【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မျက်ရည်တောက်တောက်ကျရတဲ့ ရက်သတ္တပတ်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မျက်ရည်တောက်တောက်ကျရတဲ့ ရက်သတ္တပတ်

ယခုတစ်ပတ်အတွင်း သတင်းတွေထဲမှာ စိတ်ပျက်စရာသတင်းတွေလည်း များခဲ့ပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကဖြစ်ခဲ့တဲ့ မြောက်ပိုင်းသုံးဖွဲ့ ပြင်ဦးလွင်နဲ့ နောင်ချိုကို ဝင်စီးနင်းပစ်ခတ်ပြီး အရေးပါတဲ့ တံတားတွေကိုချိုးခဲ့လို့ ပြန်ပြင်လို့ မပြီးသေးခင်မှာဘဲ အပြန်တစ်လျှောက် မြို့တွေကို ဖျက်ဆီးပစ်ခတ်တဲ့ သတင်းတွေ၊ စစ်ဘေးကို ရွာလုံးကျွတ်ရှောင်နေရတဲ့ သတင်းတွေက ယခုတစ်ပတ်လုံး ဖြစ်ခဲ့ပါတယ်။ဒီသတင်းအပြင် စက်ဆုပ်စရာ သက်ငယ်မုဒိမ်းသတင်းတွေ၊ ညှင်းပန်းနှိပ်စက်တဲ့ သတင်းတွေ၊ မဖွယ်မရာပြုမှုသတင်းတွေ၊ လုပ်ငန်းရှင်ကြီးတစ်ဦးက စီးပွားရေးမကောင်းလို့ မျက်ရည်တောက်တောက်ကျတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း သတင်းဖတ်သူတွေကို မျက်ရည်တောက်တောက် ကျစေခဲ့ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းတွေက ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းဆိုင်ရာ မြန်မာ-ဂျပန်-အမေရိကန် ဖိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေကို မြန်မာနိုင်ငံမှာ လာပြီးရင်းနှီးမြုပ်နှံဖို့ ခေါ်ခဲ့တဲ့သတင်း၊ မြန်မာ့ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး တွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်း၊ ရခိုင်ပြည်နယ် သံတွဲကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ သတင်း၊ သြဂုတ် ၁၇ ရက် ည ၉ နာရီခန့်က ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ထဲမှာ အသံမိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့သတင်း၊ ရုရှားမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ တပ်မတော် ယဉ်ကျေးမှုအဖွဲ့က အဆို၊ အက၊ အတီး အကောင်းဆုံးဆုရရှိခဲ့တဲ့ သတင်းတွေထဲ ကွဲကွဲပြားပြား သတိထားစရာ သတင်းဖြစ်ခဲ့ပါတယ်။

ပြစ်ဒဏ်နည်းလို့လား၊ အရေးယူမှုအားနည်းလို့လား

ယခုရက်သတ္တပတ်ထဲမှာ စိတ်ပျက်စရာကောင်းအောင် ဖြစ်ခဲ့တာက ကလေးသူငယ်တွေ အသတ်ခံရတာနဲ့ အဓမ္မပြုကျင့်ခံရတဲ့ သတင်းတွေပါဘဲ။သြဂုတ်လ ၂၁ ရက်မှာ ရန်ကုန်မြို့ပတ်ရထားလမ်း စတော့ဂိတ်ခုံးအောက်မှာ အသက်၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အသတ်ခံရကာ အိတ်နဲ့ပစ်ထားတာကို မီးရထားဝန်ထမ်းတစ်ဦးက တွေ့ခဲ့ပါတယ်။

သတင်းတွေအရ အနံ့တောင်ထွက်နေပြီဆိုသလို ဒီကလေးမလေးရဲ့ မွေးစားဖခင်ဆိုသူကို ဖမ်းဆီးထားတယ်ဆိုပါတယ်။စစ်ဆေးမှုတွေအရ မသေခင် ရုန်းကန်ထားတဲ့လက္ခဏာကို တွေ့ရတဲ့ အတွက် ဒါဟာ သက်ငယ်မုဒိမ်းမှု ဖြစ်နိုင်တယ်လို့ ယူဆမှုတွေရှိပါတယ်။ဒီမတိုင်ခင် နေပြည်တော် ပျဉ်းမနားမှာလည်း အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဆွေမျိုးတော်စပ်တဲ့ အမျိုးသားတစ်ဦးက ငလိုက်ချောင်းဘေးခေါ်ပြီး အဓမ္မပြုကျင့်လို့ ကလေးငယ်ကို အမျိုးသမီးကိုယ် သွေးတွေယိုဆင်းလို့ ဆေးရုံတင် ကုသနေခဲ့ရပါတယ်။ဒီအမှုမှာ ကျူးလွန်သူ အမျိုးသားကို အသက်မပြည့်သေးလို့ဆိုပြီး ကျပ်သိန်း ၃၀ နဲ့ အာမခံပေးခဲ့တဲ့အတွက်လည်း မကျေနပ်မှုတွေ ထွက်ပေါ်လာသလို တရားလိုဘက်က ကျူးလွန်သူမှာ အသက်ပြည့်ပြီး မိန်းမတောင်ရနေပြီလို့ စောဒကတက်တာတွေလည်း ရှိနေပါတယ်။

ဒီရက်ထဲမှာဘဲ ပဲခူးတိုင်းဘက်မှာ ကျောင်းသွားဖို့ ကားကြုံလိုက်စီးတဲ့ ကျောင်းသူနှစ်ဦးနဲ့ ကျောင်းသားတစ်ဦးကို ကားမောင်းသူက ကားတံခါးပိတ်ပြီး ပုဆိုးလှန်ကာ ငယ်ပါကိုင်ပြခဲ့လို့ ကားသမားကို လိုက်ဖမ်းရတဲ့ ဖြစ်ရပ်တစ်ခု ပဲခူးတိုင်းထဲမှာ ဖြစ်ခဲ့ပါတယ်။ဒီလိုဖြစ်ရပ်အပြင် ရန်ကုန် အင်းစိန်မှာ နှစ်ရက်သာရှိသေးသည့် မွေးကင်းစ ကလေးငယ်ကို မိခင်က ငွေဆယ်သိန်းနဲ့ ရောင်းစားခဲ့တဲ့အတွက် မိခင်နဲ့ စပ်ပေးတဲ့သူကို ဖမ်းထားပြီး ကလေးကိုပြန်ရဖို့ တရုတ်ထိ ချိတ်ဆက်လိုက်နေတာတွေ ရှိပါတယ်။

ယခုနောက်ပိုင်းမှာ ဆက်သွယ်ရေးစနစ်မြန်ဆန်ပြီး ပိုမိုပွင့်လင်းလာတဲ့အတွက် မူခင်းပေါင်းစုံကို ပိုကြား၊ ပိုသိလာတာလား၊ ဒါမှမဟုတ် ပိုပြီးအဖြစ်များလာသလားဆိုတာ  တွေးတောစရာ ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် သက်ငယ်မုဒိမ်းအမှုတွေ အဖြစ်များတာတွေ့သလို ဒီအမှုကျူးလွန်ရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့အထိ ဥပဒေကို ပြင်ထားသလို အသက် ၁၂ နှစ်အောက်နဲ့ မသန်မစွမ်းတွေကို ထောင်ဒဏ် နှစ် ၂၀ ကနေ တစ်သက်တစ်ကျွန်းထိ ချမှတ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမယ့် သက်ငယ်မုဒိမ်းမှုတွေ လျော့ပါးတာမတွေ့ရဘဲ တိုးတက်များပြားလာတယ်လို့ ဆိုပါတယ်။ဒါဟာ ပြစ်မှုကျူးလွန်သူအတွက် ဘယ်လိုကြောင့် အတင့်ရဲနေသလဲ၊ ဥပဒေပြဋ္ဌာန်းထားသလို အရေးယူမှုမရှိလို့ ဂယ်ပေါက်တွေရှိနေလို့ ကျူးလွန်ရဲနေတာလား၊ ဒါမှမဟုတ် သက်ငယ်မုဒိမ်းမှု အပါအဝင် မုဒိမ်းကျင့်သတ်ဖြတ်မှုတွေအပေါ် ကိုင်တွယ်ဖြေရှင်းသူတွေက ဘယ်လိုသဘောထား ရှုမြင်နေကျသလဲဆိုတာ ထည့်သွင်းတွက်ချက်ဖို့ လိုလာပြီဖြစ်ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပွဲမှာ မုဒိမ်းမှုကျူးလွန်သူတွေကို လူထုနည်းနဲ့ ပြစ်ဒဏ်ပေးဖို့အထိ တင်သွင်းလာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ဒါဟာ အပြစ်ပေး အရေးယူပိုင်းမှာ ပျော့ပြောင်းမှု၊ လျှော့ထွက်မှုရှိနေသလား။အရေးမပါသည့် မှုခင်းတစ်ခုအဖြစ် မြင်နေတာလားဆိုတာကို ထောက်ပြလိုက်သလိုပါဘဲ။လတ်တလောမှာ မြောက်ဥက္ကလာမှာဖြစ်ခဲ့သည့် ကိုရင်ကြီးဆိုသူက ပြုကျင့်ခဲ့သည့် သက်ငယ်မုဒိမ်းမှု၊ ယခု နေပြည်တော်ဖြစ်တဲ့ ငလိုက်ချောင်း သက်ငယ်မုဒိမ်းမှုတွေမှာ ကျုးလွန်သူတွေမှာ ပညာအရည်အချင်း နိမ့်ကျမှုတွေ တွေ့ရသလို အကျင့်စာရိတ္တအပိုင်းမှာ လောက်လောက်လားလား တန်ဖိုးမထားတဲ့ အသိုင်းအဝိုင်းတွေမှာ အဖြစ်များနေတာကို တွေ့ရပါတယ်။ဒါဟာ ဆင်းရဲနွမ်းပါးတဲ့ အဝန်းဝိုင်းမှာသာမက ဘယ်လိုအဝန်းဝိုင်းမှာဖြစ်ဖြစ် သမီးမွေးထားတဲ့ မိဘတွေအတွက် သတိထားစရာပါ။

