【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 သံစုံတီးဝိုင်းနှင့် မဲခွဲရှုံးနိမ့်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 သံစုံတီးဝိုင်းနှင့် မဲခွဲရှုံးနိမ့်မှု  

ယခုရက်သတ္တပတ်ထဲ အားလုံးစောင့်ကြည့်ခဲ့ရတဲ့သတင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာကနေဖြုတ်ချဖို့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်က ကြိုးစားရာမှာ ရှုံးနိမ့်သွားတဲ့သတင်းနဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲက ထွက်ပေါ်လာတဲ့ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲဂယက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် သတိပေးခံရတဲ့သတင်းနဲ့ ရန်ကုန်စည်ပင်အတွက် သံစုံတီးဝိုင်းဝယ်ဖို့ ဘတ်ဂျက်တောင်းခံရာမှာ အမတ်တွေက ဝိုင်းကန့်ကွက်တဲ့သတင်းတွေနဲ့ ယခုရက်သတ္တပတ်သတင်းတွေက စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးနှင့် တပ်မတော် လွှတ်တော်အတွင်းရှုံးနိမ့်မှု

ယခုရက်သတ္တပတ်အတွင်းပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသတင်းတွေက တစ်နိုင်ငံလုံးစောင့်ကြည့်ခဲ့ရတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။အထူးသဖြင့် တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယကဖြစ်တဲ့ ဦးတီခွန်မြတ် ကို လွှတ်တော်ဥက္ကဋ္ဌနေရာကနေဖြုတ်ချဖို့ ကြိုးစားရာမှာ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်တွေက မထောက်ခံခဲ့ဘဲ ကန့်ကွက်မဲပေးခဲ့တဲ့အတွက် ဖြုတ်ချရန်အဆို မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့ရတာပါ။

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် က မေလ ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့အဆိုမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ထမ်းဆောင်ရာမှာ ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အဆိုကို အရေးကြီးအဆို စည်းကမ်းနှင့်မကိုက်ညီဘဲ တင်သွင်းခွင့်ပြုခြင်း၊ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဘဲ ပြင်ဆင်ရန်ကြိုးပမ်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ခြေဥပြင်ရေး ဥပဒေမူကြမ်းများ တင်သွင်းခဲ့သော်လည်း ဦးတီခွန်မြတ် က ပုဒ်မ ၄၃၅၊ ၄၃၆ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပြည်ခိုင်ဖြိုးအမတ်များ တင်သွင်းသည့် အရေးကြီးအဆိုများကို ဆွေးနွေးခွင့်မပြုခြင်း၊ ကြယ်ပွင့်ပြမေးခွန်းများကို ပယ်ချခဲ့ခြင်းတို့ကြောင့်ဆိုပြီး  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်ကနေ ရုတ်သိမ်းပေးဖို့ အဆိုတင်သွင်းခဲ့ကြတာပါ။

ဒါပေမယ့် ဇွန် ၁ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ ဒီအဆိုဟာ မရှုမလှရှုးနိမ်ခဲ့သလို အဆိုကိုထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ ဆွေးနွေးတဲ့အခါမှာ သတိထားစရာ အချက်အလက်တွေကို တွေ့ခဲ့ရပါတယ်။လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းပေးရန် အဆိုနှင့်ပတ်သက်ပြီး ၂၄ ဦး ဆွေးနွေးခဲ့ရာမှာ တပ်မတော်၊ ပြည်ခိုင်ဖြိုးအမတ်များနှင့် NLD မှ နုတ်ထွက်ထားသည့် မအူပင်အမတ် ဦးစိန်ဝင်းတို့ အပါအဝင် ၁၂ ဦးက အဆိုကိုထောက်ခံခဲ့ပြီး NLD ကိုယ်စားလှယ် ၁၁ ဦးနှင့် ကချင်ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးလမာနော်အောင် တို့က အဆိုကို ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒီထဲမှာ ဦးလမာနော်အောင် ဆွေးနွေးတဲ့ ဆွေးနွေးချက်က စိတ်ဝင်စားစရာကောင်းသလို သတိထားမိစရာလည်းကောင်းခဲ့ပါတယ်။“အမုန်းတရား အာဃာတတရားနဲ့ အငြိုးအတေးများကို မလျှော့နိုင်သရွေ့ ကျွန်တော်တို့ဒီမိုကရေစီဟာ ဖြောင့်တန်းနိုင်မှာ မဟုတ်ပါဘူး’’ လို့ ပြောခဲ့သလို ယခု ဦးတီခွန်မြတ် ထမ်းဆောင်နေသည့်တာဝန်မှာ အာဏာရှင်စနစ်လို ကွယ်လွန်သည်အထိ ရယူထားနိုင်သည့် ရာထူးလည်းမဟုတ်ဘူးဆိုတာကိုလည်း ပြောခဲ့ပါတယ်။ဒါ့အပြင် ယခင်ကလည်း ဆမားဒူးဝါး ဆင်ဝါးနောင် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး သမ္မတတာဝန်ထမ်းဆောင်ရန် မြစ်ကြီးနားမှ ရန်ကုန်သို့ မီးရထားဖြင့်ဆင်းလာစဉ် လမ်းခရီး၌ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်အဖွဲ့မှ နိုင်ငံတော်အာဏာ သိမ်းယူလိုက်၍ သမ္မတတာဝန် မထမ်းဆောင်ခဲ့ရဘူးလို့ ရှေးကဖြစ်ခဲ့တာကိုပြောခဲ့သလို ကချင်လူမျိုးတစ်ယောက် နောက်နောင်နှစ်ပေါင်းများစွာဖြစ်လာဖို့ခက်ခဲသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့  ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ယူချိန်ကို မလိုလားလို့ အကြောင်းပြသလား၊ မြေနိမ့်ရာလှံစိုက်ချင်တဲ့ သဘောလား ကျွန်တော်တို့ ကချင်လူမျိုးများကပဲ ကံဆိုးနေတုန်းလားလို့ ပြောခဲ့ပါတယ်။

အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် အပြန်အလှန် အကြိတ်အနယ်ရှိခဲ့ပြီး ဆွေးနွေးချက်များအပေါ် ကန့်ကွက်မှုဖြစ်စဉ်များလည်းရှိခဲ့သည်။ထို့အပြင် လွှတ်တော်အမတ်အချို့၏ ဆွေးနွေးချက်အပေါ် လွှတ်တော်ဒုဥက္ကဋ္ဌက မကြာခဏသတိပေးခဲ့ရပြီး အဆိုပါအဆိုကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးသူ ၃၉၅ ဦးအနက် ထောက်ခံသူ ၁၃၂ ဦးသာရှိခဲ့ပြီး ကန့်ကွက်သူ ၂၄၃ဦးရှိခဲ့၍ မဲအပြတ်သတ်ဖြင့်  ရှုံးနိမ့်ခဲ့ပါတယ်။အဆိုပါ မဲခွဲဆုံးဖြတ်ချက်အပြီး မဲခွဲဆုံးဖြတ်ချက်ရလဒ်ကို လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ကြေညာအ ပြီးမှာ NLD အမတ်များက လက်ခုပ်တီးပြီး လွှတ်တော်ဥက္ကဋ္ဌအား ဂုဏ်ပြုခဲ့သလို အစည်းအဝေးအပြီးမှာလည်း သွားရောက်နှုတ်ဆက်ခဲ့ကြပါတယ်။

အဆိုပါအစည်းအဝေးအပြီး ပြည်ခိုင်ဖြိုးပါတီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က စက်ခလုတ်နှိပ်မဲမပေးဘဲ မဲပုံးနဲ့ မဲပေးမယ်ဆိုရင် ယခုထက် ထောက်ခံမဲရနိုင်တယ်လို့ပြောခဲ့တာ မှတ်မှတ်ရရဖြစ်ခဲ့သလို   အဆိုတင်သူတွေဘက်က ယခုလို အဆိုမအောင်မြင်နိုင်မှန်း သိသော်လည်း လွှတ်တော်မှတ်တမ်းကျန်စေရန် တင်သွင်းခြင်းဖြစ်တယ်ဆိုတာကို ပြောခဲ့တာလည်း အတော်လေး လူမှုကွန်ရက်မှာ ဂယက်ထခဲ့ပါတယ်။

