【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘတ်ဂျက်နှင့် လျှပ်စစ်၊ လူမဆန်တဲ့ သတ်ဖြတ်မှုနောက်ကွယ်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘတ်ဂျက်နှင့် လျှပ်စစ်၊ လူမဆန်တဲ့ သတ်ဖြတ်မှုနောက်ကွယ်

ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲ သတိထားမိစရာ သတင်းအချို့ထဲ တောင်ကြီး လေးလောင်းပြိုင် လူသတ်မှုသတင်းက ထိပ်ဆုံးက ပါခဲ့ပါတယ်။အမွေရလိုမှုကြောင့် လသားအရွယ်ပါမချန် သတ်ဖြတ်တဲ့ ဒီဖြစ်ရပ်သတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့  မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုနှင့် ပတ်သက်ပြီး နိုင်ငံအဆင့်တိုင်ကြားမှု ယန္တရားတစ်ရပ် အမြန်ဆုံးထူထောင်ရန် လုပ်ဆာင်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး) အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတဲ့ သတင်း၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့ သတင်း၊ သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာကို တစ်နှစ်တစ်ကြိမ် ပြန်ညှိပေးဖို့ အလုပ်သမားတွေဘက်က တောင်းဆိုခဲ့တဲ့ သတင်း၊ ရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းခေါင်းစဉ်ဖြင့် ဂျပန်နိုင်ငံမှ ချေးငွေရယူမည့်အပေါ် ဒီချုပ်အမတ်အချို့က ဝေဖန်ခဲ့တဲ့ သတင်း၊ ရန်ကုန်မှာ အလုပ်အကိုင် အခွင့်အလမ်း များလာလို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်တာ များနေတာလို့ ရန်ကုန်ဝန်ကြီးချုပ်က ပြောလိုက်တဲ့ သတင်းတွေကို ကျော်လွန်ကာ အများစုစောင့်ကြည့်ခဲ့ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

လသားကလေးငယ်ပါ သတ်ရဲတဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုနောက်ကွယ်

ယခုဧပြီလ နောက်ဆုံးအပတ်အတွင်းကဖြစ်ခဲ့တဲ့ တောင်ကြီးက လေးလောင်းပြိုင် လူသတ်မှုက ကြားရသူတိုင်း ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။အထူးသဖြင့် အသတ်ခံရသူထဲမှာ လသားအရွယ် ကလေးငယ်ပါ အသတ်ခံရတဲ့အတွက်ပါ။ဒါဟာ မင်္ဂလာဒုံ လေးလောင်းပြိုင်လိုပါဘဲ ကလေးငယ်တွေ အသတ်ခံရတဲ့အတွက် ဒီလိုရက်စက်တဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုကို ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ကျူးလွန်ရသလဲလို့ သိချင်ခဲ့ကြပါတယ်။

ဧပြီ ၂၇ ရက်က ဖြစ်တဲ့ တောင်ကြီး လေးလောင်းပြိုင် လူသတ်မှုမှာ ဆေးတိုက်ပိုင်ရှင် မွေးစားသမီး၊ သမက်၊ မြေးနှင့် အိမ်အကူတို့ သေဆုံးခဲ့တာပါ။အိမ်ရှင် မြင်းဖြူနှစ်ကောင် တိုင်းရင်းသားဆေးတိုက်ပိုင်ရှင် ပင်လုံမြို့၊ ကမ္မဌာန်းကျောင်းတိုက် ဆွမ်းကပ်လှူပွဲ သွားရောက်နေစဉ် ဒီလိုသတ်ဖြတ်ခံရတာဖြစ်ပြီး ဧပြီ ၂၉ ရက် အလှူကပြန်လာစဉ်မှာ နေအိမ်အဝင်ပေါက် ကားဂိုဒေါင်အောက်တွင် သားမက်ဖြစ်သူ စိုင်းဆေမွန်(ခ)ဆေမွန်၊ နေအိမ်အပေါ်ထပ် ယာဘက်အခန်းထဲမှာ သမီးဖြစ်သူ မနန်းခမ်းလှိုင် နှင့် မြေးဖြစ်သူ စိုင်းဖဖ၊ ဝဲဘက်အခန်းအတွင်းမှာ အိမ်ဖော် မအေးမိုး တို့ကို ဒဏ်ရာအသီးသီးနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ဒါ့အပြင် နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ (၁၅) မျိုးနဲ့ ငွေကျပ် သိန်း (၄၀) အပါအဝင် ကျပ် (၁၅၅၇) သိန်း တန်ဖိုးခန့် ပျောက်ဆုံးခဲ့ပါ တယ်။

ဒီလူသတ်မှုမှာ လသားအရွယ် ကလေးငယ်ကို ရက်ရက်စက်စက် သတ်တဲ့အတွက် အများပြည်သူကြား မခံမရပ်နိုင်အောင် ဒေါသထွက်ရသလို မင်္ဂလာဒုံ လေးလောင်းပြိုင်လိုဘဲ ကျေနပ်မှုမရတဲ့ စစ်ဆေးဖော်ထုတ်မှု အဖြေကို ထုတ်ပြန်လာဦးမလာဆိုပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ဒါပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာက သက်သေခံ သဲလွန်စတွေ၊ တာဝန်သိပြည်သူတစ်ဦး သတင်းပေးချက်တွေအရ သတ်ဖြတ်ခံရပြီး  ၂ ရက်အကြာမှာ ဒီလေးလောင်းပြိုင် သတ်ဖြတ်မှုကို ကြိုးကိုင်ကျူးလွန်သူကို ကျောက်မဲကနေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမ်တဲ့ သူက ဆေးတိုက်ပိုင်ရှင်ရဲ့မောင်နှမဝမ်းကွဲ တော်စပ်တဲ့သူ တစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါး စွဲနေသူလည်း ဖြစ်နေပါတယ်။စစ်ဆေးချက်တွေအရ သတ်ဖြတ်သူရဲ့ သားကို ဆေးတိုက်ပိုင်ရှင်က မွေးစားသားအဖြစ် မွေးစားခဲ့ရာကနေ သားဖြစ်သူ အမွေရမှာ နည်းတဲ့အတွက် နောက်ထပ်အတူနေသူ ဆေးတိုက်လုပ်ငန်းကိုလည်း ကိုယ်တိုင်ဦးစီး လုပ်ကိုင်နေတဲ့ မွေးစားသမီး မိသားစုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ဖမ်းမိသူကနေ ရွှေထည်ပစ္စည်းမျိုးစုံ (၁) ပိဿာနီးပါးခန့်နှင့် ငွေ (၇) သိန်း (၂) သောင်းကျပ်ကို ပြန်သိမ်းဆည်းနိုင်ခဲ့ပေမယ့် ပူးပေါင်းသတ်ဖြတ်ခဲ့သူတွေကို စစ်ဆေးဖော်ထုတ်နေဆဲ ဆိုပါတယ်။

လောဘကြောင့် အပြစ်မဲ့တဲ့ လသားအရွယ် ကလေးငယ်ကိုတောင် သတ်ဖြတ်ရဲတဲ့စိတ်က လူလို့မခေါ်နိုင်လောက်အောင်ပါဘဲ။ဒါဟာ မြန်မာလူ့ဘောင်မှာ တွေ့ရခဲ့တဲ့ လူစိတ်ပျောက်တဲ့ သတ်ဖြတ်မှုဖြစ်ပြီး ပူးပေါင်းပါဝင်သူတွေကို သေစားသေစေဆိုတဲ့ ပြစ်ဒဏ်ကလွဲပြီး တခြားသင့်လျှော်တဲ့ပြစ်ဒဏ် မရှိလောက်အောင်ပါဘဲ။ဒီလူသတ်မှုအတွက် သတင်းပေးတဲ့သူသာ မရှိခဲ့ရင် ဘယ်လိုအဖြေတွေ ပေါ်ထွက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါဘဲ။ဘာပဲဖြစ်ဖြစ် အထင်ကရ လေးလောင်းပြိုင် လူသတ်မှုကို အရပ်သားအစိုးရ လက်ထက်မှာ နှစ်ရက်အတွင်း ဖော်ထုတ်နိုင်ခဲ့တာ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို ချီးကျူးရမှာ ဖြစ်ပါတယ်။အရပ်သားအစိုးရ လက်ထက်မှာ လူသတ်မှုကြီးတွေ မကြာခဏတွေ့ရသလို ဖော်ထုတ်နိုင်တာလဲ များပါတယ်။ဒီလိုလူမဆန်စွာ ကျူးလွန်သူတွေကို သင်ခန်းစာယူပြီး နောင်လူတွေ မကျူးလွန်ရဲအောင် တရားဥပဒေအပိုင်းက ဘယ်လို စီရင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးလကြာ ထိန်းသိမ်းခံရတဲ့  မြဝတီမြို့မှ စတုတ္ထတန်းကျောင်းသား ပြန်လွတ်လာတဲ့ သတင်း၊ ဖားကန့်ရှိ ကုမ္ပဏီ ၁၁ ခု၏  လုပ်ကွက် ၁၇ ခုကို အစိုးရက ညွှန်ကြားလိုက်တဲ့ သတင်း၊ ဖန်ဂရန်ရာဇီ ရေခဲတောင်ကနေ ပြုတ်ကျခဲ့တဲ့ အမျိုးသမီး တောင်တက်သမား မစိမ့်ထက် ရဲ့ ရုပ်အလောင်း ပြန်လည်ရှာဖွေမယ့် သတင်း၊ ဖားကန့်ဒေသတွင် နွံကန်ပွင့်ကျမှုကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ ၅၄ ဦးကို သက်ဆိုင်ရာကုမ္ပဏီက တစ်ဦးလျှင် ကျပ်သိန်းသုံးရာနှင့် ခြေထောက်နှစ်ဖက်စလုံး ဖြတ်တောက်ရသူ တစ်ဦးအတွက် ကျပ်သိန်းလေးရာ ထောက်ပံ့ကြေးပေးအပ်ခဲ့တဲ့ သတင်းတွေထက် ပိုပြီးအများပြည်သူကြား စုတ်တသတ်သတ် စောင့်ကြည့်ရတဲ့ သတင်းဆိုးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