အဖြစ်များလာတဲ့ သက်ငယ်မုဒိမ်းမှုကို ထိထိရောက်ရောက် ဟန့်တားဖို့ဆိုရင် အပြင်းဆုံးပြစ်ဒဏ်ကို ကျူးလွန်သူကိုပေးဖို့၊ ကျူးလွန်သူကို လူထုနည်းနဲ့ အပြစ်ပေးဖို့၊ ကျူးလွန်သူ မိသားစုကိုပါ လူ့အဝန်းအဝိုင်းက ဝိုင်းဖယ်ကြဉ်ဖို့အထိ လိုလာနေပြီလားဆိုတာ စဉ်းစားဖို့လိုလာပါပြီ။ဒီအတွက် ပြောစရာရှိပေမယ့် အကာအကွယ်မဲ့နေတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ ယခုဖြစ်ရပ်တွေက တရားဥပဒေအပြင် အခြားဆောင်ရွက်ပေးမှု နည်းလမ်းပါ လိုအပ်နေပြီဆိုတာကို ပြနေခဲ့ပါတယ်။ဒီအတွက် ရှေ့ဆက် သက်ငယ်မုဒိမ်းသမား ဘယ်နှစ်ယောက် သေဒဏ်ပေးခံရမလဲ၊ ဘယ်နှစ်ယောက် ဂယ်ပေါက်က လွတ်ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ယခုသတင်းတွေအပြင် ဒီရက်သတ္တပတ်ထဲမှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက ကော့သောင်းမြို့မှာ အသက် ၃၀ ကျော် ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးချုပ်နှောင် ညှင်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ဆိုင်ရှင်ကို အမှုဖွင့်ထားတဲ့သတင်း၊ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူတွေကို ဖမ်းဆီးမိတဲ့သတင်း၊ လှိုင်မြို့နယ် ပြည်လမ်းရှိ Lotte ဟိုတယ်မှာ သေနတ်ကျန်ခဲ့တဲ့ လူသုံးဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့တဲ့သတင်း၊ ရာသီတုပ်ကွေး (H1N1) ရောဂါကြောင့် သေဆုံးတဲ့အရေအတွက်က တစ်နိုင်ငံလုံးမှာ တစ်ရာနီးပါးရှိလာတဲ့သတင်း၊ လှိုင်သာယာမှာ အလုပ်လာရှာတဲ့ အသက် ၂၀ အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူတွေကို ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေကလည်း စိတ်ဝင်တစားစောင့်ကြည့်စရာ သတင်းတွေဖြစ်လာခဲ့ပါတယ်။

မငြိမ်းသေးတဲ့  မြောက်ပိုင်းသုံးဖွဲ့ တိုက်ခိုက်မှု

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကဖြစ်ခဲ့တဲ့ ရခိုင်လက်နက်ကိုင်၊ တအာန်းလက်နက်ကိုင်နဲ့ ကိုးကန့်လက်နက်ကိုင်တွေက တံတားဖျက်၊ စစ်ဆေးရေးဂိတ်တွေ ဝင်စီးကာ သတ်ဖြတ်ခဲ့ပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ဝင်ပစ်တာတွေကနေ စခဲ့တဲ့ တိုက်ပွဲသတင်းတွေက ယခုရက်သတ္တပတ်ထိ မပြီးစီးသေးဘဲ ဆက်ခဲ့ပါတယ်။

ပြင်ဦးလွင်၊ နောင်ချိုဘက်ကနေ ပြန်ဆုတ်လာတဲ့ မဟာမိတ်သုံးဖွဲ့ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ မြန်မာ-တရုတ် ကုန်သွယ်ရေးအချက်အချာ တံတားတွေကို ဆက်တိုက်ဖျက်ဆီးခဲ့ပါတယ်။ဂုတ်တွင်းတံတားကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ထိုးရပ်သွားတာရှိသလို ပြန်ပြင်ဆင်မှုတွေ အားချင်းလုပ်ကာ ငါးရက်အတွင်း ပြန်ဖွင့်ဖို့ လုပ်ခဲ့ပေမယ့် အဆိုပါလမ်းကြောင်းမှာရှိတဲ့ တခြားတံတားတွေကို ချိုးခဲ့သလို ကွတ်ခိုင်နဲ့ လားရှိုးကိုပါ အင်အား ၂၀၀ ခန့်နဲ့ တက်တိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။သြဂုတ် ၁၇ ရက်မှာ ကွတ်ခိုင်နဲ့ သိန္နီအကြား တံတားတွေကို ချိုးဖျက်ခဲ့သလို တိုက်ပွဲတွေကြား သေဆုံးခဲ့သူတွေကို ကယ်ထုတ်ဖို့သွားတဲ့ ပရဟိတကားတစ်စီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကပစ်တဲ့ စနိုက်ပါနဲ့ လက်နက်ကြီးထိပြီး မှောက်ခဲ့ရာမှာ လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ကျည်သင့်သေဆုံးခဲ့ပါတယ်။

သြဂုတ် ၁၈ မှာ နံနက်ပိုင်းကတည်းက မြောက်ပိုင်းသုံးဖွဲ့ထဲမှာပါတဲ့ TNLA အဖွဲ့က မူဆယ်ဘက်ကိုသွားတဲ့ ကားလမ်းကို အတားအဆီးတွေချပြီး ကွတ်ခိုင်တစ်ခွင်ကို မနက်ပိုင်းကတည်းက ပစ်ခတ်ခဲ့ရာမှာ နေ့လယ်လောက်မှ ပစ်ခတ်သံရပ်လို့ ကွတ်ခိုင် မြို့သူမြို့သားတွေ ဘေးလွတ်ရာရှောင်ခဲ့ရပါတယ်။

ဒီလိုမြောက်ပိုင်းသုံးဖွဲ့ ပြင်ဦးလွင်ထိဆင်းပြီး တံတားချိုး၊ သတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့အတွက် စီးပွားရေးအရ ထိခိုက်မှုတွေရှိသလို ပြည်တွင်းခရီးသည် လာရောက်မှုများတဲ့ ပြင်ဦးလွင်ကို အလည်အပတ်လာရောက်မှု လျော့ကျခဲ့ပါတယ်။တိုက်ပွဲတွေက စဖြစ်တဲ့ သြဂုတ် ၁၅ ရက်ကစပြီး ၂၀ ရက်အထိ တောက်လျှောက်ဖြစ်နေသလို တပ်ဘက်ကလည်း လိုက်လံပိတ်ဆို့ ရှင်းလင်းရေးတွေ လုပ်နေတာရှိပါတယ်။မြောက်ပိုင်းသုံးဖွဲ့ထဲက TNLA အဖွဲ့ကတော့ တိုက်ပွဲဖြစ်တဲ့ ဒေသတွေကို မလာဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြောခဲ့ပေမယ့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ လက်ချက်နဲ့ အဆိုပါ မူဆယ်ကားလမ်းပိုင်း အသုံးပြုနေတဲ့ ကားသမားတွေ၊ အရပ်သားတွေ သေခဲ့ရတာတွေရှိနေပြီ ဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့် ပြည်မထဲ စိမ့်ဝင်လာနိုင်တဲ့အတွက် ရခိုင်ဘက်မှ ဆင်းလာတဲ့ လမ်းကြောင်းရှိသည့် မကွေးတိုင်းနဲ့ အခြားဆက်စပ်တဲ့ နေရာဒေသတွေဘက်မှာလည်း လုံခြုံရေးအရ စစ်ဆေးမှုတွေ လုပ်ခဲ့ရတာရှိခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေမှာ အရပ်သားတွေ သေကြေတာရှိခဲ့လို့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ရှောင်ကြဉ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က ထုတ်ပြန်ခဲ့ရတဲ့အထိပါဘဲ။

ငါးရက်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့အကြား တိုက်ပွဲ ၄၀ ခန့် ဖြစ်ပွားခဲ့တဲ့အတွက် တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေ ၃,၀၀၀ ကျော် လားရှိုး၊ သိန္နီနဲ့ ကွတ်ခိုင်မြို့တွေမှာရှိတဲ့  ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။စစ်ရေးအရ တပ်မတော်ဘက်က ဖိတိုက်နေတဲ့အတွက် TNLA ဘက်က အပစ်ရပ်ဖို့ အသင့်ရှိတယ်ဆိုတာကို အသံဟစ်ခဲ့တာ တွေ့ရပါတယ်။ဒါပေမယ့် တရုတ်ဘက်က ဝင်ညှိနိုင်းနေတဲ့ အပစ်အခတ်ရပ်စဲရေးဘက်ကလည်း လုပ်နေပေမယ့် တွေ့မယ့်နေရာနဲ့ ပတ်သက်ပြီး ညှိလို့မရသေးပါဘူး။ ကူမင်း၊ မိုင်းလား၊ နေပြည်တော် စတဲ့နေရာကို ရွေးနေပေမယ့် တပ်ဘက်ကတော့ အကြမ်းဖက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို လုပ်စရာရှိတာ ဆက်လုပ်မယ် ဆိုပါတယ်။

ပြည်ထောင်စုလမ်းတစ်လျှောက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ပစ်ခတ်မှုနဲ့ စနိုက်ပါသမားတွေကြောင့် ကုန်စည်စီးဆင်းမှုက ပြတ်တောက်နေသလို လမ်းအသုံးပြုဖို့လည်း ခက်ခဲနေရပါတယ်။ဒီအတွက် တစ်ရက်ကို ကန်ဒေါ်လာ ၂၅ သန်းခန့် ဆုံးရှုံးနေရတယ်ဆိုသလို တရုတ်ဘက်မှာလည်း ကုန်အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်တဲ့အတွက် ဒီအကြမ်းဖက်တိုက်ခိုက်မှု ပြဿနာကို တရုတ်ဘက်က ပြတ်ပြတ်သားသား ရှုတ်ချတယ်ဆိုပြီး ပုံမှန်လုပ်နေကြ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

ဒီပြဿနာဖြစ်ဆဲမှာ သြဂုတ် ၂၀ ရက်က မြန်မာတပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးဖို့ ကြားဝင်နေတဲ့ တရုတ်အထူးကိုယ်စားလှယ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ကူမင်းကို ခေါ်တွေ့တာရှိပါတယ်။အဆိုပါခေါ်တွေ့မှုမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တိုက်နေတဲ့စစ်ပွဲကို ရပ်ဖို့နဲ့ လက်မခံနိုင်ဘူးဆိုတာကို ပြောခဲ့တယ် ဆိုပါတယ်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကလည်း  သြဂုတ် ၂၂ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လာရောက်တွေ့ဆုံကာ ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာတွေရှိတယ် ဆိုပါတယ်။

အထူးသဖြင့် ရုတ်ချည်း အင်အားကြီးထွားလာတဲ့ AA နဲ့ TNLA တွေနောက်မှာ ဘယ်သူတွေရှိသလဲ၊ ဒီအဖွ့တွေရဲ့ ရပ်တည်ချက်က တိုင်းရင်းသားအရေးလား ကိုယ်ကျိုးစီးပွား ကာကွယ်မှုလား အဆိုပါအဖွဲ့တွေကို အားပေးနေသူတွေ ပြန်ဆန်းစစ်ဖို့ လိုလာသလို ယခုလိုပဲ နောက်ထပ် အလစ်ငိုက်တိုက်ခိုက်မှုတွေ ဖြစ်လာရင် ဘယ်သူက တာဝန်ယူမလဲဆိုတာကလည်း  မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။မကြာခင်မှာ တပ်မတော်ဘက်က တစ်ဖက်သတ် အပစ်အခတ် ရပ်စဲထားတဲ့ အချိန်ကာလစေ့တော့မှာ ဖြစ်ပါတယ်။ဒီအတွက် တပ်ဘက်က ဘယ်လိုဆုံးဖြတ်မလဲ  အချိန်ထပ်တိုးပေးဦးမလား၊ ဒါမှမဟုတ် လတ်တလောဖြစ်ရပ်တွေကြောင့် စစ်ပွဲဘောင်က ယခင်ထက် ပိုကျယ်လာမလားဆိုတာ နေရပ်ကနေ ရှောင်တိမ်းနေရတဲ့ စစ်ဘေးရှောင်တွေအတွက် ရင်တမမစောင့်ကြည့်ရတော့မယ့် အဖြစ်ပါ။