သာမန်အားဖြင့် မေ ၂၉ ရက်မှာ ပြီးစီးရမယ့် လွှတ်တော်ဆွေးနွေးပွဲတွေကို ယခုလို တာဝန်ကနေရုတ်သိမ်းရန် အဆိုတင်သွင်းခဲ့တဲ့အတွက် ရက်ထပ်တိုးခဲ့ရပါတယ်။မအောင်မြင်ဘဲ တင်ခဲ့တဲ့အဆိုကြောင့် လွှတ်တော်အတွင်း မှတ်တမ်းမှတ်ရာ ကျန်ခဲ့ဖို့ဆိုရင် အဆိုပါ အဆိုကိုတင်သွင်းခဲ့တဲ့သူတွေအနေနဲ့ မကြာမီလာမယ့်အထွေထွေရွေးကောက်ပွဲမှာ ပါတီရဲ့ပုံရိပ်ကို ယခုဖြစ်ရပ်က ဘယ်လောက်ထိ ထိခိုက်သွားနိုင်သလဲဆိုတာ ထည့်သွင်းတွက်ချက်ခြင်းမရှိတာကို မြင်ရပါတယ်။မြန်မာနိုင်ငံမှာ ပါတီနှစ်ခုတည်းက အပြိုင်အဆိုင် သူ့ထက်ငါ လူကောင်းလူတော်တွေ ရွေးချယ်ရခက်တဲ့ ပါတီနိုင်ငံရေးအခင်းအကျင်းကို ပြည်သူတွေကမြင်ချင်ကြ တာပါ။ယခုတင်လိုက်တဲ့ အဆိုအရ တိုင်းရင်းသားတွေဘက်က အတိုက်အခံပါတီတွေကို လက်ခံမယ့်အနေအထားလည်း  ပျက်ယွင်းသွားတာကို တွေ့ရသလို ယုံကြည်မှုတည်ဆောက်ဖို့ ခက်လာနိုင်တာကိုလည်း တွေ့လာရပါတယ်။အဆိုးဆုံးက ပြည်သူတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ မောက်မာမှု၊ အောက်ခြေမှာဖြစ်နေတာနဲ့ ပါတီဘက်က တာဝန်ရှိသူတွေသိတာ ကင်းကွာမှုတွေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ နောက်ထပ်ဦးဆောင်ပါတီသစ် ပေါ်ထွက်လာဖို့က ခက်ခဲနေပြီဆိုတာကို မှန်းဆလို့ရနေပြီဖြစ်ပါတယ်။

ရှေ့လျှောက် အာဏာရပါတီဘက်က ဘယ်ခြေလှမ်းတွေမှားမလဲ၊ အတိုက်အခံပါတီဘက်က ဘယ်လောက်ထပ်မှားကြဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဗစ်တိုးရီးယား အရှက်သိက္ခာအတွက် မထိုက်တန်တဲ့ပြစ်ဒဏ်

မေ ၃၀ ရက် မွန်းလွဲပိုင်းက သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် အိမ်တော်သတင်းထောက်များ Video Conferencing ဖြင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေဘက်က  မေးခွန်းတစ်ခုမေးခဲ့ပါတယ်။ဒါကလည်း ရှေ့ရက်တွေမှာထွက်လာခဲ့တဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့  ဖြစ်ရပ်တစ်ခုကြောင့်ပါဘဲ။ဒီသတင်းက နေပြည်တော်မှာဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံကိုဖော်ထုတ်နိုင်ခြင်းမရှိသလို ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့နာမည်ကိုပါ ဖော်ထုတ်ပြောခဲ့တဲ့ ရဲတပ်ဖွဲ့က တာ၀န်ရှိသူတွေကို ဘယ်လိုအရေးယူထားလဲဆိုတဲ့ မေးခွန်းပါဘဲ။

ဒါကလဲ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့က ဒီအမှုအပေါ် စောင့်ကြည့်နေမယ်လို့ပြောခဲ့သလို ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၂ ရက်မှာ ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက သမ္မတထံ စာပို့အကူအညီတောင်းခဲ့ပါတယ်။ဒီအမှုက အများပြည်သူအတွက် မခံချိမခံနိုင်စရာဖြစ်သလို  မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက လက်ညှိုးထိုးရှုတ်ချစရာဖြစ်ခဲ့ပါတယ်။တစ်နှစ်ခန့်အကြာ ၂၀၁၉ ခုနှစ် မေလအတွင်းက နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှာ တက်ရောက်နေတဲ့ သုံးနှစ်အရွယ်ခန့်  မိန်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံခဲ့ရတာမှာ တစ်နိုင်ငံလုံးဆန္ဒပြတဲ့အထိဖြစ်ခဲ့ပေမယ့် အမှုနဲ့မသက်ဆိုင်တဲ့ ကားမောင်းသမားကိုဖမ်းဆီးကာ တရားခံအဖြစ် တရားစွဲဆိုခဲ့ပေမယ့် မကျူးလွန်တဲ့အတွက်  တရားစွဲခံရခြင်းကနေ တရားရှင်လွတ်ခဲ့ပါတယ်။

ဒီအတွက် အဆိုပါကလေးငယ်မှာ ကျူးလွန်ခံရသော်လည်း တရားခံပေါ်ပေါက်ခြင်းမရှိပဲ အနစ်နာကြီး နစ်နာရသလို ဒီဇင်ဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းစာရှင်းလင်းပွဲမှာ  ပါဝင်တဲ့ ရဲအရာရှိကြီးတွေက နစ်နာသူကလေးငယ် ဗစ်တိုးရီးယား၏ အမည်အရင်း၊ မိဘအမည်များကို ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင် ရဲဇာနည် Facebook စာမျက်နှာမှာလည်း ကလေးငယ်ရဲ့ အချက်အလက်တွေကို အတိအကျဖော်ပြခဲ့တဲ့အတွက်  ပြည်သူတွေမခံမရပ်နိုင်ဖြစ်ရတဲ့အထိပါဘဲ။လူမမည်အရွယ် ကျူးလွန်ခံရသူ ကလေးငယ်မှာ နစ်နာပြီးရင် နစ်နာနေရတဲ့အချိန်မှာ ပြုကျင့်ကျူးလွန်ခဲ့သူကတော့ လူတောသူတောထဲ သွားလာနေထိုင်နေသည်က မခံမရပ်နိုင်စရာပါဘဲ။

ဒီအတွက်  မေ ၃၀ ရက် မွန်းလွဲပိုင်းကပြုလုပ်တဲ့ Video Conferencing ဖြင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က “တိတိကျကျပြောရရင် အဓိကတာဝန်ရှိတဲ့ ရဲအရာရှိသုံးဦးကို အရေးယူထားပါတယ်။
ဘယ်လိုအရေးယူထားလဲဆိုရင် ရာထူးတိုးမြှင့်ခြင်း ရပ်ဆိုင်းတဲ့ Promotion Stop ပြစ်ဒဏ်ပေါ့နော်။အဲဒါအရေးယူထားတယ်” လို့ ပြေခဲ့ပါတယ်။