သတိထားလာရတဲ့ တိုင်းရင်းသားဒေသ တိုက်ပွဲသတင်းများ

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် တပ်မတော်ကြား ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တိုက်ပွဲသတင်းများ ရယူဖော်ပြရာမှာ ယခင်ကထက် သတင်းမီဒီယာတွေမှာ အခက်အခဲတွေ့လာရပါတယ်။မကြာသေးမီက ရခိုင်တိုက်ပွဲဆိုင်ရာ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းဌာနနဲ့ လွတ်လပ်သည့် အာရှအသံ (RFA) သတင်းဌာနများကို တပ်မတော်ဘက်ကနေ တရားစွဲဆိုခဲ့ပါတယ်။

ဧပြီ ၃၀ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဘက်က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခုလိုတရားစွဲဆိုရတာနဲ့ ပတ်သက်ပြီး ‘‘ဘာမှမလုပ်ဘူး၊ ဘာမှမတုံ့ပြန်ဘူး။ဒီအတိုင်းငြိမ်ခံလို့ သည်းခံတာများရင် ပိုပြီးရောင့်တက်လာတာရှိတယ်။နောက်ဆုံးပြောရရင် ရှိသမျှခေါင်းမွေး ပြောင်ဖို့ပဲရှိတယ်။ကိုယ့်ခေါင်းမွေးကို တစ်ပင်နုတ် သည်းခံတယ်၊ နှစ်ပင်နုတ် သည်းခံတယ်၊ သုံး၊ လေးပင် ပေါင်းနုတ်မယ်ဆိုရင်တော့ ပြန်ပြီးတော့ ဆော်ဖို့ပဲ ရှိတယ်’’ လို့ ပြောခဲ့သလို ရခိုင်တိုက်ပွဲဖြစ်စဉ်မှာ မီဒီယာတစ်ချို့က တစ်ဖက်သတ်အမြင်နဲ့ ရေးတဲ့အတွက် တရားစွဲဆိုခဲ့တာလို့လည်း ဆိုပါတယ်။မေ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ပေးပို့တဲ့ တပ်ချုပ်ရဲ့ သဝဏ်လွှာမှာ သတင်းရယူဖော်ပြရာမှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ရေး ကို သဝဏ်လွှာမှာ အလေးထားဖော်ပြခဲ့တာကို တွေ့ရပါတယ်။

တပ်မတော်ဘက်က သတင်းမီဒီယာတွေကို တရားစွဲရာမှာ ပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာဥပဒေထက် အရပ်ဘက်ပြစ်မှုပုဒ်မတွေနဲ့လည်း တရားစွဲဆိုခဲ့တာကို တွေ့ရပါတယ်။ တပ်မတော်ဘက်ကတော့ သတင်းမီဒီ ယာ ဥပဒေမှာ ပါဝင်တဲ့ ပြစ်ဒဏ်က နည်းပါးတဲ့ အတွက် အခြားပြစ်မှုပုဒ်မ များအရ တရားစွဲဆိုရခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သတင်းမီဒီယာတွေအနေနဲ့ အရပ်သားတွေ ထိခိုက်မှုရှိနေတဲ့ ရခိုင်တိုက်ပွဲသတင်းတွေ ဖော်ပြ ရာမှာ ဒေသခံတွေရဲ့ အသံကို ယုံကြည်ပြီး အလေးထားဖော်ပြရာကနေ ယခုလို့ သတင်းနဲ့ ပတ်သက်ပြီး တရား စွဲဆိုမှုတွေ ရှိလာခဲ့တာပါ။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်နေသလို သတင်းရယူတဲ့ မီဒီယာ တွေအနေနဲ့ သတင်းတွေ အချိန်နဲ့တပြေးညီဖော်ပြဖို့ကြိုးစားရာမှာ ဘယ်လို အခက်အခဲတွေ ထပ်ရင် ဆိုင်ရ မှုဖြစ် လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီလိုသတင်းဖော်ပြမှုဘက်က အခက်အခဲတွေရှိနေချိန်မှာ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မှာ   ရခိုင် လက်နက်ကိုင် အဖွဲ့(AA)၏ ယာယီလေ့ကျင့်ရေး စခန်းနေရာကို တပ်မတော်က ဧပြီ ၂၈ ရက်က သိမ်းပိုက်ရ ရှိခဲ့ပါ တယ်။ဒီလိုသိမ်းပိုက်စဉ် သင်တန်းကျောင်းက AAအဖွဲ့ဝင်တွေ အနီးနားရှိရွာတွေကို ထွက်ပြေးတယ်ဆိုတဲ့ သတင်းကြောင့် ကျောက်တန်းရွာကို ဝင်စစ်ဆေးရာမှာ မသင်္ကာဖွယ် ရွာသားမဟုတ်တဲ့ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိလို့ ခေတ္တထိန်းသိမ်းခဲ့ပါတယ်။ဒီလိုထိန်းသိမ်းစစ်ဆေးစဉ် ထိန်းသိမ်းထားသူအုပ်စု အချို့က မေလ ၂ ရက် နံနက် ၂ နာရီခန့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုမည့်အပြုအမူများလုပ်ဆောင်လာတဲ့အတွက် သေ နတ်ပစ်ဖောက် ခြောက်လှန့် လူစုကွဲအောင် ပြု လုပ်ခြင်းများ ဆောင်ရွက်ခဲ့ရာမှာ လက်နက်လုမယ့် ပုံစံ တွေရှိ လာတဲ့အတွက် ပစ်ခတ်ခဲ့ရာမှာ ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရကာ  လေးဦးထွက်ပြေးလွတ် မြောက်ခဲ့ ပါတယ်။