ရှုပ်ထွေးနေဆဲ ရခိုင်

ဒီလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရသလို တစ်ဖက်မှာလည်း အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က NCA သဘောတူလက်မှတ် ရေးထိုးထားတဲ့ တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံမှုတွေ လုပ်နေတာတွေ ရှိပါတယ်။ဒီရက်သတ္တပတ်ထဲမှာ KNU နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ကြား ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံမှုရှိခဲ့ပါတယ်။ရခိုင်ဘက်မှာလည်း တိုက်ပွဲတွေက ရှိနေဆဲပါ။ပြဿနာက ယခုထိမငြိမ်းသေးပါဘူး။ရခိုင်မြောက်ပိုင်းမှာ ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တပ်ဘက်က အရေးသာလာတဲ့ အရိပ်အယောင်တွေ မြင်လာရပြီးနောက် တပ်ဘက်က လုံခြုံရေးအခြေအနေကို ထိန်းချုပ်နိုင်တယ်လို့ ပြောလာနိုင်တဲ့အချိန်မှာ AA ဘက်က သူတို့ချောင်းမြောင်းတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့နဲ့ ရဲတပ်ရင်းတွေဘက် လှည့်လာခဲ့ပါတယ်။

ယခုရက်သတ္တပတ်ထဲမှာဘဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင် ကို ကျောက်တော် ရေယာဉ်ဆိပ်ကမ်းမှာ ဓားနဲ့ထိုးခံခဲ့ရပါတယ်။သြဂုတ် ၁၉ ရက် ညနေပိုင်းကဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ ဘယ်သူလက်ချက်လဲဆိုတာ မသိရသေးပါဘူး။အဆိုပါ သြဂုတ်လ ၁၉ ရက်ညမှာဘဲ မင်းပြားမြို့နယ်ထဲက ရပ်ကွတ်တစ်ခုအိမ်ပေါ်ကို လက်နက်ကြီးကျည်ကျလို့ ခွင့်နဲ့ပြန်လာတဲ့ တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။ဒါဟာ မိခင်နေမကောင်းလို့ ပြန်လာတဲ့ တပ်မတော်သားတစ်ဦးရဲ့ နောက်ဆုံးအဖြစ်ပါဘဲ။သြဂုတ်လ ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာတော့ ကျောက်တော်ကနေ စစ်တွေကို ပြန်ဝင်လာတဲ့ ရဲယာဉ်တန်းကို AA တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဒုရဲမှူးတစ်ဦး ကျဆုံးခဲ့ပါတယ်။ဒီမတိုင်ခင်က AA ဘက်ကနေ တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ဝင်မပါဖို့ ရဲတပ်ဖွဲ့ကို သတိပေးစာထုတ်ပြီးနောက်မှာ ဖြစ်ခဲ့တာပါ။

ယခုရက်သတ္တပတ်ထဲ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်နေတာတွေရှိသလို အကျအဆုံးတွေလည်း ရှိနေပါတယ်။ရခိုင်ဘက်မှာ စစ်ရေးအရ တပ်မတော်ဘက်က အသာရလာတဲ့အတွက် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်ဘက်မှာ တိုက်ကွက်ဖေါ်နေသလို ရခိုင်ဘက်မှာလည်း ရဲတပ်ဖွဲ့တွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေက လျော့သွားတယ် မရှိပါဘူး။

ဒီရက်ပိုင်းမှာ  ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ ဘင်္ဂါလီတွေ မြန်မာဘက်ကို ပြန်ဝင်လာဖို့ရှိနေပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ တောင်ပြိုလက်ဝဲစခန်းမှ တစ်ရက် လူ ၁၅၀၊ ငါးခူရစခန်းမှာ တစ်ရက် လူ ၁၅၀ နဲ့ မြန်မာဘက်က တစ်ရက် လူ ၃၀၀ လက်ခံဖို့ စီစဉ်ထားပါတယ်။ယခုပထမအသုတ်မှာ မြန်မာဘက်က စစ်ဆေးပြီးသား လူ ၃,၄၅၀ ဦးကို လက်ခံဖို့ သဘောတူထားတယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းတွေအရ ဒီဘက်ကို အများစုကပြန်လာဖို့ ငြင်းနေတယ်ဆိုတဲ့ သတင်းတွေတက်နေသလို မိသားစု ၃၀ လောက်သာ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာလိုတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်ထွက်လာခဲ့ပါတယ်။ဒါပေမယ့် သတ်မှတ်တဲ့ သြဂုတ် ၂၂ ရက်မှာ မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ ပြန်မဝင်လာခဲ့ပါဘူး။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ယခင်က ပြောခဲ့တာရှိပါတယ်။ဒီဒုက္ခသည်တွေကို မှီပြီးရပ်တည်လုပ်ကိုင်နေတဲ့ ဒေသန္တရ အာဏာပိုင်တွေ၊ INGO တွေက သူတို့အကျိုး စီးပွားထိခိုက်မှာမို့ မြန်မာဘက်ကိုမဝင်အောင် လုပ်နေတာတွေရှိတယ် ဆိုတာကိုပါ။မြန်မာစကားပုံမှာ “မျောက်ပြဆန်တောင်း” ဆိုတာ ရှိပါတယ်။ဒီအဖြစ်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ဘင်္ဂါလီတွေ လက်တွေ့ကြုံနေရတဲ့အတွက် ဘယ်လိုအသံကောင်းလွှင့်ပြီး မြန်မာဘက်ကို အပြစ်တင်ဦးမလဲ၊ ကမ္ဘာပတ်ပြီး ဂရုဏာချူဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတကာဖိအားကို ကြံ့ကြံ့ခံပြီး ရခိုင်မြောက်ပိုင်း အေးချမ်းဖို့အတွက် ရင်ဆိုင်နေပေမယ့် AA လက်နက်ကိုင်နဲ့ တစ်ဖက်က သွေးထိုးမှုှရှိနေတဲ့ ဘင်္ဂါလီအရေး လှုပ်ရှားသူတွေကြောင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဘယ်လောက်ထိ ပေါက်ရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မလဲ၊ ဘင်္ဂါလီတွေ ပြန်လက်ခံတဲ့ လုပ်ငန်းစဉ်အောင်မြင်မှုရရင် ပြည်ပဖိအား အထိုက်အလျောက်သက်သာဖို့ သေချာနေပေမယ့် ရှမ်းမြောက်ဘက်မှာ ဖြစ်နေတဲ့ အရေးကြောင့် တစ်ဖက်မီးမငြိမ်းခင် နောက်တစ်မီးထတောက်တဲ့အတွက် ဘာတွေဆက်ဖြစ်လာမလဲ၊ ဒီမီးတွေကို ဘယ်သူတွေက ဘယ်သူ့အကျိုးစီးပွားအတွက် အကွတ်ကျကျ ရှို့နေသလဲ၊ အစိုးရက ဘယ်လောက်ထိ ကြိုမြင်ကာကွယ်နိုင်မလဲဆိုတာ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မျက်ရည်တောက်တောက်၊ ဆိုင်ခန်းနဲ့ လျှပ်စစ်တင်ဒါ

ယခုတစ်ပတ်သတင်းတွေထဲမှာ တိုက်ပွဲတွေသတင်းတွေ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းတွေနဲ့ ရှုပ်ထွေးနေခဲ့သလို ယခုရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေး၊ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း ပွဲသတင်းနဲ့ ရန်ကုန်စည်ပင် သတင်းစာရှင်းလင်းပွဲ သတင်းတွေကလည်း သတင်းဖတ်သူတွေ စိတ်အာရုံကို ဖမ်းစားခဲ့ပါတယ်။

သြဂုတ် ၂၂ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းပွဲမှာ လုပ်ငန်းရှင်ကြီးတစ်ဦးက လက်ရှိ ပြည်တွင်းစီးပွားရေး လုပ်ငန်းအခြေအနေတွေကြောင့် သူ အပါအဝင် မျက်ရည်တောက်တောက်ကျနေကြသည့် စီးပွားရေးလုပ်ငန်းရှင်တွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် သူ့ကို ခရိုနီလို့ခေါ်တာကို မကြိုက်ကြောင်းပြောခဲ့သလို ၎င်းမှာ မြေတစ်လက်မသိမ်းပြီး ကားပါမစ်တစ်စောင် ရခဲ့တာရှိရင် တရားစွဲပါလို့ ပြောခဲ့ပါတယ်။

ဒီလိုပြောဆိုမှုဟာ လူမှုကွန်ရက်နဲ့ သတင်းစာမျက်နှာတွေမှာ ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတင်း ဖြစ်ခဲ့သလို့ လူမှုကွန်ရက်မှာလည်း ကာတွန်းတွေ၊ စတေးတပ်တွေ၊ သတင်းဖော်ပြရာ သတင်းဆိုက်တွေမှာ ဝေဖန်ရေးသားမှုတွေကြောင့် အများပြည်သူကြား သတိထားစရာ ဝေဖန်စရာ သတင်းဖြစ်ခဲ့ပါတယ်။

သြဂုတ် ၂၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၇-၁၈ ဘတ်ဂျက်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက လာရောက်ရှင်းလင်းရာမှာ အဂတိလိုက်စားမှုကော်မရှင်က စစ်ဆေးနေတဲ့ဆိုတဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ဒုဝန်ကြီး လာရောက်ရှင်းလင်းရာမှာ စိတ်ဝင်စားစရာကိစ္စတွေ ရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။