ဒီလိုဖြေခဲ့တဲ့အတွက် လူမှုကွန်ရက်နဲ့ အများပြည်သူအကြား ထောက်ပြစရာဖြစ်လာခဲ့ပါတယ်။ကျင့်ဝတ်အရ မုဒိမ်းမှုကျူးလွန်ခံရသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို အများပြည်သူသိရှိအောင် မဖော်ပြရဘူးဆိုတာ အားလုံးနားလည်ထားတဲ့ လူကျင့်ဝတ် စံတစ်ခုပါဘဲ။ဒါကို တရားဥပဒေစိုးမိုးမှုအတွက်  ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အာဏာပိုင်အဖွဲ့အစည်းက ထိပ်ပိုင်းတာဝန်ရှိသူတွေကိုယ်တိုင် ဖော်ထုတ်ပြောခဲ့တာ အတော်လေး ထိတ်လန့်တုန်လှုပ်စရာပါဘဲ။ဒီအတွက် ဒီလိုထုတ်ဖော်ပြောခဲ့တဲ့သူတွေ၊ တရားခံဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့တဲ့သူတွေကို အရေးယူမှုက ရာထူးတိုးရပ်ဆိုင်းတယ်ဆိုတဲ့ ပြစ်ဒဏ်က ပင်စင်နားနီးနေတဲ့ အဆိုပါလူတွေအတွက် ရယ်စရာပြစ်ဒဏ်တစ်ခုဖြစ်နေမှာပါ။

ဝေဖန်မှုတွေ အပြင်းအထန်မြင့်တက်နေခဲ့တဲ့ ကလေးငယ်အပေါ် မတော်မတရားပြုသူကို မဖော်ထုတ်နိုင်ဘဲ ကျူးလွန်ခံရသူ ကလေးငယ်ရဲ့ဘ၀ကို တစ်သက်လုံး သတ်သလိုဖြစ်နေမယ့် အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောခဲ့တဲ့သူတွေကို အရေးယူမှုက ဒီလောက်ပဲလား၊ ဒီလိုကလေးငယ်အပေါ် ကျူးလွန်မှုက ဒီလိုဘဲအဆုံးသတ်မယ်ဆိုရင် တရားဥပဒေအပေါ် မယုံကြည်သူတွေများလာပြီး ကိုယ်တိုင်တရားစီရင်ကြတဲ့ အခြေအနေရောက်လာမယ်ဆိုရင် ဘယ်သူ့မှာတာဝန်အရှိဆုံးဖြစ်မလဲ၊ သမိုင်းတရားခံဖြစ်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာမှာ ဖြစ်ပါတယ်။ဒီအတွက် ဒီအမှုကို စောင့်ကြည့်မယ်ဆိုတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့  မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုထိစေမယ့် ဒီအမှုနဲ့သက်ဆိုင်သူတွေကို ရွေးကောက်ပွဲမတိုင်ခင် ဘယ်လောက်ထိရှေ့ဆက်အရေးယူနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

သတိပေးခံရတဲ့ ရန်ကုန်ဝန်ကြီးချုပ်

ယခုရက်သတ္တပတ် နောက်ထပ်စိတ်ဝင်စားစရာကောင်းခဲ့တဲ့ သတင်းတစ်ခုကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် သတင်းပါဘဲ။မေ ၂၄ ရက်က ပြုလုပ်တဲ့ ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက်ခဲ့တဲ့အတွက် နောက်ဆက်တွဲဂယက်ရိုက်မှုတွေက ယခုရက်သတ္တပတ်အထိ ဖြစ်နေခဲ့ပါတယ်။  

ကူးစက်ကပ်ရောဂါဘေးဖြစ်တဲ့ ကိုဗစ်ကာလအတွင်း သတ်မှတ်ချက်ဖြစ်တဲ့ ငါးယောက်ထက်ပိုပြီး လူစုလူဝေးမလုပ်ရဆိုတဲ့ တားမြစ်ချက်ကိုချိုးဖောက်ပြီး လူစုလူဝေးဖြင့် ပူဇော်ပွဲပြုလုပ်ခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများကို အရေးယူပေးဖို့ ပခုက္ကူက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက တိုင်ကြားခဲ့သလို  မေ ၂၉ ရက်မှာလည်း ဗိုလ်တထောင်မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ကိုစည်သူမြင့်ဆိုသူက ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူ (၈) ဦးအား အရေးယူပေးဖို့ တိုင်ကြားခဲ့တာရှိခဲ့ပါတယ်။

မေ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ သမ္မတရုံးအွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ လူစုလူဝေးပြုလုပ်ပြီး ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲ အခမ်းအနားကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရကို ယင်းကိစ္စရှင်းလင်းဖို့ ညွှန်ကြားထားတယ်လို့ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောခဲ့ပါတယ်။ဒီမတိုင်ခင်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းမီဒီယာတချို့ကို ထိုနေ့က ုဝေးခဲ့မှုသည် ဥပဒေနှင့်အညီဖြစ်တယ်လို့ ပြောခဲ့တာပါ။

မေ ၃၁ ရက်က ပြုလုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီဘက်က နှုတ်နဲ့သတိပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒီလိုနှုတ်နဲ့သတိပေးတယ်ဆိုတဲ့အတွက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေပေါ်ထွက်ခဲ့ပြီး အထူးသဖြင့် အတိုက်အခံတွေနဲ့ ယခင်အာဏာရပါတီကို လိုလားတဲ့သူတွေအများစုက ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အများနည်းတူ အပြစ်ပေးတာကို ခံရစေချင်တာကိုတွေ့ရပါတယ်။ဒီအတွက် အာဏာရပါတီဘက်ကလည်း ယခင်စစ်အစိုးရလက်ထက်ကသာဆိုရင် ဒီလိုတောင်ပြောနိုင်မှာမဟုတ်ဘူး၊ လေသံတောင်ဟနိုင်မှာ မဟုတ်ဘူးလို့  ပြန်လည်တုံ့ပြန်တာကိုလည်း တွေ့ရပါတယ်။တစ်ဆက်တည်း လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရန်ကုန်ဝန်ကြီးချုပ် ပြန်လည်အရွေးမခံတော့ဘူးဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။

ပါတီဘက်က လက်မခံဘူးဆိုတဲ့အသံတွေ ထွက်လာခဲ့သလို နောင်လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအထိ ဒီလို ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာမှာ နေမယ့်သူမှန်သမျှ မျက်စိဒေါက်ထောက်ပြီးကြည့်နေမယ့် အစဉ်အလာလည်းရှိနေတဲ့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာက တစ်ချက်လေးမှ မှားလို့မရတဲ့ ပြဿနာနေရာ ဖြစ်လာဖွယ်ရှိနေပါတယ်။ဒီအတွက် အတိုက်အခံတွေဘက်က အုံနဲ့ကျင်းနဲ့ အာဏာရပါတီဘက်က ဘယ်သူ့ကိုဆက်တိုက်ခိုက်ဦးမလဲ၊ လက်ကျန်သက်တမ်းမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေ ဘက်ဘက်ကအမှားတွေပိုများဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