ဒီလိုဖြစ်ခဲ့တဲ့အတွက် တပ်မတော်ဘက်က မေ ၂ ရက်ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး သတင်း မီဒီ ယာတွေက ဖြစ်တဲ့ အချိန်နဲ့ နာရီအနည်းငယ်အကြာမှာ စတင်ဖော်ပြခဲ့ပါတယ်။AA ဘက်ကတော့ ကျောက်တန်း ရွာမှာ AA တပ်ဖွဲတွေ ခိုလှုံမှုမရှိဘူးလို့ ထုံးစံအတိုင်း ငြင်းဆိုခဲ့ပြီး တပ်မတော်ဘက်ကတော့ စစ်ဆေးနေရာမှာ မသင်္ကာသူများကို စစ်ဆေး မှု အနေအထားအရ AA တပ်ဖွဲ့ဝင်များပါဝင်ကြောင်း၊ AA နှင့် ပတ်သက်နေသည့် အမာခံများလည်းပါဝင်ကြောင်း၊ ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ပြီး AA နှင့် မပတ်သက်သူများကို ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ရခိုင်ဘက်မှာ ဒီလိုအခြေအနေတွေရှိနေသလို တပ်မတော်ဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန် မြှင့်ဆောင်ရွက်ရန်အတွက် တိုင်းစစ် ဌာနချုပ်နယ်မြေငါးခုတွင် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများကို လာမည့် ဇွန်လ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့် ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်တဲ့အတွက် တပ်မတော်ဘက် က အပစ်အခတ်ရပ်စဲရေးကာလတိုးမြှင့်မှုကို ကုလသမဂ္ဂက ကြိုဆိုခဲ့ပါတယ်။ဒီလို အပြုဘက်က တိုးတက်မှုတွေ ရှိပေမယ့်  ဥရောပသမဂ္ဂကောင်စီက မြန်မာတပ်မတော်အပေါ် အရေးယူပိတ်ဆို့မှုတွေကို တစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ပါတယ်။ဒါဟာ တပ်မတော်အတွက် လက်နက်ဝယ်ယူရာမှာ ဥရောပနဲ့ အနောက်အုပ်စုက ဝယ် ယူမှုကိုထိခိုက်စေနိုင်မယ်လို့ ထင်ရပေမယ့် မြန်မာလက်နက်အများစုက တရုတ်နဲ့ ရုရှားဆီကနေ အဓိကဝယ်ယူ နေတာဖြစ်လို့ တခြားသော ထိခိုက်မှုအချို့သာရှိမယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒီတစ်ပတ်ထဲမှာဘဲ  ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာ အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင် လေး ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဧပြီ ၃၀ ရက်က ကျင်းပခဲပါတယ်။ မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေးကုန်သည်များ အသင်းရုံးမှာ ငြိမ်းချမ်းရေးကော်မရှင်ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင် အတွင်း ရေးမှူး ဦးခင်ဇော်ဦး၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ကချင်အဖွဲ့(KIO)၊ တအာင်း အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) မြောက်ပိုင်း လက်နက် ကိုင်လေးဖွဲ့ခေါင်း ဆောင်များတွေ နှစ်နာရီကြာတွေ့ဆုံပြီး Bilateral (ခ) နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေး သ ဘောတူစာချုပ် ဦးစွာချုပ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင် ရွက်ရန်သဘောတူညီခဲ့တယ်ဆိုပါ တယ်။ နှစ်ဘက်စလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိဖို့ မေလထဲ ထပ်မံတွေ့ဆုံဆွေးနွေးမှာဖြစ်လို့ ပဋိပက္ခစစ်မက်ဖြစ်ပွားရာဒေသက ဒေသခံတွေအတွက် သတင်းကောင်းကြားရဖို့ ရှိ/မရှိ၊အရင်လိုပဲ ဆွေးနွေး လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်သတင်းတွေ ဖြစ်တဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံရတဲ့ ဒေါက်တာ အေးမောင်အမှုအတွက် အယူခံ လျှောက်လဲချက်ကို နောက်ရုံးချိန်းသို့ ရွှေ့ဆိုင်းခဲ့တဲ့ သတင်း၊ကမ္ဘောဒီးယား နိုင်ငံအစိုးရ က ရခိုင်ပြည်နယ် လူသားချင်းစာ နာထောက်ထားမှု အကူအညီအ ဖြစ် ဒေါ်လာကိုးသောင်း လှူဒါန်းခဲ့တဲ့ သတင်း၊ စီမံ/ ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး အောင်ဘာလေထီဖွင့်ပွဲကို ပထမဆုံးတက်ရောက် ခဲ့တဲ့ သတင်း၊ ဒေါ်လာ ၇၇ သန်းခွဲကျော် တန်ဖိုးရှိ ခုနစ်ထပ် ရန်ကုန်အထူးကု ဆေးရုံသစ်ကြီးကို ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက် ရန် ဧပြီ ၂၈ ရက်တွင် စတင်ပန္နက် ရိုက်ခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

စံချိန်တင်အပူနှင့် အင်အားအလွန်ပြင်းမုန်တိုင်း

ယခုတစ်ပတ်ထဲ နေ့အပူချိန်တိုးလာတဲ့ သတင်းတွေက ယခုတစ်ပတ်သတင်းမီဒီယာတွေမှာ ထိပ် တန်းသတင်းဖြစ်ခဲ့ပါတယ်။ရန်ကုန်မှာ  အပူချိန်စံချိန်ချိုးမှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ချောက်လို့ အလယ်ပိုင်းဒေသ တွေမှာ အပူချိန်က ၄၆ ဒီဂရီစင်တီဂရိတ်ထိရှိခဲ့ပြီး ဒီအပူဟာ ယခုဆယ်စုနှစ်တွေအတွင်းသတိထားလောက် ရတဲ့အတွက် ရေချိုးချိန်နဲ့ မြစ်ဆိပ်ရေချိုးဆင်းတဲ့ အချိန်တွေကို ဒေသန္တရအာဏာပိုင်တွေဘက်က ကန်သတ်စောင့်ကြည့်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ထုံးစံအတိုင်း နေ့အပူချိန်တက်လာမူနဲ့ အတူ သောက်ရေသုံးရေပြတ်လပ်မှုသတင်းတွေကလည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကနေ ထွက်ပေါ်လာခဲ့ပါတယ်။ အပူချိန်မြင့်တက်တဲ့ဒေသတွေမှာ အာဏာပိုင်တွေဘက်က အပူရှောင်စခန်းတွေ ဆက်တိုက်ဖွင့်လှစ်ပေးခဲ့ရပါတယ်။ နေ့အပူချိန် ၄၃ ဒီဂရီစင်တီ ဂရိတ်ရှိနေတဲ့ ပြည်မြို့မှာဧရာဝတီမြစ်ကမ်းဘေးရှိ အပန်း ဖြေနားနေရာရှိ ပြည်အပူရှောင်စခန်းကို ဖွင့်ထားရသလို အပူချိန် စံချိန်နှစ်ခါချိုးခဲ့တဲ့ ရန်ကုန်မှာလည်း အပူဒဏ်ကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသ မှုခံယူရတာတွေ ရှိခဲ့ပါတယ်။ ပဲခူးမှာ အပူဒဏ်ကြောင့် သတိလစ် (Heat Stroke) လူနာ ၁၀ ဦး ရောက်ရှိလာ ရာမှာ လေးဦးသေဆုံးခဲ့တဲ့ အထိ အပူဒဏ်က ပြင်းခဲ့ပါတယ်။

နေ့အပူချိန်မြင့်တာနဲ့ အတူ အချို့ဒေသတွေမှာ လေပြင်းတွေ ဖြစ်ပေါ်ပြီး လေပြင်းကျရောက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေလည်းှရှိခဲ့ပါတယ်။ အများစုက တက်လာတဲ့ အပူရှိန်ကြောင့် မိုးကိုမျှော်လာချိန်မှာ ဘင်္ဂလား ပင်လယ်အော်ဘက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာခဲ့ပါတယ်။ ဒီမုန်တိုင်း လေဖိအားနည်း ရပ်ဝန်းစတင် ချိန် မှာ စဖြစ်တဲ့နေရာကို တွက်ချက်ရာမှာ အင်အားကောင်းတဲ့ မုန်တိုင်းကြီးထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ပါ တယ်။အမှန်တစ်ကယ်လဲ အဆိုပါမုန်တိုင်းက အလွန်အားကောင်းသော မုန်တိုင်းကြီး (Extremely Severe Cyclonic Storm) အဆင့်ကို မေ ၂ ရက်မှာရောက်ရှိခဲ့တဲ့အတွက် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံနေရာ ဒေသ တချို့မှာ မိုးရွာသွန်းမှုတွေ ရှိခဲ့ပါတယ်။ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏ အ ရှိန်ကြောင့် နေပြည် တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ် တို့ မှာ နေရာကွက်၍ မိုးရွာနိုင်ပြီး အချို့ဒေသများတွင် နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုး/ဇလဘက်က ထုတ်ပြန် ခဲ့ပါတယ်။အဆိုပါမုန်တိုင်းဘက်ကနေ ဘင်္ဂလား ဒေ့ရှ် နှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို ကုန်းတွင်း မုန်တိုင်း ဝင်လာနိုင်လို့ မုန်တိုင်းအန္တရာယ်စောင့်ကြည့်ရမည့် အခြေအနေရှိနေတယ်လို့ ပညာရှင်တွေနဲ့ မိုး/ဇလဘက်က သတိပေးခဲ့ပါတယ်။

ဆိုင်ကလုံးမုန်တိုင်း ဖန်နီက အိန္ဒိယကို ဝင်နေဆဲဖြစ်လို့ မုန်တိုင်းဘေးကို စောင့်ကြည့်ရဦးမှာဖြစ်သလို အပူဒဏ်ကလည်း ဆက်လက်အားကောင်းနေဆဲဖြစ်လို မုန်တိုင်း ဖန်နီကြောင့် မုတ်သုံအဝင် စော/မစော ဆိုတာ ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘတ်ဂျက်အပြည့်ချရင် အပြည့်ရမယ် လျှပ်စစ်ရမယ်

ယခုတစ်ပတ်သတင်းတွေထဲ အများပြည်သူသဘောကျခဲ့လို့ လူမှု့ကွန်ရက်မှာ ပျံနှံခဲ့တဲ့ သတင်း တစ် ပုဒ် ရှိခဲ့ပါတယ်။ ဒီသတင်းက လျှပ်စစ်မီးပြတ်တဲ့ ကိစ္စနဲ့ ပက်သက်တဲ့သတင်းပါ။