ဒီရှင်းလင်းပွဲမှာ လျှပ်စစ်ဝန်ကြီးဌာနက မီတာဝယ်ရန် တင်ဒါခေါ်ရာမှာ တင်ဒါစိစစ်ရွေးချယ်တဲ့အပေါ် ဝင်ရောက်စွက်ဖက်လု့ိ တင်ဒါပယ်ဖျက်ခဲ့ရတယ်လို့ဆိုပြီး အဆိုပါတင်ဒါမှာ ဝင်ပြိုင်ပြီးရှုံးခဲ့တဲ့ မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီ အမည်နဲ့ ဝင်ပြိုင်တဲ့ကုမ္ပဏီက တခြားကုမ္ပဏီအမည်နဲ့ တင်ဒါကို ပြန်လည်စိစစ်ပေးဖို့ တိုင်ကြားခဲ့တာ၊ မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီက ၎င်းရဲ့ မီတာတွေကို ဦးစားပေးရွေးချယ်ဖို့ ပြည်ထောင်စုဝန်ကြီးထံ အကြောင်းကြားလာတာတွေကို တင်ပြရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။ဒါ့အပြင် ၎င်းတို့တင်ဒါကို ရွေးချယ်ဖို့၊ ကုမ္ပဏီအချင်းချင်း အပြန်အလှန်တိုင်ကြားတာတွေကြောင့် တင်ဒါကို ပယ်ဖျက်ခဲ့ရကြောင်း ပြောခဲ့တာရှိပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က တပ်ဆင်ခဲ့တဲ့ မီတာတွေမှာ ၂၀၁၆ ခုနှစ်က တပ်ဆင်ခဲ့တဲ့ မီတာတွေဈေးထက် ထက်ဝက်နီးပါး ဈေးသက်သာကာ ပိုအဆင့်မြင့် အရည်အသွေးကောင်းတာကို တွေ့ရမှာလို့ ဒု-ဝန်ကြီးက ပြောခဲ့တာ တွေ့ရပါတယ်။

ဒီဖြစ်စဉ် အပါအဝင် တခြားတင်ဒါကိစ္စတွေကို လွှတ်တော်မှာ ရှင်းလင်းခဲ့တဲ့အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နဲ့ ဒုတိယဝန်ကြီး ဦးထွန်းနိုင် တို့ကို တိုင်ထားလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေတာကလည်း ဘာမှအဖြေမထွက်သေးတဲ့အတွက် ဘယ်ဟာနဲ့ ဆက်စပ်မှုရှိနေမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ဒီလိုတိုင်ကြားခံရမှုမှာ ဘယ်သူကမှားသလဲ၊ ဘယ်သူကမှန်သလဲဆိုတာ မကြာခင် နောက်ဆက်တွဲရှင်းလင်းမှုတွေကတစ်ဆင့် မြင်ရဖို့ရှိနေပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ လတ်တလော ဂယက်အထဆုံးဖြစ်နေတာက ရန်ကုန်မြို့တော်ဝန်ရဲ့ ဘတ်စ်ကားမှတ်တိုင်ဘေး ဈေးဆိုင်ခန်းငယ် ဖွင့်မယ့်အစီအစဉ်ပါ။ဩဂုတ် ၁၉ ရက်က မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်တွေမှာ ဈေးဆိုင်ခန်းငယ်များဆောက်ပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေကို လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောခဲ့တာပါ။ငါးပေပတ်လည်ခန့်ရှိမယ့် ဆိုင်ခန်းတွေကို ကွမ်းယာနဲ့ ဆေးလိပ်ကလွဲပြီး တခြားဘာပဲဖြစ်ဖြစ် ပေးရောင်းမယ် ဆိုထားပါတယ်။တစ်ဆိုင်ကို သိန်း ၂၀ ရှိမယ့် ဒီဆိုင်တွေကို မသန်စွမ်းအဖွဲ့၊ ကြက်ခြေနီအသင်းနှင့် ကင်းထောက်အဖွဲ့များသို့ လုပ်ကိုင်ခွင့်ပေးဖို့ ကနဦးညှိနှိုင်းထားပြီး အခြားလုပ်ကိုင်လိုသူများနဲ့လည်း ညှိနှိုင်းမည်လို့ ပြောခဲ့တာပါ။

ဒီဆိုင်ခန်းကိစ္စအပေါ် အများပြည်သူက သဘောမကျသလို့ မကြာမီကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာလည်း ကန့်ကွက်မယ်လို့ လွှတ်တော်အမတ်တွေက ဆိုပါတယ်။ဒါ့အပြင် လွှတ်တော်ဆိုင်ရာ ကော်မတီတွေကလည်း ဒီကိစ္စကို ကန့်ကွက်တယ်လို့ ဆိုထားပါတယ်။ဒုစရိုက်မှုတွေကို မကြာခဏဖြစ်နေသလို မူးယစ်ဆေးဝါးကနေ အမယ်စုံထိရတဲ့ ရန်ကုန်မြို့မှာ ဘတ်စ်ကားမှတ်တိုင်က ၁,၈၀၀ ကျော် ရှိတဲ့အတွက် ဒီအစီအစဉ်ဖြစ်လာရင် နဂိုကတည်းက ရှုပ်ထွေးတဲ့ ရန်ကုန်ပလက်ဖောင်းမှာ ဒီဆိုင်ကိုမှီပြီး ဘာတွေဖြစ်လာမလဲ၊ ဈေးဆိုင်တန်းတွေ ဖြစ်လာမလား၊ မျှော်မှန်းထားတဲ့ သန့်ရှင်းသပ်ရပ်တဲ့ ဘတ်စ်မှတ်တိုင်တွေအစား ယခင်လို အစုံရတဲ့ လိုင်စင်ရဈေးဆိုင်တွေ ပြန်မြင်လာရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီသတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ 7 July အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ် သမဂ္ဂမြက်ခင်းပြင်ကို လမ်းလျှောက်ချီတက်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ၂ ဦးကို ထောင်ဒဏ် ၇ ရက် ချမှတ်ခဲ့တဲ့သတင်း၊ NLD ပါတီက ဦးမျိုးရန်နောင်သိမ်း ကို ပါတီတာဝန်က ရပ်ဆိုင်းလိုက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်စိုး ရဲ့ နုတ်ထွက်လွှာကို လက်ခံလိုက်တဲ့သတင်း၊ အဂတိလိုက်စားမှုများကို တယ်လီဖုန်း SMS မှတစ်ဆင့် လာမည့်လမှာ စတင်တိုင်ကြားနိုင်တော့မယ့်သတင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ရှိ ပုံတောင်နေရာအချို့မှာ မြေလွှာအက်ကွဲမှု ဖြစ်ပွားနေ၍ တောင်ခြေတွင်နေထိုင်သူများ ယာယီရွှေ ပြောင်းနေထိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားတဲ့ သတင်းတွေထဲ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
သြဂုတ် - ၂၃

( Zawgyi )

ယခုတစ္ပတ္အတြင္း သတင္းေတြထဲမွာ စိတ္ပ်က္စရာသတင္းေတြလည္း မ်ားခဲ့ပါတယ္။ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းကျဖစ္ခဲ့တဲ့ ေျမာက္ပိုင္းသုံးဖြဲ႕ ျပင္ဦးလြင္နဲ႔ ေနာင္ခ်ိဳကို ဝင္စီးနင္းပစ္ခတ္ၿပီး အေရးပါတဲ့ တံတားေတြကိုခ်ိဳးခဲ့လို႔ ျပန္ျပင္လို႔ မၿပီးေသးခင္မွာဘဲ အျပန္တစ္ေလွ်ာက္ ၿမိဳ႕ေတြကို ဖ်က္ဆီးပစ္ခတ္တဲ့ သတင္းေတြ၊ စစ္ေဘးကို ႐ြာလုံးကြၽတ္ေရွာင္ေနရတဲ့ သတင္းေတြက ယခုတစ္ပတ္လုံး ျဖစ္ခဲ့ပါတယ္။ဒီသတင္းအျပင္ စက္ဆုပ္စရာ သက္ငယ္မုဒိမ္းသတင္းေတြ၊ ညႇင္းပန္းႏွိပ္စက္တဲ့ သတင္းေတြ၊ မဖြယ္မရာျပဳမႈသတင္းေတြ၊ လုပ္ငန္းရွင္ႀကီးတစ္ဦးက စီးပြားေရးမေကာင္းလို႔ မ်က္ရည္ေတာက္ေတာက္က်တယ္ဆိုတဲ့ သတင္းေတြေၾကာင့္လည္း သတင္းဖတ္သူေတြကို မ်က္ရည္ေတာက္ေတာက္ က်ေစခဲ့ရတဲ့အထိ ျဖစ္ေစခဲ့တဲ့ ရက္သတၱပတ္ ျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းေတြက ရန္ကုန္မွာျပဳလုပ္ခဲ့တဲ့ တာဝန္ယူမႈရွိေသာ ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ျခင္းဆိုင္ရာ ျမန္မာ-ဂ်ပန္-အေမရိကန္ ဖိုရမ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံေတြကို ျမန္မာႏိုင္ငံမွာ လာၿပီးရင္းႏွီးျမဳပ္ႏွံဖို႔ ေခၚခဲ့တဲ့သတင္း၊ ျမန္မာ့ကာကြယ္ေရးစြမ္းရည္ ျမႇင့္တင္ဖို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ႐ုရွားႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့သတင္း၊ ရခိုင္ျပည္နယ္ သံတြဲကို ဗဟိုျပဳၿပီး ရစ္ခ်္တာစေကး ၅ ဒသမ ၅ အဆင့္ ေျမငလ်င္တစ္ခု လႈပ္ခတ္ခဲ့တဲ့ သတင္း၊ ၾသဂုတ္ ၁၇ ရက္ ည ၉ နာရီခန႔္က ထားဝယ္ၿမိဳ႕ ဘုေမၼာ္ရပ္ကြက္ထဲမွာ အသံမိုင္းေပါက္ကြဲမႈျဖစ္ခဲ့တဲ့သတင္း၊ ႐ုရွားမွာ က်င္းပတဲ့ ၿပိဳင္ပြဲမွာ တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕က အဆို၊ အက၊ အတီး အေကာင္းဆုံးဆုရရွိခဲ့တဲ့ သတင္းေတြထဲ ကြဲကြဲျပားျပား သတိထားစရာ သတင္းျဖစ္ခဲ့ပါတယ္။

ျပစ္ဒဏ္နည္းလို႔လား၊ အေရးယူမႈအားနည္းလို႔လား

ယခုရက္သတၱပတ္ထဲမွာ စိတ္ပ်က္စရာေကာင္းေအာင္ ျဖစ္ခဲ့တာက ကေလးသူငယ္ေတြ အသတ္ခံရတာနဲ႔ အဓမၼျပဳက်င့္ခံရတဲ့ သတင္းေတြပါဘဲ။ၾသဂုတ္လ ၂၁ ရက္မွာ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း စေတာ့ဂိတ္ခုံးေအာက္မွာ အသက္၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး အသတ္ခံရကာ အိတ္နဲ႔ပစ္ထားတာကို မီးရထားဝန္ထမ္းတစ္ဦးက ေတြ႕ခဲ့ပါတယ္။