သံစုံတီးဝိုင်း ဘယ်သူ့အတွက်လည်း

ယခုရက်သတ္တပတ်ထဲ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်စည်ပင်အတွက် သံစုံတီးဝိုင်းထူထောင်ရန် ဘတ်ဂျက်တောင်းခံမှု ဖြစ်ခဲ့ပါတယ်။ဒီလိုကျန်းမာရေးကပ်ဘေးဖြစ်နေလို့ အားလုံးစီးပွားရေးကျဆင်းကာ ပြန်လည်ရုန်းထဖို့လုပ်ရချိန်မှာ မလိုအပ်သေးတဲ့ဘတ်ဂျက်ကို တောင်းခံခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ပါတယ်။တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ဝယ်ယူဖို့ တင်ပြလျာထားတဲ့ သံစုံတီးဝိုင်းကို ဘယ်နေရာမှာသုံးမှာလဲ။
ဘယ်လောက်အကျိုးရှိမှာလဲ။တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေ မသုံးတော့ဘူးလား” လို့ မေးခွန်းထုတ်ခဲ့သလို အခြားကိုယ်စားလှယ်တစ်ဦးက “မြေတူးစက်လို ယန္တရားတွေကို လိုအပ်သလောက် မဝယ်နိုင်သေးတဲ့အချိန်မှာ ဒီလိုဖျော်ဖြေရေးအတွက် သံစုံတီးဝိုင်းဝယ်ယူတာကို ပြန်လည်သုံးသပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ယခုလို အခြားသောဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရုန်းကန်နေရချိန်မှာ ရန်ကုန်တိုင်းအစိုးရက ဌာနဆိုင်ရာဧည့်ခံပွဲများမှာ ဖျော်ဖြေဖို့ ငွေကျပ် ၁၃၇ ဒဿမ ၄၃၅ သန်းနဲ့ သံစုံတီးဝိုင်းဝယ်ယူရန် လျာထားတင်ပြခဲ့မှုကို ပြန်စဉ်းစားသုံးသပ်သင့်တယ်လို့ ပြောခဲ့တာလည်း တွေ့ရပါတယ်။ဒီရက်ထဲမှာ အကောက်ခွန်ညွှန်ချုပ်နဲ့ ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူးတို့ တပ်မတော်ပိုင် ဦးပိုင်လိမ်တက်မှာ ဒါရိုက်တာရာထူးယူထားတာကို  အရပ်သားအစိုးရသစ် ကုန်ဆုံးခါနီးမှ သိရတဲ့သတင်း၊ နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦး ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ သတင်းတွေထဲမှာ ရန်ကုန်စည်ပင်က သံစုံတီးဝိုင်းဝယ်ဖို့ ကျပ်သန်းတစ်ရာကျော် ဘတ်ဂျက်တောင်းခဲ့တာက အတော်လေးလူပြောများစရာဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေလည်း ယခုရက်ထဲမှာဖြစ်ခဲ့ရာမှာ သတင်းမီဒီယာတွေအတွက်  မီဒီယာကျေးရွာတစ်ခု နေပြည်တော်တွင်တည်ထောင်ဖို့ စီမံနေတယ်ဆိုတဲ့သတင်း၊ ဇွန်လ ၁ ရက်ကစပြီး အစိုးရရုံးတွေကို မူလအင်အားအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ဖို့ သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တဲ့သတင်း၊ ပလက်ဝမြို့နယ်အတွင်းအတွင်း ခြေကုပ်ယူထားတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ရဲ့ ပွိုင့်ကုန်းသုံးခုနှင့် ကာကင်းစခန်းလေးခု တပ်မတော်က သိမ်းယူခဲ့တဲ့သတင်း၊ Forbes မဂ္ဂဇင်းကဖော်ပြတဲ့ ကပ်ရောဂါအလွန် ကမ္ဘာ့အဓိကခရီးသွားလာရန်ကောင်းတဲ့ နိုင်ငံခုနှစ်နိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်နေတဲ့သတင်း၊ ယူနက်စကိုက ပုဂံမြို့သစ် အရှေ့မြောက်ဘက်ရှိ တာမဏီဘုန်းကြီးကျောင်းအနီး ခြံဝန်းခတ်နေမှုအတွက် ကန့်ကွက်ထားတဲ့သတင်း၊ ရသေ့တောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းမှ ဖမ်းဆီးသွားတဲ့ ရဲတပ်ဖွဲ့မိသားစုဝင် ၃ ဦးကို AA အဖွဲ့က မေ ၃၀ ရက်က ပြန်လွှတ်ပေးလိုက်တဲ့သတင်း၊ ဇွန် ၁၅ ရက်နေ့အထိ မူကြိုကျောင်းတွေကိုပိတ်ထားဖို့ ညွှန်ကြားထားတဲ့သတင်း၊ ဩစတြေးလျှ Panaust သတ္တုကုမ္ပဏီ စစ်ကိုင်းက မြေဧက ၁၈၀၀၀ မှာ သတ္တုတူးဖော်ခွင့်ရခဲ့တဲ့သတင်း၊ ရန်ကုန် ကုတင် ၅၀၀ ဆေးရုံမှာ မီးလောင်မှုဖြစ်ပွားလို့ လူနာတွေကို ခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရတဲ့သတင်း၊ လူစုလူဝေးမလုပ်ရအမိန့်ကို ဇွန် ၁၅ ရက်အထိ ရက်တိုးမြှင့်ခဲ့တဲ့သတင်း၊ ရွေးကောက်ပွဲဝင်မယ့် ဒီချုပ်ပါတီကိုယ်စားလှယ်လောင်းစာရင်းကို ဇွန်လအတွင်း အပြီးသတ်ရွေးချယ်မယ့်သတင်း စတဲ့သတင်းတွေဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇွန် - ၅

( Zawgyi )

ယခုရက္သတၱပတ္ထဲ အားလုံးေစာင့္ၾကည့္ခဲ့ရတဲ့သတင္းက ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္ ကို ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ေနရာကေနျဖဳတ္ခ်ဖို႔ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တပ္မေတာ္က ႀကိဳးစားရာမွာ ရႈံးနိမ့္သြားတဲ့သတင္းနဲ႔ သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲက ထြက္ေပၚလာတဲ့ ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္တဲ့ ေနာက္ဆက္တြဲဂယက္၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ သတိေပးခံရတဲ့သတင္းနဲ႔ ရန္ကုန္စည္ပင္အတြက္ သံစုံတီးဝိုင္းဝယ္ဖို႔ ဘတ္ဂ်က္ေတာင္းခံရာမွာ အမတ္ေတြက ဝိုင္းကန႔္ကြက္တဲ့သတင္းေတြနဲ႔ ယခုရက္သတၱပတ္သတင္းေတြက စိတ္ဝင္စားစရာေကာင္းေနခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳးႏွင့္ တပ္မေတာ္ လႊတ္ေတာ္အတြင္းရႈံးနိမ့္မႈ

ယခုရက္သတၱပတ္အတြင္းျပဳလုပ္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးသတင္းေတြက တစ္ႏိုင္ငံလုံးေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ တပ္နဲ႔ ျပည္ခိုင္ၿဖိဳးပါတီ ပူးေပါင္းၿပီး ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယကျဖစ္တဲ့ ဦးတီခြန္ျမတ္ ကို လႊတ္ေတာ္ဥကၠ႒ေနရာကေနျဖဳတ္ခ်ဖို႔ ႀကိဳးစားရာမွာ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ ကိုယ္စားလွယ္ေတြက မေထာက္ခံခဲ့ဘဲ ကန႔္ကြက္မဲေပးခဲ့တဲ့အတြက္ ျဖဳတ္ခ်ရန္အဆို မေအာင္ျမင္ဘဲ ရႈံးနိမ့္ခဲ့ရတာပါ။

ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းစိန္ က ေမလ ၂၈ ရက္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ တင္သြင္းခဲ့တဲ့အဆိုမွာ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္ဟာ ျပည္ေထာင္စုလႊတ္ေတာ္ နာယကတာဝန္ထမ္းေဆာင္ရာမွာ ဦးေအာင္ၾကည္ၫြန႔္ တင္သြင္းခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႕စည္းရန္ အဆိုကို အေရးႀကီးအဆို စည္းကမ္းႏွင့္မကိုက္ညီဘဲ တင္သြင္းခြင့္ျပဳျခင္း၊ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို အဖြဲ႕ဝင္ ၄၅ ဦးျဖင့္ ဖြဲ႕စည္းကာ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္မညီဘဲ ျပင္ဆင္ရန္ႀကိဳးပမ္းျခင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပ႒ာန္းခ်က္ႏွင့္အညီ ေျခဥျပင္ေရး ဥပေဒမူၾကမ္းမ်ား တင္သြင္းခဲ့ေသာ္လည္း ဦးတီခြန္ျမတ္ က ပုဒ္မ ၄၃၅၊ ၄၃၆ ႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ရန္ ပ်က္ကြက္ျခင္း၊ ျပည္ခိုင္ၿဖိဳးအမတ္မ်ား တင္သြင္းသည့္ အေရးႀကီးအဆိုမ်ားကို ေဆြးေႏြးခြင့္မျပဳျခင္း၊ ၾကယ္ပြင့္ျပေမးခြန္းမ်ားကို ပယ္ခ်ခဲ့ျခင္းတို႔ေၾကာင့္ဆိုၿပီး  ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒တာဝန္ကေန ႐ုတ္သိမ္းေပးဖို႔ အဆိုတင္သြင္းခဲ့ၾကတာပါ။