နွေရာသီမတိုင်ခင် လျှပ်စစ်မီး ပြတ်တောက်မှုမရှိရဘူးဆိုတဲ့ ကြုံးဝါးမှုတွေက နွေရာသီရောက်တဲ့ အခါ အပူဒဏ်အောက်ပျောက်ကွယ်ရတာနှစ်တိုင်းပါဘဲ။ ယခုနှစ်လဲ ဒီအတိုင်းပါဘဲ။ ကျောက်တံတားမြို့နယ် အမတ် ဦးနေမျိုးထက်က ဧပြီ ၂၈ ရက်က ပြုလုပ်တဲ့ ပြည်သူလွှတ်တော်အစည်းအဝေးမှာ နွေရာသီ အတွင်း မကြာခဏ လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည့် အခြေအနေနှင့် ပတ်သက်ပြီးမေးခဲ့ပါတယ်။

ဒီလိုမေးခဲ့တဲ့ အခါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာထွန်းနိုင်က ‘‘ဝန်ကြီးဌာန အနေနဲ့ နှစ်စဉ် တင်ပြတောင်းခံတဲ့ ဘတ်ဂျက် ပမာဏများအားလုံးကို ခွင့်ပြုပေး ဖို့လည်း လိုအပ်ပါတယ်။ လျှပ် စစ် ဓာတ်အားထုတ်လုပ်ခြင်း ကဏ္ဍဟာ အခုရေတွင်းတူး အခု ရေကြည်သောက်လို့ မရတဲ့ကိစ္စ ရပ်တွေဖြစ် ပါ တယ်’’လို့ ဖြေခဲ့ပါတယ်။ဒီလို ဖြေတဲ့အတွက် အများပြည်သူကြား အံအားသင့်စရာ ဖြစ်လာခဲ့သလို လူမှုကွန် ရက်မှာ ဝေဖန်စရာလည်းပေါ်ထွက်လာခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ၏ လျှပ်စစ် မီးပြတ်တောက်မှုအခြေအနေ က ဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများထက်ပင် ပိုမိုဆိုး ရွားနေတယ်လို့ မေးခွန်းမေးမြန်းသူ ဦးနေမျိုးထက်က ဝေဖန်ခဲ့ရာမှာ  ယင်းနိုင်ငံများ၏ လျှပ်စစ်ကဏ္ဍအတွက် ဘတ်ဂျက်သုံးစွဲခွင့်ရရှိမှု အခြေအနေမတူညီခြင်းကိုလည်း ထည့်သွင်းစဉ်းစားရန် ဒုဝန်ကြီးက တုံ့ပြန်ဖြေရှင်း ခဲ့ပြီး မြန်မာနိုင်ငံတွင် မီးပြတ်တောက်မှု မကြာခဏဖြစ် ပွားသော်လည်း လျှပ်စစ်ဓာတ် အား ပြန်လည်ဖြန့်ဖြူးပေး နိုင်မှု တွင် အမေရိကန်၊ စင်ကာပူ စသည့်နိုင်ငံများထက် ပိုမိုမြန် ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်တယ်လို့ ပြောခဲ့ ပါတယ်။ ဒီပြောစကားက ယခုရက်သတ္တပတ်အတွင်း မီဒီယာတွေကနေ ကာတွန်းတွေ ၊ဝေဖန်ထောက်ပြမှုတွေ နိုင်းယှဉ်မှုတွေနဲ့ ဝေဖန်ခံရဆုံး ဖြစ်ခဲ့ပါတယ်။

အဆိုပါလာရောက်ဖြေဆိုမှုအပြီးနောက်ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရေအားလျှပ်စစ် ရုံများနှင့် ရန်ကုန်တိုင်းလျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှုတိုးတက်ရေး ပြင်သစ်နိုင်ငံမှ ယူရို ၃၅ သန်း ကျော်နှင့်ထိုင်းနိုင်ငံမှ ဘတ်သန်း ၁,၄၅၀ ကျော်ချေးယူရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တင်ပြခဲ့ပါတယ်။ အထက်ပါချေးငွေနဲ့ပက်သက်ပြီး ပြည်ထောင်စုလွှတ်တော်က မေ ၃ ရက် နောက်ဆုံးထားပြီးဆွေးနွေးမယ့် လွှတ် တော်ကိုယ်စားလှယ်တွေကို  အမည်စာရင်းတင်သွင်းဖို့ ကြေညာထားခဲ့တဲ့အတွက် ဒီချေးငွေကိစ္စ ပြည် ထောင် စုလွှတ်တော်မှာ ဘယ်လို ချက်ကျကျဆွေးနွေးထောက်ပြမှုတွေ ထွက်လာဦးမလဲ ဆိုတာ စောင့်ကြည့် ရဦးမှာ ဖြစ်တယ်ဆိုတာ တင်ပြရင်းယခုတစ်ပတ်သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
မေ - ၃

( Zawgyi )

ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲ သတိထားမိစရာ သတင္းအခ်ိဳ႕ထဲ ေတာင္ႀကီး ေလးေလာင္းၿပိဳင္ လူသတ္မႈသတင္းက ထိပ္ဆုံးက ပါခဲ့ပါတယ္။အေမြရလိုမႈေၾကာင့္ လသားအ႐ြယ္ပါမခ်န္ သတ္ျဖတ္တဲ့ ဒီျဖစ္ရပ္သတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့  ျမန္မာႏိုင္ငံမွာ အဓမၼေစခိုင္းမႈႏွင့္ ပတ္သက္ၿပီး ႏိုင္ငံအဆင့္တိုင္ၾကားမႈ ယႏၲရားတစ္ရပ္ အျမန္ဆုံးထူေထာင္ရန္ လုပ္ဆာင္ေနတယ္လို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က ႏိုင္ငံတကာအလုပ္သမားေန႔ (ေမေဒး) အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္လႊာမွာ ထည့္သြင္းေဖာ္ျပထားတဲ့ သတင္း၊  ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေမာၻဒီးယားႏိုင္ငံကို သြားေရာက္ခဲ့တဲ့ သတင္း၊ သတ္မွတ္ထားတဲ့ အနည္းဆုံး လုပ္ခလစာကို တစ္ႏွစ္တစ္ႀကိမ္ ျပန္ညႇိေပးဖို႔ အလုပ္သမားေတြဘက္က ေတာင္းဆိုခဲ့တဲ့ သတင္း၊ ရန္ကုန္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး စီမံကိန္းေခါင္းစဥ္ျဖင့္ ဂ်ပန္ႏိုင္ငံမွ ေခ်းေငြရယူမည့္အေပၚ ဒီခ်ဳပ္အမတ္အခ်ိဳ႕က ေဝဖန္ခဲ့တဲ့ သတင္း၊ ရန္ကုန္မွာ အလုပ္အကိုင္ အခြင့္အလမ္း မ်ားလာလို႔ အနယ္နယ္အရပ္ရပ္မွ လာေရာက္လုပ္ကိုင္တာ မ်ားေနတာလို႔ ရန္ကုန္ဝန္ႀကီးခ်ဳပ္က ေျပာလိုက္တဲ့ သတင္းေတြကို ေက်ာ္လြန္ကာ အမ်ားစုေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

လသားကေလးငယ္ပါ သတ္ရဲတဲ့ လူမဆန္တဲ့ သတ္ျဖတ္မႈေနာက္ကြယ္

ယခုဧၿပီလ ေနာက္ဆုံးအပတ္အတြင္းကျဖစ္ခဲ့တဲ့ ေတာင္ႀကီးက ေလးေလာင္းၿပိဳင္ လူသတ္မႈက ၾကားရသူတိုင္း ထိတ္လန႔္တုန္လႈပ္ေစခဲ့ပါတယ္။အထူးသျဖင့္ အသတ္ခံရသူထဲမွာ လသားအ႐ြယ္ ကေလးငယ္ပါ အသတ္ခံရတဲ့အတြက္ပါ။ဒါဟာ မဂၤလာဒုံ ေလးေလာင္းၿပိဳင္လိုပါဘဲ ကေလးငယ္ေတြ အသတ္ခံရတဲ့အတြက္ ဒီလိုရက္စက္တဲ့ လူမဆန္တဲ့ သတ္ျဖတ္မႈကို ဘယ္သူက ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ က်ဴးလြန္ရသလဲလို႔ သိခ်င္ခဲ့ၾကပါတယ္။