သတင္းေတြအရ အနံ႔ေတာင္ထြက္ေနၿပီဆိုသလို ဒီကေလးမေလးရဲ႕ ေမြးစားဖခင္ဆိုသူကို ဖမ္းဆီးထားတယ္ဆိုပါတယ္။စစ္ေဆးမႈေတြအရ မေသခင္ ႐ုန္းကန္ထားတဲ့လကၡဏာကို ေတြ႕ရတဲ့ အတြက္ ဒါဟာ သက္ငယ္မုဒိမ္းမႈ ျဖစ္ႏိုင္တယ္လို႔ ယူဆမႈေတြရွိပါတယ္။ဒီမတိုင္ခင္ ေနျပည္ေတာ္ ပ်ဥ္းမနားမွာလည္း အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးကို ေဆြမ်ိဳးေတာ္စပ္တဲ့ အမ်ိဳးသားတစ္ဦးက ငလိုက္ေခ်ာင္းေဘးေခၚၿပီး အဓမၼျပဳက်င့္လို႔ ကေလးငယ္ကို အမ်ိဳးသမီးကိုယ္ ေသြးေတြယိုဆင္းလို႔ ေဆး႐ုံတင္ ကုသေနခဲ့ရပါတယ္။ဒီအမႈမွာ က်ဴးလြန္သူ အမ်ိဳးသားကို အသက္မျပည့္ေသးလို႔ဆိုၿပီး က်ပ္သိန္း ၃၀ နဲ႔ အာမခံေပးခဲ့တဲ့အတြက္လည္း မေက်နပ္မႈေတြ ထြက္ေပၚလာသလို တရားလိုဘက္က က်ဴးလြန္သူမွာ အသက္ျပည့္ၿပီး မိန္းမေတာင္ရေနၿပီလို႔ ေစာဒကတက္တာေတြလည္း ရွိေနပါတယ္။

ဒီရက္ထဲမွာဘဲ ပဲခူးတိုင္းဘက္မွာ ေက်ာင္းသြားဖို႔ ကားႀကဳံလိုက္စီးတဲ့ ေက်ာင္းသူႏွစ္ဦးနဲ႔ ေက်ာင္းသားတစ္ဦးကို ကားေမာင္းသူက ကားတံခါးပိတ္ၿပီး ပုဆိုးလွန္ကာ ငယ္ပါကိုင္ျပခဲ့လို႔ ကားသမားကို လိုက္ဖမ္းရတဲ့ ျဖစ္ရပ္တစ္ခု ပဲခူးတိုင္းထဲမွာ ျဖစ္ခဲ့ပါတယ္။ဒီလိုျဖစ္ရပ္အျပင္ ရန္ကုန္ အင္းစိန္မွာ ႏွစ္ရက္သာရွိေသးသည့္ ေမြးကင္းစ ကေလးငယ္ကို မိခင္က ေငြဆယ္သိန္းနဲ႔ ေရာင္းစားခဲ့တဲ့အတြက္ မိခင္နဲ႔ စပ္ေပးတဲ့သူကို ဖမ္းထားၿပီး ကေလးကိုျပန္ရဖို႔ တ႐ုတ္ထိ ခ်ိတ္ဆက္လိုက္ေနတာေတြ ရွိပါတယ္။

ယခုေနာက္ပိုင္းမွာ ဆက္သြယ္ေရးစနစ္ျမန္ဆန္ၿပီး ပိုမိုပြင့္လင္းလာတဲ့အတြက္ မူခင္းေပါင္းစုံကို ပိုၾကား၊ ပိုသိလာတာလား၊ ဒါမွမဟုတ္ ပိုၿပီးအျဖစ္မ်ားလာသလားဆိုတာ  ေတြးေတာစရာ ျဖစ္လာခဲ့ပါတယ္။အထူးသျဖင့္ သက္ငယ္မုဒိမ္းအမႈေတြ အျဖစ္မ်ားတာေတြ႕သလို ဒီအမႈက်ဴးလြန္ရင္ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ခ်မွတ္ႏိုင္တဲ့အထိ ဥပေဒကို ျပင္ထားသလို အသက္ ၁၂ ႏွစ္ေအာက္နဲ႔ မသန္မစြမ္းေတြကို ေထာင္ဒဏ္ ႏွစ္ ၂၀ ကေန တစ္သက္တစ္ကြၽန္းထိ ခ်မွတ္ဖို႔ ျပ႒ာန္းထားပါတယ္။

ဒါေပမယ့္ သက္ငယ္မုဒိမ္းမႈေတြ ေလ်ာ့ပါးတာမေတြ႕ရဘဲ တိုးတက္မ်ားျပားလာတယ္လို႔ ဆိုပါတယ္။ဒါဟာ ျပစ္မႈက်ဴးလြန္သူအတြက္ ဘယ္လိုေၾကာင့္ အတင့္ရဲေနသလဲ၊ ဥပေဒျပ႒ာန္းထားသလို အေရးယူမႈမရွိလို႔ ဂယ္ေပါက္ေတြရွိေနလို႔ က်ဴးလြန္ရဲေနတာလား၊ ဒါမွမဟုတ္ သက္ငယ္မုဒိမ္းမႈ အပါအဝင္ မုဒိမ္းက်င့္သတ္ျဖတ္မႈေတြအေပၚ ကိုင္တြယ္ေျဖရွင္းသူေတြက ဘယ္လိုသေဘာထား ရႈျမင္ေနက်သလဲဆိုတာ ထည့္သြင္းတြက္ခ်က္ဖို႔ လိုလာၿပီျဖစ္ပါတယ္။

မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အရပ္ဘက္အဖြဲ႕အစည္းေတြပြဲမွာ မုဒိမ္းမႈက်ဴးလြန္သူေတြကို လူထုနည္းနဲ႔ ျပစ္ဒဏ္ေပးဖို႔အထိ တင္သြင္းလာရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။ဒါဟာ အျပစ္ေပး အေရးယူပိုင္းမွာ ေပ်ာ့ေျပာင္းမႈ၊ ေလွ်ာ့ထြက္မႈရွိေနသလား။အေရးမပါသည့္ မႈခင္းတစ္ခုအျဖစ္ ျမင္ေနတာလားဆိုတာကို ေထာက္ျပလိုက္သလိုပါဘဲ။လတ္တေလာမွာ ေျမာက္ဥကၠလာမွာျဖစ္ခဲ့သည့္ ကိုရင္ႀကီးဆိုသူက ျပဳက်င့္ခဲ့သည့္ သက္ငယ္မုဒိမ္းမႈ၊ ယခု ေနျပည္ေတာ္ျဖစ္တဲ့ ငလိုက္ေခ်ာင္း သက္ငယ္မုဒိမ္းမႈေတြမွာ က်ဳးလြန္သူေတြမွာ ပညာအရည္အခ်င္း နိမ့္က်မႈေတြ ေတြ႕ရသလို အက်င့္စာရိတၱအပိုင္းမွာ ေလာက္ေလာက္လားလား တန္ဖိုးမထားတဲ့ အသိုင္းအဝိုင္းေတြမွာ အျဖစ္မ်ားေနတာကို ေတြ႕ရပါတယ္။ဒါဟာ ဆင္းရဲႏြမ္းပါးတဲ့ အဝန္းဝိုင္းမွာသာမက ဘယ္လိုအဝန္းဝိုင္းမွာျဖစ္ျဖစ္ သမီးေမြးထားတဲ့ မိဘေတြအတြက္ သတိထားစရာပါ။

အျဖစ္မ်ားလာတဲ့ သက္ငယ္မုဒိမ္းမႈကို ထိထိေရာက္ေရာက္ ဟန႔္တားဖို႔ဆိုရင္ အျပင္းဆုံးျပစ္ဒဏ္ကို က်ဴးလြန္သူကိုေပးဖို႔၊ က်ဴးလြန္သူကို လူထုနည္းနဲ႔ အျပစ္ေပးဖို႔၊ က်ဴးလြန္သူ မိသားစုကိုပါ လူ႔အဝန္းအဝိုင္းက ဝိုင္းဖယ္ၾကဥ္ဖို႔အထိ လိုလာေနၿပီလားဆိုတာ စဥ္းစားဖို႔လိုလာပါၿပီ။ဒီအတြက္ ေျပာစရာရွိေပမယ့္ အကာအကြယ္မဲ့ေနတဲ့ ကေလးသူငယ္ေတြနဲ႔ အမ်ိဳးသမီးေတြအတြက္ ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္ဖို႔ ယခုျဖစ္ရပ္ေတြက တရားဥပေဒအျပင္ အျခားေဆာင္႐ြက္ေပးမႈ နည္းလမ္းပါ လိုအပ္ေနၿပီဆိုတာကို ျပေနခဲ့ပါတယ္။ဒီအတြက္ ေရွ႕ဆက္ သက္ငယ္မုဒိမ္းသမား ဘယ္ႏွစ္ေယာက္ ေသဒဏ္ေပးခံရမလဲ၊ ဘယ္ႏွစ္ေယာက္ ဂယ္ေပါက္က လြတ္ထြက္လာမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ယခုသတင္းေတြအျပင္ ဒီရက္သတၱပတ္ထဲမွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက ေကာ့ေသာင္းၿမိဳ႕မွာ အသက္ ၃၀ ေက်ာ္ ဆိုင္ဝန္ထမ္း အမ်ိဳးသမီးႏွစ္ဦးကို ဖမ္းဆီးခ်ဳပ္ေႏွာင္ ညႇင္းပန္းႏွိပ္စက္ခဲ့တဲ့အတြက္ ဆိုင္ရွင္ကို အမႈဖြင့္ထားတဲ့သတင္း၊ ပဲခူးတိုင္း ေက်ာက္တံခါးၿမိဳ႕နယ္ထဲမွာျဖစ္ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦး အဓမၼျပဳက်င့္ သတ္ျဖတ္ခံရမႈမွာ က်ဴးလြန္သူေတြကို ဖမ္းဆီးမိတဲ့သတင္း၊ လႈိင္ၿမိဳ႕နယ္ ျပည္လမ္းရွိ Lotte ဟိုတယ္မွာ ေသနတ္က်န္ခဲ့တဲ့ လူသုံးဦးကို ဖမ္းဆီးတရားစြဲဆိုခဲ့တဲ့သတင္း၊ ရာသီတုပ္ေကြး (H1N1) ေရာဂါေၾကာင့္ ေသဆုံးတဲ့အေရအတြက္က တစ္ႏိုင္ငံလုံးမွာ တစ္ရာနီးပါးရွိလာတဲ့သတင္း၊ လႈိင္သာယာမွာ အလုပ္လာရွာတဲ့ အသက္ ၂၀ အမ်ိဳးသမီးကို ျပည့္တန္ဆာအျဖစ္ အဓမၼခိုင္းေစခဲ့သူေတြကို ဖမ္းဆီးရမိခဲ့တဲ့ သတင္းေတြကလည္း စိတ္ဝင္တစားေစာင့္ၾကည့္စရာ သတင္းေတြျဖစ္လာခဲ့ပါတယ္။

