏွစ္က်ရင္ေတာ့ လူငယ္ေတြ ဦးေဆာင္ရလိမ့္မယ္။အဲ့အတြက္ လူႀကီးေတြဖယ္ေပးမယ္ဆိုတဲ့ စကားက ၾကားေကာင္း႐ုံမျဖစ္ပါေစနဲ႔” လို႔ အကယ္ဒမီ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း က ေဝဖန္ခဲ့သလို သ႐ုပ္ေဆာင္ အကယ္ဒမီ ေမသန္းႏု က “အႏုပညာသမားအခ်င္းခ်င္း၊ ကိုယ့္အခ်င္းခ်င္း ေဝဖန္ေနမယ့္အစား ငါလည္း ကိုယ့္ဘက္က တတ္ႏိုင္သမွ် ဘာလုပ္ေပးသင့္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ေလးထားရင္ ပိုေကာင္းတာေပါ့။ကိုယ့္အခ်င္းခ်င္း ကူညီရာလည္းေရာက္တယ္။ အမွားနည္းတာေပါ့’’ လို႔ လည္း ေျပာခဲ့တာေတြ ရွိခဲ့ပါတယ္။

သို႔ေသာ္ မတ္လ ၂၄ ရက္ ညကျပဳလုပ္သည့္  အကယ္ဒမီ ဂုဏ္ျပဳညစာစားပြဲမွာေတာ့  ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒က အကယ္ဒမီဆုေ႐ြးခ်ယ္ေရးအဖြဲ႕သို႔ လူငယ္မ်ားကို ဖိတ္ေခၚခဲ့ေသာ္လည္း မလုပ္ႏိုင္ၾကလို႔ဟု အေၾကာင္းျပခဲ့ပါတယ္။     

အထူးသျဖင့္ အႏုပညာရွင္အခ်ိဳ႕၏ ပရိသတ္အေပၚ ထီမထင္သည့္ပုံစံျဖင့္ ေျပာဆိုခဲ့မႈက ပရိသတ္ကို ေဒါသဆြေပးသလို ျဖစ္ခဲ့ၿပီး ထိုအက်ိဳးဆက္က လက္ရွိျပသေနသည့္ ႐ုပ္ရွင္ကားမ်ားအေပၚ သပိတ္ေမွာက္ရန္ လႈံ႕ေဆာ္မႈေတြထိ ရွိခဲ့ကာ ႐ုံထဲၾကည့္ရႈသူ အဆမတန္နည္းပါးတဲ့အထိ ပရိတ္သတ္ဘက္က တုံ႔ျပန္မႈ ျမန္ဆန္ခဲ့ပါတယ္။ျမန္မာ႐ုပ္ရွင္ အဆင့္ျမင့္တာကို ျမင္ေတြ႕ခ်င္တဲ့သူေတြက ဇာတ္ကားအရည္အေသြး ေကာင္းရဲ႕သားနဲ႔ အကယ္ဒမီ ေ႐ြးခ်ယ္ျခင္းမခံရတဲ့  ဇဏ္ခီလင္မယားနဲ႔ ဒါ႐ိုက္တာ ဏႀကီးတို႔ ဇနီးေမာင္ႏွံကို ဆုေပးဖို႔ လူမႈကြန္ရက္ကေန စီစဥ္တာေတြ ျဖစ္လာခဲ့ပါတယ္။ဒါဟာ ျပည္သူဘက္က အျပင္းထန္ဆုံး တုံ႔ျပန္မႈပါ။ဒီအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈကို ျပည္သူေတြဘက္က ေစာင့္ၾကည့္ေနဆဲျဖစ္သလို ႐ုပ္ရွင္အကယ္ဒမီေ႐ြးခ်ယ္ေရးအဖြဲ႕အေပၚ သည္းခံစိတ္ကုန္ေနၿပီဆိုတာကို ျပည္သူေတြက ထင္ထင္ရွားရွားျပခဲ့တာပဲျဖစ္ပါတယ္။