ဧၿပီ ၂၇ ရက္က ျဖစ္တဲ့ ေတာင္ႀကီး ေလးေလာင္းၿပိဳင္ လူသတ္မႈမွာ ေဆးတိုက္ပိုင္ရွင္ ေမြးစားသမီး၊ သမက္၊ ေျမးႏွင့္ အိမ္အကူတို႔ ေသဆုံးခဲ့တာပါ။အိမ္ရွင္ ျမင္းျဖဴႏွစ္ေကာင္ တိုင္းရင္းသားေဆးတိုက္ပိုင္ရွင္ ပင္လုံၿမိဳ႕၊ ကမၼဌာန္းေက်ာင္းတိုက္ ဆြမ္းကပ္လႉပြဲ သြားေရာက္ေနစဥ္ ဒီလိုသတ္ျဖတ္ခံရတာျဖစ္ၿပီး ဧၿပီ ၂၉ ရက္ အလႉကျပန္လာစဥ္မွာ ေနအိမ္အဝင္ေပါက္ ကားဂိုေဒါင္ေအာက္တြင္ သားမက္ျဖစ္သူ စိုင္းေဆမြန္(ခ)ေဆမြန္၊ ေနအိမ္အေပၚထပ္ ယာဘက္အခန္းထဲမွာ သမီးျဖစ္သူ မနန္းခမ္းလႈိင္ ႏွင့္ ေျမးျဖစ္သူ စိုင္းဖဖ၊ ဝဲဘက္အခန္းအတြင္းမွာ အိမ္ေဖာ္ မေအးမိုး တို႔ကို ဒဏ္ရာအသီးသီးနဲ႔ ေသဆုံးေနတာကို ေတြ႕ခဲ့ရတာပါ။ဒါ့အျပင္ ေနအိမ္ရွိ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ (၁၅) မ်ိဳးနဲ႔ ေငြက်ပ္ သိန္း (၄၀) အပါအဝင္ က်ပ္ (၁၅၅၇) သိန္း တန္ဖိုးခန႔္ ေပ်ာက္ဆုံးခဲ့ပါ တယ္။

ဒီလူသတ္မႈမွာ လသားအ႐ြယ္ ကေလးငယ္ကို ရက္ရက္စက္စက္ သတ္တဲ့အတြက္ အမ်ားျပည္သူၾကား မခံမရပ္ႏိုင္ေအာင္ ေဒါသထြက္ရသလို မဂၤလာဒုံ ေလးေလာင္းၿပိဳင္လိုဘဲ ေက်နပ္မႈမရတဲ့ စစ္ေဆးေဖာ္ထုတ္မႈ အေျဖကို ထုတ္ျပန္လာဦးမလာဆိုၿပီး လူမႈကြန္ရက္မွာ ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။ဒါေပမယ့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕က အခင္းျဖစ္ပြားရာက သက္ေသခံ သဲလြန္စေတြ၊ တာဝန္သိျပည္သူတစ္ဦး သတင္းေပးခ်က္ေတြအရ သတ္ျဖတ္ခံရၿပီး  ၂ ရက္အၾကာမွာ ဒီေလးေလာင္းၿပိဳင္ သတ္ျဖတ္မႈကို ႀကိဳးကိုင္က်ဴးလြန္သူကို ေက်ာက္မဲကေန ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမ္တဲ့ သူက ေဆးတိုက္ပိုင္ရွင္ရဲ႕ေမာင္ႏွမဝမ္းကြဲ ေတာ္စပ္တဲ့သူ တစ္ဦးျဖစ္ၿပီး မူးယစ္ေဆးဝါး စြဲေနသူလည္း ျဖစ္ေနပါတယ္။စစ္ေဆးခ်က္ေတြအရ သတ္ျဖတ္သူရဲ႕ သားကို ေဆးတိုက္ပိုင္ရွင္က ေမြးစားသားအျဖစ္ ေမြးစားခဲ့ရာကေန သားျဖစ္သူ အေမြရမွာ နည္းတဲ့အတြက္ ေနာက္ထပ္အတူေနသူ ေဆးတိုက္လုပ္ငန္းကိုလည္း ကိုယ္တိုင္ဦးစီး လုပ္ကိုင္ေနတဲ့ ေမြးစားသမီး မိသားစုကို ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တာ စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။ဖမ္းမိသူကေန ေ႐ႊထည္ပစၥည္းမ်ိဳးစုံ (၁) ပိႆာနီးပါးခန႔္ႏွင့္ ေငြ (၇) သိန္း (၂) ေသာင္းက်ပ္ကို ျပန္သိမ္းဆည္းႏိုင္ခဲ့ေပမယ့္ ပူးေပါင္းသတ္ျဖတ္ခဲ့သူေတြကို စစ္ေဆးေဖာ္ထုတ္ေနဆဲ ဆိုပါတယ္။

ေလာဘေၾကာင့္ အျပစ္မဲ့တဲ့ လသားအ႐ြယ္ ကေလးငယ္ကိုေတာင္ သတ္ျဖတ္ရဲတဲ့စိတ္က လူလို႔မေခၚႏိုင္ေလာက္ေအာင္ပါဘဲ။ဒါဟာ ျမန္မာလူ႔ေဘာင္မွာ ေတြ႕ရခဲ့တဲ့ လူစိတ္ေပ်ာက္တဲ့ သတ္ျဖတ္မႈျဖစ္ၿပီး ပူးေပါင္းပါဝင္သူေတြကို ေသစားေသေစဆိုတဲ့ ျပစ္ဒဏ္ကလြဲၿပီး တျခားသင့္ေလွ်ာ္တဲ့ျပစ္ဒဏ္ မရွိေလာက္ေအာင္ပါဘဲ။ဒီလူသတ္မႈအတြက္ သတင္းေပးတဲ့သူသာ မရွိခဲ့ရင္ ဘယ္လိုအေျဖေတြ ေပၚထြက္လာဦးမလဲဆိုတာ စိတ္ဝင္စားစရာပါဘဲ။ဘာပဲျဖစ္ျဖစ္ အထင္ကရ ေလးေလာင္းၿပိဳင္ လူသတ္မႈကို အရပ္သားအစိုးရ လက္ထက္မွာ ႏွစ္ရက္အတြင္း ေဖာ္ထုတ္ႏိုင္ခဲ့တာ သက္ဆိုင္ရာရဲတပ္ဖြဲ႕ကို ခ်ီးက်ဴးရမွာ ျဖစ္ပါတယ္။အရပ္သားအစိုးရ လက္ထက္မွာ လူသတ္မႈႀကီးေတြ မၾကာခဏေတြ႕ရသလို ေဖာ္ထုတ္ႏိုင္တာလဲ မ်ားပါတယ္။ဒီလိုလူမဆန္စြာ က်ဴးလြန္သူေတြကို သင္ခန္းစာယူၿပီး ေနာင္လူေတြ မက်ဴးလြန္ရဲေအာင္ တရားဥပေဒအပိုင္းက ဘယ္လို စီရင္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ ထိုင္းႏိုင္ငံမွာ မူးယစ္ေဆး လက္ဝယ္ေတြ႕ရွိမႈနဲ႔ သုံးလၾကာ ထိန္းသိမ္းခံရတဲ့  ျမဝတီၿမိဳ႕မွ စတုတၳတန္းေက်ာင္းသား ျပန္လြတ္လာတဲ့ သတင္း၊ ဖားကန႔္ရွိ ကုမၸဏီ ၁၁ ခု၏  လုပ္ကြက္ ၁၇ ခုကို အစိုးရက ၫႊန္ၾကားလိုက္တဲ့ သတင္း၊ ဖန္ဂရန္ရာဇီ ေရခဲေတာင္ကေန ျပဳတ္က်ခဲ့တဲ့ အမ်ိဳးသမီး ေတာင္တက္သမား မစိမ့္ထက္ ရဲ႕ ႐ုပ္အေလာင္း ျပန္လည္ရွာေဖြမယ့္ သတင္း၊ ဖားကန႔္ေဒသတြင္ ႏြံကန္ပြင့္က်မႈေၾကာင့္ ေသဆုံးသူႏွင့္ ေပ်ာက္ဆုံးသူ ၅၄ ဦးကို သက္ဆိုင္ရာကုမၸဏီက တစ္ဦးလွ်င္ က်ပ္သိန္းသုံးရာႏွင့္ ေျခေထာက္ႏွစ္ဖက္စလုံး ျဖတ္ေတာက္ရသူ တစ္ဦးအတြက္ က်ပ္သိန္းေလးရာ ေထာက္ပံ့ေၾကးေပးအပ္ခဲ့တဲ့ သတင္းေတြထက္ ပိုၿပီးအမ်ားျပည္သူၾကား စုတ္တသတ္သတ္ ေစာင့္ၾကည့္ရတဲ့ သတင္းဆိုးတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