မၿငိမ္းေသးတဲ့  ေျမာက္ပိုင္းသုံးဖြဲ႕ တိုက္ခိုက္မႈ

ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၅ ရက္ကျဖစ္ခဲ့တဲ့ ရခိုင္လက္နက္ကိုင္၊ တအာန္းလက္နက္ကိုင္နဲ႔ ကိုးကန႔္လက္နက္ကိုင္ေတြက တံတားဖ်က္၊ စစ္ေဆးေရးဂိတ္ေတြ ဝင္စီးကာ သတ္ျဖတ္ခဲ့ၿပီး ျပင္ဦးလြင္ စစ္တကၠသိုလ္ကို ဝင္ပစ္တာေတြကေန စခဲ့တဲ့ တိုက္ပြဲသတင္းေတြက ယခုရက္သတၱပတ္ထိ မၿပီးစီးေသးဘဲ ဆက္ခဲ့ပါတယ္။

ျပင္ဦးလြင္၊ ေနာင္ခ်ိဳဘက္ကေန ျပန္ဆုတ္လာတဲ့ မဟာမိတ္သုံးဖြဲ႕ဟာ ျပည္ေထာင္စုလမ္းမႀကီးေပၚမွာရွိတဲ့ ျမန္မာ-တ႐ုတ္ ကုန္သြယ္ေရးအခ်က္အခ်ာ တံတားေတြကို ဆက္တိုက္ဖ်က္ဆီးခဲ့ပါတယ္။ဂုတ္တြင္းတံတားေၾကာင့္ ကုန္သြယ္ေရးလမ္းေၾကာင္း ထိုးရပ္သြားတာရွိသလို ျပန္ျပင္ဆင္မႈေတြ အားခ်င္းလုပ္ကာ ငါးရက္အတြင္း ျပန္ဖြင့္ဖို႔ လုပ္ခဲ့ေပမယ့္ အဆိုပါလမ္းေၾကာင္းမွာရွိတဲ့ တျခားတံတားေတြကို ခ်ိဳးခဲ့သလို ကြတ္ခိုင္နဲ႔ လားရႈိးကိုပါ အင္အား ၂၀၀ ခန႔္နဲ႔ တက္တိုက္ခဲ့တာေတြ ရွိခဲ့ပါတယ္။ၾသဂုတ္ ၁၇ ရက္မွာ ကြတ္ခိုင္နဲ႔ သိႏၷီအၾကား တံတားေတြကို ခ်ိဳးဖ်က္ခဲ့သလို တိုက္ပြဲေတြၾကား ေသဆုံးခဲ့သူေတြကို ကယ္ထုတ္ဖို႔သြားတဲ့ ပရဟိတကားတစ္စီး ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ကပစ္တဲ့ စႏိုက္ပါနဲ႔ လက္နက္ႀကီးထိၿပီး ေမွာက္ခဲ့ရာမွာ လားရႈိး လူငယ္မ်ားလူမႈကူညီေရးအဖြဲ႕ ဥကၠ႒ျဖစ္သူ က်ည္သင့္ေသဆုံးခဲ့ပါတယ္။

ၾသဂုတ္ ၁၈ မွာ နံနက္ပိုင္းကတည္းက ေျမာက္ပိုင္းသုံးဖြဲ႕ထဲမွာပါတဲ့ TNLA အဖြဲ႕က မူဆယ္ဘက္ကိုသြားတဲ့ ကားလမ္းကို အတားအဆီးေတြခ်ၿပီး ကြတ္ခိုင္တစ္ခြင္ကို မနက္ပိုင္းကတည္းက ပစ္ခတ္ခဲ့ရာမွာ ေန႔လယ္ေလာက္မွ ပစ္ခတ္သံရပ္လို႔ ကြတ္ခိုင္ ၿမိဳ႕သူၿမိဳ႕သားေတြ ေဘးလြတ္ရာေရွာင္ခဲ့ရပါတယ္။

ဒီလိုေျမာက္ပိုင္းသုံးဖြဲ႕ ျပင္ဦးလြင္ထိဆင္းၿပီး တံတားခ်ိဳး၊ သတ္ျဖတ္မႈေတြ လုပ္ခဲ့တဲ့အတြက္ စီးပြားေရးအရ ထိခိုက္မႈေတြရွိသလို ျပည္တြင္းခရီးသည္ လာေရာက္မႈမ်ားတဲ့ ျပင္ဦးလြင္ကို အလည္အပတ္လာေရာက္မႈ ေလ်ာ့က်ခဲ့ပါတယ္။တိုက္ပြဲေတြက စျဖစ္တဲ့ ၾသဂုတ္ ၁၅ ရက္ကစၿပီး ၂၀ ရက္အထိ ေတာက္ေလွ်ာက္ျဖစ္ေနသလို တပ္ဘက္ကလည္း လိုက္လံပိတ္ဆို႔ ရွင္းလင္းေရးေတြ လုပ္ေနတာရွိပါတယ္။ေျမာက္ပိုင္းသုံးဖြဲ႕ထဲက TNLA အဖြဲ႕ကေတာ့ တိုက္ပြဲျဖစ္တဲ့ ေဒသေတြကို မလာဖို႔ ေမတၱာရပ္ခံေၾကာင္း ထုတ္ေျပာခဲ့ေပမယ့္ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ လက္ခ်က္နဲ႔ အဆိုပါ မူဆယ္ကားလမ္းပိုင္း အသုံးျပဳေနတဲ့ ကားသမားေတြ၊ အရပ္သားေတြ ေသခဲ့ရတာေတြရွိေနၿပီ ျဖစ္ပါတယ္။ဒီလိုအေျခအေနေတြေၾကာင့္ ျပည္မထဲ စိမ့္ဝင္လာႏိုင္တဲ့အတြက္ ရခိုင္ဘက္မွ ဆင္းလာတဲ့ လမ္းေၾကာင္းရွိသည့္ မေကြးတိုင္းနဲ႔ အျခားဆက္စပ္တဲ့ ေနရာေဒသေတြဘက္မွာလည္း လုံၿခဳံေရးအရ စစ္ေဆးမႈေတြ လုပ္ခဲ့ရတာရွိခဲ့ပါတယ္။ဒီလိုတိုက္ခိုက္မႈေတြမွာ အရပ္သားေတြ ေသေၾကတာရွိခဲ့လို႔ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတာ ေရွာင္ၾကဥ္ေပးဖို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း လူသားခ်င္းစာနာေထာက္ထားမႈ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (HST-NSS) က ထုတ္ျပန္ခဲ့ရတဲ့အထိပါဘဲ။

ငါးရက္အတြင္း တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္ သုံးဖြဲ႕အၾကား တိုက္ပြဲ ၄၀ ခန႔္ ျဖစ္ပြားခဲ့တဲ့အတြက္ တိုက္ပြဲေၾကာင့္ ေနအိမ္စြန႔္ခြာ တိမ္းေရွာင္ရသူဦးေရ ၃,၀၀၀ ေက်ာ္ လားရႈိး၊ သိႏၷီနဲ႔ ကြတ္ခိုင္ၿမိဳ႕ေတြမွာရွိတဲ့  ယာယီကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနရပါတယ္။စစ္ေရးအရ တပ္မေတာ္ဘက္က ဖိတိုက္ေနတဲ့အတြက္ TNLA ဘက္က အပစ္ရပ္ဖို႔ အသင့္ရွိတယ္ဆိုတာကို အသံဟစ္ခဲ့တာ ေတြ႕ရပါတယ္။ဒါေပမယ့္ တ႐ုတ္ဘက္က ဝင္ညႇိႏိုင္းေနတဲ့ အပစ္အခတ္ရပ္စဲေရးဘက္ကလည္း လုပ္ေနေပမယ့္ ေတြ႕မယ့္ေနရာနဲ႔ ပတ္သက္ၿပီး ညႇိလို႔မရေသးပါဘူး။ ကူမင္း၊ မိုင္းလား၊ ေနျပည္ေတာ္ စတဲ့ေနရာကို ေ႐ြးေနေပမယ့္ တပ္ဘက္ကေတာ့ အၾကမ္းဖက္ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ကို လုပ္စရာရွိတာ ဆက္လုပ္မယ္ ဆိုပါတယ္။

ျပည္ေထာင္စုလမ္းတစ္ေလွ်ာက္ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ရဲ႕ ပစ္ခတ္မႈနဲ႔ စႏိုက္ပါသမားေတြေၾကာင့္ ကုန္စည္စီးဆင္းမႈက ျပတ္ေတာက္ေနသလို လမ္းအသုံးျပဳဖို႔လည္း ခက္ခဲေနရပါတယ္။ဒီအတြက္ တစ္ရက္ကို ကန္ေဒၚလာ ၂၅ သန္းခန႔္ ဆုံးရႈံးေနရတယ္ဆိုသလို တ႐ုတ္ဘက္မွာလည္း ကုန္အေရာင္းအဝယ္ ရပ္ဆိုင္းလုနီးပါးျဖစ္တဲ့အတြက္ ဒီအၾကမ္းဖက္တိုက္ခိုက္မႈ ျပႆနာကို တ႐ုတ္ဘက္က ျပတ္ျပတ္သားသား ရႈတ္ခ်တယ္ဆိုၿပီး ပုံမွန္လုပ္ေနၾက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေျပာခဲ့ပါတယ္။

ဒီျပႆနာျဖစ္ဆဲမွာ ၾသဂုတ္ ၂၀ ရက္က ျမန္မာတပ္မေတာ္နဲ႔ ေျမာက္ပိုင္းအဖြဲ႕ေတြၾကား ေတြ႕ဆုံေဆြးေႏြးဖို႔ ၾကားဝင္ေနတဲ့ တ႐ုတ္အထူးကိုယ္စားလွယ္က ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ ထိပ္တန္းေခါင္းေဆာင္ေတြကို ကူမင္းကို ေခၚေတြ႕တာရွိပါတယ္။အဆိုပါေခၚေတြ႕မႈမွာ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ကို တိုက္ေနတဲ့စစ္ပြဲကို ရပ္ဖို႔နဲ႔ လက္မခံႏိုင္ဘူးဆိုတာကို ေျပာခဲ့တယ္ ဆိုပါတယ္။ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ကလည္း  ၾသဂုတ္ ၂၂ ရက္မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို လာေရာက္ေတြ႕ဆုံကာ ရွမ္းေျမာက္ပိုင္း တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့တာေတြရွိတယ္ ဆိုပါတယ္။

အထူးသျဖင့္ ႐ုတ္ခ်ည္း အင္အားႀကီးထြားလာတဲ့ AA နဲ႔ TNLA ေတြေနာက္မွာ ဘယ္သူေတြရွိသလဲ၊ ဒီအဖြ႕ေတြရဲ႕ ရပ္တည္ခ်က္က တိုင္းရင္းသားအေရးလား ကိုယ္က်ိဳးစီးပြား ကာကြယ္မႈလား အဆိုပါအဖြဲ႕ေတြကို အားေပးေနသူေတြ ျပန္ဆန္းစစ္ဖို႔ လိုလာသလို ယခုလိုပဲ ေနာက္ထပ္ အလစ္ငိုက္တိုက္ခိုက္မႈေတြ ျဖစ္လာရင္ ဘယ္သူက တာဝန္ယူမလဲဆိုတာကလည္း  ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။မၾကာခင္မွာ တပ္မေတာ္ဘက္က တစ္ဖက္သတ္ အပစ္အခတ္ ရပ္စဲထားတဲ့ အခ်ိန္ကာလေစ့ေတာ့မွာ ျဖစ္ပါတယ္။ဒီအတြက္ တပ္ဘက္က ဘယ္လိုဆုံးျဖတ္မလဲ  အခ်ိန္ထပ္တိုးေပးဦးမလား၊ ဒါမွမဟုတ္ လတ္တေလာျဖစ္ရပ္ေတြေၾကာင့္ စစ္ပြဲေဘာင္က ယခင္ထက္ ပိုက်ယ္လာမလားဆိုတာ ေနရပ္ကေန ေရွာင္တိမ္းေနရတဲ့ စစ္ေဘးေရွာင္ေတြအတြက္ ရင္တမမေစာင့္ၾကည့္ရေတာ့မယ့္ အျဖစ္ပါ။