ဒီအေ႐ြ႕ကေန ျမန္မာ႐ုပ္ရွင္ေလာက ေတာ္လွန္ေရးျဖစ္လာမလား ဒါမွမဟုတ္ ဆဲဆိုသံေတြကို လ်စ္လွ်ဴရႈကာ ေျဗာင္တိုက္ၿပီး ဆက္တာဝန္ယူေနတာေတြ ျဖစ္လာမလားဆိုတာ  ဆက္ေစာင့္ၾကည့္ရဦးမွာပါ။

ေလလြင့္ေခြးအတြက္ ေကာင္းမြန္တဲ့အနာဂတ္

ယခုတစ္ပတ္သတင္းေတြထဲ ေခြးေတြအတြက္ သန္းတစ္ေထာင္ အသုံးျပဳၿပီး Dog Shelter တည္ေဆာက္မယ့္ သတင္းက ေဝဖန္စရာ ျဖစ္ခဲ့ပါတယ္။မတ္ ၂၆ ရက္က ေနျပည္ေတာ္ရွိ စည္ပင္ဧည့္ရိပ္သာ (၂) မွာ က်င္းပခဲ့တဲ့ ေဆြးေႏြးပြဲမွာ ေခြးေလေခြးလြင့္မ်ား တိုးပြားမႈမရွိေစေရး မ်ိဳးထိန္းစနစ္ ေဆာင္႐ြက္မည့္ အစီအမံႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးပြဲျပဳလုပ္ခဲ့ရာမွာ တာဝန္ရွိသူတစ္ဦးက  ေခြးေလေခြးလြင့္ ရွင္းလင္းေပးဖို႔ ေန႔စဥ္ ျပည္သူလူထု၏ တင္ျပေတာင္းဆိုေနရေၾကာင္း၊ ထိုသို႔ရွင္းလင္းေပးရန္ ေတာင္းဆိုမႈမ်ားႏွင့္အတူ ရွင္းလင္းေဆာင္႐ြက္မႈအတြက္လည္း အၿမဲကန႔္ကြက္ေဝဖန္ျခင္း၊ တားဆီးျခင္းမ်ားကို ႀကဳံေတြ႕ေနရၿပီး အဆိပ္ခ် ရွင္းလင္းေဆာင္႐ြက္ေနျခင္းအား ျပည္သူအမ်ားစု မႀကိဳက္ႏွစ္သက္ဘဲ ေဝဖန္မႈမ်ား ျမင့္တက္လာခဲ့လို႔ ပိုမိုေကာင္းမြန္တဲ့ နည္းစနစ္မ်ား အသုံးခ်ၿပီး ပညာရွင္မ်ား အကူအညီျဖင့္ အေျခခံက်သည့္ Dog Shelter တစ္ခုေဆာက္၍ ေဆာင္႐ြက္ရန္ စတင္ခဲ့ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေခြးေကာင္ေရ တစ္သိန္းေက်ာ္ရွိတဲ့ ေနျပည္ေတာ္မွာ စည္းကမ္းမဲ့ေမြးထားတဲ့ ေခြးေတြအတြက္ ပုဗၺသီရိၿမိဳ႕နယ္၊ ခ်င္းတြင္းလမ္းႏွင့္ ဘုဏ္းကြဲဆည္ အနီး ေျမဧရိယာ ငါးဧကခန႔္ေပၚမွာ က်ပ္သန္း ႏွစ္ရာႏွင့္ သုံးရာၾကား ကုန္က်မယ့္ ေခြးေကာင္ေရ ၅၀၀ ဆံ့ Dog Shelter အေဆာက္အအုံ စတင္ေဆာင္႐ြက္ရန္ ရည္႐ြယ္ထားတယ္လို႔ ဆိုပါတယ္။ဒီလိုလုပ္ေဆာင္ရာမွာ ဘတ္ဂ်က္ ဝန္ထမ္းအင္အား မလုံေလာက္သျဖင့္ ေစတနာလုပ္သားမ်ားအျပင္ ေငြေၾကးအလႉရွင္မ်ားလည္း လိုအပ္တယ္လို႔ ေျပာခဲ့ပါတယ္။ေကြၽးေမြးစရိတ္ တစ္ရက္၂၅၀ က်ပ္ႏွင့္ သုံးရာၾကားရွိၿပီး သားဆက္ျခား ကုန္က်စရိတ္ က်ပ္ႏွစ္ေသာင္းႏွင့္ ႏွစ္ေသာင္းခြဲၾကားရွိတဲ့ ကုန္က်စရိတ္ႀကီးတဲ့ Dog Shelter ေဆာက္လုပ္မႈက  ေနစရာမရွိတဲ့ က်ဴးေက်ာ္ေတြကို ေမာင္းထုတ္ေနတဲ့ ယေန႔ခ်ိန္ခါမွာ မလိုအပ္တဲ့ လုပ္ေဆာင္မႈအျဖစ္ လူမႈကြန္ရက္မွာ ေလွာင္စရာျဖစ္လာခဲ့သလို ေဝဖန္မႈေတြလည္းရွိေနတဲ့အတြက္ တစ္ကယ္ျဖစ္လာ/မလာ  ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီပြဲမွာပဲ ကြၽဲ၊ ႏြား တိရစာၦန္မ်ား ဖမ္းဆီးထိန္းသိမ္း အေရးယူမည့္ အခ်ဳပ္ေထာင္ တည္ေဆာက္မည့္ အစီအစဥ္ကို ေျပာခဲ့ပါတယ္။ေနျပည္ေတာ္က ႏိုင္ငံတကာပုဂၢိဳလ္ေတြ လာေနတဲ့ေနရာျဖစ္လို႔ မျဖစ္မေန လုပ္ရမယ့္ကိစၥလို႔ ေျပာခဲ့ၿပီး ေနျပည္ေတာ္ရွိ လမ္းမႀကီးမ်ားေပၚ ျဖတ္သန္းသြားလာေနတဲ့ ကြၽဲ၊ ႏြားတိရစာၦန္ေတြကို ဖမ္းဆီးထိန္းသိမ္း အေရးယူမည့္ အခ်ဳပ္ေထာင္ကို တည္ေဆာက္မည္ ဆိုပါတယ္။