ဒါေပမယ့္ ဇြန္ ၁ ရက္က ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္မွာ ဒီအဆိုဟာ မရႈမလွရႈးနိမ္ခဲ့သလို အဆိုကိုေထာက္ခံသူေတြနဲ႔ ကန႔္ကြက္သူေတြ ေဆြးေႏြးတဲ့အခါမွာ သတိထားစရာ အခ်က္အလက္ေတြကို ေတြ႕ခဲ့ရပါတယ္။လႊတ္ေတာ္ဥကၠ႒အား တာဝန္မွ႐ုပ္သိမ္းေပးရန္ အဆိုႏွင့္ပတ္သက္ၿပီး ၂၄ ဦး ေဆြးေႏြးခဲ့ရာမွာ တပ္မေတာ္၊ ျပည္ခိုင္ၿဖိဳးအမတ္မ်ားႏွင့္ NLD မွ ႏုတ္ထြက္ထားသည့္ မအူပင္အမတ္ ဦးစိန္ဝင္းတို႔ အပါအဝင္ ၁၂ ဦးက အဆိုကိုေထာက္ခံခဲ့ၿပီး NLD ကိုယ္စားလွယ္ ၁၁ ဦးႏွင့္ ကခ်င္ျပည္သူ႔ပါတီ ကိုယ္စားလွယ္ ဦးလမာေနာ္ေအာင္ တို႔က အဆိုကို ကန႔္ကြက္ေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။

ဒီထဲမွာ ဦးလမာေနာ္ေအာင္ ေဆြးေႏြးတဲ့ ေဆြးေႏြးခ်က္က စိတ္ဝင္စားစရာေကာင္းသလို သတိထားမိစရာလည္းေကာင္းခဲ့ပါတယ္။“အမုန္းတရား အာဃာတတရားနဲ႔ အၿငိဳးအေတးမ်ားကို မေလွ်ာ့ႏိုင္သေ႐ြ႕ ကြၽန္ေတာ္တို႔ဒီမိုကေရစီဟာ ေျဖာင့္တန္းႏိုင္မွာ မဟုတ္ပါဘူး’’ လို႔ ေျပာခဲ့သလို ယခု ဦးတီခြန္ျမတ္ ထမ္းေဆာင္ေနသည့္တာဝန္မွာ အာဏာရွင္စနစ္လို ကြယ္လြန္သည္အထိ ရယူထားႏိုင္သည့္ ရာထူးလည္းမဟုတ္ဘူးဆိုတာကိုလည္း ေျပာခဲ့ပါတယ္။ဒါ့အျပင္ ယခင္ကလည္း ဆမားဒူးဝါး ဆင္ဝါးေနာင္ ကို ႏိုင္ငံေတာ္သမၼတအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ၿပီး သမၼတတာဝန္ထမ္းေဆာင္ရန္ ျမစ္ႀကီးနားမွ ရန္ကုန္သို႔ မီးရထားျဖင့္ဆင္းလာစဥ္ လမ္းခရီး၌ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ဦးေဆာင္သည့္အဖြဲ႕မွ ႏိုင္ငံေတာ္အာဏာ သိမ္းယူလိုက္၍ သမၼတတာဝန္ မထမ္းေဆာင္ခဲ့ရဘူးလို႔ ေရွးကျဖစ္ခဲ့တာကိုေျပာခဲ့သလို ကခ်င္လူမ်ိဳးတစ္ေယာက္ ေနာက္ေနာင္ႏွစ္ေပါင္းမ်ားစြာျဖစ္လာဖို႔ခက္ခဲေသာ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒နဲ႔  ျပည္ေထာင္စုလႊတ္ေတာ္ နာယက တာဝန္ယူခ်ိန္ကို မလိုလားလို႔ အေၾကာင္းျပသလား၊ ေျမနိမ့္ရာလွံစိုက္ခ်င္တဲ့ သေဘာလား ကြၽန္ေတာ္တို႔ ကခ်င္လူမ်ိဳးမ်ားကပဲ ကံဆိုးေနတုန္းလားလို႔ ေျပာခဲ့ပါတယ္။

အဆိုႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေဆြးေႏြးရာတြင္ အျပန္အလွန္ အႀကိတ္အနယ္ရွိခဲ့ၿပီး ေဆြးေႏြးခ်က္မ်ားအေပၚ ကန႔္ကြက္မႈျဖစ္စဥ္မ်ားလည္းရွိခဲ့သည္။ထို႔အျပင္ လႊတ္ေတာ္အမတ္အခ်ိဳ႕၏ ေဆြးေႏြးခ်က္အေပၚ လႊတ္ေတာ္ဒုဥကၠ႒က မၾကာခဏသတိေပးခဲ့ရၿပီး အဆိုပါအဆိုကို မဲခြဲဆုံးျဖတ္ရာမွာ မဲေပးသူ ၃၉၅ ဦးအနက္ ေထာက္ခံသူ ၁၃၂ ဦးသာရွိခဲ့ၿပီး ကန႔္ကြက္သူ ၂၄၃ဦးရွိခဲ့၍ မဲအျပတ္သတ္ျဖင့္  ရႈံးနိမ့္ခဲ့ပါတယ္။အဆိုပါ မဲခြဲဆုံးျဖတ္ခ်က္အၿပီး မဲခြဲဆုံးျဖတ္ခ်က္ရလဒ္ကို လႊတ္ေတာ္ဒုဥကၠ႒ ဦးထြန္းထြန္းဟိန္ က ေၾကညာအ ၿပီးမွာ NLD အမတ္မ်ားက လက္ခုပ္တီးၿပီး လႊတ္ေတာ္ဥကၠ႒အား ဂုဏ္ျပဳခဲ့သလို အစည္းအေဝးအၿပီးမွာလည္း သြားေရာက္ႏႈတ္ဆက္ခဲ့ၾကပါတယ္။

အဆိုပါအစည္းအေဝးအၿပီး ျပည္ခိုင္ၿဖိဳးပါတီကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ  မင္းကင္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္က စက္ခလုတ္ႏွိပ္မဲမေပးဘဲ မဲပုံးနဲ႔ မဲေပးမယ္ဆိုရင္ ယခုထက္ ေထာက္ခံမဲရႏိုင္တယ္လို႔ေျပာခဲ့တာ မွတ္မွတ္ရရျဖစ္ခဲ့သလို   အဆိုတင္သူေတြဘက္က ယခုလို အဆိုမေအာင္ျမင္ႏိုင္မွန္း သိေသာ္လည္း လႊတ္ေတာ္မွတ္တမ္းက်န္ေစရန္ တင္သြင္းျခင္းျဖစ္တယ္ဆိုတာကို ေျပာခဲ့တာလည္း အေတာ္ေလး လူမႈကြန္ရက္မွာ ဂယက္ထခဲ့ပါတယ္။