ရႈပ္ေထြးေနဆဲ ရခိုင္

ဒီလို တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ရင္ဆိုင္တိုက္ခိုက္ေနရသလို တစ္ဖက္မွာလည္း အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္က NCA သေဘာတူလက္မွတ္ ေရးထိုးထားတဲ့ တျခားတိုင္းရင္းသားအဖြဲ႕ေတြနဲ႔ အလြတ္သေဘာ ေတြ႕ဆုံမႈေတြ လုပ္ေနတာေတြ ရွိပါတယ္။ဒီရက္သတၱပတ္ထဲမွာ KNU နဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ၾကား ထိုင္းႏိုင္ငံ ခ်င္းမိုင္မွာ ေတြ႕ဆုံမႈရွိခဲ့ပါတယ္။ရခိုင္ဘက္မွာလည္း တိုက္ပြဲေတြက ရွိေနဆဲပါ။ျပႆနာက ယခုထိမၿငိမ္းေသးပါဘူး။ရခိုင္ေျမာက္ပိုင္းမွာ ဆက္တိုက္ျဖစ္ေနတဲ့ တိုက္ပြဲေတြမွာ တပ္ဘက္က အေရးသာလာတဲ့ အရိပ္အေယာင္ေတြ ျမင္လာရၿပီးေနာက္ တပ္ဘက္က လုံၿခဳံေရးအေျခအေနကို ထိန္းခ်ဳပ္ႏိုင္တယ္လို႔ ေျပာလာႏိုင္တဲ့အခ်ိန္မွာ AA ဘက္က သူတို႔ေခ်ာင္းေျမာင္းတိုက္ခိုက္မႈကို ရဲတပ္ဖြဲ႕နဲ႔ ရဲတပ္ရင္းေတြဘက္ လွည့္လာခဲ့ပါတယ္။

ယခုရက္သတၱပတ္ထဲမွာဘဲ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး ေစာသန္းလြင္ ကို ေက်ာက္ေတာ္ ေရယာဥ္ဆိပ္ကမ္းမွာ ဓားနဲ႔ထိုးခံခဲ့ရပါတယ္။ၾသဂုတ္ ၁၉ ရက္ ညေနပိုင္းကျဖစ္ခဲ့တဲ့ ဒီျဖစ္ရပ္မွာ ဘယ္သူလက္ခ်က္လဲဆိုတာ မသိရေသးပါဘူး။အဆိုပါ ၾသဂုတ္လ ၁၉ ရက္ညမွာဘဲ မင္းျပားၿမိဳ႕နယ္ထဲက ရပ္ကြတ္တစ္ခုအိမ္ေပၚကို လက္နက္ႀကီးက်ည္က်လို႔ ခြင့္နဲ႔ျပန္လာတဲ့ တပ္ၾကပ္ႀကီးတစ္ဦး ေသဆုံးခဲ့ပါတယ္။ဒါဟာ မိခင္ေနမေကာင္းလို႔ ျပန္လာတဲ့ တပ္မေတာ္သားတစ္ဦးရဲ႕ ေနာက္ဆုံးအျဖစ္ပါဘဲ။ၾသဂုတ္လ ၂၀ ရက္ နံနက္ ၉ နာရီ ၃၀ မိနစ္ခန႔္မွာေတာ့ ေက်ာက္ေတာ္ကေန စစ္ေတြကို ျပန္ဝင္လာတဲ့ ရဲယာဥ္တန္းကို AA ေတြက မိုင္းဆြဲတိုက္ခိုက္ခဲ့လို႔ ဒုရဲမႉးတစ္ဦး က်ဆုံးခဲ့ပါတယ္။ဒီမတိုင္ခင္က AA ဘက္ကေန တပ္ရဲ႕ စစ္ဆင္ေရးေတြမွာ ဝင္မပါဖို႔ ရဲတပ္ဖြဲ႕ကို သတိေပးစာထုတ္ၿပီးေနာက္မွာ ျဖစ္ခဲ့တာပါ။

ယခုရက္သတၱပတ္ထဲ AA နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြ ႀကိဳၾကားႀကိဳၾကား ျဖစ္ေနတာေတြရွိသလို အက်အဆုံးေတြလည္း ရွိေနပါတယ္။ရခိုင္ဘက္မွာ စစ္ေရးအရ တပ္မေတာ္ဘက္က အသာရလာတဲ့အတြက္ AA အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕က ရွမ္းေျမာက္ဘက္မွာ တိုက္ကြက္ေဖၚေနသလို ရခိုင္ဘက္မွာလည္း ရဲတပ္ဖြဲ႕ေတြကို ဦးတည္တဲ့ တိုက္ခိုက္မႈေတြက ေလ်ာ့သြားတယ္ မရွိပါဘူး။

ဒီရက္ပိုင္းမွာ  ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးခဲ့တဲ့ ဘဂၤါလီေတြ ျမန္မာဘက္ကို ျပန္ဝင္လာဖို႔ရွိေနပါတယ္။ဘဂၤလားေဒ့ရွ္နဲ႔ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ ေတာင္ၿပိဳလက္ဝဲစခန္းမွ တစ္ရက္ လူ ၁၅၀၊ ငါးခူရစခန္းမွာ တစ္ရက္ လူ ၁၅၀ နဲ႔ ျမန္မာဘက္က တစ္ရက္ လူ ၃၀၀ လက္ခံဖို႔ စီစဥ္ထားပါတယ္။ယခုပထမအသုတ္မွာ ျမန္မာဘက္က စစ္ေဆးၿပီးသား လူ ၃,၄၅၀ ဦးကို လက္ခံဖို႔ သေဘာတူထားတယ္လို႔ ထုတ္ျပန္ထားတာ ရွိပါတယ္။ဒါေပမယ့္ ဘဂၤလားေဒ့ရွ္ဘက္က သတင္းေတြအရ ဒီဘက္ကို အမ်ားစုကျပန္လာဖို႔ ျငင္းေနတယ္ဆိုတဲ့ သတင္းေတြတက္ေနသလို မိသားစု ၃၀ ေလာက္သာ ကိုယ့္သေဘာနဲ႔ကိုယ္ ျပန္လာလိုတယ္ဆိုတဲ့ သတင္းေတြလည္း ဆက္ထြက္လာခဲ့ပါတယ္။ဒါေပမယ့္ သတ္မွတ္တဲ့ ၾသဂုတ္ ၂၂ ရက္မွာ ျမန္မာဘက္ကို ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္ေတြ ျပန္မဝင္လာခဲ့ပါဘူး။ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္ကလည္း ယခင္က ေျပာခဲ့တာရွိပါတယ္။ဒီဒုကၡသည္ေတြကို မွီၿပီးရပ္တည္လုပ္ကိုင္ေနတဲ့ ေဒသႏၲရ အာဏာပိုင္ေတြ၊ INGO ေတြက သူတို႔အက်ိဳး စီးပြားထိခိုက္မွာမို႔ ျမန္မာဘက္ကိုမဝင္ေအာင္ လုပ္ေနတာေတြရွိတယ္ ဆိုတာကိုပါ။ျမန္မာစကားပုံမွာ “ေမ်ာက္ျပဆန္ေတာင္း” ဆိုတာ ရွိပါတယ္။ဒီအျဖစ္ဟာ ဘဂၤလားေဒ့ရွ္ဘက္ကို ေရာက္ေနတဲ့ ဘဂၤါလီေတြ လက္ေတြ႕ႀကဳံေနရတဲ့အတြက္ ဘယ္လိုအသံေကာင္းလႊင့္ၿပီး ျမန္မာဘက္ကို အျပစ္တင္ဦးမလဲ၊ ကမာၻပတ္ၿပီး ဂ႐ုဏာခ်ဴဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အစိုးရအေနနဲ႔ ႏိုင္ငံတကာဖိအားကို ႀကံ့ႀကံ့ခံၿပီး ရခိုင္ေျမာက္ပိုင္း ေအးခ်မ္းဖို႔အတြက္ ရင္ဆိုင္ေနေပမယ့္ AA လက္နက္ကိုင္နဲ႔ တစ္ဖက္က ေသြးထိုးမႈွရွိေနတဲ့ ဘဂၤါလီအေရး လႈပ္ရွားသူေတြေၾကာင့္ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ကို ဘယ္ေလာက္ထိ ေပါက္ေရာက္ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မလဲ၊ ဘဂၤါလီေတြ ျပန္လက္ခံတဲ့ လုပ္ငန္းစဥ္ေအာင္ျမင္မႈရရင္ ျပည္ပဖိအား အထိုက္အေလ်ာက္သက္သာဖို႔ ေသခ်ာေနေပမယ့္ ရွမ္းေျမာက္ဘက္မွာ ျဖစ္ေနတဲ့ အေရးေၾကာင့္ တစ္ဖက္မီးမၿငိမ္းခင္ ေနာက္တစ္မီးထေတာက္တဲ့အတြက္ ဘာေတြဆက္ျဖစ္လာမလဲ၊ ဒီမီးေတြကို ဘယ္သူေတြက ဘယ္သူ႔အက်ိဳးစီးပြားအတြက္ အကြတ္က်က် ရႈိ႕ေနသလဲ၊ အစိုးရက ဘယ္ေလာက္ထိ ႀကိဳျမင္ကာကြယ္ႏိုင္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မ်က္ရည္ေတာက္ေတာက္၊ ဆိုင္ခန္းနဲ႔ လွ်ပ္စစ္တင္ဒါ

ယခုတစ္ပတ္သတင္းေတြထဲမွာ တိုက္ပြဲေတြသတင္းေတြ၊ တရားဥပေဒစိုးမိုးေရးဆိုင္ရာ သတင္းေတြနဲ႔ ရႈပ္ေထြးေနခဲ့သလို ယခုရက္သတၱပတ္အတြင္း ျပဳလုပ္ခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝး၊ ျမန္မာႏိုင္ငံ စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းျခင္း ပြဲသတင္းနဲ႔ ရန္ကုန္စည္ပင္ သတင္းစာရွင္းလင္းပြဲ သတင္းေတြကလည္း သတင္းဖတ္သူေတြ စိတ္အာ႐ုံကို ဖမ္းစားခဲ့ပါတယ္။