ဒီလို ထူးထူးဆန္းဆန္း ဝိဝါဒကြဲစရာ သတင္းက ယခုတစ္ပတ္မွာ ျဖစ္ခဲ့တဲ့ မူဆယ္ၿမိဳ႕မွာ ႏွစ္ရက္အတြင္း ပစ္ခတ္မႈႏွစ္ႀကိမ္ ျဖစ္ပြားခဲ့တဲ့သတင္း၊လြိဳင္လင္နဲ႔ ေတာင္ငူမွာ အပူခ်ိန္စံခ်ိန္ သစ္တင္ခဲ့တဲ့ သတင္း၊ ရန္ကုန္စည္ပင္ေ႐ြးေကာက္ပြဲကေန ျပည္သူအတြက္ ပူူးေပါင္းလုပ္ေဆာင္ႏိုင္မည့္သူမ်ိဳးကို ေမွ်ာ္လင့္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ေျပာလိုက္တဲ့ သတင္း၊ ေတာင္ႀကီးၿမိဳ႕ရွိ  ျမင္းစီး႐ုပ္တုကို လူအခ်ိဳ႕က ႐ိုက္ခ်ိဳးဖ်က္ဆီးခဲ့တဲ့ သတင္း၊ မူးယစ္ေဆးဝါး သုံးစြဲေရာင္းဝယ္ေနတဲ့သူေတြကို ဖမ္းဆီးေနတဲ့ မြန္ျပည္သစ္ပါတီကို ျပည္နယ္အစိုးရက ကန႔္ကြက္စာေပးပို႔ထားတဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံထဲ အသက္ေလးႏွစ္အ႐ြယ္ မိန္းကေလးႏွင့္ မိခင္ျဖစ္သူကို ေရာင္းစားရန္ ႀကိဳးစားေနတဲ့ လူကုန္ကူးသူ အမ်ိဳးသမီးႏွစ္ဦးကို ဖမ္းဆီးရမိတဲ့ သတင္း၊ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ အပါအဝင္ GGS ကုမၸဏီမွ တာဝန္ရွိသူသုံးဦးကို အမႈေလးမႈျဖင့္ တရားစြဲခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား ေျပာစရာသတင္း ျဖစ္ခဲ့ပါတယ္။