သတိထားလာရတဲ့ တိုင္းရင္းသားေဒသ တိုက္ပြဲသတင္းမ်ား

ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ႏွင့္ တပ္မေတာ္ၾကား ျဖစ္ပြားသည့္ တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ တိုက္ပြဲသတင္းမ်ား ရယူေဖာ္ျပရာမွာ ယခင္ကထက္ သတင္းမီဒီယာေတြမွာ အခက္အခဲေတြ႕လာရပါတယ္။မၾကာေသးမီက ရခိုင္တိုက္ပြဲဆိုင္ရာ သတင္းေဖာ္ျပမႈနဲ႔ ပတ္သက္ၿပီး ဧရာဝတီသတင္းဌာနနဲ႔ လြတ္လပ္သည့္ အာရွအသံ (RFA) သတင္းဌာနမ်ားကို တပ္မေတာ္ဘက္ကေန တရားစြဲဆိုခဲ့ပါတယ္။

ဧၿပီ ၃၀ ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့သည့္ မ႑ိဳင္ေလးရပ္ေတြ႕ဆုံပြဲမွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ဘက္က အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ယခုလိုတရားစြဲဆိုရတာနဲ႔ ပတ္သက္ၿပီး ‘‘ဘာမွမလုပ္ဘူး၊ ဘာမွမတုံ႔ျပန္ဘူး။ဒီအတိုင္းၿငိမ္ခံလို႔ သည္းခံတာမ်ားရင္ ပိုၿပီးေရာင့္တက္လာတာရွိတယ္။ေနာက္ဆုံးေျပာရရင္ ရွိသမွ်ေခါင္းေမြး ေျပာင္ဖို႔ပဲရွိတယ္။ကိုယ့္ေခါင္းေမြးကို တစ္ပင္ႏုတ္ သည္းခံတယ္၊ ႏွစ္ပင္ႏုတ္ သည္းခံတယ္၊ သုံး၊ ေလးပင္ ေပါင္းႏုတ္မယ္ဆိုရင္ေတာ့ ျပန္ၿပီးေတာ့ ေဆာ္ဖို႔ပဲ ရွိတယ္’’ လို႔ ေျပာခဲ့သလို ရခိုင္တိုက္ပြဲျဖစ္စဥ္မွာ မီဒီယာတစ္ခ်ိဳ႕က တစ္ဖက္သတ္အျမင္နဲ႔ ေရးတဲ့အတြက္ တရားစြဲဆိုခဲ့တာလို႔လည္း ဆိုပါတယ္။ေမ ၃ ရက္မွာ က်ေရာက္တဲ့ ကမာၻ႔စာနယ္ဇင္း လြတ္လပ္ခြင့္ေန႔ အခမ္းအနားကို ေပးပို႔တဲ့ တပ္ခ်ဳပ္ရဲ႕ သဝဏ္လႊာမွာ သတင္းရယူေဖာ္ျပရာမွာ ျပ႒ာန္းထားသည့္ ဥပေဒမ်ားႏွင့္ မဆန႔္က်င္ေရး ကို သဝဏ္လႊာမွာ အေလးထားေဖာ္ျပခဲ့တာကို ေတြ႕ရပါတယ္။

တပ္မေတာ္ဘက္က သတင္းမီဒီယာေတြကို တရားစြဲရာမွာ ျပ႒ာန္းထားတဲ့ သတင္းမီဒီယာဥပေဒထက္ အရပ္ဘက္ျပစ္မႈပုဒ္မေတြနဲ႔လည္း တရားစြဲဆိုခဲ့တာကို ေတြ႕ရပါတယ္။ တပ္မေတာ္ဘက္ကေတာ့ သတင္းမီဒီ ယာ ဥပေဒမွာ ပါဝင္တဲ့ ျပစ္ဒဏ္က နည္းပါးတဲ့ အတြက္ အျခားျပစ္မႈပုဒ္မ မ်ားအရ တရားစြဲဆိုရျခင္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ သတင္းမီဒီယာေတြအေနနဲ႔ အရပ္သားေတြ ထိခိုက္မႈရွိေနတဲ့ ရခိုင္တိုက္ပြဲသတင္းေတြ ေဖာ္ျပ ရာမွာ ေဒသခံေတြရဲ႕ အသံကို ယုံၾကည္ၿပီး အေလးထားေဖာ္ျပရာကေန ယခုလို႔ သတင္းနဲ႔ ပတ္သက္ၿပီး တရား စြဲဆိုမႈေတြ ရွိလာခဲ့တာပါ။ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြက ခပ္စိပ္စိပ္ျဖစ္ေနသလို သတင္းရယူတဲ့ မီဒီယာ ေတြအေနနဲ႔ သတင္းေတြ အခ်ိန္နဲ႔တေျပးညီေဖာ္ျပဖို႔ႀကိဳးစားရာမွာ ဘယ္လို အခက္အခဲေတြ ထပ္ရင္ ဆိုင္ရ မႈျဖစ္ လာမလဲ ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီလိုသတင္းေဖာ္ျပမႈဘက္က အခက္အခဲေတြရွိေနခ်ိန္မွာ ရခိုင္ေျမာက္ပိုင္းက ဘူးသီးေတာင္မွာ   ရခိုင္ လက္နက္ကိုင္ အဖြဲ႕(AA)၏ ယာယီေလ့က်င့္ေရး စခန္းေနရာကို တပ္မေတာ္က ဧၿပီ ၂၈ ရက္က သိမ္းပိုက္ရ ရွိခဲ့ပါ တယ္။ဒီလိုသိမ္းပိုက္စဥ္ သင္တန္းေက်ာင္းက AAအဖြဲ႕ဝင္ေတြ အနီးနားရွိ႐ြာေတြကို ထြက္ေျပးတယ္ဆိုတဲ့ သတင္းေၾကာင့္ ေက်ာက္တန္း႐ြာကို ဝင္စစ္ေဆးရာမွာ မသကၤာဖြယ္ ႐ြာသားမဟုတ္တဲ့ အမ်ိဳးသား ၂၇၅ ဦးကို ေတြ႕ရွိလို႔ ေခတၱထိန္းသိမ္းခဲ့ပါတယ္။ဒီလိုထိန္းသိမ္းစစ္ေဆးစဥ္ ထိန္းသိမ္းထားသူအုပ္စု အခ်ိဳ႕က ေမလ ၂ ရက္ နံနက္ ၂ နာရီခန႔္မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ရန္ျပဳမည့္အျပဳအမူမ်ားလုပ္ေဆာင္လာတဲ့အတြက္ ေသ နတ္ပစ္ေဖာက္ ေျခာက္လွန႔္ လူစုကြဲေအာင္ ျပဳ လုပ္ျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာမွာ လက္နက္လုမယ့္ ပုံစံ ေတြရွိ လာတဲ့အတြက္ ပစ္ခတ္ခဲ့ရာမွာ ေျခာက္ဦးေသဆုံးၿပီး ရွစ္ဦးဒဏ္ရာရကာ  ေလးဦးထြက္ေျပးလြတ္ ေျမာက္ခဲ့ ပါတယ္။

ဒီလိုျဖစ္ခဲ့တဲ့အတြက္ တပ္မေတာ္ဘက္က ေမ ၂ ရက္ညေနပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ၿပီး သတင္း မီဒီ ယာေတြက ျဖစ္တဲ့ အခ်ိန္နဲ႔ နာရီအနည္းငယ္အၾကာမွာ စတင္ေဖာ္ျပခဲ့ပါတယ္။AA ဘက္ကေတာ့ ေက်ာက္တန္း ႐ြာမွာ AA တပ္ဖြဲေတြ ခိုလႈံမႈမရွိဘူးလို႔ ထုံးစံအတိုင္း ျငင္းဆိုခဲ့ၿပီး တပ္မေတာ္ဘက္ကေတာ့ စစ္ေဆးေနရာမွာ မသကၤာသူမ်ားကို စစ္ေဆး မႈ အေနအထားအရ AA တပ္ဖြဲ႕ဝင္မ်ားပါဝင္ေၾကာင္း၊ AA ႏွင့္ ပတ္သက္ေနသည့္ အမာခံမ်ားလည္းပါဝင္ေၾကာင္း၊ ၎တို႔ကို ဥပေဒႏွင့္အညီ အေရးယူမည္ျဖစ္ၿပီး AA ႏွင့္ မပတ္သက္သူမ်ားကို ျပန္လႊတ္ေပးမယ္လို႔ ေျပာခဲ့ပါတယ္။