ၾသဂုတ္ ၂၂ ရက္က ေတာ္ဝင္ဂါးဒင္းဟိုတယ္မွာ ျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံ စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းျခင္းပြဲမွာ လုပ္ငန္းရွင္ႀကီးတစ္ဦးက လက္ရွိ ျပည္တြင္းစီးပြားေရး လုပ္ငန္းအေျခအေနေတြေၾကာင့္ သူ အပါအဝင္ မ်က္ရည္ေတာက္ေတာက္က်ေနၾကသည့္ စီးပြားေရးလုပ္ငန္းရွင္ေတြ ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ သူ႔ကို ခ႐ိုနီလို႔ေခၚတာကို မႀကိဳက္ေၾကာင္းေျပာခဲ့သလို ၎မွာ ေျမတစ္လက္မသိမ္းၿပီး ကားပါမစ္တစ္ေစာင္ ရခဲ့တာရွိရင္ တရားစြဲပါလို႔ ေျပာခဲ့ပါတယ္။

ဒီလိုေျပာဆိုမႈဟာ လူမႈကြန္ရက္နဲ႔ သတင္းစာမ်က္ႏွာေတြမွာ ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတင္း ျဖစ္ခဲ့သလို႔ လူမႈကြန္ရက္မွာလည္း ကာတြန္းေတြ၊ စေတးတပ္ေတြ၊ သတင္းေဖာ္ျပရာ သတင္းဆိုက္ေတြမွာ ေဝဖန္ေရးသားမႈေတြေၾကာင့္ အမ်ားျပည္သူၾကား သတိထားစရာ ေဝဖန္စရာ သတင္းျဖစ္ခဲ့ပါတယ္။

ၾသဂုတ္ ၂၁ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ၂၀၁၇-၁၈ ဘတ္ဂ်က္ႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာဝန္ႀကီးဌာနေတြက လာေရာက္ရွင္းလင္းရာမွာ အဂတိလိုက္စားမႈေကာ္မရွင္က စစ္ေဆးေနတဲ့ဆိုတဲ့ လွ်ပ္စစ္ဝန္ႀကီးဌာနနဲ႔ ပတ္သက္ၿပီး ဒုဝန္ႀကီး လာေရာက္ရွင္းလင္းရာမွာ စိတ္ဝင္စားစရာကိစၥေတြ ရွင္းလင္းခဲ့တာကို ေတြ႕ရပါတယ္။

ဒီရွင္းလင္းပြဲမွာ လွ်ပ္စစ္ဝန္ႀကီးဌာနက မီတာဝယ္ရန္ တင္ဒါေခၚရာမွာ တင္ဒါစိစစ္ေ႐ြးခ်ယ္တဲ့အေပၚ ဝင္ေရာက္စြက္ဖက္လု႔ိ တင္ဒါပယ္ဖ်က္ခဲ့ရတယ္လို႔ဆိုၿပီး အဆိုပါတင္ဒါမွာ ဝင္ၿပိဳင္ၿပီးရႈံးခဲ့တဲ့ ျမန္မာစီးပြားေရးဦးပိုင္ကုမၸဏီ အမည္နဲ႔ ဝင္ၿပိဳင္တဲ့ကုမၸဏီက တျခားကုမၸဏီအမည္နဲ႔ တင္ဒါကို ျပန္လည္စိစစ္ေပးဖို႔ တိုင္ၾကားခဲ့တာ၊ ျမန္မာစီးပြားေရးဦးပိုင္ကုမၸဏီက ၎ရဲ႕ မီတာေတြကို ဦးစားေပးေ႐ြးခ်ယ္ဖို႔ ျပည္ေထာင္စုဝန္ႀကီးထံ အေၾကာင္းၾကားလာတာေတြကို တင္ျပရွင္းလင္းခဲ့တာကို ေတြ႕ရပါတယ္။ဒါ့အျပင္ ၎တို႔တင္ဒါကို ေ႐ြးခ်ယ္ဖို႔၊ ကုမၸဏီအခ်င္းခ်င္း အျပန္အလွန္တိုင္ၾကားတာေတြေၾကာင့္ တင္ဒါကို ပယ္ဖ်က္ခဲ့ရေၾကာင္း ေျပာခဲ့တာရွိပါတယ္။ဒါ့အျပင္ ၿပီးခဲ့တဲ့ႏွစ္က တပ္ဆင္ခဲ့တဲ့ မီတာေတြမွာ ၂၀၁၆ ခုႏွစ္က တပ္ဆင္ခဲ့တဲ့ မီတာေတြေဈးထက္ ထက္ဝက္နီးပါး ေဈးသက္သာကာ ပိုအဆင့္ျမင့္ အရည္အေသြးေကာင္းတာကို ေတြ႕ရမွာလို႔ ဒု-ဝန္ႀကီးက ေျပာခဲ့တာ ေတြ႕ရပါတယ္။

ဒီျဖစ္စဥ္ အပါအဝင္ တျခားတင္ဒါကိစၥေတြကို လႊတ္ေတာ္မွာ ရွင္းလင္းခဲ့တဲ့အတြက္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္ နဲ႔ ဒုတိယဝန္ႀကီး ဦးထြန္းႏိုင္ တို႔ကို တိုင္ထားလို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က စစ္ေဆးေနတာကလည္း ဘာမွအေျဖမထြက္ေသးတဲ့အတြက္ ဘယ္ဟာနဲ႔ ဆက္စပ္မႈရွိေနမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ဒီလိုတိုင္ၾကားခံရမႈမွာ ဘယ္သူကမွားသလဲ၊ ဘယ္သူကမွန္သလဲဆိုတာ မၾကာခင္ ေနာက္ဆက္တြဲရွင္းလင္းမႈေတြကတစ္ဆင့္ ျမင္ရဖို႔ရွိေနပါတယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာအေကာင္းဆုံးနဲ႔ လတ္တေလာ ဂယက္အထဆုံးျဖစ္ေနတာက ရန္ကုန္ၿမိဳ႕ေတာ္ဝန္ရဲ႕ ဘတ္စ္ကားမွတ္တိုင္ေဘး ေဈးဆိုင္ခန္းငယ္ ဖြင့္မယ့္အစီအစဥ္ပါ။ဩဂုတ္ ၁၉ ရက္က ၿမိဳ႕ေတာ္ခန္းမမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ရန္ကုန္ၿမိဳ႕ရွိ ဘတ္စ္ကားမွတ္တိုင္ေတြမွာ ေဈးဆိုင္ခန္းငယ္မ်ားေဆာက္ၿပီး လူမႈကူညီေရးအသင္းအဖြဲ႕ေတြကို လုပ္ကိုင္ခြင့္ျပဳရန္ စီစဥ္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး က ေျပာခဲ့တာပါ။ငါးေပပတ္လည္ခန႔္ရွိမယ့္ ဆိုင္ခန္းေတြကို ကြမ္းယာနဲ႔ ေဆးလိပ္ကလြဲၿပီး တျခားဘာပဲျဖစ္ျဖစ္ ေပးေရာင္းမယ္ ဆိုထားပါတယ္။တစ္ဆိုင္ကို သိန္း ၂၀ ရွိမယ့္ ဒီဆိုင္ေတြကို မသန္စြမ္းအဖြဲ႕၊ ၾကက္ေျခနီအသင္းႏွင့္ ကင္းေထာက္အဖြဲ႕မ်ားသို႔ လုပ္ကိုင္ခြင့္ေပးဖို႔ ကနဦးညႇိႏႈိင္းထားၿပီး အျခားလုပ္ကိုင္လိုသူမ်ားနဲ႔လည္း ညႇိႏႈိင္းမည္လို႔ ေျပာခဲ့တာပါ။

ဒီဆိုင္ခန္းကိစၥအေပၚ အမ်ားျပည္သူက သေဘာမက်သလို႔ မၾကာမီက်င္းပမယ့္ တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝးမွာလည္း ကန႔္ကြက္မယ္လို႔ လႊတ္ေတာ္အမတ္ေတြက ဆိုပါတယ္။ဒါ့အျပင္ လႊတ္ေတာ္ဆိုင္ရာ ေကာ္မတီေတြကလည္း ဒီကိစၥကို ကန႔္ကြက္တယ္လို႔ ဆိုထားပါတယ္။ဒုစ႐ိုက္မႈေတြကို မၾကာခဏျဖစ္ေနသလို မူးယစ္ေဆးဝါးကေန အမယ္စုံထိရတဲ့ ရန္ကုန္ၿမိဳ႕မွာ ဘတ္စ္ကားမွတ္တိုင္က ၁,၈၀၀ ေက်ာ္ ရွိတဲ့အတြက္ ဒီအစီအစဥ္ျဖစ္လာရင္ နဂိုကတည္းက ရႈပ္ေထြးတဲ့ ရန္ကုန္ပလက္ေဖာင္းမွာ ဒီဆိုင္ကိုမွီၿပီး ဘာေတြျဖစ္လာမလဲ၊ ေဈးဆိုင္တန္းေတြ ျဖစ္လာမလား၊ ေမွ်ာ္မွန္းထားတဲ့ သန႔္ရွင္းသပ္ရပ္တဲ့ ဘတ္စ္မွတ္တိုင္ေတြအစား ယခင္လို အစုံရတဲ့ လိုင္စင္ရေဈးဆိုင္ေတြ ျပန္ျမင္လာရမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ဒီသတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ 7 July အထိမ္းအမွတ္ ရန္ကုန္တကၠသိုလ္ သမဂၢျမက္ခင္းျပင္ကို လမ္းေလွ်ာက္ခ်ီတက္ခဲ့တဲ့ ဒဂုံတကၠသိုလ္ ေက်ာင္းသား ၂ ဦးကို ေထာင္ဒဏ္ ၇ ရက္ ခ်မွတ္ခဲ့တဲ့သတင္း၊ NLD ပါတီက ဦးမ်ိဳးရန္ေနာင္သိမ္း ကို ပါတီတာဝန္က ရပ္ဆိုင္းလိုက္ၿပီး ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ဦးေအာင္စိုး ရဲ႕ ႏုတ္ထြက္လႊာကို လက္ခံလိုက္တဲ့သတင္း၊ အဂတိလိုက္စားမႈမ်ားကို တယ္လီဖုန္း SMS မွတစ္ဆင့္ လာမည့္လမွာ စတင္တိုင္ၾကားႏိုင္ေတာ့မယ့္သတင္း၊ စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္ရွိ ပုံေတာင္ေနရာအခ်ိဳ႕မွာ ေျမလႊာအက္ကြဲမႈ ျဖစ္ပြားေန၍ ေတာင္ေျခတြင္ေနထိုင္သူမ်ား ယာယီေ႐ႊ ေျပာင္းေနထိုင္ရန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ၫႊန္ၾကားထားတဲ့ သတင္းေတြထဲ စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ၾသဂုတ္ - ၂၃