ေျခဥျပင္ဆင္ေရး သတိေပးခဲ့မႈ

မတ္လ ၂၇ ရက္က ေနျပည္ေတာ္တြင္ က်င္းပေသာ (၇၄) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားမွာ ေျခေထာက္နာေနလို႔ မတက္ေရာက္ႏိုင္တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္စား တက္ေရာက္ခဲ့တဲ့ ဒု-ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာရပါတီ လုပ္ေဆာင္ေနတဲ့ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဒု-ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း က “ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ အစည္းအေဝးအသီးသီးမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားနဲ႔ သေဘာတူၿပီးျဖစ္တဲ့ အခ်က္မ်ားကို ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ (Union Accord) အစိတ္အပိုင္းအျဖစ္ လႊတ္ေတာ္ကို တင္ျပၿပီးျဖစ္တယ္။ဒီသေဘာတူညီခ်က္ေတြကို အေျခခံဥပေဒ ျပင္ဆင္ေရးမွာ ထည့္သြင္း စဥ္းစား ေဆာင္႐ြက္ဖို႔ရွိတယ္။ ျပည္ ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ အစည္းအေဝးဟာ ၿပီးဆုံးျခင္းမရွိေသးတဲ့အတြက္ ထပ္မံေပၚေပါက္လာမယ့္ အခ်က္မ်ားပါ ၿခဳံငုံေဆာင္႐ြက္ပါမွ အေျခခံဥပေဒျပင္ဆင္ေရးဟာ ပိုမိုေလးနက္ေစမယ္။ ဒီလိုျပင္ဆင္တဲ့ေနရာမွာ မလိုလားအပ္တဲ့ ႏိုင္ငံေရး အက်ပ္အတည္းႏွင့္ ေဘးထြက္ဆိုးက်ိဳးေတြမျဖစ္ေစဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ အခန္း(၁၂)ပါ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ျခင္းနည္းလမ္းမ်ားအတိုင္း ဥပေဒနဲ႔အညီအဆင့္ဆင့္ လုပ္ေဆာင္ သြားရမွာျဖစ္တယ္။ ဒီမိုကေရစီဆိုတာ အမ်ားရဲ႕ဆႏၵအရ ဥပေဒနဲ႔အညီ စည္းကမ္းတက် လိုက္နာ၊ လိုက္ပါလုပ္ေဆာင္ျခင္းျဖစ္တယ္။ လူနည္းစုရဲ႕ ဆႏၵကိုလည္းေလးစားရတယ္။ လူအမ်ားညီလို႔ "ဤ" ကို "ကြၽဲ " ဆိုၿပီး ေဆာင္႐ြက္တာမ်ိဳးဟာ စည္းမ်ဥ္းစည္းကမ္းနဲ႔မညီတဲ့ လုပ္ေဆာင္ခ်က္ျဖစ္တဲ့အတြက္ ဒီမိုကေရစီနဲ႔အညီ စည္းကမ္းတက် လုပ္ေဆာင္ခ်င္တဲ့ သူမ်ားအတြက္ အခက္အခဲျဖစ္ေစသလို တည္ၿငိမ္ေအးခ်မ္းမႈပါ ထိခိုက္ လာတယ္ဆိုတာ သမိုင္းျဖစ္ရပ္မ်ား၊ အျဖစ္အပ်က္မ်ားေပၚမွာ သင္ခန္းစာယူဖို႔လိုတယ္ ”လို႔ေျပာခဲ့ပါတယ္။