သာမန္အားျဖင့္ ေမ ၂၉ ရက္မွာ ၿပီးစီးရမယ့္ လႊတ္ေတာ္ေဆြးေႏြးပြဲေတြကို ယခုလို တာဝန္ကေန႐ုတ္သိမ္းရန္ အဆိုတင္သြင္းခဲ့တဲ့အတြက္ ရက္ထပ္တိုးခဲ့ရပါတယ္။မေအာင္ျမင္ဘဲ တင္ခဲ့တဲ့အဆိုေၾကာင့္ လႊတ္ေတာ္အတြင္း မွတ္တမ္းမွတ္ရာ က်န္ခဲ့ဖို႔ဆိုရင္ အဆိုပါ အဆိုကိုတင္သြင္းခဲ့တဲ့သူေတြအေနနဲ႔ မၾကာမီလာမယ့္အေထြေထြေ႐ြးေကာက္ပြဲမွာ ပါတီရဲ႕ပုံရိပ္ကို ယခုျဖစ္ရပ္က ဘယ္ေလာက္ထိ ထိခိုက္သြားႏိုင္သလဲဆိုတာ ထည့္သြင္းတြက္ခ်က္ျခင္းမရွိတာကို ျမင္ရပါတယ္။ျမန္မာႏိုင္ငံမွာ ပါတီႏွစ္ခုတည္းက အၿပိဳင္အဆိုင္ သူ႔ထက္ငါ လူေကာင္းလူေတာ္ေတြ ေ႐ြးခ်ယ္ရခက္တဲ့ ပါတီႏိုင္ငံေရးအခင္းအက်င္းကို ျပည္သူေတြကျမင္ခ်င္ၾက တာပါ။ယခုတင္လိုက္တဲ့ အဆိုအရ တိုင္းရင္းသားေတြဘက္က အတိုက္အခံပါတီေတြကို လက္ခံမယ့္အေနအထားလည္း  ပ်က္ယြင္းသြားတာကို ေတြ႕ရသလို ယုံၾကည္မႈတည္ေဆာက္ဖို႔ ခက္လာႏိုင္တာကိုလည္း ေတြ႕လာရပါတယ္။အဆိုးဆုံးက ျပည္သူေတြအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ရဲ႕ ေမာက္မာမႈ၊ ေအာက္ေျခမွာျဖစ္ေနတာနဲ႔ ပါတီဘက္က တာဝန္ရွိသူေတြသိတာ ကင္းကြာမႈေတြေၾကာင့္ လာမယ့္ေ႐ြးေကာက္ပြဲမွာ ေနာက္ထပ္ဦးေဆာင္ပါတီသစ္ ေပၚထြက္လာဖို႔က ခက္ခဲေနၿပီဆိုတာကို မွန္းဆလို႔ရေနၿပီျဖစ္ပါတယ္။

ေရွ႕ေလွ်ာက္ အာဏာရပါတီဘက္က ဘယ္ေျခလွမ္းေတြမွားမလဲ၊ အတိုက္အခံပါတီဘက္က ဘယ္ေလာက္ထပ္မွားၾကဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဗစ္တိုးရီးယား အရွက္သိကၡာအတြက္ မထိုက္တန္တဲ့ျပစ္ဒဏ္

ေမ ၃၀ ရက္ မြန္းလြဲပိုင္းက သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးႏွင့္ အိမ္ေတာ္သတင္းေထာက္မ်ား Video Conferencing ျဖင့္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြဘက္က  ေမးခြန္းတစ္ခုေမးခဲ့ပါတယ္။ဒါကလည္း ေရွ႕ရက္ေတြမွာထြက္လာခဲ့တဲ့ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့တဲ့  ျဖစ္ရပ္တစ္ခုေၾကာင့္ပါဘဲ။ဒီသတင္းက ေနျပည္ေတာ္မွာျဖစ္ခဲ့တဲ့ လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳက်င့္ခံရတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး တရားခံကိုေဖာ္ထုတ္ႏိုင္ျခင္းမရွိသလို က်ဴးလြန္ခံရတဲ့ ကေလးငယ္ရဲ႕နာမည္ကိုပါ ေဖာ္ထုတ္ေျပာခဲ့တဲ့ ရဲတပ္ဖြဲ႕က တာ၀န္ရွိသူေတြကို ဘယ္လိုအေရးယူထားလဲဆိုတဲ့ ေမးခြန္းပါဘဲ။

ဒါကလဲ ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံတို႔က ဒီအမႈအေပၚ ေစာင့္ၾကည့္ေနမယ္လို႔ေျပာခဲ့သလို ၿပီးခဲ့တဲ့ ဒီဇင္ဘာ၂၂ ရက္မွာ ဗစ္တိုးရီးယား၏ ဖခင္ျဖစ္သူက သမၼတထံ စာပို႔အကူအညီေတာင္းခဲ့ပါတယ္။ဒီအမႈက အမ်ားျပည္သူအတြက္ မခံခ်ိမခံႏိုင္စရာျဖစ္သလို  ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးေရးက လက္ညႇိဳးထိုးရႈတ္ခ်စရာျဖစ္ခဲ့ပါတယ္။တစ္ႏွစ္ခန႔္အၾကာ ၂၀၁၉ ခုႏွစ္ ေမလအတြင္းက ေနျပည္ေတာ္ရွိ Wisdom Hill ပုဂၢလိကမူႀကိဳေက်ာင္းမွာ တက္ေရာက္ေနတဲ့ သုံးႏွစ္အ႐ြယ္ခန႔္  မိန္းကေလးငယ္ကို လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳက်င့္ခံခဲ့ရတာမွာ တစ္ႏိုင္ငံလုံးဆႏၵျပတဲ့အထိျဖစ္ခဲ့ေပမယ့္ အမႈနဲ႔မသက္ဆိုင္တဲ့ ကားေမာင္းသမားကိုဖမ္းဆီးကာ တရားခံအျဖစ္ တရားစြဲဆိုခဲ့ေပမယ့္ မက်ဴးလြန္တဲ့အတြက္  တရားစြဲခံရျခင္းကေန တရားရွင္လြတ္ခဲ့ပါတယ္။

ဒီအတြက္ အဆိုပါကေလးငယ္မွာ က်ဴးလြန္ခံရေသာ္လည္း တရားခံေပၚေပါက္ျခင္းမရွိပဲ အနစ္နာႀကီး နစ္နာရသလို ဒီဇင္ဘာ ၁၉ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ မွ သတင္းစာရွင္းလင္းပြဲမွာ  ပါဝင္တဲ့ ရဲအရာရွိႀကီးေတြက နစ္နာသူကေလးငယ္ ဗစ္တိုးရီးယား၏ အမည္အရင္း၊ မိဘအမည္မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့အျပင္ ရဲဇာနည္ Facebook စာမ်က္ႏွာမွာလည္း ကေလးငယ္ရဲ႕ အခ်က္အလက္ေတြကို အတိအက်ေဖာ္ျပခဲ့တဲ့အတြက္  ျပည္သူေတြမခံမရပ္ႏိုင္ျဖစ္ရတဲ့အထိပါဘဲ။လူမမည္အ႐ြယ္ က်ဴးလြန္ခံရသူ ကေလးငယ္မွာ နစ္နာၿပီးရင္ နစ္နာေနရတဲ့အခ်ိန္မွာ ျပဳက်င့္က်ဴးလြန္ခဲ့သူကေတာ့ လူေတာသူေတာထဲ သြားလာေနထိုင္ေနသည္က မခံမရပ္ႏိုင္စရာပါဘဲ။

ဒီအတြက္  ေမ ၃၀ ရက္ မြန္းလြဲပိုင္းကျပဳလုပ္တဲ့ Video Conferencing ျဖင့္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က “တိတိက်က်ေျပာရရင္ အဓိကတာဝန္ရွိတဲ့ ရဲအရာရွိသုံးဦးကို အေရးယူထားပါတယ္။
ဘယ္လိုအေရးယူထားလဲဆိုရင္ ရာထူးတိုးျမႇင့္ျခင္း ရပ္ဆိုင္းတဲ့ Promotion Stop ျပစ္ဒဏ္ေပါ့ေနာ္။အဲဒါအေရးယူထားတယ္” လို႔ ေျပခဲ့ပါတယ္။