ရခိုင္ဘက္မွာ ဒီလိုအေျခအေနေတြရွိေနသလို တပ္မေတာ္ဘက္က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အရွိန္ ျမႇင့္ေဆာင္႐ြက္ရန္အတြက္ တိုင္းစစ္ ဌာနခ်ဳပ္နယ္ေျမငါးခုတြင္ စစ္ေရး ဆိုင္ရာ လႈပ္ရွားမႈမ်ားကို လာမည့္ ဇြန္လ ၃၀ ရက္အထိ ထပ္မံ တိုးျမႇင့္ ရပ္ဆိုင္းမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ျပန္တဲ့အတြက္ တပ္မေတာ္ဘက္ က အပစ္အခတ္ရပ္စဲေရးကာလတိုးျမႇင့္မႈကို ကုလသမဂၢက ႀကိဳဆိုခဲ့ပါတယ္။ဒီလို အျပဳဘက္က တိုးတက္မႈေတြ ရွိေပမယ့္  ဥေရာပသမဂၢေကာင္စီက ျမန္မာတပ္မေတာ္အေပၚ အေရးယူပိတ္ဆို႔မႈေတြကို တစ္ႏွစ္သက္တမ္း ထပ္မံတိုးျမႇင့္ခဲ့ပါတယ္။ဒါဟာ တပ္မေတာ္အတြက္ လက္နက္ဝယ္ယူရာမွာ ဥေရာပနဲ႔ အေနာက္အုပ္စုက ဝယ္ ယူမႈကိုထိခိုက္ေစႏိုင္မယ္လို႔ ထင္ရေပမယ့္ ျမန္မာလက္နက္အမ်ားစုက တ႐ုတ္နဲ႔ ႐ုရွားဆီကေန အဓိကဝယ္ယူ ေနတာျဖစ္လို႔ တျခားေသာ ထိခိုက္မႈအခ်ိဳ႕သာရွိမယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

ဒီတစ္ပတ္ထဲမွာဘဲ  ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္မွာ အစိုးရႏွင့္ ေျမာက္ပိုင္း လက္နက္ကိုင္ ေလး ဖြဲ႕ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ဧၿပီ ၃၀ ရက္က က်င္းပခဲပါတယ္။ မူဆယ္ၿမိဳ႕ရွိ မူဆယ္-နမ့္ခမ္း နယ္စပ္ ကုန္သြယ္ေရးကုန္သည္မ်ား အသင္း႐ုံးမွာ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဒုဥကၠ႒ ဦးသိန္းေဇာ္၊ ေကာ္မရွင္ အတြင္း ေရးမႉး ဦးခင္ေဇာ္ဦး၊ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးတို႔ပါဝင္သည့္ အစိုးရကိုယ္စားလွယ္အဖြဲ႕ႏွင့္ ကခ်င္အဖြဲ႕(KIO)၊ တအာင္း အဖြဲ႕(TNLA)၊ ရခိုင္အဖြဲ႕(AA)၊ ကိုးကန႔္အဖြဲ႕ (MNDAA) ေျမာက္ပိုင္း လက္နက္ ကိုင္ေလးဖြဲ႕ေခါင္း ေဆာင္မ်ားေတြ ႏွစ္နာရီၾကာေတြ႕ဆုံၿပီး Bilateral (ခ) ႏွစ္ဦးႏွစ္ဖက္ အပစ္ရပ္စဲေရး သ ေဘာတူစာခ်ဳပ္ ဦးစြာခ်ဳပ္ဆိုၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဆာင္ ႐ြက္ရန္သေဘာတူညီခဲ့တယ္ဆိုပါ တယ္။ ႏွစ္ဘက္စလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မ်ား ရရွိဖို႔ ေမလထဲ ထပ္မံေတြ႕ဆုံေဆြးေႏြးမွာျဖစ္လို႔ ပဋိပကၡစစ္မက္ျဖစ္ပြားရာေဒသက ေဒသခံေတြအတြက္ သတင္းေကာင္းၾကားရဖို႔ ရွိ/မရွိ၊အရင္လိုပဲ ေဆြးေႏြး လိုက္၊ ျပန္ျဖစ္လိုက္ ျဖစ္မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္သတင္းေတြ ျဖစ္တဲ့ ေထာင္ဒဏ္ ၂၂ ႏွစ္ ခ်မွတ္ခံရတဲ့ ေဒါက္တာ ေအးေမာင္အမႈအတြက္ အယူခံ ေလွ်ာက္လဲခ်က္ကို ေနာက္႐ုံးခ်ိန္းသို႔ ေ႐ႊ႕ဆိုင္းခဲ့တဲ့ သတင္း၊ကေမာၻဒီးယား ႏိုင္ငံအစိုးရ က ရခိုင္ျပည္နယ္ လူသားခ်င္းစာ နာေထာက္ထားမႈ အကူအညီအ ျဖစ္ ေဒၚလာကိုးေသာင္း လႉဒါန္းခဲ့တဲ့ သတင္း၊ စီမံ/ ဘ႑ာ ျပည္ေထာင္စုဝန္ႀကီး ေအာင္ဘာေလထီဖြင့္ပြဲကို ပထမဆုံးတက္ေရာက္ ခဲ့တဲ့ သတင္း၊ ေဒၚလာ ၇၇ သန္းခြဲေက်ာ္ တန္ဖိုးရွိ ခုနစ္ထပ္ ရန္ကုန္အထူးကု ေဆး႐ုံသစ္ႀကီးကို ဂ်ပန္ႏိုင္ငံ အကူအညီျဖင့္ တည္ေဆာက္ ရန္ ဧၿပီ ၂၈ ရက္တြင္ စတင္ပႏၷက္ ႐ိုက္ခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

စံခ်ိန္တင္အပူႏွင့္ အင္အားအလြန္ျပင္းမုန္တိုင္း

ယခုတစ္ပတ္ထဲ ေန႔အပူခ်ိန္တိုးလာတဲ့ သတင္းေတြက ယခုတစ္ပတ္သတင္းမီဒီယာေတြမွာ ထိပ္ တန္းသတင္းျဖစ္ခဲ့ပါတယ္။ရန္ကုန္မွာ  အပူခ်ိန္စံခ်ိန္ခ်ိဳးမႈ ႏွစ္ႀကိမ္ျဖစ္ခဲ့ပါတယ္။ေခ်ာက္လို႔ အလယ္ပိုင္းေဒသ ေတြမွာ အပူခ်ိန္က ၄၆ ဒီဂရီစင္တီဂရိတ္ထိရွိခဲ့ၿပီး ဒီအပူဟာ ယခုဆယ္စုႏွစ္ေတြအတြင္းသတိထားေလာက္ ရတဲ့အတြက္ ေရခ်ိဳးခ်ိန္နဲ႔ ျမစ္ဆိပ္ေရခ်ိဳးဆင္းတဲ့ အခ်ိန္ေတြကို ေဒသႏၲရအာဏာပိုင္ေတြဘက္က ကန္သတ္ေစာင့္ၾကည့္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ထုံးစံအတိုင္း ေန႔အပူခ်ိန္တက္လာမူနဲ႔ အတူ ေသာက္ေရသုံးေရျပတ္လပ္မႈသတင္းေတြကလည္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသေတြကေန ထြက္ေပၚလာခဲ့ပါတယ္။ အပူခ်ိန္ျမင့္တက္တဲ့ေဒသေတြမွာ အာဏာပိုင္ေတြဘက္က အပူေရွာင္စခန္းေတြ ဆက္တိုက္ဖြင့္လွစ္ေပးခဲ့ရပါတယ္။ ေန႔အပူခ်ိန္ ၄၃ ဒီဂရီစင္တီ ဂရိတ္ရွိေနတဲ့ ျပည္ၿမိဳ႕မွာဧရာဝတီျမစ္ကမ္းေဘးရွိ အပန္း ေျဖနားေနရာရွိ ျပည္အပူေရွာင္စခန္းကို ဖြင့္ထားရသလို အပူခ်ိန္ စံခ်ိန္ႏွစ္ခါခ်ိဳးခဲ့တဲ့ ရန္ကုန္မွာလည္း အပူဒဏ္ေၾကာင့္ ရန္ကုန္ေဆး႐ုံႀကီးမွာ ေဆးကုသ မႈခံယူရတာေတြ ရွိခဲ့ပါတယ္။ ပဲခူးမွာ အပူဒဏ္ေၾကာင့္ သတိလစ္ (Heat Stroke) လူနာ ၁၀ ဦး ေရာက္ရွိလာ ရာမွာ ေလးဦးေသဆုံးခဲ့တဲ့ အထိ အပူဒဏ္က ျပင္းခဲ့ပါတယ္။