ဒီလိုေျပာၾကားခဲ့တဲ့ အတြက္ ေဝဖန္မႈေတြ သုံးသပ္မႈေတြ ထြက္ေပၚလာခဲ့ပါတယ္။ အမ်ားစုက ဒါဟာ တပ္မေတာ္ဘက္က NLDလက္ရွိသြားေနတဲ့ အေျခခံဥပေဒျပင္ဆင္ေရးနဲ႔ ပက္သက္ၿပီး သေဘာထားကြဲလြဲမႈ အျဖစ္ ယူဆၾကသလို တပ္မေတာ္ေန႔ အခမ္းအနားသို႔တက္ေရာက္လာသည့္ ပါတီႏွင့္ လူပုဂၢိဳလ္မ်ားထဲ မတက္ေရာက္ႏိုင္သည့္ ပါတီႏွင့္ တာဝန္ရွိသူမည္သူမည္ဝါရွိသလဲ ခန႔္မွန္းကာ လက္ရွိႏိုင္ငံေရး ေစာင့္ၾကည့္ မႈမ်ား လည္းရွိခဲ့သည္။ ထိုျပင္ ရခိုင္ျပည္နယ္ေျမာက္ ပိုင္း တည္ၿငိမ္ေအးခ်မ္းေနခ်ိန္ တြင္ AA ေသာင္း က်န္း သူမ်ားက ARSA အဖြဲ႕ရန္ကာကြယ္ေပးေန သည့္ ရဲကင္းစခန္းမ်ားကို ဝင္ တိုက္ခိုက္ျခင္းသည္ ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာကို ထိခိုက္ ေစသျဖင့္ ထိထိေရာက္ေရာက္ ႏွိမ္နင္းမည္ျဖစ္ေၾကာင္းလည္း သတိေပး ေျပာ ၾကားခဲ့ပါတယ္။  

အဆိုပါ ဒု-တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာၾကားခဲ့သည့္ မိန္ခြန္းပါ "ဤ" ႏွင့္ "ကြၽဲ "ကိစၥမွာ ယခု တစ္ပတ္လူမႈကြန္ရက္တြင္ သုံးသပ္ေဝဖန္မႈမ်ားခဲ့ၿပီး ထိုေဖာ္ျပခ်က္ကို ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ေဝတဲ့ ျမန္မာ့အလင္းနဲ႔ ေၾကးမုံ သတင္းစာမ်ားတြင္ အခ်ိဳ႕ အေရးႀကီး အခ်က္အလက္ေတြကို ခ်န္လွပ္၊ ဆင္ဆာျဖတ္ေတာက္ၿပီး ေဖာ္ျပခဲ့တာေတြကို ျပည္တြင္းမီဒီယာအခ်ိဳ႕က ေထာက္ျပခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

ဒီသတင္းေတြက ဂ်ပန္အစိုးရ၏ ျမန္မာႏိုင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ဆိုင္ရာ အထူး ကိုယ္ စားလွယ္ ႐ိုေဟးဆာဆာကာဝါ ကို  ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္တို႔ သီးျခားစီေတြ႕ဆုံတဲ့ သတင္း လႊတ္ေတာ္ကိုယ္စား လွယ္တာဝန္ကေန  ျပန္လည္႐ုပ္သိမ္းျခင္း (Right to Recall) ဆိုင္ရာဥပေဒၾကမ္း အမ်ိဳးသားလႊတ္ ေတာ္ကို တင္သြင္းေတာ့မယ့္ သတင္း၊ ရင္း ႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ား အတြက္  မႏၲေလးတိုင္းအတြင္း ေျမလြတ္ေျမ႐ိုင္း ဧကေျခာက္သိန္းေက်ာ္က်န္ရွိတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕ျမစ္ဆုံစီမံကိန္းအၿပီးတိုင္ ဖ်က္ သိမ္းေရး ဆႏၵျပေတာင္းဆိုခဲ့တဲ့ သတင္းေတြထဲ သိသိသာ ကြဲထြက္ေနကာ သတိထားစရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္တန႔္လိုက္ခ်င္ပါတယ္။

မာလင္း
မတ္ - ၂၉