ဒီလိုေျဖခဲ့တဲ့အတြက္ လူမႈကြန္ရက္နဲ႔ အမ်ားျပည္သူအၾကား ေထာက္ျပစရာျဖစ္လာခဲ့ပါတယ္။က်င့္ဝတ္အရ မုဒိမ္းမႈက်ဴးလြန္ခံရသူရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို အမ်ားျပည္သူသိရွိေအာင္ မေဖာ္ျပရဘူးဆိုတာ အားလုံးနားလည္ထားတဲ့ လူက်င့္ဝတ္ စံတစ္ခုပါဘဲ။ဒါကို တရားဥပေဒစိုးမိုးမႈအတြက္  ထိန္းသိမ္းေစာင့္ေရွာက္ရတဲ့ အာဏာပိုင္အဖြဲ႕အစည္းက ထိပ္ပိုင္းတာဝန္ရွိသူေတြကိုယ္တိုင္ ေဖာ္ထုတ္ေျပာခဲ့တာ အေတာ္ေလး ထိတ္လန႔္တုန္လႈပ္စရာပါဘဲ။ဒီအတြက္ ဒီလိုထုတ္ေဖာ္ေျပာခဲ့တဲ့သူေတြ၊ တရားခံေဖာ္ထုတ္ဖို႔ ပ်က္ကြက္ခဲ့တဲ့သူေတြကို အေရးယူမႈက ရာထူးတိုးရပ္ဆိုင္းတယ္ဆိုတဲ့ ျပစ္ဒဏ္က ပင္စင္နားနီးေနတဲ့ အဆိုပါလူေတြအတြက္ ရယ္စရာျပစ္ဒဏ္တစ္ခုျဖစ္ေနမွာပါ။

ေဝဖန္မႈေတြ အျပင္းအထန္ျမင့္တက္ေနခဲ့တဲ့ ကေလးငယ္အေပၚ မေတာ္မတရားျပဳသူကို မေဖာ္ထုတ္ႏိုင္ဘဲ က်ဴးလြန္ခံရသူ ကေလးငယ္ရဲ႕ဘ၀ကို တစ္သက္လုံး သတ္သလိုျဖစ္ေနမယ့္ အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာခဲ့တဲ့သူေတြကို အေရးယူမႈက ဒီေလာက္ပဲလား၊ ဒီလိုကေလးငယ္အေပၚ က်ဴးလြန္မႈက ဒီလိုဘဲအဆုံးသတ္မယ္ဆိုရင္ တရားဥပေဒအေပၚ မယုံၾကည္သူေတြမ်ားလာၿပီး ကိုယ္တိုင္တရားစီရင္ၾကတဲ့ အေျခအေနေရာက္လာမယ္ဆိုရင္ ဘယ္သူ႔မွာတာဝန္အရွိဆုံးျဖစ္မလဲ၊ သမိုင္းတရားခံျဖစ္မလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာမွာ ျဖစ္ပါတယ္။ဒီအတြက္ ဒီအမႈကို ေစာင့္ၾကည့္မယ္ဆိုတဲ့ ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံတို႔  ျမန္မာႏိုင္ငံရဲ႕ ပုံရိပ္ကိုထိေစမယ့္ ဒီအမႈနဲ႔သက္ဆိုင္သူေတြကို ေ႐ြးေကာက္ပြဲမတိုင္ခင္ ဘယ္ေလာက္ထိေရွ႕ဆက္အေရးယူႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

သတိေပးခံရတဲ့ ရန္ကုန္ဝန္ႀကီးခ်ဳပ္

ယခုရက္သတၱပတ္ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းခဲ့တဲ့ သတင္းတစ္ခုကေတာ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ သတင္းပါဘဲ။ေမ ၂၄ ရက္က ျပဳလုပ္တဲ့ ရွင္ဥပဂုတၱမေထရ္ျမတ္ ေဖာင္ေတာ္ေရခ်ပူေဇာ္ပြဲ အခမ္းအနားကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ တက္ေရာက္ခဲ့တဲ့အတြက္ ေနာက္ဆက္တြဲဂယက္႐ိုက္မႈေတြက ယခုရက္သတၱပတ္အထိ ျဖစ္ေနခဲ့ပါတယ္။  

ကူးစက္ကပ္ေရာဂါေဘးျဖစ္တဲ့ ကိုဗစ္ကာလအတြင္း သတ္မွတ္ခ်က္ျဖစ္တဲ့ ငါးေယာက္ထက္ပိုၿပီး လူစုလူေဝးမလုပ္ရဆိုတဲ့ တားျမစ္ခ်က္ကိုခ်ိဳးေဖာက္ၿပီး လူစုလူေဝးျဖင့္ ပူေဇာ္ပြဲျပဳလုပ္ခဲ့တယ္ဆိုၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ တာဝန္ရွိသူမ်ားကို အေရးယူေပးဖို႔ ပခုကၠဴက ေက်ာင္းသားသမဂၢအဖြဲ႕ဝင္တစ္ဦးက တိုင္ၾကားခဲ့သလို  ေမ ၂၉ ရက္မွာလည္း ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္းမွာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ ကိုစည္သူျမင့္ဆိုသူက ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္အပါအဝင္ တာဝန္ရွိသူ (၈) ဦးအား အေရးယူေပးဖို႔ တိုင္ၾကားခဲ့တာရွိခဲ့ပါတယ္။

ေမ ၃၀ ရက္က ျပဳလုပ္ခဲ့တဲ့ သမၼတ႐ုံးအြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ လူစုလူေဝးျပဳလုပ္ၿပီး ရွင္ဥပဂုတၱမေထရ္ျမတ္ ေဖာင္ေတာ္ေရခ်ပူေဇာ္ပြဲ အခမ္းအနားက်င္းပခဲ့တဲ့ ရန္ကုန္တိုင္းအစိုးရကို ယင္းကိစၥရွင္းလင္းဖို႔ ၫႊန္ၾကားထားတယ္လို႔ သမၼတ႐ုံး၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ေျပာခဲ့ပါတယ္။ဒီမတိုင္ခင္က ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာႏွင့္ သတင္းမီဒီယာတခ်ိဳ႕ကို ထိုေန႔က ုေဝးခဲ့မႈသည္ ဥပေဒႏွင့္အညီျဖစ္တယ္လို႔ ေျပာခဲ့တာပါ။

ေမ ၃၁ ရက္က ျပဳလုပ္တဲ့ NLD ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးမွာ ပါတီဒုတိယဥကၠ႒ (၂) ေဒါက္တာေဇာ္ျမင့္ေမာင္ က ဒီကိစၥနဲ႔ပတ္သက္ၿပီး ပါတီဘက္က ႏႈတ္နဲ႔သတိေပးခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ဒီလိုႏႈတ္နဲ႔သတိေပးတယ္ဆိုတဲ့အတြက္ လူမႈကြန္ရက္မွာ ေဝဖန္မႈေတြေပၚထြက္ခဲ့ၿပီး အထူးသျဖင့္ အတိုက္အခံေတြနဲ႔ ယခင္အာဏာရပါတီကို လိုလားတဲ့သူေတြအမ်ားစုက ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကို အမ်ားနည္းတူ အျပစ္ေပးတာကို ခံရေစခ်င္တာကိုေတြ႕ရပါတယ္။ဒီအတြက္ အာဏာရပါတီဘက္ကလည္း ယခင္စစ္အစိုးရလက္ထက္ကသာဆိုရင္ ဒီလိုေတာင္ေျပာႏိုင္မွာမဟုတ္ဘူး၊ ေလသံေတာင္ဟႏိုင္မွာ မဟုတ္ဘူးလို႔  ျပန္လည္တုံ႔ျပန္တာကိုလည္း ေတြ႕ရပါတယ္။တစ္ဆက္တည္း လာမယ့္ႏိုဝင္ဘာလမွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ရန္ကုန္ဝန္ႀကီးခ်ဳပ္ ျပန္လည္အေ႐ြးမခံေတာ့ဘူးဆိုတဲ့ သတင္းေတြထြက္လာခဲ့ပါတယ္။