ေန႔အပူခ်ိန္ျမင့္တာနဲ႔ အတူ အခ်ိဳ႕ေဒသေတြမွာ ေလျပင္းေတြ ျဖစ္ေပၚၿပီး ေလျပင္းက်ေရာက္မႈေၾကာင့္ ပ်က္ဆီးဆုံးရႈံးမႈေတြလည္းွရွိခဲ့ပါတယ္။ အမ်ားစုက တက္လာတဲ့ အပူရွိန္ေၾကာင့္ မိုးကိုေမွ်ာ္လာခ်ိန္မွာ ဘဂၤလား ပင္လယ္ေအာ္ဘက္မွာ ေလဖိအားနည္းရပ္ဝန္းျဖစ္လာခဲ့ပါတယ္။ ဒီမုန္တိုင္း ေလဖိအားနည္း ရပ္ဝန္းစတင္ ခ်ိန္ မွာ စျဖစ္တဲ့ေနရာကို တြက္ခ်က္ရာမွာ အင္အားေကာင္းတဲ့ မုန္တိုင္းႀကီးထိ ျဖစ္လာႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ပါ တယ္။အမွန္တစ္ကယ္လဲ အဆိုပါမုန္တိုင္းက အလြန္အားေကာင္းေသာ မုန္တိုင္းႀကီး (Extremely Severe Cyclonic Storm) အဆင့္ကို ေမ ၂ ရက္မွာေရာက္ရွိခဲ့တဲ့အတြက္ ရန္ကုန္အပါအဝင္ ျမန္မာႏိုင္ငံေနရာ ေဒသ တခ်ိဳ႕မွာ မိုး႐ြာသြန္းမႈေတြ ရွိခဲ့ပါတယ္။ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း ဖန္နီ၏ အ ရွိန္ေၾကာင့္ ေနျပည္ ေတာ္၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီတိုင္းေဒသ ႀကီး၊ ရခိုင္၊ ကရင္ႏွင့္ မြန္ျပည္နယ္ တို႔ မွာ ေနရာကြက္၍ မိုး႐ြာႏိုင္ၿပီး အခ်ိဳ႕ေဒသမ်ားတြင္ ေနရာကြက္ မိုးႀကီးႏိုင္တယ္လို႔ မိုး/ဇလဘက္က ထုတ္ျပန္ ခဲ့ပါတယ္။အဆိုပါမုန္တိုင္းဘက္ကေန ဘဂၤလား ေဒ့ရွ္ ႏွင့္ ရခိုင္ကမ္း႐ိုးတန္းေျမာက္ပိုင္းကို ကုန္းတြင္း မုန္တိုင္း ဝင္လာႏိုင္လို႔ မုန္တိုင္းအႏၲရာယ္ေစာင့္ၾကည့္ရမည့္ အေျခအေနရွိေနတယ္လို႔ ပညာရွင္ေတြနဲ႔ မိုး/ဇလဘက္က သတိေပးခဲ့ပါတယ္။

ဆိုင္ကလုံးမုန္တိုင္း ဖန္နီက အိႏၵိယကို ဝင္ေနဆဲျဖစ္လို႔ မုန္တိုင္းေဘးကို ေစာင့္ၾကည့္ရဦးမွာျဖစ္သလို အပူဒဏ္ကလည္း ဆက္လက္အားေကာင္းေနဆဲျဖစ္လို မုန္တိုင္း ဖန္နီေၾကာင့္ မုတ္သုံအဝင္ ေစာ/မေစာ ဆိုတာ ဆက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဘတ္ဂ်က္အျပည့္ခ်ရင္ အျပည့္ရမယ္ လွ်ပ္စစ္ရမယ္

ယခုတစ္ပတ္သတင္းေတြထဲ အမ်ားျပည္သူသေဘာက်ခဲ့လို႔ လူမႈ႕ကြန္ရက္မွာ ပ်ံႏွံခဲ့တဲ့ သတင္း တစ္ ပုဒ္ ရွိခဲ့ပါတယ္။ ဒီသတင္းက လွ်ပ္စစ္မီးျပတ္တဲ့ ကိစၥနဲ႔ ပက္သက္တဲ့သတင္းပါ။

ေႏြရာသီမတိုင္ခင္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈမရွိရဘူးဆိုတဲ့ ႀကဳံးဝါးမႈေတြက ေႏြရာသီေရာက္တဲ့ အခါ အပူဒဏ္ေအာက္ေပ်ာက္ကြယ္ရတာႏွစ္တိုင္းပါဘဲ။ ယခုႏွစ္လဲ ဒီအတိုင္းပါဘဲ။ ေက်ာက္တံတားၿမိဳ႕နယ္ အမတ္ ဦးေနမ်ိဳးထက္က ဧၿပီ ၂၈ ရက္က ျပဳလုပ္တဲ့ ျပည္သူလႊတ္ေတာ္အစည္းအေဝးမွာ ေႏြရာသီ အတြင္း မၾကာခဏ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ေနသည့္ အေျခအေနႏွင့္ ပတ္သက္ၿပီးေမးခဲ့ပါတယ္။

ဒီလိုေမးခဲ့တဲ့ အခါ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ ႀကီး ေဒါက္တာထြန္းႏိုင္က ‘‘ဝန္ႀကီးဌာန အေနနဲ႔ ႏွစ္စဥ္ တင္ျပေတာင္းခံတဲ့ ဘတ္ဂ်က္ ပမာဏမ်ားအားလုံးကို ခြင့္ျပဳေပး ဖို႔လည္း လိုအပ္ပါတယ္။ လွ်ပ္ စစ္ ဓာတ္အားထုတ္လုပ္ျခင္း က႑ဟာ အခုေရတြင္းတူး အခု ေရၾကည္ေသာက္လို႔ မရတဲ့ကိစၥ ရပ္ေတြျဖစ္ ပါ တယ္’’လို႔ ေျဖခဲ့ပါတယ္။ဒီလို ေျဖတဲ့အတြက္ အမ်ားျပည္သူၾကား အံအားသင့္စရာ ျဖစ္လာခဲ့သလို လူမႈကြန္ ရက္မွာ ေဝဖန္စရာလည္းေပၚထြက္လာခဲ့ပါတယ္။ ဒါအျပင္ ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ မီးျပတ္ေတာက္မႈအေျခအေန က ေဒသတြင္း အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ထိုင္း၊ လာအို၊ ကေမာၻဒီးယား စသည့္ႏိုင္ငံမ်ားထက္ပင္ ပိုမိုဆိုး ႐ြားေနတယ္လို႔ ေမးခြန္းေမးျမန္းသူ ဦးေနမ်ိဳးထက္က ေဝဖန္ခဲ့ရာမွာ  ယင္းႏိုင္ငံမ်ား၏ လွ်ပ္စစ္က႑အတြက္ ဘတ္ဂ်က္သုံးစြဲခြင့္ရရွိမႈ အေျခအေနမတူညီျခင္းကိုလည္း ထည့္သြင္းစဥ္းစားရန္ ဒုဝန္ႀကီးက တုံ႔ျပန္ေျဖရွင္း ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ မီးျပတ္ေတာက္မႈ မၾကာခဏျဖစ္ ပြားေသာ္လည္း လွ်ပ္စစ္ဓာတ္ အား ျပန္လည္ျဖန႔္ျဖဴးေပး ႏိုင္မႈ တြင္ အေမရိကန္၊ စင္ကာပူ စသည့္ႏိုင္ငံမ်ားထက္ ပိုမိုျမန္ ဆန္စြာ ေျဖရွင္းေဆာင္႐ြက္ႏိုင္တယ္လို႔ ေျပာခဲ့ ပါတယ္။ ဒီေျပာစကားက ယခုရက္သတၱပတ္အတြင္း မီဒီယာေတြကေန ကာတြန္းေတြ ၊ေဝဖန္ေထာက္ျပမႈေတြ ႏိုင္းယွဥ္မႈေတြနဲ႔ ေဝဖန္ခံရဆုံး ျဖစ္ခဲ့ပါတယ္။

အဆိုပါလာေရာက္ေျဖဆိုမႈအၿပီးေနာက္ရက္မွာ ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ေရအားလွ်ပ္စစ္ ႐ုံမ်ားႏွင့္ ရန္ကုန္တိုင္းလွ်ပ္စစ္ ဓာတ္အားျဖန႔္ျဖဴးမႈတိုးတက္ေရး ျပင္သစ္ႏိုင္ငံမွ ယူ႐ို ၃၅ သန္း ေက်ာ္ႏွင့္ထိုင္းႏိုင္ငံမွ ဘတ္သန္း ၁,၄၅၀ ေက်ာ္ေခ်းယူရန္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက တင္ျပခဲ့ပါတယ္။ အထက္ပါေခ်းေငြနဲ႔ပက္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္က ေမ ၃ ရက္ ေနာက္ဆုံးထားၿပီးေဆြးေႏြးမယ့္ လႊတ္ ေတာ္ကိုယ္စားလွယ္ေတြကို  အမည္စာရင္းတင္သြင္းဖို႔ ေၾကညာထားခဲ့တဲ့အတြက္ ဒီေခ်းေငြကိစၥ ျပည္ ေထာင္ စုလႊတ္ေတာ္မွာ ဘယ္လို ခ်က္က်က်ေဆြးေႏြးေထာက္ျပမႈေတြ ထြက္လာဦးမလဲ ဆိုတာ ေစာင့္ၾကည့္ ရဦးမွာ ျဖစ္တယ္ဆိုတာ တင္ျပရင္းယခုတစ္ပတ္သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေမ - ၃