ပါတီဘက္က လက္မခံဘူးဆိုတဲ့အသံေတြ ထြက္လာခဲ့သလို ေနာင္လာမယ့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲအထိ ဒီလို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေနရာမွာ ေနမယ့္သူမွန္သမွ် မ်က္စိေဒါက္ေထာက္ၿပီးၾကည့္ေနမယ့္ အစဥ္အလာလည္းရွိေနတဲ့အတြက္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေနရာက တစ္ခ်က္ေလးမွ မွားလို႔မရတဲ့ ျပႆနာေနရာ ျဖစ္လာဖြယ္ရွိေနပါတယ္။ဒီအတြက္ အတိုက္အခံေတြဘက္က အုံနဲ႔က်င္းနဲ႔ အာဏာရပါတီဘက္က ဘယ္သူ႔ကိုဆက္တိုက္ခိုက္ဦးမလဲ၊ လက္က်န္သက္တမ္းမွာ အာဏာရပါတီနဲ႔ အတိုက္အခံပါတီေတြ ဘက္ဘက္ကအမွားေတြပိုမ်ားဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

သံစုံတီးဝိုင္း ဘယ္သူ႔အတြက္လည္း

ယခုရက္သတၱပတ္ထဲ ျပဳလုပ္ခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ရန္ကုန္စည္ပင္အတြက္ သံစုံတီးဝိုင္းထူေထာင္ရန္ ဘတ္ဂ်က္ေတာင္းခံမႈ ျဖစ္ခဲ့ပါတယ္။ဒီလိုက်န္းမာေရးကပ္ေဘးျဖစ္ေနလို႔ အားလုံးစီးပြားေရးက်ဆင္းကာ ျပန္လည္႐ုန္းထဖို႔လုပ္ရခ်ိန္မွာ မလိုအပ္ေသးတဲ့ဘတ္ဂ်က္ကို ေတာင္းခံခဲ့တဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ကန႔္ကြက္ခဲ့ပါတယ္။တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက “ဝယ္ယူဖို႔ တင္ျပလ်ာထားတဲ့ သံစုံတီးဝိုင္းကို ဘယ္ေနရာမွာသုံးမွာလဲ။
ဘယ္ေလာက္အက်ိဳးရွိမွာလဲ။တျခားဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ မသုံးေတာ့ဘူးလား” လို႔ ေမးခြန္းထုတ္ခဲ့သလို အျခားကိုယ္စားလွယ္တစ္ဦးက “ေျမတူးစက္လို ယႏၲရားေတြကို လိုအပ္သေလာက္ မဝယ္ႏိုင္ေသးတဲ့အခ်ိန္မွာ ဒီလိုေဖ်ာ္ေျဖေရးအတြက္ သံစုံတီးဝိုင္းဝယ္ယူတာကို ျပန္လည္သုံးသပ္သင့္တယ္လို႔ ေျပာခဲ့ပါတယ္။

ယခုလို အျခားေသာဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ ႐ုန္းကန္ေနရခ်ိန္မွာ ရန္ကုန္တိုင္းအစိုးရက ဌာနဆိုင္ရာဧည့္ခံပြဲမ်ားမွာ ေဖ်ာ္ေျဖဖို႔ ေငြက်ပ္ ၁၃၇ ဒႆမ ၄၃၅ သန္းနဲ႔ သံစုံတီးဝိုင္းဝယ္ယူရန္ လ်ာထားတင္ျပခဲ့မႈကို ျပန္စဥ္းစားသုံးသပ္သင့္တယ္လို႔ ေျပာခဲ့တာလည္း ေတြ႕ရပါတယ္။ဒီရက္ထဲမွာ အေကာက္ခြန္ၫႊန္ခ်ဳပ္နဲ႔ ဆိပ္ကမ္းအာဏာပိုင္၏ ဦးေဆာင္ၫႊန္ၾကားေရးမႉးတို႔ တပ္မေတာ္ပိုင္ ဦးပိုင္လိမ္တက္မွာ ဒါ႐ိုက္တာရာထူးယူထားတာကို  အရပ္သားအစိုးရသစ္ ကုန္ဆုံးခါနီးမွ သိရတဲ့သတင္း၊ ေနျပည္ေတာ္ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦး ရန္ကုန္တိုင္း စီမံဘ႑ာဝန္ႀကီးအျဖစ္ ခန႔္အပ္ခံရတဲ့ သတင္းေတြထဲမွာ ရန္ကုန္စည္ပင္က သံစုံတီးဝိုင္းဝယ္ဖို႔ က်ပ္သန္းတစ္ရာေက်ာ္ ဘတ္ဂ်က္ေတာင္းခဲ့တာက အေတာ္ေလးလူေျပာမ်ားစရာျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားဖြယ္ရာ သတင္းေတြလည္း ယခုရက္ထဲမွာျဖစ္ခဲ့ရာမွာ သတင္းမီဒီယာေတြအတြက္  မီဒီယာေက်း႐ြာတစ္ခု ေနျပည္ေတာ္တြင္တည္ေထာင္ဖို႔ စီမံေနတယ္ဆိုတဲ့သတင္း၊ ဇြန္လ ၁ ရက္ကစၿပီး အစိုးရ႐ုံးေတြကို မူလအင္အားအတိုင္း ျပန္လည္တာဝန္ထမ္းေဆာင္ဖို႔ သမၼတ႐ုံးက ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့တဲ့သတင္း၊ ပလက္ဝၿမိဳ႕နယ္အတြင္းအတြင္း ေျခကုပ္ယူထားတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ရဲ႕ ပြိဳင့္ကုန္းသုံးခုႏွင့္ ကာကင္းစခန္းေလးခု တပ္မေတာ္က သိမ္းယူခဲ့တဲ့သတင္း၊ Forbes မဂၢဇင္းကေဖာ္ျပတဲ့ ကပ္ေရာဂါအလြန္ ကမာၻ႔အဓိကခရီးသြားလာရန္ေကာင္းတဲ့ ႏိုင္ငံခုႏွစ္ႏိုင္ငံထဲ ျမန္မာႏိုင္ငံ ပါဝင္ေနတဲ့သတင္း၊ ယူနက္စကိုက ပုဂံၿမိဳ႕သစ္ အေရွ႕ေျမာက္ဘက္ရွိ တာမဏီဘုန္းႀကီးေက်ာင္းအနီး ၿခံဝန္းခတ္ေနမႈအတြက္ ကန႔္ကြက္ထားတဲ့သတင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္ သဇင္ၿမိဳင္နယ္ျခားေစာင့္ရဲကင္းစခန္းမွ ဖမ္းဆီးသြားတဲ့ ရဲတပ္ဖြဲ႕မိသားစုဝင္ ၃ ဦးကို AA အဖြဲ႕က ေမ ၃၀ ရက္က ျပန္လႊတ္ေပးလိုက္တဲ့သတင္း၊ ဇြန္ ၁၅ ရက္ေန႔အထိ မူႀကိဳေက်ာင္းေတြကိုပိတ္ထားဖို႔ ၫႊန္ၾကားထားတဲ့သတင္း၊ ဩစေၾတးလွ် Panaust သတၱဳကုမၸဏီ စစ္ကိုင္းက ေျမဧက ၁၈၀၀၀ မွာ သတၱဳတူးေဖာ္ခြင့္ရခဲ့တဲ့သတင္း၊ ရန္ကုန္ ကုတင္ ၅၀၀ ေဆး႐ုံမွာ မီးေလာင္မႈျဖစ္ပြားလို႔ လူနာေတြကို ခက္ခက္ခဲခဲကယ္ဆယ္ခဲ့ရတဲ့သတင္း၊ လူစုလူေဝးမလုပ္ရအမိန႔္ကို ဇြန္ ၁၅ ရက္အထိ ရက္တိုးျမႇင့္ခဲ့တဲ့သတင္း၊ ေ႐ြးေကာက္ပြဲဝင္မယ့္ ဒီခ်ဳပ္ပါတီကိုယ္စားလွယ္ေလာင္းစာရင္းကို ဇြန္လအတြင္း အၿပီးသတ္ေ႐ြးခ်ယ္မယ့္သတင္း စတဲ့သတင္းေတြျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇြန္ - ၅